Fanfics

I T Y - 12

15:04, 30 November 2024

ဂျွန်ဂျောင်ကုက တစ်နေ့လုံးသူ့အခန်းထဲစောင့်ပေးလေပြီး သူလိုအပ်တာမှန်သမျှလည်းအကုန်လုပ်ပေးရှာသည်။

ဆော့ဂျင် သူဝင်လာသမျှmessageတွေကိုလျစ်လျူရှုကာ ဖုန်းကိုလည်းnotiပိတ်ပြီးခေါင်းအုံးအောက်ပို့ထားခဲ့တော့သည်။

သူ့ဖုန်းနံပါတ်ကိုဘယ်လိုများရသွားသည်မသိ။မဟုတ်မှ မင်ယွန်းဂီ? ဒီသကောင့်သားမှလွဲရင်တခြားမရှိနိုင်။ဆော့ဂျင် ယွန်းဂီကိုစိတ်ထဲကနေဆဲရေးလိုက်တော့သည်။

" ဂျင်..."

" အကျင့်ကိုမကောင်းတာ..."

" ကိုယ်ဘာများလုပ်မိလို့လဲဂျင်..."

ဂျွန်ဂျောင်ကုကကြောင်"လေးကြည့်ကာသူ့ကိုမေးလာသည်။သူက ယွန်းဂီကိုပြောတာ။နှုတ်ကနေယောင်ပြီးထွက်သွားမိတော့သည်။

" ဟို ခင်ဗျားကိုပြောတာမဟုတ်ပါဘူး...ကျွန်တော့်အဖျားကိုပြောတာပါ အခုထိမပျောက်နိုင်သေးလို့..."

" ဒါတော့ဂျင်ကဆင်မှမဆင်ခြင်တာကိုး..."

ဆော့ဂျင်သူအဆူခံလိုက်ရတော့ နှုတ်ခမ်းကိုစူထားလိုက်တော့သည်။သူနှုတ်ခမ်းစူသွားတာလည်းမြင်ရော ဂျွန်ဂျောင်ကုကဘာမှဆက်ပြောမလာတော့။

ကင်မ်ဆော့ဂျင်ကနှုတ်ခမ်းတစ်ခုတည်းနဲ့နိုင်စားလာခဲ့တာ လူဘယ်နှစ်ယောက်မှန်းကိုမရေတွက်နိုင်ပေ။

" ကိုယ်ကစိတ်ပူလို့ပြောတာပါ...အခုရော ဘာစားချင်တာရှိလဲ..."

" တကယ်ပြောရမှာလား..."

" အင်း အစပ်တွေတော့မရဘူး...."

" အဲလိုဆိုမေးမနေတော့နဲ့..."

" နေကောင်းသွားရင်ကျွေးမယ်လေ..."

" မစားဘူး..တစ်ခါလာလည်းဆန်ပြုတ်၊စွပ်ပြုတ်၊ဖက်ထုပ်ပြုတ်၊ လူလည်းလာနမ်းကြည့်ဦးပြုတ်စော်နံနေပြီ..."

သူပြောတော့ ထိုလူကရယ်လေသည်။ထိုလူရယ်တာကိုသူဒီတစ်ခါမြင်ဖူးတာပင်။ဒီလိုကျတော့လည်းဂျွန်ဂျောင်ကုကအချောသား။

" ပါပါး...."

ဂျီဟူကအခန်းထဲပြေးဝင်လာပြီး သူ့ကုတင်ပေါ်ကုပ်တက်လေသည်။

" ဟူဟူလေး...ကျောင်းကပြန်လာပြီလား...ပါပါးနားသိပ်မကပ်နဲ့လေ ပါပါးအဖျားတွေကူးကုန်လိမ့်မယ်..."

ဂျီဟူကသူ့ကိုဖက်မလို့လုပ်တော့ ဆော့ဂျင်ဟန့်တားလိုက်တော့သည်။

ထိုအခါ ဂျွန်ဂျောင်ကုကသူ့နဖူးကိုလာစမ်းကြည့်လေသည်။

" အင်း အဖျားသိပ်မကျန်တော့ပါဘူး..."

" ပါပါးသိလား...ဒီနေ့ကျောင်းရှေ့မှာမနေ့ကဦးဦးနဲ့တွေ့တယ် ပါပါးကိုမေးနေတာ...ဂျီဟူလည်းပါပါးနေမကောင်းဘူးလို့ပြောလိုက်တယ်..."

" ဟမ်! အော်..အ အင်း ဟုတ်လား..."

ဂျီဟူ့စကားကြောင့် ဆော့ဂျင်လန့်သွားရတော့သည်။ အဲတစ်ယောက်ဘာဖြစ်ချင်နေတာလဲ။

" ဘယ်သူလဲဂျင်..."

" ဟို...ယွန်း ယွန်းဂီပါ...မနေ့ကဂျီဟူ့ကိုကျောင်းသွားကြိုရင်းတွေ့တာ.."

" ဪ..."

" ပါပါးသိလား...အဲ့ဦးဦးကပြောတယ်ပါပါးနဲ့သူ့နဲ့ကသူငယ်ချင်းမဟုတ်ဘူးတဲ့...သူငယ်ချင်းမဟုတ်ဘဲ......"

" နောက် နောက်နေတာဟူဟူရဲ့...သူနဲ့ပါပါးကညီအကိုတော်တယ်ဆိုပြီးဟူဟူ့ကိုသူကနောက်နေတာ...မင်ယွန်းဂီကတော့လား ကလေးကို..."

ဆော့ဂျင် အဖျားငွေ့တွေတောင်ပြန်ခံစားလာရသလို။သူ့တစ်ကိုယ်လုံးပူရှိန်လာတော့သည်။

" ဂျင်...အဖျားတွေပြန်တက်လာပြန်တာလား.."

သူမျက်နှာကရဲတက်လာသည်ထင်။ဂျွန်ဂျောင်ကုကသူ့ကိုပြန်စမ်းကြည့်လာတော့သည်။

" ဟာ...ကိုယ်တွေပြန်ပူလာတာပဲ...ဂျီဟူ ပါပါးနားပါစေတော့...ပါပါးနေကောင်းမှအကြာကြီးနေ ဟုတ်ပြီလား.."

" ဟုတ်ကဲ့ဒယ်ဒီ...ပါပါး နေမြန်မြန်ကောင်းတော့နော်..."

" အင်းပါ..ပါပါးနေကောင်းအောင်နေမယ်နော်..."

ဂျီဟူလေးအခန်းပြင်ထွက်သွားလေတော့.....

" ဂျင်...ကိုယ်တို့ဒီညဆေးတစ်လုံးထပ်ထိုးမှရမယ်...ကိုယ်ကသက်သာပြီဆိုပြီးစိတ်အေးနေမိတာ..."

" ဆေးမထိုးချင်ပါဘူး...မထိုးဘူး..."

" မထိုးလို့မရဘူးလေဂျင်ရဲ့...အခုတောင်အဖျားတွေပြန်တက်လာတာလေကွာ...ညကျပိုဆိုးမှာပေါ့ ကိုယ်စိတ်ပူတယ်..."

" အဲလောက်မပူပါဘူး..."

အပြင်ပိုင်းကပူတာထက် ရင်ထဲကပိုပူမိသည်။အဲတစ်ယောက်နဲ့သူစကားပြောမှရတော့မည်။

~~~~~~~~~~

ဆော့ဂျင်အတင်းကန်ငြင်းခဲ့ပေမယ့် ဂျွန်ဂျောင်ကုကဆရာဝန်ခေါ်ကာ မရမကအတင်းဆေးထိုးခိုင်းစေတော့သည်။

သူက ငယ်"ကတည်းကအပ်ကြောက်တတ်တာမလို့ ဖျားတိုင်းသောက်ဆေးဖြင့်သာကုသခဲ့ရသည်။ဂျွန်ဂျောင်ကုဆီရောက်မှ ဆေးထိုးခံရတာနှစ်ခါပင်ရှိပြီ။

" ဂျင်..."

ထိုလူခေါ်တော့ ဆော့ဂျင်တစ်ဖက်စောင်းကာကျောပေးအိပ်လိုက်တော့သည်။

" ကိုယ့်ကိုစိတ်ဆိုးနေတုန်းလား..."

" ခင်ဗျားအသားမဟုတ်တိုင်းလူကိုဘာလို့အတင်းဆေးထိုးခိုင်းလဲ..."

" ကိုယ်ကမင်းညအဖျားရှိန်ပိုတက်လာမှာစိုးလို့ပါ..."

" ခင်ဗျားကမပြန်သေးဘူးလား..."

" ကိုယ်ကဘယ်ပြန်ရမှာလဲ..."

" ခင်ဗျားအခန်းကိုလေ..."

" မပြန်ဘူးလေ..ကိုယ်မင်းအခန်းမှာပဲရှိနေမှာ...မင်းကိုစောင့်ပေးမလို့လေ..."

ဒီလိုကျတော့ ဆော့ဂျင်ရင်ထဲမကောင်းဖြစ်သွားရသည်။အလုပ်တွေနဲ့တောင်ပင်ပန်းနေခဲ့တာမလား။အခုသူ့ကြောင့်နဲ့ပါ။

" ခင်ဗျားလည်းပင်ပန်းနေတာပဲလေ...ပြန်အိပ်လိုက်ပါ ကျွန်တော်သက်သာနေပါပြီ..."

" ကိုယ့်ကိုအားနာလို့လားဂျင်..."

ဆော့ဂျင်ပြန်မဖြေဖြစ်။

" ကိုယ်တကယ်စိတ်မကောင်းဘူး...ဂျင်ကကိုယ့်ကိုသူစိမ်းတစ်ယောက်လို့ပဲသတ်မှတ်ထားသေးတာပဲ...ကိုယ်ရှိရင်အနှောက်အယှက်ဖြစ်လို့လား.."

" အနှောက်အယှက်ဖြစ်လို့ပြောတာမှမဟုတ်တာခင်ဗျားအတွက်ပြောတာလေ...ခင်ဗျားကကျမအိပ်ဘဲ ကျွန်တော်ကကျအိပ်တော့..."

" ဒါတော့ဂျင်ကနေမှမကောင်းတာကိုး..."

" စောင့်ပေးမှာဆိုရင်လည်း...."

ဆော့ဂျင်က ဖက်လုံးတစ်ခုကိုယူကာ အလယ်မှာခြားလိုက်ပြီး.....

" ဒီဘက်မှာအိပ်ပြီးစောင့်ပေး...ကျွန်တော်လိုရင်နှိုးမှာမလို့...မဟုတ်ရင်ကိုယ့်အခန်းကိုယ်ပြန်တော့..."

ဆော့ဂျင်ကပြောပြီးတစ်ဖက်လှည့်အိပ်သွားတော့သည်။

ထင်မှတ်မထားသည့်ဆော့ဂျင်အပြုအမူကြောင့်ဂျောင်ကုမှာမှင်သက်သွားရတော့သည်။သူတကယ်မမျှော်လင့်ထားခဲ့ဘူးမလား။

~~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

ဆော့ဂျင်နေကောင်းသွားတော့ အရင်ဆုံးစာရင်းရှင်းရမည့်သူကမင်ယွန်းဂီပင်။

ဂျွန်ဂျောင်ကု,ကုမ္ပဏီကိုသွားတော့ သူလည်းထွက်လာခဲ့လိုက်တော့သည်။***မင်ယွန်းဂီရုံးခန်းရှေ့ရောက်တော့ သူတံခါးကိုဒုန်းကနဲမြည်အောင်ဆောင့်ဖွင့်လိုက်တော့သည်။

" ဟ!ဘယ်သူလဲ တခါးမခေါက်ဘဲ....."

" ဟင်!ဆော့ဂျင်?..."

" မင်းနဲ့စာရင်းရှင်းဖို့လာတာ...ပြောစမ်းပါဦးမင်ယွန်းဂီ..."

" ဘာ ဘာကိုပြောရမှာလဲ..."

" အခုမှအရူးကွက်တွေနင်းမနေစမ်းပါနဲ့...မင်းမသိစရာအကြောင်းကိုမရှိဘူး..."

ယွန်းဂီသက်ပြင်းကိုခပ်နာနာချမိသည်။ ဆော့ဂျင်ကတကယ်ကြီးစိတ်တိုနေတာပင်။သူလည်းဘယ်လိုရှင်းပြရမှန်းကိုမသိ။သေချာတာတစ်ခုကတော့ သူဆော့ဂျင်နောက်ကျောကိုဘယ်တော့မှဓားနဲ့ထိုးမည်မဟုတ်။

" ငါ့ဆီလာသွားတယ်ဟုတ်တယ်...မင်းနဲ့တွေ့ပြီးပြီလို့လည်းပြောတယ်ငါတို့ကျောင်းသားဘဝတုန်းကဝယ်စားနေကြရေခဲမုန့်ဆိုင်ရှေ့မှာတွေ့တာတဲ့...သူကငါ့ဆီက မင်းရဲ့ဖုန်းနံပါတ်ကိုတောင်းတယ်ကွာ.."

" အဲဲဒါနဲ့ပေးလိုက်ရောလား! မင်းမတော်ရတဲ့ယောက်ဖကိုလေ!..."

" ဟာ! မပေးပါဘူးကွာ...ဘယ်လိုဖြစ်လို့ရုံးခန်းထဲအော်နေရတာလဲအရိုင်းအစိုင်းလေးရဲ့...ရှင်းပြနေတာလည်းနားထောင်းဦးလေ..."

" မင်းမပေးဘဲသူကဘယ်လိုရမလဲ..."

" ဒီလိုကွာ ဒီလို...ပြောရမှာလည်းရှက်လည်းရှက်ပါတယ်သူကငါ့ဆီကမင်းဖုန်းနံပါတ်ကိုတောင်းတယ်ဘယ်လိုမှတောင်းမရတဲ့အဆုံး အဲကောင်ငါ့ဖုန်းကိုခိုးသွားတာကွာ ရှင်းပြီလား..."

" ဘယ်လို!?..."

" အေး ပြောလည်းခံရတော့မှာပဲ...အဲကောင်လည်းပြန်ရော ငါမင်းဆီချက်ချင်းဖုန်းဆက်မလို့လုပ်တော့ စားပွဲပေါ်ကငါ့ဖုန်းကမရှိတော့ဘူးကွာ...ပြောပြရတာကိုယ့်ပေါင်ကိုယ်လှန်ထောင်းနေသလိုပဲ..."

" နေစမ်းပါဦး...ကုမ္ပဏီတစ်ခုလုံးကြီးတောင်အုပ်ချုပ်နေပြီး ဒီဖုန်းလေးတစ်လုံးတောင်မင်းကမကာကွယ်နိုင်ဘူးလား...ပြီးတော့ကိုယ့်မျက်စိရှေ့မှာတင်ယူသွားတာတောင်မင်းမသိဘူးဆိုတော့....."

" အဲကြောင့်ရှက်တယ်လို့ပြောနေတာပေါ့ကွာ...ဒီလိုလုပ်သွားလိမ့်မယ်လို့လည်းငါဘယ်ထင်ပါ့မလဲ...အဲ့ကောင်သူ့အနေအထားကြီးနဲ့ဖုန်းခိုးသွားမယ်လို့ဘယ်သူကထင်မှာလဲ..."

" မင်းလျှောက်ပြောနေတာတော့မဟုတ်ပါဘူးနော်..."

" ဪ...ငါကငါအရှက်ကွဲမယ့်ကိစ္စကိုလီဆယ်ပြီးပြောနေပါ့မလားအရူးကောင်ရဲ့...မင်းကိုတောင်မဖြစ်မနေမလို့ပြောပြနေရတာ...ကဲအဲဒါအသာထား...သူမင်းကိုဘာပြောလဲ..."

" messageတွေခဏတိုင်းပို့နေတာလေ...ငါသူနဲ့မျက်နှာချင်းဆိုင်တွေ့မှပဲရတော့မှာယွန်းဂီ...အဲကောင်ဘာလုပ်တယ်ထင်လဲ...ဂျီဟူ့ကျောင်းရှေ့သွားပြီး ကလေးကိုမဟုတ်တမ်းတရားတွေပြောတယ်..."

" ဟမ်!ဂျီဟူ့ကိုလေ?.."

" ဟုတ်တယ်...ပြီးတော့အဲကောင်ဘယ်လောက်မျက်နှာပြောင်တယ်ထင်လဲ...ငါ့ကိုသူသိပ်ချစ်ရတဲ့သူ့ချစ်သူတဲ့လေ...အဟက်...ဘယ်လောက်ရယ်လိုက်ရတဲ့ဟာသလဲ သူမို့ပြောထွက်ရဲတယ်..."

ဆော့ဂျင်ကဟာသလို့ပြောနေပေမယ့် သူ့မျက်ဝန်းတွေမှာတော့ဝမ်းနည်းရိပ်သန်းနေခဲ့တာကို ယွန်းဂီမြင်နေရတော့သည်။မင်းအခုထိခံစားနေရတုန်းပဲလား။

ပတ်ဂျီမင်ဘာကြောင့်ပြန်ပေါ်လာခဲ့ရတာလဲ။ဆော့ဂျင်ထွက်သွားပြီးကတည်းက သူလည်းပျောက်ခြင်းမလှပျောက်သွားခဲ့တော့တာ အခုမှပေါ်လာခဲ့တော့သည်မဟုတ်လား။

ထိုနေ့ကကိစ္စကို ဆော့ဂျင်နာကြည်းသလိုသူလည်းအခဲမကျေခဲ့ပါ။ဘယ်တော့မှမငိုတတ်တဲ့သူက အဲနေ့ကရှိုက်ကြီးတငင်ငိုနေခဲ့တာကိုမြင်ပြီး သူပတ်ဂျီမင်ကိုအသေသတ်ပစ်ချင်ခဲ့တာ။

ဆော့ဂျင်က သူငယ်"ကတည်းကအလျှော့ပေးခင်တွယ်ခဲ့ရတဲ့သူ,မလို့ဆော့ဂျင်ဘယ်လောက်ဆိုး" သူဆူပူခဲ့တာပဲရှိတာ ဘယ်တော့မှအပြစ်မမြင်ရက်ခဲ့။

" ဆော့ဂျင်...မင်းနဲ့ဂျွန်ဂျောင်ကုဆက်ဆံရေးရော ဘယ်လိုဖြစ်သွားပြီလဲ..."

ယွန်းဂီ ဆော့ဂျင်ကိုအာရုံပြောင်းလိုက်တော့သည်။

" ဟမ်!ရုတ်တရက်ကြီး?..."

" အင်း..ငါသိချင်လို့လေ...မင်းသူ့ကိုဟိုပိုက်ဆံတွေပေးပြီးသွားပြီလားဘာပြောလဲသူက..."

သူဂျွန်ဂျောင်ကုအကြောင်းမေးတော့ ဆော့ဂျင်ကရှိုးတိုးရှန့်တန့်ဖြစ်သွားကာ တစ်ခုခုကိုတွေးဆနေတော့သည်။ခါတိုင်းလိုရှူးကနဲဒိုင်းကနဲရန်လိုစကားမပြောတော့။

" မင်းကိုရှင်းပြရမယ်ဆိုရင်အရှည်ကြီးပဲ...သူအဲပိုက်ဆံတွေပြန်မယူဘူး..."

" အင်း..ငါထင်တော့ထင်ပါတယ်...သူ,မယူ​လောက်ဘူးဆိုတာ..."

" ယွန်းဂီ...သူကငါ့ကိုပြောတယ်...ငါနဲ့ငြိမ်းချမ်းရေးယူချင်တယ်တဲ့ ပြီးတော့...ဒီ့ထက်ပိုပြီးလည်းငါနဲ့ရင်းနှီးချင်တယ်တဲ့..."

" ဟမ်...ဒါဆိုသူပြောချင်တာက?..."

" ငါလည်းမသိတော့ဘူးကွာ...သူကအခုတလောငါ့ကိုအလျှော့တော့ပေးလာတယ်..."

" အလျှော့ကတော့အစကတည်းကပေးပါတယ်မင်းကမသိလို့ပါ..."

" ငါဟိုတစ်နေ့ကနေမကောင်းဖြစ်သွားသေးတယ်...အဲတုန်းကလည်းသူပဲနေ့ရောညရောပြုစုပေးခဲ့တာ..."

ဆော့ဂျင် သူနေမကောင်းဖြစ်တာရေပန်းအောက်ထိုင်မိလိုက်လို့ဆိုတာတော့မပြောဖြစ်။မဟုတ်လျင် ယွန်းဂီဆူတာခံရလိမ့်မည်။

" မင်းနေမကောင်းဖြစ်သေးတာလား...ငါလည်းမသိလိုက်ရပါ့လား..."

" နည်းနည်းပါ အအေးမိပြီးနှာစေးရုံပဲ..."

" ဂရုလည်းစိုက်ဦး..မင်းကအအေးခံလို့ရတာမဟုတ်ဘူး..."

" အေးပါ..."

" ဆော့ဂျင်...မင်းဂျွန်ဂျောင်ကုကိုအခွင့်အရေးပေးကြည့်ပါ့လား...သူကမင်းအပေါ်မှာကောင်းရှာပါတယ်..."

ယွန်းဂီ သူဆော့ဂျင်ကိုပတ်ဂျီမင့်လက်ထဲကလွတ်စေချင်သည်။ဆော့ဂျင်ပြန်လည်စိတ်ယိုင်သွားမှာမျိုး သူ,မဖြစ်စေချင်တော့။ဆယ်နှစ်လုံးလုံးအားလုံးကိုအဆက်သွယ်ဖြတ်ပြီးထွက်သွားခဲ့တာ အဲ့ပတ်ဂျီမင်ဆိုတဲ့ကောင်ကြောင့်မဟုတ်လား။

" ဘယ်လို? မင်းပြောတော့...ဂျွန်ဂျောင်ကုကိုဖောက်ပြန်တယ်ဖြစ်အောင်လုပ်ပြီးအကြပ်ကိုင်။ပြီးရင်ငါကသူ့အပြစ်တွေကိုပုံချပြီးဂျီဟူ့လက်ကိုဆွဲပြီးထွက်လာခဲ့တော့ဆို..."

သူကနားအေးပြီးရောဆိုပြီးပေါက်ကရအကြံဉာဏ်တွေပေးမိတာကို လူဆိုးကောင်ကအတည်ထင်နေတော့သည်။ ငါ့နှယ့်။ဂျွန်ဂျောင်ကုလိုလူကိုသွားပြီး အဲလိုလုပ်လို့လွယ်မှာကျနေ။

" အခုအဲအစီအစဉ်ပြောင်းသွားပြီ...ငါသူ့ကိုမင်းနဲ့သဘောတူတယ်...မင်းကိုထိန်းနိုင်မယ့်သူဒီကမ္ဘာမှာသူ့တစ်ယောက်တည်းရှိမယ်ထင်တယ်..."

" ဘာ! အခုမင်းကငါ့လူမဟုတ်တော့ဘူးပေါ့..ဂျွန်ဂျောင်ကုကိုဘယ်အချိန်ကအမြင်ကြည်သွားတာလဲ ပြောစမ်းပါဦး..."

ယွန်းဂီပြန်မဖြေဖြစ်။ ဂျွန်ဂျောင်ကုလူတော့မဟုတ်ပေမယ့်ဖောက်ပြန်တဲ့သူကမင်းဖြစ်သွားမှာကိုငါစိုးရိမ်တယ်ဆော့ဂျင်။ပတ်ဂျီမင်သာမင်းကိုမရမကပြန်လိုက်ခဲ့ရင် မင်းစိတ်ပြန်ယိုင်သွားမှာငါသိနေတယ်ဆော့ဂျင်။

" မင်းလည်းသူ့အပေါ်မှာအရင်ကထက်အမြင်ပိုကြည်လာတယ်ဆိုတာငါသိနေလို့လေ..."

" ငါက ငါကဘယ်မှာအမြင်ကြည်လို့လဲ...အဲဲဒါက သူ့ကျေးဇူးတွေရှိနေလို့သာ ငါက..."

" အေးလေ အဲဒါကြောင့်ကျေးဇူးသိလက်စနဲ့တစ်သက်လုံးသိလိုက်တော့လို့..."

~~~~~~~~~~{}{}{}{}{}~~~~~~~~~~~

ဆော့ဂျင်တစ်လမ်းလုံး ယွန်းဂီကိုဆဲရေးပြီးကားမောင်းလာခဲ့တော့သည်။ဂျွန်ဂျောင်ကုကိုကောက်ကာငင်ကာကြီးအမြင်ကြည်သွားတာအံ့ဩလို့မဆုံး။

ဆော့ဂျင် ဂျွန်အိမ်တော်ဘက်သို့အကွေ့။အိမ်တော်ရဲ့မလှမ်းမကမ်းမှာကားတစ်စီးရပ်နေတာကိုတွေ့လိုက်ရသည်။

အိမ်တော်ကိုလာသည့်ဧည့်သည်ကားဆိုလည်းအိမ်တော်ထဲဝင်မှာဖြစ်သည်။တခြားရပ်ထားသည့်ကားဟုဆိုရအောင်လည်း ဒီအနီးအနားတဝိုက်မှာ တခြားအိမ်မရှိ။

ဆော့ဂျင် ထိုကားနားရောက်ခါနီး ထိုကားတံခါးကပွင့်လာခဲ့တော့သည်။

သူကြည့်နေတုန်းမှာပဲ ကားပေါ်ကဆင်းလာသည့်သူကိုမြင်လိုက်ရတော့....

Wtf!! ဒီကောင်ဒီအထိတောင်! သူဘယ်လိုတွေတောင်အတင့်ရဲတာ။

သူ့ကားရှေ့ကနေပိတ်ရပ်နေတော့ ဆော့ဂျင်ကားရပ်ပြီးအောက်ဆင်းလာခဲ့လိုက်တော့သည်။ဒေါသဘယ်လောက်ထွက်နေသလဲဆိုတာတော့မေးမနေနဲ့တော့။

" ပတ်ဂျီမင်!! မင်းဘာဖြစ်ချင်နေတာလဲ!!.."

" babeနေမကောင်းဘူးဆို မောင်စိတ်ပူလို့...babeကမောင့်ရဲ့စာတွေလည်းဝင်မကြည့်ဘူးလေ..."

သူကသာဒေါတွေကန်ပြီးကားပေါ်ကနေဆင်းပြီးရန်တွေ့နေတာသူအရှေ့ကကောင်ကတော့ သူ့ကိုမျက်နှာငယ်နဲ့ခြေစခေါင်းဆုံးကြည့်နေတော့သည်။

" မျက်နှာလေးချောင်သွားတာပဲ..."

သူ့မျက်နှာကိုလှမ်းကိုင်မလို့လုပ်သည့်လက်တွေကို ဆော့ဂျင်ပုတ်ချလိုက်တော့သည်။

" မင်း!! ငါ့အသားကိုမထိနဲ့!ငါငါ့ဘာဖြစ်"မင်းအပူပါလား!..."

" မောင့်အပူပေါ့...နေမကောင်းဖြစ်ရင်babeဘယ်လောက်အားငယ်တတ်လည်းမောင်အသိဆုံးလေ...မောင်အရမ်းစိတ်ပူနေခဲ့တာ..."

" အဟက်! မသိ! မင်းကသူတော်ကောင်းကြီးပါပေါ့..."

" မောင်သူတော်ကောင်းလို့မပြောပါဘူး...ဒါပေမယ့် မောင်ကbabeရဲ့......."

" တော်ပါတော့!!!မင်းအခုဘာဖြစ်ချင်နေတာလဲပတ်ဂျီမင်!.."

" မောင်ပြောပြီးပြီလေ...မောင့်အပိုင်ကိုမောင်ပြန်လာယူတာလို့..."

"ငါကမင်းအပိုင်?အဟက်! ရူးများသွားတာလားပတ်ဂျီမင်ရယ်..."

" ဟုတ်တယ်...babeနဲ့ပတ်သက်ရင်မောင်ဘယ်လောက်ရူးလဲbabeအသိဆုံးနေမှာပါ...ဒီဆယ်နှစ်လုံးလုံးမောင်ဘယ်လောက်ခံစားပြီးနေခဲ့ရလဲbabeမသိပါဘူး..."

" ဒါများသေတော့မသွားဘူးဘဲ..."

သူပြောတော့ရှေ့ကကောင်ကပြုံးသည်။မပြုံးနဲ့။အဲဒီအပြုံးတွေကိုမုန်းတယ်။

" babeစိတ်ကျေနပ်ရင်ကြိုက်သလိုပြောပါ...မောင်ကbabeစကားဆိုဟိုးအရင်ကတည်းကပန်းနဲ့ပေါက်သလိုပဲလေ..."

" အဟက်! ဖြူစင်ပြနေလိုက်တာပတ်ဂျီမင်ရယ်မသိ ဘာအပြစ်မှလုပ်မထားတဲ့ဆိုဒ်နဲ့...ဆိုတော့...ငါလက်ထပ်ပြီးသွားတာတော့သိမှာပါနော်..."

" မောင်babeနဲ့ပတ်သက်သမျှအကုန်သိထားပါတယ်...babeတူလေးကြောင့်သာလက်ထပ်လိုက်တာဖြစ်ပြီး ဂျွန်ဂျောင်ကုနဲ့ဘာမှမပတ်သက်ဘူးဆိုတာလည်းမောင်သိတယ်..."

ထိုစကားကြောင့် ဆော့ဂျင်မဲ့ပြုံး,ပြုံးလိုက်ပြီး...

" မင်းကိုဘယ်သူကပြောလဲ သူနဲ့ငါမပတ်သက်ပါဘူးလို့...ကိုကိုကငါ့ကိုသိပ်ချစ်တာလေ...အဟင်း..ငါ့မျက်နှာတစ်ချက်တောင်အညှိုးမခံဘူး..."

" babe မောင့်ကိုရွဲ့ချင်တာနဲ့မောင့်ရှေ့မှာသူ့ကိုအဲလိုမခေါ်ပါနဲ့..."

" အို့! ငါ့ယောကျာ်းငါခေါ်တာလေပတ်ဂျီမင်ရယ်...ဘယ်လိုတွေတောင်ဖြစ်တုန်း...မင်းသိလား သူကငါ့တစ်ယောက်တည်းကိုပဲကြည့်တာ..."

ဆော့ဂျင်က ရှေ့ကသူ,မခံနိုင်အောင် ထိုစကားလုံးတွေကိုမျက်ခုံးပင့်ကာဖိပြီးပြောလေသည်။

"မောင့်ကိုစကားလုံးတွေနဲ့မနှိပ်စက်ပါနဲ့babe...ဂျွန်ဂျောင်ကုကbabeကိုမချစ်ဘူးဆိုတာမောင်သိတာပေါ့...သူ့လိုကလေးတစ်ယောက်အဖေမုဆိုးဖိုကို babeလိုလူပျိုနု"ထွဋ်"လေးကအနစ်နာခံယူခဲ့လို့သာသူbabeအပေါ်ကောင်းပြနေတာ...babeကbabeအကိုနဲ့ရုပ်ချင်းဆင်တယ်ဆိုတာရော မေ့နေပြီလား...သူbabeအပေါ်ဆက်ဆံနေတာအကုန်အပေါ်ယံတွေပဲ...."

" အဲဒါငါ့အကြောင်းပါ...မင်းငါ့ကိစ္စတွေဝင်မစွက်ဖက်နဲ့မင်းနဲ့ငါဘာမှမဆိုင်ဘူးပတ်ဂျီမင်!...နောက်တစ်ခါငါ့အရှေ့ပေါ်လာရင်မင်းကိုသတ်ပစ်မှာ!..."

ဆော့ဂျင် ထိုနေရာကလှည့်ထွက်လာခဲ့သည်။

" babeလက်နဲ့အသေခံချင်လို့ မောင်ကပေါ်လာနေဦးမှာ..."

ဆော့ဂျင် သူပြောလာသည့်စကားတွေကိုလျစ်လျူရှုကာ ကားကိုဂျွန်အိမ်တော်သို့မောင်းထွက်လာခဲ့လိုက်တော့သည်။

သူအဲတစ်ချက်ကိုမေ့သွားခဲ့တာ။ ဂျွန်ဂျောင်ကုကောင်းပေးနေတယ်ဆိုတာလည်းအကြောင်းရှိလို့သာပေါ့။ သူကအားနာမိပြီး ထိုလူနဲ့အဆင်ပြေအောင်နေမယ်ဟုစဉ်းစားနေခဲ့တာ။အခုတော့သူ့ဆုံးဖြတ်ချက်ပြင်လိုက်ပြီ။ခင်ဗျားလည်းအပေါ်ယံပဲမဟုတ်လားဂျွန်ဂျောင်ကု။

~~~~~~~~~~{}{}{}{}{}~~~~~~~~~~

🤍မနေ့ကတင်ပေးမလို့ပါပဲ။ နေမကောင်းဖြစ်ပြီးဆေးထိုးလိုက်ရတော့ အစောကြီးအိပ်ပျော်သွားလို့ပါ။

There are no comments yet. Log in to be the first to leave a review!

Similar stories