Fanfics

5

10:03, 22 November 2024

တင်းတောင်.... တင်းတောင်....

လူခေါ် ဘဲလ်ကို အခါခါတီးနေပေသည့် ထွက်မလာသော Wonwoo ကြောင့် Jihoon တစ်ယောက် စိတ်မရှည်၍ ကိုယ့်ဖာသာ code နံပါတ် ရိုက်ထည့်ပြီး ဝင်လာခဲ့သည်။

ထင်ထားသည့် အတိုင်း သူ့သူငယ်ချင်းမှာ အိပ်ယာပင် မထသေးပေ။

ထလာရင် စားရအောင်လို့ ဝယ်လာသော နွားနို့ဘူးကို အိုးထဲ သွန်ထည့်လိုက်ပြီး မီးဖိုပေါ်တင်လိုက်သည်။ ထို့နောက် ကြောင်အိမ် အံဆွဲထဲမှာ ပေါင်မုန့်ထုပ်ကို ထုတ်လာခဲ့သည်။ ရေခဲသေတ္တာထဲမှ စတော်ဘယ်ရီ ယိုဘူးကိုပါ ယူလာခဲ့ပြီး ပေါင်မုန့် နှစ်ချပ်ပေါ်တွင် သုတ်လိုက်သည်။

ခဏလောက်ကြာတော့ နွားနို့ပူပူလေးကို ခွက်ထဲ ထည့်လိုက်သည်။ ယိုသုတ်ထားသော ပေါင်မုန့်နှစ်ချပ်ကိုလည်း ပန်းကန်ထဲ ထည့်ကာ မနက်စာဟာ ready ဖြစ်လို့နေပြီ။

ထိုအချိန်မှာ...

"Jihoon...? အစောကြီး ရောက်နေတာလား"

"မစောတော့ပါဘူးကွာ နာရီလည်းကြည့်အုံး 9နာရီတောင် ခွဲနေပြီ"

"အင်း ... ငါ ညက နဲနဲ ညနက်သွားလို့"

Wonwoo ရဲ့ ပုံစံကို မြင်ရတာ သူ့အတွက် စိတ်မချမ်းသာလှပေ။ တစ်ညလုံးများ ငိုထားသလား ထင်ရအောင် မျက်လုံးလေးတွေမှာ ဖူးအစ်လို့နေသည်။ နှာခေါင်းထိပ်လေးမှာလည်း ရဲတွတ်လျက်။

"ဟုတ်ပါပြီ... ရော့... ငါ မနက်စာ ပြင်ပေးထားတယ်"

"ကျေးဇူးပါ သူငယ်ချင်း"

ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်ရင်း လာချပေးသော မနက်စာကိုတွေ့တော့ တစ်ယောက်သောသူကို သွားသတိရမိသည်။

***

"Morning ပါ မောင်"

"အွန်း... မောင့် Won လေး နိုးပြီပေါ့ အိပ်ရေးဝပြီလား"

"အင်း ... ဝပါပြီ ဒါနဲ့ မောင်က ဘာတွေလုပ်နေတာလည်း"

"ခါတိုင်းလို မောင့်Wonလေး အတွက် မနက်စာ ပြင်ပေးနေတာလေ"

"ဒီအထုပ်တွေက"

"အင်း.. အဲ့တာက ဒီနေ့ မောင် စောစောနိုးတာနဲ့ စျေးသွားလိုက်တာ မောင့် Wonလေးအတွက် မနက်စာကို လတ်လတ်ဆတ်ဆတ်လေး လုပ်ကျွေးချင်လို့ဆိုပြီးသွားတာ စတော်ဘယ်ရီသီးတွေက လတ်တာနဲ့ မောင်လည်း ဝယ်ခဲ့တာ ရော့ စားကြည့် ချိုတယ်"

ရေဆေးပြီး ခြင်းထဲ ထည့်ထားသော စတော်ဘယ်ရီ တစ်လုံးကို ယူကာ ခွံကျွေးလိုက်သည်။

"အင်း... ချိုနေတာပဲ"

စတော်ဘယ်ရီသီးလေးကို တမြုံ့မြုံ့ဝါးနေသော သူလေးမှာ သိပ်ကိုချစ်ဖို့ကောင်းလှသည်။

ပါးလေးတစ်ဖက်ကို အသာအယာ ဆွဲဖဲ့ရင်း

"အားရီးကူး... ချစ်စရာလေး"

"ရော့ မောင်ရော စားလေ"

"ဟင့်အင်း တော်ပြီ မောင်က အဲ့ထက်ချိုတာ စားချင်တာ"

"ဟင်... ဒီအလုံးက ချိုလောက်ပါတယ်"

လက်ထဲက အလုံးကို မချိုဘူးဟု ပြောသည် ထင်မှတ်ပြီး ချိုမယ့် နောက်တစ်လုံးရွေးနေတုန်း

ကိုယ်လုံးလေးကို သန်မာလှသော လက်တစ်စုံဖြင့် ခါးကနေ ဆွဲဖက်လိုက်ရင်း နှုတ်ခမ်းလုံးလုံးကို ပြွတ်ကနဲ စုပ်ယူကာ စားသောက်လိုက်သည်။

ထို့နောက်

"အင်း... ဒါကမှချိုတာ"

"မောင် နော် လူလည်ကျတာ"

နမ်းခံလိုက်ရ၍ ရှက်ပြီး နားရွက်လေးတွေတောင် ရဲလို့လာသည်။

"မောင်က ချစ်လို့ပါကွာ တကယ်လည်း မောင့် အတွက် Wonနှုတ်ခမ်းလေးက အချိုဆုံးပဲ"

"ဟွန်း... အပိုတွေ ဗိုက်ဆာပြီ"

"အားလုံး readyပါပဲဗျာ"

ယိုသုတ်ပြီး စတော်ဘယ်ရီသီးလေးတွေ ညှပ်ပေးထားသော ပေါင်မုန့်လေးကို စားမယ် လုပ်တုန်း

"ဟေး... ဒီတ်ုင်းစားလို့ ဘယ်ရမလဲ"

"ဟင်"

"မစားခင် ကျသင့်သလောက် အရင်ရှင်းရမှာလေ"

"ဘယ်လို"

ဘာကို ဆိုလိုသည် ဆိုတာကို နားမလည်။

"အဟမ်း... ဒီမှာလေ"

ပါးလေးတစ်ဖက် ထိုးပေးမှ သဘောပေါက်ကာ ရီလိုက်ရင်း ထိုပါးလေးတစ်ဖက်ပေါ်တွင် နှာခေါင်းလေး နစ်ဝင်တဲ့အထိ မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။

"Wonwoo စားလေ"

"ဟင်... အင်..အင်း"

သတိရစိတ်ကြောင့် ဆို့တက်လာသည့် မျက်ရည်များကို မကျမိအောင် မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်ရင်း။ Jihoon သတိမထားမိစေရန် အလျင်အမြန် ဖုံးကွယ်လိုက်သည်။

ဘယ်လိုပဲ ဖုံးကွယ်ဖို့ ကြိုးစားနေပါစေ ငယ်ကတည်းက ပေါင်းလာသည့် သူငယ်ချင်းများ ဖြစ်သည်ကြောင့် Wonwoo ရဲ့ အပြုအမူကို Jihoon သတိထားမိပါသည်။ သို့သော်လည်း ဘာကိုမှ အစ မဖော်ချင်တာကြောင့် ဘာမှမပြောပဲ မသိသလိုသာ နေလိုက်သည်။ သူ့ သူငယ်ချင်းကို မနာကျင်စေချင်တော့ဘူး။

.

"Camera ချိန်တယ် ဆိုတာက ရှုထောင့် မျိုးစုံ ရှိတယ် ဒီမှာ"

"အော်... အဲ့လို ဟုတ်"

ဒီနေ့ studio တွင် အလုပ်အားပေသည့် ဝါသနာ ပါလို့ သင်ယူချင်လှပါပြီဆိုတဲ့ Soobin တို့အဖွဲ့ကို စိတ်ရှည်ရှည်နဲ့ ရှင်းပြလို့နေသည်။

"Lighting လိုမယ်ဆိုရင် ဒီဘက်ကနေမှ ပင့်ပြီး....ဒီလို"

"အော်"

"Hyung က တကယ်တော်တာပဲ"

Soobin တစ်ယောက် လက်မ ထောင်ကာ သူ့ကို ချီးကျူးလို့နေတယ်။

"အဲ့လောက်လဲ မဟုတ်ပါဘူးကွာ"

"ကျွန်တော့် မျက်လုံးထဲမှာကတော့လေ Hyung Camera ကိုင်ထားတဲ့ ပုံစံကိုက အရမ်းတွေ မိမိုက်နေတာ"

"ဟားဟား... ဟုတ်ပါပြီကွာ"

နှစ်ယောက်သား စကားပြောနေကြတုန်း

"Wonwoo hyung... hyung!"

"Seungkwan ငါဒီမှာ"

"Hyung ရှေ့မှာ ဧည့်သည်ရောက်နေတယ်"

"ဘယ်သူလဲ"

"မိန်းကလေးတစ်ယောက် Hyung ကို အလုပ် အပ်ချင်လို့လို့ ပြောတာပဲ"

"အင်း... ဟုတ်ပြီ ဒါဆို Soobin ခဏနေခဲ့အုံးနော် Hyung ဧည့်သည်လာနေလို့"

"ရတယ် Hyung အေးဆေးသွား ကျွန်တော်တို့ Hyung Camera ကို သေချာ ကလိထား အဲလေ သေချာ ကြည့်ထားလိုက်ပါ့မယ်"

"အင်း"

Soobin တို့ကို Seungkwan နဲ့ ထားခဲ့ပြီး ဧည့်သည် ရှိရာဘက်ကို ထွက်လာခဲ့သည်။

ဧည့်သည်ဆိုလို့ ကြည့်လိုက်မိရာ မနေ့ညက တွေ့ခဲ့တဲ့ မိန်းကလေးဖြစ်လို့နေသည်။

"ဒီက မိန်းကလေးက"

"အကိုက Jw.film studio ပိုင်ရှင် Jeon Wonwoo လားမသိဘူး"

"ဟုတ်ပါတယ် ကျွန်တော်ပါ"

"ဟုတ် ညီမ Pre wedding ရိုက်တာလေး အပ်ချင်လို့"

ထို စကားကို ကြားတော့ နွေလယ် ခေါင်ခေါင် မိုးကြိုးပစ်ချလိုက် ခံရသလိုပင် ပျက်ယွင်းသွားသည့် မျက်နှာ အမူအရာကိုပြန်ထိန်းရင်း

"ဟုတ်ကဲ့ pre wedding ရိုက်ဖို့ဟာကြတော့ မရလောက်ဘူး အကို ခရီးထွက်ဖို့ ရှိတာမို့ပါ"

"သူငယ်ချင်းတွေက အကို့ studio က နာမည်ကြီးပြီး အဆင်ပြေတယ် ပြောကြလို့ပါ လုပ်ပါ အကိုရယ် ခရီးမထွက်ခင် ဖြစ်ဖြစ် ရိုက်ပေးသွားလို့ ရမလား ညီမ သူများထက် သုံးဆပိုပေးပါ့မယ်"

"အားနာပါတယ် ကျွန်တော်က ခရီး ထွက်ဖို့ အကုန် စီစဥ်ပြီးသွားပြီမို့ မရနိုင်တော့ပါဘူး"

ထို မိန်းကလေးမှာ စိတ်ပျက်သွားဟန်ဖြင့်

"အင်းလေ... ဘယ်တတ်နိုင်မလဲ ဒါဆို ညီမကို ခွင့်ပြုပါအုံး"

"ကောင်းပါပြီ"

Jeon Wonwoo ဟာ ဘယ်လောက်ပဲ ဟန်ဆောင်ကောင်းတယ် ပြောပါစေအုံးတော့ ချစ်ရသူအား တခြားသော သူတစ်ယောက်နဲ့ အတူ ယှဥ်တွဲပြီး သွေးအေးစွာနဲ့ ငေးကြည့် မြင်တွေ့ဖို့ရာ အတွက်လောက် အထိတော့ အသည်းမမာနိုင်တော့ချေ။

------------------

To be continued 💌

There are no comments yet. Log in to be the first to leave a review!

Similar stories