Fanfics

7 ☁️

00:28, 17 September 2024

Jumping on the Cloud ☁️EP 7

" အဲ့တော့ မင်းက အဲ့ဆရာဝန်ကို ကြိုက်နေတယ်လို့ ပြောတာလား ဂျောင်ကြီး?.."

" အင်းလေ.. ဟုတ်တယ်လို့ ဘယ်နှစ်ခါ ပြောရမလဲ?.."

ယူးဂယောင်းက ဘေးမှာ ထိုင်နေရာကနေ အားမရဖြစ်ပြီး သူ့ရှေ့တည့်တည့်လာပြီး ရပ်ကြည့်တယ်..

ကျန်တဲ့ကောင်တွေကလည််း ခါးထောက်ကြီးတွေနဲ့ သူ့ကို ဝိုင်းကြည့်နေကြတယ်.. တကယ် အထူးအဆန်းလိုပဲ..

" ဂျောင်ကြီး ငါ အတည်မေးမယ်.. မင်း စကားရဲ့အဓိပ္ပါယ်ကိုရော မင်းနားလည်ရဲ့လား?.."

လာပြန်ပြီ နောက်တစ်ယောက်!!..

စောက်တတ်ကြီး လုပ်လွန်းတဲ့ ဂျေဟျွန်းက သူ့ပုခုံးကို လှုပ်ကိိုင်ပြီး မေးလာတာက တကယ်ကို ခပ်ကြမ်းကြမ်းရယ်..

သူက အချစ်ကို တွေ့ရှိသွားလို့ ဒီကောင်တွေကို ဖွင့်ပြောပြတာကို အခွက်တွေက မျောက်တွေလို မှိုင်ကုန်တော့သည်..

" ငါက မင်းတို့ကို ခင်လွန်းလို့ အရင်ဦးဆုံး ပြောပြတာလေကွာ.. ဘာလို့ မျက်နှာတွေက အီးမှန်ထားသလိို ဖြစ်နေကြတာလဲ?.."

" မင်းပြောတော့ တန်းခွဲ ၂ က ဂျီီအာကို ချစ်ဖို့ကောင်းတယ်ဆို?.."

" အေးလေ သူ့ဆံပင်ကောက်ကောက်တွေက ချီဝါးဝါးခွေးလိုပဲကို.."

သူ့စကားကြောင့် အာမေဋိသံံမျိုးစုံ ထွက်လာသည်..

တကယ် ဂျီအာရဲ့ ဆံပင်ကောက်ကောက်လေးတွေက သူ့ဘေးအိမ်က ချီဝါးဝါးခွေးလေးလိုပဲမို့ ချစ်ဖို့ကောင်းတာကို..

" ချစ်ဖို့ကောင်းတယ်ဆိုတာ မင်းသူ့ကို ကြိုက်လို့ ပြောတာ မဟုတ်ဘူးလား?.."

အွန်နူးက သူ့မေးရိုးတွေကို ပင့်ကိုင်ပြီး မယုံနိုင်သလို မေးလာပြန်တယ်..

တကယ်ပဲ သူ့ရဲ့ ပထမဆုံးသော အချစ််အကြောင်းကို ဝန်ခံလိုက်တာ ဘာလို့ စစ်ဆေးရေးခုံရောက်သလို ဖြစ်နေရတာလဲ??..

" မဟုတ်ဘူးလေ.. ကြိုက်တာက ဟို ဆရာဝန်ကိုလို့.."

မောလိုက်တာ.. စကားကို တစ်ခွန်းထဲနဲ့ နားမလည်တဲ့ကောင်တွေကို သူ ဘယ်နှစ်ခွန်းထိ ပြောပြီး နားလည်အောင် လုပ်ပေးရမှာလဲ?..

တုံးတာလည်း တော်ရုံတန်ရုံပဲ တုံးကြလေ!!..

" သူက ယောကျာ်းကြီးလေ.. မင်းလို ဂွေးစိပါတယ်.."

တစ်ချက်ထဲနဲ့ ထိသွားတာပဲ..

နင်တော့ နင်သွားပေမယ့် သူ သက်ပြင်းတစ်ချက်ချလိုက်ရင်း အချစ်အကြောင်း နားမလည်တဲ့လူတွေနဲ့ ဝေးဝေးနေဖို့ ဆုံးဖြတ်လိုက်တယ်..

ဒီနေ့က စပြီး ငါတို့တွေ သူငယ်ချင်းမဟုတ်တော့ဘူး ငါ့ကောင်တို့..

မတော်လို့ လမ်းတွေ့ရင်တောင် မနှုတ်ဆက်ကြပါနဲ့..

ဘိုင့်ဘိုင့်..

...

ဆော့ဂျင်အတွက် ဌာနမူးက ကြိုဆိုပွဲလုပ်ပေးတယ်..

အာရုံကြောနဲ့ ဦးနှောက်ဌာနရှိ ဆရာဝန်တွေက များသောအားဖြင့် သူနဲ့ သက်တူရွယ်တူတွေများတယ်..

အားလုံးနဲ့ လိုက်လျောညီထွေဖြစ်ဖို့အတွက် သူအချိန်အများကြီး မယူခဲ့ရပါဘူး..

ကြိုတင်ဘိုကင်ယူထားတဲ့ ဂျပန်စားသောက်ဆိုင်ထဲမှာ သူတို့ဌာနရှိိ လူဆယ့်ခြောက်ယောက်လောက်က ညစာစားပွဲကို ခပ်မြန်မြန် စားသောက်ပြီးကြတာနဲ့ ဆာကေးအချိန်ကို ရောက်လာခဲ့ကြတယ်..

" ကဲ အားလုံးပဲ ဒီနေ့ကတော့ အမူးသောက်ပဲနော်.."

ဆံပင်ဂုတ်ဝဲလေးနဲ့ စကားအရမ်းပေါတဲ့ ဒေါက်တာမင်အာက တစ်ဝိုင်းလုံးကို ဦးဆောင်သူဖြစ်တယ်..

သူမက ဘယ်သူ့အရက်ခွက်ကိုမှ ဆာကေးမလျော့စေရဘူး..

" မမှောက်ရင် အိမ်ပြန်ခွင့်မပြုဘူး.."

သူ တားလိုက်သေးပေမယ့် မင်အာက သူ့အရက်ခွက်ထဲကို လျှံအောင်ထိ ထည့်ပေးလို့လာတယ်..

တကယ်ဆို သူအများကြီး သောက်လို့မရပေမယ့် သိက္ခာရှိတဲ့ ကျင့်ဝတ်နဲ့အညီ နေတတ်တဲ့သူက ပြုံးလို့သာ လက်ခံပေးလိုက်တယ်..

" ဒေါက်တာကင်မ်.. ကျွန်မကို အရေးပေးပါအုံး.."

" ဒါပေါ့.. ရှေ့လျှောက်လည်း ကူညီပါအုံးနော်.."

သူ့ဘေးမှာ ထိုင်နေတဲ့ ဒေါက်တာဟယ်ရင်းက ဆာကေးခွက်ကိို မြှောက်လို့ သူနဲ့ ခွက်ချင်းတိုက်တယ်..

ပြီးတော့ ပူအိုက်သွားသလိုမျိုး မျက်နှာကို လက်နဲ့ ယက်ခပ််ရင်း ပုခုံးတစ်ဖက်မှာ ချထားတဲ့ ဆံနွယ်အကောက်တွေကို ဟိုဘက်ပုခုံးကို ပို့လို့ သူ့ကို ရှက်ကိုးရှက်ကန်းနဲ့ ရယ်ပြလာတယ်..

အသက်နှစ်ဆယ့်ကိုးနှစ်အရွယ် သူက အကြောင်းအရာ အများကြီးနဲ့ ကျွမ်းဝင်ခဲ့ပြီးပြီ..

တစ်ချို့ကိစ္စတွေက နားလည်အောင် ရှင်းပြဖို့ စကားလုံးတွေ အများကြီး သိပ်မလိုဘူး..

ဒီအခြေအနေက ဘယ်ကို ဦးတည်နေလဲဆိုတာ သူ့အတွေ့အကြုံအရ နှောကြေနေတာမို့.. လက်ကောက်ဝတ်က အကျီစကို ပင့်တင်လိုက်ရင်း..

စားပွဲပေါ်က ဆူရှီလိပ်တွေကို ကြုံတဲ့သူတိုင်းရဲ့ ပန်းကန််ထဲ ထည့်ပေးလို့ ရှေ့လျှောက် ကူညီပေးကြဖို့ ကမ်းလှမ်းလိုက်တယ်..

ဂရုစိုက်မူတွေက သူမတစ်ယောက်ထဲအတွက် သီးသန့်မဟုတ်ဘူးဆိုတာ ရွယ်တူချင်း ဒေါက်တာဟယ်ရင်းက ဟန်ဆောင်ပြုံးနေရရင်း ရင်နာနာနဲ့ပဲ နားလည်သွားရတော့တယ်..

ဒေါက်တာကင်မ်ဆော့ဂျင််က ကြားထားတဲ့အတိုင်း တကယ်ကို ကပ်ဖို့ မလွယ်ခဲ့ဘူးပဲ.. ပြီီးတော့ ပညာသားပါပါနဲ့လည်း ခွာတတ်သေးတယ်..

အာရုံကြောဌာနမှာတင် မဟုတ်ဘဲ တခြားဌာနတွေထိ သတင်းမွှေးတဲ့ ဒေါက်တာကင်မ်က ရုပ်ရည်ရော ပညာရပ်ပိုင်းဆိုင်ရာရော ပြီးတော့ နောက်ခံမိသားစုရဲ့ ကြွယ်ဝမူအကြောင်းအရာရောကပါ ဆေးရုံရှိ အမျိုးသမီးပျိုတွေရဲ့ စိတ်ကူးရင် ယောကျာ်းတစ်ယောက်ဖြစ်နေခဲ့တယ်..

လက်ထပ်ပွဲ ဖျက်သိမ်းခဲ့ဖူးတယ်ဆိုတဲ့ သတင်းဆိုးကိုသာ ဖယ်ထားလိုက်ရင် ဒေါက်တာကင်မ်ဆော့ဂျင်က အဖက်ဖက်က ပြည့်စုံနေတဲ့လူပဲ..

ဆွဲဆောင်မူရှိလွန်းတဲ့ ဒေါက်တာကင်မ်က လူလွတ်တစ်ယောက်ဖြစ်တာကြောင့် သူမကြိုးစားခဲ့ကြည့်ပေမယ့် ရလဒ်ကတော့ တိတ်တိတ်လေး တစ်ရှူးဆောင်လိုက်ရတာပဲ..

ဟယ်ရင်း စိတ်ရှုပ်ရှုပ်နဲ့ ဆံပင်တွေကို ခါလိုက်ရင်း တူကိုသာ ကိုင်လို့ တန်ပူရာကြော််တွေကို တစ်ဂျွတ်ဂျွတ် ကောက်ဝါးလိုက်တယ်..

ဒီနေ့အတွက် ပြင်ဆင်လာတဲ့ ဆံပင်တွေနဲ့ အဝတ်အစားတွေက တကယ်ကို အလကားဖြစ်သွားတာပဲ..

...

" ဂျောင်ဂု နင်ဆေးလိပ်တွေ သောက်ပြန်ပြီလား?.."

ဂျောင်ဂု ဆေးလိပ်သောက်ပြီး ဘေစင်ထဲ ပစ်ထည့်ထားတဲ့ ဆေးလိပ်အတိုအစတွေကို သူ့အမေက သူ့ကို ကျောင်းသွားဖို့ လာနှိုးရင်း အခန်းရှင်းပေးတော့ တွေ့သွားတာ..

" နင် ပြောရဆိုရ အရမ်းခက်လာပါလား? ဟမ် နင့်အဖေကို သွားပြောမယ်.."

" ဟာ အမေကလည်း.."

သူ အမေ့ပုံခုံးကို ပြေးဆွဲလိုက်ရင်း နောက်ကနေ သိမ်းကြုံးဖက်လိုက်တယ်.. အာဘွားတစ်ချက်ပေးလိုက်တော့ ဆူအော်နေတဲ့ အမေ့ရဲ့ အသံတွေ ပိတ်သွားတယ်..

" အဖေ့ကိုတော့ မပြောပါနဲ့.. အရမ်းနားငြီးလို့.."

" အဆူမခံချင်ရင် မသောက်နဲ့လေ.."

" သားက စမ်းကြည့်ရုံပါ.. မကြိုက်ဘူး ဆေးလိပ်ကို.."

" နင်နော်.."

သူ ကျောင်းလွယ်အိတ်ထဲ စားပွဲပေါ်က တွေ့တဲ့စာအုပ်တွေ ကောက်ထည့်လိုက်ရင်း လေလေး တစ်ချွန်ချွန်နဲ့ ကျောင်းသွားဖို့ ပြင်ဆင်လိုက်တယ်..

မနက်ခင်း စားပွဲဝိုင်းမှာ တွေ့နေကြ ရွှေမျက်မှန်ကို မတွေ့ရတော့ ခေါင်းကုတ်ပြီး ခြံထဲပြေးဆင်းရှာလိုက်တယ်..

ဧည့်ခန်းထဲလည်း မရှိနေတာကြောင့် သူအတွေးခက်ပြီး ထမင်းစားပွဲအောက် ငုံ့ကြည့်လိုက်တယ်..

မဟုတ်သေးပါဘူး..

သူ့အဖေ ဘယ်သွားနေတာလဲ?..

" အဖေက အိပ်ယာမထသေးဘူးလား?.. တက်ကြွမူမရှိိလိုက်တာ.."

" နင့်အဖေ မနက်အစောကြီးထဲက နင်တို့ကျောင်းသွားပြီလေ.."

" ဟမ် သူက ဘာလုပ်ဖို့တုန်းးး.."

ဂျောင်ဂု မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ သူ့အမေကို ပြန်မေးမိတယ်.. ကျောင်းက မိဘဆင့်ခေါ်ခံရတာလား?..

သူ ဒီရက်ထဲ ကျောင်းပြေးတာကလွဲရင် ဘာအပြစ်မှ မလုပ်ထားဘူးလားလို့?.. စာမရတာကတော့ ထားပါ.. တစ်ဖွဲ့လုံးဆိုတော့..

" ဟင် ဒီနေ့ နင်တို့ကျောင်းမှာ ကျန်းမာရေး စစ်ဆေးမူ ရှိတယ်လေ.. နင်မသိဘူးလား?.."

အတန်းပိုင် ဟိုရက်က ပြောသံတော့ သူကြားလိုက်ပါသည်.. အတန်းခေါင််ဆောင်ကလည်း သူတို့ကို ကျောင်းမပျက်ဖို့ ပြောနေသေးတာ..

ဒါပေမယ့် သူ့အဖေ ဆေးရုံက လာစစ်ပေးလိမ့်မယ်လို့တော့ ဘယ်ထင်ခဲ့မလဲ?..

ဒါဆို ဟိုလူ ပါလာနိုင်လောက်လား?..

ဂျောင်ဂု မနက်စာ စားပွဲမှ ဝုန်းခနဲ့ ထလိုက်ရင်း ဟိုကောင်တွေကို အကုန်ဖုန်းပတ်ခေါ်လိုက်သည်..

ဒီလိုနေ့မျိုးမှာ သူနည်းနည်းလေးမှ နောက်မကျချင်ဘူး..

ဟုတ်ပြီလား?..

....

There are no comments yet. Log in to be the first to leave a review!

Similar stories