Fanfics
6
14:20, 31 March 2025
ကျောင်းခရီးထွက်မဲ့နေ့ကြတော့ အကုန်လုံး စုပြီးသွားကြသည်။ စာမေးပွဲနီးပြီမို့ ကျောင်းရဲ့ 5 ပုံ 3ပုံလောက်သာ လိုက်ကြတော့ ကျောင်းကားအကြီး 3ကားသာရှိသည်။ သုံးကားလုံးမှာလူတွေကရောနေပြီး အငယ်အတန်းတွေက ပိုများ၏။ Fourth တို့က ကားNo. 1 ကိုတာ၀န်ယူထားရကာ အငယ်အတန်းများပြီး Fourth တို့အတန်းကလူအနည်းငယ်တော့ ပါသည်။
Gemini နဲ့ Fourth တို့ကားနားရောက်ပြီး ဂျူနီယာတွေကို နေရာချပေးနေသည်။အဲ့ဒီအချိန် ထိုကားတွင် Mark တို့ Poon တို့ပါ ပါလာတာကြောင့် သူတို့ကိုစ‌တော့သည်။ သူတို့နဲ့ခင်တာ အရမ်းကြီးတော့မဟုတ်ပေမဲ့ ငါတို့အကြောင်းသိတာမို့ ဖော်ဖော်ရွေရွေ စကြသည်။
Satang ကတော့ ဟိုကိစ္စဖြစ်ပြီးနောက် Fourth နဲ့ အရင်ကလောက် ရင်းနှီးမနေပေမဲ့ ခေါ်ပြောတော့ လုပ်ကြသည်။ ဒီခရီးကိုတော့ စာကြိုးစားတဲ့သူမို့ မလိုက်။
"အဲမယ်မယ်...သူတို့သာယာနေပြီ နှစ်ယောက်သားအတူတွဲလုပ်ရတာဆိုတော့"
Poon သည် လက်ညှိုးနှစ်ယောက်ကိုထောက်ကာ ပူးပြပြီး စတော့သည်။သူစတုန်း Mark ကအနောက်ကနေ ခေါင်းကို ပိတ်ရိုက်လိုက်ကာ ပြောလာသည်။
"သွားစမနေနဲ့...နင့်ကို ထိုးလိုက်မယ်"
"ဟုတ်သားပဲ ငါအရင်လစ်ပြီ"
Poon တစ်ယောက် အိတ်ကို ကားထဲထည့်ကာ ကားပေါ်အမြန်တတ်ပြေးလေသည်။သူ့ကိုကြည့်ပြီး Fourth နှုတ်ခမ်းတစ်ဖက်လှုပ်ရုံသာ ပြုံးလိုက်သည်။ခနကြာတော့ လူစုံသလောက်ရှိနေတာကြောင့် သူတို့လဲ ကားထဲ၀င်လိုက်၏။Gemini က စပြီး သူ့ရဲ့အသံဩဩဖြင့်ပြောလာတာကြောင့် ကောင်မလေးတွေ မျက်နှာမှာ ပြုံးဖြီးလာကြသည်။
"ဒီက ညီလေးတွေညီမလေးတွေကို အကိုတို့က တာ၀န်ယူဆောင်ရွက်ပေးရမှာပါ ဒီခရီးတစ်လျှောက် အကိုတို့ ကားပေါ်မှာ လုပ်ဆောင်မဲ့အချက်လေးတွေနဲ့ စည်းကမ်းချက်တွေအပြင် ကမ်းခြေမှာ လုပ်ဆောင်ရမဲ့အချက်လေးတွေကိုပါ ပြောပြပေးမယ်နော်"
Gemini လက်ထဲက စာရွက်တစ်ရွက်ကိုင်ကာ အဆင့်တွေပြောပြလေသည်။
"ပထမဆုံး အကိုတို့ခရီးစထွက်မှာဆိုတော့ ခနလောက်နားပြီး နာရီ၀က်လောက်နေရင် သီချင်းစဆိုကြမယ်နော် ကားပေါ်မှာမို့အသံတိုးတိုးဆိုပေးကြပါ သီချင်းဆိုပြီးရင်...."
Gemini တစ်ယောက် အစဆုံးရေးထားတဲ့ အချက်တွေဖတ်ပြီး မောသွားပြီပင်။Fourth က ဘေးနားက ယူလာတဲ့ oshi အချိုရည်ဘူးကိုဖွင့်ပေးကာ Gemini ကိုပေးလိုက်သည်။ Gemini လည်းပြုံးကာ သူ့ဘေးနား လာထိုင်ပြီးသောက်နေသည်။
ခရီးတစ်လျှောက် ပျော်ပါးခဲ့ကြပြီး တစ်ခါတစ်ရံ သူတို့မောနေရင် Mark နဲ့ poon တို့ကပါ အတူဝိုင်းကူလုပ်ပေးကြသည်။ နောက်ဆုံးရောက်ခဲ့နီး တစ်နာရီအလိုလောက်မှာ အားလုံးနားလိုက်ကြပြီး တချို့ကတော့ အိပ်ပျော်သွားကြသည်။
Fourth တစ်ယောက် ပြတင်းပေါက်ကိုမှီ၍ နားကြပ်တပ်ကာ သီချင်းနားထောင်နေသည်။ နားထောင်ရင်း မျက်လုံးဖွင့်မိလိုက်တော့ သူ့မျက်နှာနားရောက်လာတော့ Gemini ကြောင့် ငါလန့်သွားပြီး နားကြပ်ဖြုတ်လိုက်သည်။
"ဆောရီး ကိုယ်ဘာသီချင်းနားထောင်လဲသိချင်လို့"
"အတူနားထောင်ချင်လား?"
ငါgemini ကို နားကြပ်တစ်ဖက်ဖြုတ်ပေးလိုက်ပြီး မျက်စိမှိတ်ကာ ဆက်နားထောင်နေလိုက်သည်။ငါဘယ်လောက်နားထောင်လိုက်လဲ မသိပါ။ပြန်နိုးတော့ ငါGemini ပုခုံးပေါ်ခေါင်းတင်ပြီး အိပ်ပျော်နေတာပင်။ Gemini ကိုကြည့်လိုက် အိပ်တဲ့ခေါင်းအုံးအသေးလေးအုံးကာ အိပ်နေသည်။
Gemini အိပ်ပျော်နေရင် အရမ်းကြည့်ကောင်းသည်။ ငါ Gemini မျက်နှာအစိတ်အပိုင်း တစ်ခုချင်းစီ အသေးစိတ်လိုက်ကြည့်နေပြီး ဖုန်းထုတ်လိုက်ကာ ငါနဲ့အတူ Gemini အိပ်နေတဲ့ပုံကို ဓာတ်ပုံရိုက်ကာ ig story တင်လိုက်သည်။
ထို့နောက် ဆက်ကြည့်ပြီး နှုတ်ခမ်းတွေစီအကြည့်ရောက်သွားသည်။ နှုတ်ခမ်းကမထူမပါးနဲ့ shape ပုံသဏ္ဍာန်က ထင်းနေပြီး ထိုနှုတ်ခမ်းပါးကို လက်နဲ့ထိလိုက်ချိန်မှာ ဆွဲနမ်းခြင်းခံလိုက်ရသည်။
အွန့်..
"မင်းဖယ်"
Gemini နိုးသွားတော့ ရှက်ပြီး သူ့ကိုတွန်းကာ ထလိုက်ပြီး  မတ်တပ်ရပ်လိုက်သည်။Gemini ကတော့ နှုတ်ခမ်းကို လျှာနဲ့လျက်လိုက်ကာ fourth ကိုပြုံးပြုံးကြီးကြည့်နေသည်။
"ညီလေး တို့ရေ အကိုတို့ခနနေရင် ရောက်တော့မှာမို့ အကုန်အဆင်သင့်ပြင်ထားကြပါ ဟိုရောက်ရင် ဟိုတယ်ရှေ့မှာ အကိုတို့ကို ခနစောင့်ကြပါ အရေးကြီးတာက လူမကွဲစေနဲ့ နောက်ပြီး..."
"အချစ်ကလေး~ ကိုယ့်အာလူးကြော်ထုတ်တွေ့မိသေးလား"
"Gemini!"
သူအော်လဲမမှီတော့ပါ ကားပေါ်ကလူတွေ သူ့အသံဟိန်းကြီးကြောင့် အကုန်ကြားပြီး ဝိုးဝိုးဝါးဝါး အော်နေကြသည်။ Gemini ကို မျက်စောင်းတစ်ချက်ထိုးလိုက်တော့ ပြုံးပြုံးကြီး သူ့ကိုကြည့်နေပြန်သည်။ အမြင်ကတ်စရာကောင်းလိုက်တာ။
"ဟိတ် တော်ကြတော့ နောက်ပြီး ကမ်းခြေရောက်ရင် ပြောထားတဲ့စည်းကမ်းချက်တွေ မမေ့ပါနဲ့"
သူပြောနေတုန်း ကောင်မလေးတစ်ယောက်က အော်ပြီး လှမ်းပြောသည်။
"စည်းကမ်းချက်တွေကိုတော့ မေ့မမေ့မသိပေမဲ့ ခုနက teerak လို့ P'Gem ခေါ်လိုက်တာတော့ မမေ့ပါဘူးရှင့်"
ထိုကောင်မလေးပြောသံကြောင့် အခြေအနေက ခုနကနဲ့ တစ်ပုံစံတည်းပြန်ဖြစ်သွားလေသည်။ Fourth က ဘာမှပြန်မပြောဘဲ နေရာကို သွားထိုင်လိုက်သည်။
"ဘေဘီ အားလူးကြော်စားအုံးမလား"
"Gemini မင်းနောက်ခါအဲ့လိုမလုပ်နဲ့"
"အချစ်ကလေးက ရှက်တာလား ဟမ် ရှက်တာလား"
Gemini က သူ့မေးဖျားလေးကို လက်နဲ့ ခွေးလေးကို ချော့သလို‌‌လုပ်နေသည်။
"Gem မစနဲ့တော့"
"ဟင် ဘယ်လိုခေါ်လိုက်တာ ပြန်ခေါ်ပါအုံး FotFot လေး"
"တော်ပြီ ပေးအားလူးကြော်ထုတ် "
"ပြန်ခေါ်ပေး Fot "
Gemini က အတင်းပြန်ခေါ်ခိုင်းပေမဲ့ Fourth က ဟိုဘက်လှည့်ကာ အာလူးကြော်ကို ပါးစပ်ထဲ ပလုတ်ပ‌လောင်းစားပြီး မသိချင်ယောင်ဆောင်ကာ နေနေသည်။
--------------------------
ကမ်းခြေရောက်တော့ အခန်းသော့တွေခွဲပေးလိုက်ပြီး သူတို့နှစ်ယောက်က တစ်ခန်းယူလိုက်သည်။ ညနေစောင်းနေပြီမို့ အကုန်လုံးကို နားခိုင်းလိုက်ပြီး မနက်ဖြန်မနက်မှ မနက်စာ စားဖို့ ချိန်းလိုက်သည်။ သူတို့နှစ်ယောက် အခန်းထဲသွားကာ အ၀တ်တွေခွဲထည့်လိုက်ကြပြီး ‌နားလိုက်ကြသည်။
Fourth က လုံး၀မ‌လှုပ်ချင်တော့တာကြောင့် ကုတင်ပေါ်ပစ်လှဲ‌လိုက်သည်။ Gemini က Fourth ‌ပေါ် ထပ်လှဲကာ သူ့ကို ဖတ်ထားပြီး fourth လည်ပင်းနား မျက်နှာအပ်ထားသည်။
"Gemini ဖယ် ငါပင်ပန်းနေပြီ"
"ငါ‌လဲ ပင်ပန်းလို့ အားသွင်းနေတာလေ"
"ဟမ်! မင်းကဘာပင်ပန်းလို့လဲ စကားလေးနည်းနည်းပြောပြီး လိုက်စနေတာမဟုတ်ဘူးလား ဟမ်!"
"စတာမဟုတ်ဘူး အတည်လုပ်နေတာလေ"
Fourth စီက ဘာအသံမှထွက်မလာတာကြောင့် ကြည့်လိုက်တော့ ငါ့အချစ်ကလေးက မျက်နှာလေးရဲလို့ ရှက်နေပြီပင်။
"ရှက်နေတာလား?"
"မဟုတ်ဘူး ဖယ် ရေသွားချိုးလိုက်အုံးမယ် "
ရုန်းကာ ထွက်သွားပြီး ရေချိုးခန်းထဲ ၀င်သွားတော့ အချစ်ကို ကြည့်ပြီး ပြုံးနေမိသည်။ တကယ်ချစ်မိသွားတယ်ထင်ပါရဲ့။ သူဘာလုပ်လုပ် ပြုံးနေမိသည်။
----------------------------
မနက်ပိုင်း မနက်စာ စားဖို့ ဆိုင်တစ်ခုမှာ အကုန်စုနေကြသည်။ ‌ကျောင်းက ကမ်းခြေတစ်ခုလုံး ဌားပေးထားတာမို့ လွတ်လွတ်လပ်လပ်နေလို့ရ၏။ စားသောက်ဆိုင်မှာ လူပြည့်နေပြီး ကျန်တဲ့သူတွေက စားနေပြီး  ခေါင်းဆောင်တွေက သက်သက်ဝိုင်းဖွဲ့ပြီး စားကြသည်။ ထိုအုပ်စုထဲတွင် Mark နဲ့ poon ကပါ ရောပြီး လာထိုင်နေ၏။
"ဒါ မင်းတို့အတန်းကပဲလား"
"ဟုတ်ကဲ့ ကျွန်တော်က Mark ပါ"
"ကျွန်တော်က Poon ကျွန်တော်တို့က ရင်းနှီးတာဆိုလို့ Gemini Fourth ပဲ ရှိလို့ ရတယ်မလား"
" ရပါတယ် အကိုတို့က မေးကြည့်တာ လူများတော့ ‌ပျော်စရာကောင်းတာပေါ့ လွတ်လွတ်လပ်လပ်နေ "
စားသောက်တွေလာတော့ အကုန်စားပြီး ဟိုအကြောင်း ဒီအကြောင်းဝိုင်းဖွဲ့ပြောကြသည်။ Fourth စားနေရင်း အဝေးက အရွက်ကြော်မမှီတာကြောင့် လှမ်းယူမရဖြစ်နေသည်။ သူ့ကို သတိထားမိတဲ့ အကိုတစ်ယောက်က လှမ်းပေးသည်။
"ဒါယူမလို့လား ညီ"
"အာ..ကျေးဇူးပါ"
"ဒါနဲ့ ကိုယ်အမှတ်မမှာဘူးဆိုရင် ညီနာမည်က fourth မလား"
"ဟုတယ်အကို"
"အကိုနာမည်က Leo ပါ နောက်ဆုံးနှစ်က"
"အော်ဟုတ် ကျွန်တော်က ဒုတိယနှစ်က"
"အကို့တို့ခင်မင်တဲ့အနေနဲ့ ig acc လေးပေးပါလား"
"သူ Instagram မသုံးဘူး"
သူတို့ပြောနေရင်း ဘေးနားက Gemini က ရုပ်တည်ကြီးနဲ့ ပြောလာသည်။ ကိုယ့်ထက်အကြီးတွေနဲ့ ရှိနေတာကြောင့် ဒေါသမထွက်ဖို့  Gemini လက်ကို ကိုင်ထားသည်။
"အာ...ဟုတ်လား ဒါဆို line ရောသုံးလား"
"ဟုတ် ဒီမှာပါ"
သူပေးလိုက်တော့ Gemini က သူ့လက်ကိုဖယ်ကာ ထွက်သွားသည်။
"ကျွန်တော် သန့်စင်ခန်းခနသွားအုံးမယ်"
"ကျွန်တော်လဲ သွားလိုက်အုံးမယ်နော်"
အခြေအနေကိုသိတဲ့ Mark နဲ့ Poon က တိတ်ဆိတ်နေတဲ့အခြေအနေကို ဖြိုရန် စကားစလိုက်သည်။
"သူတို့က အဲ့တိုင်းပဲ စိတ်ထဲမထားနဲ့နော် အကိုတို့ ဟုတယ်မလား Poon"
"ဟုတယ် သူ့ကိုဘာမှမဟုတ်ဘူး အရူးတွေ စိတ်မမှန်ဘူး ဂရုစိုက်မနေနဲ့ ဆက်စားမယ်လေ"
သူတို့အခုပြောလိုက်တဲ့စကားတွေကို Gemini နဲ့ Fourth သာကြားရင် သူတို့မနက်ဖြန်ထိအသက်ရှင်မှာမဟုတ်ပေ။
------------------------
"Gemini မင်းဘာဖြစ်နေတာလဲ တခြားသူတွေကို လေးစားပါအုံး!"
"မင်းက ဘာလို့အ‌ကောင့်ပေးလိုက်‌လဲ!"
"အကုန်လုံးက ဝိုင်းကြည့်နေတာ မပေးလို့ကောင်းလား! မင်းဖြစ်တဲ့ကိစ္စ ငါ့အပေါ်ပုံချမနေနဲ့ Gemin! "
" အေး အဲ့လိုငါဖြစ်အောင်လဲ မင်းဘဲ လုပ်တာကွ! "
Gemini ကပြောလဲပြော ဘေးက နံရံကို လက်သီးနဲ့ပိတ်ထိုးလိုက်သည်။
"ငါ့ဘာသာ ဘာလုပ်လုပ်မင်းနဲ့မဆိုင်ဘူး လိုက်ချုပ်ချယ်မနေနဲ့!"
"တောက်စ်...မကြိုက်ဘူးကွာ"
ဒုန်း! ဒုန်း!
Gemini နံရံကို အချက်ပေါင်း များစွာထိုးပြီးနောက် လက်က သွေးတွေပါထွက်လာသည်။ပြီးနောက် ဘေစင်သွားပြီး လက်ကသွေးတွေဆေးကာ မျက်နှာပါ သစ်လိုက်သည်။ မှန်ကိုကြည့်လိုက်တော့ သူ့ရဲ့ မျက်နှာရေစက်တွေသာရှိနေပြီး ခုနကအတိုင်း မျက်လုံးနီတွေနဲ့မျက်မှောင်ကြုံ့ထားဆဲ။ မျက်လုံးခနမှိတ်လိုက်ပြီး သူ့မျက်ရိုးတွေကို ဖြေလျှော့ကာ  Fourth နားသွားလိုက်သည်။
"တောင်းပန်တယ်‌ နောက်ခါ မင်းကြိုက်သလိုလုပ်ပါ ငါအခန်းထဲသွားတော့မယ်"
Gemini အခန်းထဲပြန်သွားပေမဲ့ လက်က စီးကျနေတဲ့ သွေးတွေကို မြင်တော့ စိတ်မချနိုင် နောက်က လိုက်သွားရသည်။
အခန်းထဲရောက်တော့ ဗီရိုပေါ်က ဆေးသေတ္တာယူကာ ကုတင်ပေါ်ထိုင်လိုက်ပြီး Gemini ကိုခေါ်လိုက်သည်။
"Gemini ဒီမှာလာထိုင် "
Fourth ခေါ်တော့ အသာတကြည်လာထိုင်တဲ့ သူကြောင့် ကျေနပ်မိပြန်သည်။ လက်ကိုဆွဲယူပြီး ဖွဖွလေး သန့်စင်ပြီး ဆေးထည့်ကာ သေသေချာချာ ပတ်တီးပတ်ပေးလိုက်သည်။
"နောက်အခါ ငါမကြိုက်တာမလုပ်နဲ့ ငါလဲ မင်းမကြိုက်တာ မလုပ်ဘူး "
"အင်း"
"Gemin ငါ့ကိုကြည့်"
ပြန်ကြည့်လာတဲ့ မျက်၀န်းတွေက စောနကနဲ့မတူ  ခွေးပေါက်လေးတစ်ကောင်လိုသဖွယ် ချစ်စရာကောင်းစွာ ကြည့်လာသည်။
"ဘာလိုဖြစ်ဖြစ် သူတို့က ငါတို့ထက်ကြီးတယ်  ရိုရိုသေသေနေ မင်းကိုငါပြသနာမဖြစ်စေချင်ဘူး ငါလဲ နောက်တစ်ခါ မပေးတော့ဘူး "
"အင်း"
ပြောရင်း တဖြည်းဖြည်းနဲ့ နီးကပ်လာတဲ့ နှုတ်ခမ်းနှစ်ခု။ ‌နူးညံ့ဖြည်းညှင်းစွာ နမ်းနေတဲ့ အနမ်းက သူတို့ အပြင်လေနဲ့ အဆက်အသွယ်ပြတ်မှ ရပ်လိုက်ကြသည်။
---------------------------
ဒီနေ့ ငလျင်လှုပ်တာ အကြာကြီးပဲ အားလုံးသတိထား ဂရုစိုက်ကြပါ ဆန်မ်မင်တို့ ရန်ကုန်ကနေတာတောင် ခေါင်းတွေမူးလို့အန်ပါအန်တယ် အခြားပြည်နယ်က ဒါဒါတွေအထူးဂရုစိုက်ကြပါ စစ်ကိုင်းနှင့် မန္တလေးမှာရှိတဲ့ သူလေးတွေ ဘေးကင်းပါစေနော် ထိုင်းမှာရှိတဲ့ ဒါဒါတွေလည်း ဂရုစိုက်ကြပါ တိုင်းပြည်က အခြေအနေတဖြည်းဖြည်းနဲ့ မကောင်းတော့ဘူး ပျက်စီးလာပြီ...။
ဆန်မ်မင်တို့ဘက် လိုင်းမကောင်းလို့ ဖုန်းခေါ်တာတောင် လိုင်းမမိပါဘူး အချစ်တို့မျှော်နေမှာစိုးလို့ မနည်းတင်ထားတာပါ
"အတူနားထောင်ချင်လား?"
အွန့်..
"မင်းဖယ်"
"Gemini!"
"Gem မစနဲ့တော့"
"ပြန်ခေါ်ပေး Fot "
--------------------------
"ရှက်နေတာလား?"
----------------------------
"ဒါယူမလို့လား ညီ"
"အာ..ကျေးဇူးပါ"
"ဟုတယ်အကို"
"သူ Instagram မသုံးဘူး"
"ဟုတ် ဒီမှာပါ"
------------------------
ဒုန်း! ဒုန်း!
"Gemini ဒီမှာလာထိုင် "
"အင်း"
"Gemin ငါ့ကိုကြည့်"
"အင်း"
---------------------------
There are no comments yet. Log in to be the first to leave a review!
Similar stories