6 ☁️
16:50, 11 September 2024Jumping on the Cloud ☁️EP 6
ဘူဆန် ဂန်ဒုန်းအမျိုးသားဆေးရုံကြီး..
ကျောင်းဆင်းတာနဲ့ ဂျောင်ကြီးက လိုက်ခဲ့ဟုပြောသောကြောင့် တစ်အုပ်လုံးလိုက်လာတာ သူ့အဖေဆေးရုံကြီး ဖြစ်နေသည်..
" မင်း အဖေနဲ့က အိမ်မှာ မတွေ့ရလို့လား?.."
မင်ဂရူရဲ့ အသံခပ်ဆောင့်ဆောင့်က ထွက်လို့လာတယ်.. ဘယ်ကျေနပ်မလဲ.. ဘောလုံးသွားကန်ဖို့ကို ဖြတ်ပြီး သူ့နောက် အကောင်းမှတ်ပြီး လိုက်လာကြတာ..
ဆေးရုံထဲ ခပ်တည်တည်ပဲ ဝင်သွားကြတော့ တစ်ချို့ မျက်မှန်းတန်းမိကြပြီး ဆေးရုံအုပ်သားမှန်း သိကြတဲ့ ဆရာဝန်၊ သူနာပြုတွေက သူ့ကို နှုတ်ဆက်ကြသည်..
ကောင်ချောလေးတွေ အုပ်စုလိုက်ကြီးမို့ မျက်လုံးမခွာနိုင်ကြသူများကလည်း ရှိတာမို့ ဒီအချိန်မှာ သူတို့ ပိုပြီး မိမိုက်နေအောင် လမ်းလျှောက် - ပလုတ်တုတ်..
" အွန့်.."
သူ့ ရှေ့သွားကြီးကြီးနှစ်ချောင်းက အရှေ့ကသွားနေတဲ့ ဘန်ဘန််းခေါင်းကို သွားခုတ်မိသည်..
" လိလို့ ရပ်လိုက်တာလားကွ!.."
" ဟိုမှာ ကြည့်စမ်း ဂျောင်ကြီး အဲ့တာ ဟိုနေ့က မင်းကို ကားနဲ့တက်ကြိတ်သွားတဲ့ လူမလား?.."
ဘန်ဘန်းပြရာကို သူသည်းကြီးမဲကြီး ကြည့်လိုက်တော့ နောက်လိုက်နှစ်ယောက််သုံးယောက်နဲ့ ဆရာဝန်ဝတ်စုံကြီး ဖားယားဖားယားလွင့်အောင် ကော်ရစ်တာမှာ ပြေးလွှားနေတာ သူဘာဖြစ်လို့ လာချောင်းချင်မှန်းမသိ လာချောင်းမိတဲ့ လူ..
ရင်ဘတ်ထဲ ချက်ခြင်း ပျားပန်းခတ်သွားသလိုပဲ.. လှပ်လှပ် လှပ်လှပ်နဲ့.. ဘာဖြစ်တာလဲ အဲ့ဒါက?..
အနားရောက်လာတော့ ကျောင်းအကျီကို ခါးဆန့်လို့ ကြည့်ကောင်းအောင် တစ်ချက််ပြုပြင်လိုက်တယ်..
ဖျတ်ခနဲ့ လှမ်းမြင်လိုက်တာမျိုးမှာတောင် ဂျွန်ဂျောင်ဂု ခန့်သန့်နေမှ ဖြစ်မည်..
ဒါပေမယ့် သူ့ဆီ အကြည့်တစ်ချက်တောင် ရောက်မလာဘဲ နောက်က သူနာပြုပြနေတဲ့ ဖိုင်တွေကိုသာ လှန်လှော်ကြည့်ရှုပြီး သူ့ကို ကျော်သွားတာကြောင့် နှာနည်းနည်းကစ််သွားရသည်..
ဘာလဲ သူ့ကို မမြင်ဘူးလား?..
တကယ်ကြီးလား?..
သူ့ကို မမြင်ရင်တောင် အနည်းဆုံးတော့ ဘေးက တိရစ္ဆာန်အုပ်လိုက်ကြီးကို မြင်သင့်တယ် မဟုတ်ဘူးလား?..
ထိန်းမနိုင် သိမ်းမနိုင် ပုံစံမျိုးစုံနဲ့ အကောင်ပလောင်တွေလို သူတို့ကို တကယ် မမြင်လိုက်ဘူးဆိုတာက တကယ်ရော ဖြစ်နိုင်ပါ့မလား?..
ကျားရယ် မျောက်ရယ် သစ်ကုလားအုပ်ရယ် လို အစုံအလင််ရှိတဲ့ သူတို့အုပ်ကိုများ..
မိုက်ရိုင်းလိုက်တာကွာ!!..
ငါ လီးလို့ပဲ!!..
" အဲ့လူက ဆရာဝန်လား ဂျောင်ကြီး?.."
" သိမလား!.. ငါက သူ့လင်မှ မဟုတ်တာ!!.."
အကောင်းကြီးကနေ ရုတ်တရက်ထအော်တဲ့ ဂျောင်ဂုက ဒေါသကြောင့် မျက်ခုံးတန်းတွေက စုကုတ်နေတယ်..
နေစမ်းပါအုံး မကျေနပ်ခြင်း မကျေနပ် ဘောလုံးမကန်ရတဲ့ ငါတို့က မကျေနပ်ရမှာလေ.. ဒင်းက တစ်ပြန်ကြီး!..
...
ဆော့ဂျင် သူ့ဂျူတီပြီးတာနဲ့ ဆေးရုံကုတ်ကို ချွတ်ကာ တစ်နေ့လုံးပင်ပန်းထားသမျှကို အညောင်းအညာဖြေလိုက်သည်..
တောင့်တင်းနေတဲ့ အကြောတွေကို တစ်ဗြုတ်ဗြုတ်မြည်အောင် ချိုးနိုင်လေ သူပိုပြီး သက်တောင့်သက်သာဖြစ်လေပဲ..
ဒါက ရေရှည်အတွက် မကောင်းဘူးဆိုတာကို သိပေမယ့် ဆရာဝန်တစ်ယောက်အနေနဲ့လည်း မပြုမူသင့်ဘူးဆိုတာ နားလည်ပေမယ့် ငယ်ငယ်ထဲက ပါလာတဲ့ အကျင့်ဆိုးတွေကို သူက ဖျောက်လို့ မလွယ်ဘူး ဖြစ်နေတယ်..
ပြန်ခါနီး ရီပို့တွေ စစ်လိုက်ရင််း သူ့လက်ထောက်ဆရာဝန်အတွက် မှာစရာရှိတာများကို မေးလ်ပို့ထားခဲ့လိုက်တော့သည်..
ဆေးရုံအဝတ်အစားများကို လဲပြီး ဆေးရုံကန်တင်းဘက်ကို ထွက်လာတော့ သူလက်တစ်လောကြည့်ပေးနေရတဲ့ ဦးနှောက်အကြိတ်လူနာရဲ့ အမျိုးသမီးနဲ့ တိုးသည်..
ထိုလူနာက ခွဲစိတ်မူအကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ဖူးပြီး အခုချိန်မှာတော့ နောက်ဆုံးအခြေအနေကို ရောက်နေခဲ့ကာ သူ့လက်ထဲမှာ အောက်ဆီဂျင်ပိုက်ဖြုတ်လိုက်တော့ဖို့ ယာထားခြင်း ခံနေရသူဖြစ်တယ်..
သေမင်းလက်ထဲ သူပို့ ငါပို့အချိန်မှာ သူ့လက်ထဲ တာဝန် ပြောင်းလွှဲခြင်းခံလိုက်ရတော့ သူက ဒီလူနာရဲ့ နောက်ဆုံး အသက်ရှုသံတွေ ဖြစ်လာရတာက နည်းနည်းတော့..
အင်း.. ဘယ်လိုပြောမလဲ?..
တစ်နည်းအားဖြင့် နင်သတ်လိုက်တော့လို့ မပြောရုံတစ်မယ်ပေါ့..
ဒါတွေကို ဘယ်ဆရာဝန်က ကြုံချင်ပါ့မလဲ?..
ဒါပေမယ့်လည်း ဆရာဝန်တွေဟာလည်း လူသတ်လက်နက် တစ်နည်းမဟုတ် တစ်နည်း ဖြစ်နေရရှာတယ်..
ကိုယ့်လူနာကို မကယ်တင်နိုင်တော့ဘူးဆိုရင် အသက်သာဆုံး နည်းလမ်းနဲ့ သွားခွင့်ပေးရမှာက နည်းလမ်း အကျဆုံးဖြစ်တယ်..
လူနာရှင်တွေ လက်မလွှတ်ချင်တာနဲ့ ခံနိုင်ရည် မရှိတော့တဲ့ လူနာကို အခုလို အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ဆက်ဆွဲထားတာကလည်း ညှင်းဆဲခြင်း တစ်မျိုးပဲ..
ထိုအမျိုးသမီးက သူ့လက်ကို အားကိုးတစ်ကြီး ဆုပ်ကိုင်လို့ ငိုကျွေးနေတယ်.. သူမက သူ့ယောကျာ်းအခြေနေကို ကြားသိထားပြီး ဖြစ်တယ်..
လူနာရဲ့ တောင့်မခံထားနိုင်တော့မူတွေနဲ့ပတ်သတ်ပြီး သူမ ကောင်းကောင်းနားလည်တယ်..
နောက်ဆုံးအခြေအနေထိ ဆရာဝန်တွေဘက်ကို အပြစ်တင်မျိုး အပုတ်ချတာမျိုး တစ်ယူသန်တွေလို လုပ်ပြီး ဒုက္ခမပေးဘူး..
ဒီလိုပဲ ဆရာဝန်ကိုမြင်တော့ အားကိုးရာလို တိုင်တည်တာပေါ့..
သူမရဲ့ အရင်းနှီးဆုံး သူစိမ်းကို လက်လွှတ်ပေးရတော့မှာလေ.. သူမအတွက်လည်း တကယ် ခက်ခဲနေချိန်တွေ ဖြစ်တယ်..
သူ့လုပ််သက်အရ ဒီလိုဖြစ်ရပ်မျိုးတွေ အများကြီး ကြုံဖူးတယ်.. လူနာတိုင်းရဲ့ ခံစားချက်ကို လိုက်လံပူဆွေးပြီး မခံစားဖို့ကိုလည်း သူသင်ယူခဲ့ဖူးပြီးပြီ..
သူ့ဘက်က ထိုအမျိုးသမီးအပေါ် ဘာအားပေးနှစ််သိမ့်မူမျိုးမှ မယ်မယ်ရရကြီး ပြန်မပေးလိုက််နိုင်ဘူး..
အဲ့အမျိုးသမီးကို အငိုတိတ်သွားအောင်ထိသာ တိတ်တဆိတ် ရပ်စောင့်ပေးနေမိတယ် ..
နောက်ဆုံး သူပြောနိုင်တာက ဖြစ်လာသမျှကို လက်ခံနိုင်အောင် ကြိုးစားဖို့လောက်ပဲ သူပြောနိုင်တယ်..
ထိုအမျိုးသမီးက သူနာပြုတွေ တွဲခေါ်တဲ့နောက် ပါသွားပြီး သူမရဲ့ ငိုသံက ဆေးရုံကော်ရစ်တာတစ်လျှောက်မှာ ပျံ့လွင့်လို့်နေတယ်..
သူသက်ပြင်းတစ်ချက််ချလိုက်ရင်း ထိုအမျိုးသမီးကျောပြင်ကို လှမ်းကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်..
ဆရာဝန်တွေရဲ့ ဘဝကလည်း သာယာဖြောင့်ဖြူးမနေခဲ့ဘူး..
တရားသူကြီးပြီးရင် အပြစ််ရှိဆုံးလူသားက ဆရာဝန်တွေများ ဖြစ်နေမလားတောင် မသိဘူး..
ညစာက ခါတိုင်းထက် စားလို့ မဝင်ခဲ့ဘူး.. ဟင်းတွေက သူ့အကြိုက်တွေပါပဲ.. သူက အစာခံသလိုဖြစ်သွားပြီး ဆက််မစားနိုင်တော့တာ..
ဒီဆေးရုံရဲ့ မီနူးတွေက ဆေးဝါးထောက်ခံချက်အပြည့်အဝရထားတဲ့ ပါဝင်ပစ္စည်းတွေကိုပဲ အသုံးပြုထားပြီး အသီးအရွက်ဆိုရင်လည်း စိုက်ခင်းထဲက တိုက်ရိုက်လာတဲ့ အသီးအနှံတွေဖြစ်တယ်..
အကဲဖြတ်သုတေသီတွေနဲ့ အချက်အပြုတ် စားဖိုမှူးတွေကလည်း ရာထူးအဆင့်ဆင့်ဖြတ်ပြီး ဒီနေရာကို ရောက်လာတဲ့သူတွေ..
အရင်ဆေးရုံကလိုမျိုး ဝန်ထမ်းတွေအတွက် အလကားရယူခွင့်ရှိပြီး နိုင်ငံခြားက တင်သွင်းတဲ့ အချိုဓာတ်များများ သရေဆာတွေ အာဟာရဖြည့်စွက်စာတွေက ဒီဆေးရုံမှာ အကြီးအကျယ် တားမြစ်ထားတယ်..
ဒါ့ကြောင့် သူစားနေကျ ပီကေတောင်မှ ဒီဆေးရုံရဲ့ ဘယ်ဆိုင်မှာမှ ဝယ်ယူလို့မရဘူး..
တစ်လက်စထဲ ဆီးချိုအတွက် ကာကွယ်ပြီးသား ဖြစ်သလိုမို့ သူ အချိုကြိုက်နှုန်းကို လျော့ဖို့ဖြစ်သွားတော့တယ်..
ကျန်းမာတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက်ကလည်း အစားအသောက်မှာ အရေးကြီးတာကြောင့် ဘူဆန်ရောက်မှ သူဟာ ကျန်းမာရေးလိုက်စားတဲ့ လူတစ်ယောက်အသွင် ဖြစ်လို့သွားတာက..
ရှင်းဟွာပြောသလိုပဲ ကံကောင်းနေတာလား?..
" ဟာ ဒေါက်တာကင်မ်ပါလား??.."
မဟုတ်သေးပါဘူး.. ကံဆိုးနေတုန်းပဲ..
နောက်ပါးဆီက စူးခနဲ့ အော်သံကြောင့်် သူ့နားထဲမှာ နှစ်စက္ကန့်လောက် စီခနဲ ဖြစ်သွားတယ်..
သူလှည့်ကြည့်လိုက်တော့ လင်ဗန်းကြီးကိုင်ထားတဲ့ ဆေးရုံအုပ်..
သူ့ဆီ ဝမ်းပမ်းတစ်သာနဲ့ လျှောက်လာတဲ့ ဆေးရုံအုပ်ကြောင့် မတ်တပ်ရပ်လိုက်ရင်း ကြိုဆိုလိုက်တယ်..
" အာ ဆေးရုံအုပ် နေကောင်းပါရဲ့လား?.."
" အိုး ကောင်းတာပေါ့ ကောင်းတာပေါ့.. ညစာက ခုမှ စားတာလား?.."
သူ့ပန်းကန်ထဲက အရာမယွင်းသေးတဲ့ ညစာကိုကြည့်ရင်း ဆေးရုံအုပ်က သူ့ရှေ့က ခုံမှာ ဝင်လို့ထိုင်တယ်..
ဆေးရုံအုပ်ကိုယ်တိုင်လည်း အလုပ်ရှုပ်နေတာကြောင့် ညစာကို ခုမှ စားရပုံပဲ..
" ဟုတ်ကဲ့.. ဂျူတီချိန်းတာ နည်းနည်းနောက်ကျသွားတာနဲ့.."
ဆေးရုံအုပ်က ရောက်တတ်ရာရာ စကားတွေပြောရင်း သူနဲ့ ညစာစားခဲ့တယ်.. ဆေးရုံအုပ် ထမင်းကုန်ခါနီးလေ သူပျော်လေပဲ..
သူ ဆေးရုံအုပ်ကို အလိုက််သင့် စကားပြန်ပြောပေးနေပေမယ့် တစ်ခါတစ်ခါကျ ဆောင့်ဆောင့်ထွက်လာတဲ့ ဘူဆန်ဒေသိယအသံကြောင့် သူ့မှာ ဆေးရုံအုပ်ပြောချင်တဲ့ စကားကို စက္ကန့်ဝက်လောက် လိုက်လိုက် စဉ်းစားနေရတယ်..
တစ်လက်စထဲ သူ ဆေးရုံအုပ်သားကို ကားနဲ့ မတော်တဆ တိုက်မိခဲ့ကြောင်း တောင်းပန်လိုက်ရင် ကောင်းမလားဆိုပြီး တွေးမိတယ််..
မတော်လို့ သူ့သားပြန်ပြောမှ သိသွားပြီး ကိုယ့်ကို အမြင်စောင်းစေခဲ့ရင် ဆော့ဂျင်က ဒီလုပ်ငန်းခွင်မှာ အနေကျပ်စေမှာ အမှန်ပဲလေ..
ဆုံးဖြတ်ချက်က ဝေဝါးနေဆဲမှာပဲ ဆေးရုံအုပ််က ညစာကို အပြီးသတ်လိုက်ပြီဖြစ်တယ်..
သူ ခေါင်းထဲမှာ စီထားတဲ့ စကားလုံးတွေကို ဖယ်လိုက်ရင်း ဆေးရုံအုပ်ကို နှုတ်ဆက်စကားသာ ဆိုလိုက်တော့တယ်..
ရာသီဥတု အခြေနေတွေ ကောင်းနေဆဲမှာ စိမ်းသက်တဲ့လေထုကို သူတမင် မဖန်တီးချင်တော့ပါဘူး..
" ကဲ ဒါဆို သွားလိုက်အုံးမယ်.. ကောင်းသောညပါ ဒေါက်တာကင်မ်ရေ.."
" ဟုတ်ကဲ့ခင်မျ.. ကောင်းကောင်းသွားပါ.."
....
ဒီ တိမ်တွေပေါ်မှာ လွင့်နေတယ် အရေးအသားမှာ ကြမ်းတမ်းတဲ့ စကားလုံး အသုံးအနှုန်းတွေ စာစုတွေ ပါဝင်သည့်အတွက်ကြောင့် ချင့်ချိန်ဖတ်ကြဖို့ အကြံပြုပါတယ်နော်
ဆဲနည်း အလန်းဇယားတွေကတော့ 19 days ထဲက မှီငြမ်းပြုစု အဟုဟု 🤭
BJYX ပီးရင် C ဘက်က manhua တွေမှာ ကိ့အကြိုက်ဆုံးက 19days နဲ့ 188 groups ပဲ 😭🖐🏻
...
There are no comments yet. Log in to be the first to leave a review!





