Fanfics

6

20:09, 8 August 2024

"ဟေ့ကောင်... Mingyu ! မင်းသောက်တာ များနေပြီ တော်တော့"

Seokmin လုယူသွားသော အရက်ခွက်ကို ပြန်တောင်းရင်း

"ပေးပါ Seokmin ရာ ငါ့ကို ပြန်ပေး"

"မင်းများနေပြီ ဟျောင့်..."

"ေအ့ ... ငါသိတယ် ဒါမယ့် ဒီဟာနဲ့ပဲ နာကျင်မှုတွေ ဖြေဖျောက်နေရတာ"

"မဟုတ်သေးဘူး Mingyu"

"ကဲ... ပေးပါဆို~~"

မူးနေသည့် အရှိန်ကြောင့်နဲ့မို့ Seokmin လည်း တားမရပေ။

"ဟာ... ဟျောင့်"

လက်ထဲကခွက်ကို အတင်းလုယူရင်း တစ်ခွက်လုံးကို တခါတည်းမော့ချလိုက်သည်။

"အင်း... မင်းသိလား Seokmin ငါလေ... ငါ့ ရင်ဘတ်ကြီး တစ်ခုလုံး နာကျင်လွန်းလို့ သေတော့မယ်... မင်းသိလား"

ဘုတ်.... ဘုတ်!

ရင်ဘတ်ကို လက်ဖဝါးတစ်ခုလုံးနဲ့ ခပ်ကြမ်းကြမ်း ရိုက်ပြလိုက်ရင်း

"ငါ့ ရင်ဘတ်ကြီး တစ်ခုလုံး စုတ်ပြတ်သက်နေပြီကွ! ဟင့်..."

မူးမူးနဲ့ ငိုကာပြောနေသော Mingyu ကို ကြည့်ကာ Seokmin ဘာလုပ်ရမယ်မှန်းမသိတော့။

"ဘာဖြစ်လို့လဲ Mingyu ရာ..."

"Hyung... hyung"

နှုတ်ခမ်းဖျားက အသာအယာ ထိုနာမ်စားကို ရေရွတ်တော့

"ဟျောင့်... မင်းပဲ ထားသွားခဲ့တာလေ ဘာ အခုမှလာပြီး Hyungလည်း?"

နားမလည်နိုင်တော့ပါ ဟိုနေ့ကမှ နိုင်ငံခြားကပြန်ရောက်ခဲ့ပြီး စေ့စပ်ပွဲလုပ်တော့မယ်သူကြီးဟာ အခုတော့မှ Wonwoo hyungကို တလို့နေသည်။ တကယ်တမ်း ထားသွားခံခဲ့ရသူဟာ Wonwoo hyungပါ။

Seokmin ပြောတဲ့ စကားကြောင့် Mingyu ဟာ ခပ်ဟဟရီရင်း ခေါင်းရမ်းကာ

"ဟက်... မင်းတို့ မသိတဲ့ အကြောင်းအရာတွေမှ အများကြီးပဲ Seokmin"

##

"Wonwoo ပစ္စည်းတွေတောင် ထည့်ပြီးပြီပေါ့"

"အင်း ... ထည့်ပြီးပြီ"

"ဘယ်နှရက် ကြာမှာလဲ"

"အဲ့တာတော့ ငါလဲ မပြောတတ်ဘူး Jihoon ငါ ပျော်သလောက်နေမှာမို့"

"အေးပါကွာ studio အတွက်ကတော့ ဘာမှ မပူနဲ့ ငါနဲ့ Seungkwan ရှိတာပဲ"

"အင်း ... ဒါနဲ့ Jihoon"

"အွန်း... ပြောလေ"

"တလက်စတည်း ငါ သူ့ကို မေ့နိုင်အောင် ကြိုးစားကြည့်မလားလို့"

"နောက်ဆုံးတော့ မင်း ဆုံးဖြတ်နိုင်ခဲ့ပြီပေါ့"

"အင်း ... ဟုတ်တယ် သူလည်း အခု သူ့ဘဝနဲ့ သူရှိနေပြီ ငါလည်း လက်လွတ်သင့်ပြီ ထင်တယ် ငါတစ်ယောက်တည်း အတိတ်ကအရာတွေကို လက်မလွတ်နိုင်ဘဲ တမ်းတနေမိနေတာ ငါလည်း ပင်ပန်းနေပြီ"

ညှိုးငယ်လှတဲ့ မျက်နှာလေးနဲ့ ပြောသော သူငယ်ချင်းဖြစ်သူကို မြင်ရတော့လည်း စိတ်မကောင်းပေ

"ဘာပဲဖြစ်ဖြစ်ပါ မင်းသူ့ကို မေ့နိုင်သွားမှာပါ"

"အင်း"

စိတ်ပြေလက်ပျောက် ဖြစ်အောင် ခရီးသွားဖို့ စီစဥ်လိုက်သည်။ သွားရမည့် နေရာမှာ တောင်တန်းလေးတွေ ဝန်းရံနေတဲ့ နယ်မြို့လေးဖြစ်တာကြောင့် စိတ်ကိုတော့ အေးချမ်းစေမှာ အမှန်ပင်။

သို့သော် ထိုမြို့လေးမှာလည်း အတိတ်ကာလက ထိုလူသားနဲ့ အတူ ခြေလှမ်းပေါင်းများစွာ ရှိခဲ့ဖူးသည်။

သဘောကျရာ နေရာဟာလည်း ထိုတစ်နေရာပဲ ရှိတာကြောင့် ထိုနေရာသို့ သွားမည်ဟု သာ ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်။

"ဟယ်... Wonwoo ရောက်ပြီ လာလာ... သား"

" ဒေါ်လေးတို့ ရောက်နေတာ ကြာပြီလား"

"မကြာသေးပါဘူး သားရယ် ဒေါ်လေးတို့လည်း ခုမှရောက်တာ ကားဆိုက်တာနဲ့ ကွက်တိပဲ"

"ဟုတ်"

"ပေး...ပေး ဒေါ်လေး သယ်ပေးမယ်"

သူ့လက်ထဲက အထုပ်ကို ဒေါ်လေးက ဆွဲယူရင်း

"ရပါတယ် ဒေါ်လေးရယ်"

"အထုပ်တွေကို အများကြီးပဲ သားက ဘယ်နှရက်နေမှာမို့လည်း"

"အာ ... မဟုတ်ဘူး ဒေါ်လေး အဲ့တာ ကလေးတွေအတွက်"

မိဘမဲ့ ဂေဟာ ထောင်ထားတဲ့ ဒေါ်လေးဆီ မလာတာ ကြာပြီဖြစ်တာကြောင့် လိုလောက်မယ်ထင်တဲ့ ကလေး ပစ္စည်းလေးတွေ ဝယ်လာခဲ့သည်။

ဂေဟာရှေ့ရောက်တော့

"Wonwoo Oppa!"

ကလေးမလေး တစ်ယောက်က သူ့ကို ပြေးလို့ကြိုသည်။

"ဟာ... ဂျီအာ... ဒေါ်လေး အဲ့တာ ဂျီအာ မလား"

"အင်း... ဟုတ်တယ်"

"ကလေးက ကြီးလာလိုက်တာ ဒေါ်လေးရယ် ကျွန်တော်တို့တောင် တော်တော် အသက်ကြီးသွားသလိုပဲ"

အရင်က ၅နှစ်အရွယ် ပိစိလေးဟာ ခုတော့ ၉နှစ်အရွယ် ထိတောင် ရောက်လို့နေပြီ။ အချိန်တွေဟာ မြန်လိုက်တာ ဟုသာ ရေရွတ်မိတော့သည်။

Wonwoo ဒီကိုရောက်တာ တစ်ပတ်လောက်တောင် ရှိသွားပြီဖြစ်သည်။ ဒီမှာ ကလေးတွေထိန်းရင်းနဲ့ပဲ အလုပ်ရှုပ်လို့နေသည်။ ဘယ်အကြောင်းအရာကိုမှ တွေးချိန်ရမနေ။ ကလေးတွေနဲ့ နေရတာ သိပ်ကို ပျော်ဖို့ကောင်းပါသည်။ ဖြူဖြူစင်စင်နဲ့ သိပ်ကို ချစ်စရာကောင်းကြသည်။

ကလေးတွေ အိပ်ချိန်ဖြစ်တာကြောင့် သူ ပန်းခြံထဲက ဒန်းလေးပေါ်မှာ စာ ထိုင်ဖတ်လို့နေသည်။

"Wonwoo Oppa"

"ဟော.. ဂျီအာ လာလေ ထိုင်"

"Oppaကို မေးစရာရှိလို့"

"အင်း ဘာမေးမလို့လဲ မေးလေ"

"ငယ်ငယ်တုန်းကလိုလေ Oppaနဲ့ ပါလာနေကြ အရပ်ရှည်ရှည် Oppaက လိုက်မလာဘူးလားဟင်"

"ဟင်..."

ထိုအကြောင်းအရာများကို မတွေးချင် မကြားချင်ခဲ့တာမို့ ရှောင်ထွက်ချင်သည့်အနေနဲ့ အခုလို ပြေးထွက်ခဲ့သော်လည်း ထိုအရာကိုသာ ပြန်လည်ကာ အစဖော်လို့နေကြသည်။

ဝဋ်ကြွေးကြီးလိုက်ပုံများ အချစ်ရေ....ဘယ်လိုမှကို ရှောင်လွဲလို့ ရမနေဘူး။

***

"ကျွန်တော် တောင်းပန်ပါတယ် Hyung ရယ် Wonwoo hyung ဘယ်မှာရှိလည်းဆိုတာ ပြောပြပေးပါ"

"မင်း ငါ့သူငယ်ချင်းကို ဘာတွေ ဒုက္ခပေးအုံးမလို့လဲ Kim Mingyu! ဟမ်!!?"

"မပေးပါဘူး ကျွန်တော် ဒီတိုင်းပဲ တွေ့ချင်လို့ပါ"

"Wonwoo က မင်းကို သူစိမ်းတွေလိုပဲ နေကြရအောင်လို့ ပြောထားတယ်မလား"

"ဒါ...ဒါပေမယ့်"

"တော်စမ်းပါကွာ... ငါ့သူငယ်ချင်းက မင်းကြောင့် ခံစားရပေါင်းများနေပြီ"

"ကျွန်တော် တောင်းပန်ပါတယ်"

"မင်း တောင်းပန်ရမှာ ငါ့ကို မဟုတ်ဘူး Wonwoo ကို"

"ကျွန်တော် ကိုယ့်အမှားကိုယ် သိပါတယ် ဒါမယ့် အခု Wonwoo hyung ဘယ်မှာ ရှိလည်း ပြောပြပေးပါ"

"ငါမပြောပြနိုင်ဘူး"

ခေါင်းတခါခါနဲ့ ငြင်းလို့နေသော Jihoon ရှေ့တွင်

ဒူးထောက်လိုက်ပြီး

"လုပ်ပါ Hyung ပြောပြပေးပါ"

"ဒီလိုတွေလုပ်နေလည်း အပိုပဲ Kim Mingyu လာရာလမ်း အတိုင်း ပြန်လိုက်တာ အကောင်းဆုံးပဲ"

လျစ်လျူရှုပြီး လှည့်သွားလိုက်ပေသည့်

"ဒါ... ဒါက ကျွန်တော်တို့ရဲ့ နောက်ဆုံးတွေ့ဆုံခြင်း ဖြစ်မလားတောင် မသိဘူး ဒါကြောင့် ကျေးဇူးပြုပြီး ပြောပြပေးပါ"

အက်ကွဲစွာနဲ့ ထွက်ပေါ်လာသော အသံကြောင့် ခြေလှမ်းတို့ဟာ တုံ့ဆိုင်းလို့သွားသည်။

"အင်း ... အဲ့ဒီလိုနဲ့ မင်းသားလေးဟာ မင်းသမီးလေးကို တွေ့ရဖို့ ကြမ်းတမ်းလှတဲ့ ခရီးရှည်ကြီးကို ဖြတ်သန်းလို့ လာခဲ့သတဲ့"

"မင်းသားလေး သနားပါတယ်နော် ဦးဦး"

"နင်ကလည်း မင်းသမီးလေးကမှ ပိုသနားစရာကောင်းတာပါ နော ဦးဦးရာ"

Wonwoo ကလေးတွေကို ပုံပြင်ပြောပြနေရင်း ကလေးနှစ်ယောက်က ထငြင်းလို့နေသည်။

Wonwoo ကလေးနှစ်ယောက်ကို ပြုံးပြရင်း

"အင်း ... တကယ်တော့ နှစ်ယောက်လုံးဟာ သနားစရာ ကောင်းပါတယ်"

သူ ဒီလိုပြောလိုက်တော့မှ ငြင်းခုံနေတဲ့ ကလေးနှစ်ယောက်ဟာ ငြိမ်ကျသွားပြီး သူ့ပြောစကားကို ထောက်ခံကြသည်။

"ဟုတ်တယ်နော် ဦးဦးပြောသလို နှစ်ယောက်လုံးက သနားစရာကောင်းတာ"

"Wonwoo ဧည့်သည် ရောက်နေတယ်"

ဂေဟာက ဆရာမကြီးဟာ သူ့ကို ဧည့်သည်ရောက်နေတယ်ဟု ဆိုကာ လာခေါ်သည်။

"ဗျာ... ဧည့်သည်? ကျွန်တော့်ဆီလာတာလား??"

"အင်း ... ဟုတ်တယ်"

"ဘယ်သူလို့ပြောလဲ ဗျ"

"အင်း... ဘာတဲ့... ဟို Kim Mingyu ဆိုပဲ"

"ဗျာ!"

-----------------------

To be continued 💌

There are no comments yet. Log in to be the first to leave a review!

Similar stories