ep41
15:51, 12 March 2024" ကိုယ်တို့ လာရင်းအကြောင်းပြောကြရအောင် အချိန်လည်းမနည်းတော့ဘူး "
" ဖြည်းဖြည်းပေါ့ နေပါအုံး ကျွန်မဒီမှာ ခဏလေး.. "
ရောက်လာတည်းက နိုအွန်းက ဖုန်းကြည့်မပျက် ဖြစ်နေသည်။ဖုန်းကိုကြည့်လိုက် စိတ်ကျေနပ်သလိုပြုံးလိုက်ဖြင့် အလုပ်များနေသည်။ သူအပေါ်ဝတ်အင်္ကျီကို ထိုင်ခုံပေါ်တင်လိုက်ရင်း အခန်းထဲကို အကဲခတ်ကြည့်သည်။ ကြည့်ရတာ အခန်းက တခုခုအတွက် မှာထားသလို.. စားပွဲပေါ်တွင်လည်း စားသောက်ဖွယ်ရာများရှိနေသည်။ သူတို့က ကုမ္မဏီက အခုမှ ပြန်ခဲ့ကြတဲ့သူတွေမလို့ ဗိုက်လည်းမဆာသလို သောက်ချင်စိတ်လည်းရှိမနေ။ ထို့ကြောင့် နိုအွန်းကိုသာ လာရင်းကိစ္စ တန်းမေးလိုက်သည်။
" ရပြီ .. "
နိုအွန်းက ဖုန်းကိုချလိုက်ပြီး သူ့ကိုကြည့်လာသည်။
" ဒီမှာ ကွာရှင်းစာချုပ် လက်မှတ်မထိုးကြခင် စကားနည်းနည်းလောက်ပြောကြမလား "
" ပြောပါ "
" ကျွန်မတို့သိလာတာ ခုနစ်နှစ်မကလောက်တော့ဘူးနော် အစ်ကိုဆော့ဂျင် "
အစ်ကိုဆော့ဂျင်လို့ နိုအွန်းခေါ်လိုက်ချိန် သူသူတို့စတွေ့ခဲ့တဲ့ ပထမဆုံးအချိန်ကို ပြန်အမှတ်ရမိသည်။ ဟုတ်တာပေါ့ နိုအွန်းသူ့ကို တစ်ခါလားခေါ်ဖူးတဲ့ အစ်ကိုဆော့ဂျင်..
" တစ်မျိုးတော့ဖြစ်နေတယ်မလား ကျွန်မရှင့်နဲ့တွေ့ရမယ်ဆိုတုန်းက အဲလိုခေါ်ရမလားစဉ်းစားခဲ့ဖူးတယ် ဒါပေမဲ့လည်း မခေါ်ဖြစ်ခဲ့ပါဘူး အဖေက ရှင်နဲ့မိတ်ဆက်ပေးလာတဲ့အခါ သဘောမကျတော့ဘူးလေ ရှင့်ကိုပဲ အဖေက တော်ကြောင်းတွေချီးကျူးပြီး အရမ်းအားကိုးနေတော့ အမြင်ကတ်တယ် ကျွန်မအထင် ရှင်က အဲလောက်လည်း တော်မနေဘူး ကျွန်မရှင့်ရဲ့လူကောင်းလိုဖမ်းနေတဲ့ပုံစံကိုလည်း သဘောမကျဘူး ကိုယ့်ကိုယ်ကိုယ်တော်တယ်ဆိုပြီး မာန်တက်နေတာကိုလည်း သဘောမကျဘူး အဆိုးဆုံးက ကျွန်မရဲ့အမှားကိုဖုံးဖို့ ကျွန်မကိုလက်ထပ်ဖို့လက်ခံခဲ့တာကိုလည်း သဘောမကျဘူး အချိန်တွေနောက်ပြန်ဆုတ်လို့ရရင် ကျွန်မရှင်နဲ့လက်မထပ်ခဲ့ဘူး အဲဒီအစား အွန်းလေးကိုသာ လူ့လောကထဲရောက်မလာအောင်လုပ်ဖို့ တွေးခဲ့မိမှာ ရှင့်ကိုယ်ရှင် လူကောင်းလုပ်ပြဖို့ ဘယ်လောက်သည်းခံခဲ့လဲ ရှင်ဘယ်လောက်လုပ်ပြပြ ကျွန်မရှင့်ကိုအထင်မကြီးဘူး ရှင်ကကျွန်မကို ကူညီခဲ့တာမဟုတ်ဘူး ရှင့်ကိုယ်ရှင်လူကောင်းဆိုတာ သက်သေပြဖို့လုပ်ခဲ့ရုံပဲ ဟုတ်တယ်မလား ကျွန်မကိုလည်း ယောကျာ်းတစ်ယောက်နဲ့ ဖြစ်ဖူးတဲ့သူဆိုပြီး အထင်သေးနေခဲ့တာမလား အဲလို အဲလိုစိတ်ဒဏ်ရာတွေ တမင်ပေးခဲ့တာမလား အခုရှင့်မျက်နှာဖုံးတွေခွာလိုက်တာ ကျွန်မအရမ်းဝမ်းသာတယ် သုံးနှစ်လောက် ရှင်ဟန်ဆောင်နေခဲ့ရတာ ပင်ပန်းနေလောက်မှာ ဟုတ်တယ်မလား အခုကစပြီး ရှင်ဟန်ဆောင်နေစရာမလိုတော့ဘူးဆိုတော့ ပျော်နေတယ်မလား ရှင်ပျော်နေပြီမလား "
" နိုအွန်း ကိုယ်က ကိုယ့်စိတ်အလိုနောက် လိုက်မိသွားရုံပါ ကိုယ်ဂျောင်ဂုကိုချစ်မိသွားလို့ ကိုယ်အခုလိုဆုံးဖြတ်ခဲ့တာပါ မင်းကိုပင်ပန်းစေခဲ့ဖို့ ကိုယ်မရည်ရွယ်ပါဘူး ကိုယ်အွန်းလေးကိုလည်း ကိုယ့်သမီးလေးလိုပဲ ချစ်တုန်းပါ အွန်းလေးကို ကိုယ့်သမီးလို့ပဲ ကိုယ်မှတ်ယူတယ် ကိုယ်မင်းတို့အပေါ် ဟန်ဆောင်မနေခဲ့ပါဘူး ကိုယ်မင်းကို ညီမလေးတစ်ယောက်လိုပဲ သဘောထားခဲ့တယ် ကိုယ့်မှာအဲလိုအတွေးမျိုး တကယ်မရှိခဲ့ဘူး အွန်းလေးကိုလည်း ကိုယ့်သမီးလေးလိုပဲ သတ်မှတ်ခဲ့တယ် အရင်တုန်းကရော အခုရော နောင်လည်း မင်းဘက်ကကြည်ဖြူနေသေးရင် ကိုယ်အွန်းလေးအဖေအဖြစ် ခံယူချင်တုန်းပဲ မင်းကြိုက်သလိုဆုံးဖြတ်ပါ စာရွက်ပေါ်ကစာတန်းတွေနဲ့ ကိုယ်နဲ့သမီးအချစ်ကို ဆုံးဖြတ်လို့မရဘူး ကိုယ့်ကို ကလေးအဖေနေရာကဖယ်ထုတ်လိုက်ရင်လည်း အွန်းလေးက ကိုယ့်ရင်ထဲမှာ ထာဝရသမီးနေရာက ရှိနေအုံးမှာပဲ "
" ရှင်က နောက်ဆုံးထိ လူကောင်းလုပ်နေတာ ရှင်အဲလိုပြောလိုက်လို့ ကျွန်မရှင့်ကိုအကောင်းမြင်လာပေးမှာမဟုတ်ဘူး ရှင့်ကိုအဆုံးထိ ကြည့်မရဖြစ်နေအုံးမှာ ရှင့်ကိုမုန်းတယ် ရှင့်ကိုယ်ရှင် လူကောင်းလိုပြုမှုနေတာမျိုးကို မုန်းတယ် ကျွန်မဘယ်လောက် ဘယ်လောက် အမှားတွေအများကြီးလုပ်ခဲ့လဲ နောက်ဆုံးထိ နောက်ဆုံးထိရှင်က လူကောင်းဖြစ်နေတုန်း .. ရှင့်ကြောင့် ကျွန်မဘယ်လောက်တောင်များ မှားခဲ့ရလဲ ကျွန်မလေ ကျွန်မ.. "
" နိုအွန်း... "
" ထပ်ပြီးလူကောင်းလိုလုပ်မနေပါနဲ့ ကျွန်မကိုနှစ်သိမ့်ပေးဖို့လည်း မကြိုးစားနဲ့ ကျွန်မရှင့်ဆီက နှစ်သိမ့်ပေးတာရော၊သနားခံရမှာရော တစ်ခုမှမလိုချင်လို့.. "
" ကျွန်မလက်မှတ်ထိုးပြီးသွားပြီ တရားရုံးတင်မဲ့နေ့ကြရင် ကျွန်မကိုပြန်ဆက်သွယ်လိုက် "
နိုအွန်းက သူ့ကိုမကြည့်တော့ဘဲ ကွာရှင်းစာချုပ်ကို တွန်းပေးလာသည်။
" ကလေးအပေါ် ရှင်က ကျွန်မထက် အများကြီးတာဝန်ကျေခဲ့တာမလို့ ရှင့်သဘောပါ ကလေးအဖေအဖြစ်နဲ့ နေချင်သေးရင်လည်း ရှင့်သဘောပဲ အချိန်မရွေး အွန်းလေးကို ရှင်လာတွေ့လို့ရတယ် ကလေးကသိပြီးပြီ သူကလည်း ရှင်နဲ့ဂျောင်ဂုအကြောင်းကိုသိထားတယ် သူကလည်း ဂျောင်ဂုကိုသဘောကျပုံပဲ သူက ရှင်နဲ့ဂျောင်ဂုအကြောင်းကို ဘာမှမပြောလာဘူး ဝမ်းနည်းနေပေမဲ့ ရှင်စကားကို နားဝင်တဲ့ပုံပဲ "
" ရှင်တာဝန်နဲ့ပဲဖြစ်ဖြစ် လူကောင်းလုပ်ချင်လိုပဲဖြစ်ဖြစ် အဲဒီအချိန်အတောအတွင်းကနေ အခုထိကျေးဇူးတင်ပါတယ် ရှင်းအတွက် ကူညီပေးခဲ့တာရော အွန်းလေးကို ကောင်းကောင်းပျိုးထောင်ပေးခဲ့တာရော.. "
" နိုအွန်း "
" ကျွန်မရှင်နဲ့လမ်းခွဲသွားရင်တောင် ရှင်နဲ့ကျွန်မကြားမှာ ဘာအဖုအထစ်မှမကျန်ချင်လို့ ကျေးဇူးတင်နေတာ ကျေးဇူးပြုပြီး နားလည်တယ်ဆို ကျွန်မကိုအနေရခက်အောင်မလုပ်ပါနဲ့.. "
" ကိုယ်ပြောပါရစေအုံး.. နိုအွန်း ကိုယ်မင်းကို မင်းထင်သလို အထင်သေးခဲ့တာတွေ မရှိခဲ့ပါဘူး ကိုယ်တစ်ခါမှမထင်ခဲ့ဖူးတာပါ ကိုယ်မင်းကို ညီမလေးတစ်ယောက်လိုပဲ သတ်မှတ်ခဲ့တယ် "
" ပြီးတော့ အခုလို နောက်ပိုင်းသမီးအပေါ် မင်းချစ်လာတော့ ကိုယ်ဘယ်လောက်ဝမ်းသာခဲ့ရလဲ သမီးက မင်းကိုလည်း အရမ်းခင်တွယ်လာပြီ သမီးက ကိုယ်နဲ့လိုက်နေချင်တယ်တောင် တစ်ခွန်းမှမဟတာ မင်းကြောင့်လေ မင်းနဲ့ဝေးသွားမှာလည်း သူမလိုချင်ဘူးတဲ့ "
" ဟင့် ကျွန်မအရင်က အများကြီးမှားခဲ့တာ သမီးအပေါ် အများကြီး.. အများကြီး.. မကောင်းခဲ့ဘူး ကျွန်မက အမေတစ်ယောက်တောင် ဖြစ်ထိုက်ရဲ့လားမသိတော့ဘူး ကလေးအပေါ်မှာရော အစ်ကို့အပေါ်မှာရော အများကြီးမကောင်းခဲ့ဘူး "
" ကိုယ်မင်းကိုအပြစ်တင်ချင်လို့မဟုတ်ပါဘူး ကိုယ်မင်းကို အပြစ်လည်းမတင်ပါဘူး သမီးက မင်းကိုချစ်တယ်ဆိုတာ ကိုယ်ကသိစေချင်တာ သူမင်းကိုအများကြီးချစ်တယ် အဲဒါသိထားပါ "
" ကျွန်မသိပါပြီ အခုကစပြီး သမီးကကျွန်မအတွက် အရေးကြီးဆုံးဖြစ်သွားပြီ ကျွန်မသမီးကို ကောင်းကောင်းဂရုစိုက်သွားတော့မှာပါ "
" ကိုယ်မင်းကိုယုံတယ် မင်းသမီးကို ကောင်းကောင်းပျိုးထောင်နိုင်မယ်ဆိုတာ ကိုယ်ယုံတယ် နိုအွန်း.. ကိုယ့်အကူအညီလိုရင်လည်း အချိန်မရွေးဆက်သွယ်ပါ အွန်းလေးအတွက်ပဲဖြစ်ဖြစ် နိုအွန်းလိုအပ်ရင်ပဲဖြစ်ဖြစ်.. "
" ကျွန်မဘယ်သူ့အကူအညီမှ ထပ်မလိုချင်တော့ဘူး ဘာပဲပြောပြော ရှင်နဲ့ကျွန်မ ရေစက်ဆိုးမဖြစ်ချင်လို့ ဒီလောက်နဲ့ပဲ... "
တင်းတောင် တင်းတောင် တင်းတောင်
သူတို့စကားစကို တံခါးဆီမှ တဒုန်းဒုန်းမြည်သံနှင့်အတူ ဘဲလ်သံက ဖျက်သွားသည်။ သူတံခါးဆီသို့ကြည့်ရင်း နိုအွန်းဘက်သို့ ပြန်ကြည့်လိုက်သည်။
" ဂျောင်ဂုထင်တယ် "
" !!? "
" သူကတကယ်လာခဲ့တာပဲ... ရှင့်အကြိုက်က အဲလိုမျိုးမဟုတ်တာ သတိထားမိပါတယ် "
နိုအွန်းက သူ့ကိုပြောတာလည်းမဟုတ်သလို တစ်ယောက်တည်းပြောနေသလို သူ့ကိုမကြည့်ပဲ တံခါးဘက်ကိုကြည့်ရင်း ပြောနေသည်။ သူဘာမှနားမလည်လိုက် အခုတံခါးရှေ့မှာရောက်နေတာ ဂျောင်ဂုလား..
" အခုက ဂျောင်ဂုလား "
" အင်း သူ "
" ဘာလို့လဲ ခေါ်ထားတာလား "
" မခေါ်ပါဘူး သူကျွန်မကို စိတ်မချလို့နေမှာပေါ့ တကယ်ပဲ အဲလိုကလေးတွေက ရှင့်စတိုင်မဟုတ်ပါဘူး "
" အာ.. အဲလိုဆိုရင်တောင် ဖြစ်သွားခဲ့ပြီပဲ ကိုယ်သွားလို့ရပြီလား "
" သွားလေ မသွားရင်လည်း လုံခြုံရေးတွေလာတော့မယ် "
ဆော့ဂျင် ခွင့်ပြုချက်ရတာနဲ့ သူ့အင်္ကျီနဲ့ ကွာရှင်းစာချုပ်ယူကာ တံခါးဆီသို့ ထွက်လာလိုက်သည်။ သူတံခါးကို ဖွင့်လိုက်ရုံရှိသေးတယ်ဆိုရင်ပဲ ဂျောင်ဂုကိုမြင်လိုက်ရသည်။
" ဂျောင်ဂု.. "
ဂျောင်ဂုက စိတ်မရှည်ပုံပေါက်နေပြီး သူ့ကိုမြင်တာနဲ့ တစ်ချက်သာကြည့်ပြီး အခန်းထဲဝင်သွားသည်။ သူဘာမှပြောချိန်မရလိုက်ဘဲ ဂျောင်ဂုနောက်လိုက်ရပြန်သည်။ အထဲရောက်တော့ ဂျောင်ဂုက နိုအွန်းကိုတစ်ချက်ကြည့်သည်။ နိုအွန်းကလည်း လက်ပိုက်ရပ်နေလျက် ပြန်ကြည့်နေသည်။
" ဂျောင်ဂု.. "
သူခေါ်လိုက်မှ ဂျောင်ဂုက အကြည့်လွဲလိုက်ပြီး အိပ်ခန်းဘက်ရောက်သွားသည်။ သူနိုအွန်းကိုအားနာမိ၍ ဂျောင်ဂုနောက်မြန်မြန်လိုက်ရပြန်သည်။
" ဘယ်လိုဖြစ်နေတာလဲမင်း လာပြန်ရအောင် "
သူဂျောင်ဂုကို လက်တွေကနေ ဆောင့်ဆွဲခေါ်ရင်း အခန်းထဲက အမြန်ဆွဲထုတ်ခဲ့ရသည်။ သူဂျောင်ဂုကို အပြင်ဘက်ထိဆွဲခေါ်ခဲ့ပြီး နိုအွန်းကို အားနာသလိုကြည့်လိုက်သည်။ နိုအွန်းနဲ့အတူ အကြည့်ချင်းဆုံသွားတော့ ခေါင်းညိတ်နှုတ်ဆက်နေတုန်း ဂျောင်ဂုက သူ့လက်ကို ပြန်ဆောင့်ယူလိုက်ပြီး ဆွဲခေါ်လာခဲ့သည်။
" ဘယ်လိုဖြစ်လာတာလဲ ပြောစမ်းပါအုံး မင်းဒီလိုလုပ်တာ ကောင်းတဲ့အပြုအမှုများထင်နေလား "
ကားပေါ်ရောက်တာနဲ့ ဆော့ဂျင်ဂျောင်ဂုကို ဆူတော့သည်။ ဂျောင်ဂုက ရှူတင်းတင်းနဲ့ သူ့ကိုမကြည့်ဘဲ အရှေ့ကိုသာ အကြည့်ပို့ထားသည်။
" ပြောလေ အခုလိုလုပ်တာကောင်းရဲ့လား ငါမင်းမသိအောင်သွားတာလည်းမဟုတ်ဘူး ခဏလေးသွားတာကို မင်းဘာဖြစ်နေတာလဲ ငါ့ကိုအဲလောက်ထိ မင်းမယုံမကြည်နိုင်ဖြစ်နေတယ်ပေါ့ ပြောလေ ဒီလိုဆိုငါတို့ဘယ်လိုရှေ့ဆက်မလဲ "
" ဦး!!! "
" မဟုတ်ဘူးလား မင်းဒီလိုတွေဖြစ်နေရင် ငါပဲမျက်နှာပျက်ဖြစ်ရမှာ ကြာရင် "
" ဦးက ကျွန်တော့်ကိုပဲအပြစ်တင်နေ ဒီမှာကြည့် ဒီမှာကြည့်လေ ခင်ဗျားမိန်းမက ဒီလိုတွေလုပ်တော့ ကျွန်တော်ကစိတ်မပူရဘူးလား "
ဆော့ဂျင် ဂျောင်ဂုပစ်ချလိုက်တဲ့ဖုန်းလေးကို ကောက်ယူကြည့်လိုက်သည်။ နိုအွန်းက သူ့ကိုဟိုတယ်ကပုံတွေကို အထင်မှားအောင် ရိုက်ပို့ထားတာဖြစ်သည်။ တခြားဘာတစ်ခွန်းမှမပြောထားဘဲ ဟိုတယ်အခန်းထဲကဟာတွေပဲ ပို့ထားသည်။ ဒါကြောင့် သူရောက်လာတုန်းက အိပ်ခန်းထဲထိ ဝင်ကြည့်သွားတာပေါ့....
ဆော့ဂျင်ဖုန်းကိုပိတ်လိုက်ပြီး ဂျောင်ဂုကိုပြန်ကြည့်လိုက်သည်။ ဂျောင်ဂုက သူ့ဆီကိုကြည့်မနေဘဲ အကြည့်လွဲကာ ဒေါသဖြစ်နေတုန်း... ဒီကောင်လေးက တခြားထက်ကို သူကဆူလို့ ပိုဖြစ်နေတာ ဒါပေမဲ့လည်း သူဆူသင့်တာပဲမလားသူအခုလို ဇိုးဇိုးဇက်ဇက်နဲ့လုပ်တာတွေက သူဘယ်လောက်မျက်နှာပျက်စရာဖြစ်လဲ ဒါပေမဲ့လည်း ဂျောင်ဂုက သူနဲ့ပတ်သက်ရင် အမြဲ မစဉ်းစားမဆင်ခြင်လုပ်တတ်သည်။ ဒီကလေးက သူနဲ့ပတ်သက်ရင် စဉ်းစားဉာဏ်မဲ့သွားတတ်သည်။ အခုတော့ သူကပဲမှန်လား မှားသွားလားပင်မသိတော့...
" အဲလိုပဲနေနေတော့မှာလား မပြန်တော့ဘူးလား "
ဆော့ဂျင်အသံပြောင်းသွားတော့ ဂျောင်ဂုက သူ့ကိုမျက်ထောင့်ကပ်ကြည့်ရင်း ပြန်မဖြေ။ သူ့ကိုမချော့သေးလို့ပေါ့...
" ဒါပေမဲ့လည်း မင်းအဲလိုလုပ်တာတော့ မှားနေတုန်းပဲ "
သူမှားနေတယ်ပြောတော့ ဆတ်ခနဲလှည့်ကြည့်လာသည်။
" ကိုယ်ဘယ်လောက်မျက်နှာပျက်သွားရလဲ ပြီးတော့ တခြားသူတွေ မင်းကိုမရင့်ကျက်တဲ့သူလို့ မထင်စေချင်ဘူး အနည်းဆုံး ကိုယ့်ကိုအကျိုးအကြောင်း ဖုန်းဆက်ပြောပေါ့ "
" ဖုန်းကခေါ်လို့ရလို့လား မရင့်ကျက်လည်း ဘာဖြစ်လဲ ကိုယ့်စိတ်နဲ့ကိုယ်ပဲ အခုလည်း မရင့်ကျက်ဘူးနောင်လည်း ရင့်ကျက်မှာမဟုတ်ဘူး "
" ကိုယ်က မရင့်ကျက်တဲ့သူတွေဆို သဘောမှမကျတာ.. "
သူပြောတော့ ဂျောင်ဂုက သူ့ကိုစူးစိုက်ကြည့်နေသည်။မာန်ဖီချင်နေတဲ့ဝံပုလွေလေးက စလို့ကောင်းလိုက်တာ..
" ဦးမိန်းမကိုရော အပြစ်မတင်တော့ဘူးလား သူကြောင့်လေ သူစလို့ဖြစ်ရတာ.. သူကဒီပုံတွေကို ရည်ရွယ်ချက်ရှိရှိပို့နေတာ ကျွန်တော်အရောက်မြန်လို့ သူ့အစီအစဉ်တွေပျက်သွားတာ "
" သူ့အစီအစဉ်မပျက်ပါဘူး "
ဂျောင်ဂုက သူပြောချင်တာကို နားမလည်သလို ကြည့်နေသည်။ ပြူးကြောင်ကြောင်လေးဖြစ်သွားတဲ့ ဂျောင်ဂုကို သူပါးဆွဲလိမ်လိုက်သည်။ထိုအခါ ဂျောင်ဂုက သူ့လက်ကိုရှောင်ပါသည်။
" ဘာကိုပြောချင်တာလဲ "
" ဪ.. သူ့အစီအစဉ်မပျက်ပါဘူးလို့ ဒေါသကြီးတဲ့ဝံပုလွေလေးကို စနောက်လိုက်ရပြီပဲ မဟုတ်ဘူးလား ရောက်လာပြီး မာန်ဖီပြသွားတာ အခုထိပဲလေ "
သူပြောတော့မှ သူ့အဖြစ်သူသိသလို တစ်ဖက်ပြန်လှည့်သွားသည်။ ဆော့ဂျင်နောက်တစ်ကြိမ် ဂျောင်ဂုပါးကို ထပ်ဆွဲလိမ်ဖို့လုပ်တော့ ထပ်ရှောင်ပြန်သည်။
" ဒါဆိုသူက ဘာရည်ရွယ်ချက်နဲ့ အဲလိုလာပို့တာလဲ သူကဘာဖြစ်ချင်နေတာလဲ "
" အခုပဲ မင်းအဲလိုဖြစ်သွားတာ မြင်ချင်လို့နေမှာပေါ့ အဲဒါပြောတာ မင်းလေးကို ဇိုးဇိုးဇက်ဇက်မလုပ်ပါနဲ့ဆို အခုတော့ သူများအကွက်ထဲဝင်ကုန်ပြီ တော်သေးတာပေါ့ နိုအွန်းမလို့ တခြားသူသာဆို မင်းမရင့်ကျက်မှန်း သိကုန်တော့မယ် "
" ဦးကသူ့ဘက်ပါနေတာ ကျွန်တော့်အပြစ်တွေပဲလား သူအရင်ဘာလို့ အဲလိုတွေလာပို့လဲ ကျွန်တော်ကမတွေးရဘူးလား.. ဦးဆိုရင်ရော ကျွန်တော်တခြားတစ်ယောက်နဲ့ အဲလိုသွားရင် ကြိုက်မလား "
" ကိုယ်ကတော့ အဲလိုမလိုက်ပါဘူး ရှက်ဖို့ကောင်းတယ် တစ်ခါတည်းလမ်းခွဲလိုက်တာ ပိုကောင်းတယ် "
" ဦးနော်!! "
" စတာပါကွာ.. လာ ကိုယ်တို့ပြန်ကြရအောင် အချိန်လည်းမနည်းတော့ဘူး "
" ကွာရှင်းတာက တကယ်ရောလုပ်ခဲ့ရဲ့လား "
" လုပ်ခဲ့ပါတယ်ကွာ ဒီမှာစာချုပ် အခုတော့ ပြန်ကြရအောင် ဟုတ်ပြီလား "
" ပေး ကျွန်တော်သိမ်းမယ် "
" သဘော သဘော အခုတော့ပြန်ကြရအောင် ကိုယ်အရမ်းပင်ပန်းနေပြီ လှဲချင်နေပြီ "
" ဟွန့်.. မြန်မြန်ဒီပေါ်လာလှဲ ဖြည်းဖြည်းချင်းမောင်းပေးမယ် အိပ်လို့ရအောင် "
ဂျောင်ဂုက သူ့ပေါင်ပေါ်ပုတ်ပြတော့ သူခေါင်းချရင်း ဝင်လှဲလိုက်သည်။ ပြောတဲ့အတိုင်း ဂျောင်ဂုက ကားကို ဖြည်းဖြည်းချင်း စထွက်သည်။ ညဉ့်နက်နေပြီဖြစ်၍ တစ်လမ်းလုံး တိတ်တဆိတ်ဖြင့် သူမျက်လုံးမှိတ်ပါလာခဲ့သည်။ ဒီနေ့တစ်နေ့လုံး လူတွေနဲ့လက်ခံစကားပြောရတာ ပင်ပန်းနေပြီ။ ဒါပေမဲ့လည်း သူ့အရာရာက အဆုံးသတ်ပြီး ဘဝအသစ်ပြန်စရတော့မည်တွေးမိတော့ ပင်ပန်းတယ်လို့ တွေးမိပေမဲ့ စိတ်ပျော်နေသေးသည်။ သူတွေးတောင်မတွေးထားဖူးဘူး သူက ကောင်လေးတစ်ယောက်အတွက်နဲ့ သူ့ရဲ့ခေါက်ရိုးကျိုးနေတဲ့ဘဝကြီးကို အစကပြန်ပြင်ခဲ့ဖို့ ဆုံးဖြတ်ချက်ချခဲ့သည်။ သူ့ဘဝကို တစ်သက်လုံး ရှင်းနဲ့သမီးလေးဆီမှာပဲ မြှုပ်နှံထားခဲ့တာ။ သူဒီလိုတွေပြောင်းလဲသွားမယ်လို့ သူ့ဟာသူပင် မတွေးထားခဲ့ဖူးဘူး။
သူလှဲနေရင်းကနေ မျက်လုံးတွေက ကားမောင်းနေတဲ့ဂျောင်ဂုကို ပင့်ကြည့်မိသည်။ဒီကောင်လေး ဘာကြောင့်သူ့ကိုသဘောကျရတာပါလိမ့်။ တကယ်ဆို သူက ဂျောင်ဂုသဘောကျတဲ့ပုံစံထဲမှာရှိနေရဲ့လား သူမသိဘူး။ ဂျောင်ဂုက အသက်ကြီးကြီးသူတွေကို သဘောကျတတ်ပေမဲ့ အသက်ကြီးတဲ့သူက သူတစ်ယောက်တည်းရှိတာမှမဟုတ်တာ..
" ဂျောင်ဂု "
" ဗျာ "
" ကိုယ့်ကိုဘာလို့သဘောကျရတာလဲ "
" အာ.. ကျွန်တော်လည်းမေးချင်နေတာ ဦးဘာလို့ ကျွန်တော့်ကိုပြန်ကြိုက်သွားတာလဲလို့ ဦးမေးခွန်းကိုဖြေရရင် ကျွန်တော်တစ်ခေါက်အိမ်လာလည်တုန်းက ဦးကမီးဖိုချောင်ထဲမှာ အပေါ်ပိုင်းဗလာနဲ့ရှိနေခဲ့တာ အဲနောက်ကျောကိုမြင်ပြီး ကျွန်တော်စွဲလမ်းမိတာ မထင်ထားဘူးမလားနောက်ကျောတစ်ခုကြောင့်နဲ့ အသည်းအသန်ဖြစ်သွားရတာ။ ဦးက ကျွန်တော်သဘောကျတဲ့ပုံစံ ဖြစ်လာတယ်။ ကျွန်တော်အသက်ကြီးတဲ့လူတွေကိုသဘောကျတာ ဦးကြောင့်ဖြစ်လာခဲ့တာ ကျွန်တော်အဲဒီကတည်းက ဦးကိုပဲ စိတ်စွဲနေခဲ့တာ ဦးကရော ကျွန်တော့်ကိုဘာလို့ပြန်ကြိုက်တာလဲ "
" မင်းက ဒီလောက်ထိငါ့ကို တစ်ခုပြီးတစ်ခုနဲ့ ချည်နှောင်နေတာ ဘယ်လိုရုန်းထွက်လို့ရမှာလဲ "
" အဲလိုလား.. "
" ဂျောင်ဂု အဲဒါက မေတ္တာရောင်ပြန်ဟပ်တယ်လို့ခေါ်တယ် သိလား မင်းကိုယ့်ကို ဇွဲမလျှော့ဘဲ ချဉ်းကပ်ပေးခဲ့လို့ကျေးဇူးပဲ ကိုယ်မင်းအချစ်တွေကို ခံစားမိတယ် တကယ် ကိုယ်ကကျေးဇူးတင်ရမဲ့သူပါ ကိုယ့်မှာ မင်းစိတ်ဝင်စားစရာဘာအချက်မှ မယ်မယ်ရရမရှိဘဲနဲ့.. "
" ဟင့်အင်း ကျွန်တော်ကသာ ပိုကျေးဇူးတင်ရမှာ ကျွန်တော့်ကသာ ဘာမဟုတ်တဲ့သူတစ်ယောက်ပါ ဦးက ကိုယ့်အားကိုယ်ကိုးပြီး တက်လမ်းရှိတဲ့သူပါ အစပိုင်းမှာတွေတုန်းက ဦးမကြိုက်မှန်းသိသိလျက်နဲ့ ကျွန်တော်အများကြီး နှောင့်ယှက်ခဲ့မိတယ် ဒါပေမဲ့ ကျွန်တော်ဦးကိုအရမ်းချစ်တယ် ကျွန်တော်အရင်က တခြားသူတွေအများကြီးကို တွဲခဲ့တယ်ဆိုတာ ဦးကိုမရနိုင်လို့ ကျွန်တော်ဟာကျွန်တော်မဲပြီး တခြားသူတွေနဲ့ ရှုပ်ခဲ့မိတာ.. နောက်မှ အဲလိုလုပ်လေ ဦးကပိုမကြိုက်လေမှန်း ကျွန်တော်သိခဲ့တာ ကျွန်တော်လေ အရင်က အများကြီးရှုပ်ခဲ့ပေမဲ့ ဦးကိုအရမ်းချစ်တယ် ဦးတစ်ယောက်တည်းကိုပဲ ချစ်ခဲ့တာယုံပါ ဦးနဲ့ကြမှ ဘယ်လိုသဝန်တိုရမလဲ သိလာခဲ့တာပါ ဦးကိုချစ်မိမှ ဦးမကြိုက်တာလုပ်မိပြီး ဦးစိတ်ပျက်သွားမှာ ကြောက်လာခဲ့တာပါ ဒါကြောင့် နောက်ဆိုရင်လည်း ကျွန်တော့်ကို ဘယ်လိုပုံစံဖြစ်စေချင်လဲ ပွင့်ပွင့်လင်းလင်းပြောပေးပါ ကျွန်တော်က ဦးမကြိုက်ရင် အကုန်ပြင်ပေးမှာမလို့ ကျွန်တော့်ကိုပွင့်ပွင့်လင်းလင်းပြောပါ "
ဆော့ဂျင် ဂျောင်ဂုလက်ကို ဂျောင်ဂုလုပ်နေကြအတိုင်း သူ့ပါးပြင်ကို ကပ်ထားမိသည်။ သူ့ဘဝထဲကို ဂျောင်ဂုရောက်လာခဲ့တာလည်း ကံကောင်းခြင်းတစ်မျိုးပေလား... သူများသားသမီးက သူ့အတွက်ဆိုပြီး အရာရာကိုလိုက်လျောဖို့ အသင့်ဖြစ်နေပြီ။ ဒါတွေက ဂျောင်ဂုလေသက်သက်ပဲပြောတာမဟုတ်တာ သူသိတာပေါ့...
" ဒီနေ့ မင်းနဲ့အတူထိုင်နေတဲ့သူက.. "
" ဘယ်သူ! အာ.. အစ်ကိုဆိုဟွန်းလား "
" မင်းသူနဲ့လည်းတွဲဖူးတယ် "
" ဦးဘယ်လိုသိတာလဲ ဟုတ်တယ် ကျွန်တော်နဲ့သူခဏတွဲဖူးတယ် ဘာမှမရှုပ်ထားပါဘူး အခုထိ ဆက်ဆံရေးမပျက်ခင်နေတုန်းပဲ "
" မင်းသူနဲ့ ငါ့ဆီအလုပ်ဝင်နေတဲ့အထိ တွဲနေတုန်းပဲ မင်းပြောတော့ အဲကတည်းက ငြိမ်နေပါပြီဆို "
" မဟုတ်တာ.. "
" မင်းလိမ်ဖို့မစဉ်းစားနဲ့ ငါသိပြီးသား ငါဂျယ်ယောင်းနဲ့ဘားထိုင်တဲ့နေ့က မင်းတို့လည်းလာကြတယ် အဲဒီတုန်းက မင်းနဲ့အဲကောင်လေးနဲ့က အတွဲတွေ မင်းကသူနဲ့ပြန်တော့မလို့ လုပ်ထားပြီးသားသူ့သူငယ်ချင်းတွေကိုယ်တိုင်လည်း အတည်ပြုထားပြီးပြီ "
" မဟုတ်တာကို.. ကျွန်တော်နဲ့အစ်ကိုဆိုဟွန်းက ဇာတ်လမ်းရှင်းနေပြီးသား အစတည်းက တွဲတဲ့အထိ မဖြစ်ခဲ့ပါဘူး အစ်ကို့သူငယ်ချင်းတွေကသာ ကျွန်တော်တို့ကို တွဲနေတယ်ထင်ကြတာ အစ်ကိုသူငယ်ချင်းတွေက အဲလိုပဲ သူတို့ထင်ရာကိုပဲ ဖြတ်ဖြတ်ပြောနေကြတာ အစ်ကိုနဲ့ကျွန်တော် ဘာဇာတ်လမ်းမှမရှိတော့ပါဘူး ဒီနေ့အတူထိုင်ဖြစ်ကြတာကလည်း ဘာမှမထူးဆန်းပါဘူး အစ်ကိုကတောင် သိသွားပြီ ကျွန်တော်နဲ့ဦးကို "
" မင်းအဲလိုပဲ အရင်ကတွဲခဲ့ဖူးတဲ့သူတွေနဲ့ တရင်းတနှီးနေတာလား မျက်နှာမပူကြဘူးလား "
" အာ.. ဦးကလည်း ပြဿနာမှမရှိတာကို ကျွန်တော်ကသူတို့အပေါ် ဘာအမှားမှမလုပ်ထားဘူးလေ ဘာလို့ရှောင်နေရမှာလဲ "
" မင်းကမကောင်းတဲ့ကောင်ဘဲ ငါဆိုရင် တစ်ယောက်တည်းကိုပဲကြိုက်ပြီး လက်ထပ်ဖို့စဉ်းစားထားတာ မင်းကအကျင့်ဆိုးပဲ "
" ကျွန်တော်သိပါပြီ ကျွန်တော်အခုပဲပြင်လိုက်ပြီ ကျွန်တော်လည်းအခု တစ်ယောက်တည်းကိုကြိုက်ပြီး အဲတစ်ယောက်ကိုပဲ လက်ထပ်ပါတော့မယ် ဦးလက်ခံမှာလား "
" လူလည်လေး.. ဘယ်မှာလဲလက်စွပ် "
" ခဏလေး ကျွန်တော်ပါတယ် "
ဂျောင်ဂုက ကားကိုရပ်လိုက်ရင်း အိတ်ကပ်တွေထဲ စမ်းရှာနေတော့ သူထထိုင်လိုက်သည်။
" နေပါအုံး တကယ်ပါတာလား "
" အင်း ပါတယ် ခဏလေးပဲစောင့် ဘယ်နားထားမိမှန်းမသိဘူး "
" မဟုတ်သေးဘူး.. အခုလုပ်မလို့လား "
" တွေ့ပြီ ဒီမှာတွေ့ပြီ "
ဂျောင်ဂုထောင်ပြတဲ့လက်စွပ်ဘူးလေးကို သူယူကြည့်လိုက်သည်။ တကယ်လည်း အထဲတွင် ဆင်တူလက်စွပ်နှစ်ကွင်းရှိနေသည်။
" ဘယ်တုန်းကကတည်းနဲ့ ဝယ်ထားတာလဲ "
" နည်းနည်းတောင်ကြာနေပြီ ဒါဆိုကျွန်တော်တို့ ကားထဲကခဏထွက်ရအောင် "
ဂျောင်ဂုက ပြောပြောဆိုဆိုနဲ့ ကားပေါ်ကအမြန်ဆင်းသွားသည်။
" ဦး အမြန်လာ.. ဆင်းခဲ့ အရမ်းလှတယ် "
ဆော့ဂျင်လည်း ဂျောင်ဂုခေါ်သံကြောင့် အပြင်သို့ထွက်ခဲ့သည်။ ညဉ့်နက်နေပြီဖြစ်၍ မီးရောင်စုံတွေနဲ့ ဖြတ်သွားဖြတ်လာ ကားအနည်းငယ်ရှိနေသည်။ သူဂျောင်ဂုအနားသွားလိုက်တော့ ဂျောင်ဂုက သူ့လက်ကိုဆွဲယူရင်း အပေါ်မော့ကာ ကြည့်ခိုင်းစေသည်။
" ကြယ်တွေစုံနေပြီ ဦး.. မလှဘူးလား "
" အင်း.. "
" ဦးကို ကြယ်တွေကိုသက်သေထားပြီး လက်ထပ်ခွင့်တောင်းလိုက်မယ်.. ကျွန်တော်တို့ကို ဂုဏ်ပြုပေးမဲ့သူတွေအများကြီးပဲ ရေတွက်မနိုင် "
" ဦး "
ဂျောင်ဂုက အပေါ်ကိုကြည့်နေရာကနေ သူ့ကိုကြည့်လာပြီး တိုးတိုးညင်းညင်းခေါ်လာသည်။ခန္ဓာကိုယ်ကိုလည်း သူနဲ့တည့်တည့်ကိုလှည့်လိုက်တော့ သူလည်းဂျောင်ဂုနဲ့ မျက်နှာချင်းဆိုင်တည့်တည့် ရပ်လိုက်သည်။
" ပထမဦးဆုံး ကျွန်တော့်ကြောင့်ဆုံးဖြတ်ချက်ချခဲ့တယ်ဆိုလို့ ကျေးဇူးတင်ပါတယ် တကယ်တော့ ကျွန်တော်က ဦးဆုံးဖြတ်ချက်နောက်ပဲ လိုက်ဖို့ဆုံးဖြတ်ပြီးသားပါ ကျွန်တော်ဦးကိုချစ်မိကတည်းက ဦးကဘယ်လိုဖြစ်ဖြစ် အများကြီးအလေးမထားခဲ့ပါဘူး ဦးကမကွာရှင်းချင်ဘူးဆိုရင်တောင် ကျွန်တော်က ဦးနဲ့တိတ်တိတ်လေးပဲနေဖို့အထိ စဉ်းစားထားတယ်.. အဓိကက ကျွန်တော့်ကိုဦးချစ်နေဖို့နဲ့ ကျွန်တော်ကလည်းဦးကိုချစ်နေဖို့.. ဦးကို ပိုင်ဆိုင်ချင်တာတော့ ပိုင်ဆိုင်ချင်ပေမဲ့လည်း ကျွန်တော်က ဦးဘယ်လိုပုံစံမျိုးမှာပဲ ရှိနေနေ ချစ်နေအုံးမှာမလို့ပါ လူတွေကကျွန်တော့်ကိုဘယ်လိုမြင်မြင် ဘယ်လိုပြောပြော ကျွန်တော်ကဂရုမစိုက်ဘူး ဒါပေမဲ့ ဦးကဂရုစိုက်ပြီး ကျွန်တော့်ဘက်ကို အများကြီးကြည့်ပေးခဲ့လို့ ပျော်တယ် ပျော်တာထက်ပိုပြီးမသိတော့ဘူး.. ငိုမိတော့မယ်.. "
ဂျောင်ဂုက ပြောနေရင်း ရှိုက်သံလေးပါလာပြီး မျက်ရည်စီးကြောင်းတချို့ ပါးပြင်သို့ ဖြတ်ဆင်းသွားသည်။ဆော့ဂျင် ပါးပြင်ထက်ကို လက်မဖြင့် အသာအယာသုတ်ပေးလိုက်သည်။ ဂျောင်ဂုက သူ့မျက်နှာပြင်ထက်က လက်ကိုပြန်ကိုင်လိုက်ပြီး ဆက်ပြောသည်။
" ကျွန်တော်သစ္စာပြုကျိန်ဆိုပါတယ် ကျွန်တော့်ဘဝတစ်လျှောက်လုံး ဦးနဲ့အတူအဖော်ပြုချင်တယ် ကျွန်တော့်ရဲ့ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းတွေကို ဦးနဲ့အတူမျှဝေချင်တယ် ဦးလက်ခံပါသလား "
" ကိုယ်လက်ခံပါတယ် "
သူပြောပြီးတော့ ဂျောင်ဂုက လက်စွပ်ကို အသာအယာဝတ်ပေးပြီး သူ့လက်စွပ်ဝတ်လိုက်တဲ့ လက်ချောင်းနေရာကို ဖွဖွနမ်းသည်။ သူလည်းမျက်ရည်ဝဲရင်း ကြည်နူးနေမိသည်။
" ဂျောင်ဂု.. ပထမဆုံး ကိုယ်တို့တွေဆုံမှုတွေက မလှပခဲ့ဘူး ကိုယ်မင်းကိုစစတွေ့ချင်းတုန်းက အများကြီးသဘောမကျခဲ့ဘူး အကြာကြီး အမြင်မကြည်ဖြစ်နေခဲ့တယ် မင်းအပေါ် ပစ်ပစ်ခါခါဆက်ဆံခဲ့တဲ့ကိုယ့်ကို လက်မလျှော့ဘဲ ချဉ်းကပ်ခဲ့လို့ ကိုယ်အများကြီးကျေးဇူးတင်တယ် ကိုယ်မင်းကိုအများကြီးချစ်တယ် ကိုယ့်ဘဝကျန်ရှိတဲ့ သက်တမ်းတစ်လျှောက်ကိုလည်း မင်းနဲ့အတူကုန်ဆုံးချင်တယ် ကိုယ်မင်းရဲ့ကောင်းခြင်း၊ဆိုးခြင်းတွေကို လက်ခံတာမလို့ ကိုယ့်ရဲ့ကောင်းခြင်း၊ဆိုးခြင်းတွေရော မင်းလက်ခံနိုင်မှာလား "
" ကျွန်တော်လက်ခံတယ် ကျွန်တော်လက်ခံတယ် ကျွန်တော်ကလည်း ဦးကိုအများကြီးချစ်တယ် "
အသံတုန်တုန်လေးနဲ့ ပြန်ပြောနေတဲ့ဂျောင်ဂုက အချစ်ပိုစရာ။ မျက်ရည်တွေကလည်း ထိန်းမနိုင်အောင်ကျနေပြီး သူ့ဆီကလက်စွပ်လက်ခံဖို့ကို စိတ်လှုပ်ရှားနေသည်။ ဆော့ဂျင်ဂျောင်ဂုကို လက်စွပ်ဝတ်ပေးလိုက်ပြီး ထိုလက်စွပ်နေရာလေးကို ဂျောင်ဂုသူ့ကိုနမ်းသလို ဖွဖွနမ်းလိုက်သည်။
သူတို့ပြန်ခွာလိုက်ကြပြီး နှစ်ယောက်စလုံးက လက်သူကြွယ်ကလက်စွပ်လေးကို ကိုင်ကြည့်လိုက်မိသည်။ နှစ်ယောက်စလုံးရဲ့ရင်ထဲမှာလည်း ဝမ်းသာကြည်နူးမှုတွေ ထပ်တူကျနေကြပြီး တစ်ယောက်မျက်နှာတစ်ယောက် ပြန်မော့ကြည့်မိတော့ ပြုံးလိုက်ကြသည်။
ဆော့ဂျင် ဂျောင်ဂုနားတိုးကပ်သွားလိုက်ရင်း နှုတ်ခမ်းကိုတစ်ချက် ထိကပ်ရုံ နမ်းလိုက်သည်။ ဂျောင်ဂုကလည်း သူ့နည်းတူ တိုးကပ်လာပြီး နှုတ်ခမ်းတွေကို ပြန်လည်ထိတွေ့လာသည်။သူတို့တော်တော်နဲ့ မလွှတ်ပေးဖြစ်ကြဘဲ အချိန်အကြာကြီး အနမ်းတွေကို ပုံဖော်နေမိသည်။ အသက်ရှူရခက်လာချိန်မှ ပြန်ခွာလိုက်ကြရင်း နဖူးချင်း ထိကပ်ထားလိုက်သည်။ ထိုအချိန် နှစ်ယောက်သားပြိုင်တူထွက်သွားမိတဲ့ စကားလေးက..
" ချစ်တယ် "
ကောင်းကင်က တဖျတ်ဖျတ်လက်နေတဲ့ကြယ်လေးတွေကလည်း ထိုချစ်ခြင်းကို ထောက်ခံစွာ ပြိုင်တူလင်းလက်နေကြသည်။ဖြတ်သွားဖြတ်လာတိုက်ခတ်သွားတဲ့ လေပြေညင်းလေးတွေကလည်း ထိုချစ်ခြင်းလေးကို သဘောတကျ ကြည်စယ်သွားကြသည်။ သဘာဝတရားကြီးကလည်း ထိုလူသားလေးနှစ်ယောက်ရဲ့ချစ်ခြင်းတွေကို မြဲမြံပါစေသားလို့ ကောင်းချီးဩဘာပေးနေမလား....
__________THE END
ဂျင်းမှန်းသိထားတယ်ဆိုတဲ့ သူတွေကိုပါ ဆိုက်ကိုလိုက်သွင်းထားတဲ့မိမိ
စတာ နောက်တာ ရိုးရိုးတန်းတန်းနိဂုံးချုပ်ရမှာပျင်းရို့ ><အိုင့်ကိုမစတော့ပါလား ပြောတဲ့သူတွေကြောင့်လေ သူတို့ကြောင့် 😪
ကဲ ကဲ နိဂုံးချုပ်ဖို့လာပါပြီ။ပြီးသွားပြန်ပါပြီ နောက်ထပ်တစ်ပုဒ် ><
Uက စာဖတ်သူတွေထင်ထားတာနဲ့ ဇာတ်ကြောင်းကွဲမယ်ထင်တယ် ဇာတ်အိမ်ကိုကြည့်ပြီး လာကတည်းက မင်္ဂလာဆောင်ကြီးနဲ့ဆိုတော့.. ဘယ်လိုပြောမလဲ အလောင်မဟုတ်တောင် အဆွေး အလွမ်း တခုခုဖြစ်မယ်ထင်နေကြတယ်မလား ထင်နေတယ်ဆိုတာ အိုင်သိထားတယ် အဲတော့ထင်တယ်ကွာ အဲတော့မှ ဆက်ပြောလို့ရမှာ ဆက်ပြောမယ် အိုင်လည်း ဇာတ်ကို အများကြီးချိုးကွေ့ထားတယ် ဘယ်လိုလဲဆိုတော့ ဇာတ်လမ်းကိုရေးမယ်ဆိုကတည်းက အရင်အကြမ်းဖျင်းအရင်တွေးတယ် ဘာညာခေါင်းထဲအရင်စီပေါ့ ပြီးမှချရေး ရေးလိုက်ရင် စဉ်းစားထားတာနဲ့တလွဲတွေ ဦးနှောက်က 🥴 တကယ် တွေးလိုက်တာနဲ့ 50%တောင် မတူဘူး ရွှေဦးနှောက်ကြီး.. ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းတော့ဖြစ်သွားသေးတယ်ဆိုတော့ မဆိုးသေးပြန်ဘူး 😌 ကိုယ်စာရေးရင် ဇာတ်လမ်းထက် ဇာတ်ကောင်နောက်ကို လိုက်တာများတယ် ဒါကြောင့် စဉ်းစားထားတာနဲ့ ခဏခဏကွဲနေတယ် ပြောရရင် ဇာတ်ကောင်နောက်လိုက်ရင်းနဲ့မှ ဇာတ်လမ်းပေါ်ရောက်လာတာ အဲလို အဲလို ဇာတ်ကောင်စရိုက်လွဲမှာစိုးလို့ အရှေ့အပိုင်းတွေလည်း ထပ်ခါထပ်ခါပြန်ဖတ်ရတယ် ကိုယ့်ဟာကိုယ်ဖတ်ကြည့်တာတော့ ကြိုက်တယ် 🙄
တခြားတော့မဟုတ်ဘူး ဂျာဂျာကေဇာတ်ကောင်ကြ နည်းနည်းပြန်ပြန်စဉ်းစားရတယ် သူက ဦးနဲ့မှ တမင်ညာချွဲလုပ်ယူထားတာ အမှန်က ဦးကသူ့ရဲ့ချွဲချွဲလေးကို ပိုသဘောကျမှန်းသိလို့ တမင်အဲလိုနေတာ။ ဒါကြောင့် သူ့ဇာတ်ကောင်က နည်းနည်းပြန်ပြန်စဉ်းစားရတယ် ဦးက သူ့ရဲ့ပလေးဘွိုင်းပုံစံ၊ဘယ်လိုအကြည့်တွေနဲ့ ဘယ်လိုဆွဲဆောင်၊ဘာညာတုန်းက သိပ်အာရုံမရှ်ိဘူး ဒါကြောင့် အစပိုင်းတွေတုန်းက ဂျာဂျာကေဇိုးဇိုးဇက်ဇက်လုပ်ပြီး နမ်းတာဘာညာတွေလည်း ရင်မခုန်တာ။ ဂျေကေကို သူချစ်စရာလေးလို့ပဲ ခဏခဏထုတ်ပြောတယ်နော် ခန္ဓာကိုယ်ဘာညာနဲ့ပတ်သက်ပြီး ဘယ်လို ဆွဲဆောင်မှုရှိတယ် ဘာညာတွေ ထုတ်မပြောဘူးဦးက။ အဲဒါလေးကို သေချာလေးရေးထားတာ။ ဦးကိုတော့ ကာရိုက်တာအတိုင်း ချော်မထွက်အောင် ရေးနိုင်ခဲ့လို့ စိတ်တိုင်းကျတယ်။ဂျေခေကျ သူ့စိတ်က အခုတစ်မျိုး တော်နေတစ်မျိုး ဖြစ်ဖြစ်နေတတ်တယ် ဘာပဲပြောပြော နှစ်ခုလုံးကိုစိတ်တိုင်းကျပါတယ်။
Uမှာ roleကိုလည်း နည်းနည်းတွေဝေကြအုံးမယ်ထင်တယ်.. ထင်တယ်ဆို ထင်လိုက်မှ ဆက်ပြောလို့ရမှာ.. အပေါ်မှာပြောထားသလိုပဲ ဂျာဂျာကေက သူ့ဦးသဘောကျလုပ်ယူထားလို့ပါ အချိန်ကျရင် ဘယ်သူကဘာလဲဆိုတာ သိသာသွားတဲ့သဘောပေါ့ ဟုတ်တယ်မလား 😌Roleကိုလည်း တမင်ကြီးအထင်မှားအောင် မလုပ်ထားပါဘူး။ ဇာတ်ကောင်ပုံစံအရပဲ ဦးကျအသက်သုံးဆယ်ကျော်ဆိုတော့ တည်တည်ငြိမ်ငြိမ်နဲ့ လူကြီးဆန်ဆန်ပေါ့ ဂျေခေကျ အကျင့်စရိုက်လေးကိုမှ လူငယ်ဆန်ဆန် မရင့်မကျက်လေး။ အပြင်မှာဆိုရင်တော့ ဂျေခေဇာတ်ကောင်က အမြင်ကတ်စရာလေး ဗီလိန်ဇာတ်သွားရမှာ ဒါပေမဲ့ ချစ်စရာကောင်းအောင်ရေးလိုက်တော့ ဘယ်သူမှ ဗီလိန်လို့တောင် မထင်သွားတော့ဘူး😇😪 ဒါပဲလေ
ကြည့်နေစမ်းတာ အစ်မကြီးတို့ကလည်း ကလေးလေး၊ချွဲစိန်လေး၊ယုန်ချွဲလေး၊ချစ်စရာလေးဆိုပြီး ဂျာဂျာကေညာချွဲတာကို သိလျက်နဲ့နော် အစ်မကြီးတို့က သိသိလျက်နဲ့ သူ့ဘက်က.. မပြောတော့ဘူး 😏😪
ဒါပဲ ဘာမှပြောစရာမရှိလို့ ပြောချင်ရာလျှောက်ပြောနေတာ ဘာမှမဟုတ်ဘူး။ နိဂုံးချုပ်စရာမရှိလို့ အကျင်အတိုင်းစာရှည်ကြီးတွေ လျှောက်ရေးနာ 🥴
ဒီတစ်ခေါက်ကျေးဇူးတင်တဲ့အခါမှာတော့ နည်းနည်းပြောင်းပါမယ် အွန်ဂိုရင်းလိုက်ပေးကြတဲ့သူတွေကို ပိုကျေးဇူးတင်ပါတယ် ခွဲခြားမယ် 😌 အသေးစိတ်ဖိ့ဘတ်လေးတွေချန်သွားတဲ့သူတွေကျ သတ်သတ်တစ်ဝိုင်းခေါ်ကျွေးရမှာ။ နေရာအမျိုးမျိုးကနေ ရီဗျူးပေးပြီး နှစ်သက်ပေးတဲ့သူတွေကျ ဂုဏ်ပြုမှတ်တမ်းလွှာပါပေးရမှာ။ တိတ်တဆိတ်ဖတ်တဲ့သူတွေကျ တစ်ချက်စောင်းကြည့်ရင်း ကျေးဇူး။ ကွန်ပလိ့မှဖတ်မယ်ဆိုတဲ့သူတွေကိုတော့ မျက်နှာချင်းတောင်မဆိုင်တော့ဘူး ကျေးဇူး။ အဟမ်း .... နောက်တာလို့ (≧▽≦)
ပေါတောတောတွေ မလုပ်လို့မရဘူးလား။ 😭အတည် အတည်လာပြီ ဖတ်ပေးကြတဲ့သူ၊ဗုတ်ပေးကြတဲ့သူများ၊ရီးဒင်းလစ်ထဲထည့်ပြီး နာမည်လှလှလေးထည့်ပေးကြတဲ့သူများရော၊တိတ်တဆိတ်စာဖတ်သူများရော၊စောင့်ဖတ်သူများရော၊သာမန်ကာလျှံကာဖတ်သူများရော၊အကုန်အကုန်လုံးကို ကျေးဇူးတင်ပါတယ်လို့ <3ဒီကြားထဲအိုင့်ဂျင်းတွေမိပေးခဲ့ကြလို့လည်း ကျေးဇူးတင်ပါတယ်လို့ >< (ထပ်ခိုး)
ဒီတစ်ခေါက်ဇာတ်သိမ်းက အခွီးမဟုတ်ဘဲ ကြည်ကြည်နူးနူးလေး 😛 ကြည်ကြည်နူးနူးကိုမှ ဂျင်းလေးနည်းနည်းနဲ့ 😝 ကဲ အားလုံးပိုင့်ပိုင်ပါနော် အားလုံးကို အာဝါး မွမွ ပြွတ်စ်ပြွတ်စ် မွချိမွချိ ပိုင့်ပိုင်
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



