Fanfics

I T Y - 22

15:41, 1 January 2025

** ဂျွန်နဲ့စတွေ့သည့်ရက်......

**ကံကြမ္မာသည် ဂျွန့်ကို သူရှိရာအရပ်ဆီသို့အရောက်ပို့ပေးလာခဲ့ကာသူ့နှလုံးသားကိုစတင်လှုပ်ခတ်စေခဲ့တော့သည်***

**ထိုနေ့က သူသည် ကော်ဖီဆိုင်ထိုင်ရင်းနဲ့ပိုက်ဆံအိတ်ရော၊ဖုန်းပါအိမ်မှာမေ့ကျန်ခဲ့တော့၍ အခက်အခဲဖြစ်နေသည့်သူ့ကို ဂျွန်ကပိုက်ဆံကူရှင်းပေးသွားခဲ့တော့သည်***

**ထိုမှနေတစ်ဆင့် ပိုက်ဆံပြန်ဆပ်ဖို့အကြောင်းဖန်လာရာကနေ သူတို့နှစ်ဦးသားရင်းနှီးကျွမ်းဝင်လာခဲ့ကြတော့သည်***

**ဖုန်းတွေပြောဖြစ်ခဲ့ကြတယ်...ဂျွန့်အကြိုက်လေးတွေမေးရင်း သူကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ကာ ဟင်းတွေရော၊မုန့်တွေပါကုမ္ပဏီသို့ပို့ပေးဖြစ်ခဲ့သည်***

**တစ်စတစ်စနဲ့ အချိန်တွေကြာမြင့်လာတာနှင့်အမျှ သူဂျွန့်အပေါ်မှာပိုပြီးတွယ်လာမိခဲ့တော့သည်***

**တစ်နေ့...မထင်မှတ်ထားပါဘဲ...ဂျွန်ကသူ့အပေါ်မှာမေတ္တာရှိနေကြောင်း ဖွင့်ပြောလာခဲ့တော့သည်***

**ထိုနေ့က ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားဟာ သူဖြစ်လိမ့်မည်ထင်...ဘယ်သူထင်မှာလဲ ဂျွန့်လိုလူတစ်ယောက်ကသူ့အပေါ်မှာမေတ္တာရှိနေလိမ့်မယ်လို့***

**သူသည်လည်း ဂျွန့်အပေါ်မှာအရင်ကတည်းကပင် ရင်ခုန်ခဲ့ရသူဖြစ်၍ သူတို့တွေမြန်"ဆန်"ပဲချစ်သူတွေဖြစ်ခဲ့ကြတော့သည်***

**အနေအေးကာရှက်တတ်သည့်သူ့အတွက် ဂျွန်ကသူ့ကိုဂျစ်ကန်ကန်လေးနေဖို့နဲ့ သူ့အပေါ်ဆိုးနွဲ့ဖို့ပြောလာခဲ့သည်။သူကတော့ ဂျွန့်ကိုသာနားလည်မှု့အပြည့်ပေးပြီးဘာဆိုဘာမှဆိုးခြင်း၊နွဲ့ခြင်း၊ပူဆာခြင်းမရှိပေ***

**သူနှင့်ချစ်သူတွေဖြစ်ပြီးသွားကြပေမယ့် ဂျွန်ဟာအလုပ်များသူဖြစ်၍ သူတို့တွေအပြင်မှာတော်ရုံမတွေ့ဖြစ်ကြပေဒါလည်းသူနားလည်ပါသည်။ဂျွန်ကတော်ရုံလုပ်ငန်းရှင်တစ်ယောက်မှမဟုတ်တာလေ..ချစ်သူနှင့်လျှောက်လည်ဖို့ရာ သူ့အတွက်ဘယ်အချိန်ပေးနိုင်ပါ့မလဲ***

**နောက် သူတို့ချစ်သူသက်တမ်း(၆)လပြည့်တော့ဂျွန်ကသူ့ကိုလက်ထပ်ဖို့ပြောလာခဲ့တော့သည်***

**သူအံ့အားသင့်သွားရပြီး သူ့ရင်ထဲလည်းအတော်လေးလည်းပျော်ခဲ့ရပါသည်။အခုလိုမြန်"ဆန်"ကြီးပြောလာလိမ့်မယ်လို့လည်း သူတကယ်ထင်မထားမိ။ဂျွန်ကသူ့ကိုလက်ထပ်မယ်တဲ့လေ****

**မေမေနှင့်တိုင်ပင်တော့.....မေမေကလည်းသဘောတူပေးပြီး သူတို့တွေလက်ထပ်ဖို့စီစဉ်ကြတော့သည်***

**သူ့မင်္ဂလာပွဲမှာ သူ့ရဲ့တစ်ဦးတည်းသောအချစ်ရဆုံးညီလေးဖြစ်တဲ့ ဂျင်လေးကိုရှိစေချင်ခဲ့တာမလို့ သူဆက်သွယ်ခဲ့ပေမယ့်....ဂျင်လေးက ဂျီမင်လေးကိုနာကြည်းပြီးကိုရီးယားမြေကိုခြေမချချင်သေးသည်ထင်။စာမေးပွဲကိုအကြောင်းပြုပြီး သူ့မင်္ဂလာပွဲကိုမလာဖြစ်တော့ကြောင်းပြောလေသည်****

**သူစိတ်မကောင်းဖြစ်မိပေမယ့် ဂျင်လေးခံစားချက်ကိုသူနားလည်ပါသည်။ထို့ကြောင့် သူအတင်းကြီးမတောင်းဆိုရက်တော့ပေ***

**သို့ပေမယ့် သူဂျွန့်ပုံကို ဂျင်လေးဆီလှမ်းပို့ပေးကာ အကဲခတ်ခိုင်းလိုက်တော့သည်***

**ဂျင်လေးက Hyungအပေါ်မှာသစ္စာရှိပြီးကြင်နာတတ်သည့်သူဖြစ်ရင်ရပြီလို့ပြောသည်။နောက်ပြီး Hyungနဲ့လည်းလိုက်သည်ဟုပြောလာခဲ့သည်***)

ဆော့ဂျင် သူ Hyungနှင့်ပြောခဲ့သည့်စကားတွေကိုပြန်ဖတ်မိတော့ အခုသူနှင့်ဂျွန်ဂျောင်ကု၏ဆက်ဆံရေးကြောင့် Hyungအပေါ်မှာအားနာမိတော့သည်။သူလုပ်ရပ်တွေမှားနေခဲ့ပြီလား....

သူ စာအုပ်လေးကိုပြန်လှန်လိုက်ရင်း.....စာကြောင်းတွေကိုရှေ့ဆက်ဖတ်လိုက်တော့သည်။

**ဒီနေ့က သူနှင့်ဂျွန်၏မင်္ဂလာပွဲနေ့...သူ့စိတ်ကြိုက်ပြင်ဆင်ပေးသည့်မင်္ဂလာပွဲမှာ သူပျော်ရွှင်ရပါသည်။သူချစ်ရသည့်သူကိုလည်းသူပိုင်ဆိုင်ရတော့ပြီ***

**ညရောက်တော့.....ဂျွန်ဟာ သူ,မထင်မှတ်ထားသည့်လက်ဆောင်တစ်ခုပေးစရာရှိသည်ဟုပြောလာခဲ့သည်။ဒီလက်ဆောင်ကိုမြင်လျှင် သူအံ့ဩမှင်သက်သွားမှာအသေအချာပဲဟုလည်းပြောလာခဲ့သည်***

**တကယ်လည်း သူရင်တွေခုန်ခဲ့ရပါသည်။ဂျွန်ဟာ သူ့ကိုမျက်စိမှိတ်ခိုင်းထားပြီး ပစ္စည်းလေးတစ်ခုယူလာခဲ့တော့သည်****

**တစ်အောင့်ကြာတော့ သူ့ကိုမျက်လုံးဖြည်း"ချင်းဖွင့်ကြည့်ခိုင်းလာတော့သည်။သူရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် ဂျွန်ပေးလာသည့်လက်ဆောင်ကို သူဖြည်း"ချင်းဖွင့်ကြည့်လိုက်တော့.....

**သူ့ကမ္ဘာတစ်ခုလုံးအမှောင်ကျသွားသလိုခံစားလိုက်ရသည်ခဲပန်းချီဖြင့်ရေးဆွဲထားခဲ့သည့်ပုံတူပန်းချီကားလေး***

**ဘယ်လိုလဲ အံ့ဩသွားတယ်မဟုတ်လားတဲ့။ကိုယ်လွန်ခဲ့သည့်2နှစ်လောက်ကတည်းကဆွဲထားခဲ့တာတဲ့လေကွဲပြားခြားနားချက်တွေရှိနေပေမယ့် တူတယ်မဟုတ်လားတဲ့မင်းလေးအံ့ဩသွားအောင် ကိုယ်ကြိုမပြောပြခဲ့တာတဲ့လေ****

**သူထိုစကားလုံးတွေဆက်မကြားနိုင်တော့လောက်အောင် အသက်ရှုတွေကျပ်လာခဲ့ရတော့သည်။မျက်ရည်တွေဟာလည်း ဟန်မဆောင်နိုင်လောက်အောင် ပိုး"ပေါက်"ကျဆင်းလာခဲ့တော့သည်။သူ့အဖြစ်ကို ဂျွန်ဟာဝမ်းသာမျက်ရည်ကျနေခဲ့သည်ဟုထင်လေတော့သည်****

**ထိုညက သူ့နှလုံးဖောက်သွားခဲ့၍ ဆေးရုံတင်ခဲ့ရလေတော့သည်**** )

ဆော့ဂျင် Hyungထိုညကဆေးရုံတင်လိုက်ရသည့်အဖြစ်ကိုသူ,မသိခဲ့ရပေ။ထိုပုံတူပန်းချီဟာ ဘယ်သူ့ပုံမလို့Hyungရှောခ့်ရသွားခဲ့တာလဲ?အဲဒီအချိန်တုန်းက သူHyungနှင့်အဆက်သွယ်ရခဲ့ပါသေးသည်။Hyungတို့ အိမ်ထောင်သက်2နှစ်လောက်ကြာမှ သူအားလုံးကိုအဆက်ဖြတ်ခဲ့တော့သည်မဟုတ်လား။ဒါဖြင့် သူ,မသိတာတွေအများကြီးရှိနေခဲ့တာလား?

ဆော့ဂျင် စာကိုရှေ့ဆက်ဖတ်ခဲ့လေတော့....

**သူထိုညက ဆေးရုံတက်ခဲ့ရတော့....ဆရာဝန်က နှလုံးရောဂါသည်ဖြစ်၍ စိတ်ခံစားလွယ်လို့မရသည့်အကြောင်းပြောကာ လိုအပ်တာတွေမှာကြားရင်း သူဆေးရုံဆင်းခဲ့ရတော့သည်***

**ဘာမှမသိသည့်ဂျွန်က သူပျော်စေချင်၍လုပ်ခဲ့သည့်လုပ်ရပ်ကြောင့် အခုလိုဖြစ်သွားခဲ့ရသည်ဆိုပြီး သူ့ကိုတောင်းပန်လေခဲ့တော့သည်။

သူဘယ်လိုလုပ်ရမလဲ။ နောက်ဆုတ်ဖို့လည်းမလွယ်တော့သလို ရှေ့ဆက်တိုးရန်လည်းခက်နေတော့ပြီ။သူဂျွန့်ကို နှလုံးသားအတွင်းထဲအထိ အမြစ်တွယ်လောက်အောင်ချစ်နေမိပြီ****

**တောင်းပန်ပါတယ်။ သူဆက်ပြီးပဲလိမ်ထားပါရစေတော့***

**သူတို့အိမ်ထောင်သက်2နှစ်ကြာလာတော့ အငှါးကိုယ်ဝန်ဆောင်ဖြင့် ကလေးယူဖို့ရန်ပြောတော့ ဂျွန်ကလက်မခံခဲ့ပေ***

**ပြောရင်ယုံမလားဘဲ။ ဂျွန်သည် သူဟာနှလုံးရောဂါသည်ဖြစ်၍ သူ့ကိုမထိခိုက်စေချင်တာမလို့ အိမ်ထောင်သက်2နှစ်ကြာလာသည်အထိ သူ့အသွေးအသားကိုမယူခဲ့ပေ။သူအဆင်ပြေသည်ဆိုသည့်အကြောင်းသာပြောပြခဲ့ပြီးသူတို့အိမ်ထောင်ရေးဟာ ရိုးရှင်းခဲ့လေတော့သည်***

**သူ ကလေးယူကိုယူမှဖြစ်မှာမို့ ဂျွန်နှင့်အတိုက်အခံလုပ်ပြီး ဖန်ပြွန်သန္ဓေသားဖြင့်ကလေးယူဖို့ရန်အတင်းတိုက်တွန်းတော့ ဂျွန်ကမကြည်ဖြူပေမယ့် နောက်ဆုံးလက်ခံပေးခဲ့တော့သည်***

**ကောက်ကျစ်သည့်အတွေးလို့သာပြောရမလား*** ဂျွန့်ကိုသူ့အနားရှိဖို့အတွက် ကြားခံသံယောဇဉ်ကြိုးမျှင်လေးဖြင့် သူချည်နှောင်ပြီးဆွဲထားပါရစေ***

**သားလေးကို အငှါးကိုယ်ဝန်ဆောင်ဖြင့်အောင်မြင်စွာမွေးဖွားခဲ့ပြီးနောက်***

**ဂျွန်သည်လည်းအလုပ်ကိစ္စတွေဖြင့်မအားမလပ်ဖြစ်ကာ သူသည်လည်း သားလေးဝေယျာဝစ္စတွေကိုလုပ်ပေးရင်း သူတို့တွေစားချိန်၊အိပ်ချိန်တွေတောင်မတူညီခဲ့ကြတော့ပေ***

**သူသည် ဂျွန့်ကိုအရမ်းချစ်ပါသော်လည်းသူ့အားနည်းချက်က နှုတ်ကမတာတတ်ခဲ့ပေဂျွန့်အပေါ်မှာလည်း တီ"တာ"မပြုမူတတ်ခဲ့ပေဂျွန့်ကိုရှိန်တာလည်းပါ၍ အမြဲတမ်းဘာတစ်ခုမှတောင်းဆိုလေ့မရှိဘဲတစ်ခါတစ်ရံမေမေ့ဆီသွားတာကလွဲရင် အမြဲအိမ်ထဲမှာသာနေရစ်လေ့ရှိသည်။မသိသူတွေဆို ဂျွန့်ကိုလူလွတ်ဟုသာထင်ပေကြလိမ့်မည်***

**အစကတည်းကအေးစက်နေသည့်ဆက်ဆံရေးဟာပို၍အေးစက်လာခဲ့တော့သည်***

**အလိမ်အညာတွေဟာ ကြာရှည်ဖုံးကွယ်ထားလို့မရသည်ဆိုတာကို သက်သေပြလာခဲ့တော့သည်။**တစ်နည်းပြောရရင် သူကြောက်ရွံ့နေသည့်နေ့ရက်ကိုရောက်ရှိလာခဲ့တော့သည်***

**ဂျွန်သည် အောက်ထပ်မှာသားလေးနှင့်အတူဆော့ကစားနေသည့်သူ့ကို အခန်းထဲလာခဲ့ဖို့ခေါ်လေတော့သည်။ဂျွန့်အသံဟာ သူတစ်ခါမှပင်မကြားခဲ့ဖူးသလိုမာနေတော့၍ သူစိုးထိတ်စွာဖြင့်သားလေးကို အိမ်တော်ထိန်းကြီးတို့လက်ထဲသို့ထည့်ခဲ့ကာ သူအပေါ်သို့တက်လာခဲ့တော့သည်***

**အခန်းထဲရောက်တော့ ဂျွန်သည် သူ့ကိုရဲတောက်နေသည့်မျက်ဝန်းတွေဖြင့်ကြည့်လာတော့ကာ***

**မင်းဘာလို့လိမ်ခဲ့ရတာလဲတဲ့***

**သူ့ရင်ထဲဒိန်းကနဲဖြစ်ပြီးကြောက်လန့်သွားတော့ကာ ကျွန်တော်ဘာများလိမ်မိလို့လည်းဂျွန်ရယ်ဟုမေးမိတော့ ဂျွန့်လက်ထဲမှာကိုင်ထားသည်ကသူ့ဖုန်းလေး....ဖုန်းScreenမှာမြင်နေရသည်က သူ,မဟုတ်သည့်ဂျွန်ရဲ့တစ်ယောက်သောသူ****

**[Hyung ကျွန်တော်ချောတယ်မဟုတ်လား]ဆိုသည့် စာနှင့်ပုံတွဲလျက်Screenshotလေး...ဂျပန်ကနှင်းတွေကြားမှာပြုံးနေတော့သည့်ကောင်လေး...သူသူ့ဖုန်းထဲမှာအမြတ်တနိုးသိမ်းထားခဲ့မိသည့်ပုံလေးကနောက်ဆုံးတော့.....****

**ဂျွန်သည် သူ့ရှေ့သို့ဖုန်းကိုထိုးပေးလာပြီး ဒီပုံထဲကသူကမင်းမဟုတ်တာတော့သေချာမှာပေါ့တဲ့ပန်းချီကားထဲကသူနဲ့တူလားကြည့်ပေးပါဦးတဲ့***

**သူချက်ချင်းပင်မျက်ရည်တွေစီးကျလာပြီးဂျွန့်ကိုကြည့်မိတော့***

**မင်းမလို့လုပ်ရက်တယ်တဲ့။ငါ့ကိုတစ်ချိန်လုံးလိမ်ထားနိုင်တာ မင်းသိပ်ကိုတော်ပါပေတယ်တဲ့မင်းရုပ်လေးနဲ့မှမလိုက် ဘယ်လိုစိတ်နဲ့များလုပ်ရက်လေခြင်းလဲတဲ့****

**သူချက်ချင်းပင်ဒူးထောက်ထိုင်ချလိုက်ပြီး ဂျွန့်ကိုတောင်းပန်မိတော့သည်***

**သူတမင်ရည်ရွယ်ချက်ရှိ"နဲ့ဖုံးကွယ်ခဲ့တာမဟုတ်ကြောင်း သူဂျွန့်ကိုသိပ်ချစ်မိသွားလို့ အခုလိုလိမ်ထားမိခဲ့တော့တာဖြစ်ကြောင်းနှင့် သူတို့မင်္ဂလာဆောင်သည့်ညကျမှ သူဒါတွေကိုသိခဲ့ရသည်ဖြစ်ကြောင်းရှင်းပြမိတော့****

**ဂျွန်ကသူ့ကို အဲဒါကြောင့် ပန်းချီကားကိုမြင်တော့ မင်းရှောခ့်ရသွားခဲ့တာလားတဲ့မင်းမဟုတ်တာသေချာနေတာတောင် မင်းမလို့ရှေ့ဆက်တိုးရဲတယ်တဲ့****

**သူမျက်ရည်တွေကျကာတောင်းပန်ရင်းသူ့နှလုံးသားကနောက်ဆုတ်၍မရခဲ့တော့တာကြောင့် သူဆက်လိမ်ခဲ့မိတော့တာဖြစ်ကြောင်း***

**အစကတည်းကသာ ဂျွန်သာကျွန်တော့်မိသားစုအပေါ်မှာစိတ်ဝင်စားမှုရှိခဲ့ပါလျှင်။ကျွန်တော်တို့ရည်းစားဘဝကတည်းက ကျွန်တော့်မှာသိပ်ချစ်ရတဲ့ညီလေးတစ်ယောက်ရှိကြောင်းဂျွန့်ကိုပြောခဲ့တာပဲဂျွန်ကိုယ်တိုင်ပဲ မင်းကလွဲပြီးကိုယ်တခြားစိတ်မဝင်စားဘူးလို့ပြောခဲ့လို့ ကျွန်တော်ဂျင်လေးပုံကိုထုတ်ပြခွင့်မရခဲ့သည်ဆိုသည့်အကြောင်းပြောပြတော့***

**မင်းမမှားဘူး ငါမှားခဲ့တာတဲ့လေ။ငါအသုံးမကျခဲ့တာမလို့ ငါ့ဘက်ကမှားခဲ့တာမလို့ အဲဒီအတွက် မင်းကိုဂျွန်ဂျီဟူရဲ့အုပ်ထိန်းသူအဖြစ် ဒီအိမ်မှာဆက်ရှိနိုင်ပေမယ့်ငါနဲ့မင်းကတော့ ဒီနေ့ကစပြီးသီးခြားနေကြတာပေါ့တဲ့***

**အစကတည်းကသာ ကိုယ့်အပိုင်မဟုတ်မှန်းသာသိခဲ့လျှင် သူရှေ့ဆက်တိုးခဲ့မှာမဟုတ်ဘူးလေသူကမှားခဲ့တယ်ဆိုရင်တောင် ဂျွန်သည်လည်းမှန်ခဲ့တာမှမဟုတ်တာ***

**သူ့နှလုံးသားက ဂျွန့်အပေါ်မှာကျွံလွန်သွားသည့်အချိန်ရောက်မှ သူဒါတွေကိုသိခဲ့ရတာလေပိုးဖလံငယ်လို မီးဟာပူမယ်မှန်းသိသိရဲ့နဲ့ထိုမီးတောက်ထဲကိုမှ ရူးမိုက်စွာဖြင့်ရှေ့ဆက်တိုးဝင်မိခဲ့တော့အလောင်ကျွမ်းခံရသည့်အခါ သနားမည့်သူ,မရှိကြပေ***

**သူလုယူခဲ့တာမျိုးလည်းမဟုတ်ခဲ့ရပါဘူး။ကိုယ့်နှလုံးသားထဲမှာရှိနေခဲ့သည့်လူတစ်ယောက်ဟာသူ့နှလုံးသားထဲမှာရှိနေခဲ့သည့်သူဟာကိုယ်မဟုတ်မှန်းသိသိရဲ့နဲ့ ရှေ့ဆက်တိုးနေရသည့်အဖြစ်ဟာ ဘယ်လောက်နာကျင်ရမှန်း ဘယ်သူမှမသိခဲ့ကြပါဘူး****)

ဆော့ဂျင် စာကိုရှေ့ဆက်မဖတ်နိုင်တော့ဘဲမျက်ရည်တွေအဆက်မပြတ်စီးဆင်းလာတော့ကာစာအုပ်ကလေးကို,ရင်ဝယ်ပိုက်ထားလိုက်တော့သည်။

မဟုတ်ဘူးမလား။ ဒါမဖြစ်နိုင်ဘူးမဟုတ်လား။တစ်ယောက်လောက်မဟုတ်ဘူးလို့ပြောပေးကြစမ်းပါ။

ဒါ့ကြောင့်လား။ ဒါ့ကြောင့် သူဂျွန်ဂျောင်ကုနှင့်စတွေ့ခဲ့တုန်းက သူ့ကို မင်းရဲ့Hyungမင်္ဂလာပွဲကိုဘာလို့မတက်ရောက်ခဲ့တာလည်းလို့မေးခဲ့တာလား....

မဟုတ်ဘူးမလား။ ဒီစာတွေကအမှန်ဟုတ်မနေခဲ့ဘူးမလား။

~~~~~~~~~{}{}{}{}{}~~~~~~~~~

ဆော့ဂျင် သူကင်မ်အိမ်တော်ကနေ ဂျွန်အိမ်တော်ဆီသို့ချက်ချင်းပြန်ခဲ့ရင်း ဂျွန်ဂျောင်ကု၏အခန်းသို့ဝင်ကာ သူထိုပန်းချီကားကိုရှာလာခဲ့လေတော့သည်။

ထိုသူက သူ့ပစ္စည်းတွေကိုသူ့အခန်းမှာပဲထားလေ့ရှိ၍ ဒီအခန်းကလွဲရင် တခြားဘယ်မှာမှမရှိနိုင်ပေ။

နောက်ဆုံး နံရံကပ်ဗီရိုအပေါ်ဆုံးထပ်ကို သူခုံခုကာလှပ်၍ရှာတော့သည်။

တစ်ကန့်ပြီးတစ်ကန့်ရှာရင်း နောက်ဆုံး၅ကန့်မြောက်မှာ သူထိုပန်းချီကားဟုထင်ရသည့်ဘောင်တစ်ခုကို ဗီရိုထဲကနေထုတ်ယူလိုက်ပြီး ခုံပေါ်ကနေပြန်ဆင်းကာ

ချည်ထားသည့်ဖဲကြိုးစကိုဖြည်ချလိုက်တော့......

မြင်လိုက်ရသည်က......ခဲပန်းချီဖြင့်ရေးဆွဲထားသည့်ပုံတူပန်းချီဟာ တကယ်ပင်ဟုတ်နေခဲ့တော့သည်။

မျက်နှာကိုအသားပေးရေးဆွဲထားပြီး ဆံပင်ကေဟာလည်းသိသာထင်ရှားစေသည်။

ထိုပုံတူပန်းချီကိုမြင်လိုက်တာနဲ့ အသက်အရွယ်2နှစ်သာကွာခြားမှုရှိပြီး ရုပ်ချင်းအတော်ဆင်ကြသည့်သူတို့ညီအကိုနှစ်ယောက်မှာ ဒီပုံသည်ဘယ်သူ့ပုံဆိုတာ သူတို့ညီအကိုနှစ်ယောက်စလုံးကိုသိကြသည့်သူများသာသိနိုင်ပေလိမ့်မည်။

ကာယကံရှင်တွေကတော့ပိုသိနိုင်ကြပေမပေါ့.....

" Baby..."

ဆော့ဂျင် ထိုပုံတူပန်းချီကားကိုစူးစိုက်စွာကြည့်နေမိရင်းအသံကြားရာလှည့်ကြည့်လိုက်တော့ အခန်းဝမှာရပ်နေသည့်ထိုသူ။

ပန်းချီကားသူ့လက်ထဲရောက်နေတာတောင် ထိတ်လန့်ခြင်းအမူအရာတောင်မပြသည့်ထိုသူ့ကို သူ,နာ"ကြည်း"ကြည့်လိုက်ပြီး....

" ဘယ်လိုလဲဂျွန်ဂျောင်ကု...ကျွန်တော့်အကိုကိုလောကကြီးထဲကနေစော"စီး"ထွက်ခွါသွားအောင်လုပ်ခဲ့ပြီး ခင်ဗျားကတော့ဟန်မပျက်ပါဘဲပျော်နေနိုင်ခဲ့တယ်ပေါ့..."

သူကသာတင်းမာနေပေမယ့် ထိုသူကအေး"လူ"သူ့အနားလျှောက်လာတော့ပြီး.....

" ဒီအနေအထားအရ Babyတစ်နည်း"နဲ့သိလာတော့ပြီဆိုတာ ကိုယ်ရိပ်မိပါတယ်..ဒါပေမယ့် Babyထင်နေသလိုမဟုတ်ဘူး..."

" ဘာအပြစ်ရှိလို့လဲ...Hyungမှာဘာအပြစ်ရှိလို့ခင်ဗျားကအခုလိုရက်စက်နိုင်ခဲ့ရတာလဲ!!..."

ဆော့ဂျင်မျက်ရည်တွေကြားကနေအော်လိုက်တော့....

" Babyမှားနေတယ်...ကိုကိုသူ့အပေါ်မှာမတရားတာဘာမှမလုပ်ခဲ့ဘူး...ကိုကို့အပေါ်လိမ်ရက်ခဲ့တာတောင် ကိုကိုသူ့ကိုခွင့်လွှတ်ပေးခဲ့တာ..."

" ဟက်! ခွင့်လွှတ်ပေးခဲ့တာဟုတ်လား..ဟာသပဲဂျွန်ဂျောင်ကုရယ်...ဘယ်သူကစမှားခဲ့တာလဲ!သူ့သူအေး"ချမ်း"ရှိနေခဲ့တဲ့Hyungဘဝလေးကိုခင်ဗျားအရင်ဝင်ရောက်ဖျက်စီးပစ်ခဲ့တာမဟုတ်ဘူးလား!!.."

" ကိုကိုစမှားခဲ့တယ်...မှန်တယ်....တစ်ကြိမ်တစ်ခါပဲတွေ့ဖူးခဲ့တဲ့ကောင်လေးကိုနှလုံးသားထဲစူးနစ်နေအောင်စွဲလမ်းခဲ့ရလို့တစ်နှစ်ကျော်ထိလိုက်ရှာခဲ့ရင်း မထင်မှတ်ထားဘဲကော်ဖီဆိုင်မှာတွေ့လိုက်ရတဲ့အချိန်မှာ မွှန်နေခဲ့တဲ့ကိုယ်က လူတူမရှားနာမည်တူမရှားတွေမစဉ်းစားနိုင်တော့ဘဲ ကိုယ်ချဉ်းကပ်ခဲ့မိတယ်...ဒါကိုယ့်ရဲ့ပထမအမှား...ဒုတိယအမှားကကိုယ်မင်းလက်ထဲမှာရှိနေတဲ့ပုံတူပန်းချီကို မင်္ဂလာဆောင်တဲ့ညရောက်မှ မင်းအမှတ်နဲ့ပျော်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ အချိန်လွန်သွားမှထုတ်ပြခဲ့မိတာ ကိုယ့်ရဲ့နောင်တရစရာအကြီးကျယ်ဆုံးအမှားတစ်ခုပဲကိုယ်သာ ဒီပန်းချီကားကိုစော"ထုတ်ပြခဲ့ပြီးမင်းနဲ့ဘယ်လိုဆုံခဲ့သည့်အကြောင်းသာကြိုပြောပြခဲ့မိရင်...ဒါမှမဟုတ် မင်းသာမင်္ဂလာပွဲကိုတက်ရောက်ခဲ့ရင်အခြေအနေတွေဟာတစ်မျိုးပြောင်းသွားခဲ့မှာအသေအချာပဲ...."

" ဒါပေမယ့်လည်းကိုယ်ယောကျာ်းပါ...ကိုယ်တောင်မင်းကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့မွှန်ထူပြီး တခြားဘာကိုမှမလေ့လာဘဲအမှားကြီးမှားခဲ့တာဖြစ်တဲ့အတွက် သူလည်းကိုယ့်ကိုချစ်မိသွားတဲ့စိတ်နဲ့မှားခဲ့တာမလို့ကိုယ်သူ့ကိုခွင့်လွှတ်ပေးခဲ့တယ်...ကိုယ့်အဖေကဖောက်ပြန်ခဲ့တဲ့သူ,မလို့ ဖောက်ပြန်တာကိုမုန်းတဲ့ကိုယ်က သူ့ကိုမချစ်မိတာကလွဲရင် ကိုယ့်စိတ်တွေမဖောက်ပြားအောင်နေခဲ့တယ်...ကိုယ်လက်ထပ်ခဲ့မိတဲ့သူက ကိုယ်ချစ်ခဲ့ရတဲ့ကောင်လေးမဟုတ်ပါလားဆိုတဲ့အတွေးတွေကကိုယ့်ကိုသေလူတစ်ယောက်လိုချောက်ချားစေခဲ့တယ်ကိုယ့်ဘဝကိုယ်နာကြည်းမိတဲ့အချိန်တိုင်းကိုယ်အလုပ်တွေကိုသာနေ့မနားညမနားဖိလုပ်ခဲ့မိတယ်..."

" ကိုယ့်ရဲ့လစ်ဟင်းမှုကြောင့် သူ့ကျန်းမာရေးအခြေအနေဆိုးနေခဲ့တာကိုကိုယ်မသိခဲ့ဘူးကိုယ်တမင်လျစ်လျူရှုခဲ့တာမျိုးမဟုတ်ဘဲ အရင်ကတည်းကသူနဲ့ကိုယ်နဲ့ကဖက်လဲတကင်းမရှိခဲ့ကြတော့ကိုယ်သိလိုက်ရတဲ့အချိန်မှာ သူ့ရောဂါကလွန်နေခဲ့တော့ပြီကိုယ်ဂရုမစိုက်ပေးမိခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကိုအပြစ်ရှိတယ်လို့လည်းကိုယ်ခံစားခဲ့ရပါတယ်..."

ဆော့ဂျင် မျက်ရည်တွေကျကာ နှုတ်ခမ်းကိုပြတ်လုမတတ်ကိုက်ထားရင်း....

" ခင်ဗျားကိုယ်ထိလက်ရောက်မကျူးလွန်ခဲ့လည်းစိတ်နဲ့သတ်ခဲ့တာပဲလေ...နှလုံးရောဂါအခံရှိတဲ့Hyungကခင်းဗျားစိတ်နဲ့လောကကြီးထဲကနေထွက်ခွါသွားခဲ့ရတာလေ!ဘာမှမဖြစ်သလိုနေနိုင်ခဲ့တဲ့ခင်ဗျားကို သိပ်ကိုအံ့ဩမိပါတယ်ဂျွန်ဂျောင်ကုရယ်...Hyungအပေါ်မှာနည်း"လေးမှတောင်အားနာမှုမရှိခဲ့ဘူးလား..."

" ကိုကိုအိမ်ထောင့်တာဝန်ကျေပွန်ခဲ့ပေမယ့်သူ့အပေါ်မှာနွေးထွေးမှုမပေးမိခဲ့တာကိုတော့ဝန်ခံပါတယ်...ဒါပေမယ့် သူအဲလောက်အထိဖြစ်သွားလိမ့်မယ်လို့ ကိုကိုတကယ်မထင်ခဲ့မိတာပါ...အဲဒီအတွက် ကိုကို့မှာအပြစ်ရှိတယ်ဆိုရင်Babyကိုကို့ကိုကြိုက်တဲ့အပြစ်ပေးပါ...ကိုကို့ကိုရိုက်ချင်သပါ့ဆိုလည်းရိုက်ပါ...ဒူးထောက်​တောင်းပန်ဆိုရင်လည်း ကိုကိုတောင်းပန်ဖို့အဆင်သင့်ပါပဲ..."

ဆော့ဂျင်မျက်ရည်တွေကိုသုတ်ချလိုက်ပြီး.....

" ကွာရှင်းကြရအောင်...."

~~~~~~~~~{}{}{}{}{}~~~~~~~~~~~

🎆ကဲအားလုံးပဲ နှစ်သစ်မှာစိတ်သစ်ကိုယ်သစ်နဲ့ လုပ်ကိုင်ဆောင်ရွက်သမျှအောင်မြင်ကြပါစေ။ဖြစ်ချင်သောဆန္ဒလေးများလည်း အမြန်ဆုံးအကောင်ထည်ဖော်နိုင်ကြပါစေ။ပိုကောင်းတဲ့အနာဂတ်ဆီသို့တက်လှမ်းနိုင်ကြပါစေရှင့်🎆

There are no comments yet. Log in to be the first to leave a review!

Similar stories