Fanfics

I T Y - 23

11:51, 5 January 2025

" ကွာရှင်းကြရအောင်..."

ဂျောင်ကု ဆော့ဂျင်ကိုမော့ကြည့်လိုက်ပြီး....

" မလုပ်ပေးဘူး...ကိုကိုကွာမပေးနိုင်ဘူး...တခြားကြိုက်တဲ့အပြစ်ကိုယ့်ကိုပေး...ကိုကိုမင်းကိုကွာမပေးဘူး..."

" ခင်ဗျားကသိပ်ကိုအတ္တကြီးပြီးတစ်ကိုယ်ကောင်းဆန်တဲ့လူ...Hyungမျက်ရည်နဲ့ခြေဆေးခဲ့တာလူကိုကျွန်တော်ကဘာအတွက်နဲ့ဆက်ပေါင်းရမှာလဲ...ကျွန်တော်ခင်ဗျားကိုလက်ထပ်လာအောင်လည်းခင်ဗျားအကွက်ကျကျယုတ်မာပြီးစီစဉ်ခဲ့တာပဲမဟုတ်လား!!..."

" ကိုကိုဝန်ခံပါတယ်...မင်းရဲ့ဖြူစင်ခြင်းတွေကို,ကိုကိုအသုံးချခဲ့မိတာကိုဝန်ခံပါတယ်...ဒါဟာလည်းကိုကိုမင်းကိုချစ်လွန်းလို့ ပိုင်ဆိုင်ချင်တဲ့စိတ်တစ်ခုတည်းနဲ့ပဲ..."

" တရားကျဖို့ကောင်းလိုက်တာဂျွန်ဂျောင်ကုရယ်...အကိုဖြစ်သူကိုစိတ်နဲ့သေအောင်သတ်ပစ်ခဲ့ပြီးညီဖြစ်သူကိုကျအပိုင်သိမ်းချင်သတဲ့...ခင်ဗျားတော်"ကိုနှလုံးသားမဲ့ပြီးလူမဆန်တာ..."

" ပြောပါ...Babyကျေနပ်မယ်ဆိုရင် ကိုကို့ကိုရစရာမရှိအောင်ပြောလည်း ကိုကိုငြိမ်ခံနေမှာပါ...ဒါပေမယ့်ကိုကို့ကိုကွာရှင်းဖို့အကြောင်းတော့မပြောနဲ့ကိုကိုလက်မခံပေးဘူး..."

" မပြောနဲ့!!...ခင်ဗျားနှုတ်ကနေကျွန်တော့်ကိုBabyလို့မပြောနဲ့!...ခင်ဗျားကိုယ်ခင်ဗျားလည်းကိုကိုလို့မသုံးနဲ့ မတန်ဘူး...ကျွန်တော့်အကိုကိုသေအောင်သတ်ခဲ့တဲ့ခင်ဗျားကိုဒီတစ်သက်မပြောနဲ့နောက်တစ်သက်တောင်မကျေဘူးဂျွန်ဂျောင်ကု!!..."

ဆော့ဂျင် သူမျက်ရည်တွေကျပြီးရင်းကျကာထိုသူ့ကိုနာ"ကြည်း"ဆိုမိသည်။

" တော်ကြတော့ရအောင်...မင်းမောနေတော့ပြီတော်ကြာခေါင်းတွေကိုက်လာလိမ့်မယ်...အခုချိန်မှာBabyသွေးပူနေတာမလို့ကိုကိုနားလည်တယ်...ကိုကိုတို့နောက်မှဆက်ဆွေးနွေးကြရအောင်..."

ဆော့ဂျင် သူကင်မ်အိမ်တော်မှာကတည်းကငိုထားတာဖြစ်၍ တကယ်လည်းခေါင်းတွေနောက်ပြီး မောနေခဲ့တာတော့အသေအချာပင်။

" မငိုတော့နဲ့...ကိုကို့ကိုမမြင်ချင်ရင် ကိုကိုအခန်းထဲကနေထွက်သွားပေးမယ်...မင်းမျက်ရည်တွေကိုမြင်ရတာကိုကိုလည်းနာကျင်ရတယ်...ဂျီဟူမြင်ရင်လည်းဝမ်းနည်းသွားလိမ့်မယ်..."

ဂျွန်ဂျောင်ကုက ထို့သို့ပြောပြီးအခန်းထဲကနေထွက်သွားခဲ့တော့သည်။

ထိုသူထွက်သွားတော့မှ သူလည်းအရုပ်ကြိုးပြတ်ထိုင်ချလိုက်တော့သည်။

သူဘာဆက်လုပ်ရတော့မလဲ။သူထွက်သွားရင်လည်း ဂျီဟူ့ကိုသူထားခဲ့ရတော့မှာ။သူဒီမှာလည်းဆက်မနေချင်တော့ဘူး။

Hyung...Hyungအပေါ်မှာလုပ်ရက်ခဲ့တဲ့လူကိုHyungအဲလောက်တောင်ချစ်ခဲ့တာတဲ့လား။

ကျွန်တော့်ကိုဂျီဟူနဲ့ချည်နှောင်ပြီး ထိုလူ့အနားကိုဘာလို့အရောက်ပို့ပေးခဲ့ရတာလဲ။

ကျွန်တော့်မှာတော့ ဂျီဟူလေးကိုကျွန်တော့်လက်ထဲအပ်ခဲ့တယ်ဆိုပြီး အရာအားလုံးကိုစွန့်လွှတ်ပြီး ထိုလူ့ကိုလက်ထပ်ခဲ့လိုက်ရတာ။

ကျွန်တော်အရမ်းဝမ်းနည်းတယ်Hyung....Hyungကကိုယ့်ညီထက် ထိုလူ့ကိုပိုပြီးချစ်ခဲ့တယ်။ကိုယ့်အပေါ်တစ်စက်ကလေးမှတောင်မကြည့်ခဲ့တဲ့လူကို သူပျော်ရွှင်ဖို့အတွက် နောက်ဆုံးအချိန်မှာတောင်ဖန်တီးပေးခဲ့တယ်။

Hyungပျော်စေချင်ခဲ့တဲ့သူကို ကျွန်တော်ကတော့သူပျော်တာကိုမမြင်ချင်ဘူး။

~~~~~~~~~~~{}{}{}{}{}~~~~~~~~~~

ဆော့ဂျင်ဟာ အခန်းကိုlockချထားပြီး သူလည်းအပြင်မထွက်သလို ဘယ်သူ့မှလည်းအခန်းအတွင်းပေးအဝင်မခံခဲ့ပေ။

ဂျောင်ကု သူစိတ်ပြေတဲ့အထိလွှတ်ပေးထားတာပေမယ့်အခုလိုမစားမသောက်နေတာကိုတော့ သူလက်မခံပေ။

" ဘာတဲ့လဲဦးလေးမင်..."

အိမ်တော်ထိန်းကြီးကခေါင်းယမ်းပြလာပြီး....

" ဘယ်လိုမှဖျောင်းဖျလို့မရခဲ့ပါဘူးသခင်ကြီး..."

" ခက်တော့တာပဲ...ဒီလိုနေလို့ဘယ်ရပါ့မလဲ...ခါတိုင်းတောင်အစားနဲ့ပါးစပ်မပြတ်တာကို...ဘယ်လောက်တောင်ဗိုက်ဆာနေလိုက်မလဲ..."

" ဂျီဟူလေးနဲ့ခြိမ်းခြောက်ကြည့်ရင်ရော သခင်ကြီး..."

" မဖြစ်ဘူးဦးလေးမင်...ကျွန်တော့်ကိုပိုမုန်းသွားလိမ့်မယ်..."

သခင်ကြီးခံစားနေရတာကြည့်ပြီး အိမ်တော်ထိန်းကြီးလည်းစိတ်မကောင်းပေ။သခင်ကြီးကသခင်လေးအပေါ်မှာအတော်လေးချစ်ရှာသည်။သခင်လေးဘယ်လောက်ဆိုး" ဘယ်လောက်ပင်အနိုင်ယူ"အမြဲတမ်းပြုံးပြီးကြည့်နေခဲ့တော့တာ။

" တစ်ခုခုတော့စီစဉ်ရမှာပေါ့...ကျွန်တော်ကုမ္ပဏီကိုသွားလိုက်ဦးမယ်...သူလိုအပ်လို့ခေါ်ရင်အဆင်သင့်ဖြစ်အောင် အမြဲနားစွင့်ပြီးနေကြပါ...စိတ်အနှောင့်အယှက်ဖြစ်အောင်တော့မလုပ်မိကြစေနဲ့..."

" ဟုတ်ကဲ့ပါသခင်ကြီး...ဒါနဲ့သခင်ကြီး...တကယ်လို့သခင်လေးအိမ်ကထွက်သွားရင်ရော..."

ဂျောင်ကုယဲ့ယဲ့လေးပြုံးပြလိုက်ပြီး.....

" ဒါတော့သူ,မလုပ်ပါဘူး....နှလုံးသားနူးညံ့တဲ့သူ,မလို့ ဂျီဟူ့ကိုလက်လွတ်စပယ်သူ,မထားခဲ့ရက်ဘူး..."

အိမ်တော်ထိန်းကြီးလည်းခေါင်းညိတ်လိုက်တော့သည်။ဟုတ်သည်။ သခင်လေးနှင့်ဂျီဟူလေးသံယောဇဉ်က တော်ရုံမဟုတ်ကြပေ။

သခင်ကြီးနှင့်သခင်လေးကိုပေါင်းစည်းပေးမည့် ကြားခံသံယောဇဉ်ကလည်း ဂျီဟူလေးသာဖြစ်ပေလိမ့်မည်။

~~~~~~~~~~

ဆော့ဂျင် သူ,မနေ့က တစ်ညနေလုံးတစ်ညလုံးလည်းငိုထားတာဖြစ်ပြီး ဘာမှမစားဘဲအခန်းပိတ်အိပ်နေတော့ ခေါင်းတွေတောင်အုံလာတော့သည်။

ထိုလူက သူကိုယ်တိုင်တော့အခန်းရှေ့ကိုမလာပေမယ့်အိမ်တော်ကသူတွေကိုတစ်ယောက်ပြီးတစ်ယောက်လွှတ်ကာ တစ်ခုခုစားဖို့နှင့်ဘာလုပ်ပေးရမလဲဆိုပြီးခဏတိုင်းမေးခိုင်းလေတော့သည်။

သူစိတ်ပေါက်"နဲ့တစ်ယောက်မှမလာဖို့အော်ထုတ်ပစ်လိုက်တော့သည်။

စိတ်လည်းမကြည်သလိုခေါင်းတွေလည်းနောက်နေတော့သည်။သူပြန်အိပ်မလို့ပြင်လိုက်စဉ်မှာပဲ....

ဒေါက်!ဒေါက်!ဒေါက်!!

" သခင်လေး...ဦးလေးမင်ပါ...သခင်လေးရဲ့သူငယ်ချင်းရောက်နေပါတယ်...CEO Minပါတဲ့သခင်လေး..."

ဆော့ဂျင် တံခါးခေါက်သံနှင့်အတူ အိမ်တော်ထိန်းကြီး၏စကားကြောင့် သူထထိုင်လိုက်တော့သည်။CEO Minဆိုတော့ ယွန်းဂီ။ ယွန်းဂီကဘယ်လိုဖြစ်ပြီး?

" ဆော့ဂျင်...ငါပါ တံခါးဖွင့်ပေးပါဦး..."

တကယ်ပင် ယွန်းဂီရောက်နေလေသည်။

သူတံခါးသွားဖွင့်ပေးလိုက်တော့ အခန်းဝမှာ ဦးလေးမင်နှင့်အတူရပ်နေသည့်ယွန်းဂီ။လက်ထဲမှာလည်းအထုပ်ပေါင်းများစွာဖြင့်.....

" ဒါဆို သူငယ်ချင်းနှစ်ယောက်အေးဆေးစကားပြောကြပါဦးလေးမင်အောက်ဆင်းလိုက်ပါဦးမယ်...လိုအပ်တာရှိရင်ခေါ်လိုက်ပါသခင်လေး..."

ဦးလေးမင်က ထိုသို့ပြောပြီးအောက်ဆင်းသွားတော့သည်။

ဆော့ဂျင် ယွန်းဂီရောက်လာတာကိုအခုထိမယုံနိုင်သေးပေ။

" ယွန်းဂီ...ဘယ်လိုဖြစ်ပြီး?..."

" အင်း...အခန်းထဲအရင်ပေးဝင်ဦး...အထုပ်တွေဆွဲထားရတာလက်ညောင်းနေပြီ..."

သူ ယွန်းဂီကိုအခန်းထဲခေါ်လာခဲ့ပြီး နှစ်ယောက်အတူဂျွန်ဂျောင်ကုအလုပ်လုပ်သည့်ဆိုဖာခုံမှာဝင်ထိုင်လိုက်ကြသည်။

" မုန့်စားကြရအောင်...ငါလည်းဘာမှမစားရသေးဘူးမင်းနဲ့အတူစားမလို့ရောက်လာတာ..."

သူဝယ်လာသည့် ခေါက်ဆွဲအေးဘူး၊ကြက်ကြော်!ဆူရှီနှင့်တခြားအစားတွေကိုပါဖြည်နေတော့သည်။သူ့လက်ထဲကိုလည်း တူတစ်စုံထည့်ပေးလာပြီး.....

" စားလေ...ဘာကြည့်နေတာလဲ..."

" ဂျွန်ဂျောင်ကုပြောတာလား..."

" အရင်စားစမ်းပါ..."

ယွန်းဂီ ဆော့ဂျင်ကို သူအစားအသောက်အရင်ကျွေးမှဖြစ်မည်။လူဆိုးကောင်က ညကတည်းကဘာမှမစားရသေးဘူးတဲ့လေ။သူတို့တွေစကားပြောကြဦးမှာဖြစ်၍ တော်ကြာဆိုစားဝင်တော့မှာမဟုတ်ပေ။

သူ့ကုမ္ပဏီကို ရုတ်တစ်ရက်ကြီးဂျွန်ဂျောင်ကုရောက်လာတော့၍ သူအံ့ဩမှင်သက်သွားမိတော့သည်။

ထိုသူက CEO Minကိုအကူညီတစ်ခုလောက်တောင်းချင်လို့ပါဟုပြောလာခဲ့တော့သည်။ဂျွန်ဂျောင်ကုလိုလူမျိုးကအကူအညီတောင်းစရာဆိုတော့ဆော့ဂျင်ကိစ္စဆိုတာမပြောလည်းသိလိုက်သည်။

ထိုသူက ဆော့ဂျင်နှင့်ကိစ္စကို သူ့ကိုအကျဉ်းချုပ်ပြောပြလာသည်။ထိုလူပြောပြလာသည့်အကြောင်းအရာတွေကို နားထောင်ကြည့်အပြီး သူအံ့ဩမိပေမယ့် ဒါကြောင့်ဆော့ဂျင်ကိုအရမ်းအလျှော့ပေးခဲ့ကိုးလို့သူတွေးလိုက်မိသည်။

တစ်ဆက်တည်း သူ့ကို ဆော့ဂျင်ကိုဖျောင်းဖျပေးပါဟုအကူအညီတောင်းလာခဲ့သည်။သူ့ကိုစိတ်ဆိုးပြီး ဘာမှမစားမသောက်ဘဲအခန်းပိတ်ပြီးနေနေသည်ဟုလည်းပြောလာခဲ့သည်။

ဂျွန်ဂျောင်ကုလိုလူက တပါးသူဆီမှာအကူအညီတောင်းဖို့ဆိုတာ ဝေလာဝေးစပင်။အခုသူ့ဆီမှာ ဆော့ဂျင်အတွက်နဲ့အကူအညီလာတောင်းသည်ဆိုကတည်းက ဂျွန်ဂျောင်ကု ဆော့ဂျင်အပေါ်မှာ ဘယ်လောက်ချစ်လည်းဆိုတာ သိသာထင်ရှားစေသည်။

ထိုသူ့မျက်ဝန်းတွေထဲမှာလည်း စိုးရိမ်ပူပန်မှုတွေကိုမြင်နေခဲ့ရသည်။

ထို့ကြောင့် သူဆော့ဂျင်ဆီသို့သွားပြီး စကားသေချာပြောခဲ့မှာဖြစ်သလို၊အစားအသောက်လည်းသေချာကျွေးခဲ့မည်ဖြစ်ကြောင်းပြောလိုက်တော့သူ့ကိုကျေးဇူးတင်စကားဆိုကာ ကုမ္ပဏီကနေပြန်သွားခဲ့တော့သည်။

" တော်ပြီ...ငါစားချင်စိတ်သိပ်မရှိဘူး..."

အစားစားရတာကို သဘောကျနှစ်သက်သည့်သူကအခု ဟိုဟာတို့တို့ဒီဟာတို့တို့နဲ့ ဘာမှကိုရေ"ရာ"မစားချေ။သူလည်းဆော့ဂျင်စားအောင်သာလိုက်စားပေးနေတာတကယ်ကသူလည်းဗိုက်မဆာချေ။

" ဂျွန်ဂျောင်ကုနဲ့ဘယ်တုန်းကပြောဖြစ်ကြတာလဲ..."

ထိုလူပြောတာမဟုတ်ဘူးလို့လည်း သူလိမ်လို့မရပေ။ဘာလို့ဆို သူအခုလိုဆိုက်"မြိုက်"ကြီးရောက်လာတယ်ဆိုကတည်းက ဂျွန်ဂျောင်ကုနှင့်စကားပြောပြီးပြီဆိုတာ အသိသာအထင်ရှားပင်။

" မနက်ကငါ့ကုမ္ပဏီကိုလာသွားတယ်..."

ယွန်းဂီ၏စကားကြောင့်....

" ဘယ်လို?..မင်းဆီကို?..."

အမှန်ဆို အခုအချိန်ယွန်းဂီကသူ့ကုမ္ပဏီမှာသာရှိနေရမှာပေမယ့်အခုသူ့ဆီကို ဆိုင်းမဆင့်ဗုံမဆင့်ရောက်ချလာတယ်ဆိုကတည်းက ထိုလူ့လက်ချက်ဆိုတာသိပေမယ့် ဖုန်းနဲ့သာပြောဖြစ်သည်ဟုသူထင်လိုက်မိသည်။

" အင်း...ဆော့ဂျင်...ငါ့ကိုကြည့်...ငါကမင်းသူငယ်ချင်းနော်။  အမြဲတမ်းမင်းဘက်ကပဲဆိုတာသိထားပေး...အကိုဂျီဆောင်းကလည်းငါ့အကိုပါပဲ...ဒါပေမယ့် သူလည်းတမင်ရည်ရွယ်ခဲ့တာမဟုတ်ဘူးလေ...အဲဒါကြောင့်...ဂျီဟူလေးမျက်နှာထောက်ပြီးသူ့ကိုခွင့်လွှတ်ပေးလိုက်ပါ့လား..."

" လာပြန်ပြီ! မင်းတို့ငါ့ကိုဂျီဟူနဲ့ပဲချည်ပြီးတုပ်နေလိုက်ကြ!မင်းလည်းHyungနဲ့ဘာထူးလဲ...ဂျီဟူ့ကိုအကြောင်းပြပြီးအဲဒီလူလက်ထဲငါ့ကိုဖြစ်ချင်ရာဖြစ်ဆိုပြီးပစ်ထည့်နေကြတာ..."

ဆော့ဂျင် ပြောရင်းဖြင့်ဆို့နင့်လာတော့သည်။အရည်လဲ့နေသည့်မျက်ဝန်းထဲကမျက်ရည်စတွေကိုသူ,မကျမိအောင်ပုတ်ခပ်ပစ်လိုက်တော့သည်။တကယ်ဝမ်းနည်းတယ်။ သူ့လူတွေကသူ့ဘက်မှာရှိမနေကြဘူး။

" ဆော့ဂျင်ရာ...မင်းကိုထိခိုက်အောင်လုပ်မယ့်သူမျိုးဆိုအရင်ဆုံးသတ်ပစ်မိမယ့်သူကငါပါ...Hyungကလည်း ဂျွန်ဂျောင်ကုသာလူဆိုးလူယုတ်မာသာဆိုရင် သူ့ညီကိုစိတ်ချလက်ချအခုလိုထားခဲ့မတဲ့လား...မင်းကိုHyungကဘယ်လောက်ချစ်လည်းမင်းအသိဆုံးပါ...သူချစ်ရတဲ့ညီလေးကို သူယုံကြည်ရတဲ့သူရဲ့လက်ထဲမှာလုံခြုံမယ်ဆိုတာသိလို့ သူအခုလိုစီစဉ်ခဲ့တာပေါ့..."

" ဒါဆိုသူကရော! သူ့ရင်အကွဲခံပြီးအခုလိုလုပ်သွားတာကိုငါကငါ့အကိုငါ့ကိုသိပ်ချစ်ပါ့လားဆိုပြီးပျော်ပေးနေရမှာလား မင်းပြောစမ်းပါ!.."

ဆော့ဂျင်၏တစ်ယူသန်ခြင်းတွေကို သူဘယ်လိုဖျောင်းဖျရမှန်းကိုမသိတော့ပေ။ဒါတွေကြိုမြင်လို့ သူစကားပလ္လင်ခံခဲ့ပါလျက်နဲ့။

Hyungနှင့်သူ့ကိုတောင် အခုလိုတုံ့ပြန်တာမျိုးဆိုဒီဖြစ်စဉ်တွေသိသိချင်း ဂျွန်ဂျောင်ကုလည်းဘယ်လောက်တောင်စကားနာတွေအထိုးခံလိုက်ရမည်မသိ။

" ငါသူနဲ့ကွာရှင်းဖို့ပြောပြီးပြီ...မင်းတားနေလည်းအပိုပဲ..."

ယွန်းဂီလေပူတစ်ချက်မှုတ်ထုတ်လိုက်ပြီး....

" ဥပဒေမှာတစ်ဖက်သတ်လက်ခံတာမျိုးဘယ်မှာရှိလို့လဲ...သူ,မကွာ​ပေးသ၍မင်းကသူ့အပိုင်ဖြစ်နေမှာပဲ..."

သူ့စကားကြောင့် သူ့ကိုမျက်လုံးစိမ်းကြီးဖြင့်ကြည့်လာသည့်သူကို....

" သူမင်းအပေါ်မှာဘယ်လောက်ချစ်လည်းဆိုတာ မင်းလည်းခံစားမိရဲ့နဲ့ဆော့ဂျင်ရယ်...ဘာတစ်ခုများအပြစ်မြင်တာရှိခဲ့ဖူးလို့လဲ...ဖြစ်ခဲ့သမျှကိစ္စတိုင်းက ဘယ်သူ့ဘယ်သူကမှကြိုတင်ကြံစည်ခဲ့ကြတာမှမဟုတ်တာ...ကံကြမ္မာကိုမရှောင်လွှဲနိုင်ခဲ့ကြတာတစ်ခုပဲ...Hyungကနစ်နာသူဖြစ်ခဲ့တာမှန်ပေမယ့် ဂျွန်ဂျောင်ကုလည်းသနားစရာကောင်းခဲ့ပါတယ်..."

" မင်းပျော်ပါစေဆိုပြီး သူမင်းဆုံးဖြတ်ချက်ကိုလက်ခံပေးပြီး ဂျီဟူလေးကိုမင်းနောက်ထည့်ပေးလိုက်ရင်တောင်ဂျီဟူလေးကသူ့ဒယ်ဒီမရှိတဲ့အရပ်မှာနေပျော်မတဲ့လား...အဲလိုမဟုတ်ဘဲ မင်းတစ်ယောက်တည်းထွက်သွားတယ်ဆိုတော့ရောမင်းကိုမျက်စိအောက်ကတောင်အပျောက်မခံဘဲ သိပ်သံယောဇဉ်တွယ်တဲ့ဂျီဟူလေးကို မင်းငဲ့ကြည့်ရမယ်မဟုတ်လား...Hyungကြောင့်၊ဂျွန်ဂျောင်ကုကြောင့်ဆိုတာကိုခဏဖယ်ထားလိုက်...ငါတို့တွေကိုယ်ချစ်ရတဲ့သူတွေကိုစိတ်ချမ်းသာအောင်ထားရမယ်လေဆော့ဂျင်...နော်..."

သူ့စကားကြောင့် ရှိုက်ကြီးတငင်ငိုချလာတော့သည့်သူ့သူငယ်ချင်းလေးကိုသူဖက်ထားပြီး ချော့မြှူနှစ်သိမ့်ပေးလိုက်တော့သည်။

တစ်ခါတစ်ခါ ချစ်ပေးကြရသည့်သူထက်အချစ်ခံကြရသည့်သူက ပိုပြီးပင်ပန်းရကာ ရင်နင့်စရာကောင်းသည်။

အခုဆော့ဂျင်အဖြစ်က အချစ်ခံနေရ၍နာကျင်ခံစားနေရတာလားမပြောတတ်တော့ပေ။

မရင့်ကျက်သေးသည့်သူလေးကို သူတကယ်ပဲဂျွန်ဂျောင်ကု၏လက်ထဲမှာသာစိတ်ချပါသည်။

အဲဒီအတွက် ဆော့ဂျင်သူ့ကိုနားလည်မှုလွဲပြီးစိတ်ဆိုးမည်ဆိုရင်တောင် သူကျေနပ်ပါသည်။

အရာအားလုံး မင်းအတွက်ပါပဲဆော့ဂျင်ရယ်.....

~~~~~~~~~~{}{}{}{}{}~~~~~~~~~~

🤍အားလုံး ကျန်းမာရေးဂရုစိုက်ပါ။

There are no comments yet. Log in to be the first to leave a review!

Similar stories