I T Y - 24
15:54, 7 January 2025ယွန်းဂီ၏ဖျောင်းဖျချက်က ထိရောက်သည်ဟုပြောရမည်။
ဆော့ဂျင်ဟာ ဂျောင်ကုကိုကွာရှင်းဖို့အကြောင်းမစတော့ပေမယ့်ဂျောင်ကုသူ့အကို၏အပေါ်မှာပြုမူခဲ့သလိုမျိုးတစ်အိမ်တည်းမှာအတူရှိကြပေမယ့် ဥပေက္ခာပြုကာနေခဲ့တော့သည်။
ဂျောင်ကုသည်လည်း သူ့ကိုကွာရှင်းတာမှမဟုတ်လျှင်ဘယ်လိုပြုမူမူ သူကျေနပ်နေခဲ့သည်။
ငယ်သူဖြစ်တာကတစ်ကြောင်း။ သူသိပ်ချစ်ရတဲ့သူဖြစ်တာကတစ်ကြောင်း။ထို့ကြောင့် အစကတည်းက သူအလိုလိုက်ကာအလျှော့ပေးဖို့စဉ်းစားထားပြီးသားပင်။
ဆိုးတာလေးကိုပဲချစ်နေရတာမို့။ ဘယ်လိုဆိုး"အချစ်ပိုနေမှာပင်။
အခုသူ့အဖြစ်က...ကိုယ့်အမျိုးသားလေးကိုကိုယ်ပြန်ခိုးချစ်နေရတာပင်။ထမင်းစားနေရင်း သူဝင်လာတာမြင်ရင်ထထွက်သွားသည်။သူအပေါ်မှာရှိလျှင် အောက်ဆင်းနေလေသည်။သူအောက်မှာရှိလျှင် အပေါ်မှာအခန်းပိတ်ပြီးနေလေသည်။ထို့ကြောင့် သူလေးစိတ်ချမ်းသာအောင် သူဘက်ကနေစပြီးရှောင်ပေးဖြစ်တော့သည်။
မျက်နှာလေးမြင်ချင်လျှင်ခိုးကြည့်ရသည်။အသံလွင်"လေးကြားချင်လျှင် တိတ်တဆိတ်ခိုးနားထောင်ရသည်။သူ့အတွက် ဝဋ်ဆိုတာကြီးကိုကောင်း"ခံစားခိုင်းနေသလိုပင်။
ဒီအဖြစ်တွေတစ်ချိန်"မှာသိလာခဲ့လျှင်သူ့ကိုဒီလိုတုံ့ပြန်မည်ဆိုတာကြိုတင်တွေးထားပြီးသားပေမယ့်တကယ့်တကယ်လက်တွေ့ခံစားရတော့ အတော်လေးနာကျင်ရပါသည်။ချစ်ရသူ၏ဥပေက္ခာက လက်နက်မလိုဘဲတောင်သေစေနိုင်လိမ့်မည်။
သူ့ကိုနှလုံးသားထဲမှာနေရာပေးခဲ့သည်မှာဘယ်လောက်မှတောင်မကြာလိုက်ခဲ့ပေ။
ပိုချစ်ရသူကအရှုံးတဲ့။ သူကတော့ ထိုကောင်လေးကိုစချစ်ကတည်းက အရှုံးအမြတ်ဆိုတာမတွက်ဘဲ သူကသာချစ်ပေးယုယပေးချင်ခဲ့သည်။
သူရင်ခုန်ခဲ့ရတာ ဂျစ်ကန်"ပုံစံလေးဖြစ်၍ ဒီလိုဆိုးနေတာလေးကိုပဲအချစ်ပိုရကာ ချစ်ပြီးရင်းချစ်နေခဲ့ရတော့သည်။
အတွေးလေးနဲ့တင် သူ့ကိုပြုံးပျော်စေနိုင်ခဲ့သည့် သူ့ရဲ့အသက်သွေးကြောမျှင်လေး...
ကိုကိုမင်းကိုသိပ်ချစ်တာပါကလေးရယ်.....
~~~~~~~~
ညသန်းခေါင်ချိန် ဆော့ဂျင်တရေးနိုးလာခဲ့တော့သူဆက်ပြီးအိပ်မပျော်တော့ပေ။
ထို့ကြောင့် ခြံထဲဆင်းပြီးလမ်းလျှောက်ချင်လာတော့၍ သူအောက်ဆင်းလာခဲ့လိုက်တော့သည်။
သူအောက်ရောက်တော့ ဧည့်ခန်းကဆိုဖာမှာ စောင်ပါးတစ်ထည်သာခြုံထားပြီး အိပ်ပျော်နေတော့သည့် ဂျွန်ဂျောင်ကုကိုတွေ့လိုက်ရသည်။
ဘယ်လိုဖြစ်ပြီးဒီမှာလာအိပ်နေလဲမပြောတတ်။ဉာဉ့်နက်တွေထိအလုပ်လုပ်ရင်းနဲ့လား?....အရင်ရက်တွေကရော? အခန်းမှာမအိပ်ဘဲဒီမှာပဲအိပ်နေခဲ့တာလား?
သူကြည့်နေတုန်းမှာပဲ ထိုသူကလှုပ်ရှားလာ၍သူနောက်ပြန်ဆုတ်ပြီးကွယ်လိုက်တော့သည်။
အေး၍ထင် စောင်ကိုအပေါ်ထိဆွဲခြုံပြီး ပြန်အိပ်ပျော်သွားတော့သည်။
ထိုသူအိပ်ပျော်သွားမှ သူလည်းအပြင်သို့ခြေသံဖွဖွဖြင့်ထွက်လာခဲ့လိုက်တော့သည်။
ဆော့ဂျင် ခြံထဲရောက်တော့လမ်းလျှောက်ရင်း သူအတွေးများနေတော့သည်။သူလည်းဒီညတွေမှာ တစ်ညမှပင်ကောင်း"အိပ်မပျော်ခဲ့ပေ။
ကံကြမ္မာကိုသူတို့လုပ်ယူ၍မရနိုင်ဘူးဆိုတာမှန်သည်။မဖြစ်ချင်တာတွေလည်းဖြစ်ခဲ့ရသလို ဖြစ်ချင်တာတွေလည်းဖြစ်ခွင့်မရခဲ့ပေ။သူများကိုမပျော်စေချင်ခဲ့လို့လားမသိ။ သူလည်းဒီရက်တွေမှာ ပျော်ရွှင်မှုဆိုတာကိုမခံစားရပေ။
တစ်အောင့်လောက်လမ်းလျှောက်ပြီးတော့ သူလည်းအေးလာတော့၍ အိမ်တော်အတွင်းသို့ပြန်ဝင်ခဲ့လိုက်တော့သည်။
သူအိမ်ထဲရောက်ပြီးအပေါ်တက်မလို့ပြင်တော့ညည်းသံခပ်သဲ့သဲ့ကိုကြားလိုက်ရသည်။
ဆောင်းညလယ်ဖြစ်၍ အများအားဖြင့်လူတွေအိပ်မောကြနေသည့်အချိန်။တိတ်ဆိတ်နေသည့်ညလယ်မှာ ထိုညည်းသံသဲ့သဲ့သည် ဧည့်ခန်းကကြားနေရတာဖြစ်သည်။
ဆော့ဂျင် ထိုညည်းသံသဲ့သဲ့ကိုလျစ်လျူရှုကာအပေါ်သို့ဆက်တက်ရန်ပြင်ပေမယ့်ရင်ဘတ်ထဲကတစ်စုံတစ်ရာကတားဆီးနေလေသည်။
သူသက်ပြင်းတစ်ချက်သာကောက်ချလိုက်ပြီးထိုဧည့်ခန်းဘက်သို့မျက်နှာမူကာ သွားရနိုး"မသွားရနိုး"ဖြင့် တွန့်ဆုတ်နေမိတော့သည်။
နောက်တော့ သူခြေသံဖွဖွဖြင့် တဖြည်း"ချင်းတိုးသွားလိုက်တော့....
ညည်းသံထွက်နေသည့်ခန္ဓာကိုယ်ကတုန်ယင်နေလေသည်။
ဆော့ဂျင် သူအနားတိုးသွားလိုက်ပြီး....
" ဒီ..ဒီမှာ..."
သူခေါ်လိုက်ပေမယ့် ထိုသူ့ဆီကညည်းသံကလွဲ၍တခြားတုံ့ပြန်သံထွက်မလာချေ။
သူအရဲကိုးကာ နဖူးကိုလက်ဖြင့်စမ်းကြည့်လိုက်တော့အပြင်မှာထုံအေးလာခဲ့သည့်လက်ဖျားတွေဟာချက်ချင်းဆိုသလိုအနွေးဓာတ်သို့ကူးပြောင်းသွားပြီးအပူဒဏ်၏အငွေ့အသက်ကိုခံစားလိုက်ရတော့သည်။
" ဖျားနေတာပဲဒီလူ..."
သူ ဦးလေးမင်ကိုသွားနှိုးလိုက်ဖို့လုပ်ပေမယ့်ဒီချိန်ဆိုအိပ်မောကျနေမှာဖြစ်၍ လူကြီးကိုဒုက္ခမပေးချင်တော့တာကြောင့် သူ,သွားမနှိုးဖြစ်လိုက်တော့ပေ။
~~~~~~~~~{}{}{}{}{}~~~~~~~~~~
အဖျားအားကြီးနေသူကို သူနဖူးကပ်ပလာစတာအပူကျကပ်ခွါကိုကပ်ပေးထားလိုက်ပြီးအခန်းထဲကစောင်တွေယူကာ သေချာလုံနေအောင်ခြုံပေးထားလိုက်တော့သည်။
အဖျားကျဆေးရည်ကိုလည်း နှုတ်ခမ်းနားတေ့ကာတိုက်လိုက်တော့သည်။
နာရီကိုကြည့်လိုက်တော့ 2နာရီခွဲနေတော့ပြီ။သူလည်းအခန်းကိုမပြန်တော့ဘဲ ထိုလူ့အနားပဲစောင့်ပေးလိုက်တော့သည်။
အိပ်ပျော်နေသည့်သူကို သူသေချာထိုင်ကြည့်နေခဲ့မိသည်။
" ကျွန်တော်တို့နှစ်ယောက်ရဲ့ကံကြမ္မာကလည်း ထူးတော့အထူးဆန်းသားနော်...ခင်ဗျားကပဲကံပိုဆိုးစေတာလား။ ကျွန်တော်ကပဲကံပိုဆိုးနေတော့တာလား...
" သေချာတာတစ်ခုကတော့ ကျွန်တော်ကခင်ဗျားအတွက် ကံကောင်းစေတဲ့လာဘ်ကောင်လေးတော့မဟုတ်ခဲ့ဘူး။ကျွန်တော်လည်းအရမ်းပင်ပန်းနေရပြီ။ ခင်ဗျားကိုမုန်းချင်ခဲ့တာတောင် ကျွန်တော့်နှလုံးသားကဘယ်လိုမှမုန်း၍မရခဲ့ဘူး....
" ခင်ဗျားလည်းပင်ပန်းတယ်မဟုတ်လား...ကျွန်တော့်လိုလူကိုချစ်ခဲ့ရတာလေကျွန်တော်တို့ဒီလိုပုံစံနဲ့ ရှေ့ကိုဘယ်လိုများဆက်သွားကြမလဲ...ဘယ်လိုပုံစံနဲ့များ ခင်ဗျားကျွန်တော့်ကိုတွေ့ပြီးချစ်ခဲ့ရတာလဲဂျွန်ဂျောင်ကုရယ်..."
ဆော့ဂျင် ထိုသူ၏မျက်နှာကို ကိုင်ကြည့်မလို့ရွယ်ပြီးကာမှသူထိုလက်ကလေးကိုပြန်ချလိုက်တော့သည်။
မွန်းကျပ်လိုက်တာ.....
" သခင်လေး...ဘယ်လိုဖြစ်ပြီး..."
ဆော့ဂျင် အသံကြား၍လှည့်ကြည့်လိုက်တော့ ဦးလေးမင်။ဦးလေးမင်က မနက်စောစောအိပ်ရာထတတ်သူဖြစ်၍ အခုနိုးလာတော့ပြီထင်။
သူလည်း ထိုသူ့နားကနေထလာလိုက်ပြီးသူ့ကိုကြောင်ပြီးရပ်ကြည့်နေသည့် ဦးလေးမင်အနားသွားလိုက်ပြီး....
" ဦးလေးမင်တို့ရဲ့သခင်ကြီးဖျားနေတယ်...ဆရာဝန်ခေါ်ပြီးဆေးထိုးပေးလိုက်ဦးဒီနေ့ဂျီဟူလေးကျောင်းပိတ်ရက်မလို့မေမေ့ဆီကိုကျွန်တော်တို့သွားလိုက်ဦးမယ်...သူ့ကိုဒီနေ့တစ်ရက်ကုမ္ပဏီမသွားဖို့လည်းတားလိုက်ဦးပေါ့...တစ်ညလုံးဖျားနေတာ..."
ဆော့ဂျင်၏အပြောကို အိမ်တော်ထိန်းကြီးတစ်ယောက်ပြုံးပြီးနားထောင်နေခဲ့တော့သည်။သူတို့သခင်လေးက အပြင်ပိုင်းကသာမာနေတော့တာစိတ်ပူနေတာတော့ အသိသာအထင်အရှားပင်။
" ဟုတ်ကဲ့ပါသခင်လေး...ဦးလေးမင်လည်းသခင်ကြီးကိုပြောပါတယ်အခန်းထဲမှာပဲအိပ်ဖို့ကို အခုတော့ဖျားပြီကွယ်..."
ဆော့ဂျင်အခုမှစဉ်းစားမိတော့သည်။သူအခန်းမပြောင်းရသေးဘူးဘဲ။
" ကျွန်တော့်အခန်းပြန်ပြောင်းမှာမလို့သူ့ကိုသူ့အခန်းမှာပဲနေခိုင်းလိုက်ပါ...ကျွန်တော်လည်းဒီနေ့မရှိဘူးဆိုတော့ သူလွတ်"လပ်"နေလို့ရတာပေါ့..."
" သခင်လေးရယ်...သခင်ကြီးကတကယ်ကိုလူကောင်းတစ်ယောက်ပါ...ကျွန်တော်တို့လိုအလုပ်သမားတွေအပေါ်မှာတောင် အရမ်းကိုငဲ့ညှာတတ်တဲ့သူမျိုးပါ...သခင်လေးဒီအိမ်တော်ကိုရောက်လာမှသခင်ကြီးရဲ့အပြုံးတွေကအသက်ဝင်လာခဲ့တာကြောင့်အိမ်တော်ကသူတွေအားလုံးကသခင်လေးကိုကျေးဇူးတင်နေကြတာပါ...သခင်လေးဒီအိမ်တော်ကိုစရောက်လာကတည်းကသခင်ကြီးကသခင်လေးကို လိုလေးသေးမရှိအောင်ထားခိုင်းတာပါ...သခင်လေးလိုချင်တာ ဖြစ်ချင်တာဆို ရအောင်လုပ်ပေးဖို့အားလုံးကိုမှာထားတာပါ...သခင်လေးအပေါ်မှာအတော်လေးကိုမေတ္တာရှိတာပါသခင်လေးရယ်...အဲဒါကြောင့် သခင်ကြီးရဲ့ကောင်းကွက်လေးတွေကိုပြန်ကြည့်ပေးပြီးသခင်လေးကတစ်ထစ်လောက်လျှော့ပေးပါလို့ဦးလေးမင်တောင်းဆိုပါရစေကွယ်..."
"..........."
" ဦးလေးမင်သခင်လေးခံစားချက်ကိုကိုယ်ချင်းမစာလို့ပြောတာမဟုတ်ပါဘူး...သခင်လေးဂျီဆောင်းကလည်း ဦးလေးမင်တို့ရဲ့သခင်လေးပါပဲ...ဒါပေမယ့် ဖြစ်ပြီးသမျှကိစ္စတွေကိုအာဃာတမထားဘဲခွင့်လွှတ်ပေးပါလို့ တောင်းဆိုပါရစေလားသခင်လေးရယ်...သခင်ကြီးကဒီရက်တွေမှာအစားအသောက်လည်းကောင်း"စားတာမတွေ့ရဘူး...ညတွေလည်းတော်"နဲ့မအိပ်ဘူးရယ်...ကြာရင်ကျန်းမာရေးထိသွားမှာစိုးရိမ်ရတယ်...ဦးလေးမင်တို့လည်း သခင်ကြီးကိုကြည့်ပြီးစိတ်မချမ်းမသာဖြစ်ရပါတယ်...ဂျီဟူလေးဆိုလည်း နှုတ်ကသာထုတ်မမေးတာပါသူ့ဒယ်ဒီကိုကြည့်လိုက် သူ့ပါပါးကိုကြည့်လိုက်နဲ့သူလေးလည်းရိပ်မိလောက်တယ်..."
ဆော့ဂျင် ဦးလေးမင်၏စကားတွေကိုနားထောင်ကြည့်ပြီး မှန်သင့်သလောက်တော့မှန်သည်ဆိုတာ သူလက်ခံပါသည်။ဒါပေမယ့် လွယ်"နဲ့ခွင့်လွှတ်ပေးရအောင်သူဆုံးရှုံးထားရတာအကိုတစ်ယောက်လုံးပင်။
" ကျွန်တော်ဂျီဟူလေးကိုခေါ်ပြီးမေမေ့ဆီသွားလိုက်ဦးမယ်...မေမေကသူ့မြေးကိုလွမ်းလို့တဲ့လေ..."
ဆော့ဂျင် ထိုသို့ပြောပြီးထွက်လာခဲ့လိုက်တော့သည်။သူ့စိတ်တွေဆောက်တည်ရာမရသေးသ၍ သူဘာတုံ့ပြန်မှုမှမပေးချင်။
~~~~~~~~
" ဘာတဲ့လဲဦးလေးမင်..."
" မနက်ဖြန်ကျမှပဲပြန်လာတော့မယ်တဲ့...ဒီညကင်မ်အိမ်တော်မှာပဲအိပ်လိုက်တော့မယ်လို့ပြောပါတယ်သခင်ကြီး..."
မနက်ကတည်းကထွက်သွားကြပြီး ညနေ၄နာရီကျော်ထိပြန်ရောက်မလာကြသေး၍ ဂျောင်ကုဦးလေးမင်ကိုဖုန်းဆက်ခိုင်းရသည်။
အဆိုးလေး ကိုကိုနေမကောင်းတာကိုပြန်မလာဘူး။
" ကျွန်တော့်ကိုရော ဘာများမှာသေးလား...သက်သာရဲ့လား ဆေးရောသောက်ရဲ့လားလို့မမေးဘူးလား..."
သခင်ကြီးစကားကြောင့် ဦးလေးမင်တစ်ယောက်ပြုံးရင်းဖြင့်....
" မေးပါတယ်သခင်ကြီး..."
" ဟုတ်လား...ဘာမေးလဲ..စိတ်ပူတယ်လို့ပြောလား..."
မေးပါတယ်လည်းပြောလိုက်ရော ပျော်နေရှာသည့်သခင်ကြီးကိုကြည့်လိုက်ပြီး....
" သေချာဂရုစိုက်လိုက်ပါဦးတဲ့...ပြီးတော့ အပြင်လည်းထွက်မအိပ်စေနဲ့တဲ့...မသက်သာသေးရင် မနက်ကိုကုမ္ပဏီမသွားခိုင်းနဲ့ဦးတဲ့...သူအခုလိုမှာတာတွေကိုလည်း သခင်ကြီးကိုမသိပါစေနဲ့တဲ့..."
သူပြောလာသည့်စကားတွေကို ရှေ့သွားလေးတွေပေါ်သည်အထိ ပြုံးပြီးနားထောင်နေတော့သည့်သခင်ကြီးကိုမြင်တော့ သူလည်းပျော်မိပါသည်။သခင်ကြီးကပြုံးရင်အရမ်းချောတာပဲ။
" ဦးလေးမင်ပြောပါတယ်...သခင်လေးကသခင်ကြီးကိုစိတ်ပူပါတယ်ဆို...ညကလည်း သခင်လေးပြုစုပေးထားလို့လေဆရာဝန်လာတော့အဖျားအားအဲလောက်မရှိတော့တာပေါ့...အခုလည်း အဲဒါမျက်နှာပူလို့ပြန်မလာတာနေမှာသခင်လေးက..."
" ဟုတ်မယ်...တော်ပါသေးတယ်ဦးလေးမင်ရယ်ကျွန်တော့်ကိုအရမ်းကိုမုန်းနေတော့ပြီထင်ထားခဲ့တာ..."
" မမုန်းပါဘူးသခင်ကြီးရယ်...စိတ်အခန့်မသင့်သေးလို့သာ သခင်ကြီးအပေါ်မှာကောင်း"မဆက်ဆံသေးတာပါ..သခင်လေးကနဂိုကတည်းကစိတ်အဆတ်လေးဆိုတော့ လွယ်"မပြေနိုင်တာမျိုးပါ...အတွင်းစိတ်ကလေးကတော့နုနယ်ရှာပါတယ်..."
" ကျွန်တော်သဘောပေါက်ပါတယ်...သူ့နေရာကနေပြီးတော့လည်း ဝင်ခံစားကြည့်ပေးလို့ရပါတယ်...ကျွန်တော့်ကိုလွယ်"နဲ့ဘယ်ခွင့်လွှတ်ချင်ပါ့မလဲ...သူ့အတွက်လည်းအရမ်းကိုခက်ခဲမယ်ဆိုတာနားလည်ပါတယ်...တစ်ခါတစ်ခါကျရင်ကျွန်တော်စဉ်းစားမိတယ်...ကျွန်တော့်အတ္တအတွက်နဲ့သူ့ကိုချုပ်နှောင်ထားသလိုများဖြစ်နေပြီလားဆိုတာ...သူ,မပျော်မှာကိုလည်းစိုးရိမ်မိတယ်...ဒါပေမယ့်လည်း ကျွန်တော်သူနဲ့မခွဲနိုင်ဘူး...သူ့ကိုလက်လွှတ်မပေးနိုင်ဘူးဖြစ်နေတယ်ဦးလေးမင်ရယ်..."
" ဒီလိုပဲဖြစ်ရမှာပေါ့သခင်ကြီးရယ်...သခင်ကြီးကလွယ်"နဲ့လက်လျှော့ပေးလို့ဘယ်ဖြစ်ပါ့မလဲ...ဘယ်လိုနည်းဖြင့်မဆို သခင်လေးကိုအနားမှာရအောင်ဆွဲထားပါ...တစ်နေ့နေ့တော့ သခင်ကြီးရဲ့မေတ္တာအတိမ်အနက်တွေကို သခင်လေးနားလည်လာလိမ့်မယ်ဆိုတာ ဦးလေးမင်ယုံကြည်တယ်...သခင်လေးသည်လည်းသခင်ကြီးနဲ့သာအလိုက်ဖက်ဆုံးပါပဲ..."
" ကျေးဇူးတင်ပါတယ်ဦးလေးမင်...ကလေးဘဝကတည်းကနေအခုအချိန်အထိ အမြဲတမ်းကျွန်တော့်ဘက်မှာပဲရှိနေပေးပြီးနားလည်ပေးလို့..."
" သခင်ကြီးကဦးလေးမင်လက်ပေါ်မှာကြီးပြင်းလာခဲ့ရတာလေ...သခင်ကြီးစိတ်သဘောထားကိုဦးလေးမင်အသိဆုံး,မလို့ပါ..."
ဂျောင်ကု ဦးလေးမင်ကိုပြုံးပြလိုက်တော့သည်။ဦးလေးမင်ပြောသလိုပဲ တစ်နေ့နေ့တော့ သူ့ခံစားချက်တွေကိုBabyနားလည်တန်ကောင်းပါရဲ့။
~~~~~~~~~{}{}{}{}{}~~~~~~~~~~
" ဟူဟူ...ပါပါးတို့မိုးချုပ်နေပြီလေကွာ...နောက်နေ့ကျမှပဲအပြင်ထွက်ပြီးစားကြမယ်လေ..."
" ခဏလေးပဲလေပါပါးရဲ့...ထိုင်မစားဘူးလေ ဂျီဟူပါဆယ်ပဲထုပ်မှာပါ...ဒယ်ဒီ့အတွက်လည်းမုန့်မပါသေးဘူးလေနော်...ပါပါးပြောတော့ဒယ်ဒီနေမကောင်းဘူးဆို..."
" ကဲဟုတ်ပါပြီ...ကျွန်တော်မျိုးအရှုံးပေးပါတယ်...သူ့ဒယ်ဒီတော့တအားချစ်...ပါပါးပဲသွားဝယ်လိုက်မယ်...ဟူဟူကဒီမှာပဲထိုင်စောင့်နေနော်..."
" ဟုတ်ကဲ့ပါပါး...မြန်မြန်ပြန်လာခဲ့နော်..."
" ဟုတ်ပါပြီခင်ဗျ..."***ဆော့ဂျင် မုန့်ဝယ်ပြီးပြန်အလာ...
" ဟူဟူရေ...ဟူဟူလိုချင်တဲ့မုန့်ကတန်းစီနေရလို့ပါပါးနောက်ကျသွားတယ်...စောင့်ရတာကြာသွားလား..."
ဆော့ဂျင် ပြောလည်းပြောရင်းကားတံခါးလှပ်လိုက်တော့...
" ဟူဟူ!..."
ကားထဲမှာဂျီဟူရှိမနေ။ ဆော့ဂျင်ပြာဝေသွားပြီး အနီးအနားကိုလိုက်ရှာကြည့်မိသည်။
" ဟူဟူ...ဘယ်တွေလျှောက်သွားနေတာလဲပါပါးကိုစိတ်ပူအောင်မလုပ်နဲ့...."
ကားလမ်းမပေါ်မှာရှိမနေ၍ အနီးအနားကလမ်းကြားတွေထဲ သူလိုက်ရှာမိသည်။
" ဟူဟူရေ...."
ဆော့ဂျင်ချွေးသီးတွေပြိုင်း"ကျလာပြီး ပူထူနေတော့ပြီ။ ရင်ထဲမှာလည်းတင်းကျပ်လာပြီး သူငိုချင်လာတော့သည်။
" ဟူဟူ...ပါပါးကိုရူးအောင်မလုပ်ပါနဲ့..."
ဆော့ဂျင် လမ်းကြားကနေတစ်ဖက်လမ်းသို့အဝင်.....
" ပါပါး!...ပါပါး!!..."
" ဟင်! ဟူဟူ!!...."
~~~~~
" သခင်ကြီး...ကင်မ်အိမ်တော်ကသခင်လေးတို့ပြန်သွားတာကြာပြီလို့ပြောပါတယ်..."
" ကြာပြီဟုတ်လား...ကြာပြီဆိုပြန်ရောက်ရတော့မှာပေါ့...ဂျင့်ဖုန်းကလည်းခေါ်မရဘူး...ဘယ်လိုဖြစ်တာပါလိမ့်ကျွန်တော်လိုက်သွားမှဖြစ်မယ်ဦးလေးမင်..."
" တစ်ဆိုင်ဆိုင်မှာဝင်ပြီး မုန့်များထိုင်စားနေတာရောမဖြစ်နိုင်ဘူးလားသခင်ကြီး..."
" မဟုတ်ဘူးနော်ဦးလေးမင်...ကျွန်တော့်စိတ်တွေတစ်မျိုးဖြစ်နေတယ်...ကျွန်တော်လိုက်သွားမှဖြစ်မှာ..."
" သခင်လေးရဲ့သူငယ်ချင်းဆီကိုများ ဝင်နေသေးလားမသိဘူးသခင်ကြီး..."
" ကျွန်တော်ဖုန်းဆက်ကြည့်လိုက်ဦးမယ်..."
" Hello...CEO Min ကျွန်တော်ပါ...ဂျင်တို့အဲမှာများရှိနေလားလို့ပါ...ကျွန်တော်ဖုန်းခေါ်တာခေါ်မရလို့ပါ..."
🤳🏻: ..........
" ရောက်မလာဘူးလား...မဟုတ်ဘူး...ကင်မ်အိမ်တော်ကပြန်သွားတာကြာပြီတဲ့...အခုထိအိမ်ပြန်ရောက်မလာသေးလို့..."
🤳🏻:...........
" ကောင်းပါပြီ...ကျွန်တော်လည်းအခုထွက်လာနေပြီ..."
ဂျောင်ကု ဦးလေးမင်ဘက်သို့လှည့်လိုက်ပြီး...
" ကျွန်တော်လိုက်သွားလိုက်ဦးမယ်ဦးလေးမင်...တကယ်လို့အိမ်ပြန်ရောက်လာရင် ကျွန်တော့်ဆီလှမ်းအကြောင်းကြားပါ..."
" ဟုတ်ကဲ့ပါသခင်ကြီး...ဂရုစိုက်သွားပါ..."
ဂျောင်ကု ကားမောင်းပြီးထွက်လာခဲ့လိုက်တော့သည်။
မုန့်ဝင်စားနေကြတာပဲဖြစ်ပါစေ။ Babyဖုန်း အားကုန်သွားလို့ခေါ်မရတာပဲဖြစ်ပါစေ။
တစ်ခုခုသာဆို သူဆက်တောင်မတွေးရဲတော့ပေ......
~~~~~~~~~~{}{}{}{}{}~~~~~~~~~~~
🫶🏻ကဲအားလုံးပဲ ထုံးစံအတိုင်း 🤧😪🤒👩🏼⚕️💉💊❌ =😉
There are no comments yet. Log in to be the first to leave a review!





