ep33
15:33, 6 March 2024" အိမ်ထောင်ရှိယောကျာ်းတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်! ဒါနောက်စရာမဟုတ်ဘူးနော် ငါ့ကိုပြောစမ်း ငါ့ကိုသေချာပြောစမ်းပါ အဲဒါတကယ်လား မင်းကိုအလိုလိုက်ထားတာ အဲလိုအရှက်မဲ့တာတွေ လုပ်ဖို့အတွက်တော့မဟုတ်ဘူး ရူးနေပြီလား ရူးသွားပြီလား ဟမ်!! "
" သူမှာသူ့အကြောင်းနဲ့သူရှိလို့ ကွာမရှင်းနိုင်သေးတာ အဲဒါကိုစောင့်နိုင်တယ် သူ့ကိုချစ်တာမလို့ ဘယ်လောက်ကြာကြာ စောင့်နိုင်တယ် စောင့်မှာမလို့ တားဖို့မကြိုးစားပါနဲ့ "
" ရူးနေလား ရူးနေလား အဲလိုဆိုရင် မင်းကဘယ်လိုဖြစ်သွားပြီတုန်း ဘယ်လိုဖြစ်သွားမှာတုန်း!!!ငါရူးသွားတာ မြင်ချင်လို့လား လူတွေအမြင် မင်းကဘာဖြစ်သွားပြီလဲ ရူးနေလား ရူးနေလား.. တော်ပြီ မင်းကိုဒီထက်ပိုပြီး လွှတ်ထားလို့မဖြစ်တော့ဘူး.. "
" အားရှီး... နောက်ကွယ်ကအကြောင်းလည်း သေချာမသိဘဲနဲ့ ပြောသမျှယုံနေတော့တာပဲ ဟိုကသူ့မိန်းမနဲ့က စာချုပ်ပေါ်မှာပဲရှိတာကို ငါအဲလိုမျိုးတွေ စိတ်မရှည်တာ.. နော့ ကူး "
" အင်း အင်း ဟုတ်တယ် သေချာလည်းမသိဘဲနဲ့ တကယ်ဆို အဲမိန်းကလေးမှာ အပြစ်မရှိသလို မင်းသားအပြစ်လည်းမဟုတ်ဘူး သူတို့ ရေစက်တစ်ခုကြောင့် ဒီလိုဆုံခဲ့ရတာပဲ ဘယ်သူ့မှာမှ အပြစ်မရှိဘူး သူတို့လည်း ဒီလိုပုံစံနဲ့ ဘယ်ချစ်ချင်ပါ့မလဲ ဒါပေမဲ့ ကိုယ်က ဒီလူ့ကိုမှချစ်မယ်ဆိုတာ ရွေးချယ်လို့မှမရတာ အားလုံးက နှလုံးသားနောက် လိုက်နေကြတဲ့သူတွေပဲ "
" အမယ် ကူးပေါက် ဒရမ်မာကို စိတ်လိုလက်ရဝေဖန်လို့ပါလား "
မေမေလေးက သူ့ကိုပခုံးချင်းတိုက်ပြီး စနောက်နေသည်။တကယ်တော့ ထိုဒရမ်မာက သူနဲ့ဦးနဲ့အကြောင်းနဲ့ တိုက်ဆိုင်နေတာမလို့ သူစိတ်ဝင်တစားကြည့်မိသွားတာ။
" ဒရမ်မာက အပြင်ကအဖြစ်အပျက်နဲ့တူလို့ အပြင်မှာလည်း အဲလိုမျိုးတွေကို နားလည်ပေးရင်ကောင်းမယ် အပြင်မှာတကယ်ဖြစ်ခဲ့ရင် လူတိုင်းက ဇာတ်ကားထဲကလိုပဲ ဖောက်ပြန်တယ်လို့ပဲ သတ်မှတ်ကြပြီး နောက်လူနဲ့ အဲဒီယောကျာ်းကိုပဲ လူတွေကအပြစ်မြင်ကြတာ လက်ရှိဇနီးကတော့ သနားစရာအကောင်းဆုံးသူပေါ့.. အပြင်ကအဖြစ်အပျက်တွေမှာလည်း ဒီလိုနောက်ကွယ်မှာ အကြောင်းအရာတခုခုရှိတယ်ဆိုတာ သိသင့်တယ် "
သူ့စကားကို မေမေလေးက ခေါင်းတညိတ်ညိတ်နဲ့ ထောက်ခံနေသည်။ ကျွန်တော်လည်း နောက်ကျရင် အဲလိုတူညီတဲ့ကိစ္စမျိုး ဖြစ်လာနိုင်တာမလို့ ကျွန်တော့်အလှည့်ကျရင်လည်း မေမေလေး ဒီလိုမြန်မြန်နားလည်ပေးဖို့ မျှော်လင့်တယ်။ ဦးရောသူရောမှာလည်း အပြစ်မရှိဘူးဆိုတာ တခြားသူတွေနားမလည်၊ လက်မခံပေးချင်ရင်တောင် မေမေလေးတို့ဖွားတို့က နားလည်ပေးရင်ရပါပြီ။
" ကူးပေါက်ပြောတော့လည်း ဟုတ်တာပဲ အပြင်မှာ ဒီလိုကိစ္စဖြစ်ခဲ့ရင် နောက်လူက ဗီလိန်တန်းဖြစ်ရော.. အရင်မိန်းမကိုပဲ လူတွေက ဇွတ်သနားနေကြတာ ဒီလိုနောက်က အကြောင်းတခုခုရှိနေတာလည်း ဖြစ်နိုင်တာပဲ မေမေလေးတုန်းကလည်း လူတွေက မင်းဖေဖေနဲ့ မေမေလေးကို အစ်မသက်ရှ်ိထင်ရှားရှိနေကတည်းက ကြိုက်နေကြတယ် တွဲခုတ်နေကြတယ်တွေ အပြောခံရဖူးတယ် မိတ်ဆွေရင်းတွေကတောင်မှပေါ့ ဒါပေမဲ့လည်း အမေရော မင်းအဖွားတို့ကရော ဘယ်ဟာကအမှန်ဆိုတာသိနေတော့ သိပ်စိတ်မညစ်ခဲ့ပါဘူး ကိုယ့်ကိုယုံကြည်ပေးမဲ့သူရှိနေသေးတော့ ရှေ့ဆက်ဖို့ပိုအားဖြစ်ခဲ့တယ် "
" မေမေလေး အဖေ့ကိုလက်မလျှော့ပေးလို့၊ ကျွန်တော့်မေမေလေးအဖြစ်ရောက်လာပေးလို့ မေမေလေးကို ကျေးဇူးတင်ပါတယ် "
" အမယ်လေး.. ချွဲနေတာ.. မေမေလေးကလည်း အနာမခံရဘဲ ချစ်စရာသားလေးတစ်ယောက်ရခဲ့လို့ပြန်ကျေးဇူးတင်ပါတယ် ဟမ် မေမေလေးနဲ့တစ်သက်လုံးနေမှာလားပြော "
" နေမှာပေါ့ မေမေလေးက ထာဝရကျွန်တော့်အမေပဲ "
" မင်းလက်ထပ်ပြီးရင်ရော ဒီစကားပြောအုံးမလားပြောစမ်းပါအုံး အခုထိလည်း ကောင်လေးကို ခေါ်မလာသေးဘူး ပြတ်သွားကြပြီလား "
" မဟုတ်တာ ပြတ်စရာလား ကျွန်တော်က ဒီတစ်ယောက်ကိုပဲလက်ထပ်မှာ.. သူကအတည် ကျွန်တော်သူ့ကိုအရမ်းချစ်တာ.. သူနဲ့ပဲ မေမေလေးတို့လို သာယာတဲ့အိမ်ထောင်ရေးကို ဖန်တီးချင်တယ် မေမေလေးသဘောတူမှာလား.. "
ဂျောင်ဂုထိုအကြောင်းကိုတွေးမိတော့ ရင်ထဲကြည်နူးရလို့ မျက်ရည်တောင်ဝဲမိသည်။ သူဦးနဲ့အတူ နှစ်ယောက်တည်းဘဝတစ်ခုကို ထူထောင်ချင်ပြီ။ ဦးနဲ့တရားဝင်တွဲခွင့်ရပြီး မေမေလေးတို့ကိုလည်း မြန်မြန်အသိပေးချင်လှပြီ။
" အမယ်လေး ငိုတော့မငိုပါနဲ့ သားသားချစ်တဲ့သူကို မေမေလေးတို့က ဘယ်လိုလုပ်ကန့်ကွက်ရက်မှာလဲ ဒီအမေတို့ကလည်း သားငယ်ကို ပျော်ရွှင်တဲ့ဘဝကိုပဲ ပေးချင်တာပါ.. တစ်ခုပဲ မေမေလေးတော့ သားက သားလူကိုပိုချစ်တော့မှာပဲ နှမြောမိတယ် မင်းချစ်ရမဲ့သူတွေ့တော့ မင်းက သူ့ကိုပဲ ကဲသည်းချစ်ပြတော့မှာ ဒီအမေတွေကတော့ မင်းကိုအခုထိ ကလေးလေးတစ်ယောက်လို ချစ်မဝဖြစ်နေတုန်း.. "
" အကုန်လုံးကို အတူတူချစ်မှာကို.. မနာလိုမဖြစ်နဲ့ မေမေလေးက အဖေ့ဆီက ချစ်ခံရပြီးပြီရော ကျွန်တော်လည်း အဲလိုအချစ်ခံရဖို့လိုတယ်မလား.. "
" ဟုတ်ပြီလေ ဒါဆိုလည်း အချစ်ပဲခံ သိပ်ကဲသည်းမပြနဲ့ ခေါ်လာခဲ့ရင်ကြည့်မယ် ငါတို့သားကို ငါတို့လောက်မှ မချစ်ပေးနိုင်ရင်တော့လား.. ဟင်း ဟင်း "
" သူကကျွန်တော့်ကိုချစ်တယ် ကျွန်တော်က ယုန်လေးနဲ့တူတယ်တဲ့ သူအလုပ်လုပ်နေတုန်း ကျွန်တော်ကအနားမှာကပ်ရှုပ်နေရင်လည်း မဆူဘူး ကျွန်တော်ငိုရင် အရာအားလုံးအလျှော့ပေးပြီး လိုက်လျောတယ် ကျွန်တော်ဘာလုပ်လုပ် အပြစ်မမြင်ဘူး ကျွန်တော့်အပေါ်မှာလည်း ဒေါသမထွက်ဖူးသေးဘူး အခုထိ "
ဂျောင်ဂုဦးအကြောင်းပြောရင်း ကြည်နူးဝမ်းသာဖြစ်မိသည်။ ဦးက သူ့ကိုပြန်ချစ်ပေးတယ်ဆိုတာ သူအရမ်းကံကောင်းလို့ပဲ။ အရင်က ဦးသူ့ကိုခါးခါးသီးသီးဖြစ်ခဲ့ဖူးတာတွေ ပြန်တွေးရင်ဆို အတိတ်ဆိုးပဲ။ဦးမချစ်တော့မှာ အရမ်းကြောက်တာပဲ။
" ပြစမ်းပါအုံး ယုန်ပေါက်လေးနဲ့တူတဲ့မျက်နှာလေး.. အိုး.. သားသားလူက တော်တော်မြင်တတ်တာပဲ ဟုတ်ပါ့ ယုန်ပေါက်လေးအတိုင်းပဲ... မေမေလေးတော့ တအားမျှော်လင့်နေပြီ သားသားလူက သားသားကို အရမ်းချစ်မယ်ထင်တယ်.. မနာတောင်လိုလာပြီကွာ မဖြစ်တော့ဘူး မင်းအဖေကို ပိုချစ်ခိုင်းမှရတော့မယ်.. "
" သားအမိတွေ ဘာတွေကပ်ချွဲနေကြတာလဲ ငါမသိအောင် တခုခုကြံနေကြတာမဟုတ်လား "
" အဖေ.. "
သူနဲ့မေမေလေး TVရှေ့မှာ ဇာတ်ကားရိုက်နေကြတုန်း အဖေက အပေါ်ထပ်ကဆင်းလာခဲ့သည်။ ပိတ်ရက်ဖြစ်တာကြောင့် အဖေက အလုပ်ခန်းထဲမှာရှိနေမည်..
" အစ်ကိုတောင် အလုပ်တွေပြီးပြီ အခုထိဟိုမိသားစုတွေ ရောက်မလာကြသေးဘူး "
" စောပါသေးတယ်ကွ ဆော့ဂျင်က သူတို့လာမဲ့ရှယ်ယာရှင်အစည်းအဝေးအတွက် အလုပ်ရှုပ်နေတယ်ပြောတယ် အထက်လူကြီးအပြောင်းအလဲလည်း ရှိတယ်ထင်တယ် "
" စီအီးအိုတော့မဟုတ်ဘူးမလား "
" အသေအချာပေါ့.. ဆော့ဂျင်က ဆင်းတော့မယ်ထင်တယ် သားသူငယ်ချင်းလေးက စီအီးအိုနေရာတက်မယ်ထင်တယ် သားသိထားလား "
" အင်း.. ဂျူအွန်းတက်မှာ "
ဦးဆီက သူသိထားပြီပင်။ နေရာလွဲပြောင်းပြီးရင် ကွာရှင်းဖို့ပါ တစ်ခါတည်းလုပ်တော့မည်ဖြစ်သည်။ကိစ္စတွေက ကွက်တိစီစဉ်ထားပြီဖြစ်ပြီး ကွာရှင်းဖို့ကိုလည်း အစ်မနိုအွန်းဘက်က ကြည်ကြည်ဖြူဖြူလုပ်ပေးရင် ဦးမြန်မြန်ဆန်ဆန်ပဲ ရှင်းကနေ ထွက်လာခဲ့နိုင်ပြီ။
" ဒါဆို အစ်ကို.. ဆော့ဂျင်က ဘယ်လိုဖြစ်သွားမှာလဲ တခြားရာထူးကို ဆင်းသွားမှာလား ဒီအတိုင်း အနားယူတော့မှာလား "
" ကိုယ်လည်းမသိဘူးလေ အဲလိုထက်ကို ကိုယ်စဉ်းစားမရတာတစ်ခုက ဆော့ဂျင်နဲ့ဂျယ်ယောင်းက စီမံကိန်းတစ်ခု လုပ်နေကြတယ်ကြားထားတာ အဲဒါက ဆော့ဂျင်က ရှင်းကထွက်မယ်ဆိုတဲ့သဘောလား ရာရာပြောတော့ နိုအွန်းနဲ့လည်း အဆင်ပြေနေတယ်ဆို.. "
" ရာရာလည်း နိုအွန်းပြောတာ ပြန်ပြောပြတာပဲလေ ဆော့ဂျင်က ရှင်းကထွက်မယ်ဆိုတာ ဘယ်လိုလဲ စီးပွားရေးပဲကွဲထွက်မှာလား ဒါမှမဟုတ် မိသားစုလိုက် ခွဲနေကြမှာများလား "
ဂျောင်ဂု အဖေနဲ့မေမေလေးတို့နှစ်ယောက်ကြားက စကားဝိုင်းကို ငြိမ်လျက်သာ နားထောင်နေလိုက်ပြီး ဘာမှဝင်မပြောဖြစ်။
" အင်း.. ရာရာပြောတဲ့တစ်ခုဖြစ်နိုင်တယ် စီးပွားရေးခွဲပြီး အိမ်လည်းခွဲကြတော့မယ်ထင်တယ် ဘယ်လိုဆိုဆို အမွေဆိုင်လုပ်ငန်းပဲဟာ တစ်ယောက်ချင်းစီက အိမ်ထောင်ရက်သားကိုယ်စီဖြစ်လာကြရင် ခွဲသင့်တာခွဲရမယ်ပေါ့။ ဆော့ဂျင်က တော်ပြီးသားပါ ဂျယ်ယောင်းနဲ့ပါ ပေါင်းလိုက်တော့ သူတို့လုပ်ငန်းက မြန်မြန်ပဲကြီးထွားလာလိမ့်မယ် "
" အစ်ကို အခုထိနှမြောနေတုန်းမလား.. "
" အရမ်းသိသာနေလား "
အဖေ့ကိုကြည့်ပြီး သူရောမေမေလေးပါ ရယ်လိုက်ကြသည်။အဖေက တခြားသူကိုသာ သူ့ထက်ပိုပြီး အရမ်းချီးမွှမ်းနေရင် သူမနာလိုစိတ်နဲ့ သူ့ထက်ငါသာအောင် ကြိုးစားမိအုံးမှာ။ ဒါပေမဲ့ အဲဒီသူက ဦးဖြစ်နေတော့ သူဂုဏ်ယူပြုံးပြုံးမိသည်။ဦးကအရမ်းတော်တာကို သူလက်ခံသည်။
" ဒါပေမဲ့လည်း အစ်ကို့မှာ နောက်ထပ်အခွင့်အရေးရှိသေးတယ် "
မေမေလေးစကားကြောင့် သူရောအဖေပါ မေမေလေးကို ကြည့်လိုက်ကြသည်။ ထိုအခါ မေမေလေးက သူ့ကိုမေးငေါ့ပြသည်။
" ကျွန်တော်လား.. "
" ဒီကောင်ဘာရမှာလဲ ရုံးတောင် အချိန်မှန်မတက်တာ ဟိုနေ့ကလည်း နေ့လယ်ကြီးရုံးဆင်းသွားတယ် ဘယ်အလေလိုက်သွားလည်းမသိ "
" မဟုတ်ပါဘူး သားသားကောင်လေးကိုပြောတာ ကူးပြောတယ်မလား ကူးကောင်လေးက ဆော့ဂျင်လို တော်တယ်ဆို "
" အာ.. "
" ဟုတ်တယ်နော် အဲတုန်းက မင်းအဲ့လိုပြောတယ်မလား ငါမှတ်မိပြီ မှတ်မိပြီ ဘယ်မှာလဲသူ အခုထိခေါ်မလာနိုင်သေးဘူး လျှောက်ရွှီးလေကြီးထားပြီးတော့ ပေါ်မလာတော့ဘူး ဘယ်တော့ခေါ်လာမှာလဲ "
" လာတော့မှာ "
ဂျောင်ဂု တံခါးဘက်ကိုကြည့်ရင်း ပြောလိုက်သည်။လာတော့မှာလေ ဒီညပဲ ဦးတ်ို့ကို ညစာစားဖိတ်ထားတာ အဲဒါကြောင့် လာတော့မှာလို့... အားရှီး သတ်သတ်ခေါ်ရမဲ့ဟာကို.. အမှန်ဆိုသူကပဲ ဦးဦးဖျားဖျား ဒါကျွန်တော့်ဦးပါ ကျွန်တော့်ချစ်သူဆိုပြီး မိတ်ဆက်ပေးရမှာကို..အခုတော့ဖြင့် ရှုပ်ရှုပ်ယှက်ယှက်တွေ ပါရအုံးမည်။
" လာတော့မှာက ဘယ်တော့လဲ "
" တနေ့နေ့ပေါ့ မနက်ဖြန်လည်း ဖြစ်နိုင်သလိုဒီနေ့လည်း ဖြစ်သွားနိုင်တာပဲ ကြိုမပြောချင်ဘူး ခေါ်လာခဲ့မှ အံ့အားသင့်သွားစေရမယ် "
" ကလေးလက်တစ်ဖက်ဆွဲပြီး ခေါ်လာမှာမဟုတ်ဘူးမလား ''
" အစ်ကိုနော်! "
" အဲလိုလည်း ဖြစ်ချင်ဖြစ်သွားနိုင်တာပဲ မျှော်လင့်ထားလို့ရတယ် "
" ကူးကူးနော်! "
" ငါပြောတာမှန်နေပြီရာရာ သူကလေးအဖေတစ်ယောက်ယောက်ကို ချိန်နေတာပဲဖြစ်မှာ ကလေးအဖေကတောင် သူ့လိုလူဆီလိုက်တွေ့ဖို့ အဆင်သင့်မဖြစ်သေးဘူးကြည့် ငါ့သားဖြစ်ပြီး ငါ့ကိုတစ်ခုမှမမီဘူး ငါ့ခြေရာလိုက်မနင်းနိုင်ဘူး "
" အစ်ကို! "
" မဟုတ်လို့လား အစ်ကို့ကိုပဲကြည့်လေ ကိုယ်သူ့ကိုထိန်းကျောင်းနေရင်းတောင် အလှပဂေးလေးတစ်ယောက်က ချစ်ပါတယ်ဆိုပြီး အနောက်ကတကောက်ကောင်လိုက်ကပ်ခံရတာ "
" အစ်ကို!!! အဲဒါရာရာ့ကိုပြောနေတာမလား "
" ရာရာ့လိုအလှပဂေးလေးမလို့ အစ်ကိုက မကြွေဘဲမနေနိုင် ဖြစ်သွားတာပါကွာ "
အဖေနဲ့မေမေလေးတို့ရန်ပွဲကို ကြည့်နေတုန်း သူ့အိတ်ကပ်ထဲမှ ဖုန်းအချက်ပေးသံမြည်လာခဲ့သည်။သူထုတ်ကြည့်လိုက်တော့ ဦးဆီကပင်။ သူတို့လာတော့မည်တဲ့။ ဂျောင်ဂု ဦးထံဖုန်းခေါ်ဖို့ ထရပ်လိုက်သည်။
" ဘယ်လဲ "
" အပေါ်ပါ။ ဖုန်းပြောမလို့ "
" ဒီမှာပြောလည်းရတဲ့ဟာကို ဘာလဲငါတို့ ကလေးငိုသံကြားသွားမှာစိုးလို့လား "
" အစ်ကိုဆို! "
" ကလေးက လိမ်မာတယ်အဖေရဲ့ သွားပြီ ဖုန်းပြောလိုက်အုံးမယ် ကျွန်တော့်လူကိုလည်း မျှော်လင့်ထားလို့ရတယ် မေမေလေးလည်း မေမေလေးစကားတည်နော် "
သူအဖေ့ကို အဖေပြောတဲ့အတိုင်း အလိုက်သင့်ပြန်ပြောလိုက်သည်။ အဖေပြောသလိုလည်း ဖြစ်ချင်ဖြစ်လာနိုင်တာပဲမလား ပေါက်စကလည်း သူ့သမီးဖြစ်လာနိုင်တာပဲလေ.. မေမေလေးကတော့ သူစကားနဲ့ပြောတာတောင် တစ်စက်မှမကြိုက် သူ့ကိုမျက်စောင်းခဲနေပြီ။
" ကူးကူးနော် မင်းအဖေပြောတိုင်း လိုက်မပြောနဲ့ သွား ဖုန်းပြောမှာဖြင့်သွားပြော ခဏနေ ဧည့်သည်တွေလာရင် ခေါ်လိုက်မယ် "
" ဟုတ် သွားပြီ "
သူသွားပြီးတော့ ဧည့်ခန်းတွင် မေမေလေး၏ သူ့ကိုအဲလိုမစဖို့ အဖေ့ကိုဆုံးမနေသံတွေ ကြားလိုက်ရသည်။ မေမေလေးက သူ့တုန်းကတော့ ကလေးအဖေတစ်ယောက်ကို မျက်စိမှိတ်ယူခဲ့ပြီး ကလေးဖြစ်တဲ့သူ့ကိုလည်း တုန်နေအောင်ချစ်ပြီးတော့.. သူ့ကိုကြတော့ အဲလိုဖြစ်သွားမှာ အရမ်းစိုးနေသည်။ မေမေလေးနားလည်သွားအောင်ထိ သူကအချိန်ယူသွားမှာပါ။ ဘာလို့ဆို သူကလည်း မေမေလေးကို အမေတစ်ယောက်လိုချစ်တာမလို့ မေမေလေးစိတ်မပျက်စေရပါဘူး။
..................................
" အမလေး ကြွကြပါ ဝင်ကြပါ မျှော်လိုက်ရတာ နိုအွန်းကြောင့်ပဲ ပေါ်လာတော့တယ် ထိုင်ကြအုံး "
" မီးငယ်လေးရော လာပါအုံး.. လက်ထဲကဘာတွေလဲ "
" သမီး လက်ဆောင်ကို အန်တီရာရာ့ကိုပေးလိုက် "
" အမယ်လေး ဘာလက်ဆောင်လဲ ငါတို့ကခေါ်တဲ့ဟာကို.. "
" အန်တီရာရာ့အတွက်.. "
" အမယ်လေး.. ချစ်ဖို့ကောင်းလိုက်တာဒီလိုကြပြန်တော့လည်း ကလေးလိုချင်သွားပြန်ပြီ အသည်းယားလိုက်တာ လာပါအုံး ဘာစားချင်လဲပြောပါအုံး "
ဦးတို့ရောက်လာတာနဲ့ မေမေလေးအသံက စီကနဲပဲ။ ပေါက်စကို သူ့လက်ထဲဖြစ်ညစ်ထားတာ ပေါက်စတစ်ယောက် လန့်ပြီး ဦးမျက်နှာလေးကို တကြည့်ကြည့်ဖြင့်။ ဦးက အဖြူရောင်ရှပ်အင်္ကျီ၊စတိုင်ပင်ဘောင်းဘီအညိုနဲ့။ အင်္ကျီကို ခါးထဲထည့်ဝတ်ထားတော့ ခါးသိမ်သိမ်က အထင်းသား။ ဝင်လာတည်းက ဦးက သူ့ကို ပုံမှန်ခင်မင်ရင်းနှီးသလို တစ်ချက်ပြုံးပြသည်။သူတို့မလာခင် ဖုန်းပြောကြတုန်းက ဦးက စိတ်လှုပ်ရှားနေသည်တဲ့။ အရင်လို မိတ်ဆွေတွေအနေနဲ့မဟုတ်ဘဲ သူ့မိဘတွေဆိုတဲ့အမြင်ကြောင့် ဦးက စိတ်လှုပ်ရှားနေသည်။
" မိရာရာ ကလေးကိုလွှတ်စမ်း ကိုယ်တိုင်ကြတော့ မမွေးဘဲနဲ့.. မီးမီးငယ် ဖွားဆီလာပါအုံး "
" မေနော် ရာရာမွေးမှ လာမချီနဲ့.. သွား.. မီးမီးငယ် ဖွားဖွားဆီသွားလိုက်အုံး "
" လာစမ်းပါအုံး ဖွားဆီ.. ဖွားမှာ ကလေးမချီရတာကြာပေါ့ မင်းကိုကိုကလည်း ကြီးနေပြီ ဖွားဆီမကပ်တော့ဘူး ငယ်ငယ်တုန်းကဆို ဖွားနားကမခွာဘူး တကောက်ကောက်လိုက်နေပြီးတော့ အခုတော့ သူ့ပဲလိုက်ဖမ်းနေရတယ် "
" ဖွားကလည်း.. "
" ကိုကိုက ကလေးပဲတဲ့ "
" ဟေ.. "
ပေါက်စက ဖွားစကားကို သူ့ကိုကြည့်ရင်း အတွန့်တက်ပြန်ပြောသည်။ ဖွားက ကောင်းကောင်းကြားလိုက်ပြီး သူလည်း ဖွားနားတွင်ရှိနေသည်မလို့ ကောင်းကောင်းကြားလိုက်သည်။
" ကိုကိုကကလေးပဲလား ပြောစမ်းပါအုံး ညည်းအသက်ကရော ဘယ်လောက်ရှိပြီလဲ "
" လေးနှစ်ပြည့်တော့မှာ "
" ညည်းကိုကိုက နှစ်ဆယ့်တစ်နှစ်ရှိသွားပြီ ရည်စားတောင်ထားနေပြီ ကလေးဖြစ်အုံးမလား "
" ကိုကိုပြောတာ သူလည်းကလေးပဲတဲ့ ကိုကို့ကို ချော့လည်းသိပ်ရတယ် အိပ်ခါနီး အာဘွားလည်းလိုချင်တယ် ကိုကိုက ကလေးပဲရှိသေးတယ်တဲ့ "
" သူ့ရည်းစားဆီမှာ ကလေးလုပ်ချင်တာနေမှာပေါ့ "
ပေါက်စစကားကြောင့် ဖွားကရယ်သည်။ပေါက်စပြောတာကို သူနဲ့ဦးနဲ့ အစ်မနိုအွန်းသာလျှင် ဘာကိုဆိုလိုမှန်းသိသည်။ ပေါက်စမက မလွယ်ကြော သူ့အကြောင်းကို အကုန်ပြန်တိုင်ချင်နေသည်။သူပေါက်စရဲ့ ခေါင်းကကြက်တောင်စီးကို ဆွဲဖွပစ်လိုက်သည်။ တိုင်ကြောထူချင်အုံး..
" ဒါနဲ့ ဗိုက်ဆာကြပြီလား.. နေအုံး ရာရာမီးဖိုချောင်ထဲ သွားကြည့်လိုက်အုံးမယ် "
" ကျွန်မလည်းလိုက်ခဲ့မယ် အစ်မရာရာ လိုအပ်တာကူလုပ်ပေးလို့ရတာပေါ့ "
မေမေလေးနဲ့အစ်မနိုအွန်း ထွက်သွားတော့ ဧည့်ခန်းတွင် သူရယ် ဦးရယ် အဖေရယ်သာ ကျန်ခဲ့သည်။ ပေါက်စကိုတော့ ဖွားက မုန့်ကျွေးအုံးမယ်ဆိုပြီး ခေါ်သွားသည်။ သူကတော့ ဦးနားကမခွာမိ။
" ဆော့ဂျင်ရေ အလုပ်များနေလျက်ကြားက လာပေးခဲ့လို့ ကျေးဇူးပါကွာ မင်းအစ်မအရမ်းတောင်းဆိုမိသွားလား သူကတဇွတ်ထိုးရယ် "
" မဟုတ်တာ ကျွန်တော်လည်းလာချင်ပါတယ် နောက်တစ်ခေါက်ကျရင် ကျွန်တော်ဂျယ်ယောင်းကိုပါ ခေါ်ခဲ့လိုက်ပါ့မယ် "
" ကောင်းတယ် ကောင်းတယ် သူ့ကိုရအောင်ခေါ်ခဲ့စမ်းပါ ငါညပါအိပ်ခိုင်းလိုက်မယ် ဒီကောင့်ကို "
" ဘာလုပ်မှာလဲအဲဘိုးတော်ကို.. မခေါ်နဲ့ ဦးတစ်ယောက်တည်းလာခဲ့ "
" ဟိတ်ကောင် ငါပြောနေတဲ့ထဲ ဝင်ဝင်မပြောနဲ့ "
" ဘာဖြစ်လဲဗျာ အဖေအဲဘိုးတော်အကြောင်း ဘာသိလို့လဲ "
" အဲလိုမပြောရဘူး ဂျောင်ဂု "
" ဟုတ် "
ဂျောင်ဂုအဖေသည် ဆော့ဂျင်ဟန့်လိုက်၍ ငြိမ်ကျသွားတဲ့သားဖြစ်သူကိုကြည့်ပြီး မျက်ခုံးပင့်မိသည်။ သူ့သားမှဟုတ်ရဲ့လားပေါ့။
" ဒီကောင်ပြောရခက်တယ်ဆော့ဂျင်ရဲ့ ငါလည်းသိသိလျက်နဲ့ မင်းကိုဒုက္ခပေးမိခဲ့လို့ အားနာပါတယ်ကွာ ဒီကောင်ငါ့လည်းမတိုင်ပင်ဘဲ အလုပ်ထွက်ခဲ့တာ အဲအတွက် ငါ့ဆုံးမမှု လိုတာပါ ဒါပေမဲ့ အဆိုးထဲကအကောင်းဆိုသလို ငါ့ဆီမှာလည်း ကောင်းကောင်းဝင်လုပ်နေပြန်တယ် မင်းကို ကျေးဇူးလည်းတင်ပါတယ် သူမင်းဆီက တော်တော်များများသင်ယူနိုင်ခဲ့တယ် တစ်ခုပဲ.. တခုခုဆို စိတ်မြန်လက်မြန်နဲ့ ငါ့မတိုင်ပင်ဘဲ လျှောက်လျှောက်လုပ်တတ်တာ "
" ကျွန်တော်ဘယ်မှာလျှောက်လျှောက်လုပ်လို့လဲ "
" ဥက္ကဌဂျွန် ကျွန်တော့်ကို အားနာစရာမလိုပါဘူး ကျွန်တော်ဘာမှမပင်ပန်းလိုက်ရပါဘူး ဂျောင်ဂုကိုယ်တိုင်လည်း စိတ်လိုလက်ရလိုက်သင်လို့ တတ်မြောက်လွယ်တာပါ.. အခုရော သူကဘယ်လိုတွေများ လျှောက်လုပ်တတ်လို့လဲ ဥက္ကဌဂျွန် "
ဆော့ဂျင် ဂျောင်ဂုကိုကြည့်ရင်း မေးလိုက်သည်။ သူမသိနိုင်တဲ့ ဂျောင်ဂုရဲ့အလုပ်ချိန်တွေမလို့ သူသိချင်မိသည်။
" အဖေကလျှောက်ပြောနေတာ ကျွန်တော်ကောင်းကောင်းလုပ်နေတာကို.. "
" မင်းကောင်းကောင်းမလုပ်ဘူးလို့လည်း ငါမပြောပါဘူး ဒါပေမဲ့ မင်းအလုပ်ကို လေးစားမှုမရှိဘူး ကိုယ်ကပိုင်ရှင်ဆိုပြီး အလေးအနက်မထားဘူး အလုပ်ချိန်တွေမမှန်ဘူး အစည်းအဝေးတွေလည်း ကြိုက်တဲ့အချိန်ရွှေ့တယ် တစ်ခါတလေ မပြောမဆိုနဲ့ ထထထွက်သွားတယ် ရုံးစည်းကမ်းတွေကို မင်းမလိုက်နာဘူးပုံမှန်ဝန်ထမ်းဆို မင်းအဲလိုလုပ်မရဘူး အာဏာကိုသုံးတယ် "
" အဖေမညစ်နဲ့ အဲလောက်ကတော့ လုပ်လို့မရဘူးလား ကျွန်တော်လည်း တခြားဝန်ထမ်းတွေလို တန်းတူနေရမယ်ပေါ့ ကျွန်တော်ကဘာလို့ အဲလိုလုပ်ရမှာလဲ ကျွန်တော်ကသူတို့လိုမှမဟုတ်တာ.. "
" မင်းကအထက်လူကြီးမလို့ ပိုလို့တောင် မင်းကစည်းကမ်းမဖောက်သင့်သေးတာ မင်းချထားတဲ့စည်းကမ်းကို မင်းတောင်မှမလိုက်နာနိုင်ရင် အဲစည်းကမ်းကို မင်းလည်းမချသင့်ဘူး "
" ဦးကလည်း.. "
ထပ်အတွန့်တက်ချင်နေသေးတဲ့ဂျောင်ဂုကို သူကြည့်ပေးလိုက်တော့ နှုတ်ခမ်းစူသွားပြီး ထပ်မပြောလာခဲ့တော့။ သူသိသည် ဂျောင်ဂုက သူ့ကိုကြရင် အားသွားပြီ၊အားလို့ လို့တွေပြောပြီး အမြဲသူ့ဆီရောက်ရောက်လာတတ်သည်။ ဒီလောက်ဆိုးနေမှန်းမသိဘူး ဒါသူ့အပြစ်တွေလည်းပါသည်။သူက ဂျောင်ဂုအပြောကို လွယ်လွယ်ပဲ လက်ခံယုံစားလိုက်မိတာ။
" ဒါကျွန်တော်သင်ပေးဖို့လိုသွားတာပါ ကျွန်တော်အဲဒီအတွက် မျက်နှာပူရပါတယ် "
" ဟာ မဟုတ်တာဆော့ဂျင်ရ ငါ့သားအကြောင်း ငါကကောင်းကောင်းသိတာပေါ့ ငါကမင်းကို အပြစ်တင်ဖို့ပြောနေတာ မဟုတ်ရပါဘူးကွာ သူတိုးတက်လာတာ ငါကထောက်ပြနေတာ မင်းကြောင့် သူအများကြီးတိုးတက်လာခဲ့တယ် အခုက အဲဒါသူ့အကျင့်တွေပဲ တစ်သက်လုံးပြင်လို့ရတော့မှာမဟုတ်ဘူး အဆိုးထဲကအကောင်းလို့ပဲ ငါမှတ်ပါတယ်ကွာ "
" ပြင်လို့မရတာတော့မဟုတ်ပါဘူး မကြိုက်ရင်လည်း ပြင်ပါ့မယ် ဟွန့် "
အဖေ အဖေ သူ့ကိုတမင်တိုင်တန်းဖို့များ စာစီထားသလားမှတ်ရတယ်။ အဖေပြောတဲ့သူ့အကြောင်းတွေနားထောင်နေရင်း ဦးက မျက်နှာလေးတည်နေတော့ သူမနေတတ်တော့။သူအမြန်ပင် ထိုလိုမျိုးနောက်ထပ်မလုပ်တော့ကြောင်း ကတိပေးလိုက်သည်။ ထိုအခါမှ ဦးမျက်ခုံးတွေ အနည်းငယ်ပြေလျော့သွားသည်။ ဦးက အလုပ်နှင့်ပတ်သက်ရင် စည်းကမ်းတင်းကြပ်သည်။ သူဦးဆီသွားချင်၍ ရုံးအစောကြီးဆင်းခဲ့တာတွေ ဦးနောက်လိုက်ချင်လို့ အရေးကြီးအလုပ်တွေမရှိဘူး လိမ်ပြောခဲ့တာတွေ ပြန်တွေးနေပုံရသည်။
" အစ်ကို ဆော့ဂျင်ကိုခေါ်ခဲ့တော့ ထမင်းစားရအောင် "
မီးဖိုချောင်ထဲက မေမေလေးလှမ်းခေါ်တော့မှ သူအသက်ရှုချောင်ရသည်။
" ကဲလာ သွားရအောင် မင်းစီနီယာကြီးက မင်းတို့အတွက်ဆိုပြီး မနက်ထဲက ဈေးသွားလိုက် မီးဖိုချောင်ထဲပြေးလိုက်နဲ့ တက်ကြွနေတာ "
" စီနီယာ့ကို အလုပ်ပေးမိပြီထင်ပါတယ် "
" မဟုတ်တာ လာလာ ခါတိုင်းဆို သူလည်းအမြဲပျင်းတယ်ပြောနေတာ လုပ်စရာမရှိဘူးဆိုပြီး.. လာကြ "
" ဦး.. "
အဖေအရှေ့ကထွက်သွားတာနဲ့ သူဦးကို လက်ကုတ်ကာ ခေါ်လိုက်သည်။ သူခေါ်တော့ဦးက ခါးထောက်ကာရပ်လိုက်ပြီး သူ့ကိုကြည့်လာသည်။ ဂျောင်ဂုခါးထောက်ထားတဲ့ ဦးလက်မောင်းတွေကို ဖွဖွကိုင်လိုပ်သည်။
" အဖေကပိုပြောနေတာ ကျွန်တော်အဲလိုမလုပ်ဘူး တစ်ခါတလေလေးပဲ လုပ်ဖူးတာကို.. "
" တစ်ခါတလေလည်း ကိုယ်ကမကြိုက်ဘူးဆိုရင်ရော.. "
" ဦးမကြိုက်ရင် မလုပ်တော့ပါဘူးဆို.. ကတိပေးတယ်.. ဒါပေမဲ့ အဖေပိုပြောနေတာသေချာတယ် ကျွန်တော့်ကို တမင်နှိမ်နင်းချင်နေတာ အဲဒါကို ဦးကကျွန်တော့်ဘက်မပါဘူးလား "
" အဲဒါတွေ ကိုယ်တို့နောက်မှပြောကြမယ် အခုတော့သွားရအောင် "
ဦးက လွယ်လွယ်နဲ့သဘောမတူ။ သူကိုင်ထားတဲ့လက်တွေကို ဖယ်ချကာ အရင်သွားနှင့်သွားသည်။ ဟွန့်..
__________TBC
တကယ်ဆို ချည်ထိုးတာတွေက ဘယ်သူကစခဲ့တာလဲ စကားပြောဖို့လိုနေပြီ 😠အရှေ့အနောက်တောင်မြောက် တစ်ကွင်းထဲကို ပတ်ထိုးနေတာ။ တစ်ကွက်ကျော်တာမှန်းမသိ တစ်ပေါက်ထဲမှာ အကြိမ်ကြိမ်ထိုးတာမှန်းမသိ 😠တော်နေ အစဉ်အတိုင်းထိုးလို့ရတယ်ပြောလိုက် တော်နေ ကျော်ထိုးလို့မရဘူးပြောလိုက် 😠ပြောင်းဖူးပုံတဲ့၊နာနတ်သီးပုံတဲ့ ဘယ်နေရာမှတူမနေဘူး။ အကုန်ကြိုးတွေပဲမြင်တယ် 😠🥴ချည်ထိုးအင်္ကျီတွေ မဝတ်သင့်တော့ဘူး ထိုးရတဲ့သူတွေသနားလို့ 😭😭
😁😁ချည်ထိုးသင်မိတဲ့ ပေါက်ကွဲသံစဉ်လေးပါ 😭😭အိမ်မှာလည်းမပြောရဲလို့ 😁😁 အိမ်ကသူတွေအိုင်ချည်ထိုးသင်ကတည်းက သူတို့လိုချင်တဲ့ပုံစံတွေ လာလာပြနေကြတယ် 🥴🥴 ဒီကဘာတစ်ခုမှမတတ် ဒီနေ့တစ်ခုသင်ရင်မနေ့ကတစ်ခုမေ့ပြီ 🤣
(အူတက်🤣 အခုထိလည်း ဘာမှမတတ်သေး)
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



