Fanfics

I T Y - 26

15:41, 14 January 2025

" ငါအရမ်းလွမ်းနေခဲ့တာဂျင်...ငါ့ကိုပေးဖက်ပါဦးလား..."

ဆော့ဂျင် နောက်သို့ခြေနှစ်လမ်းလောက်ဆုတ်လိုက်ပြီး....

" မင်း...မင်းက..မင်းကဘယ်လိုဖြစ်ပြီး...."

ဆော့ဂျင် သူအခုမြင်နေရတာက ဆံပင်ခပ်အုပ်"အသားဖြူ"နဲ့မျက်လုံးဝိုင်းလေးတွေရှိပြီး ဖြူစင်ရိုးသားတဲ့ကပြားကောင်လေးမဟုတ်။

မျက်ဝန်းတွေမှာမာယာတွေဖြင့်ခက်ထန်နေတော့သည်။အပြုအမူတွေကလည်း ရုန့်ရင်းကြမ်းကြုတ်နေတော့ပြီးသူသိခဲ့သည့်ကောင်လေးနဲ့များတခြားစီပင်။

အခုသူ့ကိုsurpriseလုပ်တယ်ဆိုရအောင်လည်းသူ့ရှေ့မှာ သွေးသံတရဲရဲဖြင့်လဲကျနေသူက ဟာသတစ်ခုမဟုတ်ပေ။

ဒါဖြင့် ခီရိခ်က??

" ဂျင်...ငါ့ကိုအဲလိုကြီးမရှောင်ပါနဲ့..."

သူအဖက်မခံဘဲနောက်ဆုတ်သွားတော့သူ့ကိုမျက်လုံးရွဲကြီးတွေဖြင့်ကြည့်ကာ ခံစားသွားရသည့်ပုံနှင့် သနားကမားလုပ်တော့သည်။

ဆော့ဂျင် ထိုအတိုင်းသာရပ်နေပြီး နားမလည်သည့်မျက်ဝန်းတွေဖြင့်သူ့ကိုကြည့်တော့....

" ဂျင်...မင်းအရမ်းရက်စက်တယ်လို့မထင်ဘူးလား...ဘာလို့ငါမသိဘဲထွက်သွားခဲ့ရတာလဲ...ဘာလို့ငါUkraineကပြန်လာတဲ့အထိမစောင့်ရတာလဲ...ဘာလို့အဲဒီလူနဲ့လက်ထပ်လိုက်ရတာလဲ!!..."

ဆော့ဂျင် ကြောင်သွားရသည်။ သူအခုဘာတွေဒေါသထွက်နေတာလဲ။

" မင်းအခု...ငါမင်းကိုအသိမပေးဘဲလက်ထပ်လိုက်လို့စိတ်ဆိုးနေတာလား...အဲဒါဆိုရင်တော့ ငါတောင်းပန်တယ်...ငါမင်းကိုအသိပေးဖို့ဆက်သွယ်သေးတယ်...ဘယ်လိုမှဆက်သွယ်လို့မရခဲ့လို့ဒါပေမယ့် မင်းအခုလိုကြီးငါတို့ကိုဖမ်းခေါ်လာခိုင်းတာကြီးကတော့...."

ဆော့ဂျင် ခီရိခ်အပြုအမူတွေကြောင့် သူရူးချင်ယောင်ဆောင်ရတော့သည်။

" မင်းအရင်အတိုင်းပါပဲလားဂျင်ရယ်...ဘာလို့များ ဖြူစင်တဲ့မျက်လုံးတွေနဲ့လူတိုင်းကိုကြည့်နေရတာလဲ..."

သူနားမလည်သည့်စကားလုံးတွေကိုပြောလာပြီး သူ့နောက်ပါးစေတွေကိုမေးဆတ်ပြသည်နှင့်တစ်ပြိုင်နက် ထိုသူတွေက ဂျီဟူ့ကိုသူ့လက်ထဲကဆွဲခေါ်တော့သည်။

" ဘာလုပ်ကြတာလဲ!!လွှတ်စမ်း!!..ဂျီဟူ!!.."

သူ့ကိုလူနှစ်ယောက်ကထိန်းချုပ်ထားကြပြီး ဂျီဟူ့ကိုလက်ပြောင်းခေါ်သွားကြတော့သည်။

" ပါပါး!!..."

ဆော့ဂျင် မယုံနိုင်လောက်အောင်မျက်လုံးတွေပြာဝေသွားပြီးသူအသံတောင်မထွက်နိုင်တော့ပေ။

သူ့မျက်ဝန်းမှမျက်ရည်တွေဟာလည်း ပြည့်အိုင်လာတော့ကာ အမြင်တွေဝေဝါးလာတော့သည်။

သူ့အရှေ့ကမြင်ကွင်းက ဂျီဟူ့ကိုကြိုးဖြင့်ချည်ပြီး တွဲလောင်းချထားတော့ကာ ပါးစပ်ကိုလည်းတိပ်ဖြင့်ကပ်ထားကြတော့သည်။

သူအချုပ်နှောင်ခံထားရပြီး တစ်ကိုယ်လုံးမလှုပ်နိုင်တော့ဘဲ မျက်ဝန်းထဲမှမျက်ရည်တွေကိုသာ အတားဆီးမဲ့ကျဆင်းစေလိုက်တော့သည်။ကလေးရယ် ပါပါးရင်ကိုအစိမ်းလိုက်ခွဲနေသလိုပါပဲလား....

" အဟက်!မကောင်းဆိုးဝါးလေး...ဖအေရဲ့သွေးအပြည့်ပါတာပဲ တစ်ချက်တောင်မငိုဘူး..."

" ခီ..ခီရိခ်...မင်း....."

" ဘာလို့ငိုရတာလဲဂျင်ရဲ့....မင်းမျက်ရည်တွေအဲလိုကျတာငါမကြိုက်ဘူးနော်..."

လူနှစ်ယောက်က သူ့ကိုချုပ်နှောင်ထားပြီးသူ့ပါးပြင်ပေါ်ကမျက်ရည်စတွေကို ခီရိခ်ကလာသုတ်ပေးနေတော့သည်။

" မငိုနဲ့...မင်းမျက်ရည်တွေမြင်ရင် ငါလူသတ်ချင်လာလေပဲ...မင်းသိလားဂျင်...ငါမင်းကိုဟိုးကလေးဘဝကတည်းကငါ့အပိုင်အဖြစ်သတ်မှတ်ထားတာ...အဟက်! ဒါပေမယ့် မင်းနဲ့ငါ့ကြားကိုတစ်ယောက်ပြီးတစ်ယောက်ဝင်ရှုပ်ကြတယ်...အကုန်လုံးကိုသတ်ပစ်ခဲ့ရမှာ!!...."

ဆော့ဂျင် အံကြိတ်ပြီးပြောနေသည့်သူ့စကားတွေကို ဘာတစ်ခုမှနားမလည်နိုင်သေးပေ။

" တွေ့လားဂျင်...မင်းကသာငိုနေတာ...အဲသောက်ကလေးခေါင်းကြောမာချက်က တစ်ချက်တောင်မငိုဘူး...ဇကတော့သူ့ဖအေအတိုင်းပဲ...အဟက်! ငိုသံလေးနည်း"ထွက်အောင်လုပ်ပေးရတာပေါ့..."

ဓားမြှောင်ကိုထုတ်ပြီး ဂျီဟူ့ဆီသွားနေတော့...

" မလုပ်နဲ့!! မလုပ်ပါနဲ့...ငါတောင်းပန်ပါတယ်...ကလေးကိုဘာမှမလုပ်ပါနဲ့..."

" မင်းဘာလို့ကာကွယ်နေရတာလဲဂျင်!!မင်းအခုလိုဖြစ်နေလေ ငါ့သွေးတွေပိုကြွလာလေပဲ!..မင်းသိလား! အဲသောက်ကလေးကငါအမုန်းဆုံးလူရဲ့သား!!...ငါ့ကိုလူလို့မသတ်မှတ်တဲ့လူရဲ့သား!!အမြဲတမ်းငါ့ဘဝကိုသိမ်ငယ်အောင်လုပ်ခဲ့တဲ့သူရဲ့သား!!သူ့အဖေဆိုတဲ့ကောင်က ငါ့ကိုမယားငယ်ရဲ့သားဆိုပြီး အမြဲချိုးနှိမ်ဆက်ဆံခဲ့တာ အဲဒါမင်းသိလား!!..အကိုလို့တောင်မသတ်မှတ်ထိုက်တဲ့ကောင်!!.."

ဆော့ဂျင် ခီရိခ်ပြောလာတာတွေကို သူရုတ်တရက်နားမလည်ခဲ့ပေ။ပြီးမှ ဦးလေးမင်ပြောပြလာသည့်အကြောင်းအရာတွေက ခေါင်းထဲပြန်ပေါ်လာခဲ့ပြီး သူဆွံ့အသွားတော့သည်။

" ဒါ..ဒါဆို...မင်း..မင်းက......"

" ဟုတ်တယ်!...ဂျွန်ဂျောင်ကုနဲ့ငါနဲ့ကအဖေတူအမေကွဲညီအကိုပဲ...သူနဲ့အကိုမတော်ချင်လို့ကို ငါမင်းကိုဘာမှပြောမပြခဲ့တာ အဟက်! လိုလည်းမလိုအပ်ဘူးလေ...အဲလူနဲ့ငါရေစက်မဆုံချင်လည်းဆုံနေခဲ့ရတယ်...မင်းဘေးမှာရှိတဲ့လူတွေက တစ်ယောက်မှငါ့အတွက်ကောင်းကျိုးမပေးဘူး...အကုန်မကောင်းဆိုးဝါးတွေ!!.."

" နေစမ်းပါဦး...ငါ့ဘေးကလူတွေကကောင်းကျိုးမပေးဘူးပြောရအောင်မင်းကိုဘာလုပ်နေကြလို့လဲ!!..."

" အဟက်!ဘာလုပ်နေကြလို့လဲဟုတ်လား...ပထမတစ်ယောက် ပတ်ဂျီမင်ဆိုတဲ့ကောင်!ငါ့ဆီကနေ,မင်းကိုလုယူခဲ့တယ်!အဲဒါကြောင့် အဲကောင်နဲ့မင်းကိုငါရအောင်ခွဲပစ်ခဲ့တာ..ဟားဟား...ငါ့အကြံအစည်အောင်မြင်ခဲ့တယ်လေ...အဲကောင်ကိုကြိုက်နေတဲ့ကောင်မလေးနဲ့ပေါင်းပြီးClubမှာအအေးထဲကိုဆေးခပ်ပြီး မင်းအထင်လွဲအောင်ငါလုပ်ကြံခဲ့လိုက်တာ..."

" ဘာ!!!..."

" ဟားဟား...မင်းသူ့ကိုအမုန်းကြီးမုန်းသွားပြီးငါ့ဆီရောက်လာခဲ့တယ်လေ...တစ်ဖက်မှာမင်းကိုနှစ်သိမ့်ပေးသလိုနဲ့ ငါဘယ်လောက်တောင်ပျော်နေခဲ့ရတယ်ထင်လဲ...အဲကောင်မင်းကိုလိုက်ရှာနေမှန်းသိလို့ငါမင်းကိုကမ္ဘာလှည့်ခရီးတွေသွားမယ်ဆိုပြီး တစ်ဖက်လှည့်နဲ့အစဖျောက်ခဲ့တာ..."

" မင်း!!!..."

" အော်...မေ့လို့....ပြောဖို့တစ်ခုကျန်သေးတယ်..ဒီကြားထဲမှာခလုတ်ကန်သင်းဖြစ်နေတဲ့နှစ်ယောက်ကိုလည်း ငါပေါင်းစည်းပေးခဲ့ရသေးတယ်...အဟင်းဟင်း...ဘယ်သူတွေလို့မင်းထင်လဲ..."

ဆော့ဂျင် သူ့ကိုစူးရဲစွာစိုက်ကြည့်နေလိုက်သည်။

" တခြားသူတွေတော့မဟုတ်ပါဘူး...မင်းရဲ့အကိုနဲ့ ငါ့ရဲ့ချစ်လှစွာသောအကိုကိုလေ...ပေါင်းဖက်ပါစေသတည်းဆိုပြီး ဆုံစည်းပေးလိုက်တာ...ဟားဟားဟား..."

" ဘာ!! မင်းဘာပြောလိုက်တယ်!!..."

ယုတ်မာမှုတွေကို ဆော့ဂျင်ယုံတောင်မယုံနိုင်ပေ။

" ဟုတ်တယ်...ငါ့ရန်သူတော်ကြီးကလည်းငါ့ရဲ့ဆော့ဂျင်လေးကိုချစ်နေတာတဲ့လေ...ဟားဟား..ဘယ်လောက်တောင်ဟာသဆန်လိုက်လဲ...ငါ့မှာပြိုင်ဘက်တွေများလိုက်ပုံများ...တိုက်"ဆိုင်"မင်းကိုမှလိုချင်နေကြရတယ်လို့ငါ့အဖေရဲ့ဈာပနပွဲကိုသွားတုန်းက ငါ့သူ့အခန်းထဲကိုခိုးဝင်ခဲ့တယ်...သူ့ကိုနိုင်ဖို့အတွက် ဘာသဲလွန်စများရမလဲလို့ပေါ့...အဟက်!အကြီးမားဆုံးသဲလွန်စကိုရခဲ့တယ်လေ...မင်းရဲ့ပုံတူပန်းချီကို လှပသေသပ်စွာဆွဲထားခဲ့တာသူက...အဲဒါကြောင့် ပျော်စရာလေးတွေဖြစ်သွားအောင်မင်းအကို,ကို ဂျွန်ဂျောင်ကုအမြဲထိုင်လေ့ရှိတဲ့ကော်ဖီဆိုင်ကိုခေါ်သွားခဲ့ပြီး တစ်ယောက်တည်းထားပစ်ခဲ့တာ...အဟင်း...ငါကခပ်လှမ်းလှမ်းကနေပြီး စောင့်တော့ကြည့်ခဲ့ရတာပေါ့..."

ဆော့ဂျင် အသားတွေတဆတ်ဆတ်တုန်ကာ လက်သီးကိုတင်းတင်းဆုပ်ထားလိုက်တော့သည်။

" ဂျွန်ဂျောင်ကုကြီးမွှန်ချက်ကတော့ကွာ...ငါတောင်ဘာမှအားမစိုက်လိုက်ရဘူး..မင်းအကို,ကို မင်းအမှတ်လို့ထင်သွားတယ်တဲ့..ဟားဟား...လည်လှပါတယ်ဆိုတဲ့လူကြီးကအချစ်အတွက်နဲ့မိုးမမြင်လေမမြင်တွေကိုဖြစ်လို့ အရမ်းရယ်ရတာပဲကွာ...မင်းအကို,ကိုမင်းလို့ထင်ပြီးလက်ထပ်ယူခဲ့တယ်တဲ့..."

" နေစမ်းပါဦး!...မင်းတို့ညီအကိုနှစ်ယောက်ကြားကပဋိပက္ခက ငါ့အကိုနဲ့ဘာများသက်ဆိုင်နေလို့ဆွဲထည့်ခဲ့ရတာလဲ!!မင်းမလို့အောက်တန်းကျပြီးယုတ်မာရက်တယ်ငါ့အကိုမှာတော့မင်းကိုညီလေးတစ်ယောက်လိုသဘောထားခဲ့ရတာ!.."

" အဟက်! ညီလေးတစ်ယောက်လိုသဘောထားပေးခဲ့တာတော့မှန်ပါတယ်...ဒါပေမယ့်သူငါ့ကိုဘာပြောခဲ့တယ်ထင်လဲ...မင်းကိုပတ်ဂျီမင်ဆိုတဲ့ကောင်နဲ့ပြန်ပြေလည်ဖို့ငါ့ကိုဖျောင်းဖျပေးပါတဲ့!ပတ်ဂျီမင်ဆိုတဲ့ကောင်လောက် မင်းကိုဘယ်သူမှမချစ်နိုင်ဘူးတဲ့!မင်းကလည်းအဲကောင်ကိုသိပ်ချစ်တာတဲ့လေ!အဲစကားတွေကို သူငါ့ရှေ့မှာပြောထွက်ခဲ့တာ!!ငါ့ရင်ထဲဘယ်လောက်ခံစားခဲ့ရတယ်မင်းထင်လဲ!အဲဒါကြောင့် ငါအမြင်ကပ်လို့ တစ်ချက်ခုတ်နှစ်ချက်ပြတ်နဲ့ဂျွန်ဂျောင်ကုလက်ထဲကိုငါထိုးထည့်ခဲ့လိုက်တာ!!..အဲဒါကိုမင်းအကိုကတစ်ခန်းမရပ်ခဲ့ဘူး!ရောဂါနဲ့သေမှာဖြင့်မသေဘဲ ဟိုမကောင်းဆိုးဝါးလေးကိုမွေးထုတ်ခဲ့သေးတယ်...ငါ့အစီအစဉ်တွေအားလုံးပျက်ခဲ့ရတယ်...ငါUkraineရောက်နေတုန်း မင်းကkoreanကိုပြန်သွားပြီး ဟိုမကောင်းဆိုးဝါးလေးအတွက်နဲ့များဂျွန်ဂျောင်ကုကိုလက်ထပ်ပစ်လိုက်တော့တယ်!!ငါ့ရင်ဘတ်ကြီးဘယ်လောက်စုတ်ပြတ်သတ်ခဲ့ရတယ်မင်းထင်လဲ!!ငါ့အတွက်ဆူးငြောင့်ခလုတ်မှန်သမျှ ငါအကုန်ရှင်းထုတ်ပစ်မှာ!!..."

ဆော့ဂျင် အနီးကပ်ရန်သူကသူ့အနားမှာရှိနေခဲ့တာတောင်သူသတိမပြုမိခဲ့တာကို ခံပြင်းလို့မဆုံးပေ။

" အောက်တန်းကျတဲ့ကောင်!! စိတ္တဇလိုကောင်!!မင်းကသောက်ရူးပဲ!!မင်းနဲ့ငါသူငယ်ချင်းတော်ခဲ့တယ်လို့ပြောရမှာတောင် သနလိုက်တာ...ဂျွန်ဂျောင်ကုမင်းကို,ညီလို့မသတ်မှတ်ခဲဲ့တာလည်းမပြောနဲ့ဆောရီး..လူလို့ကိုမသတ်မှတ်ခဲ့တာထင်တယ်..မမှားဘူးလေ မင်းလိုအောက်တန်းကျတဲ့ကောင်နဲ့ သွေးနှောနေတာကိုကသူ့အတွက်ရှက်စရာလေ..ညီအကိုမတော်ချင်တာဘာအဆန်းလဲ..."

" ဂျင်!!!.."

ဆော့ဂျင် မေးကိုငေါ့လိုက်ပြီး ဘာလဲဆိုသည့်အမူအရာလုပ်ပြလိုက်သည်။

" မင်းဖြစ်နေလို့!...ငါသိပ်ချစ်ရတဲ့မင်းဖြစ်နေလို့!မဟုတ်ရင်ငါ့သေနတ်ထဲကကျည်ဆံက မင်း,ဦးခေါင်းကိုထုတ်ချင်းပေါက်ထွက်နေလောက်ပြီ..."

" လုပ်လိုက်လေ...အဟက်!ငါဘယ်တုန်းကကြောက်တတ်တာမင်းမြင်ဖူးလို့လဲ..."

" ဂျင်...ငါ့ကိုစိန်မခေါ်နဲ့...မင်းကြောက်တတ်ပါတယ် အဟင်း..."

သူ့ကိုလှောင်ပြုံး,ပြုံးပြပြီး သေနတ်ကိုဂျီဟူ့ဆီသို့လှည့်သွားတော့သည်။

" မင်း!!!.."

" အဟင်း...ငါ့အသည်းလေးကမကြောက်တတ်ဘူးဆို ပြောတော့..."

" ထွီ!!...ရွံလိုက်တာ.."

" အဟား...မင်းသိပ်ချစ်ဖို့ကောင်းတာပဲဂျင်ရာ..ငါ့ကိုအခုလိုမျိုးပြောဆိုဆက်ဆံနိုင်တာလည်း မင်းတစ်ယောက်တည်းပဲရှိတာ...ငါမင်းကိုသိပ်ချစ်တာဂျင်ရ...မင်းကိုပဲအရိပ်တကြည့်ကြည့်,ကြည့်လာတဲ့ငါ့ကို ဘာလို့မမြင်နိုင်ခဲ့ရတာလဲ...ဘာလို့ပတ်ဂျီမင်လဲ!!ဘာလို့ဂျွန်ဂျောင်ကုလဲ!!.."

" သေလိုက်!လဲသေလိုက်လေ...မင်းအဆင့်ကသူတို့နဲ့ယှဉ်လို့ရလို့လား...သူတို့မဟုတ်ရင်တောင် မင်းကငါ့အတွက်ဘယ်တော့ဖြစ်မလာဘူး..အယုတ်တမာလိုကောင်..."

" အဟင်းဟင်း...ဂျင်..မင်းကချစ်မှန်းသိတော့ဆိုးတယ်ကွာ...ငါဆိုတဲ့ကောင်ကလည်း မင်းတစ်ယောက်တည်းကိုပဲသောက်ရမ်းချစ်နေတော့အခက်သား...ဒါပေမယ့်လည်း ငါ့ကိုလေသံလေးနည်း"တော့ပြောင်းပေးသင့်တယ်ထင်တယ်..."

ပြောရင်း သေနတ်ကဂျီဟူ့ကိုချိန်လေတော့....

" မင်း!!!..အဲဒါကလေးနော်...မင်းကဂျွန်ဂျောင်ကုကိုမယှဉ်နိုင်တာလည်းမပြောနဲ့လေ...သူ့သားငါးနှစ်အရွယ်ကလေးကိုတောင် ကြိုးချည်ပြီးသေနတ်နဲ့ချိန်နေတော့ ရယ်စရာကြီးဖြစ်မနေဘူးလား...ဒီလိုပုံစံနဲ့များ ဂျွန်ဂျောင်ကုကိုဘယ်လိုများသွားယှဉ်ဦးမလို့လဲ...ဟိုကဟားတိုက်ရယ်နေလိမ့်မယ်..."

" ဂျင်!!!.."

သူ့စကားကြောင့် ဒေါသထွက်သွားပြီးသေနတ်ပြောင်းကိုသူ့ဘက်လှည့်ချိန်လာတော့သည်။

" တောက်စ်!! ငါ့ကိုအဲကောင်နဲဲ့မယှဉ်နဲ့!!မင်းငါ့စိတ်တွေလွတ်ထွက်သွားအောင်မလုပ်နဲ့ဂျင်!ငါမင်းကိုနာကျင်အောင်မလုပ်ချင်ဘူး!..."

ထိုစဉ်....

အပေါ်ကတိုက်ခိုက်နေသည့်အသံတွေကိုကြားလိုက်ရသည်။

" Boss...သူတို့တွေရောက်လာကြပြီ..."

" ဘာ!!အဟက်..ရှာတွေ့တာမြန်သားပဲ...ဂျင်...ငါ့ကိုခွင့်လွှတ်...."

ပြောပြီး ဆော့ဂျင်ကိုပါ,ပါးစပ်ပိတ်ပြီး ကြိုးနှင့်ချည်တုပ်လိုက်တော့သည်။

ဂျောင်ကုနှင့်ဂျီမင် အောက်ဆင်းလာတော့လှေကားနားမှာရှိနေကြသည့်လူတစ်အုပ်နဲ့ ထပ်ရင်ဆိုင်ရတော့သည်။

ဂျင်နဲ့ဂျီဟူ့ကိုအခုထိမတွေ့ရသေးပေ။

" ဂျွန်ဂျောင်ကု..ခင်ဗျားဂျင်တို့ဆီရောက်အောင်အရင်သွားနှင့်...ကျွန်တော်ဒီမှာခုခံထားလိုက်မယ်..."

" ရူးနေလား..ဒီလူအုပ်ကိုမင်းတစ်ယောက်တည်းခုခံနေရင်အပြန်မင်းအလောင်းကိုCEO Minကလာထမ်းနေရလိမ့်မယ်..."

နှစ်ယောက်သားခုခံတိုက်ခိုက်လိုက် ကျောချင်းကပ်အနေအထားဖြစ်သွားလိုက်နဲ့ ဒီကြားထဲ ကြောမတည့်တော့ရန်ကဖြစ်နေကြသေးသည်။

လက်ထဲမှာ သံတုတ်ကိုယ်စီကိုင်ထားကြတော့ခုခံရတာနည်းနည်းတော့သက်သာသေးသည်။ဒါတောင် တစ်ဖက်ကသံတုတ်တွေအပြင် ဓားရှည်တွေပါ,ပါသေးသည်။

နှစ်ယောက်သား သတိကပ်နေကြရပြီး ဝင်လာသမျှကိုရိုက်ချနေရ၏။

သူတို့ထဲကတစ်ယောက်ကို ဂျောင်ကုဦးခေါင်းကိုရိုက်မလို့ရွယ်လိုက်သည့်အချိန်.....

ဒိုင်း!!..ဒိုင်း!!....

သေနတ်နှစ်ဆင့်ပစ်ဖောက်သံနှင့်အတူ ရယ်သံကြားလိုက်ရတော့ သူတို့တွေ ထိုအသံလာရာဆီသို့အကြည့်ရောက်မိသွားကြတော့သည်။

" ဟားဟား...ငါ့ရဲ့ချစ်လှစွာသောအကိုကြီးအပြင်ငါ့ရဲ့ရည်းစားလုဖက်ကြီးပါ,ပါလာတာကိုး.."

" သောက်ပိုတွေမပြောနဲ့!! ဂျင်တို့ဘယ်မှာလဲ!..."

" ဟားဟားဟား...ပတ်ဂျီမင်ရာ...မင်းအဖြစ်ကလည်းသနားစရာကွာ...ကိုယ့်ရည်းစားကိုသူ့များလက်ထဲအပ်ဖို့အတွက်နဲ့များအတူလာကယ်ပေးရတယ်လို့...ငါ့ဘဝထက်တောင်အဖြစ်ဆိုးနေပါရောလားကွာ ဟားဟား..."

" မင်းသောက်ပါးစပ်ကိုအရင်ပိတ်ထား...ခွေးကျင့်ခွေးကြံနဲ့ ! ဘယ်မှာလဲဂျင်နဲ့ငါ့သား..."

" ဟားဟား...စိတ်လျှော့မှပေါ့ဗျာ...အဲဒီခွေးကျင့်ခွေးကြံနဲ့ကောင်က ခင်ဗျားနဲ့ညီအကိုတော်တယ်မဟုတ်ဘူးလား..."

" ထွီ!! မယားငယ်ရဲ့သားကများရာရာစစ..."

ဂျောင်ကု၏စကားက သူ့အတွက်အနာကြည်းဆုံးသောစကားလုံးဖြစ်စေသည်။

သူအံကိုကြိတ်လိုက်ပြီး သေနတ်ကိုဂျောင်ကုထံချိန်လိုက်တော့သည်။

" ထပ်ပြောလိုက်စမ်း!! မယားငယ်ရဲ့သားလို့!!.."

ထပ်ပြောမလို့ကြံရွယ်နေသူကြောင့် ဂျီမင်ခပ်ကြိတ်ကြိတ်သတိပေးရတော့သည်။

" ဂျွန်ဂျောင်ကု...ခဏလောက်စိတ်ကိုလျှော့ထားဦး...ခင်ဗျားသေသွားလည်းကျုပ်ကပျော်မှာဆိုပေမယ့်ဂျင်ကသူ့လက်ထဲမှာနော်...ဂျင်တို့ကိုမကယ်ရသေးသ၍ ခင်ဗျားသေဖို့စဉ်းစားမနေနဲ့ဦး..."

" မင်းပါးစပ်ပိတ်ထား..."

ထိုစဉ်....

အပေါ်မှတန်းလန်းဆွဲထားသည့်ကြိုးက တရွေ့ရွေ့,ရွေ့လာပြီး ချည်ထားသည့်ကြိုးကိုကြည့်လိုက်တော့...

ဂျောင်ကု ချက်ချင်းဆိုသလိုမေးရိုးကြောတွေထောင်ကာသွေးတွေဆူပွက်သွားတော့သည်။

" ခွေးလိုကောင်!!!.."

ဂျောင်ကု လက်ထဲကသံတုတ်ဖြင့် သူ့ရှေ့ကကောင်ကိုရိုက်ချလိုက်ပေမယ့်ထိုကောင့်ရဲ့နောက်ပါးစေခွေးတွေက အရှေ့ကနေကာကွယ်တော့သည်။

ဂျောင်ကု ရုတ်တရက်လက်ထဲကသံတုတ်လွတ်ထွက်သွားပြီးထိုခွေးလိုကောင်က သူ့ကိုသေနတ်ဖြင့်ချိန်ရွယ်လာတော့သည်။

ဂျီမင် ဂျောင်ကုရဲ့လက်မောင်းတစ်ဖက်ကိုကိုင်ပြီးထိန်းလိုက်တော့သည်။

ဂျွန်ဂျောင်ကုမပြောနဲ့ အရှေ့ကမြင်ကွင်းကသူ့ကိုတောင်သွေးဆူပွက်ပြီးဒေါသထွက်စေတော့သည်။ဂျီဟူလေးကို ပါးစပ်ကိုတိပ်ဖြင့်ကပ်ထားကာကြိုးနှင့်တွဲလောင်းချည်ထားတော့သည်။

" မင်းကိုယောကျာ်းလို့ထင်နေတာ...မိန်းမလိုမိန်းမရနဲ့အောက်တန်းကျတဲ့ကောင်...ယောကျာ်းဆိုရင်ငါတို့နဲ့ယှဉ်! ကလေးကိုကြိုးဖြည်ပေးလိုက်!.."

" အိုး! မင်းကိုငါ့နဲ့ပူးပေါင်းမယ်တောင်ထင်ထားတာလေ...အခုတော့ဂျွန်ဂျောင်ကုဘက်ကတဲ့လား...အဟား..."

" သောက်ပိုတွေမပြောနဲ့! မင်းဘာလိုချင်တာလဲပြောလိုက်!..."

" အဟား...ငါလိုချင်တဲ့အရာကငါ့လက်ထဲရောက်နေပြီလေကွာ...အခုဂျွန်ဂျောင်ကုကြောက်ရမှာက......"

ပြောရင်း ဂျီဟူလေးဘက်လှည့်သွားပြီး....

" အဟင်း...ကြိုးကသေနတ်နဲ့တစ်ချက်ဖြတ်ရုံပဲထင်တယ်...အောက်ကျသွားရင်တော့ အသက်ပျောက်ရုံလေးပါပဲ..."

" ခွေးတိရစ္ဆာန်!!!.."

ဂျောင်ကု လက်နက်မပါတော့ပေမယ့် ထိုရှေ့ကကောင်ကိုဆွဲထိုးမလို့ရွယ်တော့ ဂျီမင်ကသူ့ကိုပြန်ဆွဲထားသည်။

မဆွဲလို့လည်းမရ။ အခုအချိန်မှာ ဂျင်နဲ့ဂျီဟူ့အသက်ကထိုကောင့်လက်ထဲမှာပင်။

" အဟက်ဟက်! ဟိတ်ကောင်တွေ!!.."

ဂျောင်ကုအချုပ်ခံလိုက်ရပြီး တံကောက်ကွေးကိုခြေထောက်ဖြင့်အကန်ခံလိုက်ရကာ သူဒူးထောက်လျက်သားကျသွားတော့သည်။

သူခုခံလို့ရတယ်ဆိုပေမယ့် အခုသူ့အပြုအမူက သူ့သားအသက်နှင့်သက်ဆိုင်နေတော့၍ သူငြိမ်ခံနေလိုက်ရတော့သည်။မာနနှင့်သိက္ခာဆိုတာ ဖခင်တစ်ယောက်၏မေတ္တာနှင့်ယှဉ်လိုက်လျှင် ဘာမှမဟုတ်တော့ပေ။

" စိတ်လျှော့မှပေါ့...စိတ်လျှော့..."

ခါးကြားထဲကဓားမြှောင်ကိုထုတ်ကာ သူ့မေးရိုးတစ်လျှောက်ကို ဆွဲခြစ်လာတော့သည်။

" ဒီလိုကျတော့လည်း ငါ့အကိုကြီးကအစွယ်ကျိုးလို့ပါ့လား...ကျွတ်ကျွတ်..."

ဂျောင်ကု မေးရိုးတစ်လျှောက်သွေးတွေစီးကျလာပေမယ့် ရင်ထဲကပူလောင်မှုကသာပြင်းထန်နေတော့သည်။သူ့မျက်စိရှေ့မှာတင်ရှိနေသော်လည်း သားဖြစ်သူကိုကယ်ဖို့အခွင့်မသာသေးသလိုBabyမျက်နှာကိုလည်းတွေ့ခွင့်မရသေးပေ။ထိုကောင့်ပစ်မှတ်က Babyဟုတ်မနေတော့ Babyဘာမှမဖြစ်ဘူးဆိုတာတော့ သူခံစားမိသည်။

သို့သော်လည်း အခုအချိန်မှာတစ်ခုခုလွဲချော်သွားပြီးသူသေသွားရမယ်ဆိုရင်တောင် Babyမျက်နှာလေးတော့နောက်ဆုံးအကြိမ်အဖြစ် သူမြင်ခွင့်ရသွားချင်သေးသည်။

" ဂျင်ဘယ်မှာလဲ..."

" မေးစရာမလိုတော့ဘူးမဟုတ်လားကလေးအဖေကြီးရဲ့..ဂျင်ကကျုပ်အပိုင်ဖြစ်သွားပြီ...အိုးမဟုတ်ဘူး..အစကတည်းကကျုပ်အပိုင်..."

" အဟက်! မတန်မရာ..မင်းစိတ်ကူးယဉ်နေတာကလည်း..ငါ့Babyသာသိရင်ဘယ်လောက်ရွံ့နေလိုက်မလဲ..."

ဂျီမင် ထိုသူတို့နှစ်ယောက်စစ်ခင်းနေကြတာကိုကြည့်ရင်းသူတစ်ခုခုကိုသတိထားမိကာ ဂျောင်ကုကိုမသိမသာအချက်ပြလိုက်တော့သည်နှင့်တစ်ပြိုင်နက်...

ဂျောင်ကု သူရှေ့ကကောင်ကို ရင်ဝကိုဆောင့်ကန်ပစ်လိုက်တော့သည်။

ယွန်းဂီတို့ရောက်လာကြတာဖြစ်သည်။

သေနတ်သံတွေလည်းတစ်ဒိုင်းဒိုင်းဖြင့်....

ဂျောင်ကု ဂျီဟူ့ဆီကိုပြေးရတော့သည်။

သူဂျီဟူ့အနားရောက်ရောက်ချင်း ဂျီဟူ့ကိုချည်ထားသည့်ကြိုးက သေနတ်ထိမှန်ပြီးပြတ်ကျသွားတော့သည်။

ဂျောင်ကု သားဖြစ်သူကိုအောက်ကနေဆီးဖမ်းထားလိုက်သည့်အချိန်....

ဇွပ်!!!

ထိုအခြင်းအရာကိုမြင်လိုက်သည်နှင့်တစ်ပြိုင်နက်....

ယွန်းဂီနှင့်ဂျီမင့်ဆီမှ သံပြိုင်အော်ဟစ်သံထွက်လာကြသည်မှာ....

" ဂျင်!!!!.."

~~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

🫣တာ့တာနော်....🤚🏻

ဒီနေ့အိုင့်မွေးနေ့ပါ။ သူများမွေးနေ့ကြီးမှာလာမဆူရဘူးနော် ငရဲကြီးတတ်တယ်☺️

There are no comments yet. Log in to be the first to leave a review!

Similar stories