Fanfics

11

06:01, 28 April 2024

" ဗိုက်အရမ်း အောင့်လို့ ကိုကို ဆေးရုံတက်ခဲ့ရတဲ့ တစ်နေ့ ... "

မိုးဖွဲဖွဲလေး ကျနေတဲ့ တစ်နေ့ ဆောနူတစ်ယောက် ‌ကျောင်းဝန်းထဲမှ အိမ်ပြန်ရန် bus ကားမှတ်တိုင်သို့ ကျောပိုးအိတ်လေး ခေါင်းပေါ် တင်ကာ ပြေးလာ၏။

သူဌေးသား ဆိုသော်လည်း ကျောင်း အသွားအပြန် bus ကားနဲ့ သွားရသည်ကို အလွန်‌ပင် နှစ်သက်သည့် သူဌေးသား စာကြမ်းပိုး လေးပင်ဖြစ်သည်။ စာအရမ်း လုပ်တဲ့ အကြိုးကျေးဇူးတွေကြောင့် ဆောနူရဲ့ ခေါင်းဟာ တစ်နေ့ထက် တစ်နေ့ ပို၍ပင် ကိုက်လာတတ်သည်။

စီးရမည့် bus ကားလာချိန် ကားပေါ်အမြန်တက်လိုက်၏။ ကျောင်းဆင်းချိန် ဆိုပင်မဲ့ ကားလေးဟာ ချောင်ချောင်ချိချိပင်ဖြစ်တာမို့ ပြတင်းပေါက် နားလေးတွေ ထိုင်လိုက်ကာ ပြတင်းပေါက် မှန်သို့ ခေါင်းမှီထား၏။

ပြတင်းပေါက်မှန်၌ တွဲလဲခိုနေသော မိုးစက်‌တို့နှင့် အုပ်မှိုင်း နေသော Seoul မြို့လေးဟာ ရည်းစားမထားဖူးသည့် ဆောနူကိုတောင် တစ်စုံတစ်ယောက်အား လွမ်းစွတ်‌စေသည့် ခံစားချက်မျိုးရစေ၏။

ရှင်သန်ခဲ့သည့် အသက် 16 နှစ်လုံးလုံးလဲ သူအိပ်ခဲ့ပြီးသည်မို့ ဆက်မအိပ်တော့ပဲ ကျောပိုးအိတ်ထဲက စာအုပ်ကို ထုတ်ကာ စာပြန်ကြည့်လိုက်၏။

သူ Cambridge university ရဲ့ ဝင်ခွင့်ကို အောင်ရမည်။ သဘောကျသည့် နိုင်ငံမှာ သဘောကျသည့် စီးပွားရေးမေဂျာကို သင်ယူပြီး သေချာပေါက် မိဘတွေရဲ့ အလုပ်ကို ဦးစီးရမည်မဟုတ်ပါသလား။

တအိမ်လုံးရဲ့ သား ယောင်္ကျားလေးဆိုလို့ သူပဲ ရှိပြီး ၊ ဖခင်က သူ့အား အများကြီး မျှော်လင့်ထားသည်မို့ သူ့ ဖခင်ကိုတော့ စိတ်မပျက်စေချင်ပါ။

အုံကာ ကိုက်ခဲနေတဲ့ ခေါင်းကိုလဲ ဂရုမစိုက်နိုင်ခဲ့ စာကိုသာ ကျက်နေမိသည်။

မိနစ် အတန်ကြာတော့ ဆင်းရမည့် မှတ်တိုင်ရောက်ကာ ခပ်မြန်မြန်ပင် အိမ်ပြန်ရသည်။ အခုထိ မတိတ်နိုင်သေးသည့် မိုးသည် တောင်ကိုရီးယားအား အမြင်ကပ်ပုဒ်မဖြင့် ရွာနေသယောင် ရှိ၏။

" Oh! Sunoo ဘယ်လိုဖြစ်လာတာလဲ တကိုယ်လုံးလဲ ရွှဲလို့ "

အမ အကြီးဆုံး၏ စိုးရိမ်သံဟာ ဆောနူ အိမ်ထဲ ဝင်ဝင်ချင်းပင် ကြားလိုက်ရ၏ ၊ သူ့ကိုယ်သူလဲ ပြန်ကြည့်တော့ အတော်လေးပင် စိုရွှဲနေ၏။

" အာ.. ဟုတ်ပ သားရေချိုးလိုက်အုံးမယ် "

" ဟဲ့ စာကြမ်းပိုးလေး ထမင်းဆင်းစားအုံးနော် ညဘက်ထမင်း မစားတာ တော်တော် ကြာပြီ! "

" Nae~~ Nunna "

အပေါ်ထပ် ပြေးတက်သွားတဲ့ ဆောနူဟာ အစာစားချိန်တောင် မမှန်တာ သုံးရက်ဆက်တိုက်ပင် ရှ်ိနေပြီ ဖြစ်သည်။ ထို့ကြောင့် ဗိုက်ဟာ တစ်ခါတစ်လေ ထိုးထိုးအောင့် တတ်လာလေသည်။

ရေမိုးချိုးပြီး စာလုပ်ရန် စာအုပ်ဖွင့်ချိန် ဆန္ဒပြလာတဲ့ ဗိုက်ကြောင့် အနည်းနဲ့ အများ အစာတော့ ဖြည့်ရမည်မဟုတ်ပါသ‌လား။

" ကဲ! မင်းသားလေး ရောက်လာပြီ "

" ငါ့သားကတော့ စာပဲလုပ်နေတာပဲ "

ဖခင်၏ ချီးကျူးစကားကြောင့် ဆောနူက ပြုံး၏ ၊ ပန်းကန်အား ဆွဲယူရင်း။

" အာပါးက ကျွန်တော့်ကိုအများကြီး မျှော်လင့်ထားတာဘဲမဟုတ်လား အာပါး မျှော်လင့်ထားတဲ့ အတိုင်းမဖြစ်လာရင် အားနာစရာတွေ ဖြစ်ကုန်မှာပေါ့ "

" အမလေးကွာ သားအဖကြားမှာ အားနာစရာ ဆိုတာ ရှိလို့လား "

" ရှိတာပေါ့ဗျ အ့! "

အစာအိမ်မှ ထိုးကာ အောင့်လာသည့် နာကျင်မှုကြောင့် ဆောနူ ညည်းညူမိသည်။ ရှု့မဲ့နေတဲ့ မျက်နှာကြောင့် တစ်မိသားစုလုံး၏ စိုးရိမ်ပူပန်မှုများသည် မျက်နှာထက် အပြည့်ပင်။

" သား ဘာဖြစ်လို့လဲ "

" ဗိုက်အောင့်တယ် "

ပြောလေ ဆိုးလေ ဖြစ်လာသည့် အောင့်မှုကြောင့် ဆောနူ ကမ်းပြင်ထက်ပင် လဲကျသွားရ၏။ တစ်ဖြေးဖြေး အမှောင်ကျသွားသည့် သူ့ရဲ့ မြင်ကွင်း။

ပြန်မြင်ရသည့် အချိန်မှာတော့ အဖြူရောင် မျက်နှာကပ်နှင့်အတူ ဆေးရုံသို့ သူရောက်ရှိနေ၏။ ညပင် အနော်နက်နေကာ နှာခေါင်း အတွင်းသို့ ပိုးသတ်ဆေး အနံ့ဟာ ‌တိုးဝှေ့ကာ ဝင်ဝင်လာ၏။

" ကလေးက အစာမစားတာ ကြာတော့ အူအတက်ပေါက် သလိုဖြစ်တာပါဗျ ခွဲစိတ်ကုသဖို့တော့ လိုလိမ့်မယ် "

ဆရာဝင် တစ်ယောက်ရဲ့ ထိုစကားကိုကြားပင်မဲ့ ဆောနူမှာ လန့်ဖို့ အင်အားတောင် မရှိ။ ဝေဝါးနေသော အမြင်တို့အား အားယူပြီး ကြည့်လိုက်တော့ အမြင့်တစ်နေရာတွင် ချိတ်ဆွဲထားသည့် ဆေးပုလင်းထဲမှ ဆေးတို့သည် တစ်စက်ချင်းဆီ သူ့၏ လက်အကြော အတွင်းသို့ ဝင်ရောက်နေ၏။

" ဒါဆို လူနာကို ဂရုစိုက်လိုက်ပါအုံး Sunoo ya.. နေအမြန် ‌ပြန်ကောင်းပါစေနော် "

ဆောနူ ဖြော့ယော့သော အသံဖြင့် ပြန်ဖြေလိုက်၏။ ဆရာဝန်ဝတ်ထားသော ဂျူတီကုတ်ဟာ လေထဲသို့ ဝဲသွားပြီး အခန်းထဲမှ ပြန်ထွက်သွား၏။

ဆရာဝန် ထွက်သွားပြီးနောက် ဆောနူအနားသို့ ရောက်လာကြသည့် ‌အာပါး အိုမား ၊ နူနားနှင့် ညီမလေး။

" အိုမား သားကလေ အမြဲတမ်းစာပဲ လုပ်နေတာ ကျန်းမာရေးကို ဂရုမစိုက်ဘူး "

" အမလေး ညည်းနဲ့တူတာလေ ညည်းမောင်ပဲဟာကို "

ထိုစကားကြားတော့ ဆောနူက ရယ်၏။

" ခေါင်းလဲ ကိုက်တယ်ဆို ဘာလို့မပြောပြတာလဲ သားလေးရဲ့ "

" အိုမားတို့ စိုးရိမ်မှာ စိုးလို့ပါ "

" အမြဲတမ်း အဲ့အတိုင်းပဲ! "

" ထားပါတော့ မိန်းမရယ် သားလဲ နားချင်နေရောပေါ့ ဆေးရုံတော့ သမီးတို့ နှစ်ယောက်ကို စောင့်ခိုင်းလိုက်ပေါ့ "

" ဒါဆို အိုမားသွားပြီနော် "

" ဟုတ်ကဲ့ အိုမား "

မိဘနှစ်ပါး ပြန်သွားတော့ ဆေးရုံခန်းဟာ တဖန် ပြန်လည် တိတ်ဆိတ်သွား၏။ ညီမလေး၏ စာကျက်သံနှင့် မမ၏ ဥပဒေ အကြောင်း စာဖတ်ပြနေသံကလွဲ၍ ဘာမှမရှိ။

ဥပဒေ ကျောင်းသူ မမဟာ ဆောနူနည်းတူ စာကို အရမ်းလုပ်ခဲ့တာကြောင့် တက္ကသိုလ် တက်နေသည့် အချိန်အတွင်း ကျန်းမာရေး တော်တော် ထိခိုက်ရ၏။

" Sunoo ya နင် စီးပွားရေးလုပ်တဲ့ အခါကြရင် ငါက နင့်အတွက် ရှေ့နေလုပ်ပေးမယ် "

" ခန့်မှာပါ ဆယ်ပုံပုံ တစ်ပုံ ပေးမယ်လေ "

" နင့်ဗိုက်ကို ထိုးလိုက်ရင် ဘာဖြစ်သွားမယ်ထင်လဲ "

လက်သီး တရွယ်ရွယ်ဖြင့် သူ့အား ရန်တွေ့နေတဲ့ Younghee Nunna ကြောင့် ဆောနူရယ်လိုက်မိသည်။ အသက်သာ 20 ပြောတာ အမြဲတမ်း ကလေးလေးလိုပဲ။

" Younghee အွန်နီးက ရှေ့နေလုပ်မယ်ဆို မီးက ‌ဆရာဝန်လုပ်မယ် "

စာကျက်နေတဲ့ အငယ်လေးဆီက ထွက်လာတဲ့ အသံစာစာလေးကြောင့် ဆောနူနဲ့ Younghee တို့နှစ်ယောက် ပြုံးမိသည်။  အငယ်ဆုံးလေး Jaehwa ကတော့ ဆရာဝန်ရူးလေးဖြစ်ကာ ဆော့ကစားတိုင်း ဆရာဝန်လုပ်တိုင်းသာ ကစား၏။

" ကိုကို့ဆီ လာပါအုံး Jaehwa လေးရဲ့ "

လက်ဆန့်တန်းလျက် ခေါ်တော့ သူ့ဆီပြေးလာသည့် ကလေးလေးဟာ ချစ်စရာအတိ။

" Jaehwa လေးကို ကိုကို မမေးရသေးဘူး ဘာလို့ ဆရာဝန်ဖြစ်ချင်တာတုန်း "

Jaehwa ဟာ အလှဆုံး အပြုံးအား ဆိုပြီးတော့။

" ကိုကို နေမကောင်းရင် မီးမီးက ဆေးကုပေးချင်လို့ "

" ငါတို့ Jaehwa လေးက ချစ်ဖို့ကောင်းလိုက်တာ "

ဆေးရုံအခန်းလေးသည် စိတ်ပူပန်မှုတွေနဲ့ ပြည့်နှံ့ရမဲ့အစား ရယ်မောစရာ အချို့နဲ့ပဲ ပြည့်နှံ့ခဲ့သည်။

" ချုပ်ထားလိုက် "

ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းပင် သူနာပြုဆရာမတို့သည် ကုတင်ထက် ရုန်းကန်နေတဲ့ ကလေးတစ်ယောက်ရဲ့ လက်ခြေထောက်များကို ချုပ်ထား၏။ ကုတင်ထက် ရုန်းကန်နေတဲ့ ကလေးငယ်၏ ခြေထောက်အား ချုပ်ထားခြင်း ခံထားရ၏။

ဆရာဝန်ဟာလဲ ကောင်လေး၏ လက်ကြောထဲသို့ ဆေးပိုက်အား တိုးသွင်းပြီး စိတ်ငြိမ်ဆေး ထိုးပေးရန် ပြင်ဆင်နေချိန် သန်မာလှသည့် ကောင်လေးဟာ ရုန်းကန်ကာ အခန်းထဲက ထွက်ပြေးသွား၏။

ဆေးရုံဝတ်ဆုံနှင့် အရပ်ရှည်ရှည် ကောင်ကလေးသည် ရှုပ်ဖွာနေသော ဆံနွယ်များနှင့်ပင် အလွန်ကို လိုက်ဖက်နေ၏။နှုတ်ခမ်းထူထူနှင့် ကိုရီးယားမျက်နှာပေါက် မဟုတ်တဲ့ ဒီကောင်လေးဟာ ရင်ဘတ်ကိုလဲ ဖိထားကာ လေကိုလဲ အသဲအသန် ရှုရှိုက်နေသည်။

သူရောက်နေသည့် နေရာမှာ ဆေးရုံ၏ လူသွားလူလာ ပျက်သည့် အနောက်ဘက်ဖြစ်သည်။ နံရံဖြူဖြူကို မှီကာ မျက်စိများကို မှိတ်ထားသည့် ထိုကောင်လေးဟာ တစ်စက်ထဲမှာပဲ မျက်ရည်များပင် ကျလာ၏။

" Hey ဘာဖြစ်လို့လဲ "

သူ့နားစည်သို့ ရိုက်ခတ်လာသည့် ချိုသာသည့်အသံ။ မျက်ရည်များဖြင့် ဝိုးတိုးဝါးတား မြင်နေရပင်မဲ့ ထိုကောင်လေးဟာ သူ့ထက် ငယ်နိုင်သည်။ ကိုရီးယားမျက်နှာပေါက် ၊ ဖြူဖွေးလှသည့် အသားအရည် ၊ ခပ်ချိုချို အပြုံးပိုင်ရှင်လေးဟာ ထူးဆန်းစွာဖြင့် သူ့စိတ်အား လုံခြုံမှု ပေး၏။

လက်ထဲတွင်လဲ အညိုရောင် ဝက်ဝံရုပ်လေး တစ်ရုပ်ကို ကိုင်ထားသေးသည်။

" ငါ့နာမည်က ကင်မ်ဆောနူပါ မင်းနာမည်ရော "

" နီ.. နီရှီမူရာ ရီခီ "

" အော် ကိုရီးယားလူမျိုး မဟုတ်ဘူးပဲ ဒါနဲ့ အဆင်ပြေရဲ့လား မင်းဘာဖြစ်လဲ ငါ့ကို ပြောပြလို့ ရပါတယ် "

" ကျွန်တော် ဆေးမသွင်းချင်ဘူး သူတို့က ဆေးတွေ အများကြီးပေးတယ် "

ဆောနူ ထိုကောင်လေး၏ ပုခုံးအား ကိုင်ကာ ထိုင်စေသည်။

" မင်းက ဘာဖြစ်လို့လဲ "

" ကျွန်တော်က overthinking သမား အဲ့တာကြောင့် စိတ်ထိခိုက်ပြီး ဒီကိုရောက်နေတာပဲ "

ဆောနူ၏ လက်ချောင်း နုနုတို့သည် ရီခီဆိုသည့် ကောင်‌လေး၏ ပုခုံးပေါ်တွင် ကျရောက်နေ၏။ ထို့နောက် ပြုံးရင်း..။

" ရီခီ မင်း ဆေးရုံဆင်းချင်လား "

ထိုစကားကြားတော့ ရီခီဟာ ခေါင်းတစက်စပ် ညိမ့်၏။

" ဒါဆို မင်းဒါတွေကို ကျော်လွှားရမှာပေါ့ ကယောင်ချောက်ချား မဖြစ်ချင်ဘူးမဟုတ်လား အဲ့ဆေးတွေက မင်းကို ကူညီပေးမှာ ၊ overthinking ဆိုတဲ့ စကားက နားထောင်လို့လဲ မကောင်းသလို မင်းကျန်းမာရေးလဲ ထိခိုက်စေတယ်လေ အခုကြည့်ပါအုံး "

ရီခီ့ ပါးနှစ်ဖက်ပေါ်သို့ ကျရောက်လာသည့် ပိုးသားထက် နူးညံ့သော လက်တစ်စုံ။ မဖြစ်နိုင်တာ လူတစ်ယောက်ရဲ့ လက်က ဒီလောက်ထိ နူးညံ့စရာ လိုလို့လား။

ဒါဟာ ရီခီ့ရဲ့ ပထမဦးဆုံးအကြိမ် လူတစ်ယောက်အပေါ် သံသယ ကင်းမဲ့စွာ ယုံကြည်ချင်း ပင်။

" မျက်နှာ ချောချောလေးနဲ့ မျက်ဝန်းလှလှလေးတွေက ညိုမဲနေရော မဖြစ်ဘူး မင်းနေကောင်းချင်ရင် ဆေးသွင်းရမယ်ငါနဲ့လိုက်ခဲ့ "

" ကျွန်တော် မသွားချင်ဘူး ကြောက်တယ် "

ဆောနူရဲ့ လက်ကောက်ဝတ်သို့ ဆုပ်ကိုင်လာသည့် လက်တစ်ဖက်။ လက်ဖမိုးတို့ဟာ ညိုမဲစွဲနေပင်မဲ့ အနည်းငယ်တော့ ကြည့်ကောင်းပါသေးသည်။

ဆောနူလက်ထဲက အညိုရောင် ဝက်ဝံရုပ်လေးသည် ရီခီ့ထံသို့ ရောက်ရှိလာ၏။

" ဒါလေးက မင်းကို အမြဲတမ်း ကူညီပေးလိမ့်မယ် "

ရီခီဟာ ဝက်ဝံရုပ်လေးကို တင်းကြပ်စွာ ဖက်ထားသည်မှာ ကလေးလေးနဲ့ တူနေ၏။

" လာ! မင်းရဲ့ ကြောက်စိတ်ကို ငါနဲ့အတူ ကျော်လွှားကြမယ် "

ဆောနူ လက်အား ရှေ့သို့ ဆန့်တန်းကာ ထိုကောင်လေးအား ခေါ်လိုက်၏။

ကြောက်လို့ နောက်တစ်ခါ ထပ်ငြင်းမယ်လို့ ထင်ထားပင်မဲ့ သူ့ရှေ့က ကောင်လေးဟာ ဆောနူရဲ့ ရှေ့ထုတ်ထားသောလက်ကို ဆုပ်ကိုင်သည်။ရီခီ့ လက်ကို‌ကိုင်ကာ ဆေးရုံခန်းထဲသို့ လိုက်ပို့တော့ သူ့မိဘတွေဟာ ဆောနူအား ကျေးဇူးတင်ကြ၏။

" ဆေးထိုးမယ်နော် "

ဆရာဝန်ရဲ့ ထိုစကားသံကို ကြားတော့ ကြောက်ရွံ့နေသည့် မျက်ဝန်းများဖြင့် ဆောနူကို ကြည့်၏။ မျက်ရည်စတို့ ဝေ့လာသော ရီခီ့ရဲ့ လက်အား တင်းကြပ်စွာဆုပ်ကိုင်ရင်း လှပ နူးညံ့သော အပြုံးတို့အား ပြုံးပြကာ..။

" Fighting! "

ကြောက်ကြောက် ဖြင့် ခေါင်းညိမ့်ပြတဲ့ ‌ရီခီဟာ မျက်ဝန်းများကို တင်းကြပ်စွာ မှိတ်ထားကာ အံကိုလဲ ကြိတ်ထား၏။

" ကဲ! ပြီးပါပြီ "

" Wow!! ငါတို့ ရီခီက တော်လိုက်တာ "

ဆောနူရဲ့ ချီးကျူးသံကို‌ကြားတော့ ရီခီက ပြုံးရင်း လှမ်းကြည့်၏။

" ဂိုမာဝေါ~~ "

" မလိုပါဘူး မင်းပျင်းရင် ငါ့အခန်းဆီ လာလည်လို့ရတယ်နော် အခန်းနံပါတ်က 156 "

ဆောနူ ရီခီ့အား လက်ပြကာ ကိုယ့်အခန်းပြန်ရန် ထိုအခန်းထဲမှ ထွက်လာ၏။

" ဆောနူလေး "

ခေါ်သံကြားတာကြောင့် အနောက်လှည့်ကြည့်တော့ ဂျပန်မျက်နှာပေါက်နဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တာကြောင့် ရီခီ့ရဲ့ အမေပင် ဖြစ်နိုင်သည်။

" သားလေးကို အန်တီ ဘယ်လိုကျေးဇူးတင်လို့ တင်ရမှန်းတောင် မသိတော့ပါဘူးကွယ် သားက ထွက်ပြေးသွားတာ ဘယ်မှာမှ ရှာလို့ မတွေ့တော့ အန်တီ တကယ်ထူပူသွားတာ "

ဆောနူရဲ့ လက်ကို ကိုင်ကာပြောနေတဲ့ အမျိုးသမီးဟာ ရီခီ့ကို သိပ်ချစ်ဟန်ပေါ်၏။ဒါပေါ့ ကိုယ့်ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ သားပဲ။

" မလိုပါဘူး အန်တီရယ် ကျွန်တော်လှမ်းလျှောက်ရင်းနဲ့ တွေ့လို့ စကားပြောရင်း ကူညီပေးလိုက်တာပါ "

" နီခီလေးက သားကို တကယ်ယုံရှာပါတယ် ဒါသူ့ဘဝမှာ ပထမဦးဆုံး ယုံကြည်ဖူးတာပဲ "

နီခီ ဟူသည့် နာမည်စိမ်းကြားတော့ ဆောနူဟာ အင်တင်တင်ဖြစ်သွားပြီးမှ 'ရီခီ' အားပြောနေမှန်းသိသွားလေသည်။

" နောက်ဆို နီခီလေးကို ဂရုစိုက်ပေးပါအုံး အကူအညီတောင်း ပါတယ် "

" ဟုတ်ကဲ့ပါ အန်တီ "

ဆောနူ ကျောခိုင်း၍ ပင်ထွက်လာခဲ့ပင်မဲ့ အတွေးများဖြင့်သာ ချာချာလည်နေ၏ ၊ လူငယ်တစ်ယောက်ဟာ ဘာကြောင့် ကျန်းမာရေး ထိခိုက်ရတဲ့အထိ overthinking ဖြစ်ရတာလဲ ဆိုတာကြီးဟာ သူ့အား မေးနေ၏။

" ငါလဲ ဘယ်လိုလုပ် သိမှာလဲဟ "

ဆောနူ သူ့ခေါင်းထဲ ရောက်နေသည့် အမေးအား အကိုတစ်ယောက်လိုချစ်ရပြီး တစ်ဦးတည်းသော ပတ်ခ်ဆောင်းဟွန်းအား မေးနေမိသည်မှာ နှစ်ရက်မြောက်နေ့။

" မင်း! ငါက ဟိုတယ်ဝန်ထမ်းနော် စိတ်ကျန်းမာရေး ဆရာဝန်မဟုတ်ဘူး "

" ဒါလေးမေးတာကို စိတ်ပုတ်လိုက်တာ "

ဆောနူ နှုတ်ခမ်းလေးအား ဆူကာ စိတ်ကြောက်ကြောင်း ပြလိုက်ပင်မဲ့ ရေခဲလို နှလုံးသားပိုင်ရှင်ကြီးဟာ ဖုန်းကိုသာ အသဲအသန် ကြည့်နေ၏။

*Knock Knock*

" Sunoo Hyung ~~ "

တံခါးသံနှင့်အတူ ခပ်ဩဩ အသံလေးနဲ့ နီခီဆိုတဲ့ ကောင်လေးဟာ ဆောနူပေးထားသော ဝက်ဝံရုပ်လေးကို ပိုက်ထား၏။ ပြန်လည် ပြည့်တင်းလာသည့် မျက်ကွင်းတို့နှင့် ပို၍ပင် ချောမောလာသော 15 နှစ်အရွယ် ကောင်လေး။

ဆောနူပင် ထိုကောင်လေးရဲ့ အသက်ကို သိသိချင်း အံ့ဩသွားရ၏။ အရွယ်နဲ့မလိုက်အောက် ထွားလွန်းပြီး ချောလဲ ချောမောလွန်းသည်။

" လာ နီခီထိုင် "

ကုတင်ပေါ် လက်ပုတ်ပြလိုက်တော့ ကုတက်ထက် တင်မလွဲလေးထိုင်၏။ လက်ထဲက ဝက်ဝံအရုပ်လေးကိုပင် မချ တင်းကြပ်စွာပင် ဆုပ်ကိုင်ထားစမြဲ။

" ဝက်ဝံရုပ်ကို အဲ့လောက်တောင် ကြိုက်တာလား "

" ဟျောင်း ပေးထားလို့ ပိုကြိုက်တာပါ "

ဆောနူ သူ့ရှေ့က ကလေးလေစရဲ့ ဆံနွယ်အုပ်အုပ်တွေကို တစ်ချက် လက်လေးနဲ့ ထိုးဖွပေးလိုက်သည်။

" ဟျောင်း ခွဲစိတ်ခန်းဝင်ရမယ်ဆို "

" အင်း မနက်ဖြန်လေ "

" ကျွန်တော့်ကိုလဲ ဆရာဝန်က မကြာခင် ဆေးရုံဆင်းလို့ရပြီတဲ့ "

" ဒါ သတင်းကောင်းပေါ့ "

နီခီဟာ နှုတ်ခမ်းလေးအား ရင်း ခေါင်းခါ၏။

" မဟုတ်တာ ဆေးရုံဆင်းရင်း ဟျောင်းနဲ့ ဘယ်လိုလုပ် တွေ့ရတော့မှာလဲ "

ဆေးရုံဆင်းရမှာ ကြောက်သည့် အကြောင်းအရင်းဟာ သူဖြစ်နေလို့တဲ့လေ။ အကြောက်ဆုံး အရာကို ရင်ဆိုင်ရဲသည်မှာလဲ အရင်းအမြစ်က သူဖြစ်နေလို့ဖြစ်ပြီး ခွဲခွာရသည်ကို မနှစ်သက်ရသည့် အကြောင်း အရင်းမှာ သူဖြစ်နေလို့တဲ့လေ။

ကင်မ်ဆောနူဟာ နီရှီမူရာ ရဲ့အရာရာလား?

သေချာပေါက်ပေါ့။

" ငါတို့တွေ တွေ့လို့ရသေးတယ်လေ ဆေးရုံက ဆင်းရင် ငါတို့အတူတူ လျှောက်သွားကြမယ် ဟုတ်ပြီလား "

ချော့မြူကာ ပြောတော့ သူ့ရှေ့က ကလေးလေးဟာ box smile လေးနဲ့ ပြုံးပြပြီး ခေါင်းညိမ့်ပြ၏။

" ဒါနဲ့ ဒါက ငါ့ရဲ့ အကိုတစ်ယောက်လို ခင်ရတဲ့ ဆောင်းဟွန်းဟျောင်းလေ "

အားလုံး‌ပြီးတော့မှ ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်တဲ့ ဆောင်းဟွန်းဘက်လှည့် လာ၏။ ကင်မ်ဆောနူတို့များ မျက်နှာလိုက် ချက်ကွယ်။

" အာညော်~~ ကိုယ့်နာမည်က ‌ပတ်ခ်ဆောင်းဟွန်းပါ ဆောနူနဲ့ သိတယ်ဆို ကိုယ့်ကိုလဲ ဟျောင်း လို့ပဲခေါ်ပေါ့ "

" နဲ~~ နီရှီမူရာ ရီခီပါဗျ ဆောနူဟျောင်း ခေါ်သလိုပဲ နီခီ လို့ခေါ်လို့ရပါတယ်ဗျ "

အပြုံးနုနုဆိုလာတဲ့ ကောင်လေးဟာ 'ဆောနူဟျောင်း' ဆိုသည့် အခေါ်အဝေါ်အား ပါးစပ်ဖျားမှ လုံးဝမချ။

" မနက်ဖြန်လာလို့ မရတော့ဘူးလားဟင် "

" ငါခွဲခန်းကထွက်လာရင် မင်းနဲ့တွေ့လို့ရပါတယ် ကလေးရဲ့ "

နီခီ့ လက်ဖမိုးပေါ်ကျရောက်လာတဲ့ နူးညံ့ညံ့‌လက် ဖဝါးလေးရဲ့ ပိုင်ရှင်အား သူအားပေးချင်ပင်မဲ့ သူကိုယ်တိုင်ကိုက ကင်မ်ဆောနူ ရဲ့ အားပေးစကားတွေနဲ့ ရှင်သန်နေရတဲ့ လူမို့ အားပေးမို့ စွမ်းအင် ဆိုတာ သူ့မှာ လုံးဝမရှ်ိပေ။

ဆေးရုံ၏လျှောက်လမ်းတွင် တွန်းလာသည့် Stretcher ပေါ်တွင် ကောင်ဘေးဟာ ငြိမ်သက်လျက် အကြောက်ဆုံး အရာကြီးအား ရင်ဆိုင်ရန် အဆင်သင့်ဖြစ်အောင် ကြိုးစားနေ၏။

" ဆောနူဟျောင်း!! "

ဖိနပ်သံ ကျယ်ကျယ်တို့နှင့် အနားသို့ ရောက်လာသည့် ကောင်လေးဟာ ဆောနူရဲ့ လက်ကောက်ဝတ်အား ဆုပ်ကိုင်သည်။

" စောင့်နေနော် ကြာမှာ "

‌ဆံနွယ်လေးတွေကို ထိုးဖွတော့ စိုးရိမ်နေသည့် မျက်ဝန်းများဖြင့် ကြည့်ကာ ခေါင်းညိမ့်ပြ၏။

" ဆောင်းဟွန်းဟျောင်း နဲ့နေခဲ့နော် "

" ဘာမှမဖြစ်စေနဲ့နော် "

" သေချာပေါက် ပြန်လာမှာပေါ့ "

အချင်းချင်း ဆုပ်ကိုင်ထားတဲ့ လက်တို့သည် ဖြေလျော့သွားပြီး ဆောနူသည်လဲ ခွဲစိတ်ခန်းထဲသို့ ဝင်သွား၏။ သန်မာတဲ့ ဆောနူ‌ဟျောင်း ဟာ သေချာပေါက် သူ့အတွက်ရော သူ့မိသားစု အတွက်ရော ပြန်လာခဲ့မှာပါ။

ကင်မ်ဆောနူဟာ နီခီ့ရဲ့ အရာရာ ပထမဦးဆုံး ဖြစ်ခဲ့တယ်။ ပထမဦးဆုံး လုံခြုံမှု အငွေ့အသက်ကို ရခဲ့တယ် ၊ ပထမဦးဆုံး သံသယကင်းစွာ ယုံကြည်ခဲ့တယ် ၊ ပထမဦးဆုံး စိတ်ပူပေးခဲ့တဲ့ လူသားတစ်ဦးလဲဖြစ်သလို ၊ ပထမဦးဆုံး သူ့ကျန်းမာရေး ပိုကောင်းအောင် အားပေးစကား ပေးခဲ့တဲ့ လူဖြစ်တယ်။

နီခီ ပူပန်နေတဲ့ စိတ်ကို တစ်ချက်လျော့ကာ ဆောင်းဟွန်း ဘေးနားသွားထိုင်လိုက်၏။ ပြီးနောက် နံရံအားမှီကာ အလှဆုံး အပြုံးလေးအား ပြန်မြင်ယောင်စေပြီး ပြုံးမိလိုက်သည်။

ကင်မ်ဆောနူ။

ကင်မ်ဆောနူ။

ကင်မ်ဆောနူ။

ပါးစပ်ထဲ စွဲနေတဲ့ နာမ်လေးတစ်ခုပြောပြပါဆိုရင် သူ့နှုတ်က 'ကင်မ်ဆောနူ' ဟုထွက်သွားမည်ပင်။

" ငါတို့ နီခီ နေကောင်းလာပြီပဲ "

" ဒါပေါ့ ဟျောင်းရ ဆောနူ‌ဟျောင်းက ကျွန်တော့် အတွက်အင်အားဖြစ်စေတယ်လေ "

" ငါတို့ရဲ့ နူးလေးက တစ်ဖက်သားကို အားတက်စေတဲ့ စကားတွေပြောတဲ့နေရာမှာ အရမ်းတော်တာ ‌သူ့ကြောင့်ပဲ ၊ သူ့စကားတွေကြောင့်ပဲ ဟျောင်းလဲ စိတ်ဓာတ်ကျတဲ့ နေ့ရက်တွေကို ဖြတ်သန်းလာခဲ့တာလေ "

ပြုံးနေရင်း ဆိုနေတဲ့ ဆောင်းဟွန်း ဟျောင်းဟာ ဆောနူဟျောင်းအပေါ် သိပ်ကိုမှ တွယ်တာတယ်ဆိုတာ သိနိုင်သည်။

တဖြေးဖြေး ကုန်လွန်သွားတဲ့ အချိန် ၊ မိနစ် ၊ စက္ကန့်တို့နှင့် ဘာသတင်းမှမကြားရသေးတဲ့ ခွဲစိတ်ခန်း။ နီခီ နံရံကို မှီရင်းသာ သက်‌ပြင်းတွေချနေမိသည် ၊ မိဘနှစ်ပါးက လာခေါ်သော်ညား ခေါင်းမာလွန်းတဲ့ နီခီဟာ ခွဲစိတ်ခန်းထဲက ဆောနူ ထွက်မလာမချင်း ဘယ်မှ မသွားဘူးဟု ပြောသည်။

" ဆရာထွက်လာပြီ "

ဆောင်းဟွန်းရဲ့ တိုးလွန်းလှတဲ့ အသံဆိုသော်ညား နီခီ့အတွက်တော့ ကျယ်လောင်စေသည်။ ခွဲစိတ်ခန်းထဲက ထွက်လာတဲ့ ဆရာဝန်၏ ဘေးတွင် ဝိုင်းနေသည့် ဆောနူရဲ့ မိဘနှစ်ပါး ၊ အမနှစ်ယောက် ၊ နီခီ နဲ့ဆောင်းဟွန်းတို့ပင်။

" ခွဲစိတ်မှု အောင်မြင်ပါတယ်ဗျ လူနာက သိပ်ကို ခံနိုင်ရည်ရှိတာပဲ "

" ဝမ်းသာလိုက်တာ ဆရာရယ် "

အခုမှပဲ အသက်ရှူနိုင်တော့တဲ့ ဆောင်းဟွန်းဂာလဲ သက်ပြင်းခပ်ရှည်ရှည်ချကာ လက်ချောင်းများကို ယှက်နွယ် ဆုပ်ကိုင်ထားပြီး ဘုရားသခင်ထံ ကျေးဇူးတင်လေသည်။

ကုတင်ထက် အိပ်ပျော်နေတဲ့ ဆောနူရဲ့မျက်နှာဟာ ဖြူဖက်ဖြူရော်လေး ဖြစ်နေပင်မဲ့ ချောမောနေတုန်းပင် ဖြစ်သည်။ နီခီ ကုတင်ဘေးတွင် ထိုင်နေသည်မှာ အချိန်ပင်အတော်ကြာနေပြီး ဖင်တွေတောင် ပူနေပြီဖြစ်သည်။

ဆောနူရဲ့ လက်အား ဆုပ်ကိုင်လိုက်တိုင်း ခုန်ပေါက်နေတတ်တဲ့ နှလုံးသားက သူ့ကို တိုးတီးစွာ ပြောသည်။

ကင်မ်ဆောနူ နဲ့မှပဲ နီရှီမူရာ ချစ်တတ်တော့တယ် တဲ့။

ဟုတ်ပါရဲ့ ကင်မ်ဆောနူ ကြောင့်ပဲ ၊ ကင်မ်ဆောနူက စိတ်ဓာတ်ခွန်အား‌လဲ ပေးသလို ချစ်တတ်အောင်လဲ သင်ပေး၏။ကိုင်ထားသော လက်ဖမိုးလေးအား နှုတ်ခမ်းထူထူဖြင့် ထိကပ်ကြည့်တော့ ပိုးသားလေးလို နူးညံ့၏။

လက်ယွလာတဲ့ လက်ချောင်းလေးများနှင့်အတူ ဗိုက်က အနာ၏ နာကျင်မှုကို ခံစားမိတဲ့ ဆောနူဟာ တစ်ဆက်ထဲမှာပဲ သတိပြန်ရလာ၏။

" ဆရာ! ဆရာ! ဆောနူဟျောင်း သတိပြန်ရလာပြီ "

အခန်းထဲသို့ ပြေးဝင်လာတဲ့ ဆရာဝန်နှင့် သူနာပြုများဟာ ဆောနူ အား လိုအပ်တာတွေ ပြုလုပ်ပေးခဲ့ပြီး နေအမြန်ကောင်းအောင် ဆုတောင်းပေးခဲ့ကြ၏။

" ဆောနူဟျောင်း မနာဘူးလား "

" နာတယ် "

" အများကြီးနာမှာပဲ "

" နည်းနည်းပဲ နာတာပါ ယုံလိုက် "

နီခီဟာ နှုတ်ခမ်းထူထူတွေကို အရှေ့သို့ထုတ်ရင်း ခေါင်းညိမ့်ပြ၏။

" ကျွန်တော် မနက်ဖြန် ဆေးရုံဆင်းရပြီ ဟျောင်းနဲ့ ခွဲရတော့မယ် "

" မခွဲရပါဘူး မင်းကို ငါ့ဖုန်းနံပါတ်ပေးမယ် ငါ့ကို သတိရတိုင်း ဖုန်းဆက် စာပို့ ကြားလား "

" ဟျောင်းဖုန်းနံပါတ်ပေး "

အကျီအိတ်ထဲထည့်ထားသည့် ဖုန်းကိုထုတ်ကာ ဆောနူပြောတဲ့ နံပါတ်ကို ရိုက်ထည့်လိုက်ပြီး 'ခွန်အားဖြစ်စေတဲ့ ဟျောင်း' ဟုမှတ်ထားလိုက်၏။

ကံကြမ္မာဟာ သူတို့နှစ်ယောက်ကို မျက်နှာသာပေးခဲ့သည်။ နောက်နေ့တွင် နီခီ‌ဆေးရုံ ဆင်း၏ ဆင်းရုံမဆင်းမှီ သူ့အားလာနှုတ်ဆက်ကာ အားတိုင်း လာမည်ဟုလဲ ကတိပေးခဲ့သည်။ကတိပေးတဲ့အတိုင်း တစ်ပတ်တွင် သုံးခါလောက် လာလည်ကာ ဆောနူရဲ့ အတူတူ စကားပြောပေးသည်။ အတန်းကြီးဖြစ်တဲ့ ဆောနူဟာ နီခီမရတဲ့ စာအချို့အား ရှင်းပြပေးသည်။

အမြဲတမ်း overthinking ဖြစ်တတ်တဲ့ ကောင်လေးကနေ အခုဆိုရင် ပျော်ပျော်ပါးပါး နေတတ်တဲ့ ကောင်လေးအဖြစ်ကို ပြောင်းသွားတဲ့ နီခီဖြစ်သည်။

ရက်သက် တစ်ပတ်ကြာတော့ ဆောနူ ဆေးရုံက ဆင်းရ၏။ လွတ်သွားတဲ့ စာတွေဟာ များသော်လဲ ဉာဏ်ကောင်းတဲ့ ကျောင်းသားမို့ သေချာလိုက်လုပ်တော့ နားလည်၏။ စားပွဲပေါ် တံတောင်ထောက် လက်ဖနောင့်ပေါ် မေးတင်ရင်း စဉ်းစားခန်း ဖွင့်နေမိသည်။

အခုတလော ဆောနူ ထူးဆန်းနေပါသည်။ နီခီ့ အကြောင်းပဲ အချိန်တိုင်း တွေးနေမိကာ နေ့တိုင်းစာပို့တဲ့ကလေးရဲ့ တစ်စက္ကန့်လေး typing မမြင်ရရင်တောင် ဘာများဖြစ်နေလဲလို့ စိတ်ပူတဲ့ အထိပင် ဖြစ်နေ၏။

*Vibration*

တုန်ခါလာတဲ့ ဖုန်းကြောင့် အကြည့်တစ်ချက် ပို့လိုက်တော့ တွေးနေတဲ့ ကလေးဆီက စာလေးဖြစ်သည်။

'ချစ်စရာ ဂျပန်ကောင်လေး'

*ဆောနူဟျောင်း ကျောင်းဆင်းရင် လာကြိုမယ်နော် ဟျောင်းပေးထားတဲ့ ကတိတည်အောင်လုပ် ကျွန်တော်နဲ့အတူတူ မုန့်သွားစားကြမယ်*

ဆောနူ သဘောကျစွာ တစ်ချက်ရယ်မိလိုက်သည်။

*ကောင်းပါပြီ ဒါဆို ကျောင်းဆင်းရင်စောင့်နေမယ် ပြီးရင် မြောင်ဒို သွားကြမယ်*

*Nae~~*

ရပ်တန့်သွားတဲ့ conversation လေးနဲ့အတူ ကောင်လေးငယ်ရဲ့ မီးစိမ်းလေးဟာလဲ ပျောက်ကွယ်သွား၏။ ဒီကောင်လေးကိုသာ သူမတွေ့ခဲ့ရင် ၊ သူသာ စကားစမပြောခဲ့ရင် သေချာပေါက် အမှောင်တွေထဲ ပိတ်မိနေတဲ့ ကောင်လေးဖြစ်နိုင်သည်။

နီခီ့ အတွက်ဟာလဲ ဆောနူဟာ ခွန်အား တစ်ခုဖြစ်ခဲ့သလို ၊ ‌ဆောနူအတွက် နီခီဟာလဲ အပြုံးတို့၏ အရင်းအမြစ်ဖြစ်ခဲ့လေသည်။

MEETING YOU

28.4.2024

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories