Fanfics

2

18:03, 1 September 2024

"ဟ ... ဒီနှစ်တော့ Wonwoo ပါလာသားပဲ လာလာ... ထိုင်ကြ သူငယ်ချင်းတို့"

ကျောင်းတုန်းက သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ သူက နေရာဖယ်ပေးရင်းပြောတယ်။

Wonwoo, Jihoon နဲ့ Soonyoung တို့ သုံးယောက်လဲ နေရာမှာ ဝင်ထိုင်လိုက်ရင်း မတွေ့ရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ စကားတွေ ဖောင်ဖွဲ့ပြီး ပြောနေကြလေသည်။ ဦးဆောင်သူကတော့ Kwon Soonyoung ပေါ့။ ရောက်ကတည်းကပြောလိုက်တာ တရစပ်ပင်။ ဘေးနားက Jihoon မှာတော့ ခေါင်းတငြိမ့်ငြိမ့်။

Wonwoo အေးအေးဆေးဆေးနဲ့ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေကို လိုက်နှုတ်ဆက်ပြီးသည်မို့ ဘေးနားမှာ ကော့တေးကိုသာ ထိုင်သောက်နေသည်။

"Wonwoo! မင်းကွာ မတွေ့ရတာကို တော်တော်ကြာပြီ အင်းပေါ့လေ မင်းက ခုနာမည်ကျော် ကင်မရာမန်းကြီးဆိုတော့လည်း မင်းက အလုပ်တွေများနေမှာပေါ့"

သူ့ လက်မောင်းတစ်ဖက်ကို လာပုတ်ရင်း ပြောသူကတော့ Junhui။

"ဟာ ... ဟေ့ကောင် Jun! တရုတ်ကနေ ဘယ်တုန်းကပြန်ရောက်တာလဲ ငါတို့ကိုတောင် ဖုန်းမဆက်ဘူး တကယ်ဆို... ငါလည်း အလုပ်တွေများနေလို့ပါ မင်းရော တရုတ်မှာ နာမည်ကြီး မော်လ်ဒယ် ဖြစ်နေပြီပဲ"

"အဲ့လောက်လဲ မဟုတ်ပါဘူးကွာ ငါကြိုးစားရအုံးမှာပါ ငါ ဒီအလုပ်ကို အရင်ကတည်းက ဝါသနာ ပါတယ်လို့ပြောသားပဲ မှတ်မိသေးလား Wonwoo ငါတို့တွေ ကျောင်းတုန်းကလေ Maths အချိန်မှာ လစ်ထွက်ပြီး ကျောင်းနောက်က ပန်းခြံမှာ ဓါတ်ပုံသွားရိုက်ကြတာ"

"ဟားဟား... မှတ်မိတယ်"

"အဲ့တုန်းက မင်းကလည်း ကင်မရာကြီး တကားကားနဲ့ ငါ့ကို မော်လ်ဒယ်လုပ်ခိုင်းတာလေ လူကို ဟိုလိုလေး ပိုစ့်ပေးခိုင်းလိုက် ဒီလိုလေးပိုစ့်ပေး ခိုင်းလိုက်နဲ့ နောက်ဆုံး ငါ ပိုစ့် အပေးလွန်ပြီး ရေကန်ထဲ ချော်ကျသွားတာလေ"

"ဟားဟား... မှတ်မိတာပေါ့ကွာ"

"ဟားဟား..."

သူငယ်ချင်းနှစ်ယောက် အတိတ်က အကြောင်းအရာတွေ ပြန်ပြောရင်း

"အချိန်တွေကုန်တာ မြန်လိုက်တာ Wonwoo ရာ"

"အင်း ... ဟုတ်ပါ့"

"အားလုံးက မနေ့တနေ့ကလိုပဲ"

"အင်း"

အရင်က ကျောင်းသားဘဝ ပေါ့ပေါ့ပါးပါး ဖြတ်သန်းလာခဲ့တဲ့ အချိန်တွေကို သတိရမိကြသည်။

"Wonwoo... ငါနောက်ရက်မှ မင်းဆီ အေးဆေးလာခဲ့ပါအုံးမယ်ကွာ"

"လာရင်လဲ ငါ့ studio ကို လာမှပဲ ငါ အိမ်မပြန်ဖြစ်ဘူး"

"အေးပါကွာ... မင်းကလည်း"

"အင်း... ငါလည်း တကယ် အလုပ်များလို့ပါ"

"ဒါနဲ့..."

Jun တစ်ယောက် စကားစပြီးမှ မမေးသင့်ပါဘူးဟု တွေးကာ ခေါင်းရမ်းရင်း

"အင်း... ဘာမှမဟုတ်တော့ဘူး ငါ Hoshi တို့ကို သွားနှုတ်ဆက်လိုက်အုံးမယ်"

"အင်းအင်း..."

Jun ထွက်သွားပြီးနောက် သောက်လတ်စ ကော့တေးကို ဆက်သောက်နေလိုက်သည်။

ကျောင်းသားဟောင်းတွေ့ဆုံပွဲက လူတော်တော်များသည်။ စီနီယာတန်းနဲ့ ဂျူနီယာတန်းတွေပါ ပါတာကြောင့် ဆိုင်တစ်ဆိုင်လုံးတွင် ပြည့်နှက်လို့နေသည်။

ထိုအချိန်တွင်

အပေါက်ဝနားမှာ ခပ်ရေးရေး မြင်လိုက်ရသော ရင်းနှီးနေသည့် ကျောပြင်တစ်စုံ။ ရင်းနှီးနေသည့် အငွေ့အသက်လိုမျိုး ရနေသည်ကြောင့် နှလုံးများလည်း တုန်မတက်ပင်။ ကျေးဇူးပြုပြီး သူမဟုတ်ပါစေနဲ့။

၄နှစ်... ၄နှစ်ဆိုတဲ့ အချိန်တွေကို ကျော်လွန်ခဲ့ပါသော်လည်း ထိုလူသားကို မြင်ဖို့မပြောနဲ့ ထိုလူသားရဲ့ နာမည်ကိုတောင် သူမကြားချင်ခဲ့။ သူ ထိပ်တိုက် ရင်မဆိုင်ချင်။ သူ့ဘက်က အမှန်ဆိုပေသည့် ထိုလူသား ဘက်ကလည်း  မှားနေခဲ့သည်မဟုတ်ပေ။ သို့သော် ချစ်ခဲ့သလောက် မုန်းသည်။ မုန်းပေသည့်လည်း ချစ်သည်။

သူ့ ဆုတောင်းတို့ မပြည့်ခဲ့။ ထိုလူသားဟာ သူ့ဆီကို တစိုက်မတ်မတ် လျှောက်လာလို့နေသည်။

"Wonwoo hyung နေကောင်းတယ်မလား"

တည်ငြိမ်စွာ မေးလာသော ထိုလူသား။

အနည်းငယ် ပလောင်ဆူသွားသော စိတ်တို့ကို ပြန်လည်ချုပ်တည်းကာ အတတ်နိုင်ဆုံး တည်ငြိမ်အောင် နေလိုက်ပြီး

"အင်း ... ကောင်းပါတယ်"

အေးစက်တဲ့ လေသံနဲ့ ပြန်ဖြေလိုက်သည်။ ဒါပေါ့... သူကိုယ်တိုင်က ဟန်ဆောင်တဲ့ နေရာတွေမှာ သိပ်တော်တာလေ။

"ဒါနဲ့ ကျွန်တော် ပြီးခဲ့တဲ့ အပတ်ကမှ USကပြန်ရောက်ခဲ့တာ"

"အင်း"

အင်း တစ်လုံးပဲဖြေခဲ့သည်။ ဘာကြောင့် သူ့ကို ဒီလိုတွေလာပြော ပြနေရတာလဲ။

"ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါအုံး"

"ကောင်းပါပြီ"

ထွက်သွားသော ကျောပြင်ငယ်ကို စိုက်ကြည့်မိရင်း အသက်ရှူပင် ရပ်သွားမတတ် ရင်ထဲတွင် တစ်ဆို့လို့ လာသည်။

ဒါကို တွေ့သွားတဲ့ Jihoon က သူ့အနားလေး ပြေးလာပြီး

"Wonwoo အဆင်ပြေရဲ့လား"

ဆိုကာ ရေဘူးလေး ထိုးပေးရင်း ကျောကို အသာအယာပုတ်ကာ နှစ်သိမ့်သည်။

"အင်း... ပြေပါတယ် လူတွေများနေတော့ နဲနဲ အသက်ရှူကျပ်လာလို့"

ဟန်ဆောင်ကာ သုံးနှုန်းသွားသော Wonwoo ရဲ့ အဖြူရောင် မုသား။

Jihoon သူ့သူငယ်ချင်း ဘယ်လောက်ထိ အဆင်မပြေမှန်းကို သူသာလျင် အသိဆုံးဖြစ်လိမ့်မည်။

"Wonwoo ငါတို့ ပြန်ရအောင် ဒီမှာ ခဏနေခဲ့ အုံး ငါ Soonyoung ကို သွားခေါ်လိုက်အုံးမယ်"

"အင်း... ငါ တကယ် အဆင်ပြေပါတယ် Jihoon"

Jihoon လက်ကို အသာအယာ ဆုပ်ကိုင်လိုက်ရင်း စိတ်မပူဖို့ပြောသည်။

Jihoon ခေါင်းငြိမ့်ပြရင်း Soonyoung ကို ရှာဖို့ ထွက်သွားတော့သည်။

"ကဲ .... အားလုံးပဲ နားထောင်ကြပါ!"

မိုက်ကိုင်ပြီး လူတစ်ယောက် စင်ပေါ်သို့ တက်လာသည်။ သေချာကြည့်လိုက်တော့ Seokmin ဖြစ်လို့နေသည်။

စကားသံတွေနဲ့ ဆူညံနေသော လူအုပ်ကြီးမှာ ရပ်သွားပြီး အားလုံးရဲ့ အကြည့်တွေကတော့ စင်ပေါ်သို့သာ။

"ဒီနေ့ ကျောင်းသားဟောင်းတွေ့ဆုံ ပွဲမှာ အားလုံးပဲ ပျော်မိကြမယ်ထင်ပါတယ် စီနီယာတန်းတွေနဲ့ ဂျူနီယာတန်းတွေပါ ဆုံပြီး တွေ့ကြတော့ အားလုံးက မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ပျော်စရာကြီး ဖြစ်သွားတယ် ဒါနဲ့ ကျွန်တော့်ကို မှတ်မိကြမယ်ထင်ပါတယ် ကျွန်တော်က တစ်ကျောင်းလုံးရဲ့ Vitaminလေး ဖြစ်တဲ့ ဂျူနီယာတန်းက Lee Seokmin လေ မှတ်မိကြမယ်ထင်ပါတယ်"

"မှတ်မိပါတယ် ဗျို့!!"

အောက်က လူအုပ်ထဲမှလဲ အားပေးသံတွေထွက်လို့လာသည်။

"ဟုတ်ပါပြီ လူကြီးမင်းတို့ ကျွန်တော့်ကို မှတ်မိကြတယ်ဆိုရင် ကျွန်တော့် အရောင်အဝါကြောင့် ဘေးမှာ အမြဲ တောက်ပနေတတ်တဲ့ ကျွန်တော့် သူငယ်ချင်းကိုလည်း မှတ်မိကြမယ် ထင်ပါတယ်"

"ဟယ်...Kim Mingyu ကိုပြောနေတာပဲ"

လူအုပ်ထဲမှ မိန်းကလေး အုပ်စုတွေဟာ လှုပ်လှုပ်ရွရွတွေ ဖြစ်ကုန်ကြသည်။

"ဟုတ်ပါတယ် ကျွန်တော့သူငယ်ချင်း Mingyu ပါပဲဗျာ မှတ်မိကြတယ်ဆိုလို့ ဝမ်းသာမိပါတယ် ကျွန်တော် အခုပြောချင်တာကလေ လူကြီးမင်းတို့ အခု သုံးဆောင်ထားသမျှအားလုံးကို Mingyu က ရှင်းပေးပြီးသွားပြီ ဖြစ်ပါတယ်!"

"Wow... Mingyu က ဘာ?"

အားလုံးမှာ အံ့သြကုန်ကြသည်။

"ဟုတ်ပါတယ် ကျွန်တော့် သူငယ်ချင်းကြီးက မတွေ့ရတာ ကြာပြီဖြစ်တဲ့ မိတ်ဆွေတွေကို နှုတ်ဆက်တဲ့ အနေနဲ့ အခုလို ရှင်းပေးသွားတာပါ"

"အော်..."လူအုပ်ကြီးမှ "အော်..." ဆိုပြီး အသံထွက်လို့လာသည်။

"ဒါကြောင့်မို့ ကျွန်တော်တို့က ကျေးဇူးတင်တဲ့ အနေနဲ့ လာမယ့် အပတ်မှာ စေ့စပ်တော့မယ့် ကျွန်တော့် သူငယ်ချင်းကြီးကို ဂုဏ်ပြုပေးလိုက်ကြပါစို့!!"

"Wow !!! Congratulations ပါဗျို့!"

"ဂုဏ်ပြုပါတယ်"

စသဖြင့် အသံတွေ ထွက်လို့လာပြီး စင်ပေါ်က Seokmin ကိုထိုးပြလို့နေတဲ့ ဆလိုက်မီးများဟာ Kim Mingyu ဆိုတဲ့ လူသားနဲ့ သူ့ဘေးမှာ သူ့လက်တစ်ဖက်ကို ချိတ်ထားတဲ့ ခပ်ငယ်ငယ် မိန်းကလေးတစ်ဦး။

ထို အကြောင်းအရာတွေကို ကြားရ မြင်လိုက်ရပြီးသည့် ကျွန်တော့ အဖို့မှာတော့ ရင်ဘတ်ထဲတွင် တင်းကြပ်လို့လာ၍ ပြည့်လျှံတက်လာချင်နေသော မျက်ရည်များကြောင့် အမြင်တွေပင် ဝေးဝါးလို့လာသည်။

တုန်တုန်ရီရီနဲ့ ပင် တုန်လှုပ် အံ့သြသွားသော စိတ်တို့ကို အတတ်နိုင်ဆုံး ထိန်းကာ ထိုနေရာနဲ့ အဝေးဆုံးသို့ ကျွန်တော် ယိုင်နဲ့နေသော ခြေလှမ်းများဖြင့် မြန်ဆန်စွာ ပြေးထွက်ခဲ့တော့သည်။

--------------------To be continued 💌

There are no comments yet. Log in to be the first to leave a review!

Similar stories