Fanfics

16

09:14, 10 May 2024

တိုးဝှေ့နေတဲ့ ခပ်အေးအေး လေတို့ထဲတွင် ‌မိုးရာသီ၏ အငွေ့အသက်တို့ဟာ ရောယှက်ပါဝင်လို့နေသည်။ အုံ့မှိုင်းမှိုင်းရာသီဥတု ကြောင့် တိမ်ဆိုင်တို့ဟာလဲ မဲမှောင်လျက်ရှိနေ၏ ၊ မကြာခင် မြေပြင်သို့ လာရောက်ခစားတော့မဲ့ မိုးစက်တို့ဟာလဲ ကောင်းကင်ထက် အသင့်ပြင်ဆင်နေသည့် သယောင်ရှိ၏။

မြစ်ရေပြင်ဟာလဲ တည်ငြိမ်သည်တော့ မဟုတ် ၊ ကောင်းကင်မှောင်မှောင်၏ အရိပ်ကြောင့် မဲမှောင်လျက် ရှိနေသည်။ လေညှင်းတို့ဟာလဲ ပြင်းထန်လျက် ရှိနေသည် ၊ ထိုအချိန်တွင် ထီးမယူလာမိခဲ့တဲ့ သူတို့နှစ်ယောက်အတွက်တော့ ခက်ခဲသည်ထက်ကို ပိုလွန်းသည်။ K drama တွေထဲကလို coat လေးချွတ် အတူတူဆောင်းရင်း ထွက်ပြေးရအောင်လဲ ဘာ coat မှမပါလာခဲ့ပေ။

အော် ..။

ဆိုးလိုက်တဲ့ ဘဝ။

တကယ့်ကို wrong timing ပဲ။

" ဂျေး ကျွန်တော်တို့တော့ မှားပြီထင်တယ် မိုးရွာရင် ဘယ်လိုပြန်ကြမလဲ "

" ဒီနားနဲ့ ဟိုတယ်နဲ့ နီးတယ်လေ ပြေးကြတာပေါ့ "

" ဖျားရင် ခများတာဝန်ယူနော် "

ဆူပုတ်ပုတ်ပြောနေတဲ့ ဆောင်းဟွန်းဟာ ပင်ကွင်းလေးလိုလို။

" ဖျားရင် သည်းငယ်ကိုယ်ထဲက အဖျားတွေကို ဟောဒီ့က နှုတ်ခမ်းလေးကနေ စုပ်ယူပြီး အဖျားတွေကို ဖယ်ထုတ်ပေးမှာပေါ့ "

ဆောင်းဟွန်း၏ နှုတ်ခမ်းနုနုထက် ကျရောက်လာတဲ့ ဂျေးရဲ့ လက်ညိုးသွယ်သွယ်ဟာ လှပလျက်ရှိပြီး တင့်တယ်နေလေသည်။ဆောင်းဟွန်း ရဲ့ နှုတ်ခမ်းထောင့်လေးတွေဟာ တွန့်ကွေးတက်လာပြီး မထိန်းနိုင်တဲ့အထိ ပြုံးရယ်မိလေသည်။

" ဖျားပဲ ဖျားလိုက်ရင် ကောင်းမလား "

" ရော..! မကောင်းဘူး ပျော်စရာတွေ ဖန်တီးကြမယ် ဖျားလို့မရဘူးနော်! "

" ကောင်းပါပြီ ခများရယ် "

တိုးဝှေ့နေတဲ့လေအေးတို့အား လစ်လျူရှု့ကာ သူတို့ ထိုမြစ်ဘေးတွင်သာ ရပ်နေမိသည်မှာ မိနစ်အနည်းငယ် ကြာလင့်ခဲ့လေပြီ။ထို့ကြောင့် မြစ်နဘေးက ကျောက်ဘောင်တွင် ထိုင်ကာ ခြေထောက်တို့အား ထိစပ်တော့မည့် ရေထဲသို့ ချထားလိုက်၏။

" သည်းငယ်‌ အေးနေလား "

" ‌နည်းနည်း "

" ဒါဆို ကိုယ်ဖက်ထားပေးမယ် "

ဆောင်းဟွန်းရဲ့ ခန္ဓာကိုယ်သေးသေးသွယ်သွယ်သည် ဂျေး၏ ‌တပွေ့မှာတင် ရင်ခွင်ထဲသို့ ‌ကျရောက်ခဲ့လေသည်။သင်းပျံ့နေသည့် ကိုယ်သင်းရနံ့လေးဟာ ဂျေးရဲ့ အသည်းယားမှု level အားမြင့်တက်စေသည်။

ရုတ်တရက် မြေပြင်သို့ ကျရောက်ခစားလာတဲ့ မိုးစက်များ။ မြစ်ရေပြင်ပေါ်သို့ တပေါက်ပေါက် ကျရောက်နေတဲ့ ရေစက်များဟာ ခုန်ပေါက် ကခုန်နေသည်။

" ဂျေး မိုးရွာလာပြီ "

နှစ်ယောက်သား ထိုင်နေရာမှ ထကာ အပေါ်သို့ ပြန်တက်ခဲ့ကြ၏။ ဆောင်းဟွန်း‌ရဲ့ ကျောပြင်ဟာ မိုးရေကြောင့် စိုရွှဲနေသည် ၊ အကျီအဖြူရဲ့ ကျေး‌ဇူးကြောင့် အတွင်းသားတွေ အထိပါ မြင်ရသည်။

" ဂျေး ပြေးရမယ်လေ မိုးရွာနေတယ် "

‌နှဖူးအပေါ်၌ လက်အုပ်ရင်း စိုးရိမ်တကြီးပြောတဲ့ ဆောင်းဟွန်းရဲ့ ဆံသားတို့ဟာလဲ အချောင်းလိုက်ဖြစ်နေတာ မျက်နှာနုနုဟာလဲ ရေများ သီးလို့နေသည်။

" ဂျေး! "

ရုတ်တရက် ဆောင့်ဆွဲခြင်း ခံလိုက်ရတဲ့အတွက် ‌ဂျေးရဲ့ ခန္ဓာကိုယ်နဲ့ ဆောင်းဟွန်းရဲ့ ခန္ဓာကိုယ်ဟာ ပူးကပ်လျက် ရှိနေသည်။လှန်တင်ခြင်း ခံထားရတဲ့ ဂျေးရဲ့ ဆံသားတို့ဟာလဲ စိုရွှဲလျက်ရှိနေသည်။

" ချစ်လား "

" ဂျေး အခုက အဲ့လိုမေးရမဲ့အချိန်မဟုတ်ဘူးနော် ကျွန်တော်တို့ သွားမှရမယ် "

" ‌ချစ်လားလို့! "

အကယ်လို့ သူသာ ထိုမေးခွန်းအား အဖြေပြန်မပေးခဲ့လို့ရှိရင် ဂျေးဟာ လွှတ်ပေးဖို့ အစီစဉ်မရှိသလို ၊ သူတို့နှစ်ယောက် မိုးရေထဲ ရပ်နေရမည်ပင် ဖြစ်သည်။

" ချစ်တယ်! "

" ဈေးမှာတုန်းက လူတိုင်းရဲ့ အားကျတဲ့ အကြည့်တွေကို မင်းတွေ့တယ်မဟုတ်လား ကိုယ့်ကို ကတိပေးထားတဲ့ အတိုင်း ... "

* ကိုယ် ပြောတာတွေမှန်နေရင် မင်းကိုယ့်ကို လူကြားထဲမှာ ချစ်တယ်‌လို့ပြောပြီး France Kiss လေးပေးပေါ့ *

ပြန်လည် ကြားယောင်လာတဲ့ စကားသံကြောင့် ဆောင်းဟွန်း ဂျေးရဲ့ နှုတ်ခမ်းတို့အား နမ်းရှိုက်လိုက်သည်။ ဒုတိယအကြိမ် လူကြားထဲ နမ်းရှိုက်ခြင်းဖြစ်ကာ ယခုသည်တော့ ‌'ချစ်တယ်' ဆိုတဲ့ စကားလေးတောင် အစစ်ပါသေးသည်။

မိုးသံဆူဆူညံညံတို့မှ ကြားလိုက်ရသော လူအချို့၏ ကျယ်ကျယ်လောင်လောင် လက်ခုပ်သံအချို့။

ဂျေး၏ shirt အနက်အား တင်းကြပ်သော ဆုပ်ကိုင်ထားသော ဆောင်းဟွန်း၏ လက်များသည် အသက်ရှုကြပ်နေခြင်းကို ကိုယ်စားပြုသည်။

" Hey! "

အနမ်းတို့အား ဖယ်ခွာလိုက်ချိန် လူအုပ်ကြီးဟာ သူတို့အား လက်ခုပ်ဩဘာပေး၍ ဂုဏ်ပြုနေကြသည်ကို တွေ့၍ ဆောင်းဟွန်းဟာ ရှက်ရှက်ဖြင့် ပြေးထွက်သွား၏။

မိုးရေထဲ ပြေးလွှားနေတဲ့ နတ်သားလေးနောက် ပြေးလိုက်ရသည်မှာ လူသားလေး ဂျေးရဲ့ အလုပ်ပင် ဖြစ်တော့လေသည်။

‌မိုးစက်တွေကြားထဲ အသဲအသန်နမ်းရှိုက်နေခဲ့သော ကောင်လေးနှစ်ယောက်ရဲ့ ပုံသည် internet တွင် Cornie တွေနဲ့ non Cornie တွေကြား ဟစ်ထခဲ့ပြီး တောင်ကိုရီးယားတွင် ကျန်ခဲ့သော အမျိုးသမီးတစ်ယောက်အတွက် ဒေါသအကြီးအကျယ် ထွက်စေသည်။

MEETING YOU  

နံရံသို့ ပြစ်ပေါက်ခြင်းခံလိုက်ရတဲ့ ဓားမြှောင်သည် ကောင်လေးတစ်ယောက်၏ ပုံ၌ စိုက်သွားခဲ့လေသည်။ ဝှေ့ယမ်းနေသော ခွက်ထဲမှ ဝိုင်နီနီသည်လဲ သူမ၏ မျက်ဝန်းတွေကဲ့သို့ပင် ရဲတွတ်လျက် ရှိနေသည်။

နံရံတွေ၌ ကပ်ခြင်းခံထားရတဲ့ မြောက်မြားလှသော ဓာတ်ပုံထဲတွင် ဂျေးနှင့်ဆောင်းဟွန်းတို့၏ ပြင်သစ်တွင် မည်သည့်နေရာများ သွားခဲ့ကြောင်း လှုပ်ရှားမှုများကို မှတ်တမ်းတင်ထားလေသည်။

" နောက်ထပ် ဘာတွေလုပ်ကြသေးလဲ "

" ဒါပါပဲ "

" သွားတော့ "

ရေပြင်ကဲ့‌သို့ တည်ငြိမ်သော လေသံအဆုံး ဗလတောင့်တောင့်ဖြင့် ယောင်္ကျားလေးတစ်ယောက်သည် သူမအား ဦးညွှန့်ကာ အခန်းထဲမှ ထွက်သွားလေသည်။ခက်ထန်နေသော မျက်ဝန်းတို့သည် ဒေါသကို ကိုယ်စားပြုခြင်းမဟုတ်ပဲ ၊ သဝန်တိုမှုကို ကိုယ်စားပြုခြင်းပင် ဖြစ်သည်။

မိုးစက်တွေကြားထဲ အနမ်းဖလှယ်နေတဲ့ ဂျေးနဲ့ဆောင်းဟွန်းနဲ့ ဓာတ်ပုံကို သေချာစွာ စိုက်ကြည့်ရင်း နာကျဉ်းစွာပြုံးသည်။

မာနအား ဘုရားလိုကိုးကွယ်တဲ့ မိန်းမဟာ သူမ၏ မာနများအား ခဝါချထားရသည့် အကြောင်းအရင်းမှာ ယောင်္ကျားတစ်ယောက် ကြောင့်ဖြစ်လေသည်။

ဘယ်ဘက် ရင်အုံအား လက်ဖြင့် ဖွဖွတင်ရင်း အနာရင်းနေသော သူမ၏ နှလုံးသားအား မှာတမ်းချွေသည်။

" ခနလောက်ပဲ သည်းခံလိုက်ပါ မကြာခင် ဂျေးပတ်ခ်က ငါ့ဆီရောက်လာတော့မှာမို့ "

MEETING YOU   

ဘီယာလေးတမျှမျှဖြင့် ဆောင်းဟွန်း ဝရန်တာတွင် လေညှင်းခံနေ၏။ sweater အဖြူရောင်လေးအား လိုက်ဖက်စေရန် sweatpants မီးခိုးရောင်လေး ‌ဝတ်ထားသည့် အတွက် ရိုးရှင်းကာ ချစ်စဖွယ်ကောင်းနေ၏။

အမှောင်ထုအောက် မီးရောင် စုံစုံလင်လင်ဖြင့် Paris မြို့ကြီးဟာ လှပလျက်ရှိနေတော့သည်။ ယခုအချိန်ထိ တဖောက်ဖောက် ကျနေသော မိုးစက်တို့ဟာ ယနေ့တွင် တိတ်ဖို့မရှိ။

" သည်းငယ် အအေးမိမယ် အထဲဝင် "

ချစ်သူ၏ စကားတစ်ခွန်းကြောင့် ဆောင်းဟွန်း အထဲပဲ ဝင်လာခဲ့တော့သည်။ ဂျေးကတော့ hoodie တစ်ထည်အား အလွယ်ကောက်ဝတ်ကာ sweatpants နဲ့ပင် ဝတ်ထားသည်မှာ လူငယ်ဆန်သည်ထက် ပိုလွန်းသည်။

အိပ်ယာပေါ်က ဂျေး၏ ဘေးနားသို့ ဆောင်းဟွန်း ဝင်လဲလိုက်ရင်း ၊ ခေါင်းအုံး အိအိထက် လက်ထောက်ရင်း လက်ဖဝါးပေါ် ခေါင်းတင်ကာ ချောမောလှသည့် ရည်းစား၏ ရုပ်ရည်အား တစေ့တစောင်း ကြည့်နေမိသည်။

ဂျေး၏ သိမ်းငှက်ကဲ့သို့သော မျက်ဝန်းတို့သည် ဆောင်းဟွန်းနဲ့ အတူတူရှိနေချိန်တွင် အမြဲလိုလို နူးညံ့နေတတ်သည် ၊ ပန်းခင်းလေးများသဖွယ် ရောင်စုံလို့ တောက်ပနေတတ်သည်။

" ဘာတွေ အဲ့လောက်ကြည့်နေတာလဲ ကိုယ့်မျက်နှာ တစ်ခုခုပေနေလို့လား "

" ချောမောမှူတွေ "

ဆောင်းဟွန်းက ခပ်ပြုံးပြုံးပြောတော့ ဂျေး‌ကရယ်သည် ၊ ပါးချိုင့်ခပ်ရေးရေးလေးများသည် မျက်စိတစ်မှိတ်တွင် အလှပဆုံး ရေးစွဲ‌နေလေသည်။ဆောင်းဟွန်း ပါးနုနုပေါ် ကျ‌ရောက်လာတဲ့ ဂျေးရဲ့ လက်တို့ဟာ ဝါဂွမ်းသဖွယ် နုနုညံ့ညံ့လေးရယ်။

" ကိုယ်လေ အခုထိ မယုံနိုင်သေးဘူး "

ဆောင်းဟွန်းရဲ့ မျက်ခုံးနက်နက်တို့ဟာ ထိုစကား‌ကြောင့် တွန့်ကြိုးထား၏။

" ကိုယ့်ကို မုန်းတယ်လို့ တတွတ်တွတ် ပြောနေတဲ့ ကောင်လေးက ကိုယ့်ကောင်လေး ဖြစ်လာ လိမ့်မယ်လို့ "

" ဟား! ခများရဲ့ရုပ်ရည်လေးကြောင့်ပါနော် "

" ရုပ်မချောရင် မကြိုက်ဘူးပေါ့လေ "

" ဘယ်သူက ရုပ်ဆိုးတဲ့လူ ကြိုက်မှာလဲ "

ထိုအခါ ဂျေးက ဘုရားသခင်ထံ ကျေးဇူးတင်စကား ပါး၏။

" Thank God and my parents for born me as a handsome boy "

ယျက်နွယ်ထားသော လက်တို့အား နှဖူးဖြင့် ထိကပ်ကာ ဘုရားသခင်ထံ ကျေးဇူးတင်နေသော ထိုလူသားဟာ ချစ်စဖွယ်ကောင်းလှသည်။

" မနက်ဖြန်တော့ မိုးမရွာပါစေနဲ့ "

" Eiffel tower ပေါ်မှာ မနမ်းရမှာ ဆိုးလို့လား "

လက်မောင်းပေါ်ကျ‌ရောက်လာတဲ့ ခပ်စပ်စပ် ရိုက်ချက်တစ်ချက်ကြောင့် ဂျေးကညီးညူလေသည်။ ဒီ‌လူ ပြောရဲဆိုရဲ ရပ်ကွက်ကပါဟယ်။ဆောင်းဟွန်းကတော့ ‌ဂျေးကိုရိုက်ပြီးသည်နှင့် ဟိုဘက်ကို လှည့်သွားလေသည်။ ‌ခါး၌ ရစ်သွယ်လာသော လက်တို့နှင့် နားအဖျား၌ တိုးဝှေ့နေသော လေ‌နွေးနုနု။

" ကိုယ်က အတည်ပြောတာလေ "

နားရွက်ဖျားအား လျှာဖျားဖြင့် ကလိနေတော့ ဆောင်းဟွန်းဟာ မနေတတ်စွာဖြင့် ရုန်းသည် ၊ သို့သော် အားကောင်းလှသည့် ဂျေးအတွက်တော့ ဆောင်းဟွန်းဟာ ကြောင်လေးတစ်ကောင် သာသာပင် ဖြစ်သည်။ ဂျေး၏ အသက်ရှုသံတို့ဟာ မြန်ဆန်လာပြီး ဆောင်းဟွန်း၏ ခန္ဓာကိုယ်အား နေရာလတ်မကျန် ပွတ်သပ်လေသည်။

ဆောင်းဟွန်း အံအားတင်းတင်းကြိတ်ကာ ဂျေးနည်းတူပင် အသက်ရှုသံများ မြန်ဆန်လာခဲ့တော့သည်။ ဆောင်းဟွန်းအပေါ်၌ အုပ်မိုး‌ထားသော ဂျေးဟာ ဆောင်းဟွန်းအား အငမ်းမရ နမ်းရှိုက်နေသည် ၊ နှုတ်ခမ်း၌ ပေါက်ပြဲနေသော အရာလေးဟာ ဂျေး၏ လက်ချက်ပင် ဖြစ်သည်။

မွတ်သိပ်သည် ၊ ပျော်စရာ ကောင်းသော ညလေးအား ဖန်တီးချင်စိတ်များအား ရှေ့တန်းတင်လျက်။

တဖြေးဖြေးဖယ်ခွာသွားတဲ့ အဝတ်တို့နှင့် မိဖွေးတိုင်း ဖမွေးတိုင်း ထိုနှစ်ယောက်သည် ဆိုးသွမ်းနေကြလေသည်။ချွေးများ သီးနေသော ဆောင်းဟွန်းနှင့် ကျောကုန်းတွင် လက်ညည်းရာများဖြင့် ပြည့်နှယ့်နေသော ဂျေးသည်လည်း နိဗ္ဗာန်အထိ လှေကားဖြင့် တစ်လှမ်းခြင်းဆီ တက်ခဲ့လေသည်။

" ဂျေး!! "

တင်းကြပ်စွာ ဖက်ထားခြင်းခံရသော ဆောင်းဟွန်းကိုယ်ဟာ ဂျေး၏ ရင်ခွင်ထဲတွင် သေးသေးလေးဖြင့် ကြည့်ကောင်းလျက်။

Climax သို့ရောက်ချီ တင်းကြပ်စွာ ဖက်ထားသည်ထက် ပိုမို၍ ဖက်ထားလိုက်ကာ ချစ်ရသူ၏ နှုတ်ခမ်းအား တစ်ချက်နမ်းရှိုက်လိုက်၏။ မောဟိုက်ကာ တုန်ရီနေသော ဆောင်းဟွန်း၏ ခန္ဓာကိုယ်တွင် ဟိုတစ်ကွက် ဒီတစ်ကွက်ဖြင့် ကျန်ရှိနေသော အနီတို့ဟာ လှပလျက်။

" ဂျေး .. "

ဆောင်းဟွန်းရဲ့ အသံဟာ အားမရှိသလို ဖျော့တော့နေကာ မျက်လွှာများကိုလဲ အောက်သို့ ချထားလျက်‌။ မျက်တောင်ရှည်ရှည် တို့နှင့် ပါးပြင်၌  မျက်ရည်ချောင်း တို့ဟာ ခြောက်သွေ့လျက် ရှိနေ၏။

" သည်းငယ် ဘာလိုချင်လို့လဲ "

" ရေချိုးချင်တယ် ... "

" ကောင်းပါပြီဗျာ "

ဒူး၌ လက်လျှိကာ ကျောပြင်အား သေချာထိန်းကိုင်ရင်း ချီတော့ ဆောင်းဟွန်းရဲ့ လက်များဟာ ဂျေးရဲ့ ပုခုံး၌ လာရောက် ချိတ်သွယ် လာခဲ့လေသည်။

Bathtub ထဲဖြေးညှင်းစွာချရင်း အပေါ် ရေပန်းမှ ရေဖွင့်ချလိုက်လေသည်။ ဆောင်းဟွန်းကတော့ ရေများကို လက်နှစ်ဖက်ဖြင့် ခံရင်း မျက်နှာအား အရင်သစ်လိုက်လေသည်။

" ဘာလုပ်တာလဲ! "

ရုတ်တရက် ဆောင်းဟွန်း၏ ခြေချင်းဝတ်အား ဆွဲကိုင်ကာ မြှောက်လိုက်သည်မို့ ဆောင်းဟွန်းဟာ အလန့်တကြား အော်၏။

" သန့်ရှင်းရေး လုပ်ပေးမလို့လေ "

" အ .. အော် .. အင်း အင်း "

ဂျေးဟာ ခက်ညစ်ညစ် ပြုံးလျက် သူဆိုးထားသမျှကို တာဝန်ယူနေရ၏။ ဆောင်းဟွန်းကတော့ ရေများဖြင့် ဆော့ကစား‌နေကာ တစ်ချက် တစ်ချက် ဂျေးအား ရေဖြင့် လာလာပတ်သေးသည်။

" ငြိမ်ငြိမ်နေ vampire လေး "

" ရော..! ဘယ်နားက ကျွန်တော်က vampire  နဲ့ တူနေလို့လဲ "

သူ့ကို လာပြီး ရန်လုပ်‌တဲ့ကောင်လေးဟာ သူ့မှာ vampire တစ်ကောင်လို အစွယ်ချွန်ချွန်တွေ ရှိတယ်ဆိုတာကို မေ့နေတာများလား။ ဒါမှမဟုတ် မေ့ချင်ယောင်ဆောင် နေတာများလား။

" မင်းရဲ့ အစွယ်သေးသေးလေးတွေကရော "

ထိုအခါမှ ဆောင်းဟွန်းဟာ လက်မလေးဖြင့် ထိုအစွယ်လေးအား စမ်းကြည့်သည်။ မျက်နှာနုနုလေးဟာ ရေစိုနေသည်မို့ သန့်ပြန့်နေလေသည်။

" ဘယ်လိုလဲ ကိုယ်ပြောတာ မှားလား "

" အင်းပါ! ခများပဲမှန်ပါတယ်!! "

ဆူဆောင့်အောင့်ကာ ပြောပြီး ဆောင်းဟွန်းဟာ နှုတ်ခမ်းလေးဆူပြီး တစ်ချက်သို့ လှည့်သွား၏။ ဒါဟာ ပတ်ခ်ဆောင်းဟွန်း သူ့ကို စိတ်ကောက်ရင် ပြုမူနေကြ ချစ်စရာ အပြုမူလေး တစ်ခုပင် ဖြစ်သည်။

သေချာသန့်ရှင်းပြီးသည်နှင့် ဆောင်းဟွန်းအား ‌အဝတ်လဲပေးပြီး အိပ်ရန်ပြင်လိုက်သည် ၊ သေချာပေါက် ကောင်လေးငယ်ဟာ ‌ဂျေး၏ ရင်ခွင်ထဲ ရောက်နေသည်လေ။ ဆံနွယ်များ တားဆီးထားသော နှဖူးဖြူဖြူလေးအား အနမ်းချွေလိုက်ရင်း အိပ်စက်ရန် ပြင်လိုက်၏။

" အိပ်တော့ သည်းငယ် .. မနက်ကြရင်လဲ မင်းလျှောက်လည်ချင်သေးလား "

" အင်း "

" သည်းငယ် ပင်ပန်းမှာပေါ့ "

" ရပါတယ် ရောက်တုန်းရောက်ခိုက် စုံအောင် ပတ်ရမှာပေါ့ မဟုတ်လား "

ဂျေးက ဆောင်းဟွန်းရဲ့ အ‌မေးအား 'ဟုတ်တာပေါ့' ဟု‌ပြန်လည်ဖြေကြားလေသည်။ ဆံသားနုနုတို့သည် ဂျေး၏ အဆက်မပြတ် ပွတ်သပ်ခြင်း ခံ‌နေရပြီး ဆောင်းဟွန်း၏ ထွက်လေနွေးနွေး သည်ဂျေး၏ ရင်အုံအား လာရောက် တိုက်ခတ်နေလေသည်။

သိပ်ချစ်စရာ ကောင်းနေရအောင် ပတ်ခ်ဆောင်းဟွန်းဟာ အရင်ဘဝက ဘာတွေများ လုပ်ခဲ့လို့ပါလိမ့် ၊ ဆုတောင်းကောင်းလွန်းတာကြောင့် ဒီလိုမျိုး တမူထူးခြားတဲ့ ချစ်စရာကောင်းမှု ၊ လှပမှု ၊ ခန့်ညား‌မှုတွေ ကပ်ပါနေတဲ့ လူ‌ဆီမှာ ဂျေးကျဆုံးနေရသည်မှာ မထူးဆန်းလှပါ။

အဖျားဝင်မှာကို စိတ်ပူသည်မို့ စောင်အား သေချာ‌လုံအောင် ခြုံပေးလိုက်ရင်း တင်းကြပ်စွာ ဖက်ထားလိုက်လေသည်။

MEETING YOU 

ဝရန်တာတွင် ဘောင်းဘီအိတ်ထဲ လက်ထည့်ကာ ဖုန်းအားနား (နား)ကပ်ထားပြီး ၊ မျက်မှောင်များ ကြုံ့ထားတဲ့ တောင်ကိုရီးယားရဲ့ အသက်အငယ်ဆုံး fashion company ပိုင်ရှင် နီရှီမူရာပင်။

လေရူးများသည် တစ်ဖက်လှန်တင်‌ထားသော ဆံနွယ်အထဲသို့ တိုးဝှေ့နေပင်မဲ့ ချစ်သူလေး ပြင်ထားသည်မို့ ယောင်လို့တောင် ဆံနွယ်တစ်မျှင်မှ ကျမလာခဲ့ပေ။

" ကောင်းပါပြီ ဒါဆိုလဲ ပူးပေါင်းကျတာပေါ့ Mr.Lee "

' ကောင်းပါပြီ မင်းဘက်က တစ်ထစ်လျော့ပေးတာကိုပဲ ကိုယ်က ကျေးဇူးတင်လှပါပြီ '

" ကျွန်တော်တို့ ဘယ်မှာ ဆုံကြမလဲ "

' ကိုယ်တည်နေရာ ပို့လိုက်ပါ့မယ် နောက်မိနစ် ၂၀ နေရင် တွေ့ကြတာပေါ့ '

" ကောင်းပါပြီ "

ဖုန်းချပြီးသည်နှင့် message တွင် location တစ်ခုချပေးလာသည့် စာပိုင်ရှင်ဟာ ' Ethan Lee ' တဲ့။

" မောင် အားလုံးအဆင်ပြေလား ဖုန်းပြောနေတာ ဘယ်သူလဲ "

" အီသန်လီလေ ဟို ‌ဂျေး သူငယ်ချင်းရဲ့ ရည်းစားကြီးလေ "

" အော် မောင့်ကို ဘာပြောလို့လဲ "

နီခီဟာ သက်ပြင်းချရင်း ဆောနူအနားတွင်ထိုင်၏။

" မောင် တို့နဲ့ ပူးပေါင်း ချင်တယ်တဲ့ မကြာခင် ဂျေးနဲ့ ဆောင်းဟွန်းအတွက် အန္တရာယ် ကျရောက်တော့မယ် ပြောတယ် "

ဆောနူရဲ့ မျက်ဝန်းတို့သည် စိတ်ပူအရိပ်များ ဖြတ်သန်းသွားခဲ့သည်။

" မောင် ဘာပြောလိုက်လဲ "

" ဆောင်းဟွန်းဟျောင်းရဲ့ အသက်အန္တရာယ်လဲ ပါတာပဲ လက်ခံရမှာပေါ့! "

အန္တရာယ် ကြိုမြင် ၊ အရိပ်ပြအကောင်မြင်တဲ့ နီခီ့အား ဆောနူဟာ ချီးကျုးသည့် အနေဖြင့် ပါးအား အနမ်းချွေလိုက်၏။ ပြုံးဖြီးသွားတဲ့ မျက်နှာဟာ အရယ်အပြုံးနည်းကာ မာနကြီးလှပါသည်ဆိုတဲ့ EXD ပိုင်ရှင်ကြီးမှဟုတ်ရဲ့လားလို့ နှစ်ခါ ပြန်မေးလိမ့်ရမည်ပင်။

" အဲ့တာ မောင့်ကို ချိန်းတယ် သွားကြရအောင်လေ "

" အွန်း ဒါပင်မဲ့ ကတိပေး မောင် "

နီခီက ပြောလေဆိုသည့် ဟန်ဖြင့် နားထောင်နေ၏။

" ဒေါသကို ရှေ့တန်းမတင်ပါဘူးလို့ "

Share ပေးတဲ့ location အတိုင်း မောင်းလာသည့် ကားအနက်ထဲတွင် ကောင်လေးနှစ်ယောက် ပါဝင်နေ၏။ စိတ်ရှုပ်နေသော ကောင်လေးအား ဒေါသအား ရှေ့တန်း မတင်စေလိုငှာ လိုက်လံထိန်းသိမ်းခြင်းပင် ဖြစ်သည်။

ကင်မ်ဆောနူဟာ နီရှီမူရာအတွက် ချစ်သူရည်းစားလဲ ဖြစ်သလို အုပ်ထိန်းသူလဲ ဖြစ်သည် ၊ ပြီးတော့...။

ကင်မ်ဆောနူဟာ နီရှီမူရာအတွက် တရားသူကြီးလဲ ဖြစ်၏။ ကင်မ်ဆောနူ တစ်ခွန်းဆို ပြန်မပြောတဲ့ အထိလိမ္မာတဲ့ ကလေးလေးပင် ဖြစ်သည်။

ဆိုင်လေးဟာ သာမန်ဆိုင်လေး တစ်ဆိုင်ဖြစ်၏ ၊ ဆိုင်၏ ထောင့်ကျကျ ဝိုင်းလေးတွင် ထိုင်နေကြတဲ့ အီသန်နဲ့ ဂျိတ်ခ်ဆိုတဲ့ နှစ်‌ယောက်ဟာ သူတို့ကို မြင်တော့ လက်လှန်းပြ၏။ တင်းထားသည့် နီခီ့ရဲ့ မျက်နှာဟာ ချစ်ရသူလေး လက်အားလာကိုင်ချိန် ပြေလျော့သွားကာ ‌ဒေါသအား ရှေ့တန်း မတင်ပါဘူးဟု ကတိပေး၏။

" ကိုယ်က မလာတော့ဘူးတောင် ထင်နေတာ ဆောနူလေးလဲ ပါလာတာပဲ "

တစ်ဖက်လူမှာ ဆောနူရဲ့ နာမည်အား သိနေတော့ ဆောနူဟာ အံ့ဩနေလေသည် ၊ အံ့ဩစရာ ဘာ‌အကြောင်းမှ မရှိ ဘာလို့လဲဆိုတော့ ထိုလူဟာ တစ်မိုးအောက်က နှစ်ယောက်မရှိတဲ့ အီသန်လီ (ခ) အီဟီဆွန်းလေ။

" ဒါက Mr.Lee ရဲ့ ရည်းစားလားဗျ "

" ဟုတ်ပါတယ် ကိုယ့်နာမည် Sim Jaeyun ပါ "

နှုတ်ခမ်းထူထူပိုင်ရှင် ရှင်းမ်ဂျယ်ယွန်း ဆိုတဲ့ လူသားလေးရဲ့ အပြုံးဟာ ချိုမြိန်လေးရယ်။ဒါကြောင့် အီသန်လီက သဲသဲလှုပ် ဖြစ်နေတာပေါ့လေ။

" ကိုယ့်ရဲ့ သူငယ်ချင်း ဂျေးက မင်းတို့ ဆောင်းဟွန်း ကို တကယ်ချစ်တာပါ Kim Anna ဆိုတဲ့ အမျိုးသမီးကို မင်းတို့သိလား "

" Kim group ရဲ့ အမွေဆက်ခံသူ မဟုတ်လား "

အီသန်ဟာ ခေါင်းအား ခပ်ဖွဖွညိမ့်ပြ၏။

" ဆောင်းဟွန်းရဲ့ အဖေက ဘာအလုပ်လုပ်လဲဆိုတာကိုတော့ မင်းတို့ သိထားလောက်မှာပါ "

နီခီဟာ နားမလည်သယောင် မျက်ခုံးများအား တွန့်ကွေးကာ ဆောနူအားလှည့်ကြည့်၏။ ဆောနူကတော့ သက်ပြင်းခပ်ဖွဖွ ချသည် ၊ နီခီသိထားသလောက်တော့ ဆောင်းဟွန်းဟျောင်းရဲ့ အဖေဟာ နိုင်ငံခြားမှာ နေပြီး အလုပ်လုပ်တယ်ဟုပဲ သိထားပြီး မိခင်ကတော့ swiss မှာ နာမည်ကြီး designer ဟု သိရ၏။

" သိပါတယ် "

ဆောနူရဲ့ အသံဟာ ဖျော့ဖျော့လေး ၊ ထို့‌နောက် ဆက်လာသည့် အဖြေဟာ နီခီ့အား အတော်ကိုပင် တုန်လှုပ်စေသည်။

" နာမည်ကြီး ဘိန်းရာဇာ Park Baekhyun ဆိုတာ ဆောင်းဟွန်းဟျောင်းရဲ့ အဖေပဲ မောင် "

" ဆောင်းဟွန်းရဲ့ အဖေနဲ့ပေါင်းပြီး Anna က တကယ်ကြီးတဲ့ ကိစ္စကို ပြင်ဆင်နေတယ် ဆောင်းဟွန်းရဲ့ အသက်အန္တရာယ်ရော ၊ စိတ်ပိုင်းဆိုင်ရာရော ထိခိုက်စေတဲ့ ကိစ္စမျိုးပေါ့ "

" ဘယ်လိုမျိုးလဲ ‌အီသန်ဟျောင်း ကျွန်တော်နားမလည်ဘူး "

" ဆောင်းဟွန်းကို ဂျေးအနားက ခေါ်ထုတ်သွားသလို‌မျိုးလေ "

အစွဲအလမ်းကြီးတဲ့ ဆောင်းဟွန်းဟျောင်းအတွက် ဂျေးပတ်ခ်အနားက ရက်ရက်စက်စက် ဖယ်ခွာခံလိုက်ရရင် သေချာပေါက် အသက်အန္တရာယ်ပင် စိုးရိမ်ရသည့် အခြေအနေအထိ ရောက်သွားနိုင်သည်။

ထိုနည်းတူ ဂျေးပတ်ခ်ဟာလဲ သိပ်ချစ်လွန်းလို့ ဆောင်းဟွန်းဟျောင်းကို သူ့အနား ခေါ်ထားတာမဟုတ်ပါသလား ၊ ဆောင်းဟွန်း သဘောမဟုတ်ပဲ အနားက ဆွဲထုတ်ခံလိုက်ရရင် နှစ်ယောက်လုံး အထိနာနိုင်သည်။

" ဆောင်းဟွန်းတို့ အခု ပြင်သစ်ရောက်နေတယ် ပြန်လာရင်တော့ အန္တရာယ်က ကျရောက်တော့မှာပေါ့ "

" အဲ့အတွက်မပူပါနဲ့ ကျွန်တော်တို့လဲပါပြီမို့ ကိစ္စက ဖြေရှင်းက လွယ်သွားမှာပါ "

" အခုလို လက်ခံတဲ့အတွက် မင်းတို့ကို ကိုယ်က သိပ်ကျေးဇူးတင်ပါတယ် "

" ရပါတယ် ဆောင်းဟွန်းဟျောင်းရဲ့ အသက်အန္တရာယ်လဲ ပါနေတာပဲ "

MEETING YOU  

Paris ၏ Montmartre ၏ လမ်းပေါ်တွင် လက်နှစ်ဖက်အား ဆန့်တန်းကာ ပြေးလွှားနေတဲ့ ဆောင်းဟွန်းဟာ ကလေးလေးသဖွယ်။

ဂျေး ဆောင်းဟွန်းရဲ့ အပြုအမူတိုင်းကို ဓာတ်ပုံလိုက်ရိုက်ရလို့ ဖုန်းထဲတွင် သူ့ selca တောင် မရှိပေ။ ဒါကြောင့်လဲ update မှန်လွန်းတဲ့ ဂျေးပတ်ခ် ပျောက်သွားရတာပေါ့။

Montmartre သည် Paris ၏ မြောက်ဘက် တွင်တည်ရှိသော ရွာလေးတစ်ရွာဖြစ်ကာ အေးချမ်းမှုတို့ဖြင့် ပြည့်နှယ့်နေသောာရွာလေးတစ်ရွာဖြစ်၏။ မြို့မဟုတ်သော်လဲ မြို့နီးနီး စည်ကားသည် ၊ ရွာ၏ အဆောက်အအုံးများ၏ ဆေးသည် အဖြူရောင်ကိုပင် အသားပေး လိမ်းခြယ်ထား၏။

ဒေသခံလူအချို့သည် ထိုနေရာအား ..။

mountain of the martyr ဟုခေါ်ဆိုကြသည်။

" ဂျေး ကျွန်တော့်ကို ဓာတ်ပုံရိုက်ပေး "

ဂျေးလက်ထဲသို့ ဖုန်းထိုးပေးပြီး ဆောင်းဟွန်းဟာ အဆောက်အဦး ဖြူဖြူတွေကို ကျောပေးကာ ရပ်၏။ အဆောက်အဦးဖြူဖြူတွေကြားမှ ထင်းထွက်နေသော Sacré-Cœur ဝတ်ပြုကျောင်းသည် Montmartre ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်သည်။

ဂျေးကတော့ ချစ်ရသူအတွက် အကောင်းဆုံး ကြိုးစားကာ ရိုက်ပေးနေလေ၏ ၊ လေရူးအချို့ဟာ ဆောင်းဟွန်းရဲ့ ဆံနွယ်ထဲသို့ တိုးဝင်ခိုက် ဆောင်းဟွန်းဟာ မနေတတ်စွာ မျက်လုံးများကို မှိတ်ထားကာ အပြုံးတို့ကိုလဲ ဆင်မြန်းထားလျက် ရှိလေသည်။

ရိုက်လိုက်တဲ့ ပုံအမြောက်အများထဲမှာ ကြည့်လို့ ဆိုးတယ်ဆိုတဲ့ ပုံဆိုတာ ရှားပါးလွန်းလှပြီး အဆောက်အအုံဖြူဖြူတွေရယ် ၊ t-shirt အဖြူလေးအား style pants အနက်နှင့်တွဲဝတ်ပြီး jean jacket အဖြူထပ်ထားပြီး အသားဖြူဖြူ ဆောင်းဟွန်း နဲ့လိုက်ဖက်လွန်းလှသည်။

ဖုန်းအား ကြည့်ကာ ရိုက်ထားသမျှတစ်ပုံတိုင်းကို သေချာကြည့်ပြီး သဘောတကျကျ ရယ်ကာ ဂျေးကိုလဲ ကျေးဇူးတင်ကြောင်း လှမ်းလှမ်း ပြောရတာ အမော။

" အဲ့လောက်တောင် ကျွန်တော်ချောတာလား ဂျေး ခများကျွန်တော့် visual ကိုဘယ်လိုထင်လဲ "

ကလေးလေးတစ်ယောက် သိချင်စိတ်လွန်ကဲနေသလို မျက်နှာထားဖြင့် မေးလာတော့ ဂျေးဟာ သဘောကျစွာဖြင့် ရယ်မောလေသည်။ ပတ်ခ်ဆောင်းဟွန်းကတော့ ချစ်ဖို့ ကောင်းနေတော့တာပဲ။

" မေးစရာတောင်မလိုဘူး ကိုယ့်ရဲ့ စိတ်ထဲမှာ မင်းက အမြဲတမ်း ချောပြီးသား "

" အဲ့စကား ဘယ်တော့မှ မပြောင်းရဘူးနော် "

" ဒါပေါ့ ဘာလို့ ပြောင်းရမှာလဲ "

ဆောင်းဟွန်းဟာ တော်တယ်ဟု ခပ်တိုးတိုးရေရွတ်ရင်း ဂျေး၏ နှုတ်ခမ်းလေးအား ဖိကပ်နမ်းရှိုက်လိုက်၏။ နုနုညံ့ညံ့ ပိုးသား လက်ကိုင်ပဝါ အိအိလေးတစ်ထည် နှုတ်ခမ်းသို့ လာရောက် ထိကပ်သလိုမျိုး။

" Jay! Come with me "

သူ့အား လက်ကမ်းကာ ခေါ်နေသော ဆောင်းဟွန်းဟာ နတ်သားလေးသဖွယ်။ ဆောင်းဟွန်း လက်အားဆွဲကာ ဆောင်းဟွန်း ခေါ်ရာနောက် ပြေးလိုက်နေတဲ့ ဂျေးဟာလဲ မောပန်းရကောင်းမှန်း မသိ။ အပြုံးတို့ဟာလဲ နှစ်ယောက်လုံးရဲ့ မျက်နှာ၌ ချိတ်ဆွဲနေကာ ပျက်သွားတယ်လို့ တစ်စက်လေးမှ မရှိခဲ့။

ရွာထဲ လျှောက်ပတ်ကာ လက်ဆောင်ပစ္စည်းများဝယ်ရင်း Paris သို့ပြန်တက်လာခဲ့ကြသည်။ ဝိုင်သိပ်ကြိုက်တဲ့ ဂျေးအတွက် ဆောင်းဟွန်းဟာ လက်ဆောင်ဟူ၍ Montmartre က အကောင်းတက အကောင်းဆုံးလဲ ဖြစ်ပြီး ဈေးကြီးကြီး ဝိုင်တစ်ပုလင်းအား ဝယ်ပေးသည်။

" သည်းငယ် ပိုက်ဆံတွေကုန်မှာပေါ့ "

" ဒီခရီးစဉ်မှာပဲ ခများတော်တော်ကုန်နေပါပြီ ကျွန်တော်ဒါဝယ်ပေးတယ်ဆိုတာ ပါးပါးလေးပါ "

ဂျေး၏ မေးရိုးသို့ လာရောက်ထိကပ်တဲ့ နှုတ်ခမ်းဟာ နုနုလေးရယ်။ ဖော်ပြရလွန်းလို့လဲ ဆောင်းဟွန်းရဲ့ နှုတ်ခမ်းနုနုကို ဖော်ပြစရာ အဓိပ္ပာယ်တောင် မရှိတော့ပေ။

ဆောင်းဟွန်း၏ လက်ချောင်းသွယ်သွယ်လှလှ လေးများသည် ဂျေး၏ အဆစ်ရှိကြီးကြီးဖြင့် သွယ်လှကြည့်ကောင်းသော လက်ချောင်းများကို ယှက်နွယ်ကာ ဆုပ်ကိုင်ထားခြင်းသည် ဂျေးအား ရင်ခုန်မှုကို အဆတစ်ရာ မြင့်တက်စေသည်။

တွဲခါစ အတွဲတွေလိုမျိုး ခံစားချက်သည် ဘယ်လောက်ပဲ အချိန်တွေကြာကြာ ခံစားနေရစမြဲပင် ဖြစ်သည်။

" ချစ်တယ် သည်းငယ် "

" ကျွန်တော်လဲ ချစ်တယ် "

အကြည့်ချင်းဆုံကာ ထိကပ်သွားတဲ့ နှုတ်ခမ်းတို့နဲ့ လှပစွာ ပြုံး‌လာသော နှင်းဖြူလုံးလေးသည် ကမ္ဘာပေါ်တွင် အလှဆုံးပင် ဖြစ်နိုင်သည်။

People describe my heart like a rock but they're right until I found you.

If you are moon I'll be your star so you can shine brighty.

I'm never fall in love with someone deeply but you're special.

MEETING YOU 

10.4.2024

RM ရဲ့ come back to me လေးကိုလေး steam ပေးကြပါအုံးနော် ဒီနေ့လဲ က်ုယ်တို့ ခီခီလေးရဲ့ AOTM လေးထွက်ပါပြီရှင့်

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories