Ending
20:47, 28 February 2026ဆေးရုံဝန်းထဲက ခုံတန်းလျားလေးတစ်ခုမှာအတွေးကိုယ်စီဖြင့်ထိုင်နေကြသည့်လူနှစ်ယောက်ရှိသည်။
" ပန်းစည်းကြီးတကားကားနဲ့ ဘာလုပ်တာလဲ..."
တိတ်ဆိတ်မှုကို ယွန်းဂီဘက်ကနေစကာ ရန်စကားဖြင့်ဖြိုခွင်းလိုက်တော့သည်။
" မင်းကျတော့ရော အတူတူကိုများ..."
ထိုအခါမှ နှစ်ယောက်သား ဘေးနားမှာရှိနေကြသည့်ပန်းစည်းတွေကိုကြည့်ရင်း အတူရယ်မိလိုက်ကြပြီးတစ်ဖန်ပြန်လည်တိတ်ဆိတ်သွားခဲ့တော့ပြန်သည်။
" မင်းအဆင်ပြေရဲ့လား..."
ယွန်းဂီ၏အမေးစကားကို ဂျီမင်မချိတရိလေးပြုံးလိုက်ပြီး.....
" ကံကြမ္မာကိုကငါ့ဘက်မှာရှိမနေဘူးလေ...သူကငါ့အတွက်မဟုတ်ဘူးလို့ပြောနေသလိုပါပဲ..."
ယွန်းဂီ သူအတည်စိတ်မကောင်းဖြစ်ရပါသည်။အကြောင်းအရာအမှန်တွေမသိခဲ့ရတုန်းက သူလည်းမှားခဲ့သည်မဟုတ်လား....
အခုဆို ခီရိခ်ဆိုသည့်ကောင်လည်း အရူးထောင်မှာပင်။ဆရာဝင်တွေရဲ့ဆေးစစ်ဆေးချက်အရ စိတ်ဝေဒနာခံစားနေရသည်မှာ အတော်ပင်ကြာနေခဲ့ပြီတဲ့လေ။နှုတ်ကလည်း ဂျင်ကသူ့အပိုင်ဆိုတာကလွဲရင်တခြားဘာကိုမှမထွက်တော့ပေ။
ထိုသူလုပ်ခဲ့သည့်အပြစ်တွေက မသနားထိုက်ဘူးဆိုတာသိပေမယ့် ယွန်းဂီ စိတ်မကောင်းဖြစ်မိတာတော့အမှန်ပင်။
ဂျင်တစ်ယောက်ကသာ သူ့အပေါ်မှာငယ်"လေးကတည်းက နားလည်မှုအပြည့်ပေးသည့် တစ်ဦးတည်းသောသူဖြစ်တာကြောင့် ထိုသူဂျင့်အပေါ်မှာ အတွယ်တာကြီးတွယ်တာသွားခဲ့တာလည်းမဆန်းပေ။သို့သော်..သူ့အပိုင်အဖြစ်သတ်မှတ်ထားကာ လောဘတွေတက်သွားခဲ့တာတော့ ဆိုးရွားလွန်းခဲ့သည်။ထို့ကြောင့်လည်း အခုလိုမျိုးမမှားသင့်တာတွေမှားခဲ့ရသည်မဟုတ်လား....
တကယ်တမ်းတွေးကြည့်လျှင် သူလည်းသနားစရာကောင်းပါသည်။
သို့ပေမယ့်လည်း ထိုအကြောင်းအရာတွေအားလုံးထဲမှာမှအနစ်နာကြီးနစ်နာခဲ့ရသူက ဂျီမင်ပင်မဟုတ်လား.....
ထို့ကြောင့်.....
" ငါ ဒီစကားပြောဖို့နောက်ကျသွားတာသိပေမယ့်မင်းကိုစိတ်ရင်းနဲ့တော့တောင်းပန်ချင်တယ်..."
ယွန်းဂီ၏စကားကြောင့် ဂျီမင် ခေါင်းကိုအသာယမ်းပြလိုက်ပြီး....
" မင်းကိုငါနားလည်ပါတယ်...မင်းနေရာမှာငါဆိုလည်း မင်းထက်တောင်ဆိုးချင်ဆိုးနေခဲ့မှာပဲလေ.."
ယွန်းဂီ ယောင်"လေးပြုံးလိုက်တော့ပြီး.....
" ဘာပဲဖြစ်ဖြစ် ငါလည်းအပြစ်ရှိခဲ့တဲ့သူမို့မင်းကိုစိတ်ရင်းနဲ့တောင်းပန်ပါတယ်..."
" အရာအားလုံးပြီးသွားပါပြီ...မင်းလည်းစိတ်မသက်မသာမဖြစ်ပါတော့နဲ့...ငါအဆင်ပြေပါတယ်...သူနဲ့ငါကဖူးစာမပါလို့ဒီလိုဖြစ်ရတာလေ...ငါဘယ်သူ့မှအပြစ်မတင်တော့ပါဘူး..."
" ကျေးဇူးတင်ပါတယ်ဂျီမင်...မင်းသူ့ကိုနားလည်ပေးလို့..."
" ငါလည်းမင်းကိုကျေးဇူးတင်ပါတယ်...မင်းရဲ့သွေးနဲ့ သူအသက်ဆက်ခွင့်ရလို့..."
ဟုတ်သည်။ ဂျင့်ရဲ့ခန္ဓာကိုယ်ကသွေးတစ်ချို့ဟာယွန်းဂီ၏သွေးတွေဖြင့်စီးဆင်းနေခဲ့တော့သည်။ကံကြမ္မာကမျက်နှာသာပေးတယ်ပဲပြောရမလား...မထင်မှတ်ထားဘဲ ဂျင်နဲ့ယွန်းဂီဟာ သွေးချင်းတူနေခဲ့တော့သည်။
တဖြည်းဖြည်းချင်းဝင်စပြုနေသည့်နေလုံးကြီးကို သူတို့နှစ်ယောက်အတူကြည့်နေကြရင်း....
ဂျီမင်မှ.....
" ငါသူ့ရဲ့အချစ်ဆုံး,မဖြစ်ခဲ့ရပေမယ့်လည်း သူ့ရဲ့အချစ်ဦးတော့ ဖြစ်ခွင့်ရခဲ့ပါတယ်လေ...ငါကျေနပ်ပါတယ်..."
ကိုယ့်ကိုကိုယ်ပြန်ပြီးနှစ်သိမ့်စကားပြောရတဲ့အခါ မုသားတွေကရယ်ရပါသည်။
တစ်ယောက်သောသူဟာ သူ,မဟုတ်သည့်တခြားတစ်ယောက်အတွက်ကိုသူ့ရှေ့မှာတင် အသက်ပေးပြီးကာကွယ်သွားသည့်မြင်ကွင်းက မရယ်ရသည့်ဟာသပြက်လုံးတစ်ခုလို နှလုံးသားဟာအစိတ်"အမြွှာ"ဖြင့်နာကျင်ရပါသည်။
ဆုတောင်းတွေသာပြည့်ခဲ့မည်ဆိုပါလျှင် နောက်ဘဝမှာ အချစ်ဦးနှင့်အချစ်ဆုံးဟာတစ်ယောက်တည်းဖြစ်ခွင့်မရခဲ့ဘူးဆိုလျှင်တောင်အချစ်ဦးမဟုတ်တဲ့အချစ်ဆုံးသာဖြစ်ခွင့်ရပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်....
" သူမင်းကို တကယ်ပဲရူး"မူး"ချစ်ခဲ့ဖူးတာပါငါကမျက်မြင်သက်သေပဲလေ..."
ယွန်းဂီ၏နှစ်သိမ့်စကားကြောင့် သူပြုံးပြလိုက်ရင်း....
" ငါUSAပြန်တော့မယ်ယွန်းဂီ..."
ယွန်းဂီ ခေါင်းကိုအသာအယာညိတ်ပြလိုက်တော့သည်။ ရှိနေပြီးသားအဖြေတွေအတွက် ဘာလို့လဲဟူသည့်မေးခွန်းတွေထုတ်ဖို့ရန်လည်းမလိုအပ်တော့ဘူးလေ။
" ဒီကိုအလည်သဘောမျိုးရော..."
ဂျီမင် ခပ်ဟဟရယ်လိုက်တော့ပြီးယွန်းဂီလက်မောင်းကိုလက်သီးဖြင့်ထိုးလိုက်ရင်း....
" ရား...ကိုယ်ချင်းမစာမနာ..ဒီမြေကိုပြန်ခြေမချခိုင်းတော့နဲ့လေကွာ..."
ကြေကွဲရိပ်သန်းနေသည့်စကားလုံးတွေက အမည်ဖော်၍တောင်မရနိုင်သည့်နာကျင်မှုဆိုတာ ယွန်းဂီနားလည်လိုက်ပါသည်။
" အေးပါ..ဒီတိုင်းမေးလိုက်တာပါ..ငါလာတွေ့ပါ့မယ်...ဘယ်တော့လောက်ပြန်ဖို့စီစဉ်ထားလဲ..."
" ဒီညပဲ..."
" ဟမ်?...မြန်မြန်ကြီး...မင်းဂျင့်ကိုနှုတ်ဆက်မသွားတော့ဘူးလား..."
ဂျီမင် တဖြည်းဖြည်းပျောက်ကွယ်လုနီးပါးရှိနေသည့်နေလုံးကြီးကိုကြည့်နေရင်းသူခေါင်းယမ်းပြလိုက်တော့သည်။
" အစကတော့လာတွေ့တာမှန်ပေမယ့်ဂျင်ငါ့အပေါ်မှာအားနာနေတဲ့မျက်ဝန်းတွေကိုမင်းလည်းမြင်ခဲ့ရတယ်မဟုတ်လား...ငါသူ့ကိုအနေမခက်စေချင်ဘူး...သူ့ကိုယ်သူအပြစ်ရှိတယ်လို့လည်းမခံစားစေချင်ဘူး...ပြီးတော့ ငါသူ့ကိုနှုတ်ဆက်ဖို့ခံနိုင်ရည်မရှိလောက်ဘူး...ငါမငိုချင်ဘူးယွန်းဂီ..."
ဘယ်ရထားမှာပဲလွဲခဲ့လွဲခဲ့ သူတို့တွေဆုံနိုင်ဖို့ရာမရှိတော့ဘူးလေ။နောင်ဘဝအတွက်နောက်ထပ်ဆုတောင်းတစ်ခုသာတောင်းခွင့်ရမယ်ဆို...ပိုင်ဆိုင်ဖို့မှမဖြစ်နိုင်ခဲ့ပါလျှင် ဘယ်လိုနည်းနဲ့မှဆုံစည်းခွင့်မရပါစေနဲ့လား....
ယွန်းဂီ သူလည်းနှစ်သိမ့်ဖို့ရာစကားလုံးတွေရှာမရနိုင်ခဲ့တော့ပေ။ဒီနာကျင်မှုဟာ နှစ်သိမ့်ပေးလျှင်လည်း ဟန်ဆောင်အဆင်ပြေပြရုံသာရှိလိမ့်မည်ဆိုတာ သူကောင်း"သဘောပေါက်ပါသည်။
" လေဆိပ်ကိုငါလိုက်ပို့ပေးရမလား..."
" လိုက်မပို့ပါတော့နဲ့...မင်းငါ့ဆီလာရင်သာကြိုပြောလေ...ငါလာကြိုမယ် ဘယ်လိုလဲ..."
ယွန်းဂီခေါင်းညိတ်ပြလိုက်တော့သည်။
" အစစအရာရာဂရုစိုက်ပါငါ့ကောင်...ငါ့ကိုသူငယ်ချင်းလို့သတ်မှတ်သေးရင် မင်းအတွက်ငါရှိနေသေးတယ်..."
" မသတ်မှတ်ရင်မရှိတော့ဘူးလားကွမင်းက..."
" ရှိစရာလားဟ..."
နှစ်ယောက်သားရယ်မောလိုက်ကြပြီး တစ်ယောက်ကိုတစ်ယောက်အဖြူအစင်ဆုံးပွေ့ဖက်လိုက်ကြတော့သည်။
" ကျေးဇူးတင်ပါတယ် My best friend..."
~~~~~~~~~{}{}{}{}{}~~~~~~~~~~
ညခုနစ်နာရီ ယွန်းဂီအိမ်သို့အပြန်...
ဂျီမင်ပြန်သွားပြီး သူဆော့ဂျင်ဆီကိုခဏဝင်တွေ့လိုက်တော့သည်။
ပန်းစည်းကနှစ်စည်းဖြစ်နေ၍တောင် ဆော့ဂျင်ကသူ့ကိုမေးနေသေးသည်။သူလည်းဝှေ့လည်ကြောင်ပတ်ဖြေနေလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်တော့သည်။
ဂျီမင်ရောက်လာပြီးမှ သူ့ကိုလာမတွေ့ဘူးဆိုလျှင်ဆော့ဂျင်စိတ်မကောင်းဖြစ်သွားလောက်မှာပင်။ပန်းစည်းကိုလည်း သူကနေတစ်ဆင့်ပေးလိုက်တော့သည်။USAကိုပြန်သွားပြီဆိုတာကိုလည်း နောက်မှပဲအကျိုးအကြောင်းရှင်းပြပြီး အသိပေးလိုက်တော့မည်။
သူဆေးရုံကနေပြန်လာပြီး ကားမောင်းရင်းအတွေးနယ်ချဲ့နေမိတော့သည်။နာရီက ခုနစ်နာရီစွန်းစွန်းပင်။ သူအိမ်သို့ပြန်နေသည့်လမ်းကနေ လေယာဉ်ကွင်းဆီသို့ပြောင်း၍မောင်းတော့သည်။
သူရောက်သွားတော့ အထဲသို့ဝင်ရန်ပြင်နေသည့်ဂျီမင့်ကိုလှမ်းတွေ့လိုက်ရသည်။
" ဂျီမင်!!!..."
သူလှမ်းခေါ်လိုက်တော့ သူ့ကိုကြောင်ပြီးလှည့်ကြည့်နေသည့်ဂျီမင်။သူအနားလျှောက်သွားလိုက်ပြီး.....
" တော်သေး..မီသေးလိုက်လို့....ငါမင်းကိုလိုက်ပို့ပေးသင့်တယ်ထင်လို့လေ..."
ဂျီမင် ရယ်လိုက်တော့ပြီး.....
" နှုတ်မဆက်ချင်ပါဘူးဆိုကွာ..."
" လိုက်မပို့လိုက်ရရင်ငါတနုံ့နုံ့ဖြစ်နေမစိုးလို့လေ...တော်ကြာ ငါ့အလှည့်ကျမှပြန်လက်စားချေနေမစိုးလို့...လေယာဉ်ချိန်နီးပြီလား..."
ဂျီမင် ရယ်နေရင်းမှ...
" အင်း..နီးပြီ..."
" ဒါဆို သွားတော့လေ...ငါလည်းပြန်တော့မယ်..."
" အင်း...ငါတို့ပြန်ဆုံကြမယ်ငါ့ကောင်..."
ဂျီမင် ယွန်းဂီကိုပခုံးချင်းတိုက်ကာနှုတ်ဆက်လိုက်တော့သည်။
" သွားပြီ...ကျေးဇူးပဲ..."
ယွန်းဂီခေါင်းညိတ်ပြလိုက်တော့သည်။
နှုတ်ဆက်ကာထွက်သွားသည့်ကျောပြင်ကိုကြည့်ရင်း....
မင်းဘဝတစ်လျှောက်လုံး ပျော်ရွှင်ခွင့်ရပါစေMy friend.....
ယွန်းဂီ ဂျီမင့်ကိုကြည့်နေရင်းမှ နောက်သို့လှည့်ထွက်လာသည့်အချိန်.....
" ယွန်းဂီ!!..."
ခေါ်သံကြောင့် သူနောက်ပြန်လှည့်ကြည့်လိုက်တော့...သူ့ကိုဘာမှမပြောဘဲ ရပ်ကြည့်နေသည့်ဂျီမင်...
" ဘာပြောမလို့လဲ..."
ဂျီမင် သူယွန်းဂီကိုမျက်စိပေါက်လေးတွေပိတ်သည်အထိပြုံးပြလိုက်ရင်း....
" ငါတို့ကဘဝတူတွေဆိုပေမယ့် မင်းကငါ့ထက်သာပါတယ်...သွားပြီငါ့ကောင်..."
ဂျီမင် ယွန်းဂီကိုနောက်ပြန်လက်ပြခဲ့လိုက်ပြီးသူရှေ့ဆက်လျှောက်လာခဲ့လိုက်တော့သည်။
ငါသိနေခဲ့ပါတယ်ယွန်းဂီ။ မင်းရဲ့မျိုသိပ်နိုင်စွမ်းကိုလည်း ငါတကယ်အားလည်းကျမိသလို ချီးလည်းချီးကျူးရပါသည်။အဲဒီလိုထိန်းချုပ်နိုင်ခဲ့လို့လည်း မင်းသူ့အနားမှာအကောင်းဆုံးသူငယ်ချင်းအဖြစ် ထာဝရနေခွင့်ရသွားတော့မှာလေ။
မင်းရဲ့ရွေးချယ်မှုကမှန်ကန်ခဲ့ပါတယ်။မပိုင်ဆိုင်ရနိုင်မှန်းသိလျှင် အစကတည်းကရှေ့ဆက်မတိုးခဲ့တာက အကောင်းဆုံး,ဆုံးဖြတ်ချက်တစ်ခုပါပင်။ငါလည်းမင်းလိုသာမျိုသိပ်နိုင်ခဲ့ပါလျှင် ထာဝရသူငယ်ချင်းလေးအဖြစ် ငါတို့တွေအမြဲအတူရှိသွားရလောက်မည်။
အခုတော့......
ဂျင်ရယ်...ငါလေမင်းကို.........***ယွန်းဂီ သူအိမ်ပြန်နေသည့်လမ်းတစ်လျှောက်မှာဂျီမင်ပြောလိုက်သည့်စကားတွေကိုပြန်တွေးရင်း သူပြုံးမိပါသည်။
မင်းသိနေခဲ့တာကို ငါမအံ့ဩတော့ပါ။
ငါသူ့ကို.....
မခူးရက်ပါ...ဆူးချက်ကိုကြောက်လို့မဟုတ်...မဆင်ရက်ပါ...ပင်ထက်ကိုမမှီလို့မဟုတ်...မနမ်းရက်ပါ...အလှမ်းခက်မှာစိုးလို့မဟုတ်...ခူးချင် ဆင်ချင် ယုယချင်ပေမယ့်သခင့်အတွက်ပင့်သက်ဟာကဗျာကာရံဟာအိပ်မက်ပေမို့...ရက်,လမှနှစ်တွေပြောင်း...အသက်တမျှချစ်ရပါကြောင်းကိုရေလောင်းပေါင်းသင်ပြုပြင်ဖူးပါတဲ့...ဥယျာဉ်မှူးလိုကျွန်ုပ်.......
ငါ့အတွက်တော့ သူဟာထာဝရသူငယ်ချင်လေးပါပဲ။
.......ငါလေသူ့ကို...........
~~~~~~~~~~{}{}{}{}{}~~~~~~~~~
အရာအားလုံးပြီးဆုံးသွားတော့......
အားလုံးဟာပုံမှန်လည်ပတ်နေကြကာ ပျော်ရွှင်စရာနေ့သစ်တွေဆီသို့ အတူဖြတ်သန်းသွားလာကြတော့သည်။
ဂျောင်ကု သူမျှော်လင့်တောင်းတနေခဲ့သည့်ပျော်ရွှင်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ခွင့်ရတော့ပြီ။
ဂျင့်ဆီကအရာအားလုံးသည် သူတစ်ယောက်တည်းသာအပိုင်ဖြစ်တော့သည်။
အရင်လို အိပ်မပျော်သည့်ရက်တွေလည်းကျော်လွန်ခဲ့ချေပြီ။
အခုဆို Babyရယ် သားလေးရယ် သူတို့အတူတူပျော်ပျော်ရွှင်ရွှင်နဲ့ဘဝကိုဖြတ်သန်းနေကြတော့ပြီ။အတိတ်ကိုအတိတ်ဆီမှာပဲထားခဲ့လိုက်ကြရင်းကျန်ရှိနေသည့်လက်ကျန်ဘဝဟာ Babyနှင့်သားအတွက်ပင်။
သူ အိပ်ရာပေါ်ပက်လက်လှန်ရင်းနဖူးပေါ်လက်တင်ကာ ကြည်"နူး"ပြုံးနေခဲ့တော့သည်။
" အဲ့အပြုံးကြီးကဘာလဲ...ခင်ဗျားကြီးနော်...မပြောချင်လို့ကြည့်နေတာ..."
ဟော...စပါပြီ။ အခုဆိုBabyက သူ့ထက်တောင်နှစ်ဆပို၍ သဝန်တိုတတ်လာတော့သည်။အဲလိုသဝန်တိုတာလေးကိုပဲချစ်ရလွန်းလို့ သူစပြီးရင်းစ,နေမိခဲ့တော့သည်။အဲဒီလိုစပြီးရင်လည်း မနည်းပြေအောင်ပြန်ချော့ရပါသည်။တစ်ခါတစ်ခါလက်ပါတတ်ခြင်းကိုလည်းခံရပါသည်။
သူထရပ်လိုက်တော့ပြီး သူ့Babyလက်ကလေးကိုဆွဲကာ...
" လာပါဦးကို့ကိုဆီ...နှုတ်ခမ်းလေးကိုထော်နေတော့တာပဲ..."
ဂျောင်ကု သူ့ပေါင်ပေါ်တင်ကာဖက်ထားလိုက်တော့ပြီး....
" ပြောပါဦး...ဘာတွေအလိုမကျဖြစ်နေတာလဲ..."
ဆော့ဂျင်သည် ယခုဆို အရင်လိုအစွာလေးမလုပ်တော့ဘဲသူ့ကိုကိုချော့ရင်ကို အလိုလိုပျော့ပျော့သွားတော့သည်။သို့သော်လည်း နဂိုဉာဉ်ဆိုးလေးကရှိနေသေးတော့အဂျစ်လေးဖြစ်ပြီး ပိုပို၍တောင်ကောက်တတ်လာပါတော့သည်။
ဆော့ဂျင် မျက်စောင်းလေးထိုးကြည့်လိုက်ရင်း...
" နေ့ခင်းက ကုန်ပစ္စည်းအသစ်အတွက်ကြော်ငြာပေးမယ့်Modelမလေးအကြောင်းတွေးနေတာမလား.."
ဆော့ဂျင်၏စကားကြောင့် ဂျောင်ကုမအောင့်နိုင်တော့ဘဲအော်ရယ်လိုက်တော့သည်။ ဘယ့်နယ့်ပြောလိုက်ပါလိမ့်။
" ဘာရယ်တာလဲ...ခင်ဗျားနော်.."
" မဟုတ်ပါဘူး...Babyသဝန်တိုတာလေးကချစ်ဖို့အရမ်းကောင်းနေလို့ပါကိုကိုဖြင့် ကိုယ့်Brandအတွက်ကိုယ်တောင်ဇာတ်ညွှန်းရေးဆရာနဲ့ဒါရိုက်တာက တိုင်ပင်ဖို့ခေါ်တာတောင်မသွားဖြစ်ဘူး...မန်နေဂျာနဲ့ပဲလွှဲထားလိုက်တာ...Modelကဖြူသလားဝါသလားတောင်ကိုကိုမသိဘူး..."
" ဟုတ်လို့လား...ကျွန်တော်အဲ့ရောက်သွားတော့CEO,CEOနဲ့ ပါးစပ်ဖျားကတောင်မချဘူးအဲ့Modelမလေးက ပြီးတော့လည်းငယ်"ချော"လေး..."
" ဟောဗျာ...ပါးစပ်ဖျားကမချတာအလုပ်ကိစ္စအကြောင်းပြောနေတာနေမှာပေါ့..."
" တွေ့လား အခုကိုကာကွယ်ပြီးပြောနေတော့တာ..."
" မကာကွယ်ရပါဘူး...သူ့သူပြောတာကိုကိုနဲ့ဘာမှမဆိုင်ဘူးလေကွာBabyလေးရ...ဘယ်လိုဖြစ်လို့ကိုကို့ကိုရန်တွေလုပ်နေတော့တာလဲ...ပြီးတော့ကိုကိုကဖြင့်သူ့မျက်နှာတောင်မကြည့်မိဘူး..."
" မျက်နှာမကြည့်ရအောင် ခင်ဗျားကဘယ်ကိုကြည့်နေလို့လဲ..."
ဟိုက်!!
" ဘယ်မှမကြည့်ရပါဘူးဗျာ..ဘာမှကိုမကြည့်တာလို့ပြောတာပါအရစ်တုံးလေးရယ်..."
" အော့်...အခုတော့ရစ်တယ်ပေါ့လေ...သည်းမခံနိုင်တော့ဘူးဆိုပါတော့...ရတယ်မေမေ့အိမ်ပြန်မှာ...လိုက်မခေါ်နဲ့..."
အယ်ဗျာ။ အဲဒါသာကြည့်တော့ တစ်ခုခုဆိုယောက္ခမအိမ်ကိုပြန်မယ်ဆိုတာချည်း။
" တွေ့လား...တွေ့လား...မပြန်နဲ့လို့ဆွဲမထားဘူးခင်ဗျားကြီးကကျွန်တော်အိမ်ပေါ်ကဆင်းလေကြိုက်လေပဲမဟုတ်လား...မနေဘူး..မေမေ့အိမ်အခုပြန်မှာ..."
" ဟာ...မဟုတ်ဘူးလေ...ကိုကိုကချစ်လို့စနေတာလေ..."
အတင်းဆွဲထားတော့တာတောင်မရဘဲ ရုန်းပြီး အတင်းအပြင်သို့ထွက်သွားတော့ ဂျောင်ကု နောက်ကနေမနဲလိုက်ရတော့ပြန်သည်။
" မဟုတ်ဘူးလို့ကလေးရဲ့...ကိုကိုကချစ်လို့စတာလေကွာ..."
" ဖယ်နော်...ပြန်မှာဆိုပြန်မှာပဲ..အတည်ပြန်မှာလို့ပြောနေတာနော်.."
လှေကားအဆင်းမှာ ထုံးစံအတိုင်း အကောက်တလိုင်းနဲ့အချော့တလိုင်းကိုတွေ့လိုက်ရ၍ဂျီဟူတစ်ယောက် ကျောင်းကနေအိမ်ပြန်အရောက် အမောဆို့ရပြန်ပါတော့သည်။
သူ့ကိုလည်းမြင်ရော.....
" ဟာ...ဒယ်ဒီ့သားလေး ပြန်လာပြီလား...လာပါဦး..ဒယ်ဒီ့ကိုစစ်ကူလေး..."
ဒါဟာလည်းထုံးစံတွေထဲကတစ်ခုပင်။ ဒယ်ဒီဟာ ပါးပါးကိုနိုင်တာလည်းမဟုတ်ဘဲသွား"စပြီး ပြီးရင် သူ့ကသည့်ဇာတ်သူ,မနိုင်တော့ဘဲ သူ့ကိုပါစစ်ကူခေါ်တော့သည်။
" ပါးပါး..."
" ဘာမှလာမပါးနဲ့...ဘယ်သူချော့တာမှလက်မခံဘူး..ကင်မ်ဆော့ဂျင်တို့ကဘူးဆိုဖရုံ၊ခဝဲ၊ဘာသီးဆိုဘာသီးမှမသီးဘူး..."
ဂျီဟူတစ်ယောက် တတွေးမျိုချလိုက်ရတော့သည်။သူ့အဖြစ်ကလည်း ဘုမသိဘမသိနဲ့လည်းဝင်ချော့ပေးရသေး။သူ့ပါရောပြီးလည်းအကောက်ခံရသေး။
" ဟုတ်တယ်...ပါးပါးမှန်တယ်...ဒယ်ဒီ ပါပါးမကြိုက်တာဘာသွားလုပ်တာလဲ..."
" ဟမ်..."
ဂျီဟူ သူ့ဒယ်ဒီကိုမျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး....
" ဂျီဟူ့ပါပါးကိုစိတ်ဆိုးအောင်လုပ်တဲ့သူဆို ဂျီဟူအရမ်းစိတ်ဆိုးတာနော်...လာပါပါး...ဘယ်သူ့မှစကားမပြောနဲ့ ဂျီဟူလည်းမပြောဘူး...ပါးပါးရန်သူဟာဂျီဟူ့ရန်သူပဲ...ဒီတစ်ယောက်လေးရှိတာကိုစိတ်ချမ်းသာအောင်မထားကြဘူး...လာပါးပါးလာ..."
သူ့ပါးပါးလက်ကိုဆွဲကာ အပေါ်သို့ခေါ်သွားတော့ပြီး သူ့ဒယ်ဒီကိုနောက်ပြန်လက်မလေးထောင်ပြခဲ့တော့သည်။
" ဒါမှဒယ်ဒီ့သားကွ...တော်လိုက်တာ...ပညာတွေသင်ရမယ်...သင်ရမယ်..."
ဂျောင်ကုဟာ အရင်လိုစည်းကမ်းတင်းကြပ်ပြီးသားဖြစ်သူနှင့်ခပ်ခွါခွါမနေတော့ဘဲ အတူဘောလုံးကန်၊လက်ဝှေ့ကျင့်၊ အမြဲအတူဆော့ကစားပေးတော့သည်။သားဖြစ်သူနှင့်ပိုပိုပြီးလည်းနီး"ကပ်"ရှိလာတော့သည်။တိုင်ပင်ဖော်တိုင်ပင်ဖက်အဖြစ်လည်းတိုင်ပင်လို့ရသည်။အထူးသဖြင့် အခုလိုမျိုးကိစ္စတွေမှာပေါ့။အတော်လေးလည်းအားကိုးရသည့်သားပါပင်။
ဂျီဟူသည်လည်း သူ့ဒယ်ဒီကိုအရင်လိုမကြောက်တော့ဘဲသားအဖနှစ်ယောက်တစ်သားတည်းဖြစ်ကာသူ့ပါးပါးကိုသာပြောင်းပြီးကြောက်နေရတော့သည်။
တစ်ခါကလည်း သူတို့သားအဖကိုစိတ်ဆိုးပြီးအိမ်ပေါ်ကဆင်းသွားတာသုံးရက်တောင်ကြာသည်။ဘွားဘွားကြီးကိုဘာတွေတိုင်ထားသည်မသိဘွားဘွားကြီးကသူတို့သားအဖနောက်သို့လုံးလုံးထည့်မပေးချေ။
ထို့ကြောင့် သုံးရက်ကြာသွားတော့၍ဒယ်ဒီတစ်ယောက်traumaရသွားတော့သည်။ဒါလည်းအမှတ်မရှိဘဲသွားသွားစတော့သူပါအစစ်ပါရတော့ပြန်သည်။
ခက်တယ်။ခက်တယ်။ ကြာရင်သူလည်းခေါင်းကဆံပင်မွှေးတွေပါဖြူကုန်ရတော့မည်။
~~~~~~~~~{}{}{}{}{}~~~~~~~~~~
ဂျောင်ကု သူတို့နှစ်ယောက်လက်ထပ်ပြီးကတည်းကဟန်းနီးမွန်းမထွက်ရသေး၍ နှစ်ယောက်တည်းဟန်းနီးမွန်းထွက်ရန် စပိန်ခရီးစဉ်ကိုကြိတ်ပြီးစီစဉ်ထားခဲ့တော့သည်။
ဂျီဟူစာမေးပွဲနှင့်နီးသည့်ရက်ကိုသာရွေးပြီးစီစဉ်ထားခဲ့တော့သည်။ဒါမှလည်း နှစ်ယောက်တည်းလွတ်"လပ်"ဟန်းနီးမွန်းထွက်နိုင်မည်မဟုတ်လား။
ဒယ်ဒီ့ချစ်သားလေးကိုထားခဲ့ချင်လို့မဟုတ်ပါဘူးသားကငယ်သေးတော့ တော်ကြာခရီးပမ်းမှာစိုးရသည်လေ။ပြောရမယ်ဆို ဖခင်တစ်ယောက်၏ကြီးမားသည့်မေတ္တာတွေပေါ့။
ဂျောင်ကု စပိန်နိုင်ငံ၏ထိပ်တန်းHotelတွေထဲကတစ်ခုဖြစ်တဲ့La Pleta Hotelကိုရွေးချယ်ထားသည်။ထိုနေရာက spa-တောင်တန်းတွေလည်းတည်ရှိပြီးနွေးထွေးပြီးrusticလေထုနှင့်အတူ ဇိမ်ခံတောင်တန်းအပန်းဖြေစခန်းများလည်းရှိ၍ လတ်ဆတ်ပြီး ကျေးလက်အရသာကိုလည်းအပြည့်အဝရစေမည်။
Hotelတွင်လည်း ရိုးရာကျောက်တုံးနှင့်သစ်သားဗိသုကာလက်ရာများ၊ကမ္ဘာ့အဆင့်မီspaနှင့် အပြင်ဘက်တွင် သွားလာရလွယ်ကူသော လှုပ်ရှားမှုပေါင်းများစွာလည်းရှိစေသည်။
ကမ္ဘာ့အဆင့်မီ ရေပူစမ်းနှင့်တောင်တန်းလှုပ်ရှားမှုများအပြင်Baqueira-Beretနှင်းလျှောစီးအပန်းဖြေစခန်းတွင် နှင်းလျှောစီးခြင်း(သို့မဟုတ်)တောင်တက်ခြင်းများလည်းလုပ်ဆောင်လို့ရသည်။
သူ့Babyလေးက တောင်တက်ခြင်းနှင့် နှင်းလျှောစီးခြင်းကို အလွန်နှစ်သက်သည်လေ။
ဒီခရီးက ရက်ရှည်ခရီးဖြစ်ဖို့လည်းများသည်။
အခုတော့ Babyကောက်ကွေးလေးကိုချော့ရပေဦးမည်။သူ့သားကိုဟန်းနီးမွန်းခေါ်မလာရ၍ ကောက်တော်မူနေတာဖြစ်သည်။
" နှုတ်ခမ်းလေးမစူပါတော့နဲ့ကိုကိုကတိပေးတယ်လေကွာ...Babyသားကျောင်းပိတ်ရောက်ရင်ကိုကိုအတည်လိုက်ပို့ပေးမယ်လို့လေ..အဲခါကျ ဂျီဟူလေးလည်းကျောင်းရက်ရှည်ပိတ်ပြီလေ..အခုဟာက ကိုကိုတို့နှစ်ယောက်ရဲ့ဟန်းနီးမွန်းလေကွာ...ပြီးတော့ ဂျီဟူလေးလည်းခရီးအဝေးသွားဖို့အဆင်မပြေလောက်သေးဘူးလေနော်..ကလေးကငယ်သေးတယ်လေ ဟုတ်တယ်မလား..."
" ခရီးဝေးကို,ကိုကိုတမင်စီစဉ်တာကျွန်တော်မသိဘူးများမှတ်နေလား..."
" တအားကြီးရည်ရွယ်ချက်ရှိ"ရယ်တော့လုပ်တာမဟုတ်ရပါဘူး..."
ဪ...ဪ...
" ဒီအချိန်ခရီးသွားလို့အကောင်းဆုံးကလည်း ဒီနိုင်ငံပဲရှိတာမလို့ပါ...ပြီးတော့လည်း ကိုကို့Babyအကြိုက်ကိုလည်းရွေးရသေးတယ်လေကွာ...သားကငယ်သေးပါတယ် သူ့အတွက်အခွင့်အလမ်းတွေအများကြီးရှိသေးတယ်နော်..."
" အင်းပေါ့...အသက်အရွယ်ရလာပြီဆိုတော့ ဒီလိုပဲပြောတော့မှာပေါ့..."
" အာ...မင်းလေးတော့နော်...ဒီအသက်ပဲလာလာထိခိုက်နေတယ်...မဆိုသလောက်လေးကြီးတာကို လူကို..."
ဂျောင်ကု ဆော့ဂျင်ကိုရင်ခွင်ထဲထည့်ဖက်ထားလိုက်ပြီးပါးပြင်ကိုနှာခေါင်းနစ်ဝင်သည်အထိ တစ်ဖက်ပြီးတစ်ဖက်နမ်းရှိုက်နေတော့သည်။
" ကိုကို..."
" ဟွန်..."
ထူးသာထူးနေတာ အနမ်းကလည်းမပြတ်ပေ။
" ကိုကိုကျွန်တော့်ကိုဘယ်မှာစတွေ့ခဲ့တာလဲဟင်.."
ဂျောင်ကု ဘယ်ဘက်ပါးပြင်လေးကိုထပ်မံနမ်းရှိုက်လိုက်ပြီး....
" ကိုကိုဩဇီကနေ ကိုရီးယားကိုပြန်လာတဲ့ညတုန်းက..."
" ညလား?..ဘယ်လိုပုံစံနဲ့တွေ့ခဲ့တာလဲ..."
" ဘယ်လိုပုံစံနဲ့လည်းဆိုတော့ ပေတူးလေးဖြစ်နေတဲ့ပုံစံနဲ့..."
" ဟမ်? ကျွန်တော်ကလေ...မဟုတ်ဘဲနဲ့..."
" ဟုတ်တယ်...ကောင်လေးတစ်ယောက်ပေါ့ပေတိပေစုတ်လေးနဲ့ကားတားနေတာကွာဘယ်ကားမှရပ်မပေးလို့ဆိုပြီး ဒေါဖောင်းနေတော့တာ...အဲဒါကို ခပ်ချောချောဘဲကြီးကကားထဲကနေလှမ်းမြင်နေတာလေ...သနားကမားလေးကွာဆိုပြီး အနားရောက်တော့ကားရပ်ပေးလိုက်တာ...ကားပေါ်လည်းရောက်ရော ဘာမပြောညာမပြောနဲ့ငိုချပါလေရော...ခပ်ချောချောဘဲကြီးခမျာ ပျာယာတွေခတ်ပြီး တစ်ရှူးတွေတောင်ပေးခဲ့ရသေးတာ..."
ဆော့ဂျင်ပြန်စဉ်းစားကြည့်တော့ အဲ့ညကသူဂျီမင့်ကိုနာကြည်းပြီး Clubထဲကနေပြေးထွက်လာကာ ကားလမ်းမပေါ်ကြီးမှာငိုနေရင်းကားတားနေမိခဲ့သည့်အချိန်.....
ဒါဆို....
" အဲ့..အဲတုန်းက...အဲဒါကိုကို့ကားလား..ကျွန်တော်ကTaxiထင်နေခဲ့တာ..."
" သိတယ်လေ...လမ်းထိပ်ထိတောင်လိုက်မပို့ခိုင်းဘဲပိုက်ဆံကို,ကိုကို့Driverလက်ထဲပစ်ထည့်ပေးခဲ့ပြီး ပြန်မအမ်းတော့နဲ့လို့ပြောပြီးပြေးထွက်သွားတော့တာလေ...ကိုကို့မှာဘာမှပြောချိန်တောင်မရလိုက်ဘူး...အဲအချိန်ကတည်း ပေတူးလေးနဲ့ကောင်လေးကိုစွဲလမ်းမိသွားပြီး ကိုကိုမျက်လုံးထဲမှာပြန်ပုံဖော်ရင်း ပန်းချီရေးဆွဲခဲ့တော့တာ..."
ဆော့ဂျင် ဂျောင်ကုရင်ဘတ်နှင့်သူ့ကျောပြင်ကိုကပ်ထားရာမှ သူခေါင်းလေးပါမှီချလိုက်တော့သည်။
" ကမ္ဘာကြီးကတကယ်ကိုကျဉ်း"လေးပဲနော်..."
ဂျောင်ကု ဆော့ဂျင်ဆံစလေးတွေကိုနမ်းရှိုက်လိုက်ပြီး...
" ကမ္ဘာကြီးကမကျဉ်းပါဘူး...တချို့ဆို...တစ်သက်လုံးပြန်မတွေ့ကြရတော့တဲ့သူတွေတောင်ရှိကြတာပဲလေ...ကိုကိုတို့ရဲ့ဖူးစာတွေက ဆုံစည်းဖို့နောက်ကျခဲ့တယ်ဆိုပေမယ့်ဖူးစာမှန်ကန်ခဲ့လို့ ကိုကိုမင်းလေးကိုပိုင်ဆိုင်ခွင့်ရခဲ့တော့တာလေ..."
ဂျောင်ကု ဆော့ဂျင်ပါးပြင်လေးနဲ့ သူ့ပါးပြင်လေးကိုကပ်ထားလိုက်တော့ပြီး....
" ကိုကိုလေ...ကိုကိုမင်းလေးကိုသိပ်ချစ်တာပဲBabyရယ်...ကိုကို့အသက်ထက်မကချစ်ရတာပါ..."
ဆော့ဂျင် ဂျောင်ကုရင်ခွင်ထဲကိုပိုတိုး၍ဝင်လိုက်တော့ပြီး......
" ကျွန်တော်လည်းကိုကို့ကို..."
ဆော့ဂျင် ဂျောင်ကုကိုမော့ပြီးကြည့်လေတော့သူ့ကိုငုံ့ကာကြည့်နေသည့်မျက်ဝန်းတွေနှင့်ဆုံလေသည်။
သူထိုမျက်ဝန်းတွေကို အသေအချာလေး"နက်"စိုက်ကြည့်လိုက်တော့ပြီး....
" ကိုကို့ထက်မလျော့တဲ့အချစ်တွေနဲ့ချစ်ခဲ့ရတာပါ.."
နှုတ်ခမ်းပါးပေါ်သို့ကျရောက်လာသည့်အနမ်းနုနုတွေကိုသူအပြုံးလေးဖြင့် ကျေကျေနပ်နပ်ကြီးခံယူခဲ့တော့သည်။
အမုန်းတွေဖြင့်စတင်ခဲ့ရသည့်သူက...သူအသက်ပေး၍တောင်ချစ်မိသွားသည့်သူတဲ့လေ.....
ချစ်ခြင်းမေတ္တာတွေဟာဆန်းကြယ်လှပါသည်။
~~~~~~~~~~{}{}{}{}{}~~~~~~~~~
အချစ်ဦးနှင့်အချစ်ဆုံးဟာ တစ်ယောက်တည်းဖြစ်ခွင့်ရခဲ့ပါသော်လည်းတိုင်ပင်တွေမညီခဲ့တဲ့အခါ အချိန်နှောင်းသွားခဲ့ရသည်။သို့သော်...ကံကြမ္မာသည်....သူတို့နှစ်ယောက်ကိုပြန်လည်ဆုံစည်းခွင့်ပေးခဲ့ပါသည်။Jung Kook 💜
လူတစ်ယောက်၏ဘဝမှာအချစ်ဦးကိုရူးအောင်ချစ်ခဲ့ဖူးပေမယ့်လည်းကံကြမ္မာနှင့်ဖူးစာဟာ နှလုံးသားမှာလွဲချော်မှုတွေဖြစ်စေလာတဲ့အခါအချစ်ဆုံးထံသို့သာ အရောက်ပို့ပေးစေခဲ့တော့သည်။Seok Jin🩷
သူလည်းအချစ်ဦး ကိုယ်လည်းအချစ်ဦး...နှလုံးသားတွေကထပ်တူကျခဲ့ပါသည်။သို့သော်....ကံကြမ္မာနှင့်ဖူးစာက ဘယ်အငြိုးနဲ့များမုန်းလေတော့ဒီစစ်ပွဲမှာသူရှုံးနိမ့်ခဲ့ရပါသည်။Ji Min🧡
အချစ်ဆုံးသူငယ်ချင်းလေးတဲ့ဒါကသူချမှတ်ထားတဲ့စည်းလေးပေါ့ဒီစည်းလေးကို ကျွန်တော်ဘယ်တုန်းကမှကျော်ဖြတ်ဖို့မစဉ်းစားခဲ့ဖူးပါဒီအတိုင်းလေး ရင်ထဲမှာသာတိတ်တဆိတ်ဖြင့်အမြတ်တနိုးလေးသိမ်းထားခဲ့ရင်းကျွန်တော်သူ့အတွက်သာ ထာဝရသူငယ်ချင်းလေးအဖြစ်နဲ့ပဲအနားမှာအမြဲအသင့်ရှိနေခဲ့မှာပါ။Yoon gi 🖤
{I To You } 💙
နောက်ဆုံးတော့ ဇာတ်လမ်းလေးသိမ်းသွားခဲ့ပါပြီ။
တစ်ယောက်ချင်းစီရဲ့လေးနက်တဲ့ချစ်ခြင်းတွေကို အကောင်းဆုံးပုံဖော်ပြချင်ခဲ့ပေမယ့်လည်းကိုယ့်ဦးနှောက်ကဒီလောက်ပဲတွေးနိုင်ရေးနိုင်ခဲ့လို့ပါ။လိုအပ်ချက်တွေရှိတယ်ဆိုတာသိပေမယ့် နားလည်ပေးပါလို့ပဲပြောပါရစေ။
အခုလို အဆုံးထိလိုက်ပါစီးမျောပေးခဲ့သည့်တစ်ယောက်ချင်းစီတိုင်းကိုလည်းတကယ်ကိုကျေးဇူးအများကြီးတင်ရပါတယ်။
အမြဲတမ်း voteလေးတွေFeedbackလေးတွေရေးပေးခဲ့တဲ့သူတွေကိုလည်း ရင်ထဲကနေလှိုက်"လှဲ"ကျေးဇူးတင်ရပါတယ်။စာရေးတယ်ဆိုတာကလည်း ကိုယ့်စာလေးတွေအပေါ်မှာတုံ့ပြန်ချက်လေးတွေရှိနေမှလည်း ဪငါ့အရေးအသားလေးတွေကို သဘောကျပေးတဲ့သူလေးတွေလည်းရှိပါ့လား မျှော်ပေးကြပါ့လားဆိုပြီး စာဆက်ရေးဖို့အားဖြစ်စေခဲ့တာပါ။
တစ်ချို့Feedbackလေးတွေကိုဆို ပျော်ရွှင်စေခဲ့လို့SSရိုက်ပြီးတော့တောင်သိမ်းထားခဲ့တာပါ။ အခုမှထုတ်ပြောပြတာဆိုပေမယ့် ဒါလည်းကိုယ့်ပျော်ရွှင်ရာလေးတစ်ခုဖြစ်စေခဲ့လို့ပါ။ အမှတ်တရအနေနဲ့ပေါ့။
တကယ်လည်းမပျင်းမရိနဲ့ကိုယ့်စာလေးတွေကို အဆုံးအထိအတူလိုက်ပေးခဲ့ကြလို့ ကျေးဇူးအများကြီးတင်ရပါတယ်။
Updateမကြာရတဲ့အကြောင်းအရင်းကတော့ ဇာတ်လမ်းတစ်ဝက်လောက်အထိကအကြမ်းဖျင်းကြိုရေးထားခဲ့လို့ပါ။ရေးရင်းနဲ့လည်း ငါ့အရေးအသားတွေကပေါ့များနေပြီလားဆိုပြီးလည်း စိုးရိမ်ခဲ့ရတဲ့အချိန်တွေလည်းအများကြီးရှိခဲ့ပါတယ်။တစ်ချို့အပိုင်းလေးတွေမှာဆို လှပသေသပ်အောင်ပုံဖော်ပေးချင်ခဲ့လို့ အချိန်အကြာကြီးယူပြီးကြိုးစားရေးခဲ့ပေမယ့်လည်း ကိုယ့်ဉာဏ်ကဒီလောက်ပဲလက်လှမ်းမှီခဲ့လို့ပါ။လိုအပ်ချက်တွေရှိတယ်ဆိုတာလည်းကိုယ်တိုင်သိပါတယ်။
လိုအပ်ချက်တွေရှိသော်လည်း ကိုယ့်စာလေးတွေကိုသဘောတကျဖတ်ရှုပေးပြီး RLလှလှလေးတွေထဲထည့်ပေးထားတာတွေ့ရတော့လည်း တကယ်ကိုကြည်နူးမိပြန်ပါတယ်။အဲဒီအတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။
အမှားပါရင်လည်းခွင့်လွှတ်ပါလို့ပြောရင်း...အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါ။
Extraလေးတွေရေးပေးဖို့ပြောထားကြတဲ့သူလေးတွေကိုတော့ရေးဖြစ်မလားမသေချာသေးလို့ကတိမပေးတော့ပါဘူး။အကယ်၍ရေးဖြစ်ခဲ့ရင်တော့တင်ပေးပါ့မယ်လို့ပြောရင်း အားလုံးပဲ ဒီနေရာကနေနှုတ်ဆက်လိုက်ပါတယ်။
🫶🏻🫶🏻
There are no comments yet. Log in to be the first to leave a review!





