Fanfics

10

05:38, 26 April 2024

ဆောင်းဟွန်း အိမ်ထဲ ခြေဆောင့်တက်လာကာ အခန်းတံခါးအား ကြမ်းတမ်းစွာ ပိတ်လိုက်၏။ ပတ်ခ်မျိုးနွယ် ရည်းစားအား တော်တော်လေးကို ဒေါသထွက်နေသည်မို့ ရင်ဘတ်တို့ကလဲ နိမ့်ခြေမြင့်ခြေဖြင့်။

သန်ဘက်ခါသည် ဆောင်းဟွန်း ဂျေး၏ ထိုစံအိမ်ကြီးကို ရောက်တာ သုံးလတင်းတင်း ပကည့်တဲ့နေ့ပင် ဖြစ်သည်။

ဒုက္ခများနှင့် ကြုံတွေ့ခဲ့ရပြီး ပျော်ရွှင်များဖြင့် ပြည်လည်ပြည့်နှံ့ခဲ့တဲ့ ဒီစံအိမ်ကြီး‌ကိုရောက်တဲ့ နေ့ကို ဂျေး မှတ်မိမယ် ထင်ခဲ့ပင်မဲ့ အတွေးနဲ့ လက်တွေ့ဟာ တပ်တပ်ဆင်အောင်လွဲခဲ့သည်။

" ဂျေးပတ်ခ်! မကောင်းတဲ့လူ! "

ဘေးနားရှိ ဆိုဖာပေါ်က ကူရှင်အား နံရံသို့ ပြစ်ပေါက်လိုက်၏။ လိုက်ကာလေးအား တစ်ချက် ဟ ကာကြည့်လိုက်တော့ ခြံထဲက ရည်းစားဟာ ခါးထောက်ကာ ခေါင်းကုတ်ရင်း အသဲအသန် စဉ်းစားနေ၏။

ထို့နောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် အိမ်ထဲသို့ အလောတကြီး ပြေးဝင်လာ၏။

" သည်းငယ်! "

အခန်းတံခါးကို အလောတကြီးဖွင့်ကာ ရောက်လာပြီး ဂျေးဟာ ဆောင်းဟွန်းရှေ့ ဒူးထောက်ထိုင်ချ၏။ လက်သီးဆုပ်များကို ပေါင်ပေါ်တင်ထားပြီး ခေါင်းကိုလဲ အောက်သို့ ငုံ့ထား၏။

ဆောင်းဟွန်း လက်ပိုက်ကာ အနောက်က မှန်မျက်နှာစာအား မှီကာ မျက်မှောင်များအား ကြုံ့ထားလိုက်၏။

" ကိုယ် တကယ်တောင်းပန်ပါတယ် တကယ် မေ့သွားလို့ပါ "

" သည်းငယ်ရယ် ကိုယ် အလုပ်တွေများနေတာနဲ့ မေ့သွားတာ တကယ် တောင်းပန်ပါတယ် "

ဆောင်းဟွန်း ဒေါသအချို့အား သက်ပြင်းအဖြစ် ပြောင်းလဲလိုက်၏။

" ဒါဆို ဘာနေ့လဲ "

" ဂယ်အူးလ် လေးရဲ့ မွေးနေ့လားဟင် "

ဆောင်းဟွန်းရဲ့ ဒေါသမှာ ငယ်ထိပ်သို့ တက်သွားရပြီး တစ်စက်ထဲမှာတင် ဂျေးအား အော်မိတော့သည်။

ဂျေးအပေါ် တက်နိုင်သလောက် ဒေါသမထွက်ဘူးလို့ သူ့ကိုယ်သူ ကတိပေးခဲ့ပင်မဲ့ ဂျေးကိုယ်တိုင်ကိုက 'ကိုယ့်ကိုဒေါသထွက်ပါ' လို့ပြောနေသလို။

" ခများ! စားပြီး နားမလည် ဝါးပြီးထွေးထုတ် လုပ်တာလား!!! "

ဆိုဖာ ကူးရှင်နှင့် ဂျေးရဲ့ လက်မောင်းကို အားပြင်းပြင်းဖြင့် ထုလဲ ဂျေးဟာ ကြောင်အအဖြင့်သာ သူ့ကို ကြည့်ပြန်သည်။

ဆောင်းဟွန်း မျက်နှာ ဖြူဖြူဖွေးဖွေးသည် ဒေါသတို့၏ အရှိန်ကြောင့် နီရဲနေလေ၏။ အသားတို့နှင့် အောက်နှုတ်ခမ်းဟာလဲ တစ်စက်စက် တုန်ရီနေကာ အကြည့်တို့ကလဲ စူးရှနေ၏။

နောက်ဆုံးတစ်ချက် ဆိုဖာကူရှင်ဖြင့် ခပ်ကြမ်းကြမ်းလေး ရိုက်လိုက်ပြီး နံရံသို့ ပြစ်ပေါက်လိုက်၏။

" ဒီနေ့ ခများကျွန်တော့်ကို ခေါ်လာတာ သုံးလ ပြည့်ပြီ ခများရဲ့!! "

ထိုအခါမှ 'အာ..ဟုတ်သား' ဟုဆိုကာ ဆောင်းဟွန်း၏ ခါးအား လာဖက်၏။ ဗိုက်သားချပ်ချပ်တို့အား ခေါင်းတိုးဝှေ့နေတဲ့ ဂျေးကို ဆောင်းဟွန်း ကြာကြာတောင် စိတ်မဆိုးနိုင်ခဲ့ပါ။

ဂျေးမှာ မလုပ်နိုင်တာ ဘာမှမရှိဘူး။

သီချင်းလဲဆိုနိုင်တယ် ၊ model လဲဖြစ်တယ် သရုပ်ဆောင် အလုပ်လဲ ပီပီပြင်ပြင် လုပ်နိုင်တယ်။ နောက်ပြီး ရည်းစားတစ်‌ယောက် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတို့လဲ ရှိသည်။

ဆောင်းဟွန်း နှလုံးသား ကိုလဲ စက္ကန့်ပိုင်းအတွင်း ပျော့ခွေသွားအောင် လုပ်တဲ့နေရာမှလဲ သိပ်ကိုတော်သည်။

" ခများ ကအဲ့လိုပဲ အမြဲတမ်း အမှားလုပ်ပြီးတိုင်း ကျွန်တော့်ကို ချွဲတော့ ဘယ်လိုလုပ် ကြာကြာ စိတ်ဆိုးနိုင်မှာလဲ ခများရယ် "

ပျားရည်ကဲ့သို့ ချိုမြသည့် အသံလေးသည် ဂျေး၏ နားစည်သို့ နူးညံ့စွာ ရိုက်ခတ်၏။ ဂျေး ပြုံးမိလိုက်သည် ၊ သည်းငယ်က သူါကို ကြာကြာ စိတ်မဆိုးနိုင်ဘူးတဲ့လေ။ ဒါပဲလေ! သည်းငယ်က ချစ်ပဲချစ်တတ်တာ စိတ်မကောက်တတ်ဘူး အဲ့တာတွေပဲ ချစ်နေရတာ မဟုတ်လား။

ဂျေး ‌ဗိုက်သားချပ်ချပ်လေးကို ဖိကပ်နမ်းရှိုက်လိုက်ပြီး ဒူးထောက်ထားရာမှ ထကာ သည်းငယ်အား တင်းကြပ်စွာ ဖက်လိုက်၏။နှာခေါင်းထဲသို့ တိုးဝင်လာသည့် ခပ်ချိုချို ရနံ့တစ်ခု။

" သည်းငယ် "

" ဟင် "

" ကိုယ်သင်းရနံ့လေးက အစ မွှေးနေရော "

ဂျေးဟာ ပြောရင်းဆိုရင်း ဆောင်းဟွန်းရဲ့ လည်ပင်းလေးကို နမ်းရှိုက်၏။သို့သော် အနမ်းတို့ဟာ တဖြေးဖြေး ပြင်းထန်လာခဲ့သည်။ လည်ပင်းတစ်လျှောက် ပြေးလွှားနေသည့် ဂျေး၏ နှာတံစင်းစင်းကြောင့် ဆောင်းဟွန်းဟာ မော့ကာ မျက်လွှာများအား ချထားပြီး နှုတ်ခမ်းလွှာတို့အား ဟကာ လေအားရှူရှိုက်နေ၏။

ဂျေးရဲ့ ဆံနွယ်တို့ကြား ပြေးလွှားဆော့ကစား နေတဲ့ ဆောင်းဟွန်းရဲ့ လက်ချောင်းလှလှလေးတွေဟာ ကဗျာဆန်သည်။လည်ပင်းသားလေးကို တစ်ချက်စုတ်ကာ ကိုက်လိုက်တော့ နာကျင်လို့ ညည်းလေသည်။ ပတ်ခ်ဆောင်းဟွန်း ရဲ့ ခန္ဓာကိုယ်နဲ့ ရုပ်ရည်က တကယ့်ကို ဘုရားကောင်းချီး ပေးခံထားရတာပဲ။

ဆောင်းဟွန်းရဲ့ နောက်စေ့နားအား လက်ဖြင့်ထိန်းကာ နှုတ်ခမ်းသားတို့အား နမ်းရှိုက်လိုက်၏။ ပြန်လည်နမ်းရှိုက်သည့် ဆောင်းဟွန်းရဲ့ အနမ်းမှာ ကျွမ်းလှသည်။ လျှာချင်း ရစ်နွယ်ခြင်းသည် နွယ်များ ကဲ့သို့ပင် လျှင်မြန်လေသည်။

အောက်ဆီဂျင်အား ရှူရှိုက်ခွင့်ပေးတော့ ငွေမျှဉ်တန်းလေးတွေဟာ ထင်ကျန်ခဲ့၏။ လေအားအသဲအသန် ရှူရှိုက်နေတဲ့ ဆောင်းဟွန်းဟာ ကမ္ဘာပေါ်မှာ အလှဆုံး။ ကောင်းကင်ဘုံက လောလောလတ်လတ် ဆင်းသက်လာတဲ့ အလှနတ်ဘုရားလေး တစ်ပါးလိုမျိုး။

ပန်းချီကားထဲ သိမ်းထားချင်စရာ ကောင်းသည့် ထိုအလှနှင့် အမျိုးသားအား ပိုင်ဆိုင်ထားသည့် ဆောင်းဟွန်းဟာ ဂျေးမြင်ဖူးသမျှထဲက အလှတက အလှဆုံး။

" ‌အခု စိတ်ဆိုးပြေပြီလား "

ဆောင်းဟွန်းဟာ မောဟိုက်နေသည့် ကြားမှ မျက်စောင်း တစ်ချက်ထိုးကာ။

" ပြေပြီ "

" ဒါဆိုရင် Romantic ဆန်ဆန် ညစာ စားချင်လား "

ဂျေးရဲ့ စကားကိုကြားတော့ ဆောင်းဟွန်းဟာ ‌စိတ်ဝင်စားဟန်ပြပြီး ခေါင်းအား အတင်းညှိမ့်ပြသည်။

" ဒါဆို ဒီကကိုကိုကပဲ ပြင်ဆင်ရမှာပေါ့ သည်းငယ် အိပ်ချင်ရင် အိပ်နော် "

ဂျေးဟာ ဆောင်းဟွန်းအား အခန်းထဲ ထားခဲ့ကာ ရေအရင်ချိုးပြီး အောက်ထပ်တွင် ပြင်ဆင်ရန် ဆင်းလာခဲ့၏။

Apron အားဝတ်လိုက်ပြီး ဟင်းချက်ရန် စတင်ပြင်ဆင်လိုက်သည်။ steak လုပ်ရန် ဒယ်အိုးအား ထောပတ်နှင့် ပွတ်တိုက်လိုက်ရင်း အသားအား ထောပတ်ဆီဝင်သည်အထိ ချက်လိုက်၏။ စတင်မွှေးစ ပြုလာသည့် steak သားနှင့်အတူ spaghetti အား ရေနွေးပွက်ပွက် ဆူနေသည့်ထဲကို ပြုတ်လိုက်၏။

Steak နံ့မွှေးမွှေးနဲ့ ခေါက်ဆွဲတို့၏ ပေါင်းစပ်မှုသည် ဂျေး၏ ဆာလောင်စ ပြုလာသည့် ဗိုက်ကို ပို၍ ဆာစေသည်။

" သခင်လေးရေ "

အပေါ်ထပ်အား တက်ကာ အခြေအနေကို သွားကြည့်တော့ ဆောင်းဟွန်းဟာ အိပ်ပျော်လို့ နေ၏။ ကုတင်ပေါ်၌ စောင်များဖြင့် လုံးထွေးကာ အိပ်ပျော်နေသည့်ဆောင်းဟွန်းဟာ မျက်တောင်ရှည်ရှည်များ အောက်သို့ စိုက်နေကာ လှပလျက်။

ရှုပ်ထွေးနေသည့် ဆံနွယ်တို့သည် မျက်နှာဖြူဖြူ ဥဥပေါ် ကျရောက်ကာ နှောက်ယှက်နေ၏ ၊ ဒီလောက်တောင် လှတဲ့ ကလေးကို သူပိုင်ဆိုင်ထားတာ ဘယ်လောက်တောင်မှ ကံကောင်းလိုက်သလဲကွယ်။

ပါးနုနုလေးအား လက်ညိုးဖြင့် ထိုးကြည့်တြော မိုချီလုံးလေးလို အိအိလေးနဲ့ သူ့လက်ချက်ကြောင့် ပေါက်ပြဲနေတဲ့ နှုတ်ခမ်းလေးဟာ ဆူထွက်လာ၏။

ထို့နောက် အင်းအဲ စပြုလာသည့် ဆောင်းဟွန်းဟာ ကြောင်ပေါက်လေး တစ်ကောင်လို့ အကြောဆန့်၏ ၊ ဂျေးအား မြင်တော့ မျက်လုံးများပွတ် ၊ မျက်စိများ ပြုတ်ခတ် ပြုတ်ခတ်လုပ်ကာ ပြုံးပြ၏။

" မျက်စိတွေ သိပ်မပွတ်ရဘူးလေ သည်းငယ်ရဲ့ ကိုကို အောက်မှာ အကုန်ပြင်ဆင်ပြီးပြီ သည်းငယ် ရေချိုးတော့ ဟုတ်ပြီလား "

" အွန်း အွန်း "

" ကိုကို အကျီထုတ်ပေးထားမယ် ရေချိုးတော့ "

ပါးလေးကို ဖိကပ်နမ်းရှိုက်ကာ ဂျေးက အဝတ်ဗီရိုသို့ ခြေလှမ်းရင်း အကျီအား အသဲအသန်ရွေးပေးပြီး အောက်ထပ်သို့ အလျှင်စလို ပြန်ဆင်းသွား၏။

ဆောင်းဟွန်း ရေချိုးခန်းထဲသို့ ဝင်ကာ ဘေစင်ရှေ့ မှန်အား ကြည့်လိုက်တော့ ပန်းဆီရောင် နှုတ်ခမ်းနုနုပေါ် ပေါက်ပြဲဖူးယောင် နေသည့် ‌အရာတွေဟာ အပြည့်။ ဆောင်းဟွန်း ‌လက်ချောင်း သွယ်သွယ်တို့ဖြင့် ထိကိုင်မိရင်း ပြုံးမိသည် ၊ ဂျေးရဲ့ လက်ချက်တွေကို အရင်က မုန်းတီးမိသည်ဆိုတာ မှန်ပင်မဲ့ ယခုတွင်တော့ သူ့အကြိုက်ဆုံးထဲက တစ်ခု ဖြစ်ခဲ့သည်။

ဂျေး ဟာ ကောင်းကင်ဘုံက သူ့အတွက် ပြုလုပ်ကာ လွှတ်လိုက်သည့် တစ်ဦးတည်းသော လူသားလေးပင် ဖြစ်နိုင်သည်။

အတွေးတို့အား ခနလောက် ရပ်တန့်လိုက်ရင်း ရေပန်းအောက် ဝင်ကာ ‌ရေချိုးမှုကို စတင်လိုက်သည်။ မွှေးအီနေသည့် ကိုယ်သင်းရနံ့၏ နောက်ကွယ်က လျို့ဝှက်ချက်တစ်ခုရှိ၏။ ဆောင်းဟွန်းက ရေတစ်ခါချိုးရင် ကြာ၏ အကြောင်းအရင်းမှာ ဆပ်ပြာအား။သေချာတိုက်ရုံတင်မက scrub အချို့ပါ သုံးသေးသည်။ ဒါကြောင့် ဆောင်းဟွန်းရဲ့ ကိုယ်သင်းရနံ့အား ရှူရှိုက်လိုက်တိုင်း သိပ်ကို ထူးဆန်းသည့် ကိုယ်သင်းရနံ့ကို ရနေတာ ဖြစ်သည်။

Bathrobe အားပတ်ကာ အပြင်ထွက်လာမိတော့ ကုတင်ပေါ် တင်ထားသည့် နို့နစ်ရောင် suit လေးတစ်ထည်။ ဆောင်းဟွန်း အကျီလေးကို ဖြန့်ကြည့်လိုက်တော့ လည်ဂုတ်တွင် 'S' ဟု ထိုး‌ထား၏။ဂျေးက သူ့အတွက်ဟာ ရည်ညွှန်းပြီး အကျီဝယ်ပေးတိုင်း ဂုတ်တွင် ထို အက္ခရာအား ထိုးလေ့ရှိ၏။ ဆောင်းဟွန်း အကျီနဲ့ ဘောင်းဘီအား အလျှင်အမြန်ဝတ်ကာ ခြံထဲ ဆင်းမိတော့ ဂျေးဟာ ရေကန်လေးဘေးတွင် romantic ဆန်ဆန်ညစာကို ပြင်ဆင်နေ၏။နေဝင်ချိန်ကို မြင်ရသည့် ထိုရေကန်လေစ၏ ဘေးတွင် စားပွဲလေးတစ်လုံးရှိကာ ထိုအပေါ်တွင်တော့ စားချင် စရာကောင်းလှသည့် ခပ်မွှေးမွှေး စားသောက်ပွဲတို့အား ရှိ၏။

သူ့အား တွေ့တော့ ဂျေးဟာ ပြုံး၏။ ထိုအပြုံးဟာ တစ်သက်နဲ့ တစ်ကိုယ် မမြင်ဖူးတဲ့ အပြုံးဟု ဆိုနိုင်သည်။ နူးညံ့သည် ၊ ချစ်ခြင်းတို့ ပြည့်နှံ့နေသည့် အပြုံးမျိုးဖြစ်သည်။

" ကိုကို့ရဲ့ သည်းလေးက လှလိုက်တာ "

" ဂျေး ခများကျွန်တော့်ကိာ အမြဲရှက်အောင် လုပ်နေတော့တာပဲ "

ရှက်သွေးဖြာကာ ဆိုလေတော့ ဂျေးဟာ ရယ်၏ မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ရင်း ခုံပေါ် တံတောင်ထောက်ကာ ခေါက်ထားသော လက်ဆစ်များအား ယှက်နွယ်ရင်း မေးတင်ကာ သူ့ရှေ့က ချောမောလွန်းသည့် အမျိုးသားအား ကြည့်နေမိသည်။

ဖန်ခွက်ထဲ ရောက်ရှိလာသည့် နီရဲရဲ ဝိုင်အနီခွက်သည် ဆောင်းဟွန်းရှေ့သို့ ရောက်လာ၏။ ခွက်ချင်းတိုက်သံ ကြားရပြီးနောက် အစာအိမ်သို့ ထိုဝိုင်အရသာဟာ တိုးဝင်၏။

ဂျေးက romantic ဆန်တတ်တာလဲ လွန်ရော။ စားပွဲပေါ်တင်ထားတဲ့ သူ့လက်လေးကို အုပ်ကိုင်လာပြီး ထိုလက်အား ဆွဲယူကာ လက်ဖဝါးနုနုလေးအား ဂျေး၏ ပါးပြင်သို့ ကပ်၏။

" ကိုကို "

ဟင်?

ကိုကို? ကိုကို!!

ပတ်ခ်ဆောင်းဟွန်းရဲ့ နှုတ်ခမ်းဖျားကနေ ကြားလိုက်ရတဲ့ စကားသံက ကိုကိုတဲ့လား။ဂျေးဖြင့် ရူးတော့မှာပဲ။

" ကျွန်တော်စဉ်းစားနေတာ ဂျေးကကြ ကျွန်တော့်ကို သည်းငယ် လို့ခေါ်တယ်လေ ကျွန်တော်ကကြ ဂျေး လို့ပဲခေါ်နေရတာ အဆင်မပြေလို့ ညက တစ်ညလုံး ဘယ်လိုခေါ်ရမလဲ စဉ်းစားနေတာ "

ဂျေးက တစ်ချက် ခပ်ဖွဖွရယ်ရင်း လက်ဖဝါးလေးအား အသံထွက်သည်အထိ နမ်းရှိုက်တော့ သူ့ရှေ့က နှင်းဖြူလုံးလေးဟာ မျက်နှာများ ရဲတွတ်နေလေ၏။

" စား .. စားမလို့ လက်လွှတ်အုံး "

" ကောင်းပါပြီဗျ "

ဂျေးကိုယ်တိုင် ချက်ထားသည့် steak နှင့် spaghetti အား ဆောင်းဟွန်းဟာ တစ်ချက် မြည်းရင်း ခေါင်းညိမ့်၏။

" ကောင်းတယ်! ကျွန်တော် စားဖူးသမျှထဲမှာ အကောင်းဆုံးပဲ! "

လက်မတထောင်ထောင်နဲ့ ပြောနေတဲ့ ဆောင်းဟွန်းဟာ ချစ်စရာအတိ။ ရယ်ရင်း မောရင်း စားရင်း သောက်ရင်းနဲ့ စားပွဲပေါ်ရှိ အရသာရှိသော အစားအသောက်တို့သည် ပြောင်စင်ကုန်၏။

ဆောင်းဟွန်းကတော့ ခွက်ထဲမှ ဝိုင်နီနီတို့အား ဝှေ့ရင်း ရေကန်နဘေး၌ မတ်တပ်ရပ်နေ၏။ နေဟာ ဝင်စပြုနေပြီး ကောင်းကင်ကြီးဟာလဲ ပုဇွန်ဆီရောင် သန်းနေ၏ ၊ တိမ်ဆိုင်တို့ဟာလဲ ပုံသဏ္ဍာန် အမျိုးမျိုးပြောင်းကာ ပြာလဲ့လဲ့ကောင်းကင်ကြီး၏ အလှတရားအား ပိုပြီး ဖြည့်စွမ်းပေးနေ၏။ဂျေးကတော့ ဆောင်းဟွန်းအနားအား ဝိုင်ခွက်ကိုင်ကာ ရောက်လာပြီး ကျန်တစ်ဖက်ဖြင့် ဆောင်းဟွန်းရဲ့ ခါးသွယ်သွယ်အား ဆွဲဖက်ရင်း လည်ဂုတ်အား နမ်းရှိုက်လိုက်၏။

" အနာဂတ်က ကျွန်တော်တို့က ဘယ်လိုမျိုးတွေနဲ့ ရင်ဆိုင်ရမလဲ မသိဘူး "

ဂျေးက ကျန်တစ်ဖက်ဖြင့် ဆောင်းဟွန်းရဲ့ ခါးအား ဖက်ရင်း ဝိုင်နီနီအား လည်ချောင်းအတွင်းသို့ တိုးဝင်စေသည်။ ထို့နောက် ပါးနုနုထက် နှာခေါင်းလေး ဝင်သည်အထိ နမ်းရှိုက်လိုက်တော့ ကလေးငယ်ဟာ တစ်ချက်ရယ်သည်။

" သည်းငယ် အဆင်သင့် ဖြစ်တဲ့နေ့ကြရင် media တွေကို ထုတ်‌ပြမယ် ပြီးရင် ကိုယ်တို့ လက်ထပ်ကြမယ် သည်းငယ်က ဂယ်အူးလ် လေးနဲ့ ဆော့နေချိန် ကိုကိုက မင်းနဲ့ ဂယ်အူးလ် လေးအတွက် ဟင်းတွေချက်ထားမယ် ခြံနောက်ဘက်မှာ မင်းကြိုက်တဲ့ ပန်းတွေစိုက်မယ် ကိုယ်က အလုပ်ကြိုးစားမယ် "

အနာဂတ်အကြောင်းတွေပြောတော့ ဆောင်းဟွန်းဟာ သဘောကျစွာ တစ်ချက်ရယ်သည် ဟုတ်ပါရဲ့ ၊ ဂျေးရဲ့ စကားအတိုင်းသာ အနာဂတ်မှာ ဖြစ်လာခဲ့ရင် သေချာပေါက် .. သေချာပေါက် ပျော်ရွှင်စရာ ကောင်းနေတော့မှာပဲ။

ဂျေးအား ကျောခိုင်းထားရာမှ မျက်နှာချင်း ဆိုင်ရပ်ကာ နှုတ်ခမ်းတို့အား သူကိုယ်တိုင်မှ စကာ နမ်းရှိုက်စုတ်ယူလိုက်၏။ ဝိုင်၏ အရှိန်ကြောင့် လျှာဖျား၌ စွတ်နေသည့် အရသာသည် ခံတွင်းထဲသို့ တိုးဝင်လာ၏။

လစ်လျူရှု့ခံလိုက်ရတဲ့ ဝိုင်ခွက်လေး နှစ်ခွက်နှင့် ဂေဟစနစ်ချင်း ထိစပ်နေတဲ့ နှုတ်ခမ်းတို့သည် ရေကန်ဘေးတွင် လှပစွာ နမ်းရှိုက်နေ၏။

" ချစ်တယ် ကိုကို "

" သည်းငယ်ချစ်တယ်ဆိုတာထက် ကိုကိုက ပိုချစ်တာပေါ့ "

ဆောင်းဟွန်း နှုတ်ခမ်းဖျားက 'ကိုကို' ဆိုသည့် နာမ်စား ထွက်ကျလာတိုင်း နားစည်၌ ပန်းတို့ဟာ ပွင့်ဖူးလျက်ရှိ၏။

ထို အခြေအနေအား လျက်တစ်ပျက် ရိုက်လိုက်သည့် သူလျှိုရဲ့ မျက်နှာထက် အပြုံးတို့ဟာလဲ တောက်ပလျက်။

MEETING YOU

နီခီတစ်ယောက် ဂျေးနဲ့ ဆောင်းဟွန်းရဲ့ ပတ်သက်မှုတွေကို လိုက်လံရှာဖွေနေတာ ယခုဆိုရင် သုံးလတောင် ပြည့်ခဲ့၏။ ထိုကြားထဲ သတင်းအချက်အလက်တို့ဟာ ရခဲ့ပင်မဲ့ လုံလောက်တဲ့ သက်သေကိုတော့ မပေးနိုင်ခဲ့ပေ။

" မောင် ~~ "

စာရွက်ပုံထဲ ခေါင်းစိုက်ကာ အလုပ်ရှုပ်နေတဲ့ ‌နီခီ့၏ ပေါင်ပေါ်သို့ ‌ကျရောက်လာတဲ့ အလေးချိန်တစ်ခုနှင့် အလှဆုံး အပြုံးပိုင်ရှင် ၊ တစ်နည်းအားဖြင့် သူ့ရဲ့ ချစ်ရသူလေး ကင်မ်ဆောနူ။

" မောင်က ငါ့ကိုလဲ ဂရုမစိုက်ဘူး "

" မဟုတ်ရပါဘူးဗျာ ကျွန်တော်က ဆောင်းဟွန်း ဟျောင်းနဲ့ ပတ်သက်ပြီး လုပ်နိုင်သမျှ အားအကုန်သုံးနေရလို့ပါ ကျွန်တော်က ကိုကို့ကို ဘယ်တော့မှ အချစ်မလျော့ပါဘူး "

" ပြီးတာပါပဲ "

နှုတ်ခမ်းလေး ဆူကာပြောတော့ နီခီဟာ အသဲယားစွာ ထိုနှုတ်ခမ်းလေးအား အသံမြည်သည်အထိ နမ်းရှိုက်လိုက်၏။ ထိုအခါ ဆောနူရဲ့ နှုတ်ခမ်းလေးဟာ ပြုံး‌ယောင်သန်းလာ၏။ပြောပါတယ် သူ့ကိုကိုက ကမ္ဘာမှာ ချစ်စရာ အကောင်းဆုံးပါလို့။

" လုပ်တာကလဲ လုပ်ပေါ့ ဒါပင်မဲ့ ဆောင်းဟွန်း ဟျောင်းလဲ ဂျေးအပေါ် စိတ်ယိုင်နေပြီလို့ ငါထင်တယ် "

နီခီဟာ မျက်ခုံးများအား ထိစပ်မတတ် တွန့်ကွေးထား၏။ မဖြစ်နိုင်တာ သူနဲ့ ဆောနူကို 'ဂျေးပတ်ခ်ကို မုန်းလိုက်တာ' လို့အမြဲပြောနေကြလူက ဂျေးကို ချစ်နေတယ်ဆိုတာ မဖြစ်နိုင်တဲ့ အရာကြီးလေ။

" ကိုကိုက ဘာလို့အဲ့လို ထင်ရတာလဲ "

ဆောနူက တစ်ချက်ပြုံးရင်း ခါးကြားထဲက တစ်ခုခုကို နှိုက်ကာ နီခီ့လက်ထဲ ထည့်ပေး၏။ပုံအချို့ဖြစ်သည် ဂျေးပတ်ခ် နှင့် ကောင်လေးတစ်ယောက် နမ်းရှိုက်နေသည့်ပုံ ဂျေးကို နမ်းရှိုက်နေသည့် ကောင်လေးမှာ အခြားသူမဟုတ် သူတို့ သိပ်ချစ်ရတဲ့ ပတ်ခ်ဆောင်းဟွန်း သာဖြစ်လေသည်။ နောက်ပြီး ဂျေးအား ပြုံးကာ ကြည့်နေသည့် ပုံ‌။

" ဒါတွေက "

" ငါမပြောဘူးလား မောင် ဆောင်းဟွန်း ဟျောင်းက ဂျေးအပေါ် စိတ်ယိုင် နေပါတယ်လို့ "

ဆောနူ ခါး၌ ဖက်တွယ်ထားသော လက်တို့၏ အားဟာ အနည်းငယ် လျော့သွား၏ ၊ သက်ပြင်းတို့ဟာလဲ အကြိမ်ပေါင်းများစွာ ချနေသည့် ချစ်သူလေးသည် အတော့်ကို စိတ်ထိခိုက်သွားသည်လား မခွဲခြားနိုင်ပေ။

" မောင် အဆင်ပြေရဲ့လား "

" အင်း အ‌ဆင်ပြေပါတယ် ဒီတိုင်း ဆောင်းဟွန်း ဟျောင်း အချစ်စစ်‌နဲ့ တွေ့တာ သေချာရဲ့လားလို့ တွေးမိတာပါ "

နီခီ့ရဲ့ အကျင့်က ငယ်ငယ်လေးထဲက လူတွေကို မယုံတတ်တဲ့အကျင့်လေးရှိကာ overthinking သမားဖြစ်သည်။ ထို့ကြောင့်ပဲ စိတ်ထိခိုက်ရတဲ့ အထိဖြစ်သွားရကာ ဆေးရုံပါ တင်လိုက်ရသည်အထိ ဖြစ်ခဲ့ဖူးသည်။

နီခီ့ နှဖူးလေးကို တစ်ချက် ခပ်နာနာလေးရိုက်လိုက်တော့ ဘဲပေါက်ဟာ နှုတ်ခမ်းလေး ဆူထား၏။

" အ့! ကိုကိုကလဲ "

" မင်းအဲ့လို overthinking ဖြစ်လို့ ဆေးရုံရောက်ပြီးသွားပြီနော်! ဆေးရုံမှာ နောက်ထပ်တစ်ယောက် ထက်တွေ့နေမှာ မလိုလားဘူး "

" ဆေးရုံမှာ ကိုကို့လို နောက်ထပ် အချောအလှလေးတွေ မတွေ့နိုင်တော့ဘူး ဆိုတာထက် ကျွန်တော့်နှလုံးသားထဲ မဝင်နိုင်တော့ဘူး ဘာလို့လဲဆိုတော့ ကိုကို နေရာယူနေလို့လေ "

ဆောနူက 'လူဆိုး' ဟုတိုးတီးစွာ ရေရွတ်ရင်း မျက်စောင်းထိုး၏။

" ငါသာ ရောက်မလာရင် မင်းသေချာပေါက် ဆေးသွင်းမှာ မဟုတ်ဘူး မှတ်လား "

" ဒါပေါ့ ကင်မ်ဆောနူသာ ဝက်ဝံရုပ်လေး လာမပေးခဲ့ရင် မောင်လဲ ဆေးသွင်းမှမဟုတ်တော့ဘူး "

ဆောနူက တစ်ချက်ပြုံး၏။

ဆေးသွင်းရမှာ ကြောက်လို့ vip အခန်းထဲက ထွက်ပြေးလာတဲ့ ကလေးလေးအား ဆောနူ မြင်ပြီး သနားမိကာ သူ့အကြိုက်ဆုံး အရုပ်လေးကိုပေးခဲ့မိတဲ့အထိ။

ကိုရီးယားရုပ်မဟုတ်တဲ့ ကလေးလေးဟာ သူ့အား မျက်လုံးဝိုင်းဝိုင်းများဖြင့် မော့ကြည့်ချိန် မငြိမ်မနေအောင် ခုန်ပေါက်နေခဲ့တဲ့ နှလုံးသားကိုတောင် သူမုန်းမိတာ အမှန်ပင်။

ဒါပင်မဲ့ အခုတော့ နီရှီမူရာနဲ့ ပတ်သတ်လို့ နှလုံး ရုပ်ပျက်ဆင်းပျက် ခုန်ပေါက်နေလဲ သူအမြင်မကပ်ရက်တော့ပေ။

" အရာအားလုံးက မောင် ပေးစပ်ခဲ့တဲ့ အရာအားလုံးက ကင်မ်ဆောနူ အတွက်ပဲ ၊ ကင်မ်ဆောနူ ဆိုတဲ့ နာမည်သုံးလုံးနဲ့ လူသားလေး အတွက်ပဲ ကိုယ်အကြောက်ဆုံး အရာတွေကို ရင်ဆိုင်ခဲ့တာ "

" အဲ့လိုကြားရတော့ ကိုကိုက ဝမ်းသာတာပေါ့ မင်း ကြောင့် ပြန်နလန်ထူခဲ့တဲ့ နှလုံးသားလေးက အခုဆို ‌သိပ်ကို လှပလွန်းနေခဲ့ပြီလေ "

ထိုစကားအား ကြားတော့ နီခီဟာ သဘောကျစွာ ရယ်မော၏။ ထို့နောက် ဆောနူရဲ့ နှုတ်ခမ်းလေးအား တစ်ချက်စုပ်ယူလိုက်ကာ Amber eyes တို့အား သေချာစိုက်ကြည့်၏။

မျက်နှာ အစိတ်အပိုင်း နုနုထွတ်ထွတ်တို့အား ပိုင်ဆိုင်ထားတဲ့ ကင်မ်ဆောနူဟာ God's favorite child လေးပင် ဖြစ်နိုင်သည်။ရယ်လိုက်တိုင်း ရင်ထဲကို အေးမြစေသည့် အပြုံးတို့ကြောင့် နီခီ့မှာ စိတ်ဆိုးချင်ရင်တောင် မဆိုးရက်ပေ။

ဒီလောက် ချစ်ဖို့ကောင်းတဲ့ ရည်းစား ရထားတာ ဘာလို့ စိတ်ဆိုးရမှာလဲ။

" အဲ့နေ့ရက်တွေ မတိုင်ခင် မောင် သိပ်ပင်ပန်းခဲ့လား "

" ကိစ္စသေးသေးလေးကအစ overthinking  ဖြစ်နေတဲ့ မောင့်အတွက် အရာရာက ပင်ပန်းခဲ့တာပေါ့ ကိုကိုရယ် ဒါပင်မဲ့ ကိုကို့ ကြောင့်ပဲ အားလုံး ပြောင်းလဲလာတာလေ "

" သေချာပေါက် ဆေးရုံက နေ့ရက်တွေ ပြန်တွေးကြည့်တိုင်း ငါဝမ်းနည်းရသလို ဝမ်းလဲသာတယ် "

" အခုထိ အဲ့တုန်းက အချိန်တွေကို မှတ်မိတုန်းပဲ ဒါပင်မဲ့ ကိုကိုပြောတာလေး ကြားချင်တယ် "

ဆောနူက ရယ်ရင်း နီခီ့ပေါင်ပေါ်က ဆင်းကာ အခန်းထဲရှိ ဆိုဖာပေါ်အား ထိုင်၏။

" လာ! ကိုကို့ ပေါင်ပေါ် လာအိပ် "

CEO ပေါက်စလေးဟာ ပျော်ရွှင်သွားကာ ဆောနူရဲ့ ပေါင်ပေါ် ခေါင်းချ၏။ အကြေကောက်ထားသော ဆံသားတို့နှင့် နှဖူး ဖြူဖြူအုအုထက် ပွတ်သပ်တော့ ကျားသစ်ယောင်ဆောင်ထားတဲ့ ဘဲပေါက်လေးဟာ ငြိမ်‌ကုတ်လျက်။

" ဗိုက်အရမ်းအောင့်လို့ ကိုကို ဆေးရုံတက်ခဲ့ရတဲ့ တစ်နေ့.. "

MEETING YOU

26.4.2024

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories