ep32
15:33, 6 March 2024ဒီတစ်ခါတွင်တော့ သူအအိပ်မမက်တော့ပါ။ သူအရင်ဆုံးနိုးထလာပြီး အိပ်ပျော်နေတုန်းဖြစ်တဲ့ ဦးကိုငုံ့ကြည့်ရင်း လည်ပင်းဆီအကြည့်ရောက်တော့ သူပေးထားတဲ့ အမှတ်အသားတွေက ထင်းလို့... သူဦးဝတ်ထားတဲ့ ရေချိုးဝတ်ကို ပခုံးပေါ်အောင်ထိ ဆွဲချလိုက်ပြီး ပေါ်လာတဲ့ပခုံးသားတွေကို ထိတွေ့နမ်းရှိုက်လိုက်သည်။ဦးဆီက အမြဲချိုအီအီအနံ့လေးက ရှိနေတုန်း..ဒါတောင် ညက ဖြစ်ကတတ်ဆန်းအိပ်ရာဝင်ခဲ့တာကို..သူတို့ရေချိုးကန်ထဲမှာ အကြာကြီးဖြစ်သွားတော့ ညဉ့်လည်းနက်နေပြီအပြင် ဦးလည်းပင်ပန်းလို့နေပြီဖြစ်သည်။ အပြင်ထွက်လာတော့ နှစ်ယောက်သား နှာတချေချေဖြင့်။ နှစ်ယောက်သားအဝတ်အစားမဝတ်ဖြစ်ကြတော့ဘဲ ရေချိုးဝတ်သာဝတ်ပြီး အိပ်ရာဝင်ခဲ့ကြသည်။
သူနမ်းနေတော့ ဦးက လှုပ်လှုပ်ရွရွဖြစ်လာသည်။တစ်နေကုန်လည်း အလုပ်များနေတဲ့အပြင် သူနဲ့လည်းအကြာကြီးနေလိုက်ရတော့ ပင်ပန်းနေပြီထင်ပါရဲ့။ အခုထိ အိပ်ကောင်းနေတုန်း.... ဂျောင်ဂု နာရီကိုလှမ်းကြည့်လိုက်တော့ ရှစ်နာရီထိုးနေပြီ။ပုံမှန်ဆို ဦးထနေပြီး ပေါက်စကိုနှိုးရမည့်အချိန်ပင်။ ဦးအိပ်ပါစေအုံးမလို့ သူပဲပေါက်စကို သွားနှိုးလိုက်တော့မည်။သူအိပ်ရာကနေ တိုးတိုးသက်သာထလိုက်ပြီး ဦးဆီက သင့်တော်မဲ့အဝတ်အစား ရှာဝတ်ကာ ပေါက်စအခန်းဘက် ထွက်ခဲ့သည်။
ပေါက်စကလည်း အိပ်ကောင်းနေတုန်း..သူအနားသွားလိုက်ရင်း အသာလှုပ်နှိုးတော့ အသာအယာပင် နိုးလာခဲ့သည်။
" ကိုကို "
" ထတော့ ရှစ်နာရီထိုးနေပြီ "
" ပါးပါးရော.. "
" ပါးပါးက အိပ်ပျော်နေတုန်း.. ဒါကြောင့် ငါပဲလာနှိုးတာ မင်းကို.. မနေ့က မင်းပါးပါး ဘယ်ချိန်ပြန်လာလဲသိလား "
" ဟင့်အင်း အွန်းလေးအိပ်ပျော်သွားတာ မေမေနဲ့အွန်းလေး ပါးပါးကိုမျှော်နေကြသေးတယ် အွန်းလေးက မစောင့်နိုင်တော့လို့ "
" ပါးပါးက အလုပ်များနေတာတဲ့ ငါ့ကိုပြောတယ် ဒါကြောင့် ခဏခဏမျှော်မနေနဲ့ မင်းအမေနဲ့အိပ်လည်း ရတာပဲကို "
" ပါးပါးနဲ့ပဲ အိပ်ချင်တာကို.. "
ပေါက်စက အသံသေးလေးနဲ့ သူ့ကိုအတွန့်တက်နေသည်။ဒါဆို မနေ့က ဦးအပြန်နောက်ကျနေတာပေါ့..
" ကိုကိုက ဘာလို့ပါးပါးအင်္ကျီတွေ ဝတ်ထားတာလဲ "
" ငါ့မှာအဝတ်အစားမပါခဲ့လို့လေ ထတော့ မျက်နှာသစ် သွားတိုက် လုပ်တတ်တယ်မလား ငါစောင့်နေမယ် "
" ကိုကိုက ဘာလို့ရောက်နေတာလဲ အစောကြီးလေ "
ခါတိုင်းဆို ကျောင်းပြန်မှ သူ့ဆီဝင်လာတော့ သူအခုဒီမှာရှိနေတာ စောသေးတယ်ပေါ့.. ဂျောင်ဂုနှုတ်ခမ်းတွန့်ရုံပြုံးလိုက်သည်။
" အစောကြီးရောက်နေတာမဟုတ်ဘူး ညကတည်းက ရောက်နေတာ မင်းပါးပါးနဲ့ အတူတူတောင် ဖက်အိပ်ကြပြီးပြီ "
" ဟင့်အင်း ဟင့်အင်း ဟုတ်လည်းမဟုတ်ဘဲနဲ့ ကိုကိုလျှောက်ပြောနေတာ "
" မယုံလည်းနေပေါ့ မနေ့က ငါမင်းပါးပါးကို စားလိုက်ပြီ "
" လျှောက်ပြောနေတာ ပါးပါးရော ပါးပါးဆီသွားကြည့်မှာ "
" ဟိတ် ခဏနေမှကြည့် မျက်နှာအရင်သွားသစ် သွား မင်းပါးပါးက အိပ်နေတုန်း.. "
" သွား သွားဆို ကျောင်းနောက်ကျနေလိမ့်မယ် "
ပေကပ်ကပ်နဲ့လုပ်နေသေးတဲ့ ပေါက်စကို ရေချိုးခန်းထဲ တွန်းပို့လိုက်ရသည်။
" မြန်မြန်လုပ်နော် မဟုတ်ရင် မင်းကိုထားခဲ့ပြီး သွားလိုက်မှာနော် "
သူ့စကားကြောင့် ပေါက်စတစ်ယောက် ရေချိုးခန်းထဲမှာ ပျာယာခတ်သွားသည်။ သူအခန်းထဲကနေ အော်ရယ်လိုက်ရင်း အိပ်ရာသိမ်းလိုက်သည်။ကျောင်းလွယ်အိတ်ကိုလည်း ပြင်ပေးလိုက်ရင်း စာရေးခုံပေါ်က ပေါက်စဆွဲထားတဲ့ပုံတွေကို ယူကြည့်မိသည်။ ပေါက်စက လက်ရည်တိုးတက်လာပြီး အရောင်တောင် ကောင်းကောင်းခြယ်တတ်နေပြီ။
" ငါ့ခေါင်းမှာ နားရွက်တောင်တပ်ထားသေး "
" ကိုကို အွန်းလေးတော်လာပြီလား "
ပေါက်စက အခန်းထဲကထွက်လာရင်း သူ့အနားရောက်လာပြီး သူကြည့်နေတဲ့ပုံတွေကို ခုတင်ပေါ်ကနေတက်ကာ အတူကြည့်လာသည်။
" ဘာလို့ငါတစ်ယောက်ပဲ ခေါင်းမှာနားရွက်နဲ့ ဖြစ်နေရတာလဲ "
" ပါးပါးက ကိုကို့ကို ယုန်နဲ့တူတယ်တဲ့ "
" ငါကလေ.. "
သူတောင် သူ့ကိုယ့်သူ ဇဝေဇဝါဖြစ်သွားသည်။ပုံထဲမှာလည်း နားရွက်ထောင်ထောင်နဲ့သူက မလိုက်နေတာတော့မဟုတ်ဘူး။
" ဦးပြောတာလား "
" အင်း... ပါးပါးက အွန်းလေးဆွဲတဲ့ ပုံထဲကကိုကိုက ချစ်စရာကောင်းတယ်တဲ့ အပြင်မှာတော့ ဆိုးတယ်တဲ့ "
" အဲဒါကမင်းပြောတာမလား "
ပေါက်စက သူပြောတာမဟုတ်ဘူးဆိုတဲ့သဘောနဲ့ လက်တခါခါနဲ့။ သူပေါက်စနဖူးကို တွန်းလိုက်ပြီး ပုံကိုဆက်ကြည့်နေလိုက်သည်။ဦးက သူ့ကိုချစ်စရာလေးလို့ ပြောတယ်ပေါ့လေ..
" ငါ့ကို ဒီပုံပေးလိုက်တော့ မင်းဆွဲတာတော်တယ် "
" တကယ်တော်တာလား "
" တော်တယ်လို့ဆို မင်းဆရာကိုမမေ့နဲ့ ငါတော်လို့ မင်းလည်းတော်တာ လာ အဝတ်အစားလဲရအောင် "
ပေါက်စက သူတော်တယ်ပြောတော့ ပျော်သွားပြီး အဝတ်ဗီရိုဆီ လျှောက်သွားသည်။ သူဝတ်ချင်တာယူစေလိုက်ပြီး ခုတင်ပေါ်တင်လိုက်သည်။
" ရေမချိုးတော့ဘူးမလား "
" ဟင့်အင်း မနေ့က နေ့သိပ်မကောင်းလို့ ရေမချိုးရဘူးတဲ့ "
" ဟုတ်လား အခုရော ဘယ်လိုနေလဲ ကိုယ်ပူသေးလား "
သူစမ်းကြည့်လိုက်တော့ ကိုယ်တော့သိပ်မပူတော့။
" ကိုယ်တော့မပူတော့ပါဘူး မင်းဟန်ဆောင်နေတာမလား "
" မဟုတ်ဘူး အွန်းလေးဆေးသောက်ထားတယ် "
" ဒါဆိုအင်္ကျီလဲမယ် "
" ဟုတ် "
ဟုတ်ဆိုပြီး ပေါက်စက ရေချိုးခန်းထဲပြေးဝင်သွားသည်။သူကြောင်လျက်ကြည့်နေမိသည်။ အစက ရေချိုးခန်းထဲက တခုခုကျန်ခဲ့သည်လို့ ထင်လိုက်တာ။ ဘယ်ဟုတ်မလဲ သူကရေချိုးခန်းထဲမှာ အဝတ်သွားလဲနေတာ။
" မင်းကလူကြီးဖြစ်နေပြီပေါ့လေ "
သူရယ်လျက် အခန်းထဲကနေ အော်ပြောလိုက်သည်။ သွေးတာမစပ်တာ သူ့ပါးပါးလိုပဲ အရှက်ကတော့ကြီးပါ့.. ဟက်။
" မင်းကဘာလုပ်နေတာလဲ "
သူခါးထောက်ရင်း ရေချိုးခန်းထဲဝင်သွားတဲ့ ပေါက်စကိုစောင့်နေတုန်း အနောက်ကအသံကြောင့် လှည့်ကြည့်လိုက်သည်။
" ဘာလို့ဒီအခန်းထဲရောက်နေတာလဲ ဘယ်လိုရောက်လာတာလဲ "
" ကျွန်တော်ညက ဒီမှာအိပ်တာ ဦးနဲ့ "
သူကွေ့ဝိုက်မနေဘဲ တည့်တည့်ပြောလိုက်တော့ ထိုမိန်းမမျက်နှာပျက်သွားသည်။ သိသွားပြီဆိုတော့လည်း ဖုံးဖိနေစရာအကြောင်းမှမရှိတော့တာ..
" အဲဒါဆိုရင်တောင် ငါ့သမီးအခန်းမှာ ဘာလုပ်နေတာလဲ "
" အိုး.. ဦးကပင်ပန်းနေလို့ ကျွန်တော်က ဦးအစား ပေါက်စကို ကျောင်းသွားဖို့လာနှိုးတာလေ ဘာဖြစ်လို့လဲ "
" အရှက်မရှိကြတော့ဘူးဘဲ ငါ့အိမ်ထိမှာတောင်.. မလိုဘူး ငါ့ကလေးကို ငါ့ဘာသာငါလုပ်ပေးနိုင်တယ် မဟုတ်တဲ့အကျင့်ဆိုးတွေ အကူးမခံနိုင်ဘူး "
ဂျောင်ဂုသူမအပြောကို ခေါင်းတညိတ်ညိတ်နဲ့ လက်ခံလိုက်သည်။ သူဦးကိုချစ်တာ အကျင့်ဆိုးဆိုရင်လည်း မပြင်တော့ဘူး။
" မင်းတို့နည်းနည်းလေးတောင် မရှက်ကြတော့ဘူးပေါ့ မင်းမှာ နည်းနည်းလေးမှ အားနာစိတ်မရှိဘူးလား ငါကအခုထက်ထိ ကင်မ်ဆော့ဂျင်ရဲ့ တရားဝင်ဇနီးမယားဆိုတာ မမေ့ပါနဲ့ မင်းကို အစ်မရာရာမျက်နှာကြောင့် ဘာမှမပြောချင်တာ လွန်မလာနဲ့ "
" ကျွန်တော်က ဘယ်မှာလွန်လို့လဲ ကျွန်တော်က အစ်မနိုအွန်းနဲ့ အလွတ်ကြီးထင်လို့ပါ ဟုတ်တယ်မလားအရင်ကလည်း အစ်မနိုအွန်းအခုလိုတွေလုပ်ဖူးတာပဲ အဲတုန်းက ဦးလည်း မသိသလိုနေခဲ့တာပဲ အခုအစ်မနိုအွန်းလည်း အဲလိုနေတတ်မယ်ထင်လိုက်တာ အခုလို ဦးနဲ့ကျွန်တော့်ကိုကြည့်ပြီး လိုက်ပူလောင်နေမယ်မထင်ထားဘူး အစ်မတုန်းကလိုပဲ ဦးကိုလည်း အစ်မလွတ်ပေးထားရမှာမဟုတ်ဘူးလား "
" ဟက်.. မင်းကိုကြည့်ရတာ ကင်မ်ဆော့ဂျင်ကိုရလို့ တအားတွေခြေလွတ်လက်လွတ် ပျော်နေပုံရတယ်နော် ဘာလို့လဲ သူ့လိုဘာမှမရှိမပိုင်ဆိုင်တဲ့ကောင်ကိုလေ အဲဒီကောင်ကို ငါ့ဘက်ကမလိုချင်လို့တောင် ပစ်ထားတာ ငါလျစ်လျှူရှူထားလို့ မင်းရတာဆိုတာ မမေ့နဲ့ ဒီမှာ ငါကမင်းလိုကလိမ်ကကျစ်နည်းလမ်းတွေနဲ့ ကိုယ့်ဘက်ပါအောင် မြူဆွယ်ရတာမျိုး စိတ်မဝင်စားဘူး ဒါပေမဲ့ မင်းပုံစံကြောင့် စမ်းကြည့်ရတော့မလားမသိဘူး ပျော်ဖို့ကောင်းမယ်ထင်တယ် "
" ကျွန်တော်ထင်ထားတာ ခင်ဗျားအလွယ်တကူဦးကိုလက်လွှတ်ပေးမယ်လို့လေ ဘာလို့ဆို ခင်ဗျားလည်း မလိုချင်ဘူးဆိုတော့ ....ခင်ဗျားကိုထပ်သတိပေးလိုက်မယ် ကင်မ်ဆော့ဂျင်ကို ထိရဲထိကြည့် ကျွန်တော်ဘယ်သူ့မျက်နှာမှ ထောက်နေမှာတော့မဟုတ်ဘူး "
" ငါလည်းပြောလိုက်မယ် ငါကသူ့မိန်းမဆိုတာ မမေ့ပါနဲ့ ငါတို့မကွာရှင်းရသေးသ၍ သူနဲ့ငါက သက်ဆိုင်ပြီးသား..မင်းသာ အငယ်အနှောင်းဖြစ်နေတာ စဉ်းစားကြည့်လိုက်စမ်း မင်းတို့အသိုင်းအဝိုင်းကသာ မင်းက မယားရှိယောကျာ်းတစ်ယောက်နဲ့ ဖောက်ပြန်နေတယ်ဆိုတာ.. ဒါမှမဟုတ် အိမ်ထောင်သည်တစ်ယောက်ရဲ့ အငယ်အနှောင်းလုပ်နေတယ်ဒါဆို.. ဘယ်လိုဖြစ်သွားမလဲ.. အစ်မမီရာက မင်းကိုအရမ်းချစ်တာကို သူသာမင်းတို့အကြောင်းသိသွားရင်.. ငါတော့ဆက်မတွေးရဲတော့ဘူး မင်းရောဘယ်လိုထင်လဲ "
" လုပ်လိုက်လေ ကျွန်တော်တော့ ကြိုက်တယ် အဲချိန်ကြရင်တော့ ခင်ဗျားကွာရှင်းဖို့ အသာတကြည်လုပ်ပေးလေ.. ပါးစပ်ကသာ အဲလိုကောင် အဲလိုကောင်နဲ့ တကယ်တမ်းခွာမရဖြစ်နေတာ ခင်ဗျားလေ အဲလိုကောင်ကို အသာတကြည်လွတ်ပေးပါအုံး အရင်ကလည်း လျစ်လျှူရှုထားတဲ့သူမလို့ ဆက်ပြီးလည်း လျစ်လျှူရှုပေးပါအုံး ခင်ဗျားတန်ဖိုးမထားတဲ့ အဲလိုကောင်ကို ကျွန်တော်က ရှင်ဘုရင်လို့ထားမှာမလို့.. "
သူပြောလိုက်တော့ ထိုမိန်းမ လက်သီးတင်းတင်းဆုပ်သွားသည်။ သူနှုတ်ခမ်းတွန့်ရုံပြုံးလိုက်ပြီး ကျောခိုင်းလိုက်တော့ နောက်ကတောက်ခေါက်သံကြားလိုက်ရသည်။ တန်ဖိုးထားတဲ့သူပေါ်တော့မှ တန်ဖိုးသိနေလို့မရဘူး။ ခင်ဗျားတို့ဦးကို ဘယ်လောက်နှိမ်ခဲ့လဲ။ တန်ဖိုးဆိုတာ ထားတဲ့သူလက်ထဲမှာပဲ မူတည်တယ်။
.....................................
ဆော့ဂျင်နိုးလာတော့ ဘေးနားမှာဂျောင်ဂုရှိမနေတော့။နာရီလှမ်းကြည့်တော့ ပုံမှန်ထချိန်ထက် ကျော်နေပြီ။သူသွက်သွက်ထလိုက်တော့ ခန္ဓာကိုယ်က အရမ်းကြီးဆိုးမနေတာကို သတိထားလိုက်မိသည်။ ပြောရရင် ပထမဆုံးအကြိမ်တုန်းကနဲ့တော့ အကွာကြီးပင်။အောက်ပိုင်းဆီက နည်းနည်းအနေခက်တာကလွဲရင် အဆင်ပြေသည်။ သူခုတင်ပေါ်ကဆင်းလိုက်တော့ ခြေရင်းတွင် ရေချိုးဝတ်အပုံလိုက်သားကို တွေ့လိုက်သည်။ဂျောင်ဂုချွတ်သွားတာနေမှာ။ သူထိုအဝတ်ကို ကောက်ယူလိုက်တော့ ခါးနည်းနည်းနာတာကို သတိထားမိလိုက်သည်။ သူရေချိုးခန်းထဲအရင်ဝင်လိုက်ပြီး ဝတ်ထားတဲ့ရေချိုးဝတ်အင်္ကျီကို ချွတ်လိုက်သည်။ ခန္ဓာကိုယ်တွင်လည်း စေးကပ်နေတာမျိုးရှိမနေ။ သူအရင်တစ်ခါကလို သူ့အထဲတွင် ကျန်နေအုံးမလား စစ်ဆေးကြည့်လိုက်တော့လည်း ဘာမှမတွေ့...ကြည့်ရတာ ဂျောင်ဂုသူအိပ်နေတုန်း လုပ်ပေးထားသည်ဖြစ်မယ်။ သူမျက်နှာပူပူနဲ့ပဲ ရေအမြန်ချိုးပြီး ထွက်ခဲ့လိုက်သည်။
ရေချိုးပြီးထွက်ခဲ့တော့ အခန်းထဲတွင် ဂျောင်ဂုရောက်နေပြီ။ သူရေချိုးဝတ်တွေ လျှော်ခဲ့တော့ ခါးတွင် တဘက်သာ ပတ်ထားသည်။ သူဂျောင်ဂုရှိနေတာကို ရှက်ရွံ့မှုမခံစားရလေအောင် ပုံမှန်အတိုင်းနေလိုက်ပြီး အဝတ်ဗီရိုကို ဖွင့်လိုက်သည်။ သူဝတ်ရမဲ့အဝတ်အစားတွေ ခုတင်ပေါ်တင်လိုက်သည်အထိ ဂျောင်ဂုက သူ့ကိုသေချာကြည့်နေတုန်း။
" ဦး.. မနေ့က.. "
" ဘာလို့လဲ "
ဂျောင်ဂုက မျက်နှာငယ်လေးနဲ့ ထိုင်ရာကထလာပြီး သူ့ကိုသိုင်းဖက်ကာ ခေါင်းကိုလည်း သူ့လည်ပင်းကြား ဝင်ဝှက်ထားကာ တိုးဝှေ့နေသည်။ ကြောင်ကလေးဖြစ်သွားပြန်ပြီထင်တယ်..
" ဘာလို့လဲလို့.. "
သူဂျောင်ဂုခေါင်းကိုဖွရင်း ပြန်မေးလိုက်သည်။ ဂျောင်ဂုနှာခေါင်းတွေက သူ့ညှပ်ရိုးတွေကို တို့ထိနေဟန် ခံစားလိုက်ရသည်။ ကြောင်ကလေးက နှာတရှုံ့ရှုံ့လုပ်ပြီး အနံ့ခံနေပြန်ပြီထင်တယ်..ဂျောင်ဂုပြောတာတော့ သူဆီကအနံ့က အရမ်းမွှေးလို့ သူကြိုက်တယ်တဲ့။ ဒါကြောင့် သူ့ကိုဖက်တိုင်း ဂျောင်ဂုက သူ့ဆီကအနံ့ကိုရဖို့ နှာတရှုံ့ရှုံ့လုပ်နေတတ်သည်။
" ဦး... မနေ့က ဦးစကားကို သေချာနားမထောင်လိုက်မိဘဲ ထင်ချင်ရာထင်မိသွားတယ်... ပေါက်စနေမကောင်းမှန်းမသိဘဲနဲ့ ဦးကိုဒေါသထွက်မိသွားတယ် ကျွန်တော်ဆိုးတယ်မလား ဒါပေမဲ့ ကျွန်တော်က ဦးကိုအရမ်းချစ်လို့ပါ "
ဂျောင်ဂုက အဲလိုပါဆို.. လုပ်ချင်ရာကို ဇိုးဇိုးဇက်ဇက်လုပ်ပြီးသွားရင် ကပ်ချွဲပြီ။
" ဒါပဲလား အကြောင်းပြချက်က "
" မဟုတ်ဘူး ရှိသေးတယ် မေမေလေးကပြောတယ် ဦးနဲ့အစ်မနိုအွန်းက အရမ်းအဆင်ပြေနေပြီတဲ့ အစ်မနိုအွန်းက မေမေလေးကို အဲလိုပြောတာတဲ့ အဲဒါနဲ့.. "
" အဲဒါနဲ့ပဲ ကိုယ့်ဆီပြဿနာရှာဖို့လာတယ်ပေါ့လေ "
" ပြဿနာရှာဖို့မဟုတ်ပါဘူးဆို..ဦးဆီက ဖြေရှင်းချက်ကို နားထောင်ချင်လို့ပဲ.. ဒါပေမဲ့ ဦးကိုမြင်လိုက်တာနဲ့ အကုန်မေ့သွားတယ်.. ဟီး "
အမျိုးမျိုးတတ်နိုင်လွန်းတဲ့ဂျောင်ဂုကိုကြည့်ရင်း သူခေါင်းခါယမ်းလိုက်သည်။ မနေ့ကတော့ အဲလိုမဟုတ်တာကို..
" မဟုတ်ဘူးလား ဦးနဲ့တစ်ကြိမ်လေးတောင် မတွေ့ရသေးပါဘူးဆို လွမ်းတာဖြစ်သင့်တာပဲ "
" ဒါနဲ့ အစောကြီးဘာလို့နိုးနေတာလဲ ခုနကရော ဘယ်သွားနေတာလဲ "
" ပေါက်စကို သွားနှိုးနေတာလေ "
" နှိုးခဲ့ပြီလား သူရေချိုးသေးလား "
" မချိုးဘူး သူက သူ့ဟာသူလုပ်တတ်နေပြီ ကျွန်တော်ရှိနေတုန်း အစ်မနိုအွန်းရောက်လာတာနဲ့ ပြန်လာခဲ့လိုက်တာ "
" တခုခုဖြစ်ခဲ့သေးလား ဘာမှမပြောခဲ့ဘူးမလား "
" သူပြောရင်တော့ ပြန်ပြောရမှာပေါ့လို့ ကျွန်တော့်ကို ဒီအတိုင်းငြိမ်ခံနေစေချင်တာလား "
ဆော့ဂျင်သူ့အကြောင်းသိတာမလို့ ဒီအတိုင်းပဲမေးလိုက်ပေမဲ့ ထိုကောင်လေးက နှုတ်ခမ်းစူနေပြီ။ ဂျယ်ယောင်းရော ဂျောင်ဂုရော သူတို့ကိုထိလျှင် ဆတ်ဆတ်ထိမခံတတ်ကြ။ အစွာလေးတွေ...
" ဟုတ်ပါပြီ အဲဒီအကြောင်းတွေ ကိုယ်ကပဲဖြေရှင်းမှာမလို့ ကိုယ်ကဝင်မပါစေချင်တာ ကိုယ့်ကိုလွှတ်တော့ ကိုယ်နောက်ကျနေပြီ ရုံးသွားရအုံးမှာ မင်းရော ရုံးသွားဖို့မလုပ်ဘူးလား "
ဆော့ဂျင်သူ့ကိုဖယ်တွယ်ထားတဲ့ဂျောင်ဂုကို ဖယ်လိုက်ရင်း ဂျောင်ဂုဝတ်ထားတဲ့အဝတ်အစားတွေကိုကြည့်ရင်း မေးလိုက်သည်။
" သွားမှာ... ဦးအဆင်ပြေနေလား တနေရာရာက တခုခုဖြစ်သေးလား "
" ဟင့်အင်း အဆင်ပြေတယ် "
" ခါးရော "
" အဆင်ပြေပါတယ်ဆို ရုံးသွားမှာဆို ပြင်တော့..ကိုယ်နေရာ၊ကိုယ့်အလုပ်ဆိုပေမဲ့ သေချာလုပ် ကြားလား "
" သိပါတယ်ဆို ကျွန်တော်လိုက်ပို့မယ် ကားပါတယ် အပြန်လည်းလာကြိုမယ် "
................................
" ဘာလို့အစောကြီးရောက်ချလာတာလဲ ကိုယ်မအားတာ သိလျက်နဲ့ ဟမ် "
" ဘာမှမဖြစ်ဘူး ခါတိုင်းလည်း ဦးနားမှာနေနေကြပဲကို ဦးပြီးတဲ့အထိ စိတ်ချလက်ချလုပ် ကျွန်တော်ငြိမ်ငြိမ်လေးထိုင်နေပါ့မယ် "
ဂျောင်ဂုက သူ့ကိုကြိုဖို့ အစောကြီးရောက်ချလာပြီးမှ သူဆူမှာစိုးလို့ ဆိုဖာတွင် ငြိမ်ကုတ်ကာ သွားထိုင်နေသည်။ ဂျောင်ဂုစောင့်ရတာကြာအုံးမှာဖြစ်တော့ သူအလုပ်စားပွဲကို ရွှေ့ခဲ့ပြီး ဂျောင်ဂုနားတွင် ပြောင်းထိုင်လိုက်သည်။ သူပြောင်းထိုင်တာနဲ့ ဂျောင်ဂုက သူ့ပေါင်ပေါ်ခေါင်းအုံးကာ လှဲအိပ်လာသည်။
" ညောင်းလို့ဦး ငြိမ်ငြိမ်လေးအိပ်နေမှာ "
သူငုံ့သာကြည့်လိုက်ပြီး ဘာမှမပြောဖြစ်လိုက်။ဘာလိုဆို ယုန်ချွဲလေးကို သူသဘောကျပါသည်။ သူတို့အတူရှိနေရင်လည်း အမြဲဂျောင်ဂုက သူ့အနားမှာ ပူးကာကပ်ကာပဲ နေတတ်သည်။ သူဂျောင်ဂုခေါင်းထဲ လက်ထိုးဖွလိုက်ရင်း အလုပ်ကို ပြန်အာရုံစိုက်လိုက်သည်။
" ဦး.. ကျွန်တော်ကယုန်နဲ့တူတယ်ဆို "
" အင်း "
" အဲဒါချစ်ဖို့ကောင်းတာလား "
" အင်း "
" အဲတော့ဦးချစ်လား "
" ချစ်တယ် ကိုယ့်ကိုမနှောင့်ယှက်နဲ့တော့ "
" ဟုတ် "
ဂျောင်ဂုပြန်ငြိမ်ကျသွားတော့ သူလပ်တော့ဆီက အလုပ်တွေအပေါ် ပြန်ရောက်သွားသည်။ ဒါပေမဲ့ မကြာပါ ဂျောင်ဂုက သူ့ပေါင်ပေါ်တွင် လှုပ်လှုပ်ရွရွဖြင့် အငြိမ်မနေ။
" ဦး ကျွန်တော်ယုန်နားရွက်တပ်ကြည့်ရမလား ကျွန်တော်နဲ့ဆိုလိုက်မှာလား အဲဒါဆို ဦးကြိုက်မှာလား "
" ဦးဆို "
ဂျောင်ဂုက သူ့ကိုကြည့်စေဖို့ လက်ကုတ်ခေါ်နေတော့ သူကျေနပ်သွားအောင် ခဏငုံ့ကြည့်ပေးလိုက်သည်။မဟုတ်ရင်လည်း သူကသူ့ကိုအာရုံမစိုက်မချင်း ခေါ်နေအုံးမှာ။
" လိုက်မှာလားလို့ ဖြေအုံးလေ "
" ဘယ်ဟာကိုလဲ "
" ဦးကဂရုလည်းမစိုက်ဘူး ကျွန်တော်က ယုန်နဲ့တူတယ်ဆို "
" အင်းလေ "
" ချစ်စရာကောင်းတယ်လို့လည်း ဦးပြောတယ်မလား "
" အင်း "
" အဲဒါကြောင့်မလို့ ယုန်လေးဆိုတော့ နားရွက်လေးပါရင် ပိုလှမယ်မလား ဦးချစ်တယ်ဆို "
" ဘယ်လိုမျိုးလဲ.. "
ဂျောင်ဂုဘာကိုပြောချင်နေမှန်း သူနားမလည်..သူက ယုန်လေးနဲ့တူလို့ ချစ်စရာကောင်းတယ်ပြောလိုက်တာနဲ့ သူကယုန်ဖြစ်ချင်သွားတာလားယုန်နားရွက်လိုချင်တာလား...
သူနားမလည်သေးတော့ ဂျောင်ဂုက သူ့ဘောင်းဘီအိတ်ကပ်ထဲမှ တစ်ခုခုရှာနေသည်။ လက်ထဲပါလာတာက စာရွက်အဖြူခေါက်လျက်လေး.. ဂျောင်ဂုက ထိုစာရွက်အခေါက်လေးကို ဖြန့်လိုက်ပြီး သူ့ကိုပြသည်။
" ဒီမှာလေ .. ဒီလိုလေး.. ဦးပဲပြောတယ်မလား ဒီဟာလေးက ချစ်စရာကောင်းတယ်လို့.. "
ဆော့ဂျင် ဂျောင်ဂုပြတဲ့စာရွက်လေးကို ယူကြည့်လိုက်သည်။အွန်းလေးဆွဲထားတဲ့ပုံပဲ.. ပုံထဲတွင်ဂျောင်ဂုက နားရွက်ထောင်ထောင်လေးတွေနဲ့.. သူမှတ်မိသေးသည်။ အွန်းလေးက သူတို့ပုံတွေဆွဲတော့ သူကဂျောင်ဂုက ယုန်လေးနဲ့တူတယ်ပြောလိုက်လို့ အွန်းလေးက ဂျောင်ဂုခေါင်းတွင် နားရွက်တပ်လိုက်ခြင်းဖြစ်သည်။ အွန်းလေးကလည်း ဂျောင်ဂုကို နားရွက်ရှည်ရှည်လေးနဲ့ သဘောကျနေသည်။ အဲဒီနောက်ပိုင်း အွန်းလေးက ဂျောင်ဂုပုံဆွဲတိုင်း နားရွက်လေးထောင်ပေးထားသည်။
" ချစ်စရာကောင်းတယ်ဆို..လို့.. "
" အင်း.. "
" အဲဒါဆို ကျွန်တော်နားရွက်ရှည်ရှည်လေးနဲ့ဆို ဦးကြိုက်မှာလား.. "
ဂျောင်ဂုဘာကိုပြောချင်မှန်း သူကောင်းကောင်းနားမလည်။ ဒါပေမဲ့ ဂျောင်ဂုက ယုန်လေးဖြစ်ဖြစ် ကြောင်လေးဖြစ်ဖြစ် ချစ်ဖို့ကောင်းပြီးသားပဲမလား..
" မင်းကချစ်ဖို့ကောင်းပြီးသားကို.. "
ဆော့ဂျင်သူ့ပေါင်ပေါ်ကနေ သူ့ကိုပြူးပြူးဝိုင်းဝိုင်းလေးကြည့်နေတဲ့ ဂျောင်ဂုပါးတစ်ဖက်ကို ဆွဲလိမ်ရင်း ပြောလိုက်သည်။ ထိုအခါမှ နှစ်နှစ်ခြိုက်ခြိုက်ရယ်လိုက်တိုင်း ပေါ်လာတဲ့သွားကြီးကြီးနှစ်ချောင်းက ပေါ်လာပြီး ပိုလို့တောင် ယုန်လေးနဲ့တူသွားတော့သည်။ သူအသည်းယားသွားပြီး ယုန်လေးလို ပြုံးရယ်နေတဲ့ဂျောင်ဂုကို ခဏမျှငေးစိုက်ကြည့်နေမိသည်။
" မင်းဘယ်လိုနေနေ ကိုယ်ကချစ်ပြီးသားမလို့ ကိုယ့်သဘောကျ လိုက်နေစရာမလိုပါဘူး "
___________TBC
စပေါ်ရော်:3
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



