Fanfics

7

15:36, 31 March 2025

ကမ်းခြေကိုရောက်တာ ဒုတိယမြောက်နေ့။ရေကစားတဲ့အဖွဲ့က ကစား၊ ကမ်းခြေမှာ ထိုင်နေတဲ့သူကထိုင်၊ တချို့က မြင်စီးနေကြသည်။ ထိုမြင်ကွင်းများကို ရှင်းရှင်းလင်းလင်းမြင်ရတဲ့ နေရာတစ်နေရာကနေ Fourth ရပ်ကြည့်နေသည်။ ကြည့်နေတုန်း အနောက်က လူရှိသလို ခံစားရတာမို့ နောက်လှည့်ကြည့်လိုက်တော့ P' leo။

"ညီလေး သွားမဆော့ဘူးလား "

" မဆော့တော့ဘူးအကို"

"ဒါဆို အကိုတို့ လမ်းလျှောက် ထွက်ရအောင်လေ"

Fourth ကငြင်းမယ်ဟန်ပြုတော့...။

"လာပါ အကိုလဲ အဖော်မရှိတော့မသွားရဘူး သွားရအောင် လာပါညီရဲ့"

ဒီလိုနဲ့ Fourth နဲ့ Leo ကမ်းခြေမှာ လမ်းလျှောက်ရင်း စကားပြောနေတာကို တစ်စုံတစ်ယောက်က အဝေးကလှမ်းကြည့်ရင်း ဘေးနားက အပင်ကို ထိုးမဲ့ လက်သီးက အပင်ပေါ်မရောက်ဘဲ လေထဲတွင်သာ ရှိနေသည်။ သူမထိုးရက်ပါ။ မနေ့ညက fourth ပြောတာ စကားတွေကို နားလည်ပြန်ကြားပြီး မသိစိတ်က နာခံနေမိသည်။

သူတကယ် Fot ကိုချစ်မိသွားပြီလား။ မဖြစ်နိုင်တာ။ဒါဆို ဘာလို့ငါဒီလောက် ဖြစ်ပျက်နေတာလဲ။ မသိတော့ဘူးကွာ။ ငါ့ကိုယ်ငါပြန်ဆန်းစစ်မှဖြစ်တော့မယ်။ ငါFot ကို အခုအဆင့်ထက်ပိုချင်နေပြီလား?။

သူမသိလိုက်ချိန် သူက Fourth တို့စကားပြောတဲ့နားရောက်သွားပြီး Fourth လက်ကိုဆွဲလိုက်သည်။Fourth က သူ့ကိုပြန်လှည့်ကြည့်ပြီး သူ့အနားတိုးလာသည်။

"ဘာဖြစ်လို့လဲ"

"အဲ...ငါ..."

အရင်စိတ်နဲ့သာဆိုရင် Fourth ကိုဆွဲခေါ်ပြီး စကားကြမ်းကြမ်းတွေပြောမှာဆိုပေမဲ့ သူ့မသိစိတ်က မနေ့က Fourth ပြောတဲ့ စကားတွေကိုနားထောင်နေမိသည်။ ဘေးဝေ့လည့်ကြည့်လိုက်တော့ မြင်စီးနေတဲ့သူတွေ တွေ့တော့ ပြုံးလိုက်သည်။

"ငါ မြင်းစီးချင်လို့ လာခေါ်တာ"

"အယ်...အင်းအင်း အကိုအဲ့ဒါဆို ကျွန်တော်တို့ သွားလိုက်ပါအုံးမယ်နော်"

"ဟုတ်ပြီ ညီ"

သူတို့နှစ်ယောက် P' Leo နဲ့‌ဝေးတဲ့နေရာ ရောက်လာပြီး fourth က Gemin ကို မရဲတရဲမေးလိုက်သည်။

"တကယ် မြင်းစီးမှာလား ငါကြောက်တယ်"

"စိတ်ချ ငါသင်ပေးမှာပေါ့"

သူတို့နှစ်ယောက်ဆိုင်က မြင်းတစ်ကောင် ယူလိုက်ပြီး fourth ကို မြင်းပေါ်တတ်ခိုင်းကာ Gemini က အောက်က ထိန်းပေးထားသည်။

(တိရစ္ဆာန်မြင်းနော် ဘာတွေလျှောက်တွေးနေကြတာ အချစ်တို့ >< )

လမ်းနည်းနည်း‌ကျော်တော့ Gemini  fourth နောက်က ထိုင်လိုက်ကာ မြင်းကိုမောင်းနေသည်။ fourth ကတော့ အရှေ့ကနေ လက်နှစ်ဖက်ကိုဆန့်လို့ ပျော်နေပုံ။

gemini သူ့အရှေ့က မျက်လုံးမှိတ်ကာ လက်နှစ်ဖက်ဆန့်ပြီး လေညှင်းခံနေတဲ့ အချစ်ကို ကြည့်ပြီး သူတကယ် ပိုင်ဆိုင်လိုစိတ်များလာသည်။

သူသည် Fot ကိုသူကလွဲလို့ ဘယ်သူနဲ့မှ စကားပြောတာ မမြင်ချင်။Fot ဘယ်သူ့ကိုမှ ဂရုစိုက်စိတ်ပူတာမမြင်ချင်။ Fot က သူ့ကိုပဲ ကြည့်ရမယ် သူ့ကိုပဲ စကားပြောရမယ် သူ့ကိုပဲ ဂရုစိုက်ရမယ် Fotကို သူကပဲ ပိုင်ဆိုင်ချင်တယ်။ ဒါအတ္တဆန်တယ်လို့ပြောရင် သူတကယ် Fot ကြောင့် ရူးသွားပြီလို့ပဲ ဆိုရမည်။

--------------------------

ညဘက်အကုန်လုံး ကမ်းခြေမှာ ပင်လယ်စာတွေ ကင်စားကြသည်။ တချို့ကတော့ ဒီည ကမ်းခြေမှာ ရွက်‌ဖျင်တဲ ထိုးပြီး အိပ်ကြသည်။ ကမ်းခြေတွင် အလှဆင်ထားသည့် မီးရောင်တွေက ထိန်လင်းနေပြီး လူတွေက ခင်းပြီးထိုင်တဲ့သူကထိုင် ကင်တဲ့သူကင် အအေးဖျော်တဲ့သူကဖျော်နေကြသည်။ သူတို့ကတော့ ခါတိုင်းလိုပဲ စီနီယာအဖွဲ့တွေနဲ့ရောနေရသည်။ဒါပေမဲ့ ဒီတစ်ခေါက်တော့ Mark နဲ့ poon က စီနိယာအမတွေစီသွားပြီး ကြူးနေကြလေရဲ့။

"ဟိတ် ညီလေးတို့ ဒီမှာ alcohol တွေမယူလာနဲ့နော် ပင်လယ်နားမှာဆို‌တော့ တစ်ခုခုဖြစ်ရင် အကိုတို့ တာ၀န်ယူရမှာမို့ စာနာပေးကြပါ "

စီနိယာအကိုတစ်ယောက် ဖန်ခွက်ကို ခက်ရင်းနဲ့ တီးလိုက်တော့ အားလုံးက ရပ်သွားပြီး အကိုကလည်း သူပြောရမဲ့ဟာပြောလိုက်ပြီးတဲ့အခါ အာလုံးပြန်‌ဆူသွားသည်။

Fourth က အကင်ကင်တဲ့နေရာမှာ ကူကင်ပေးနေရင်း ဘေးနားကို P' Leo က အအေးတစ်ခွက်ယူကာ ရောက်လာသည်။

"ရော့ ညီအတွက် အစ်ကိုယူလာတာ"

"အကိုက ဘက်လိုက်တယ်နော် ကျွန်တော်တို့အတွက်ကြမပါဘူး"

P' Leo က ရှက်ပြုံးပြုံးလိုက်ပြီး Fourth ကို ကမ်းပေးလာတာကြောင့် ပြုံးပြကာ ယူလိုက်သည်။ဘေးနားက Gemini ကိုကြည့်လိုက်တော့ သူတို့ကိုမကြည့်ဘဲ အကင်ကင်နေရာကနေ ထွက်သွားသည်။ အနောက်ကလိုက်သွားဖို့ပြင်လိုက်ပေမဲ့ P'Leo က တစ်နေရာသွားဖို့ခေါ်တာကြောင့် သူအားနာနာနဲ့ လိုက်သွားရ၏။

သူ P' Leo စီကနေပြန်လာပြီး တခြားနေရာတွေမှာ Gemini ကိုလိုက်ရှာရတော့သည်။ နေရာအကုန်လိုက်ရှာပြီး ဘယ်‌နေရာမှမတွေ့ပါ။ နောက်ဆုံး သစ်ပင်တွေ အုပ်နေတဲ့ နေရာကိုသွားလိုက် ထိုင်ခုံမှာထိုင်ပြီး မျက်လုံးကို လက်နဲ့ပိတ်ကာ ငိုနေတဲ့ Gemini ကိုတွေ့လိုက်ရသည်။အာ့..ဘာလို့ ငါ့နှလုံးသားက နာလာရတာလဲ။

သူGemini နားသွားလိုက်ပြီး ပုခုံးကို ကိုင်လိုက်တော့ သူ့ကို ဆွဲဖတ်လိုက်တဲ့ Gemini။ခနကြာတော့ သူ့ပုံခုံးပေါ်တွင် စိုနေသည်ကိုခံစားလိုက်ရသည်။ Gemini ပါးစပ်ကလည်း ငိုသံဖြင့် အသံမပီသစွာ  တတွံ့တွံ့ပြောနေသည်။

"တောင်းပန့်ပါတယ် မထွက်ထွားပါနဲ့ ဟင့် "

"အင်း ငါထွက်မသွားဘူး မင်းနားမှာရှိနေတယ်နော်"

တကယ်တော့ Gemini  Fourth တို့နောက်လိုက်သွားတော့ Leo Fourth ကိုဖွင့်ပြောနေတာ ‌ကြားလိုက်တည်းက သူဒီနေရာကို ထွက်လာပြီး သူငိုနေမိသည်။

Fourth Gemini ပုခုံးကို ဖွဖွလေးကိုင်ပြီး ကြည့်‌လိုက်တော့။ ငိုထားတာ မျက်လုံးတွေနီရဲနေပြီး မျက်တောင်တွေမှာ မျက်‌ရည်ဉတွေ တွဲခိုနေသည်။

"ဘာလို့ ငိုနေတာလဲ "

"အဆုံးရှုံးမခံနိုင်ဘူး"

"ဟင်!"

"Fourth မင်းကို ငါဘယ်သူမှမပေးနိုင်ဘူး မင်းရဲ့ ဂရုစိုက်တာတွေ ကြင်နာတာတွေ စိတ်ပူတာတွေ အကုန်ပဲကွာ အကုန်ငါ့ပဲရချင်တာ ငါရဲ့ခံစားချက်တွေ အပြုအမူတွေအကုန် မင်းအတွက်ပဲလုပ်ပေးမှာမို့ မင်းဖြစ်ပေါ်လာတဲ့ခံစားချက်တွေလဲ ငါ့အတွက်ပဲဖြစ်ချင်တာ ဒါမင်းအတွက် ချုပ်ချယ်လွန်းတယ်ထင်ရဲလဲ ထင်ပါ ငါမင်းကို တကယ်အတ္တဆန်စွာနဲ့ ရူးနေတာပါ ဒါကြောင့် သူ့ကိုလက်မခံပါနဲ့"

Gemini စကားအဆုံးထိ Fourth ဘာမှမပြောနိုင်ခဲ့ပါ။သေချာတာတစ်ခုက သူလဲ မျက်ရည်ဝဲနေပြီဆိုတာပါပဲ။ အချိန်အတော်မျှ နှစ်ယောက်သားအကြည့်ချင်းဆုံနေကြပြီး ထိုအကြည့်တွေက ဘယ်လိုအကြည့်မျိုးလဲဆိုတာ နှစ်ယောက်လုံးသိသော်လည်း မဖော်ပြကြ။

"လက်ခံလိုက်ပြီလားဟင်"

"ဘယ်သူ့ကို?"

"Leo ကို"

"ဟင့်အင်း မင်းမဟုတ်လို့ လက်မခံခဲ့ဘူး"

"ဒါဆို ဒီအဆင့်ထဲမှာ မနေ့ချင်တော့ဘူး အဆင့်တက်ရအောင်"

"ဘယ်အဆင့်တတ်ချင်လို့လဲ?"

"ချစ်သူအဆင့်"

"ငါက ကျော်သွားပြီတောင်ထင်တာ"

"ဒါဆို နောက်ပြန်ဆုတ်ရအောင်"

ခနလေးအတွင်းမှာ နှုတ်ခမ်းနှစ်ခုက ပူးကပ်သွားပြီး အပေါ်တလှည့်အောက်တလှည့်နမ်းကာ ထိုအနမ်းတွေထဲ နစ်မြောနေကြသည်။ထိုအနမ်းတွေက သူတို့နမ်းခဲ့သမျှ အနမ်းတွေထဲမှာ အချိုမြိန်ဆုံးအနမ်းဖြစ်မယ်ထင်သည်။

"မင်းကိုအရင်ပြောခွင့်ပေးမယ်"

"ချစ်သူဖြစ်ပေးနိုင်မလား"

"အင်း ဖြစ်ပေးမယ်"

-------------------------------

သူတို့ကမ်းခြေကိုခရီးထွက်လာတဲ့သုံးရက်မှာ နှစ်ရက်ကတော့ ကုန်သွားပေမဲ့ ဒီတစ်ရက်ကတော့ ချစ်သူဖြစ်သွားတဲ့သူတို့အတွက်တော့ ပထမဆုံး ဟန်းနီးမွန်းခရီးဖြစ်နေလေရဲ့။ အရင်တုန်းက Gemini ခေါ်တိုင်းလိုက်သွားပေမဲ့ ဒီလိုဆက်ဆံရေးမျိုးမဟုတ်တော့ ရင်မခုန်ပေ။ ခုကြမှ တစ်နေ့လုံး Gemini အပြုအမူတွေကြောင့် ရင်ခုန်နေရသည်။

အုန်းရည်သောက်ချင်တယ်ပြောတာနဲ့ ချက်ချင်းသွား၀ယ်ပေးပြီးတိုက်တာ၊ ငါ့အသားတွေနေလောင်မှာစိုးလို့ဆိုပြီး suncreams တွေလိမ်းပေးတာ တစ်ကိုယ်လုံးလဲ မဲတော့မှာမဟုတ်၊ လူအများရှေ့မှာ သူ့အပိုင်မှန်းသိအောင် နမ်းလိုက် ဖတ်လိုက် လုပ်နေသူကို သူ့မှာ ဆူရတာလဲ အာပေါက်နေပြီ။ ချစ်သူမဖြစ်ခင်တုန်းကတော့ ဖြစ်ချင်သလိုဖြစ်ဆိုပြီး ပစ်ထားပြီးနော် ချစ်သူဖြစ်မှ သဲသဲလှုပ်ချစ်နေ‌တဲ့ ခွန်Gemini ကို ငါတကယ်အံ့ဩတယ်။ ဒီလိုလူကိုချစ်မိနေ‌တော့လဲ ဘယ်တတ်နိုင်ပါ့မလဲ။

သူတို့လမ်းလျှောက်နေတုန်း ရေဆော့နေတဲ့ Mark နဲ့ poon က သူတို့နားရောက်လာပြီး ဆော့ဖို့ အဖော်စပ်နေသည်။

"မင်းကလဲ ရောက်တုန်းရောက်ခိုက်လေး အတူဆော့ရအောင်လို့ နော်"

"မင်းတို့သာ မရောက်ဖူးတာ ငါက သွားချင်တယ်ဆိုတာနဲ့ ရောက်တယ်"

Fourth နဲ့ poon တို့အပြန်အလှန် ပြန်စကားပြိုင်လုနေတာကို ဘေးကနေ Gemini ပြုံးပြုံးကြီး ရပ်ကြည့်နေမိသည်။

Poon က သူပြောရတာ မောသွားလို့ ဘေးနားက ကော်ပုံးကိုယူကာ ပင်လယ်ထဲဆင်းသွားသည်။ဒါကြောင့် fourth က သူ့နိုင်တယ်‌တွေ့လား ဆိုသည့်အထာဖြင့် Gemini ကို မျက်ခုံးပင့်ပြချိန် သူခေါင်းပေါ်ကနေ ရေလောင်းခြင်းကို ခံလိုက်ရသည်။

"Ai Poon မင်းပြန်လာခဲ့"

Fourth ပြောလဲ ပြောပြီးရော ရေထဲဆင်းကာ Poon ကိုရေထဲ ခေါင်းနစ်က ဆော့နေကြသည်။ ခနကြာတော့ သူတို့သုံးယောက်လုံး Gemini အနားရောက်လာပြီး Gemini ကိုပွေ့ချီကာ ရေထဲခေါ်သွားကာ ပစ်ချလိုက်သည်။

--------------------------------

ညဘက်ရောက်တော့ သူတို့ညစာ စားပြီး ကမ်း‌ခြေဘက်ကို လမ်းလျှောက်ထွက်လာကြသည်။

"Fot လာ ဒီနားမှာလာလှဲ"

Gemini က သဲပြင်ပေါ်မှာ လှဲလိုက်ပြီး သူ့လက်တစ်ဖက် ဆန့်ကာ Fourth ကို သူ့လက်မောင်းပေါ်မှာလှဲဖို့ ခေါ်နေသည်။ Fourth လည်း သူ့အနားသွားကာ လှဲလိုက်၏။

"Gem ဒီညကောင်းကင်က ကြယ်လေး‌‌တွေ စုံနေတော့ ပိုလှတယ်နော်"

"အချစ် ကိုယ့်နားမှာရှိနေတဲ့အခိုက်အတန့်လောက်တော့ ဘယ်လှမလဲ"

"ဟွန်းးး... Gem~မျက်စိမှိတ်ပြီး လှိုင်းသံတွေနဲ့ လေတိုက်ခတ်နေတဲ့အသံတွေကို စိတ်နဲ့နားထောင်ကြည့် စိတ်အေးချမ်းစေတယ်"

"အွန်း"

ဒီညတော့ သဲပြင်ပေါ်မှာ လှဲပြီး တီတီတာတာပြောနေကြတဲ့ကောင်လေးနှစ်ယောက်ရဲ့ပုံရိပ်ကတော့ ကောင်းကင်ကြီးနဲ့ယှဉ်ရင် ဘယ်ဟာပုံလှမလဲ။ နှစ်ယောက်သား ချစ်ကြည်နူးနေချိန် အခန်းထဲမှာ ကျန်ခဲ့တာ ဖုန်းတွေက အကြိမ်ပေါင်းများစွာ လာနေတာတော့ သူတို့မသိပါ။

----------------------

မုန်းတိုင်းသေးသေးလေး လာမယ်နော် ဒီည မီးပျက်မှာမို့ စောစောတင်ပေးတာ ပြန်တောင်မစစ်ရသေးဘူးရယ်😞🫶

ကမ္းေျခကိုေရာက္တာ ဒုတိယေျမာက္ေန႕။ေရကစားတဲ့အဖြဲ႕က ကစား၊ ကမ္းေျခမွာ ထိုင္ေနတဲ့သူကထိုင္၊ တခ်ိဳ႕က ျမင္စီးေနၾကသည္။ ထိုျမင္ကြင္းမ်ားကို ရွင္းရွင္းလင္းလင္းျမင္ရတဲ့ ေနရာတစ္ေနရာကေန Fourth ရပ္ၾကည့္ေနသည္။ ၾကည့္ေနတုန္း အေနာက္က လူရွိသလို ခံစားရတာမို႔ ေနာက္လွည့္ၾကည့္လိုက္ေတာ့ P' leo။

"ညီေလး သြားမေဆာ့ဘူးလား "

" မေဆာ့ေတာ့ဘူးအကို"

"ဒါဆို အကိုတို႔ လမ္းေလွ်ာက္ ထြက္ရေအာင္ေလ"

Fourth ကျငင္းမယ္ဟန္ျပဳေတာ့...။

"လာပါ အကိုလဲ အေဖာ္မရွိေတာ့မသြားရဘူး သြားရေအာင္ လာပါညီရဲ႕"

ဒီလိုနဲ႕ Fourth နဲ႕ Leo ကမ္းေျခမွာ လမ္းေလွ်ာက္ရင္း စကားေျပာေနတာကို တစ္စုံတစ္ေယာက္က အေဝးကလွမ္းၾကည့္ရင္း ေဘးနားက အပင္ကို ထိုးမဲ့ လက္သီးက အပင္ေပၚမေရာက္ဘဲ ေလထဲတြင္သာ ရွိေနသည္။ သူမထိုးရက္ပါ။ မေန႕ညက fourth ေျပာတာ စကားေတြကို နားလည္ျပန္ၾကားၿပီး မသိစိတ္က နာခံေနမိသည္။

သူတကယ္ Fot ကိုခ်စ္မိသြားၿပီလား။ မျဖစ္နိုင္တာ။ဒါဆို ဘာလို႔ငါဒီေလာက္ ျဖစ္ပ်က္ေနတာလဲ။ မသိေတာ့ဘူးကြာ။ ငါ့ကိုယ္ငါျပန္ဆန္းစစ္မွျဖစ္ေတာ့မယ္။ ငါFot ကို အခုအဆင့္ထက္ပိုခ်င္ေနၿပီလား?။

သူမသိလိုက္ခ်ိန္ သူက Fourth တို႔စကားေျပာတဲ့နားေရာက္သြားၿပီး Fourth လက္ကိုဆြဲလိုက္သည္။Fourth က သူ႕ကိုျပန္လွည့္ၾကည့္ၿပီး သူ႕အနားတိုးလာသည္။

"ဘာျဖစ္လို႔လဲ"

"အဲ...ငါ..."

အရင္စိတ္နဲ႕သာဆိုရင္ Fourth ကိုဆြဲေခၚၿပီး စကားၾကမ္းၾကမ္းေတြေျပာမွာဆိုေပမဲ့ သူ႕မသိစိတ္က မေန႕က Fourth ေျပာတဲ့ စကားေတြကိုနားေထာင္ေနမိသည္။ ေဘးေဝ့လည့္ၾကည့္လိုက္ေတာ့ ျမင္စီးေနတဲ့သူေတြ ေတြ႕ေတာ့ ၿပဳံးလိုက္သည္။

"ငါ ျမင္းစီးခ်င္လို႔ လာေခၚတာ"

"အယ္...အင္းအင္း အကိုအဲ့ဒါဆို ကြၽန္ေတာ္တို႔ သြားလိုက္ပါအုံးမယ္ေနာ္"

"ဟုတ္ၿပီ ညီ"

သူတို႔ႏွစ္ေယာက္ P' Leo နဲ႕ေဝးတဲ့ေနရာ ေရာက္လာၿပီး fourth က Gemin ကို မရဲတရဲေမးလိုက္သည္။

"တကယ္ ျမင္းစီးမွာလား ငါေၾကာက္တယ္"

"စိတ္ခ် ငါသင္ေပးမွာေပါ့"

သူတို႔ႏွစ္ေယာက္ဆိုင္က ျမင္းတစ္ေကာင္ ယူလိုက္ၿပီး fourth ကို ျမင္းေပၚတတ္ခိုင္းကာ Gemini က ေအာက္က ထိန္းေပးထားသည္။

(တိရစ္ဆာန္ျမင္းေနာ္ ဘာေတြေလွ်ာက္ေတြးေနၾကတာ အခ်စ္တို႔ >< )

လမ္းနည္းနည္းေက်ာ္ေတာ့ Gemini fourth ေနာက္က ထိုင္လိုက္ကာ ျမင္းကိုေမာင္းေနသည္။ fourth ကေတာ့ အေရွ႕ကေန လက္ႏွစ္ဖက္ကိုဆန႔္လို႔ ေပ်ာ္ေနပုံ။

gemini သူ႕အေရွ႕က မ်က္လုံးမွိတ္ကာ လက္ႏွစ္ဖက္ဆန႔္ၿပီး ေလညွင္းခံေနတဲ့ အခ်စ္ကို ၾကည့္ၿပီး သူတကယ္ ပိုင္ဆိုင္လိုစိတ္မ်ားလာသည္။

သူသည္ Fot ကိုသူကလြဲလို႔ ဘယ္သူနဲ႕မွ စကားေျပာတာ မျမင္ခ်င္။Fot ဘယ္သူ႕ကိုမွ ဂ႐ုစိုက္စိတ္ပူတာမျမင္ခ်င္။ Fot က သူ႕ကိုပဲ ၾကည့္ရမယ္ သူ႕ကိုပဲ စကားေျပာရမယ္ သူ႕ကိုပဲ ဂ႐ုစိုက္ရမယ္ Fotကို သူကပဲ ပိုင္ဆိုင္ခ်င္တယ္။ ဒါအတၱဆန္တယ္လို႔ေျပာရင္ သူတကယ္ Fot ေၾကာင့္ ႐ူးသြားၿပီလို႔ပဲ ဆိုရမည္။

--------------------------

ညဘက္အကုန္လုံး ကမ္းေျခမွာ ပင္လယ္စာေတြ ကင္စားၾကသည္။ တခ်ိဳ႕ကေတာ့ ဒီည ကမ္းေျခမွာ ႐ြက္ဖ်င္တဲ ထိုးၿပီး အိပ္ၾကသည္။ ကမ္းေျခတြင္ အလွဆင္ထားသည့္ မီးေရာင္ေတြက ထိန္လင္းေနၿပီး လူေတြက ခင္းၿပီးထိုင္တဲ့သူကထိုင္ ကင္တဲ့သူကင္ အေအးေဖ်ာ္တဲ့သူကေဖ်ာ္ေနၾကသည္။ သူတို႔ကေတာ့ ခါတိုင္းလိုပဲ စီနီယာအဖြဲ႕ေတြနဲ႕ေရာေနရသည္။ဒါေပမဲ့ ဒီတစ္ေခါက္ေတာ့ Mark နဲ႕ poon က စီနိယာအမေတြစီသြားၿပီး ၾကဴးေနၾကေလရဲ႕။

"ဟိတ္ ညီေလးတို႔ ဒီမွာ alcohol ေတြမယူလာနဲ႕ေနာ္ ပင္လယ္နားမွာဆိုေတာ့ တစ္ခုခုျဖစ္ရင္ အကိုတို႔ တာ၀န္ယူရမွာမို႔ စာနာေပးၾကပါ "

စီနိယာအကိုတစ္ေယာက္ ဖန္ခြက္ကို ခက္ရင္းနဲ႕ တီးလိုက္ေတာ့ အားလုံးက ရပ္သြားၿပီး အကိုကလည္း သူေျပာရမဲ့ဟာေျပာလိုက္ၿပီးတဲ့အခါ အာလုံးျပန္ဆူသြားသည္။

Fourth က အကင္ကင္တဲ့ေနရာမွာ ကူကင္ေပးေနရင္း ေဘးနားကို P' Leo က အေအးတစ္ခြက္ယူကာ ေရာက္လာသည္။

"ေရာ့ ညီအတြက္ အစ္ကိုယူလာတာ"

"အကိုက ဘက္လိုက္တယ္ေနာ္ ကြၽန္ေတာ္တို႔အတြက္ၾကမပါဘူး"

P' Leo က ရွက္ၿပဳံးၿပဳံးလိုက္ၿပီး Fourth ကို ကမ္းေပးလာတာေၾကာင့္ ၿပဳံးျပကာ ယူလိုက္သည္။ေဘးနားက Gemini ကိုၾကည့္လိုက္ေတာ့ သူတို႔ကိုမၾကည့္ဘဲ အကင္ကင္ေနရာကေန ထြက္သြားသည္။ အေနာက္ကလိုက္သြားဖို႔ျပင္လိုက္ေပမဲ့ P'Leo က တစ္ေနရာသြားဖို႔ေခၚတာေၾကာင့္ သူအားနာနာနဲ႕ လိုက္သြားရ၏။

သူ P' Leo စီကေနျပန္လာၿပီး တျခားေနရာေတြမွာ Gemini ကိုလိုက္ရွာရေတာ့သည္။ ေနရာအကုန္လိုက္ရွာၿပီး ဘယ္ေနရာမွမေတြ႕ပါ။ ေနာက္ဆုံး သစ္ပင္ေတြ အုပ္ေနတဲ့ ေနရာကိုသြားလိုက္ ထိုင္ခုံမွာထိုင္ၿပီး မ်က္လုံးကို လက္နဲ႕ပိတ္ကာ ငိုေနတဲ့ Gemini ကိုေတြ႕လိုက္ရသည္။အာ့..ဘာလို႔ ငါ့ႏွလုံးသားက နာလာရတာလဲ။

သူGemini နားသြားလိုက္ၿပီး ပုခုံးကို ကိုင္လိုက္ေတာ့ သူ႕ကို ဆြဲဖတ္လိုက္တဲ့ Gemini။ခနၾကာေတာ့ သူ႕ပုံခုံးေပၚတြင္ စိုေနသည္ကိုခံစားလိုက္ရသည္။ Gemini ပါးစပ္ကလည္း ငိုသံျဖင့္ အသံမပီသစြာ တတြံ႕တြံ႕ေျပာေနသည္။

"ေတာင္းပန႔္ပါတယ္ မထြက္ထြားပါနဲ႕ ဟင့္ "

"အင္း ငါထြက္မသြားဘူး မင္းနားမွာရွိေနတယ္ေနာ္"

တကယ္ေတာ့ Gemini Fourth တို႔ေနာက္လိုက္သြားေတာ့ Leo Fourth ကိုဖြင့္ေျပာေနတာ ၾကားလိုက္တည္းက သူဒီေနရာကို ထြက္လာၿပီး သူငိုေနမိသည္။

Fourth Gemini ပုခုံးကို ဖြဖြေလးကိုင္ၿပီး ၾကည့္လိုက္ေတာ့။ ငိုထားတာ မ်က္လုံးေတြနီရဲေနၿပီး မ်က္ေတာင္ေတြမွာ မ်က္ရည္ဉေတြ တြဲခိုေနသည္။

"ဘာလို႔ ငိုေနတာလဲ "

"အဆုံးရႈံးမခံနိုင္ဘူး"

"ဟင္!"

"Fourth မင္းကို ငါဘယ္သူမွမေပးနိုင္ဘူး မင္းရဲ႕ ဂ႐ုစိုက္တာေတြ ၾကင္နာတာေတြ စိတ္ပူတာေတြ အကုန္ပဲကြာ အကုန္ငါ့ပဲရခ်င္တာ ငါရဲ႕ခံစားခ်က္ေတြ အျပဳအမူေတြအကုန္ မင္းအတြက္ပဲလုပ္ေပးမွာမို႔ မင္းျဖစ္ေပၚလာတဲ့ခံစားခ်က္ေတြလဲ ငါ့အတြက္ပဲျဖစ္ခ်င္တာ ဒါမင္းအတြက္ ခ်ဳပ္ခ်ယ္လြန္းတယ္ထင္ရဲလဲ ထင္ပါ ငါမင္းကို တကယ္အတၱဆန္စြာနဲ႕ ႐ူးေနတာပါ ဒါေၾကာင့္ သူ႕ကိုလက္မခံပါနဲ႕"

Gemini စကားအဆုံးထိ Fourth ဘာမွမေျပာနိုင္ခဲ့ပါ။ေသခ်ာတာတစ္ခုက သူလဲ မ်က္ရည္ဝဲေနၿပီဆိုတာပါပဲ။ အခ်ိန္အေတာ္မွ် ႏွစ္ေယာက္သားအၾကည့္ခ်င္းဆုံေနၾကၿပီး ထိုအၾကည့္ေတြက ဘယ္လိုအၾကည့္မ်ိဳးလဲဆိုတာ ႏွစ္ေယာက္လုံးသိေသာ္လည္း မေဖာ္ျပၾက။

"လက္ခံလိုက္ၿပီလားဟင္"

"ဘယ္သူ႕ကို?"

"Leo ကို"

"ဟင့္အင္း မင္းမဟုတ္လို႔ လက္မခံခဲ့ဘူး"

"ဒါဆို ဒီအဆင့္ထဲမွာ မေန႕ခ်င္ေတာ့ဘူး အဆင့္တက္ရေအာင္"

"ဘယ္အဆင့္တတ္ခ်င္လို႔လဲ?"

"ခ်စ္သူအဆင့္"

"ငါက ေက်ာ္သြားၿပီေတာင္ထင္တာ"

"ဒါဆို ေနာက္ျပန္ဆုတ္ရေအာင္"

ခနေလးအတြင္းမွာ ႏႈတ္ခမ္းႏွစ္ခုက ပူးကပ္သြားၿပီး အေပၚတလွည့္ေအာက္တလွည့္နမ္းကာ ထိုအနမ္းေတြထဲ နစ္ေျမာေနၾကသည္။ထိုအနမ္းေတြက သူတို႔နမ္းခဲ့သမွ် အနမ္းေတြထဲမွာ အခ်ိဳၿမိန္ဆုံးအနမ္းျဖစ္မယ္ထင္သည္။

"မင္းကိုအရင္ေျပာခြင့္ေပးမယ္"

"ခ်စ္သူျဖစ္ေပးနိုင္မလား"

"အင္း ျဖစ္ေပးမယ္"

-------------------------------

သူတို႔ကမ္းေျခကိုခရီးထြက္လာတဲ့သုံးရက္မွာ ႏွစ္ရက္ကေတာ့ ကုန္သြားေပမဲ့ ဒီတစ္ရက္ကေတာ့ ခ်စ္သူျဖစ္သြားတဲ့သူတို႔အတြက္ေတာ့ ပထမဆုံး ဟန္းနီးမြန္းခရီးျဖစ္ေနေလရဲ႕။ အရင္တုန္းက Gemini ေခၚတိုင္းလိုက္သြားေပမဲ့ ဒီလိုဆက္ဆံေရးမ်ိဳးမဟုတ္ေတာ့ ရင္မခုန္ေပ။ ခုၾကမွ တစ္ေန႕လုံး Gemini အျပဳအမူေတြေၾကာင့္ ရင္ခုန္ေနရသည္။

အုန္းရည္ေသာက္ခ်င္တယ္ေျပာတာနဲ႕ ခ်က္ခ်င္းသြား၀ယ္ေပးၿပီးတိုက္တာ၊ ငါ့အသားေတြေနေလာင္မွာစိုးလို႔ဆိုၿပီး suncreams ေတြလိမ္းေပးတာ တစ္ကိုယ္လုံးလဲ မဲေတာ့မွာမဟုတ္၊ လူအမ်ားေရွ႕မွာ သူ႕အပိုင္မွန္းသိေအာင္ နမ္းလိုက္ ဖတ္လိုက္ လုပ္ေနသူကို သူ႕မွာ ဆူရတာလဲ အာေပါက္ေနၿပီ။ ခ်စ္သူမျဖစ္ခင္တုန္းကေတာ့ ျဖစ္ခ်င္သလိုျဖစ္ဆိုၿပီး ပစ္ထားၿပီးေနာ္ ခ်စ္သူျဖစ္မွ သဲသဲလႈပ္ခ်စ္ေနတဲ့ ခြန္Gemini ကို ငါတကယ္အံ့ဩတယ္။ ဒီလိုလူကိုခ်စ္မိေနေတာ့လဲ ဘယ္တတ္နိုင္ပါ့မလဲ။

သူတို႔လမ္းေလွ်ာက္ေနတုန္း ေရေဆာ့ေနတဲ့ Mark နဲ႕ poon က သူတို႔နားေရာက္လာၿပီး ေဆာ့ဖို႔ အေဖာ္စပ္ေနသည္။

"မင္းကလဲ ေရာက္တုန္းေရာက္ခိုက္ေလး အတူေဆာ့ရေအာင္လို႔ ေနာ္"

"မင္းတို႔သာ မေရာက္ဖူးတာ ငါက သြားခ်င္တယ္ဆိုတာနဲ႕ ေရာက္တယ္"

Fourth နဲ႕ poon တို႔အျပန္အလွန္ ျပန္စကားၿပိဳင္လုေနတာကို ေဘးကေန Gemini ၿပဳံးၿပဳံးႀကီး ရပ္ၾကည့္ေနမိသည္။

Poon က သူေျပာရတာ ေမာသြားလို႔ ေဘးနားက ေကာ္ပုံးကိုယူကာ ပင္လယ္ထဲဆင္းသြားသည္။ဒါေၾကာင့္ fourth က သူ႕နိုင္တယ္ေတြ႕လား ဆိုသည့္အထာျဖင့္ Gemini ကို မ်က္ခုံးပင့္ျပခ်ိန္ သူေခါင္းေပၚကေန ေရေလာင္းျခင္းကို ခံလိုက္ရသည္။

"Ai Poon မင္းျပန္လာခဲ့"

Fourth ေျပာလဲ ေျပာၿပီးေရာ ေရထဲဆင္းကာ Poon ကိုေရထဲ ေခါင္းနစ္က ေဆာ့ေနၾကသည္။ ခနၾကာေတာ့ သူတို႔သုံးေယာက္လုံး Gemini အနားေရာက္လာၿပီး Gemini ကိုေပြ႕ခ်ီကာ ေရထဲေခၚသြားကာ ပစ္ခ်လိဳက္သည္။

--------------------------------

ညဘက္ေရာက္ေတာ့ သူတို႔ညစာ စားၿပီး ကမ္းေျခဘက္ကို လမ္းေလွ်ာက္ထြက္လာၾကသည္။

"Fot လာ ဒီနားမွာလာလွဲ"

Gemini က သဲျပင္ေပၚမွာ လွဲလိုက္ၿပီး သူ႕လက္တစ္ဖက္ ဆန႔္ကာ Fourth ကို သူ႕လက္ေမာင္းေပၚမွာလွဲဖို႔ ေခၚေနသည္။ Fourth လည္း သူ႕အနားသြားကာ လွဲလိုက္၏။

"Gem ဒီညေကာင္းကင္က ၾကယ္ေလးေတြ စုံေနေတာ့ ပိုလွတယ္ေနာ္"

"အခ်စ္ ကိုယ့္နားမွာရွိေနတဲ့အခိုက္အတန႔္ေလာက္ေတာ့ ဘယ္လွမလဲ"

"ဟြန္းးး... Gem~မ်က္စိမွိတ္ၿပီး လွိုင္းသံေတြနဲ႕ ေလတိုက္ခတ္ေနတဲ့အသံေတြကို စိတ္နဲ႕နားေထာင္ၾကည့္ စိတ္ေအးခ်မ္းေစတယ္"

"အြန္း"

ဒီညေတာ့ သဲျပင္ေပၚမွာ လွဲၿပီး တီတီတာတာေျပာေနၾကတဲ့ေကာင္ေလးႏွစ္ေယာက္ရဲ႕ပုံရိပ္ကေတာ့ ေကာင္းကင္ႀကီးနဲ႕ယွဥ္ရင္ ဘယ္ဟာပုံလွမလဲ။ ႏွစ္ေယာက္သား ခ်စ္ၾကည္ႏူးေနခ်ိန္ အခန္းထဲမွာ က်န္ခဲ့တာ ဖုန္းေတြက အႀကိမ္ေပါင္းမ်ားစြာ လာေနတာေတာ့ သူတို႔မသိပါ။

----------------------

မုန္းတိုင္းေသးေသးေလး လာမယ္ေနာ္ ဒီည မီးပ်က္မွာမို႔ ေစာေစာတင္ေပးတာ ျပန္ေတာင္မစစ္ရေသးဘူးရယ္😞

There are no comments yet. Log in to be the first to leave a review!

Similar stories