ep12
17:15, 23 February 2024ဆော့ဂျင် သောက်တာများသွားပြီး ပြန်ခါနီးမှာပင် မထိန်းနိုင်တော့ဘဲ သန့်စင်ခန်းအရင် ထွက်ခဲ့သည်။ပြန်တော့မှာကို အိမ်အထိတောင် သူမအောင့်နိုင်တော့ ဂျယ်ယောင်းကိုပစ်ထားခဲ့ပြီး သူအရင် သန့်စင်ခန်းဆိုပြီး ပြေးလာခဲ့သည်။ ဂျယ်ယောင်းက အမှန်အကန်သောက်တော့ မူးနေပြီ။ သူကတော့ ရေခဲနှစ်ဆလောက်နဲ့မလို့ ခပ်ထွေထွေပဲ ဆီးမထိန်းနိုင်တာကလွဲရင် အားလုံးအဆင်ပြေနေသေးတယ်။ ကိစ္စရှင်းပြီး ထွက်လာတော့ လက်ကနာရီကို တစ်ချက်ကြည့်လိုက်သည်။ ဆယ်နာရီခွဲနေပြီ။ ဒီနေ့က သူအပြင်မှာနောက်အကျဆုံး နေတဲ့နေ့ပဲ။ ဂျယ်ယောင်းကို ပြန်ပို့ပြီး မြန်မြန်ပြန်တော့မှ..
" ရား... ရကြလား ရကြလား စောစောစီးစီးရှိသေးတာကိုကွာ "
" ထနိုင်တယ် အေးဆေး.. မနက်ကျရင် ထပ်တွေ့မယ် ဂွတ်ဘိုင် "
" ဟေး ခဏ မူးနေတဲ့သူတွေ ကားမောင်းလို့မဖြစ်ဘူးနော် အဌားယာဉ်မောင်းခေါ်ကြ "
သူနဲ့ဂျယ်ယောင်းလည်း တစ်ကားစီသတ်သတ်လာကြတာမလို့ သူလည်း ဂျယ်ယောင်းအတွက် အဌားယာဉ်မောင်းခေါ်ရမလား အတွေးပေါက်သွားသည်။ သူ့ရှေ့လှမ်းလှမ်းက အခန်းထဲကထွက်လာတဲ့လူတွေရဲ့ တစ်ယောက်တစ်ခွန်းအပြောကြောင့် သူလည်း အဲလိုလုပ်ဖို့စဉ်းစားမိသည်။ထိုလူအုပ်စုက အခန်းထဲကနေ ထွက်လာကြပြီးလမ်းကျဉ်းကျဉ်းကို ကို့ရို့ကားယားပိတ်နေသည်မလို့ သူဖြတ်မဝင်ဘဲ ရပ်စောင့်နေလိုက်သည်။နေပါအုံး.. သူဒီလူတွေကို သိပါတယ် ...
" ဂျယ်အီးကို ဘယ်သူလိုက်ပို့မလဲ အဌားယာဉ်မောင်းတွေက စိတ်မချရမှာဆိုးတယ် မိန်းကလေးတွေအတွက် "
နေပါအုံး သူ့ရုံးကသူတွေမဟုတ်ဘူးလား..!
" ဂျောင်ဂုကိုရော ဘယ်လိုလုပ်မလဲ ဒီကောင်လေးတော်တော်သောက်နိုင်သားပဲ "
ဂျောင်ဂု!
" ဂျောင်ဂု.. ဟေး ဂျောင်ဂု ရရဲ့လား "
" ကျွန်တော်ကရတယ် ကျွန်တော်ကရတယ် အေးဆေးပဲမလို့ မတို့သာကောင်းကောင်းပြန်ကြ "
" ရား.. ဂျောင်ဂုမှာ သူ့ကိုကိုတစ်ယောက်လုံးရှိနေတာပဲ ဟုတ်တယ်မလား မောင်လေး "
" အေးဆေး မမ "
" အေးဆေး "
ဟုတ်နေတာပဲ ဂျောင်ဂု...ဂျောင်ဂုကြည့်ရတာလည်း တော်တော်မူးနေပုံပေါ်သည်။ဒါဘယ်ဌာနကသူတွေဖြစ်မလဲ... သူထိုနားကနေ ရပ်နေရင်း အပြင်ဘက်တဖြည်းဖြည်းရောက်လာတဲ့ ဂျောင်ဂုရဲ့ရွေ့လျားမှုတွေကို ကြည့်နေသည်။ ဂျောင်ဂုက မျက်နှာအင်မတန်ချိုသည်။ ဒါကြောင့် သူဘယ်ဌာနကသူတွေနဲ့ဖြစ်ဖြစ် ရင်းနှီးနေတာ မအံ့ဩတော့ဘူး။ အပေါင်းအသင်းတော့ တော်တော်ကောင်းသည်။
နေပါအုံး... ဘာတဲ့ သူ့ကိုပြောတော့ လစာထုတ်ရက်လည်းဖြစ်တော့ အိမ်ပြန်ဖြစ်မည်တဲ့။ သူ့အိမ်ဆိုတာ ဘားကိုဆိုလိုမှန်း မသိလိုက်ဘူး။
" အစ်ကိုတို့အားလုံး တာ့တာ မနက်ထပ်တွေ့မယ် "
ဂျောင်ဂု မျက်လုံးတွေမပွင့်တပွင့်နဲ့ တွေ့သမျှအကုန် လိုက်နှုတ်ဆက်နေသည်။ နောက်ကတစ်ယောက်က သူ့ကိုပြန်ဖို့ဆွဲခေါ်နေပေမဲ့ သူကမပြန်နိုင်သေး။
ဆော့ဂျင် လူကျဲသွားတုန်း သူလည်းရှေ့ဆက်သွားဖို့ ပြင်လိုက်သည်။ သူ့ဝန်ထမ်းတွေကလည်း အရှိန်ကောင်းကောင်းနဲ့ မူးနေကြပြီမလို့ သူနှုတ်ဆက်ဖို့ စိတ်ကူးမရှိတော့။ တော်ကြာ မူးမူးနဲ့ သူ့ကိုထပ်ရစ်နေကြအုံးမည်။
" ဂရုစိုက်ပြန်ပါ ဂရုစိုက်ပြန်ပါ ဂရုစိုက်ပြန်..အ့! "
" ဂျောင်ဂုဂီ တော်တော့ဆို တခြားသူစိမ်း.. "
သူဂျောင်ဂုနဲ့လှမ်းလှမ်းက ဖြတ်လိုက်ပေမဲ့ ပတ်ပတ်လည်လိုက်နှုတ်ဆက်နေတဲ့ဂျောင်ဂုက သူ့ကိုတိုက်မိသည်။ သူနဲ့တိုက်မိတော့ ယိုင်ချင်သွားတဲ့ဂျောင်ဂုကို သူအလျင်လက်နှစ်ဖက်နဲ့ ထိန်းကိုင်လိုက်သည်။နောက်မှ သူတို့ရှိရာကို နောက်တစ်ယောက်ထပ်ရောက်လာပြီး ဂျောင်ဂုကို လာထိန်းသည်။ သူထိုသူကိုကြည့်မိတော့ သူကလည်း သူတို့ရုံးကဆိုတာပဲ သိသည်။ နာမည်နဲ့ဘယ်ဌာနကလည်းဆိုတာ သူမမှတ်မိ။ ထိုတစ်ယောက်က သူ့ကိုမြင်တော့ ခဏတန့်သွားပြီး အရိုအသေပြုကာ ခေါင်းငုံ့ပြသည်။
" စီအီးအို.. "
" ဦး အနံ့နဲ့တူလိုက်တာ.. "
ဂျောင်ဂုက သူ့ခါးနားမှာရှိနေတာကနေ ပြောလာတော့မှသူဂျောင်ဂုကို ဆွဲခွာမိသည်။
" စီအီးအို.... ဂျောင်ဂု အရင်လွှတ်ပေးလိုက်အုံး စီအီးအိုကို အားနာလိုက်တာ ကျွန်တော်မြန်မြန်ခေါ်လိုက်ပါ့မယ် "
ထိုသူကသူ့ကို အားနာသလိုကြည့်ပြီး ဂျောင်ဂုကိုမြန်မြန် သူ့ဆီက ဆွဲခွာနေသည်။ သူလည်းတွန်းလွှတ်နေပေမဲ့ ဂျောင်ဂုကမခွာပေး။
" ဦးအနံ့ "
" ဂျောင်ဂု ဖယ်ရအောင် ဒါစီအီးအိုကြီး "
" စီအီးအို! ဘယ်မှာလဲ ဘယ်မှာလဲ "
နောက်ထပ်ပြန်မယ်လုပ်နေကြတဲ့သူတွေကပါ သူတို့ဖြစ်အင်တွေကို ရိပ်မိသွားပြီး အကျယ်ကြီးအော်လာသည်။ ထိုအခါမှ ဂျောင်ဂုလည်း ဖယ်သွားသည်။
" စီအီးအိုဟုတ်နေတာပဲ မင်္ဂလာပါစီအီးအို "
သူ့အမူးသမားဝန်ထမ်းလေးတွေက သူ့ကိုမြင်တော့ ခါးကိုပုံမှန်ထက်ငုံ့ကွေးကာ နှုတ်ဆက်ကြသည်။ တစ်ယောက်ငုံ့ကိုင်းသည်ထက် ပိုကိုင်းကာ သူ့ထက်ငါ ပိုနိမ့်သည့်အထိ အပြိုင်အဆိုင်လုပ်နေကြရင်း ဒူးထောက်၊ဝမ်းလျားမှောက်တွေပါ ဖြစ်ကုန်ကြသည်။ပုံမှန်ဖြစ်နေတဲ့သူတွေကသာ သူ့ကိုအားနာသလို ကြည့်နေကြသည်။ သူအဆင်ပြေကြောင်း ခေါင်းညိတ်ပြလိုက်သည်။ မူးလာရင် လူတွေက ပုံမှန်မှမဟုတ်တော့တာ တနည်းနည်းနဲ့ အရူးလေးတွေဖြစ်သွားကြတာပဲမလား။
" ကောင်းကောင်းပြန်ကြ မူးနေတဲ့သူတွေကိုလည်း သေချာလိုက်ပို့ပေးလိုက်ကြအုံး "
" ဟုတ်ကဲ့ စီအီးအို စီအီးအိုလည်း ကောင်းကောင်းပြန်ပါ "
ပုံမှန်ဖြစ်နေတဲ့သူတွေက ပြန်နှုတ်ဆက်ကြပြီး ကျန်တဲ့သူတွေကတော့ ကြမ်းပြင်ပေါ်က မထကြသေး။ကျန်တဲ့သူတွေက ထိုသူတွေကိုဆွဲထူရမလို့ သူနဲ့စကားဆက်ပြောရမလိုဖြစ်နေကြတော့ သူကပဲအရင် သွားနှင့်ဖို့လုပ်လိုက်သည်။ သူမှန်းသိသွားပုံရတဲ့ဂျောင်ဂုက သူ့ကိုသာ အကြည့်မလွဲကြည့်နေသေးသည်။ သူပြန်ခါနီး တစ်ချက်ပြန်ကြည့်လိုက်ပြီး အကြည့်လွဲလိုက်သည်။ သူပြန်ဖို့ပြင်တော့ သူ့လက်ကို မြန်မြန်လှမ်းဆွဲလာသည်။
" ဦး အတူပြန်မယ် "
" ဂျောင်ဂု ညီလေးကို ဆိုဟွန်းလိုက်ပို့လိမ့်မယ် စီအီးအိုက သူ့ဟာသူပြန်ပါစေ "
" မဟုတ်ဘူး.. ဦး ဒါ ကျွန်တော့်ဦး "
" ညီလေး.. စီအီးအို တောင်းပန်ပါတယ် သူအရမ်းမူးနေတာ သူနဲ့သူ့ကောင်လေး အတူပြန်မှာပါ "
" ကောင်လေး... "
ဆော့ဂျင်ရေရွတ်ရင်း သူတို့ကြည့်နေတဲ့သူဘက် ကြည့်လိုက်သည်။ ခုနတည်းက ဂျောင်ဂုကိုလိုက်ထိန်းနေတဲ့တစ်ယောက်ပင်။ ထိုတစ်ယောက်ကလည်း သူ့ကိုခပ်စူးစူးပင် ကြည့်နေသည်။ သူဂျောင်ဂုကိုပြန်ကြည့်တော့ ထိုကောင်က ဘာမှမသိသလိုပင် သူ့လက်ကိုချိတ်ထားတာ ဖယ်မပေး။
" ဦးနဲ့ပဲပြန်မှာ အစ်ကိုတို့အားလုံး တာ့တာနော် ဒါကျွန်တော့်ဦး.. ဟီး "
" ဖယ်စမ်းဂျောင်ဂု ဒီနေ့မင်းအိမ်ပြန်မှာမဟုတ်လားကောင်းကောင်းပြန်... လွှတ်တော့ငါ့ကို "
" ဟင့်အင်း ဟင့်အင်း လွှတ်ဘူး ဦးနဲ့ပဲပြန်မှာ "
" ဂျောင်ဂု စီအီးအိုကို အနှောင့်အယှက်မပေးနဲ့တော့ ဒီမှာမင်းကိုကိုဆိုဟွန်းလည်း ရှိနေတာကို "
" အေးလေ ဘာလဲမင်းက ငါ့သူငယ်ချင်းကို ပလစ်တာလား မောင်လေးတွေမကောင်းဘူး အူးဟူး "
ဂျောင်ဂုက ဘေးကသူတွေဖြောင်းဖျလည်း မလွှတ်ပေး။ဒါ့အပြင် လဲနေတဲ့တစ်ယောက်ကလည်း ထဝင်ပြောပြီး အသံပြဲကြီးနဲ့ထအော်ငိုတော့ တစ်ဖန်ဆူညံသွားပြန်သည်။ ဘေးနားကဂျောင်ဂုက သူ့ကိုမှီတွယ်ထားပြီး တုတ်တုတ်ပင်လှုပ်မလာ။ သူဆွဲခွာတော့လည်းမရ။
" ဖယ် မင်း ကိုယ့်ဟာကိုယ်ပြန် ငါ့မှာအဖော်ပါလာသေးတယ် သူ့ကိုပြန်ပို့ပေးရအုံးမှာ ဖယ်တော့ "
" ပြန်ဘူးဆို!.. ဘယ်သူလဲ ဦးဘယ်သူနဲ့လာတာလဲ ဟိုဘိုးတော်မလား "
" မင်း! "
ဆော့ဂျင်ဂျောင်ဂုကို ဟန့်လိုက်သည်။ ဝန်ထမ်းတွေကလည်း သူတို့ကိုစောင့်ကြည့်နေကြသည်မလို့ ဖယ်ခွာနေလည်းမရ။နောက်ဆုံးတော့ သူဂျောင်ဂုကိုခေါ်ခဲ့ဖို့ ဖြစ်လာရသည်။မဟုတ်ရင် တဇွတ်ထိုးမူးမူးနဲ့ မဟုတ်တာတွေလျှောက်ပြောနေလျှင် သူပင်မျက်နှာပူရအုံးမည်။
" ဖယ်စမ်း ငါ့ကိုမှီပြီးမလျှောက်နဲ့ "
" ကျွန်တော်မှမလျှောက်နိုင်ပါဘူးဆို! "
" မလျှောက်နိုင်ရင် မသောက်နဲ့လေ ဂျွန်ဂျောင်ဂု မင်းကိုငါသိပ်မပြောချင်ဘူးနော် "
" ပြောပါ ဦးပြောသမျှ ဒီကောင်လေးနားထောင်ပါ့မယ် သိပ်မပြောချင်ဘူးမလုပ်ပါနဲ့နော် ဦးအသံလေးကြိုက်တယ် အဟိ "
သူစိတ်ပျက်လက်ပျက်နဲ့ လာလာမှီတွယ်နေတဲ့ဂျောင်ဂုကို ဖယ်ချလို့လည်းမရ ပြောလည်းမကြားသလိုနဲ့..သူတို့ထိုင်တဲ့နေရာရောက်တော့ ဂျယ်ယောင်းက မှောက်တောင်မှောက်နေပြီ။ သူသူ့နားကပ်မှီထားတဲ့ ဂျောင်ဂုကို ဖယ်ချလိုက်ပြီး ထိုင်ခုံပေါ် ထိုင်ခိုင်းလိုက်သည်။
" ဦး မထိုင်ချင်ဘူးဒီမှာ .. "
သူဂျောင်ဂုကို ဂရုမစိုက်အားသေးဘဲ ဂျယ်ယောင်းကို နှိုးလိုက်သည်။ သူနှိုးသော်လည်း ဂျယ်ယောင်းက တစ်ဖက်လှည့်ကာ ပြန်အိပ်သွားပြီ။ စိတ်တိုလိုက်တာနော်အမူးသမားနှစ်ယောက်က မူးပုံမူးနည်း မတူကြ။တစ်ယောက်ကလည်း သူ့ကိုသားပိုက်ကောင်လို လိုက်ကပ်နေတာ ခွာလည်းမရ။ နောက်တစ်ယောက်ကြပြန်တော့လည်း သူ့ကိုအဖက်မလုပ် ဘယ်လိုမှနှိုးမရ။နောက်ဆုံး သူအဌားယာဉ်မောင်းကိုသာ ဖုန်းဆက်ဖို့ လုပ်ရတော့သည်။ အဌားယာဉ်မောင်းခေါ်ထားပြီးတော့ ဂျယ်ယောင်းကို တွဲခေါ်ဖို့လုပ်ရသည်။
" မင်းဖယ်စမ်းပါ ဂျောင်ဂု ငါသူ့ကိုတွဲရအုံးမှာ "
" မတွဲနဲ့ ကျွန်တော်နဲ့တွဲ "
" ဂျွန်ဂျောင်ဂု "
" သူအိပ်ချင်နေတယ်ထင်လို့ပါ ဦးကလည်း "
" မင်းကိုယ့်ကိုယ်ကိုယ် နိုင်ရဲ့သားနဲ့ ငါ့ကိုလွှတ်တော့ ဟိုတစ်ဖက်ကနေလာတွဲ "
" တွဲဘူး ဦးနဲ့ပဲတွဲမှာ "
" ဂျွန်ဂျောင်ဂု "
နဂိုကပြောရခက်ခက်ကို သောက်ထားတော့ ပိုလို့ပင် ပြောရဆိုရ ခက်သေးသည်။ ဂျယ်ယောင်းက အရပ်ရှည်ရှည် ခန္ဓာကိုယ်တောင့်တောင့်မလို့ သူမနည်းတွဲနေရတာကို သူ့ကိုတွဲကူခိုင်းလည်းမရ သူ့ကိုပဲတွဲမယ်ဆိုပြီး အတင်းကပ်ထားသည်။
" အယ် ဦးလက်တစ်ဖက်ဘယ်ရောက်နေလဲ.. "
" ဂျွန်ဂျောင်ဂု ငါ့ကိုမနှောင့်ယှက်နဲ့ "
သူ့လက်တစ်ဖက်ကို လိုက်ရှာရင်း သူ့ခန္ဓာကိုယ်အနှံ့ လိုက်စမ်းနေသည်။ သူအော်လည်းမရ။
" ဒီမှာရောက်နေတာပဲ ဖယ် မဖက်ရဘူး "
သူ့လက်က ဂျယ်ယောင်းခါးပေါ်ရောက်နေတာကို လက်ကိုလာဆွဲဖယ်နေသည်။ သူလုပ်တာနဲ့နှစ်ယောက်လုံး ပုံလဲတော့မည်။
" ဖယ်ဆို.. မဖက်ရဘူး "
" မဖက်ထားဘဲ ဘယ်လိုငါသူ့ကိုထိန်းရမှာလဲ ငါဒေါသဖြစ်လာရင် နှစ်ယောက်လုံးထားခဲ့မှာနော် "
" မဖက်ရဘူး မကိုင်နဲ့ ကျွန်တော်လုပ်မယ် "
သူလုပ်မယ်ဆိုပြီး သူ့လက်ကိုအတင်းဖယ်ချကာ ဂျယ်ယောင်းကို ဆွဲယူသွားသည်။ ဒီလိုအစတည်းက လုပ်ရမဲ့ဟာကို သက်သက်သူ့ကိုလုပ်နေတာဂျောင်ဂုသယ်လာတော့ သူဂျယ်ယောင်းကားကို ရှာလိုက်ပြီး ဂျောင်ဂုကို ကားနောက်ခန်းထဲထိ ထည့်ခိုင်းလိုက်သည်။ ဂျယ်ယောင်းကို ကားထဲထည့်ပြီးရင် အငှားယာဉ်မောင်းစောင့်ရုံပဲ။
" ဦး သူ့ကိုထားခဲ့ရအောင်လေ ကျွန်တော်တို့သွားကြစို့ "
" မရဘူး အငှားယာဉ်မောင်းလာမှ သွား မင်းငါ့ကားထဲစောင့်နေ "
" တော်ပြီ ဦးကိုစိတ်မချဘူး "
သူ့ကိုစူပုတ်ပုတ်နဲ့ဖယ်တွယ်ထားပြီး လွှတ်မပေးချေ။သူပြောပျင်းလွန်းလို့ လွှတ်သာထားလိုက်ရသည်။ ခဏနေ အငှားယာဉ်းမောင်းရောက်လာတော့ သော့အပ်ပြီး သေချာပို့ပေးဖို့ မှာလိုက်သည်။ သူကအခုတွင်တော့ ဟိုတယ်ကနေ တိုက်ခန်းပြန်ပြောင်းနေပြီဖြစ်သည်။ ဘောနပ်ပိုပိုသာသာပေးပြီး သေချာမှာလိုက်သည်။ ဒီကောင်နိုးလာရင်တော့ အမူးတစ်ဝက်တော့ ပြေပါလိမ့်မယ်။
" လာတော့ဆို!.. "
သူဂျယ်ယောင်းရဲ့ထွက်သွားပြီဖြစ်တဲ့ကားကို ငေးလျက်ကြည့်နေတုန်း ဂျောင်ဂုကသူ့ကို အားတစ်ခုနဲ့ ဆွဲလှည့်လာတော့ သူဂျောင်ဂုနဲ့မျက်နှာချင်းဆိုင်လျက် ဖြစ်သွားရသည်။
" ဘာလို့စိတ်မချဖြစ်နေတာလဲ သူကဘာမလို့လဲ! "
" ငါ့သူငယ်ချင်းလေ ဖယ်စမ်း မင်းလည်းအမူးပြေရင် ကိုယ့်ဟာကိုယ်ကားထဲဝင်တော့ ငါမင်းကိုအိမ်လိုက်ပို့မယ် "
" ပြန်ဘူး "
" ဂျောင်ဂု! "
သူက ဘာပြောပြောငြင်းဆန်လိုက်ရမှ ကြာတော့စိတ်တိုလာပြီ။ သူအော်တော့ မျက်နှာငယ်ဖြင့်..
" အိမ်မပြန်ဘူးပြောတာ ဦးနဲ့လိုက်မှာ "
" အဲဒါဆိုလည်း ကားထဲဝင်လေ ဘယ်သွားသွားကားထဲဝင်ရမှာကို.. ဝင် "
" ဟုတ် "
သူစိတ်တိုရင်တော့ သိသည်။ ထပ်အတွန့်မတက်ရဲဘဲ ကားထဲဝင်သွားသည်။ သူလည်း ကားပေါ်တက်လိုက်ပြီး အရင်ဝင်ထိုင်သွားတဲ့ဂျောင်ဂုဘက်ကြည့်တော့ စူပုတ်ပုတ်လေးထိုင်နေသည်။ သူကိုယ်တိုင်ခါးပတ်ပတ်ရင်း ဂျောင်ဂုကိုလည်း ခါးပတ်ပတ်ဖို့ပြောလိုက်သည်။
" ဂျောင်ဂု! "
" ဦးကအော်ဖို့ပဲ အော်ဖို့ပဲ စိတ်မရှည်ရင် ဦးလာပတ်ပေးလိုက်လေ "
" မင်းမပတ်တတ်လို့လား "
" ဦးပတ်ပေးတာခံချင်လို့ စောင့်နေတာလေ ဒါလေးတောင်မသိဘူးလား "
" မသိဘူး ကိုယ့်ဟာကိုယ်ပတ် "
သူပြောလိုက်တော့ မကြည်ကြည့်နဲ့ ကြည့်လာပြီး ငြိမ်သွားသည်။ သိလျက်နဲ့ တမင်ဂျစ်နေတာ သူမသိချင်ယောင်ဆောင်လိုက်ပြီး ကားစထွက်ဟန် ပြင်လိုက်သည်။
" အ့ ဘာလုပ်! "
ရုတ်တရက်ပင် ဂျောင်ဂုက သူ့ပေါင်ပေါ်ရောက်လာပြီး သူ့ကိုပေါင်ပေါ်ကနေ ငုံ့မိုးကြည့်သည်။ ရုတ်တရက်မလို့ ပေါင်ပေါ်ရောက်လာတဲ့ ဂျောင်ဂုကိုယ်ကို ထိန်းလိုက်ရတာ သူ့ပေါင်သားတွေ အောင့်ခနဲပင်။ နည်းတဲ့ကိုယ်အလေးချိန်လား သူ့ပေါ်ရောက်လာတာ.. အသက်ကွာခြားမှုအရသာ ဂျောင်ဂုထက်သူက အရပ်ပိုရှည်ပြီး ခန္ဓာကိုယ်လည်း ကြီးနေပုံပေါ်တာ အခုသူ့ပေါင်ပေါ်ရောက်လာမှ ညက်သလိုထင်ရတဲ့ ဂျောင်ဂုခန္ဓာကိုယ်က နင့်ခနဲပင်။
" ဆင်းစမ်း ဘာအရူးထတာလဲ "
" ဦး ချစ်တယ် "
" ဆင်းစမ်း လေးတယ် "
" ဦး... "
သူ့မျက်နှာနဲ့ လိုက်မျက်နှာချင်းဆိုင်နေတော့ သူလိုက်မကြည့်ဘဲ မျက်နှာကို စောင်းငဲ့ထားလိုက်သည်။ဒါကိုဂျောင်ဂုက မရမကပင် သူ့မျက်နှာကိုလိုက်ဖမ်းကာ တည့်ယူနေသည်။ နီးကပ်လျက်ပင်မလို့ သူမနေတတ်စွာ ဂျောင်ဂုကို တွန်းဖယ်နေမိသည်။
" ဦး... ချစ်တယ် "
" မင်းဆင်းတော့ဆို ဂျွန်ဂျောင်ဂု! "
" နမ်းချင်တယ် "
" ဂျွန်- "
သူဘာမှပြန်ပြောချိန်မရလိုက် ဂျောင်ဂုက လျင်မြန်စွာပင် သူ့နှုတ်ခမ်းတွေပေါ် ကျူးကျော်လာသည်။ မြန်ဆန်တဲ့နှုတ်ခမ်းလှုပ်ရှားမှုနဲ့အတူ အရက်နံ့ကိုလည်း တစ်စပ်တည်းခံစားလိုက်ရလို့ သောက်တုန်းကတောင် မမူးသေးတဲ့သူက အခုမှ မူးချင်လာသလိုလို။ သူဂျောင်ဂုကို တွန်းဖယ်နေသော်လည်း ဂျောင်ဂုက ဂရုမစိုက်ဘဲ သူလုပ်ချင်ရာကိုသာ ဇွတ်လုပ်ယူသည်။ သူတွန်းဖယ်မရတော့ စိတ်တိုတိုနဲ့ သူ့ပါးကိုအုပ်ကိုင်ထားတဲ့လက်တွေကို ဆတ်ခနဲပင် ရိုက်ပစ်လိုက်သည်။ ပါးပေါ်ကလက် ပြေလျော့သွားတော့ ပါးကိုပါတစ်ချက်ရိုက်ပစ်လိုက်သည်။
" ဟမ်း အသိစိတ်ဝင်ပြီလား "
သူ့ရိုက်ချက်ကပြင်းသည်။ ဂျောင်ဂုက လက်ရာထင်သွားတဲ့ပါးကိုကိုင်ရင်း သူ့ကိုမျက်ရည်ဝဲဝဲနဲ့ ကြည့်လာသည်။ မသနားဘူးလုံးဝ။
" ဆင်းစမ်း ငါ့ပေါ်က "
" ဟင့် ဟင့် ဦး "
သူအသံမာမာနဲ့ပြောတာတောင် ဆင်းမပေးဘဲ ပေကပ်ကပ်လုပ်နေတုန်း။ ဆော့ဂျင် ငိုပြတော့ဟန်ပြင်နေတဲ့ဂျောင်ဂုကို အလျှော့မပေးဘဲ ထပ်ဟောက်လိုက်သည်။
" မငိုနဲ့ တိတ်စမ်း.. ငိုကြည့် ငါမင်းကိုထပ်ရိုက်မှာ "
"အဟင့် ဦး.... "
" သွား ကိုယ့်နေရာကိုယ်သွားထိုင် "
" ဟင့်ဟင့် ဦး... ချစ်လို့ကို ဦးကိုချစ်လို့ နမ်းတာကို ဦးကရိုက်တယ် အော်တယ်.. အီးဟီး ချစ်လို့ပါဆိုချစ်လို့ပါဆို အနိုင်မကျင့်ပါနဲ့ အင့် "
ဆော့ဂျင်ပြောတော့ ကိုယ့်နေရာကိုယ် ပြန်ပြောင်းထိုင်သွားသည်။ သူတောက်လျှောက်ကြည့်နေရင်း မကြာပါ အော်ငိုပါတော့သည်။ ဝန်ခံရရင်ဂျောင်ဂုရဲ့အခုလိုပုံစံက ချစ်စရာလေးပင်။ မျက်ရည်လေးမစို့မပို့ကို အတင်းညစ်ထုတ်ပြီး မျက်လုံးတွေကို ပွတ်ချေနေသည်။ မျက်ရည်ကမထွက်ဘဲ အသံကတော့ နှိပ်စက်ခံထားရသလိုပင် အော်ငိုနေသည်။အော်ငိုရင်း သူ့ကိုအကဲခတ်ဖို့လည်း မမေ့။ တမင်လူလည်ကျနေတာ။ ဆော့ဂျင်သူ့ကိုစိုက်ကြည့်ပေးလိုက်တော့ အသံတိတ်ရှိုက်နေသည်။
" လာခဲ့စမ်းမင်း "
" မလာဘူး.. ထပ်ရိုက်အုံးမလို့လား "
" ငါကအလကားနေရင်း ရိုက်လို့လား မင်းငါ့ကိုမဟုတ်တာလုပ်လို့ ငါရိုက်တာလေ.. ဘာလို့လာနမ်းလဲ ငါမရိုက်ခင် ကောင်းကောင်းဖယ်နေတုန်းက မင်းဂရုမှမစိုက်တာ.. လာခဲ့ဒီနား "
" ဦးကိုချစ်လို့ပါဆို နမ်းချင်တာကိုလို့ "
စကားကိုစူအောင့်အောင့်လေးပြောရင်း အနားကိုကပ်လာကာ ခေါင်းလေးလာတိုးပေးတဲ့ ခေါင်းလုံးလေး။ သူ့ကိုရိုက်မယ်များ ထင်နေလားမသိဘူး။ ဆော့ဂျင်အနားရောက်လာတဲ့ခေါင်းလုံးလေးကို ကြမ်းကြမ်းဆွဲဖွရင်း မျက်နှာကို မော့စေလိုက်သည်။ မျက်နှာဆွဲမော့လိုက်သည်နှင့် သူခဏတော့ တုံ့ဆိုင်းသွားသည်။ သူ့ကိုမော့ကြည့်နေတဲ့ ဂျောင်ဂုမျက်လုံးဝိုင်းဝိုင်းလေးတွေကို သူခဏငေးနေမိသည်။ မျက်လုံးဝိုင်းဝိုင်းကြည်ကြည်တောက်တောက်လေးတွေက ခုနကညစ်ငိုထားရတော့ စိုလဲ့လဲအရည်တွေ ရစ်သိုင်းနေလျက်။ သူကိုယ်တိုင် ထိုမျက်ဝန်းထဲက ရုန်းထွက်ဖို့ခက်နေတော့ ဂျောင်ဂုက တဖြည်းဖြည်းသူ့မျက်နှာနား တိုးကပ်လာပြန်သည်။ ထိကပ်ခါနီးနှုတ်ခမ်းတွေကို သူခဏချင်းပြန်ထိန်းလိုက်ပြီး ခေါင်းစောင်းကာ ရှောင်လိုက်သည်။
" ဦး.... "
ဆော့ဂျင်ဂျောင်ဂုကို လွှတ်ပေးလိုက်ပြီး ချက်ချင်းပြန်ပြင်ထိုင်လိုက်သည်။
" ကျွန်တော်ဦးကိုချစ်တယ် "
" တကယ်ချစ်တာပါ ဦးကဘာလို့ကျွန်တော့်ကို ပြန်မချစ်တာလဲဟင် ကျွန်တော့်ကိုဘာလို့လဲ..ဘာလို့လဲမသိရတော့ ဦးပြန်ချစ်အောင် ဘာတွေပြင်ရမလဲ ကျွန်တော်မသိတော့ဘူး။ ကျွန်တော်လေ ဦးပြန်ချစ်ဖို့ ဘာတွေလုပ်ရအုံးမလဲတောင် မသိတော့ဘူး ကျွန်တော့်အတွက် ဦးဆီမှာ နေရာသေးသေးလေးတောင် မရနိုင်တော့ဘူးလား ဟင် ဦး "
ဂျောင်ဂုကငိုသည်။ ဒီတစ်ခါတွင်တော့ ဂျောင်ဂုက တကယ်ငိုနေသည်။ သူမသိဘူး ဂျောင်ဂုအတွက်သူ့ဆီမှာနေရာရှိနေလား သူမသိဘူး။ လောလောဆယ်အတွက် သူ့ကိစ္စတွေ မရှင်းမရသေးသရွေ့ သူ့ရင်ဘတ်ကိုလည်း ဖွင့်ထုတ်ဖို့ သူကြိုးစားသေးမည်မဟုတ်။ ဂျောင်ဂုသူ့ကိုအတည်ဖြစ်နေလား ကစားဖို့ကြံရွယ်နေလား သူမသိပေမဲ့ သူကတော့ ထိုအတွက်ကစားဖို့အချိန်မရှိ။ဂျောင်ဂုလိုကောင်လေးတွေကိုလည်း သူမယုံ သူတကယ်ချစ်သည်ဖြစ်ရင်တောင် ကွာဟနေတဲ့မျိုးဆက်ကြောင့် သူတို့ဆက်ဆံရေးက တည်မြဲမည်မဟုတ်။ ထို့ကြောင့် မတည်မြဲမဲ့ဆက်ဆံရေးကို သူအစမပျိုးချင်။ သူဘက်က ခံစားချက်ရှိလာရင်တောင် သိုဝှက်ပြီးပဲ နေသင့်သည်။ သူ့အိမ်ထောင်၊ကလေး၊ရှင်းမိသားစု၊ဥက္ကဌဂျွန်၊အသက်ကွာဟမှု အရာအားလုံးက သူတို့နှစ်ယောက်ကို မဖြစ်နိုင်ဘူးဆိုတာ မီးမောင်းထိုးပြနေသလို။
သူတို့နှစ်ယောက်က အစမပျိုးသင့်တဲ့ ဆက်ဆံရေးမျိုး။
________TBC
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



