ep40
15:43, 11 March 2024ဒီနေ့ ရှင်းအုပ်စုရဲ့ စီအီးအို တရားဝင်ပြောင်းလဲခြင်းနေ့ဖြစ်သည်။ ကုမ္မဏီတွင် ညစာစားပွဲနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး စီအီးအိုအသစ်ကို တရားဝင်ခန့်အပ်သည်။ စီအီးအိုအဟောင်းဖြစ်တဲ့ သူ့ဦးက ရှယ်ယာရှင်လူကြီး၊ မီဒီယာတွေနဲ့ အလုပ်များနေပြီး သူကတော့ ဘေးထောင့်ဝိုင်းတွင် လှမ်းလှမ်းကြည့်ရင်း မျှော်နေရသည်။ ဦးက ပုံမှန်ရုံးသွားရင်ဝတ်နေကြ ဝတ်စုံအပြည့်နဲ့ ကြည့်ကောင်းနေတုန်း..
" ဂျောင်ဂု မသောက်ဘူးလား "
" အာ အင်း "
ဂျောင်ဂု အရှေ့ကိုသာလှမ်းလှမ်းကြည့်နေ၍ အစ်ကိုဆိုဟွန်းပေးထားတဲ့ ဝိုင်ခွက်ကို မမြင်မိ။ အစ်ကိုနဲ့ခွက်တိုက်လိုက်ရင်း အရှေ့ကိုလည်း အကြည့်မပျက်။
" ဂျူအွန်းတောင် စီအီးအိုဖြစ်သွားပြီ မျက်စိရှေ့တွင်ပဲ အလုပ်သင်လေးနှစ်ယောက်က ကြီးလာလိုက်တာ "
" ဟုတ်ပါ့ အရင်လို ကောင်လေးတွေတောင် ခေါ်လို့မရတော့ဘူး ဂျောင်ဂုရော ဘယ်အချိန်လဲ "
" အာ.. ကျွန်တော်ကဖြင့်.. "
" သင်တုန်းဆိုပါတော့ "
" ဟုတ် ဟုတ်တယ် အဖေကလည်း အသက်မရသေးဘူး အဲလောက်ထိ "
" ဟားဟား ဟုတ်ပါပြီ နင့်မလည်း ငါတို့ဆီက ထွက်သွားပြီးကတည်းက မမြင်ရတော့တာ ရည်စားရနေပြီလား "
အစ်မဂျယ်အီးစကားကို သူပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ ထိုအစ်မတွေက ဝိုင်းစပါတော့သည်။ အစ်ကိုဆိုဟွန်းတစ်ယောက်သာ သူ့ကိုပြုံးကြည့်နေသည်။
" စီအီးအိုကင်မ်နှုတ်ထွက်တယ်ဆိုတာ အခုထိယုံတောင်မယုံနိုင်သေးဘူး ဘာလို့များပါလိမ့် "
" ငါရောဟယ် စီအီးအိုနေရာက ဆင်းပေးမယ်ဆိုရင်တောင် နှုတ်ထွက်မယ်မထင်ထားဘူး နောက်ဆို ငါတို့စီအီးအိုကင်မ်ကို ကုမ္မဏီမှာ မြင်ရတော့မှာမဟုတ်ဘူးပေါ့နော် "
" စီအီးအိုက သူ့သူငယ်ချင်းနဲ့ လက်တွဲလိုက်တာတဲ့ ငါကြားတာ "
" ကြိုက်နေကြတာလား "
" အဟွတ် အဟွတ် "
ဂျောင်ဂု ထိုအစ်မတွေစကားကို နားထောင်နေရင်း ထိုစကားကြားတော့ သီးမိပါတော့သည်။ ဘယ့်နှယ် ဟိုအဘိုးကြီးနဲ့သူ့ဦးကိုများ..
" ဟဲ့ဟဲ့ ဖြည်းဖြည်း ကြည့်ရတာ မျှော်နေပြီထင်ပါရဲ့ သီးတောင်သီးတယ်ဆိုတော့ ဟမ် ပြန်ချင်နေပြီလား "
" မဟုတ် မဟုတ်ပါဘူး အစ်မတို့စကားကို ရယ်မိသွားလို့ အစ်မတို့က ဘာလို့ဦးကို ဂျန်ဂျယ်ယောင်းနဲ့ကြိုက်နေတယ်ထင်ရတာလဲ "
" အဲလိုတော့မဟုတ်ပါဘူး ဒါပေမဲ့ ကြားနေရတာတွေက စီအီးအိုက ရှင်းကအပြီးအပိုင်ထွက်ပြီး သူ့သူငယ်ချင်းနဲ့ လက်တွဲမလို့တဲ့ လုပ်ငန်းဘာညာပေါ့ အသေးစိတ်တော့ မသိပါဘူး နောက်တစ်ခုလည်း ကြားထားသေးတယ် "
" ဘာများလဲ "
အစ်မဂျယ်အီးက ဘေးဘီဝဲကြည့်ရင်း အနားတိုးကပ်လာသည်။ လျှို့ဝှက်ချက်ကြီးကြီး ပေါက်ကြားတော့မည်နှယ် လေသံတိုးလေးဖြင့်..
" ကွာလည်းရှင်းတော့မယ်တဲ့ "
" အဲဒါလား.. "
" အသေအချာတော့မသိပေမဲ့ ဖြစ်နိုင်ချေရှိတယ် အဲဒါကြောင့်မလို့လည်း အဆက်ဖြတ်သလိုလုပ်နေတာမဟုတ်ဘူးလား ဖြစ်နိုင်တယ်မလား "
" ဖြစ်နိုင်တယ် 100%.. ဒါပေမဲ့ ဟိုဂျန်ဂျယ်ယောင်းနဲ့ကြောင့်တော့မဟုတ်ဘူး သူတို့က ဘာမှမဟုတ်ဘူး "
သူအစ်မဂျယ်အီးကို လက်မထောင်ပြလိုက်ပြီး ဟိုအဘိုးကြီးနဲ့အကြောင်းကိုလည်း တစ်ခါတည်းငြင်းပစ်လိုက်သည်။ သူနဲ့ဦးအကြောင်းတော့ မပြောပြဖြစ်လိုက်တော့ဘဲ ဝိုင်ခွက်ကိုယူလိုက်ရင်း ဦးကိုရှာမိပြန်သည်။
ထိပ်ဆုံးဘက်တွင် ရှင်းကတစ်မိသားစုလုံးရှိနေသည်မလို့ ဦးနဲ့သူ့မိန်းမကလည်း တတွဲတွဲပင်.. ဦးက ငြိမ်ငြိမ်လေးနေခိုင်းလို့သာ နေနေရတာ သူဒီကနေထပြီး ဦးနောက်တကောက်ကောက် လိုက်ချင်နေပြီ။ နောက်ဆို ဒီလိုမျိုးထပ်ရှိတော့မှာမဟုတ်လို့သာ တွေးပြီး သည်းခံနေရတာ တကယ် သူထသွားပြီး ဦးလက်ကို ကောက်ချိတ်လိုက်ပစ်ချင်လာသည်။
" မင်းရည်စားက စီအီးအိုကင်မ်လား "
" ဟင် "
သူဦးကို လည်တဆန့်ဆန့်နဲ့ကြည့်နေတုန်း အစ်ကိုဆိုဟွန်းက သူ့ဘေးနားနားကပ်ပြီး တီးတိုးလာပြောသည်။ သူကြည့်လိုက်မိတော့ အစ်ကိုဆိုဟွန်းက ဟုတ်တယ်မလားဆိုပြီး မျက်ခုံးပင့်ပြသည်။
" အစ်ကိုဘယ်လိုသိသွားတာလဲ "
" ဒီလိုပဲ စပ်ဆက်ကြည့်တာလေ မင်းက တခြားသူအကြောင်းဆို စိတ်မဝင်စားပေမဲ့ စီအီးအိုအကြောင်းပြောရင် အဲလိုမှမဟုတ်တာ အရင်ကအကြောင်းတွေလည်း စဉ်းစားမိရင်း ခန့်မှန်းလိုက်တာ ဟုတ်တယ်မလား မင်းပုံစံကလည်း သိသာလွန်းတယ်.. ပြောပါအုံး ဘယ်ကတည်းကလဲ "
" အဲဒါက ကြာတော့ကြာနေပြီ.. "
" ငါနဲ့တွဲကတည်းကလား "
" အဲတုန်းကမဟုတ်သေးပေမဲ့ ကျွန်တော်ဦးကို ကြိုက်နေတာကြာပြီ ဦးဘက်က အဖတ်မလုပ်လို့.. အစ်ကိုနဲ့ပြီးမှ ဦးကိုသေချာလိုက်ခဲ့တာပါ ဦးက ကျွန်တော့်အကျင့်တွေကို မကြိုက်ဘူးထင်လို့ ကျွန်တော်စပြီးဆင်ခြင်ခဲ့တာ အစ်ကိုနဲ့တုန်းက ဦးနဲ့တော်တော်ဆိုးဝါးတဲ့ဇာတ်လမ်းပဲ ရှိခဲ့တာရယ် အခုတော့ ကျွန်တော်လည်းငြိမ်သွားပါပြီ ဦးနဲ့လည်းအဆင်ပြေသွားပြီ ဟီး "
" ဆိုတော့ စီအီးအိုကင်မ်ကွာရှင်းတော့မယ်ဆိုတာ အမှန်ပဲပေါ့ "
" ဟီး ဟုတ်တယ် "
" အရမ်းကိုမှ ပျော်နေတယ်ထင်တယ် စီအီးအိုကင်မ်ကို မထင်ထားဘူးမင်းကိုပြန်ကြိုက်သေးတယ်ရော "
" အဖေလည်း အဲလိုပဲပြောတယ် ကြည့်ရတာ ကျွန်တော်အရမ်းကံကောင်းတယ်ထင်တယ် ဟီး "
" ဟုတ်ပါပြီ ဟုတ်ပါပြီ "
အစ်ကိုဆိုဟွန်းက သူ့ကိုကြည့်ပြီး ခေါင်းတယမ်းယမ်းဖြင့်။သူတကယ်လည်း ပျော်နေတာဖြစ်သည်။ သူ့ရဲ့သက်ဆိုင်သူ သူ့ရဲ့ချစ်သူက ဦးဆိုတာကို ထုတ်ပြောရတာ အရမ်းကျေနပ်ဖို့ကောင်းသည်။ သူလည်း တစ်ခါတလေ သူ့ကိုယ်သူမေးခွန်းထုတ်ဖူးတယ် သူ့ရဲ့ဘယ်အချက်တွေကို ဦးသဘောကျသွားတာလဲလို့.. တရက်ရက်တော့ ဦးကိုမေးကြည့်အုံးမှပါ..
.................................
ဂျောင်ဂုပွဲသိမ်းချိန်မှာတော့ ဦးနား မယောင်မလည်နဲ့ ကပ်နေမိသည်။ မီဒီယာသမားတွေ၊ရှယ်ယာရှင်လူကြီးတွေတော်တော်များများလည်း မရှိတော့ဘဲ ရုံးဝန်ထမ်းတွေပဲ ကျန်တော့သည်မလို့ သူဦးအနီးအနားတွင် ရွှေ့ထိုင်လိုက်သည်။ ဦးကလည်း သူ့ကိုတစ်ချက်တစ်ချက်ကြည့်ရင်း ဘာမှမပြော။ သူလည်းဝိုင်ခွက်တစ်ခုကိုင်ရင်း ဦးကိုလိုက်ကြည့်လိုက် ဦးသူ့ကို့မြင်သွားခဲ့ရင် ပြုံးပြလိုက်နဲ့ အလုပ်များနေတော့သည်။
" နေကောင်းရဲ့လားကောင်လေး ကြည့်ရတာတော့ ပျော်နေပုံပဲ မင်းအဖေရော အစ်မရာရာရော မမြင်မိပါလား "
အသံကြောင့် ဂျောင်ဂုလှည့်ကြည့်လိုက်တော့ အစ်မနိုအွန်းက ဝိုင်တစ်ခွက်နှင့် သူ့အနားရောက်လာသည်။
" အစ်မရာရာက အခုကြတော့ အသံတိတ်နေပြီရော သူ့သားကိုတောင် မဆုံးမနိုင်တော့ဘူးဘဲ.. ဒါမှမဟုတ် အရင်တည်းက သိသိလျက်နဲ့ မသိချင်ယောင်ဆောင်နေခဲ့တာလား တစ်ခါလေးတောင် မျက်နှာလာမပြဘူးဆိုတော့ နေမှကောင်းရဲ့လား "
" မေမေလေးနေကောင်းပါတယ် အစ်မနိုအွန်း "
ဂျောင်ဂု ဦးမှာထားတာတွေကြောင့် အတတ်နိုင်ဆုံး အစ်မနိုအွန်းနဲ့ စကားအခြေအတင်မဖြစ်ချင်။ထို့ကြောင့် အတတ်နိုင်ဆုံး စကားကိုတိုတိုတုတ်တုတ်ပြောပြီး တစ်ဖက်လှည့်နေလိုက်သည်။
" ငါတို့ အခုလိုယှဉ်ရပ်နေတော့ တခုခုနဲ့တူမနေဘူးလား.. "
" မယားကြီးမယားငယ်လိုမျိုးလေ.. တွေးမိသွားတာပါ "
" ကျွန်တော့်ကို အဲလိုစကားနာတွေ လာမထိုးနဲ့ ကျွန်တော်က မယားကြီးဖြစ်ဖြစ်၊ မယားငယ်ဖြစ်ဖြစ် လင်ငယ်ဖြစ်ဖြစ် ဦးကချစ်တယ် ဘယ်နေရာရာရောက်ရောက် ဦးကချစ်တာမလို့... ပြီးတော့ အစ်မနိုအွန်း ကွာရှင်းဖို့ကို မြန်မြန်ဆုံးဖြတ်ပေးလို့ ကျေးဇူးတင်ပါတယ် အဲဒါက စိတ်ရင်းနဲ့ပါ "
" ဟက်.. ငါကသူ့လိုလူကို ဘာကိစ္စအချိန်တွေဆွဲနေရမှာလဲ သူကငါ့အတွက် ဘာမှမဟုတ်ဘူး ဒါပေမဲ့လည်း နင့်ကိုကလိရတာတော့ ပျော်ဖို့ကောင်းသား ဘယ်လိုပြောရမလဲ ငါ့ရှေ့မှာ ငါ့ယောကျာ်းကို အသည်းအသန်ဖြစ်ပြနေတော့လည်း နည်းနည်းတော့ကလိချင်မိသား အခုချိန်မှာ မင်းကလည်း ငါ့ကိုဖားလျားနေသင့်တယ် "
" ကျွန်တော်က ဦးမျက်နှာနဲ့နေတာ ဦးကအဖက်လုပ်စရာမလိုဘူး၊ ဂရုစိုက်စရာမလိုဘူး၊ သူ့ကိစ္စသူရှင်းမယ် ကျွန်တော့်ကိုအေးအေးနေဖို့ပဲ မှာထားလို့ ကျွန်တော်ကအေးဆေးဖြစ်နေတာ ဦးကသာ သူ့မိန်းမကိုလည်း အလေးထားပေးပါ သူနဲ့မျက်နှာချင်းဆိုင်ရင် ဂရုစိုက်တို့ဘာတို့ မှာထားရင် တစ်မျိုးပေါ့ "
သူပြောလိုက်တဲ့စကားကြောင့် အစ်မနိုအွန်းက သူ့ကိုခပ်စူးစူးစိုက်ကြည့်လာသည်။ ကြည့်ရတာ ရေချိန်ကိုက်နေပြီလည်း ဖြစ်လောက်မယ်.. သူ့ကိုနှုတ်ခမ်းတွန့်ရုံပြုံးကြည့်ပြီး အနားကထွက်သွားသည်။
အစ်မနိုအွန်းထွက်သွားပြီး မကြာဘူး ခဏနေတော့ ဦးရောက်လာခဲ့သည်။
" ပျင်းနေပြီလား "
" မပျင်းပါဘူး ပြန်လို့မရသေးဘူးလား "
" ပြန်ချင်ပြီလား ဒါဆိုကိုယ်ပြန်ဖို့ သွားနှုတ်ဆက်လိုက်အုံးမယ် ပြီးရင်ပြန်ကြမယ် ''
" ထပ်မသောက်ထားနဲ့တော့နော် "
" ကျွန်တော်ဘာမှမသောက်ထားဘူး ဦးသာ လာပေးသမျှ ယူသောက်နေတာ "
" ကိုယ်မသောက်ပါဘူး အဲဒါဟန်ပြယူထားလိုက်ရုံပဲ စီးပွားရေးလောက်ကမှာ အဲလိုတိုက်သမျှသောက်နေရင် အလုပ်ဖြစ်မှာတောင်မဟုတ်တော့ဘူး သဘောပေါက်လား "
" ဟွန့် "
" ကဲ ပြန်မှာမလား ကိုယ်ပြန်ဖို့ သွားနှုတ်ဆက်လိုက်အုံးမယ် ပြီးရင်ပြန်ကြမယ် "
သူခေါင်းညိတ်လိုက်တော့ ဦးကပြန်ထွက်သွားပြီး ပြန်မည့်အကြောင်း သွားအသိပေးနေသည်။ သူဦးကိုစောင့်နေရင်း ဝိုင်တစ်ခွက်ထပ်မော့လိုက်သည်။ မူးပြီးဦးကိုရစ်ရမယ်..
သူအတွေးနဲ့အတူ ပြုံးရင်း ထပ်မော့လိုက်သည်။
ဦးက ခဏအကြာနှုတ်ဆက်ပြီး သူ့ဆီလျှောက်လာသည်။သူလည်း ပြန်ရန် ထရပ်လိုက်ပြီး ဦးနားသွားလိုက်သည်။ သူတို့ပြန်ဖို့ပြင်တော့ အစ်မနိုအွန်းက အနားထပ်ရောက်လာပြန်သည်။
" ကျွန်မရှင်နဲ့စကားပြောချင်လို့.. "
" ကိုယ်နဲ့.. "
" အင်း ရှင်အချိန်ရလား ကျွန်မနဲ့ခဏလိုက်ခဲ့လို့ ဖြစ်တယ်မလား "
" မရဘူး.. ဦး "
" ဘာပြောမှာမလို့လဲ အရေးမကြီးရင် မနက်မှတွေ့ကြမယ်လေ "
" အရေးကြီးတာပေါ့ အရေးကြီးတယ် ကွာရှင်းချင်လို့ ရှင်နဲ့ အခုချက်ချင်း.. ဘယ်လိုလဲ "
အစ်မနိုအွန်းက ကွာရှင်းစာချုပ်ကို မြှောက်ပြရင်းပြောပေမဲ့ သူမယုံဘူး။ အစ်မနိုအွန်းမှာ အကြံတစ်ခုခုရှိနေရင်ရော..
" ဦး.. "
" အဲဒါက အခုလုပ်ဖို့လိုလို့လား "
" လိုတာပေါ့ အချိန်က ဘယ်အချိန်နေနေလေ ရှင်တောင် ကျွန်မကို ကွာရှင်းဖို့စပြောခဲ့သေးတာပဲ ကျွန်မလည်း ကျွန်မဆန္ဒသဘောအရ ဘယ်အချိန်ရွေးရွေးရတယ်မလား ကျွန်မဘက်ကလည်း တောင်းဆိုသင့်တယ်ထင်တာပဲလေ "
" မင်းဆန္ဒဆိုတော့လည်း.. ကောင်းပြီလေ ဘယ်မှာတွေ့ကြမလဲ "
" ဦး.. "
" ဒီနားကဟိုတယ်မှာပဲ ပြောကြတာပေါ့ ဒါဆိုကျွန်မတို့သွားကြမလား "
" ဦး မသွားရဘူး "
" ကိုယ်ခဏပဲကြာမှာ အရင်ပြန်နှင့်လိုက် ခဏနေလာတွေ့မယ် "
" ဟင့်အင်း မပြန်ချင်ဘူး။ အတူလိုက်ခဲ့လို့မရဘူးလား "
" ပြန်နှင့်လိုက် ကိုယ်ခဏပဲကြာမှာ "
" ဟင့်အင်း.. "
" ဟေး ငါတို့က လင်မယားချင်းဆွေးနွေးရုံလေ မင်းကိုမသက်ဆိုင်လို့ မခေါ်တာပေါ့ မရင့်ကျက်လိုက်တာ ဘာလဲ ငါတို့တခုခုလုပ်မယ်တွေးထားလို့လား "
ထိုမိန်းမအပြုံးတွေကို သူမကြိုက်ဘူး။ သူသိသည် အစ်မနိုအွန်းမှာ အကြံရှိနေသည်။ သူ့ကိုကြည့်နေတဲ့ ခနဲ့တဲ့တဲ့အပြုံးတွေကို သူသဘောမတွေ့ဘူး။ သူဦးကိုမသွားစေချင်ဘူး။ အစ်မနိုအွန်းက သူ့ကိုမရိုးမသားအကြည့်တွေပေးနေတယ် အဲဒါက သူ့ကိုစိန်ခေါ်နေသလိုပဲ သူဦးကိုမလွှတ်ချင်ဘူး အခုလွှတ်လိုက်ရင်ပဲ သူဦးကိုဆုံးရှုံးရတော့မလို....
" အရင်ပြန်နှင့်လိုက်နော် ကိုယ်သိပ်မကြာဘူး ကားကိုဂရုစိုက်မောင်းသွား "
" ဦး.. "
ဦးက သူ့ကိုဂရုမစိုက်ဘဲ အစ်မနိုအွန်းနောက် လိုက်သွားသည်။အစ်မနိုအွန်းက မသွားမီ သူ့ကိုပခုံးတစ်ချက်တွန့်ပြပြီး မဲ့ပြုံးတစ်ချက်ပြုံးပြသွားသည်။ ကျောခိုင်းသွားတဲ့ နောက်ကျောပြင်နှစ်ခုကို ကြည့်ရင်း သူရင်မအေးနိုင်။အခု သူကျန်ရစ်ဖြစ်သွားသလို ခံစားနေရသည်။
သူကားထဲဝင်ထိုင်လိုက်ပြီး စက်မနှိုးသေးဘဲ လက်သည်းကိုက်ကာ အတွေးတွေရစ်ဝဲလည်နေသည်။အစ်မနိုအွန်းက ကွာရှင်းဖို့ကို အချိန်လည်းမဆွဲသလို ကန့်ကွက်စကားလည်း တစ်စုံတစ်ရာမဆိုလာ သို့သော် ထိုဟာကအဲလောက်မရိုးရှင်း။သူ့စိတ်ထဲထင့်နေမိသည်။ အစ်မနိုအွန်းနဲ့ဦးကို နှစ်ယောက်တည်းလွှတ်စေပြီး သူရင်မအေးနိုင်။
ကားထဲတွင်သူထိုင်နေမိတာ သူ့ဖုန်းဆီမှ အသံမပေးလာခင်ထိပေါ့။ သူ့ဖုန်းကိုဖွင့်ကြည့်လိုက်တော့ အစ်မနိုအွန်းဆီမှ.. သူ့ကို ပုံတွေအများအပြား ပေးပို့လာတာဖြစ်သည်။ သူတို့ဟိုတယ်အခန်းရောက်ပြီဖြစ်တဲ့ပုံတွေ.. ခုနက ဦးလက်တွင်ကိုင်ထားတဲ့ ဦးရဲ့အင်္ကျီ၊ စားပွဲပေါ်တွင် ဝိုင်နှင့်ဖယောင်းတိုင်အရှည်များ၊တခြားစားသောက်ဖွယ်ရာပုံများ.. သူ့ကိုခနဲ့ဖို့ ဒီလိုမျိုးတွေလာလုပ်နေတာလား..
တီ
တောက်ခ်! သူဦးကိုဖုန်းခေါ်လိုက်သည်။ ထိုမိန်းမက ဘာလုပ်ဖို့စိတ်ကူးနေတာလဲ။ ထိုမိန်းမ သူ့ကိုနောက်ထပ်ပို့ပေးလာတဲ့ပုံသည် အိပ်ရာပုံဖြစ်သည်။ သာမန်အိပ်ရာပုံထက်ကို မင်္ဂလာဦးအိပ်ရာပုံစံ ပြင်ထားသည်။ ဖြူစွတ်စွတ်အိပ်ရာထက်တွင် အသည်းပုံဖော်ထားတဲ့ နှင်းဆီပွင့်ဖတ်တွေ..
တောက်ခ် ဦးကဖုန်းမကိုင်။ ဖုန်းကဘာလို့မကိုင်ရတာလဲ!! သူဖုန်းကိုပစ်ပေါက်လိုက်ပြီး ကားကိုအကြမ်းပတမ်းမောင်းထွက်လိုက်သည်။ ဦးတို့သွားသည်က ကုမ္မဏီအနီးတစ်ဝှိုက်က ဟိုတယ်ပဲမလို့ သူကြာကြာမရှာလိုက်ရသည်။ ဟိုတယ်တွင် မန်နေဂျာကိုခေါ်လိုက်ပြီး အစ်မနိုအွန်းနာမည်နဲ့အခန်းကို မေးလိုက်သည်။ မူမမှန်ဖြစ်နေတဲ့သူပုံစံကြောင့် မန်နေဂျာဖြစ်သူက သူ့မှတ်ပုံတင်တွေ စစ်ဆေးနေသေးသည်။ သူစိတ်မရှည်ဖြစ်လာ၍ သူ့ပိုက်ဆံအိတ်ကိုပါ ပေးထားခဲ့ပြီး ထွက်လာခဲ့လိုက်သည်။
အခန်းရှေ့ရောက်တာနဲ့ တံခါးကို အကြမ်းပတမ်းခေါက်လိုက်သည်။ လူခေါ်ဘဲလ်ကိုလည်း အကြိမ်ကြိမ်နှိပ်ရင်း တံခါးကို ထုရိုက်လိုက်သည်။သူစိတ်ပူသည်။ ဦးကို အဲလိုအမှားမျိုး အဖြစ်မခံနိုင်ဘူး။ ထိုမိန်းမရဲ့ထောင်ချောက်ထဲ ဦးကိုအရောက်မခံနိုင်ဘူး။ ဦးကို တခုခုသာလုပ်ထားမယ်ဆိုရင် သူတကယ်ငြိမ်နေတော့မှာမဟုတ်ဘူး။
___________TBC
😭😭😭 သနားပါတယ် ရှေ့မှာအဆင်ပြေခဲ့သမျှ 😭😭😭ဝမ်းနည်းလွန်းလို့ ကိုယ်ဆို သုံးရက်လောက် ငိုခဲ့ရတယ်။ ဘယ်သူကဘယ်ကဘယ်လို စမှားခဲ့မှန်း မသိရလောက်အောင်ဘဲ အကုန်လုံးက သူ့ဟာနဲ့သူတော့ 😭😭😭နိုအွန်းအပြစ်တော့လည်းမဟုတ်ပါဘူး သူ့မှာလည်း အခွင့်အရေးရှိရမှာပေါ့ ဟုတ်တယ်မလား 😔😔 သမီးလေးလည်းရှိသေးတာကို 😔😔 မိသားစုကိုရွေးမလား နှလုံးသားနောက်လိုက်မလား ဒါမှမဟုတ် သူ့မိန်းမဆီက ရုန်းမထွက်နိုင်ဖြစ်သွားမလား ဦးရဲ့အဖြေက ??
အိုင့်ရဲ့အဖြေကတော့ အိုင်ကတော့ မရက်စက်တတ်တာသိတယ်ဟုတ် ဒါပေမဲ့လည်း မျှမျှတတတော့ ရှိရမယ်မလား ဇာတ်ဆောင်နှစ်ယောက်ရဲ့ မှားယွင်းစွာဖြစ်ပေါ်လာတဲ့ အချစ်ကို အိုင်က မအေးအေးဝင်းစီစဉ်သလို စီစဉ်လိုက်လို့မရဘူးဟုတ် မျှတရမယ် မျှတမှရမယ် ကမ္ဘာကြီးက မျှတနေမှ..
မသိတော့ဘူး အိုင်တော့ငိုနေပြီ 😭😭😭ဘယ်သူ့ကို သနားလို့သနားရမှန်း မသိတော့ဘူးတကယ် 😭😭😭
**********************
( ဖတ်ပြီး အူတက် 🤣🤣)
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



