Fanfics

20

18:27, 15 May 2024

' ကိုကို ... '

နားထဲသို့ ရိုက်ခတ်လာတဲ့ အသံသေးသေးလေးကြောင့် ဂျေး တုန်လှုပ်သွားရလေသည်။ ဆောင်းဟွန်းရဲ့ အသံသေးသေးလေးနဲ တူသော 'ကိုကို' ဟုခေါ်သံလေးကြောင့် ဂျေး ပတ်ဝန်းကျင်အား တစ်ချက် လှည့်ပတ်ကြည့်မိသည်။ အတော်ကို တိတ်ဆိတ်နေပြီး ဘာဆို ဘာမှမရှိ။

" ဂျေး မင်းဘယ်သွားမလို့လဲ "

ကုတင်ပေါ်က ထဟန်‌ပြင်နေတဲ့ ဂျေးအား အခန်းထဲ ဝင်လာသည့် အယ်ဗန်က မြင်တော့ သိချင် စိတ်ရော ၊ စိုးရိမ်စိတ်ရော ကပ်၍ မေးလိုက်ခြင်း ဖြစ်သည်။

" ဆောင်းဟွန်း ကျွန်တော့်ကို ခေါ်လိုက်တယ် ဒီနားလေးမှာပဲ သူရှိမှာ "

" ဂျေး ဆောင်းဟွန်းက အီတလီမှာ မင်းအထင်မှားနေတာ စိတ်ကို အလွှတ်မပေးလိုက်နဲ့ "

ဂျေး၏ အသွင်ပြင်မှာ စိတ်မနှံ့သည့် လူတစ်ယောက် အသွင်ကို ဆောင်နေ၏။ မျက်ဝန်းတို့ဟာလဲ တစ်ခုခုကို အမြဲလိုက်ရှာနေပြီး တစ်ခါတစ်လေလဲ စိတ်လွတ်လွတ် ထွက်သွားတတ်သည် ၊ တစ်ခါတစ်လေလဲ လူကောင်းတစ်‌ယောက်လို နေနေတတ်ပြီး ကုတင်ခေါင်းရင်းအား မှီရင်း ငေးမောကာ လွမ်းဆွေးနေတတ်သည်။

စိတ်ဓာတ်မာကျောတဲ့ ဂျေးပတ်ခ်ကိုသာ ပရိတ်သတ်တွေ ဒီပုံစံနဲ့ မြင်ရရင် ရင်ကြိုးလေမလား။ အီသန့် လက်ထဲ ကြောက်ရွံ့ကာ ဆောင်းဟွန်းကို သွားရှာမယ် တကဲကဲ လုပ်နေတဲ့ ဂျေးအား ဖက်ထားလိုက်ရင်း နားဝင်အောင် နားချသည်။

" မင်းနောက်နှစ်ရက်နေရင် ဆေးရုံက ဆင်းလို့ရပြီ ဂျေး "

" ဒါဆို ဒါဆို ကျွန်တော် သည်းငယ်နဲ့ တွေ့ရတော့မှာပေါ့နော် "

ဝမ်းသာနေဟန်ရသော ဂျေးရဲ့ မျက်နှာဟာ ချောင်ကျနေသည်။ အယ်ဗန် ဂျေးကို သနားလို့ သေတော့မှာပဲ ၊ ဝိုင်း‌လာသော မျက်ရည်တို့အား မကျစေရန် တစ်ချက် ထိန်းလိုက်ရင်း အားတင်းပြုံးကာ ခေါင်းညိမ့်ပြတော့ အယ်ဗန့် လက်မောင်းထဲက ကလေးငယ်ဟာ ပျော်ရွှင်သွားလေသည်။

" ဒါပေါ့ ငါတို့ ဆောင်းဟွန်းကို တွေ့ရတော့မှာ "

" ဟျောင်း ဆောင်းဟွန်း ကျွန်တော့်ကို မမုန်းလောက်ဘူး မှတ်လား "

" ဘာလို့မင်းကို မုန်းရမှာလဲ ဆောင်းဟွန်းက မင်းကို မမုန်းပါဘူး စိတ်ချ အခုငါတို့ မုန့်စားကြမယ် ဆောနူလေးက မင်းအတွက် ငါးပေါင်မုန့်လုပ်ပေးလိုက်တယ် "

အယ်ဗန်က လက်ထဲက အညိုရောင် အိတ်လေးအား မြှောက်ပြရင်း ဆိုလေသည်။ ဂျေးနဲ့အတူ ဆိုဖာပေါ် ထိုင်ရင်း စိတ်ပြေလက်ပျောက် ဖြစ်အောင် ဂျေးနဲ့ ဆောင်းဟွန်း Paris မှာ ရှိတုန်း ဖြစ်ပျက်ခဲ့တဲ့ ဟာသလေးများကို ပြောပြမိတော့ မမြင်ရတာအလွန်ကို ကြာပြီဖြစ်တဲ့ ဂျေးရဲ့ ချစ်စရာ အပြုံးလေးအား မြင်ရလေသည်။

" မင်းသူငယ်ချင်း ငါ့အပေါ်သိပ်ဆိုးတာ သိလား ငါပန်းကန် မဆေးတော့ကြပြောတယ် သူကြတော့ နှစ်ဘဝစာလောက် စားထားတာတွေကြ မဆေးဘူး "

အယ်ဗန်က နှုတ်ခမ်းလေးအား ဆူကာ ဂျေးက ပြန်တိုင်သည်။ သိပ်ကို တရားတဲ့ ရည်းစားလေး ရထားတော့ အယ်ဗန်လီ နေ့တိုင်းရတာပေါ့ 'ငိုချင်စရာ အဖြစ်ပျက်တွေ'။

ဂျေးက ရယ်သည်။ ဒါပေါ့ ၊ ဂျိတ်ခ်က အယ်ဗန်လီ (ခ) အီဟီဆွန်းကို သေလောက်အောင် နိုင်ပြီး သေလောက်အောင်လဲ ကြောက်ပါသည် ၊ ထိုနည်းတူ သေလောက်အောင်လဲ ချစ်ပါသည်။

" ဒါနဲ့ ဟျောင်း ဒယ်ဒီ့ အရိုးပြာကို ဘယ် သင်းချိုင်းမှာ မြုပ်လိုက်လဲ "

တည်တည်ကြည်ကြည် မေးနေသော်လဲ ဂျေး၏ မျက်ဝန်းထဲ နာကျင်မှုတွေဟာ အပြည့် ၊ မဆုံးရှုံးဖူးပင်မဲ့ အီသန်ထို ခံစားချက်ကို နားလည်ပါသည်။

အခုဆို ဂျေးမှာ မှီခိုရာ တွယ်တာရာ ဆိုလို့ ဂျိတ်ခ်နဲ့ သူနဲ့သာ ရှိတော့မည်ပင်။

" *** နေရာမှာ ကောင်းကောင်း အနားယူနေတယ် ဆေးရုံဆင်းရင် သွားတွေ့ချင်လား "

" အင်း အာပါးက သူ့ကို အကြာကြီး ပြစ်ထားလို့ ကျွန်တော့်ကို စိတ်ဆိုးနေမှာ "

ခပ်ပြုံးပြုံးဆိုရင်း ဂျေးဟာ ငါးပေါင်မုန့်အား တစ်ကိုက်ကိုက်သည်။ ဂျေးက သူ့ရဲ့ ပျော့ညံ့တဲ့ side ကို ဘယ်သူ့ကိုမှ မပြတတ်တာကြောင့် ဂျေးကို ယခုလိုမြင်နေရသည်မှာ အယ်ဗန်နဲ့ ဂျိတ်ခ်အတွက် အတော်ကို အဆင်မပြေပေ။

ဆေးရုံက ဆင်းတဲ့ နေ့ရက်တွေမှာ ဂျေး ဘယ်လိုနေမလဲ စိတ်ပူမိတယ်။

MEETING YOU

သိမ်းစရာ ရှိတဲ့ပစ္စည်းတွေ သိမ်းပြီး ဆေးဖိုးတွေ ရှင်းကာ ‌ဆောနူ နီခီ ဂျိတ်ခ်နဲ့ အယ်ဗန်တို့ လေးယောက် ဂျေးကို ခေါ်ပြီး ပြန်လာမိသည်။

ဂျေးရဲ့ မျက်နှာချောချောပေါ်မှာ ဒဏ်ရာအချို့က ရှိနေသေးပင်မဲ့ ချောမောမှုကတော့ လုံးဝ မ‌ပျောက်သွားပေ။ ဆေးရုံအရှေ့တွင် မြောက်မြားလှသော ပရိတ်သတ်တွေက လာရောက် သတင်းပေးကြပြီး ဂျေးကလဲ ရိုရိုသေသေ ပြန်နှုတ်ဆက်ခဲ့သည်။

Van ကားအနက် ၏ တဖြေးဖြေးရွေ့ရှားရာမှာ အေးဆေး‌စွာ အနားယူနေသော ဂျေး၏ ဖခင် Park Hyunwoo ၏ ‌အုပ်ဂူဆီသို့ပင် ဖြစ်သည်။ ဂျေးအတွက်တော့ ပထမဦးဆုံး ဆိုပင်မဲ့ ဂျိတ်ခ်နဲ့ ဆောနူ အတွက်တော့ ဒီအခါဟာ ငါးခါမြောက်ပင် ဖြစ်သည်။

ဆောင်းရာသီသို့ ရောက်လာပြီဖြစ်တဲ့ တောင်ကိုရီးယားရဲ့ ချမ်းစိမ့်စိမ့် ရာသီဥတုဒဏ်ကို ကာကွယ်နိုင်ရန် ကျန်တဲ့လေးယောက်က long coat ကိုဝတ်ဆင်ထားပင်မဲ့ ၊ ဂျေးကတော့ bomber jacket ကို baggy jeans ဖြင့် တွဲဝတ်ထားသည်။

ချမ်းစိမ့်ခြင်းတို့ ယူဆောင်လာသော လေသည် ဂျေး၏ မျက်နှာသို့ တိုးဝှေ့ခိုက် ဒဏ်ရာတို့ဆီမှ ကိုက်ခဲခြင်းကို ခံစားလိုက်ရသည်။ကိုင်လာသော ပန်းစည်းလေးအား အုပ်ဂူပေါ်တွင် ချပေးလိုက်ကာ ထိုအရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။

" တောင်းပန်ပါတယ် အာပါး hotel ကို ကျွန်တော် မဦးစီးနိုင်သေးတဲ့အတွက်ရော အာပါးကို မကာကွယ်ပေးနိုင်တဲ့အတွက်ရော "

မျက်ဝန်း၌ ဝေ့နေသော မျက်ရည်တို့ကို ငုံ့ထားသောခေါင်းကြောင့် မည်သူမှ မြင်ရမည်မဟုတ်ပါ။ ပေါင်ပေါ်သို့ တင်ထားသော လက်သီးဆုပ်များသည် ခန္ဓာကိုယ်၌ ရှိသမျှအားကို အကုန်သုံးကာ ဆုပ်ထားသည်မို့ လက်သည်းလေးတွေဟာ ဂျေးရဲ့ လက်ဖဝါးအား စိုက်ဝင်နိုင်မှာ ဧကံမလွဲ။

တသိမ့်သိမ့် တုန်ရီ‌လာသော ခန္ဓာကိုယ်နှင့် ၊ ဂျေးဟာ အုပ်ဂူပေါ် လွမ်းမိုးကာ ငိုကြွေးလေသည်။

အိပ်စက်အနားယူနေသော ဖခင်သာ ရင်သွေးငယ်၏ ငိုကြွေးသံကိုကြားပြီး နိုးထကာ ချော့မြူရင် ဘယ်လောက်တောင် ကောင်းလိမ့်မလဲ။

တုန်ရီနေသော ခန္ဓာကိုယ်နှင့် ပလုံးပထွေးထွက်လာသော တောင်းပန်စကားနှင့် သတိရသော စကားတို့ဟာ ကြားသူအဖို့ အတော်ကိုပင် စိတ်မကောင်းဖြစ်စေတာ အမှန်။

ဆောင်းလေသည် မီးသွေးခဲ ရင်ဝယ်ပိုက်ထားရတဲ့ ဂျေးအတွက်တော့ အေးမြမနေခဲ့ပေ။ ပူလောင်မှုဒဏ်ဟာ ဂျေး၏ စိတ်ပိုင်းဆိုင်ရာတင်မက ရုပ်ပိုင်းဆိုင်ရာပါ အနည်းငယ်ထိခိုက်စေသည်။

အရင်က ပြည့်ဖောင်းဖောင်း ပါးလေးတွေဟာ မမြင်ရတော့ပဲနဲ့ မေးရိုးဟာ ပိုလို့တောင် ထင်းလာသည်။

ယိုင်တိယိုင်တိုင်ဖြင့် ဆင်းလာသော ဂျေးဟာ သင်းချိုင်း၏ လမ်းလေးတွေက ပြုတ်ကျမှာကို မကြောက်သည်လား ၊ ပြုတ်ကျအောင် လျှောက်နေသည်လဲ မသဲကွဲ။ ဂျေးကြည့်ရတာ အတော်ကို ပင်ပန်းနေပုံရသည်။

" ဟျောင်း လာ ဒီဘက်ကိုလာ "

မနေနိုင်တဲ့ နီခီကပဲ ဂျေးကို ဒီဘက်ကို ကပ်ပြီး လက်မောင်းကို ဆုပ်ကိုင်ကာ တွဲခေါ်ရတော့သည်။ အသိမရှိတဲ့ လူတစ်ယောက်ကို ဖြစ်နေတဲ့ ဂျေးကို ဘယ်လို သနားလို့ သနားရမှန်း မသိတော့ပေ။

Van ကားအနက်လေးရဲ့ နောက်ထပ်ဦးတည်ရာသည် မရောက်တာ ကြာပြီဖြစ်တဲ့ မြို့ပြင်က ဂျေးရဲ့ Vila လေးကိုပင် ဖြစ်သည်။ ခြံဝန်းကြီးရဲ့ အလည်က ရေပန်းကြီးရယ် ၊ ပန်းပင်တွေရယ်နဲ့ အိမ်ကြီးဟာ နကိုအတိုင်း ရှိနေပင်မဲ့ အနည်းငယ်တော့ ဝမ်းနည်းစရာ ကောင်းလှသည်။

အိမ်တံခါးဖွင့်ချိန် နှာခေါင်းထဲ တိုးဝင်လာတဲ့ စိမ်းသက်သက် အငွေ့အသက်ဟာ တစ်စုံတစ်ယောက်ကို သတိရစေသည်။ ဂျေး အပေါ်ထပ်သို့ ဦးတည်ပြီး နှစ်ယောက်အိပ်ခဲ့သော အိပ်ယာပေါ်ကို တစ်ချက်ဝှေ့ကြည့်လိုက်မိသည်။

ခရီးမသွားခင် ဆောင်းဟွန်းကိုယ်တိုင် သိမ်းခဲ့တဲ့ အိပ်ယာလေးဟာ ဒီအတိုင်းရှိနေကာ ပုံစံမပျက်နေပေ။

" ဆောင်းဟွန်းရော အန်တီ "

အိမ်တော်ထိန်းကာ စိတ်မကောင်းသော မျက်နှာပေးဖြင့် ဂျေး၏ လက်မောင်းအား လာရောက် ကိုင်သည်။

" သားရယ် ကျေးဇူးပြုပြီး မေ့လိုက်ပါတော့လား .. "

" ဘာကို မေ့ရမှာလဲ အန်တီရဲ့ ဟီဆွန်းဟျောင်းပြောတော့ ဆောင်းဟွန်းနဲ့ တွေ့ရမယ်ဆို "

" ဆောင်းဟွန်းက သူ့အဖေဆီ ခနသွားတယ် ဂျေးရဲ့ "

ဂျေးက နှုတ်ခမ်းလေးကို ဆူကာ..။

" သည်းငယ်က ကျွန်တော့်ကို စိတ်ဆိုးသွားပြီထင်တယ် "

" မဟုတ်တာ မင်းပင်ပန်းနေပြီလား ရေချိုးလိုက် ဂျိတ်ခ်ကို မင်းအတွက် နေ့ခင်းစာ ပြင်ခိုင်းထားလိုက်မယ် ဟုတ်ပြီလား "

ဂျေးက နှုတ်ခမ်းလေးကို ဆူထုတ်ထားရင်းပဲ ခေါင်းကို ညှိမ့်သည်။ဆေးရုံဆင်းရင် ဆောင်းဟွန်းနဲ့ တွေ့ရမယ်ဆိုတဲ့ မျှော်လင့်ချက်ဟာ ယခုတွင်လဲ ရိုက်ချိုးခံလိုက်ရပြန်ပြီ။

" ဘာစားချင်လဲ ဟျောင်း ဟိုတစ်နေ့က ငါးပေါင်မုန့်ပဲ စားမလား "

" အဆင်ပြေတာသာ လုပ်ထားလိုက်ပါ "

ဂျေး ပြောပြီးသည်နှင့် ရေချိုးရန်သာ ရေချိုးခန်းထဲ ဝင်လာခဲ့တော့သည်။ ရေပန်းကို ဖွင့်ချကာ ရေပန်းအောက် ရပ်ရင်း ဂျေးတစ်ခုခုကို အသဲအသန် ကြိုးစားစဉ်းစားနေမိသည် ၊ သည်းငယ်က သူ့ကို ဘာကိစ္စကို စိတ်ဆိုးသွားတာလဲ ဂျေး လုံးဝမသိပေ။

ပြောင်းဖူးသွားပြုတ်မယ် ပြောပြီးတော့ ထွက်သွားတယ် အခုဖဲလဲ ပြန်မလာသေးဘူး ၊ ဟီဆွန်း ဟျောင်း ပြော‌တော့ သည်းငယ်က အီတလီမှာတဲ့ မဖြစ်နိုင်တာ သူ့အတွက်တောင် ပြောင်းဖူးပြုတ်မယ်ပြောသေးတာကို။

" သည်းငယ်က အရမ်းနိုင်တာပဲ "

ပြန်လာမှ အတိုးချ ကောက်မယ်ဟု စိတ်ကူးလိုက်ရင်း ဂျေးရေသာ အမြန်ချိုးလိုက်တော့သည်။ အကျီအဝတ်အစား မြန်မြန်ဝတ်ကာ အောက်ထပ်ဆင်းလာတော့ မီးဖိုချောင်ထဲတွင် ဂျိတ်ခ်နဲ့ ဆောနူက အလုပ်ရှုပ်နေကာ အီသန်နဲ့ နီခီကတော့ ပျောက်နေ၏။

" ဟီဆွန်းဟျောင်းနဲ့ နီခီရော "

" ဧည့်ခန်းထဲမှာ ရှိတယ် "

ဂျေးက 'အော်' ဟုတစ်ခွန်းထဲ ဆိုလျက် ထမင်းစားဝိုင်းတွင် ဝင်ထိုင်သည် ၊ ခနအကြာ စားပွဲပေါ်တွင် ‌စားချင်စဖွယ်ကောင်းသော ဆောနူနဲ့ ဂျိတ်ခ်တို့ရဲ့ လက်ရာတွေဟာ ရောက်လာပြီး အယ်ဗန်နဲ့ နီခီဟာလဲ dinning room ထဲ ဝင်လာ၏။

" ဝါး မွှေးနေရောဟေး "

" တော့ပိုကီ ထမင်းလိပ်နဲ့ ကြက်ကြော်က ဆောနူချက်ထားတာ ထမင်းကြော်နဲ့ ရေညှိဟင်းချိုကတော့ ကျွန်တော်ချက်ထားတာ ကိုကို ကြိုက်တယ် မှတ်လား "

" ဒါပေါ့ ကိုကို့အကြိုက်တွေပဲလေ "

ဂျိတ်ခ်က အသံချိုချိုဖြင့် ပြောရင်း အီသန့်ဘေးတွင် ဝင်ထိုင်သည် ၊ ဆောနူကတော့ နီခီ့ဘေးတွင် ဝင်ထိုင်ကာ ဂျေးဘေးတွင်တော့ တစ်ယောက်မှ မရှိ။

" စားကြတာပေါ့ "

ပန်းကန်နှင့် ဇွန်းခြစ်သံတို့ဆူညံလျက် ရှ်ိနေသော ထမင်းစားခန်းထဲတွင် ရယ်သံအချို့ ပျံ့နှံ့လျက်ရှိနေသည်။အယ်ဗန်နဲ့ နီခီကတော့ ပန်းကန်ကိုသာ စိုက်ကြည့်ကာ သက်ပြင်း အကြိမ်ကြိမ်ချနေ၏။

" ဂျေး "

" ဟင် "

နီခီက အယ်ဗန့်ကို မပြောနဲ့ဆိုတဲ့ ပုံစံဖြင့် မျက်လုံးပြူးကာ ခေါင်းခါပြသော်လည်း အယ်ဗန်လီဟာ ခေါင်းမာမာဖြင့်ပင် ဆက်ပြောသည်။

" မင်းကို လိမ်ထားတာကြာပြီ တကယ်တော့ ဆောင်းဟွန်းကို မင်းတို့ Paris ကပြန်လာထဲက သူ့အဖေက အတင်းပြန်ခေါ်သွားပြီ အဲ့တာကြောင့် မင်းဆေးရုံတက်လိုက်ရတာလေ "

ဂျေးရဲ့ လှုပ်ရှားမှုတွေဟာ ရပ်တန့်သွားခဲ့ပြီး အယ်ဗန့်အား ဖြေးညှင်းစွာ မော့ကြည့်သည်။

သူ့အနားမှာ နေ‌တယ် သူ့ကို အနမ်းပေးတယ် ဆိုတာတွေက အားလုံး အိမ်မက်တွေလား။

" ဂျေး နားလည်အောင် ကြိုးစားကြည့်ပါ "

ဂျေးက မယုံနိုင်စွာ ခေါင်းခါသည် လုံးဝမဟုတ်ဘူး သည်းငယ်က သူ့ကိုလုံးဝမထားသွားဘူး။

" ဟီဆွန်းဟျောင်း လိမ်နေတာ! သည်းငယ်က ကျွန်တော့်ဆီက လုံးဝမထွက်သွားဘူး "

အရူးတစ်ယောက်ပမာ ငိုလိုက် ရယ်လိုက်‌ဖြစ်နေတဲ့ ဂျေးဟာ ပတ်ခ်ဆောင်းဟွန်း ထွက်သွားတဲ့အတွက်ပင်ဖြစ်သည်။ ဂျေးပတ်ခ် ကြောင့်ပင် အယ်ဗန်ရော ဂျိတ်ခ်ရော ဆောနူနဲ့ နီခီပါ စိတ်ထိခိုက်ရသည်။

တစ်ချိန်က ကြည့်မရခဲ့တဲ့ နီခီသည်လဲ ဂျေးကို သနားလို့ ဆောင်းဟွန်း ဟျောင်းကို အမြန်ပြန်ခေါ်နိုင်အောင် ဆုတောင်းရပေါင်းလဲ မနည်းတော့ပေ။

ထမင်းစားဝိုင်းထဲက ထွက်သွား‌တဲ့ဂျေးရဲ့ ကျောပြင်ကို ကြည့်ရင်း နီခီ စိတ်ထဲက တိတ်တဆိတ်တောင်းပန်မိသည် ၊ ဆောင်းဟွန်းဟျောင်းကို ပြန်မခေါ်နိုင်သေးတဲ့အတွက် သေချာပေါက်တော့ သူရအောင် ပြန်ခေါ်မှာပါ။

ဟျောင်းလဲ အဲ့မှာ အလွမ်းနာကျနေပြီ မဟုတ်လား။

MEETING YOU

နာကျင်ကိုက်ခဲမှု များစွာဖြင့် နိုးထလာရသည့် နေ့တိုင်းဟာ ဘယ်နှစ်ရက်မြောက်မှန်း ဆောင်းဟွန်း ကိုယ်တိုင်တောင် မသိတော့ပေ ၊ လွန်ခဲ့တဲ့ နှစ်ရက်က နီခီ့ဆီက အဆက်အသွယ်ရလို့ စာခိုးပို့ခဲ့အချိန် အဖေမိခဲ့သည့်အတွက် ဆောင်းဟွန်းကို ပိတ်လှောင်ထားခြင်းပင် ဖြစ်သည်။

မှောင်မိုက်နေတဲ့ ပတ်ဝန်းကျင် အလင်းမှာ အတော်ကို သေးငယ်စွာ ရရှိနိုင်တာကြောင့် ယခုဆို မနက်ခင်း အချိန်ကိုပင် ရောက်နေပြီဟု ဆောင်းဟွန်း ကောက်ချက်ချမိသည်။

နိုးထလာတဲ့ နေ့ရက်တွေတိုင်း ဆောင်းဟွန်း သတိရမိတာက တစ်ဦးတည်းသော သူကိုပင် ဖြစ်သည်။ချည်နှောင်ခံထားရတဲ့ လက်ကောက်ဝတ်တွေနဲ့ ခြေချင်းဝတ်တွေဟာ နာကျင်လွန်းလို့ သွေးတွေတောင် ထွက်နေကာ မလှုပ်ရှားနိုင်တော့တဲ့ အထိပင် ဖြစ်သည်။

မာကျောလှသော ထိုကြမ်းပြင်ပေါ်တွင် ဆောင်းဟွန်းပလက်လှန် လိုက်ရင်း မျက်နှာကြက်ကို ကြည့်ရင်း ပြုံးမိသည် ၊ ဘယ်နေရာ ကြည့်ကြည့် သူဟာ ဂျေးရဲ့ အပြုံးကိုသာ မြင်နေမိသည်မှာ ခက်ခဲလှသည့် အခြေအနေကို တစ်ဝက်လောက် သက်သာစေသည်။

ဂျေး ကျန်းမာရေး ပိုဆိုးလာတယ်လို့ ကြားတယ် အဆင်‌မှ ပြေရဲ့လား ဆိုပြီး တွေးလိုက်တိုင်း ငိုမိသည်မှာလဲမနည်း။ မျက်ရည်ခိုင် ခြင်းက အခုတလော ဆောင်းဟွန်းပေါ် မသက်ရောက်တော့ပေ။

သံတိုင်ကြားမှ အပြင်ကို ကြည့်လိုက်တော့ စိမ်းစိုနေသော သစ်ပင်များနှင့်အတူ ငှက်များဟာ လွတ်လွတ်လပ်လပ် တေးသွားလေးများ သီဆိုနေကြ၏။

အဲ့လိုဆိုမှ ဂျေးရဲ့ Meeting You သီချင်းလေးတောင် နားမထောင်ရတာ ဘယ်လောက်တောင် ကြာပြီလဲ။ဂျေးရဲ့ အနမ်းနုနု ၊ ဂျေးရဲ့အထိအတွေ့ ၊ ချစ်တယ်လို့ တဖွဖွပြောတတ်တဲ့ နှုတ်ခမ်းလေးနဲ့ ခပ်ချောချော မျက်နှာလေးကို မမြင်ရတာ ဘယ်လောက်တောင် ကြာပြီလဲ။

" သားလေး "

တံခါးဖွင့်သံနဲ့အတူ အခန်းထဲသို့ ဝင်လာတဲ့ ဆောင်းဟွန်းရဲ့ မိခင်။ သားဖြစ်သူ ကြမ်းပြင်တွင် သံကြိုးများဖြင့် လဲကျနေတာ မြင်တော့ ရင်ကျိုးစွာပင် သူမရဲ့ ဒူးအား အားပြုကာ မှီစေသည်။

" သားရယ် အဆင်ပြေရဲ့လား "

" အိုမား "

အသံဟာ ပျော့နေကာ ခန္ဓာကိုယ်ရဲ့ နေရာတိုင်းမှာ သွေးတွေနဲ့ပင်။ အသားဖြူဖြူလေးတွင် ပေကြံနေတဲ့ သွေးတွေနဲ့ ဒဏ်ရာတွေဟာ မြင်လို့တောင် မကောင်းပေ။

" သားရယ် ငါ့သားလေးမှ ရွေးပြီး ငရဲကျရတာလဲ ကွယ် "

" ဒယ်ဒီ့ ခွင့်ပြုချက်နဲ့ လာတာလား "

" မဟုတ်ဘူး အိုမား ခိုးလာတာ "

" ပြန်တော့ အိုမား မိရင် နှစ်ယောက်လုံးအပြစ်ပေး ခံရလိမ့်မယ် အိုမားသွားတော့ ကျွန်တော် အဆင်ပြေတယ် "

" မဟုတ်တာ ငါ့သားလေးကို အိုမားခေါ်ထုတ်သွားမယ် "

ဆောင်းဟွန်း အိုမားရဲ့ လက်ကိုဆွဲလိုက်ရင်း မလုပ်ပါနဲ့ ဟူသော အပြုအမူဖြင့် ခေါင်းခါပြလိုက်သည် ၊ ထပ်ထွက်ပြေးလို့ မိရင် အပြစ်ပေးခံရမလို ၊ ဒီ့ထက် နှိပ်စက်မှုတွေကို သူလုံးဝမခံနိုင်တော့ပေ။

" Sweetheart? "

အခန်းထဲ ဝင်လာတဲ့ Baekhyun ဟာ ဆောင်းဟွန်းနဲ့ သူမကို မြင်တော့ ဒေါသအနည်းငယ် ထွက်သွားဟန် သက်ပြင်းချသည်။

" ဒယ်ဒီ ကျေးဇူးပြုပြီး ကျွန်တော့်ကို မရိုက်ပါနဲ့ "

မရှိမဲ့ ရှိမဲ့အားတို့အား စုကာ ဆောင်းဟွန်းတောင်းပန်မိသည် ဒီ့ထက် နှိပ်စက်မှုတွေ ရိုက်နှက်မှုတွေကို သူလုံးဝမခံစားနိုင်တော့ပေ။ ခံနိုင်ရည်လဲ မရှိတော့ပါ။

" Sweetheart ကိုယ့်ခွင့်ပြုချက်မပါပဲ သားကို မတွေ့နဲ့လို့ ထားတယ် မှတ်လား "

ဆောင်းဟွန်း အခန်းထောင့်လေး‌သို့ ပြေးကပ်ကာ ဒူးတို့အား ပိုက်ထားမိသည်။

" Darling ကျေးဇူးပြုပြီး သားလေးကို မရိုက်ပါနဲ့တော့နော် "

" ကိုယ်တို့သားက မလိမ်မာတာကို ... ဆုံးမရမှာပေါ့ "

" ဒါပင်မဲ့ Darling ရယ် ချော့တလှည့် ခြောက်တစ်လှည့်ပေါ့ မဟုတ်လား "

Baekhyun ဟာ သူမအားကျော်ရင်း ချောင်တွင်ကပ်နေသော ဆောင်းဟွန်းကို တစ်ချက် စူးခနဲကြည့်သည်။ ဆောင်းဟွန်းမှာ ကြောက်လွန်းလို့ ခေါင်းတောင် မထောင်နိုင်ပေ။

" နော် Darling သားကိုမရိုက်ပါနဲ့တော့ "

" ကောင်းပါပြီ ဒါနဲ့ ရော့! "

ဆောင်းဟွန်း ရှေ့သို့ရောက်လာတဲ့ ပေါင်မုန့်ထုတ်လေးတစ်ထုတ်။ ရိုးရိုးပေါင်မုန့်လေး ဆိုသော်ညား ဗိုက်ဆာနေတဲ့ ဆောင်းဟွန်းအတွက်တော့ ဒါဟာ နိဗ္ဗာန်ဘုံပင် ၊ ခပ်မြန်မြန်ပင် ပေါင်မုန့်ထုတ်အား ဖောက်ကာ စားလိုက်တော့ Baekhyun ဆီမှ ဟက်ခနဲရယ်သံ ထွက်ပေါ်လာသည်။

" နောက်တစ်ခါ မင်းအကောင်ဆီ ဆက်သွယ်မယ် ဒါမှမဟုတ် ထွက်ပြေးဖို့ ကြိုးစားရင် ဒီ့ထက်နာမယ် ပထမတော့မင်းကို အစာရေအငတ်ထားမလို့ နောက်တော့ ငါ့သားဆိုတဲ့ အသိနဲ့ ဒီလောက်ပဲ လုပ်လိုက်တာ "

ဆောင်းဟွန်း ကြောက်ကြောက်လန့်လန့်ဖြင့်ပင် ခေါင်းညှိမ့်မိသည် ၊ အခုချိန်မှာ ကြောက်တဲ့ ကြောက်စိတ်ကို ဘာနဲ့မှ တိုင်းတာလို့မရပေ။

" လာလေ Darling သွားကြရအောင်နော် "

မိခင်ရဲ့ ကူညီမှု့ကြောင့် သူ့ရဲ့မနက်ခင်းဟာ ကပ်သီးလေး ‌ကံကောင်းခဲ့သည်။ သူ့အတွက်တော့ ဒီတောထဲက တိုက်ကျဉ်းကျဉ်းလေးထဲ နိုးထခဲ့ရတဲ့ မနက်တိုင်းမှာ ဖခင်ရဲ့ ဓားထက် ချွန်ထက်သော စကားလုံးများကို မျက်ရည်ကျခြင်းဖြင့်သာ စတင်ခဲ့ရပေါင်းဟာ မနည်းတော့ပေ။

အခုလို ပြိုလဲနေတဲ့အချိန်ဆို သူဂျေးကို သိပ်သတိရသည် ၊ ဂျေးသာဆိုရင် သူပြိုလဲတဲ့အချိန် အနားမှာ ရှိနေပေးတယ်။ရင်ခွင်ထဲ အမြဲထည့်ပြီး သူ့ကို အတွေးမလွန်လို့ အမြဲပြောတယ် သတိရလွန်းလို့ ‌သေတော့မှာပဲ။

" သတိရလိုက်တာ ဂျေးရာ "

MEETING YOU

🧊

ဖန်ခွက်နဲ့ ရေခဲတိုက်သံသည် အမှောင်ထုတို့ လွှမ်းခြုံနေသော အခန်းထဲ ပျံ့နှံ့သွား၏။ ခြံထဲက မီးရောင် အကူအညီ‌ကြောင့် အနည်းငယ် လင်းနေသော အခန်းထဲတွင် ဂျေးတစ်ယောက် ယမကာအား နှစ်ခြိုက်စွာ သောက်နေပြီး Marlboro cigarettes အား ခပ်ကြမ်းကြမ်း ရှိုက်ဖွာနေသည်။

အခန်းမှောင်မှောင်၏ လေထုထဲတွင် ဆေးလိပ်အနံ့တို့နဲ့အတူ ယမကာ အနံ့တို့ဟာလဲ ရောယှက်ပျံ့နှံ့နေလေသည်။

အတူတူအိပ်ခဲ့ဖူးသော အိပ်ယာကို ကြည့်လိုက်တော့ အိပ်ယာပေါ်တွင် ပင်ကွင်းအရုပ်လေးအပြင် ‌ဆောင်းဟွန်းဝတ်ခဲ့ဖူးသော jacket လေးတစ်ထည် ရှိ၏။

အခုတော့ စွဲစွဲလမ်းလမ်း နမ်းရှိုက်စရာ နှုတ်ခမ်းတစ်စုံ မရှိတော့ နောက်ဆုံး Marlboro cigarettes ကိုပဲ စွဲစွဲလမ်းလမ်း ပြန်သောက်နေရပြန်၏။

သေချာပေါက် ဆေးလိပ်ဟာ သူ့ကိုလှောင်ရယ်နေလိမ့်မည်ပင်။ ဘယ်သူမှမရှိတဲ့ အိမ်ကြီး ၊ အမှတ်တရ အပြည့်နဲ့ အိမ်ကြီးထဲတွင် ယခုတွင်တော့ သူတစ်ယောက်ထဲ။

' သူမင်းဆီ ပြန်မလာတော့ဘူး '

' သူမင်းဆီက အပြီး အပိုင်ထွက်သွားပြီ '

ဘယ်အချိန်ထဲက စုထားမှန်းမသိ နံရံမှ ထွက်လာသော တိုးတီးစွာ ပြောသံတို့ကြောင့် ဂျေးထိတ်လန့်စွာပင် ဘေးပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်မိသည်။ အရာအားလုံးဟာ ပုံမှန်အတိုင်း တိတ်ဆိတ်လျက် ရှိနေသည်။

' သူမင်းဆီ ပြန်လာအုံးပါ့မလား '

" Ah!!!! "

နံရံသို့ ပစ်ပေါက်ခြင်းခံလိုက်ရတဲ့ ဝီစကီခွက်ဟာ ကြမ်းပြင်တွင် အစိတ်စိတ်အမွှာမွှာ ပျံ့ကြဲလျက်ရှိနေ၏။

နံရံအတွင်းမှ ထွက်ပေါ်လာသော ရယ်သံတိုးတိုး တို့နဲ့အတူ လက်ကြားညှပ်ထားသော ဆေးလိပ်တို့ဟာလဲ ဂျေးအား လှောင်ရယ်လျက်။

" သည်းငယ် ဘာဖြစ်လို့လဲ "

ဂျေးက အမေးနဲ့အတူ ‌အိပ်ယာပေါ်တင်ထားသော ပင်ကွင်းအရုပ်လေးကို အာရုံပေးသည် ထို့နောက် ပင်ကွင်းရုပ်လေးနား သွားကာ အနား၌ ဝင်လှဲရင်း လက်မောင်းပေါ် ပါးကပ်ကာ အမြတ်တနိုး ကြည့်နေမိသည်။

အခြားသူတွေ အမြင်မှာတော့ သာမန်အရုပ်လေးတစ်ရုပ် ဖြစ်ခဲ့ကာ ၊ ဂျေးအမြင်မှာတော့ ထိုအရုပ်လေးဟာ ကြွေရုပ်ပမာ လှပလွန်းတဲ့ ပတ်ခ်ဆောင်းဟွန်း ဆိုတဲ့လူသားလေး သူ့ကို ပြုံးကာ ကြည့်နေသည်ဟု မြင်နေခဲ့တော့သည်။

အရမ်းချစ်တော့ စုံလုံးကန်းသွားခဲ့တာပါ။

အရမ်းချစ်တော့ ‌သူ့စိတ်တွေ လွတ်သွားခဲ့တာပါ။

အရမ်းချစ်မိသွားခဲ့တာပါ။

MEETING YOU

14.4.2024

ခရီးသွားစရာလေး ရှိလို့ပါ ဘယ်လောက်မှ မလိုတော့ဘူးနော်

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories