Fanfics

I T Y - 17

14:57, 14 December 2024

ဆော့ဂျင် သူနိုးလာခဲ့တော့ အရင်ဆုံးတိတ်ဆိတ်မှုကိုသာခံစားလိုက်ရသည်။တစ်ဆက်တည်းသူ၏ခန္ဓာကိုယ်ကိုစစ်ဆေးကြည့်မိတော့ အဝတ်အစားတော့ရှိနေလေသည်။

အခန်းအတွင်းမျက်လုံးဝှေ့ကြည့်လိုက်တော့ ထိုသူကိုမတွေ့ရပေ။သူ ကုတင်ခေါင်းရင်းကိုခေါင်းအုံးခုလိုက်ပြီးခန္ဓာကိုယ်ကိုအပေါ်သို့တိုးကာမှီထားလိုက်တော့သည်။

ညကအကြောင်းအရာတွေ ခေါင်းထဲအစီအရီပြန်ဖော်ကြည့်တော့ စိတ်ပျက်စရာတွေကလွဲရင် ဘာတစ်ခုမှမှတ်မိချင်စရာမရှိပေ။

အိပ်မက်ဖြစ်ပါစေဟုဆုတောင်းရအောင်လည်းအိပ်မက်မဟုတ်တာသူ့ခန္ဓာကိုယ်ကသက်သေပင်။

လှုပ်"ရှား"လည်းမရှိချင်လှတာမလို့ သူမျက်လုံးအစုံကိုပြန်မှိတ်လိုက်မလို့ပြင်လိုက်စဉ်....အခန်းတံခါးဟာပွင့်လာခဲ့တော့သည်။

ဘယ်သူဝင်လာခဲ့တာဖြစ်"မကြည့်မိဖို့လုပ်ခဲ့ပေမယ့်မျက်ဝန်းအစုံဟာသစ္စာဖောက်စွာဖြင့်ထိုနေရာသို့ရောက်သွားခဲ့တော့ မုန်းမိသူနှင့်မျက်ဝန်းချင်းဆုံလေသည်။

သူချက်ချင်းပဲ မျက်နှာကိုတစ်ဖက်သို့လွှဲချပစ်လိုက်တော့သည်။

" နိုးလာပြီလား..."

".........."

သူ့အနားရောက်လာပြီး ပုံမှန်လိုစကားပြောနေသူကို သူလျစ်လျူသာရှုထားလိုက်တော့သည်။မျက်နှာလည်းမမြင်ချင်သလို အသံလည်းမကြားချင်...

" ရေနွေး"လေးနဲ့ရေချိုးမလား..ကိုယ်စပ်ပေးမယ်..."

ဘာမှမဖြစ်သလိုပြောနေပြီး သူ့ခန္ဓာကိုယ်ကိုလာထိကာ ချီတော့မလိုလုပ်နေသူကြောင့်သူနားသယ်စပ်ကိုရိုက်ချလိုက်တော့သည်။

ဖြောင်း!!....

ဒီလောက်တော့ခံရသင့်တယ်မဟုတ်လား....

အားပါပါရိုက်ချက်ကြောင့် သူ့လက်ကစပ်ဖျင်း"ဖြစ်သွားခဲ့ပေမယ့်ထိုသူကဘယ်လိုမှတောင်မနေ။

" နေလို့မကောင်းဘူးမဟုတ်လား...အားမသုံးနဲ့..တကယ်လို့ရေမချိုးချင်ရင်လည်းဘာမှမဖြစ်ဘူး..."

ဆော့ဂျင်အံ့ဩမိပါသည်။ အခုသူ့ကိုတောင်းပန်စကားလေးတောင်မဆိုဘူးတဲ့လား။

" ဆေးသောက်ရအောင်...လိုအပ်တာမှန်သမျှကိုယ့်ကိုပြော...ဒီအခန်းထဲဘယ်သူ့ကိုမှကိုယ်ဝင်ခိုင်းမထားဘူး..."

ထိုလူက ကြက်ပေါင်းပန်းကန်ကိုမွှေနေပြီး အေး"လူ"တစ်ယောက်တည်းပြောနေခဲ့တော့သည်။

" ဆေးသောက်ရမှာ အစာမရှိလို့မရဘူး...နည်း"ဖြစ်"သောက်ရမယ်..."

ဇွန်းကိုသူ့နှုတ်ခမ်းနားတေ့လာပြီး အမိန့်နဲ့တိုက်နေတော့....သူလည်းနှုတ်ခမ်းကိုသာတင်း"စေ့ထားလိုက်တော့သည်။

" မင်းအားမရှိရင်ကိုယ့်ကိုရန်မလုပ်နိုင်ဘူးနော်အခုနကရိုက်ချက်ကပျော့တယ်...ကိုယ့်ကိုရိုက်ချင်သေးတယ်မလား...သောက်..."

သူတော်ကောင်းယောင်ဆောင်နေပြန်ပါပြီ။သူ့ကိုရိုက်ဖို့အတွက်နဲ့များ......

" ဂျွန်ဂျီဟူကျောင်းသွားဖို့အတွက်မနက်စာမစားရသေးဘူး...ကိုယ်ဒီကြက်ပေါင်းအလွတ်ပန်းကန်ကိုအောက်မပို့မချင်း သူ့ကိုလည်းမကျွေးရဘူးပြောထားတယ်..."

ထိုလူ့စကားကြောင့် ဆော့ဂျင်မယုံနိုင်သလိုလှည့်ကြည့်လိုက်တော့သည်။ ကြိုတင်တောင်အစီအစဉ်ချပြီး ဘယ်လိုတောင်လုပ်ရပ်လေခြင်းလဲ။

" ဟ...."

ထိုလူပြောတော့ သူ့နှုတ်ခမ်းလေးယောင်ယမ်းဟပေးမိတော့သည်။

ဝဲချင်နေသည့်မျက်ရည်တွေကိုလည်း မသိကျိုးကျွန်ပြုကာ မကျမိဖို့အားတင်းထားလိုက်တော့သည်။ သူဂျီဟူလေးကိုသနားလိုက်တာ။

သူ့စိတ်ကအာခံချင်ပေမယ့်လည်း သူ့နှလုံးသားကဂျီဟူလေးကြောင့်အလျှော့ပေးလိုက်ရတော့ကာထိုလူတိုက်သည့်ဆေးနဲ့ကြက်ပေါင်းကိုငြိမ်ခံပြီးသာသောက်လိုက်ရတော့သည်။***ဂျောင်ကု ပန်းကန်လေးသိမ်းကာအောက်ဆင်းလာခဲ့တော့ သက်ပြင်းတစ်ချက်သာခပ်နာ"ချမိသည်။

ခေါင်းမာတတ်သည့်ဂျင်က သူဘယ်လိုမှတိုက်၍မရမှန်းသိလို့ အကြံထုတ်ပြီးသုံးလိုက်ရပေမယ့်သူ့ကိုအကြင်နာတရားကင်းမဲ့ပြီးရက်စက်တတ်သည့်သူလို့ အလွယ်တကူထင်သွားခဲ့တာကိုတော့သူတကယ်စိတ်မကောင်းပေ။

သူတိုက်သည့်ဆေးနှင့်ကြက်ပေါင်းရည်ကိုငြိမ်ခံပြီးသောက်ခဲ့တယ်ဆိုပေမယ့် သူ့ရင်ထဲနာကျင်ရပါသည်။

မင်းအမြင်မှာကိုယ်ကအဲလောက်ထိတောင်ဆိုးသွမ်းသည့်သူတဲ့လား......

~~~~~~~~~~{}{}{}{}{}~~~~~~~~~~

ဂျွန်ဂျောင်ကုကသူပြောခဲ့သည့်အတိုင်းအခန်းထဲသို့ဘယ်သူ့မှပေးမဝင်ပါဘဲ သူ့ဝေယျာဝစ္စတွေကိုသူကိုယ်တိုင်သာလုပ်ဆောင်ပေးသည်။

အခုလည်း သူ့အခန်းထဲလာပြီးLaptopတစ်လုံးဖြင့်ခြေချိတ်ကာမိန့်"ကြီးထိုင်နေလေသည်။

အလုပ်ထဲအာရုံရောက်မရောက်တော့မပြောတတ်သူနည်း"လေးလှုပ်"ရွ"လုပ်လိုက်တာနဲ့မျက်လုံးကသူ့ဆီသို့ရောက်"လာသည်။

Ring...Ring...📱

ဆော့ဂျင် သူ့ဖုန်းလာနေတော့ ကောက်ကိုင်ရင်းထိုသူ့ဆီအကြည့်ရောက်မိတော့ထိုသူကလည်းသူ့ကိုစိုက်ကြည့်နေလေသည်။

သူလည်းမျက်နှာပြန်လွှဲလိုက်ပြီး.....

" Hello..."

🤳🏻: ဆော့ဂျင်..ငါညကတည်းကဖုန်းတွေခေါ်ထားသေးတယ်...မင်းနဲ့ဂျွန်ဂျောင်ကုဘာဖြစ်ကြသေးလဲ...စကားများကြသေးလား..."

ယွန်းဂီကသူ့ကိုစိတ်ပူပြီးမေးနေပေမယ့်သူယွန်းဂီအမေးကိုဘာပြန်ဖြေရမှန်းတောင်မသိတော့။ဖြေဖို့ရာအတွက်စကားလုံးတွေလည်းရှိမနေတော့ဘူးလေ။

ညကအကြောင်းအရာတွေကို သူမှတ်ဉာဏ်တွေထဲတောင်ဖျောက်ပစ်ချင်သည်။

🤳🏻: ဆော့ဂျင်...ငါမေးနေတယ်လေရန်ဖြစ်ကြသေးလားလို့..."

" ဟမ်...ငါ......"

" ဘာလုပ်တာလဲ!!..."

ဂျွန်ဂျောင်ကုက ဘယ်အချိန်ထလာသည်မသိသူ့လက်ထဲကဖုန်းကိုဆွဲယူသွားတော့သည်။

" ဘာအကြောင်းကိစ္စရှိလို့လဲ..."

🤳🏻: ဗျာ?..."

တစ်ဖက်ကယွန်းဂီသည်လည်း ဆော့ဂျင်ပြန်အဖြေကိုစောင့်နေရင်း ဆော့ဂျင်မဟုတ်သည့်တခြားတစ်ယောက်၏ရုတ်တရက်အမေးကြောင့် သူကြောင်အသွားရတော့သည်။ ပြီးမှ......

🤳🏻: ကျွန်တော်မင်ယွန်းဂီပါ...ဆော့ဂျင်ရဲ့သူငယ်ချင်း...ညကဆော့ဂျင်နေသိပ်မကောင်းလို့ကျွန်တော်ပြန်လိုက်ပို့ပေးလိုက်တာ...အခုအဲဒါသူသက်သာရဲ့လားလှမ်းမေးတာ..."

" ဪ...CEO Min..."

ပိုင်စိုးပိုင်နင်းနဲ့သူ့ဖုန်းကိုယူဖြေနေပြီးတစ်ဖက်ကယွန်းဂီမှန်းလည်းသိရောဂျွန်ဂျောင်ကုက သူ့ဘက်တစ်ချက်လှည့်ကြည့်လာသည်။ဖုန်းဆက်တာဟိုတစ်ယောက်ဟုထင်လိုက်လို့နေမှာပေါ့....

" ဟုတ်တယ်...ဂျင်ကနေသိပ်မကောင်းလို့လေ..အခုလည်းသူအိပ်ချင်နေတာဆိုတော့....."

🤳🏻: အာ...ကောင်းပါပြီ...ကျွန်တော်နောက်မှပဲပြန်ဆက်လိုက်ပါတော့မယ်..."

ထိုလူကဖုန်းကိုချပစ်လိုက်ပြီး သူ့ကိုဖုန်းပြန်မပေး။

ဘာအချိုးလဲ.....

" ဒီနေ့ကစပြီး မင်းရဲ့ဘယ်လိုကိစ္စမဆို ကိုယ်ဝင်ပါရလိမ့်မယ်...ကိုယ်မသိဘဲဘာတစ်ခုမှမင်းလုပ်ပိုင်ခွင့်မရှိဘူး..."

ဘယ်သူ့ကိုအာဏာလာပြနေတာ?

" အဟက်! ကြောက်စရာပဲ..."

" ကိုယ်ကလည်းသတိပေးတာ...မင်းကိုအရင်လိုအလျှော့ပေးတော့မှာမထင်လိုက်နဲ့...ဒီနေ့ကစပြီး မင်းကိုယ့်အခန်းမှာပြောင်းနေရမယ်..ဒီလိုမှမဟုတ်လည်း ကိုယ်မင်းအခန်းမှာလာနေမယ်..."

" သွားသေလိုက်လေ...ဘာကိစ္စနဲ့နေရမှာလဲ.."

ဘာဆိုင်လို့သူတို့ကတစ်ခန်းထဲအတူ"နေရမှာ..အလျှော့မပေးတော့ရော သူကသောက်ဂရုစိုက်ရမှာတဲ့လား။

" ဘာကိစ္စနဲ့လည်းဆိုတော့....."

ထိုလူက ကိုယ်ကိုကိုင်းချလာပြီး သူ့မျက်နှာနားသို့တိုးကပ်လာကာ....

" မင်းကိုကိုယ်က စာချုပ်ထဲမှာပဲပိုင်တော့တာမဟုတ်ဘူးနော်ဂျွန်ဆော့ဂျင်...မလုံလောက်သေးရင်သက်သေထပ်ပြပေးရမလား..."

" လူယုတ်မာ!!..."

ဆော့ဂျင် လက်တစ်ဖက်မြှောက်ပြီးပါးကိုရိုက်ချလိုက်ပေမယ့်ထိုသူကသူ့လက်ကောက်ဝတ်ကိုဖမ်းဆုပ်ထားလေသည်။

" လွှတ်စမ်း!!.."

" အားတွေအကုန်ထုတ်သုံးနေတော့တာပဲ...နောက်နေ့စာတွေအတွက်ချန်ထားဦးမှပေါ့..."

သူကရုန်းတော့ ထိုသူကသူ့လက်နှစ်ဖက်လုံးကိုဆုပ်ကိုင်ထားပြီး သူ့ကိုအနောက်သို့ဖြည်း"ချင်းလှန်ချလေသည်။

" ကိုယ်အလုပ်,လုပ်ရဦးမှာ..."

သူ့ခန္ဓာကိုယ်လေးပက်လက်ဖြစ်သွားပြီးထိုသူကသူ့နှုတ်ခမ်းကိုဖွဖွဖိကပ်နမ်းလာတော့သည်။

" အိပ်တော့...."

စောင်ကိုရင်ဘတ်အထိဆွဲခြုံပေးကာ သူ့ခေါင်းကဆံပင်ကိုပွတ်သပ်ပေးတော့....

ဆော့ဂျင်သူ့နှုတ်ခမ်းကိုခပ်ကြမ်း"ပွတ်သုတ်ပစ်လိုက်သည်။

" လူယုတ်မာ!!..."

" အင်း...အဲဒီယုတ်မာတဲ့လူကိုပဲ မင်းယောကျာ်းတော်ထားရတာပဲလေ..."

ပြောပြီး သူ့နှုတ်ခမ်းလေးနောက်တစ်ကြိမ်ဖိကပ်အနမ်းခံလိုက်ရပြန်တော့သည်။

" မဆိုးတော့နဲ့...အိပ်တော့..."

~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

" အီးဟီး...ဖိုးဖိုးမင်...ဒယ်ဒီ...လုပ်ပါဦး..."

ဂျီဟူလေး၏ငိုသံကြောင့် အိမ်တော်ထိန်းကြီးတို့အပေါ်သို့ပြေးတက်လာကြတော့သည်။

" အီးဟီး...ပါပါး..."

" ဂျီဟူလေး...ဘာဖြစ်လို့လဲဟင်...ဘာဖြစ်လို့လဲ ဖိုးဖိုးတို့ကိုပြောပါဦး..."

" အီးဟီး...ပါပါးမရှိတော့ဘူး...အခန်းထဲမှာပါပါးမရှိတော့ဘူး..."

" ဟင်!?..."

" ပါပါးကဂျီဟူတို့ကိုမုန်းပြီးထွက်သွားပြီ အီးဟီး..."

" မဟုတ်လောက်ပါဘူးဂျီဟူလေးရဲ့ရေချိုးခန်းထဲမှာ ရေချိုးမျက်နှာသစ်နေတာရောမဖြစ်နိုင်ဘူးလား..."

" အင့်...မရှိဘူး...ဂျီဟူအကုန်ရှာကြည့်ပြီးသွားပြီ..."

" အင်းပါ အင်းပါ..မငိုပါနဲ့ဂျီဟူလေးရယ်...ဂျီဟူလေးရဲ့ဒယ်ဒီ သခင်ကြီးကိုဖိုးဖိုးမေးကြည့်ပေးမယ်နော်..."

သခင်လေးအခန်းထဲမှာမရှိတော့ဘူးသိလိုက်ရတော့အိမ်တော်ထိန်းကြီးတို့လည်း ပျာယာခတ်သူကခတ်နဲ့အကုန်ထိတ်လန့်ကုန်ကြသည်။

သခင်ကြီးအခန်းရှေ့ကိုသွားလိုက်ပြီး......

ဒုန်းဒုန်းဒုန်း!! ဒုန်းဒုန်းဒုန်း!!!

" သခင်ကြီး! သခင်ကြီး!! သခင်....."

ထိုစဉ် အခန်းတံခါးပွင့်လာပြီး.....

" တံခါးကိုဘာလို့အဲလောက်ထုနေရတာလဲ!ဆူညံပွက်နေတာပဲ! ဘာဖြစ်နေကြတာလဲ!!.."

ဂျောင်ကုကြည့်လိုက်တော့ ဦးလေးမင်ကအခန်းရှေ့မှာရှိနေပြီး ကျန်သူတွေကလည်းခပ်လှမ်း"မှာရှိနေကြသည်။ ဂျွန်ဂျီဟူသည်လည်းငိုလို့.....

" ဂျွန်ဂျီဟူကဘာလို့ငိုနေတာလဲ?..."

" ဟို..ဟို...သ.သခင်လေးမရှိတော့လို့ပါသခင်ကြီး..."

" ဘာကိုမရှိတာလဲ?..."

" ဟို....ဟို...."

" ဒယ်ဒီ...ပါပါး..ပါပါးအခန်းထဲမှာမရှိတော့ဘူး အီးဟီး..."

" ကျစ်! ဘာများလဲလို့...မင်းပါပါး ဒယ်ဒီ့အခန်းထဲမှာ..."

" ဟင်?..."

" ခင်ဗျာ?..."

ဂျီဟူကချက်ချင်းအငိုတိတ်သွားပြီး ကျန်သူအားလုံးကလည်းကြောင်ကြည့်နေကြသည်။

" နေစမ်းပါဦး...တကယ်လို့ထွက်သွားတယ်ဆိုတော့ရောဒီအိမ်မှာလူတွေဒီလောက်ရိုက်သတ်လို့တောင်မကုန်တာတစ်ယောက်မှတောင်မသိကြတော့ဘူးတဲ့လား..."

" ဟို..ဟို...ကျွန်တော်တို့လည်းဂျီဟူလေးကငိုတော့ ထူပူသွားပြီး...နောက်ပြီး သခင်လေးကလည်းသူ့အခန်းထဲမှာရှိမနေတော့..."

" ဒါနဲ့ပဲမစဉ်းစားမချင့်ချိန်တတ်ကြတော့ဘူးတဲ့လား..."

" တောင်းပန်ပါတယ်သခင်ကြီး..."

" ဂျီဟူလေး..ပါပါးလည်းရှိပြီဆိုတော့ ဖိုးဖိုးတို့သွားကြရအောင်နော်..."

" ခဏလေးပါ...ဒယ်ဒီ ဂျီဟူပါပါးကိုခဏလောက်ကြည့်လို့ရမလားဟင်..."

သူ့ပါပါးရှိမရှိအတည်ပြုချင်နေသည့်ဂျီဟူလေးကြောင့် အိမ်တော်ထိန်းကြီးခမျာ ဖြူနေသည့်ဆံပင်တွေပါကျွတ်ချင်လာတော့သည်။သခင်ကြီးကငေါက်နေပါတယ်ဆိုကွယ်။

" အင်း..ဒီကနေပဲကြည့်...မင်းပါပါးနေသိပ်မကောင်းဘူး...တော်ကြာနိုးသွားလိမ့်မယ်...."

" ဟုတ်ကဲ့..."

ဂျီဟူက ငိုထား၍ရဲနေသည့်နှာခေါင်းလေးကိုပွတ်ကာ အခန်းဝကနေသူ့ပါပါးကိုခြေဖျားလေးထောက်ကာလှမ်းကြည့်လေသည်။

သူ့ပါပါးအိပ်နေတာလည်းမြင်ရော မျက်နှာလေးကချက်ချင်းပြုံးသွားပြီး သူ့ဒယ်ဒီကိုမော့ကြည့်ကာ....

" ဒယ်ဒီ...ဂျီဟူဒီနေ့ကျောင်းပိတ်တယ်...အဲဒါ ပါပါးနိုးလာရင်ဂျီဟူလာခဲ့လို့ရမလားဟင်..."

သူ့ဒယ်ဒီကိုခွင့်တောင်းနေပုံလေးက သူ့ပါပါးကိုအတော်လေးချစ်ရှာတာသိသာစေသည်။အရင်ရက်ကတွေတုန်းကလည်း သူ့ပါပါးကိုမတွေ့ရတော့ လွမ်းနေရှာရောပေါ့.....

" အင်း...ရတယ်..."

သခင်ကြီးသည်လည်း အသည်းမာသည့်သူ,မဟုတ်လေတော့ ထိုသားအဖကိုဘယ်ခွဲထားရက်နိုင်ပါ့မလဲ။

" ဦးလေးမင်...ဂျီဟူ့ကိုမနက်စာကျွေးပြီးရေချိုးပေးလိုက်..."

" ဟုတ်ကဲ့ပါသခင်ကြီး..."

အပြင်မှာဘယ်လောက်ဆူညံနေပါသော်လည်းအခန်းထဲကသခင်လေးကတော့မနိုးရှာပေ။

ဂျောင်ကုညက ဂျင့်ကိုသူ့အခန်းပြောင်းဖို့ပြောပေမယ့် အပေအတေလေးကတုပ်"မှမလှုပ်ချေ။

ထို့ကြောင့် ဤအဆိုးလေးကို နှာသံလေးပေါက်ပြီးဖျားချင်သလိုဖြစ်နေ၍ သူဆေးတိုက်ထားပြီး ဆေးရှိန်ဖြင့်ကောင်း"အိပ်ပျော်သွားမှသာလျင် သူ့အခန်းသို့ပွေ့ချီပြီးပြောင်းရွှေ့ခဲ့တော့သည်။

နိုးလာရင်တော့ဘယ်လိုနေမည်မသိ။

~~~~~~~~~~{}{}{}{}{}~~~~~~~~~~

🤍

အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါ။

There are no comments yet. Log in to be the first to leave a review!

Similar stories