Fanfics

ep10

15:15, 21 February 2024

" ဦး ဒါလေး "

" ထားထားလိုက် "

ဆော့ဂျင် သူ့ကိုမော့မကြည့်ဘဲ ပြောလိုက်သည်။သူက သူ့ကို မျက်နှာချင်းပင် မဆိုင်ချင်ပေမဲ့ဒီနေ့တည်းနဲ့တင် ဆယ်ခေါက်မက တွေ့နေရပြီးပြီ။မနက်ကလည်း သူအိပ်ရာထတော့ သူလုပ်နေကြအတိုင်းလုပ်ပြီး အွန်းလေးအခန်းဘက်ထွက်ခဲ့တော့ အွန်းလေးကရှိမနေ။ အပေါ်ထပ်မှာမရှိတော့သူအောက်ဆင်းလာတော့မှ အွန်းလေးက မီးဖိုချောင်တွင် မနက်စာ‌စားနေသည်။ ဘေးတွင် ဂျွန်ဂျောင်ဂုကလည်း ပြုံးပြုံးကြီးပင်။ သူကမခိုင်းဘဲနဲ့ သူ့ကလေးကို သူ့စိတ်ကြိုက်လုပ်နေသည်။ အိမ်ကသူတွေတောင် ပြောမရတဲ့အွန်းလေးကလည်း ဘာလို့ဂျောင်ဂုစကားကို နားထောင်နေလဲ သူနားမလည်။

သူရုံးလာတော့လည်း သူက ကားထဲ အတင်းကပ်လိုက်ခဲ့သည်။ဆော့ဂျင်မပြောချင်တော့တာနဲ့ တင်ခေါ်ခဲ့လိုက်ရသည်။ကားထဲတွင်လည်း သူ့ကိုတော့စကားမပြောလာပေမဲ့ အွန်းလေးနဲ့တော့ ပြောနေကြသည်။ သူကချည်းပြောနေတာပါ အွန်းလေးက ငြိမ်လျက်သာ နားထောင်နေတတ်တာ။

ရုံးရောက်တော့လည်း ဖင်ပူအောင်မထိုင်ရသေးဘူး သူကသူ့အခန်းထဲ သုံးဆယ့်ခြောက်ခေါက်လောက် ရောက်ပြီးပြီ။ လာပို့ရမဲ့ ဖိုင်တွဲအချက်အလက်တွေကို  တစ်ခါချင်း လာပို့နေလားမှတ်ရတယ်။ တစ်ရုံးလုံးရဲ့ပြာတာက သူလားပဲ.. လကုန်ခါနီး ဌာနစုံက စာရင်းချုပ်တွေအကုန် သူကယူလာပေးသည်။

" ဦး "

" မသွားသေးဘူးလားအခုထိ "

ဆော့ဂျင်သူ့ဟာသူ အတွေးထဲမှာ နစ်မျောနေတုန်းအသံကြားတော့မှ မော့ကြည့်မိသည်။ မသွားသေးဘူးလားအခုထိ။

" ဦးသက်သာသွားပြီလား "

" အင်း "

ဆော့ဂျင်ဖြေပြီး ပြန်ငုံ့ကာ လုပ်လက်စအလုပ်တွေထဲ အာရုံပြန်စိုက်ထားလိုက်သည်။ သူ့ဟာသူ သွားချင်သွားမသွားချင်နေ မောင်းထုတ်ရတာ မောနေပြီ။

" ဦး မနေ့ကလေ "

ဆော့ဂျင် စာရွက်ကိုင်ထားတဲ့လက်တွေ မဆိုသလောက် တုန်လှုပ်သွားသည်။ မနေ့ကလေ မနေ့က....သူမတွေးချင်ဆုံးဘဲ မဟုတ်ဘူး အတွေးများလွန်းလို့ သူ့အာရုံထဲက ထုတ်ပစ်ချင်ခဲ့တာ။ မနေ့ကသူ့အတွက် အရှည်အကြာဆုံးညဖြစ်ပြီး အိပ်ရေးမဝတဲ့၊သုံးစားမရတဲ့ညလည်း ဖြစ်သည်။ ဘယ်လိုစော်ကားခံရတာမျိုးလဲ!

" ဦး အဲဒီတုန်းက.. "

" ဘာဖြစ်လို့လဲ ဘာပြောချင်တာလဲ "

ဂျောင်ဂုဘာပြောချင်မှန်းမ‌သိပေမဲ့  သူခေါင်းပြန်မော့ပြီး ဘာမှမဖြစ်သလို မေးလိုက်သည်။

" ဦး စိတ်ဆိုးနေတာလား "

" ဘာအတွက်လဲ ဘာအတွက်ငါ့ကိုစိတ်ဆိုးစေချင်တာလဲ မင်းငါစိတ်ဆိုးအောင် တစ်ခုခုလုပ်ထားလို့လား "

" ဦးကစိတ်ဆိုးနေတာပဲ "

သူကသက်ပြင်းတစ်ချက်ချသည်။ သူစိတ်ဆိုးနေတယ်တဲ့။

" ကျွန်တော်မရည်ရွယ်ပေမဲ့ တကယ်ကအဲထက်ပိုတဲ့စိတ်တောင် ရှိနေခဲ့တာ "

" မင်းအကြောင်းငါစိတ်မဝင်စားတာမလို့ မင်းဘယ်လိုလုပ်လုပ် ငါရင်ခုန်မှာမဟုတ်ဘူး ငါက မင်းတို့လို ဆယ်ကျော်သက်အရွယ်လည်းမဟုတ်လို့ အဲအတွက် ဘာမှထူးထူးခြားခြားခံစားနေရမှာမဟုတ်ဘူး မင်းရည်ရွယ်ရွယ် မရည်ရွယ်ရွယ် ငါ့ခေါင်းထဲမှာ မင်းမရှိဘူး "

" ဦးက ကျွန်တော့်ကိုဘယ်လိုထိုးနှက်ရမလဲကောင်းကောင်းသိနေတာပဲ "

" ဘာပြောတယ် "

သူကသက်ပြင်းချရင်း တစ်ကိုယ်တည်းရေရွတ်သလိုပြောနေတော့ သူသဲသဲကွဲကွဲမကြားရ၍ ထပ်မေးလိုက်သည်။

" ဦးဘယ်လိုမှမနေဘူးဆို ထပ်နမ်းရအောင်လို့ "

" ဘာပြောတယ် ဂျွန်ဂျောင်ဂု!! "

" ဘာလို့စိတ်တိုတာလဲ ဦးပဲဘယ်လိုမှမနေဘူးဆို အဲဒါဆို ကျွန်တော်ထပ်နမ်းလို့ရမလားလို့ "

" ထွက်သွား ဂျွန်ဂျောင်ဂု ငါထပ်ပြောမယ် ငါမင်းနဲ့ကစားဖို့အချိန်မရှိဘူး မင်းငါ့ကို ရူးကြောင်ကြောင်တွေ လာလုပ်မနေနဲ့ ငါ့အခန်းထဲကိုလည်း အကြောင်းမရှိအကြောင်းရှာ ထပ်မလာခဲ့နဲ့ လိုအပ်တယ်ဆိုရင်တောင် မင်းသယ်မလာခဲ့နဲ့... သွားလို့ရပြီ "

" ဦးကပိုကလေးဆန်နေတာ ဘာပဲဖြစ်ဖြစ်ဦးကပြောတော့လည်း နားထောင်လိုက်ပါ့မယ် ခဏနေထမင်းစားချိန်ကျရင် တွေ့မယ် "

ဆော့ဂျင်ခေါင်းခါယမ်းလိုက်သည်။ နေ့လယ်တွင် သူချိန်းထားတာရှိသည်။ သို့သော် တကူးတကပြောနေစရာအကြောင်းတော့မရှိ။

...............................

" ဦး "

ဂျောင်ဂုဦးကို နေ့လယ်စာစားဖို့ လာခေါ်တော့ ဦးကရှိမနေ။ ထို့ကြောင့် အပြင်ပြန်ထွက်ပြီး အတွင်းရေးမှူးမမတွေကို မေးကြည့်တော့ ဦးကချိန်းထားတာရှိ၍ အပြင်ထွက်သွားသည်တဲ့။သူ့ကိုလည်းဘာမှမပြောဘဲနဲ့။ သူဦးကိုမတွေ့ရတော့ မကျေမနပ်အခန်းထဲက ပြန်ထွက်လာခဲ့သည်။

" ဟေး မောင်လေး "

" အာ မမဂျယ်အီးပဲ ဘယ်သွားမလို့လဲ "

" နေ့လယ်စာစားဖို့ ရုံးနားကဆိုင်မှာ ချိန်းထားကြတာမကနောက်ကျနေတာ မောင်လေးရော ဘယ်လဲ စားပြီးပြီလား "

" စားမလို့ဘဲ စားမလို့ကိုမှ.. "

ဂျောင်ဂု စီအီးအိုရုံးခန်းရှိမည့်နေရာကို ကြည့်မိကြည့်ရာကြည့်ရင်း သက်ပြင်းမသိမသာချလိုက်သည်။

" မစားရသေးဘူးမလား ဒါဆိုလာလေ မင်းကိုကိုလည်းရှိတယ် မင်းကငါတို့ကိုစိမ်းကားတယ်နော် လာတောင်မလာဘူး ငါတို့ဘက်ကို "

" မဟုတ်တာ.. အားမှမအားတာ "

" အမယ် ပြောစမ်းပါအုံး ဘာတွေမအားဖြစ်နေတာလဲ မင်းလိုအလုပ်သင်လေးက ဘာတွေများမအားရလောက်အောင်ထိ လုပ်နေရတာလဲ ‌ယုံအောင်လည်း ရွှီးစမ်းပါအုံးဂျောင်ဂုဂီရဲ့ "

" မမတို့မသိလို့ပါဗျာ အလုပ်တွေမလည်ဘူး စီအီးအိုအမြင်ကြည်အောင် လုပ်နေရတာဗျ မမတို့စီအီးအိုက အားချည်းဆိုးပဲ "

" ဟဟ ဟုတ်ပါပြီ မတို့ကဘာမှမဖြစ်ပေမဲ့ မင်းကိုကိုကတော့ အမြဲမျှော်နေတာမင်းကို မင်းတို့အဆင့်ထက်မတက်ကြဘူးလား အဆင်ပြေနေတာကို "

" ကိုကိုကကျွန်တော့်ကိုမျှော်နေတယ်ပေါ့ တကယ်လား "

" မယုံရင် အခုမင်းပါလာရင် သူ့ကိုကြည့်လိုက်ပေါ့ "

" ဟုတ်ကဲ့ပါ "

သူတစ်ယောက် ကင်မ်ဆော့ဂျင်နဲ့တင် ဗျာများနေရတာနဲ့ အစ်ကိုဆိုဟွန်းတို့ဘက်လည်း မရောက်ဖြစ်။ သူ့အလုပ်များတယ်ဆိုတာ ဦးအခန်းကို ချောင်းပေါက်မတတ်သွားနေရတာပင်။ စီနီယာအစ်ကိုတွေ သွားအပ်မဲ့ စာရင်းမှန်သမျှ သူယူယူလာပြီး ဦးဆီပို့နေသည်။ထို့ကြောင့် ဌာနကသူတွေကတောင် စီအီးအိုဆီပို့မယ်ဆိုရင် သူ့ကိုပဲခိုင်းတော့သည်။

" ဟေး ဘယ်သူပါလာလဲ ကြည့်ကြပါအုံး "

" အိုး.. ဒါဟိုမောင်လေးမလား ဟိုတစ်ခေါက်ကလပ်... "

" မင်္ဂလာပါ အစ်ကိုတို့အစ်မတို့ "

ရုံးကအစ်ကိုတွေ အစ်မတွေက ဟိုတစ်ခါကလပ်တွင်ပါလာတဲ့သူတွေသာဖြစ်လို့ သူ့ကိုရင်းနှီးနေကြပြီးသား။သူနဲ့တစ်ရုံးတည်းပင်ပေမဲ့ ဒီရက်ပိုင်းသူက အဲဘက်လည်းမရောက်ဖြစ်တော့ အကုန်မစုံဖြစ်တာဖြစ်မည်။ ထိုမမတွေက တစ်ယောက်ပြီးတစ်ယောက်သူ့ကို အသေအချာပင် မိတ်ဆက်နေကြသည်။

" အစ်ကို "

" မင်းကပေါ်လာသေးတယ်နော် ငါ့ကိုရော သတိရသေးလို့လား "

" စိတ်ကောက်နေတာလားအစ်ကိုက "

" ကောက်စရာလား မင်းနဲ့ငါက ဘာမှကိုမဆိုင်တာနော်အနေသာကြီး "

" ဟက်ဟက် ဟုတ်ပါပြီ အစ်ကိုကစိတ်မကောက်တတ်ဘူး "

" မင်းကရွဲ့တာလား အခုကရော ဘာလာလုပ်တာလဲ "

" အစ်မဂျယ်အီးပြောလို့လေ တစ်ယောက်ယောက်က  ကျွန်တော့်ကိုတွေ့ချင်နေတယ်ပြောလို့တဲ့ "

" ဘယ်သူလဲ ငါတော့မဟုတ်တာ သေချာတယ် မင်းကိုဘယ်သူမှမတွေ့ချင်ဘူး "

" ဟုတ်ပါပြီဗျာ စိတ်ကောက်မနေပါနဲ့တော့ ဘာစားမလဲ ကျွန်တော်ဝယ်ကျွေးပါ့မယ် အားလုံးကို "

" ရှူးဂါးဘေဘီလေးမလို့ အားမနာတော့ဘူးနော် မောင်လေးရေ "

" ဟုတ်အစ်မတို့ အရင်ကအစ်မပြောတယ်လေ အစ်မတို့ကို ဘာမှလိုက်မကျွေးလို့ဆို အခုကျွေးပါ့မယ် ဒီထက်ကောင်းတာကျွေးချင်ပေမဲ့ အခုတော့ဒီမှာပဲစားလိုက်ရအောင် အစ်ကိုရော ဘာစားမလဲကျွန်တော့်ကိုစားမလား "

" မင်းနော် ပြောင်စပ်စပ်မလုပ်နဲ့ မင်းကိုသိပ်ကြည်သေးတာမဟုတ်ဘူး "

" အစ်ကိုကလည်း.. "

" အချစ်ငှက်တွေ နောက်မှတစ်တီတူးကြ အခုတော့ ဗိုက်ဖြည့်ကြအုံး ရုံးချိန်နောက်ကျနေမှ မန်နေဂျာချူပ်ကြီး အော်လိမ့်မယ် လကုန်ခါနီးလည်းဖြစ်တော့ အရမ်းကိုမှ ကြပ်နေတာ "

" ဟုတ် မတို့လည်း များများစားကြ "

‌သူအသားတွေကင်ပေးရင်း တစ်ယောက်ချင်းစီအတွက် ဝေမျှပေးလိုက်သည်။

" လကုန်ရက်မင်းဘာလုပ်ဖို့ရှိလဲ "

" ဟမ်း...မပြောတတ်ဘူး ဘာလို့လဲ "

" ငါတို့အကုန် ဆုံနေကြကလပ်သွားဖို့ရှိတယ်လေ မင်းရောလိုက်မလားလို့ မင်းသူငယ်ချင်းကိုရော ခေါ်ခဲ့လေ "

" ကျွန်တော်မသိသေးဘူး အားတော့အားမယ်ထင်တယ် "

" ဘာလဲ မင်းသွားနေကြမဟုတ်ဘူးလား အခုငါနဲ့မတွေ့တာ အသစ်တွေ့နေလို့မဟုတ်ဘူးလား "

" မဟုတ်ပါဘူးအစ်ကိုရဲ့ ကျွန်တော်မှာဘာအသစ်မှ မရှိသေးပါဘူး တစ်ယောက်တည်းနဲ့တင် ပတ်ရှုပ်နေတာ ဟဲဟဲ "

အဘိုကြီးကင်မ်ဆော့ဂျင်တစ်ယောက်တည်းနဲ့တင် သူ့မှာအသက်ရှူမချောင်။ အခုလည်း သူကတော့ဘယ်ဆီပျောက်သွားလဲမသိ။ သူပဲ အမျိုးမျိုးလှည့်စားနေတာ။ပြန်လာမှ ဝက်အူရစ်သလို ရစ်ပေးလိုက်အုံးမယ်။

" အား...ဗိုက်လေးနေရော ‌အလုပ်ထဲထိုင်လိုက်တာနဲ့ အိပ်ငိုက်တော့မယ်ထင်တယ် ဒီနေ့အတွက် ဒကာကြီးမောင်လေး ကျေးဇူးအထူးပါလို့ "

" ကောင်းကောင်းစားလိုက်ရပါတယ် ဒါဆို ငါတို့အရင်သွားနှင့်ရမလား "

" ဟုတ် ကောင်းကောင်းသွားကြပါ နောက်ကျရင်ဒီထက်ဆိုင်ကောင်းကောင်းမှာ လိုက်ကျွေးပါ့မယ် မမတို့ "

" အိုခေ မင်းကိုကိုနဲ့အတူ လာခဲ့ကြ သွားပြီ "

" ဟုတ် ဘိုင့်ဘိုင့် "

" မင်းက အကုန်လုံးအပေါ် အဲလိုပဲကိုး "

" ဘာကို.. "

ရုတ်တရက်သွားနေရာကရပ်ပြီး အစ်ကိုက ထပြောတော့သူထပ်မေးလိုက်သည်။ ဘာကိုဆိုလိုချင်လည်း သူမသိ။ အစ်ကိုဆိုဟွန်းက ခုနကနဲ့မတူစွာ သူ့ကိုခပ်ရေးရေးကြည့်နေသည်။

" မင်းက လူတိုင်းအပေါ် အဲလိုချိုသာတာကို ငါအစကမသိဘူး ငါ့တစ်ယောက်ပဲမဟုတ်ရင်တောင် မင်းနဲ့တွဲ‌တဲ့ပါတနာအပေါ်ပဲ ကောင်းကောင်းဆက်ဆံပေးတယ်ထင်နေတာ အခုမှသဘောပေါက်မိတယ် မင်းက လူတိုင်းအပေါ် အဲလိုပဲဆက်ဆံတာပဲ "

" အစ်ကိုဘာကိုပြောချင်တာလဲ ကျွန်တော်အစ်ကို့အပေါ် မကောင်းလို့လား "

" ဟင့်အင်း မင်းက အားလုံးအပေါ်ကောင်းနေတာ မင်းက ဘယ်သူဘယ်သူ့ကိုမှ ထူးထူးခြားခြားပိုပိုသာသာ မဆက်ဆံဘူး ငါက အစက အထင်မှားနေသေးတာ မင်းကငါ့အပေါ်အရမ်းကောင်းတော့ မင်းလည်း ငါ့ကိုကြိုက်နေမယ်ထင်နေတာ ဒါပေမဲ့မင်းကအကုန်လုံးအပေါ် အဲလိုပဲဆက်ဆံမှန်း မသိခဲ့ဘူး တော်သေးတယ် ငါအများကြီး အတွေးမလွန်သေးလို့ "

အစ်ကိုသူ့ကိုကြိုက်နေလိမ့်မယ်ဆိုတာ သူသိပြီးသားပင်။ဘာလို့ဆို သူတော်တော်များများ ကြုံဖူးခဲ့လို့ပဲ။ သူကအတည်မတွဲနိုင်ပေမဲ့ တွဲနေတဲ့အချိန်တွင်းတော့ လိုသည်ထက်ပိုကောင်းပြီး ဂရုစိုက်ပေးသည်။တော်တော်များများကလည်း အစ်ကိုဆိုဟွန်းလိုပင် အထင်မှားခဲ့ကြသည်။ တွဲနေတဲ့အချိန်အတွင်း ပိုက်ဆံကအစ သူက နှမြောတွန့်တိုခြင်း မရှိပေ။ အတည်မတွဲတဲ့သူကို ဘာလို့ချစ်သလို ဂရုစိုက်ပေးနေလဲ ဆိုတာကတော့ သူ့ဖြစ်တည်လာမှုနဲ့ဆိုင်လိမ့်မည်။ သူ့ကိုငယ်ငယ်တည်းက ထိန်းကျောင်းလာတဲ့ ဘွားနဲ့မေမေလေးကြောင့်ပင်။ မေမေလေးနဲ့ဘွားက သူ့ကို ကိုယ်ချစ်တဲ့သူတွေအပေါ် ဂရုစိုက်ပေးဖို့ တာဝန်ယူမှုရှိဖို့ အမြဲဆုံးမသည်။ သူကရိုးလွယ်တဲ့သူမလို့ အတည်တကျတွဲခဲ့ခြင်းမရှိပေမဲ့ တွဲခဲ့သမျှကို တစ်ဖက်သားဘက်က နစ်နာလေအောင် လုပ်ခဲ့တာမျိုး မရှိသေး။ နှစ်ဦးသဘောတူတွဲတယ် အိပ်တယ် ချစ်သူရည်းစားတစ်ယောက်လို ဂရုစိုက်ပေးတယ် အချိန်တစ်ခုကြာသွားရင် ကြည်ကြည်ဖြူဖြူ လမ်းခွဲလိုက်တယ်။ အစ်ကိုဆိုဟွန်းလို့ သူသဘောကျနေမယ်ထင်တဲ့သူတွေနဲ့တော့ သူအများအပြားကြုံခဲ့ရသည်။ နောက်ဆုံးတွင်လည်း အဲဒါက ပြဿနာတစ်ခုတော့မဟုတ်။ အခုထိ သူ့ပါတနာဟောင်းတွေနဲ့သူဟာ ဆက်ဆံရေးကောင်းမှာ ရှိနေသေးသည်။

" သွားရအောင်လေ ငါလည်းမင်းအပေါ် အရမ်းကြီးမကြိုက်မိသေးလို့ တော်သေးတာပေါ့ ဒါနဲ့မင်းအခုထိပါတနာအသစ်မရှိသေးဘူးဆိုတာ တကယ်လား "

" အင်း တကယ် မရှိသေးဘူး "

" ကြိုက်နေတဲ့သူရော.. "

" ကြိုက်နေတဲ့သူတော့.. အင်း.. "

" ဘယ်သူပါလိမ့် ဘေးကသူက "

ဂျောင်ဂု သူအမှန်အတိုင်းဝန်ခံရမလား စဉ်းစားမိသည်။သူစိတ်ဝင်စားနေတဲ့သူက ကင်မ်ဆော့ဂျင်ပါလို့ တိုက်ရိုက်မပြောပေမံ့ အရိပ်အမြွက်လောက်တော့ ပြောပြရမလားပေါ့။ ဒါပေမဲ့ အစ်ကို့အာရုံက တခြားရောက်နေတော့ သူလည်းလိုက်ကြည့်လိုက်သည်။

ကင်မ်ဆော့ဂျင်ကင်မ်ဆော့ဂျင်နဲ့ ဘေးကဘယ်သူပါလိမ့်..

" ဘယ်သူလဲ အဲဒီသူက! "

" ကြည့်ရတာ ဂျန်ဂျယ်ယောင်း? တူသလိုနဲ့ မမှတ်မိဘူးဖြစ်နေတာ "

" ဘယ်သူလဲ ဂျန်ဂျယ်ယောင်းက.. "

" သူငယ်ချင်းတွေလေ စီအီးအိုရဲ့ အရင်းနှီးဆုံးသူငယ်ချင်းလို့တောင် ပြောလို့ရတယ် စီးပွားဖက်မဟုတ်ဘဲနဲ့ ရိုးရိုးသူငယ်ချင်းလေ "

" ရှိသေးတာလား အဲလိုမျိုး!... ငါကဘာလို့မသိရတာလဲ "

သူအဝေးကကြည့်တာတောင် သူတို့က အရမ်းပျော်နေတဲ့ပုံပေါက်နေတယ်။ ကင်မ်ဆော့ဂျင် သူ့ကိုဆိုရင်တော့ သူ့ကိုအမြဲနှိပ်စက်နေတဲ့ ပထွေးလိုပင် ခါးခါးသီးသီးနဲ့။ ဒီမှာကြတော့ မျက်လုံးတွေတောင်မှိတ်တဲ့အထိ သူကရယ်နေသည်။ဘယ်သူလဲ အဲဘိုးတော်က...

" သွားရအောင် ငါတို့လည်း.. "

" အစ်ကိုသိလား အဲဒီကောင်ကို.. "

သူကြမ်းကြမ်းတမ်းတမ်းသုံးမိတော့ အစ်ကိုက သူ့ကို အံ့အားသင့်သလို ကြည့်လာသည်။မတတ်နိုင်ဘူး အခုသူအကုန်လုံးကို ချဉ်နေပြီ။အပြုအမူတွေကို မထိန်းနိုင်သေးဘူး။

" သိလားလို့ "

" အော် အင်း... သိတယ် ဂျန်ဂျယ်ယောင်းဆို သိတယ် သူလည်းအရင်က ဒီမှာလုပ်သွားတာပဲ စီအီးအိုနဲ့သူငယ်ချင်းလေ အဲတုန်းကတော့ စီအီးအိုဘယ်ဖြစ်သေးမလဲမန်နေဂျင်း .. ဒါပေမဲ့ နိုင်ငံခြားသွားလိုက်တဲ့နောက်ပိုင်း သတင်းမကြားတော့ဘူး အခုပထမဆုံး မြင်လိုက်တာပဲ ဘယ်တုန်းကရောက်လာလဲမသိဘူး ဒီမှာပဲ ပြန်အလုပ်ဝင်မှာများလား.. "

" ဂျန် ဂျယ် ယောင်း သူ ငယ် ချင်း.. "

မိတ်ဆွေတောင်မဟုတ်ဘဲနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတဲ့လား...

ဂျောင်ဂု အစ်ကိုဆိုဟွန်းနဲ့လမ်းခွဲခဲ့ပြီး စီအီးအိုအခန်းဘက် ထွက်လာခဲ့သည်။ ဘယ်ကဘိုးတော်ကလေကဝက ပေါ်လာရပြန်တာတုန်း.. သူတို့ဘယ်အတိုင်းအတာထိ ရင်းနှီးနေကြပြီးပြီလဲ...

" စီအီးအိုပြန်ရောက်ပြီလား မမတို့ "

‌သူအတွင်းရေးမှူးမမတွေကို မေးလိုက်တော့ စီအီးအိုပြန်ရောက်နေပြီနဲ့ အထဲမှာဧည့်သည်ရှိကြောင်း ပြောသည်။ သူ့လည်းအထဲဝင်လို့ မရသေးတာနဲ့ အတွင်းရေးမှူးမမတွေနဲ့ စကားရပ်ပြောနေလိုက်သည်။ စီအီးအိုနဲ့ အထဲကဧည့်သည်အကြောင်းပေါ့။ ထိုမမတွေအပြောကလည်း အစ်ကိုဆိုဟွန်းနဲ့ တစ်ထပ်တည်းပင် ထပ်တူကျသည်။ဒါဆို သူတို့ဘယ်လောက်အတိုင်းအတာအထိ ရင်းနှီးနေကြပြီးပြီလဲကွာ။ ဘယ်လိုသူငယ်ချင်းမျိုးလဲ အထဲမှာနှစ်ယောက်တည်း ဘာတွေပြောနေကြမှာလဲ။အရမ်းကြာနေပြီမဟုတ်ဘူးလား....

" မမ ညနေပိုင်း စီအီးအိုအတွက် အရေးကြီးအချိန်စာရင်းဘာညာမရှိဘူးလား အထဲကသူက ကြာနေပြီ "

" အခုလည်း အရေးကြီးတဲ့အထဲ ထည့်ထားတာပဲ မောင်လေးရဲ့ "

" သူတို့ဘာလုပ်နေကြတာလဲအဲဒါဆို အလုပ်ကိစ္စလား "

" မပြောတတ်ဘူးလေ မတွေ့တာကြာတဲ့သူငယ်ချင်းဆိုတော့ အလုပ်အကြောင်းချည်းတော့ ဘယ်ပြောကြမလဲ "

ဟူး...ရင်ပူလိုက်တာနော်။ ဇွတ်ဝင်သွားလိုက်ရမကောင်း။အရေးကြီးတဲ့အလုပ် အဲဒါကဘာမလို့လဲ။ သူသည်းမခံနိုင်တော့ဘဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး အထဲဝင်ဖို့ ဆုံးဖြတ်လိုက်ကာ ထရပ်လိုက်သည်။ ထိုအချိန် အခန်းတံခါးကလည်း ဖွင့်လာခဲ့သည်။ ထိုဘိုးတော်အပြင် ဦးပါ အခန်းပြင်ထိ  ထွက်လာသည်။ သူဦးကို စူးစိုက်ကြည့်ပေးလိုက်သည်။ဦးက သူ့ကို တစ်ချက်သာကြည့်ပြီး ပြန်လှည့်သွားသည်။

" ညနေ မင်းပဲလာခဲ့တော့နော် ငါကားမရှိသေးဘူး "

" အင်း အခုရော ဘယ်ကိုပြန်မှာလဲ လိုက်ပို့ရအုံးမှာလားဒါမှမဟုတ် ငါ့ကားယူသွားလေ "

" မင်းကလေးကျောင်းကြိုရအုံးမှာလေကွာ မယူတော့ဘူး ငါဟိုတယ်ကပဲ စီစဉ်ခိုင်းထားပြီ ပြီးမှ မင်းနဲ့အတူ ကားသွားကြည့်မလားလို့ "

" ကောင်းသားပဲ ဒါဆို ညနေတွေ့မယ်နော် "

" ဦး "

ပြန်မဲ့ဟာကို မပြီးနိုင်မစီးနိုင် အလွမ်းသယ်နေကြတော့ အမြင်ကပ်လာပြီ။ ပြန်ခါနီးနှုတ်ဆက်နေတာကလည်း အကြာကြီး ပခုံးကိုလည်း ဖက်ထားသေးသည်မလို့ သူဖြတ်ခေါ်လိုက်သည်။ ထိုအခါ နှစ်ယောက်စလုံးက သူ့ဘက်တစ်ချက်ကြည့်လာပြီးတော့မှ စကားစပြတ်ကာ ထိုဘိုးတော်လည်း ပြန်သွားသည်။

" ဦး "

သူ့ဘိုးတော်ပြန်သွားပြီးတာတောင် သူ့ကိုတစ်ချက်မကြည့်ဘဲ အခန်းထဲပြန်ဝင်တော့မလိုလုပ်နေတဲ့ဦးကို သူစိတ်မရှည်သလို ဆောင့်အောင့်ပြီး ခေါ်လိုက်သည်။ထိုအခါမှ ဦးက သူ့ကိုအခုမှမြင်သလို ပြန်လှည့်ကြည့်သည်။

" ဘာလုပ်နေတာလဲမင်းက မင်းအလုပ်ကဘယ်တုန်းက ငါ့အတွင်းရေးမှူးဖြစ်သွားတာလဲ "

" ဘယ်နားမှာဦးအတွင်းရေးမှူးလဲ.. ဦးကိုစောင့်နေရတာနဲ့ အဲမှာထိုင်နေတာ ခုနကဘိုးတော်ကဘယ်သူလဲ ဘာလုပ်တာလဲ ဘယ်ကလဲ အကုန်ပြောပြ "

ဂျောင်ဂု ဦးနဲ့အတူ အခန်းထဲလိုက်ဝင်လိုက်ပြီးအထဲရောက်တာနဲ့ ဦးရှေ့ကာပြီး မေးလိုက်သည်။မနာလိုလိုက်တာနော် ဦးက သူ့ထက် အရပ်ရှည်နေတာပဲ။တော်သေးတယ် အရပ်လေးပဲ မဆိုသလောက်ရှည်ပြီး ကျန်တာ သူကအကုန်သာနေလို့...

" ဘာဖြစ်နေတာလဲ မျက်နှာက..ဒါနဲ့ မင်းအလုပ်မရှိဘူးလား ဘာလုပ်ဖို့ငါ့ဆီလာတာလဲအခုက "

ဦးက မချိုမချဉ်ဖြစ်နေတဲ့သူ့ကို ရှောင်ခွင်းကာအလုပ်စားပွဲဘက် လျှောက်သွားသည်။ ပြီးတော့ ဘာမှဆက်မပြောတော့ဘဲ အလုပ်ထိုင်လုပ်နေသည်။ ဂရုမစိုက်ဘူးပေါ့.. ဖြေရှင်းချက်လည်း မပေးဘူးပေါ့ ....

" စီအီးအိုဖြစ်နေပြီး  အဲလိုလျှောက်သွားလို့ရတယ်ပေါ့ အလုပ်ချိန်အတွင်း လျှောက်လည်ရဲတယ်ပေါ့ အထက်လူကြီးတစ်ယောက်က ဒါမျိုးလုပ်ပြလိုက်ရင်  နောက်ကအငယ်သားတွေ လိုက်လုပ်ကုန်မှာပေါ့ လူကြီးတစ်ယောက်အနေနဲ့ ထိန်းသင့်တယ်မဟုတ်ဘူးလား "

" ဦး... "

" ဦးလို့... "

" ဘာလဲကွာ မင်းအခုထိမသွားသေးဘူးလား "

" ဘယ်ကပြန်လာတာလဲဆို ဖြေမှမဖြေတာ "

" ‌မင်းသိတော့ရော ဘာလုပ်မှာမလို့လဲ ဘာကိစ္စငါ့အလုပ်ကို လိုက်စိတ်ဝင်စားနေတာလဲ "

" အလုပ်ကိစ္စဆို စိတ်ဝင်စားမလား ဦးတို့အလုပ်ကိစ္စမဟုတ်ဘူးဆိုတာ သိထားတယ် ပြော ဘယ်ကပြန်ပြီး ဘာတွေပြောနေကြတာလဲ "

" ဘာလို့မင်းကိုပြောပြရမှာလဲ "

" ဦးရဲ့ယောကျာ်းမလို့.. "

" ဂျွန်ဂျောင်ဂု မင်းသွားမလား ငါဆွဲထုတ်ရမလား "

ဦးကဒေါသထွက်ပြီး သူ့ကိုအော်ကာ မောင်းထုတ်သည်။သူနှုတ်ခမ်းစူပြီး ပေကပ်ကပ်နဲ့ ဦးစားပွဲနား ရပ်နေသေးသည်။ သူဒါလေးမေးတာကို မဖြေနိုင်ရအောင်က ဘာတွေလုပ်ထားကြလို့လဲ ဟွင့်။ အဖြေမရမချင်းတစ်ဖဝါးမှ မရွေ့ဘူး။

......

သူကသာခေါင်းမာပြီး ရပ်နေမိတာ ဦးကသူ့ထက်ပင် ပိုအသည်းမာသေးသည်။ သူ့ကိုတစ်ချက်ပင် ပြန်မမော့ကြည့်။ သူ့ခြေထောက်တွေတောင့်ခဲနေပြီ ဦးရက်စက်တယ် 😭😭😭

ဆော့ဂျင်ခဏလွှတ်ထားလိုက်ပေမဲ့ သူအလုပ်ထဲဈာန်ဝင်သွားပြီး မည်မျှကြာသွားသည်မသိ။ သူမော့ကြည့်တော့ ထိုကောင်လေးက ရပ်နေသေးသည်။နေပါအုံး သူကဘာကိစ္စ ရပ်နေသေးတာလဲ။ ဆော့ဂျင်သူ့ကိုမျက်မှောင်ကုတ်ပြီး ကြည့်လိုက်သည်။

" ဘာလုပ်နေသေးတာလဲမင်းက "

ထိုကောင်လေးက မျက်နှာလေးငယ်ငယ်နဲ့ ပြန်မဖြေ။ထပ်အော်လိုက်ရင်ပဲ ပြိုတော့မဲ့မိုးလို ငိုချတော့မည်။ သူထိုသူထိုနေရာမှထပြီး ဂျောင်ဂုအနားသွားလိုက်သည်။

" မင်းဘာလို့ဒီမှာရပ်နေတာလဲလို့ ဘာလိုချင်လို့လဲ "

" အီးဟီး ဦး..😭😭 "

သူတစ်ချက်ပဲ တွန်းမေးလိုက်ပေမယ့် ကောင်လေးက အော်ငိုလာပြီး သူ့ထံပြိုကျလာသည်။ သူယိုင်လာတဲ့ခန္ဓာကိုယ်ကို ထိန်းထားလိုက်ပြီး ဘာဖြစ်တာလဲ မေးလိုက်သည်။

" ဦးမှမေးတာမဖြေတာ ခြေထောက်တွေ ညောင်းလို့ သေတော့မယ် အီးဟီး "

" မင်းကဘာမေးတာလဲမှ မသိတာ မင်းကိုယ်ကြီးငါမနိုင်ဘူး ခဏထိုင်ရအောင် "

" ဦးက ဘယ်တော့မှ တစ်ဖက်သားကို ဂရုမစိုက်ဘူး ဦးကြောင့် ကျွန်တော့်နှလုံးသားလေး ဘယ်လောက်နာကျင်ရလဲ အခုတော့ ခြေထောက်ပါနာနေပြီ ဦးဘယ်လောက်ထိရက်စက်ချင်တာလဲ အူးဝါးးး နာလိုက်တာ "

ဆိုဖာပေါ်ရောက်တော့ ဂျောင်ဂုက သူ့ရင်ဘတ်ထဲမျက်နှာအပ်ပြီး ငိုပါတော့သည်။ တစ်ချက်တစ်ချက်လက်တွေက သူ့ကိုထုရိုက်နေတာ သူထိုလက်တွေကို  တားတောင်ယူရသည်။ နေပါအုံး သူကဘာလို့ ဒီလိုအလုပ်ခံနေရတာလဲ သူဘာမှားထားမှန်းတောင် မသိဘဲနဲ့လေ။ ဒီနေ့အတွက် သူ့ကိုအော်တောင် မအော်ရသေးဘူး။

" မင်းဘာလို့ဒီလောက်အော်‌ငိုနေရတာလဲ ခြေထောက်ကနာလို့လား ဘာလို့အဲမှာရပ်နေလဲ "

" ဦးကအပြစ်ပြန်တင်ရက်တယ်နော် ဦးကြောင့်လေ  အဲဒါ‌ဦးကြောင့်လို့... "

" ငါကဘာလုပ်လို့လဲ "

" ဦးကျွန်တော်မေးတာဖြေလိုက်ရင် ရနေပြီလေ ဦးဖြေလား အဲဒါဦးအလွန်မဟုတ်ဘူးလား ဘာလို့ ဒါလေးမေးတာတောင် လျစ်လျူရှုနိုင်ရတာလဲ ဦးက ကျွန်တော့်ကိုဆို အဲလိုပဲအမြဲ အင့် ဟင့် "

" မင်းညစ်ငိုမနေနဲ့.. ဖယ်တော့ ငါ့အင်္ကျီလည်း ညစ်ပတ်ကုန်ပြီ ငါ့ဟာငါအပြင်သွားတာ မင်းကဘာလို့တအားသိချင်နေရတာလဲ ငါ့ဟာငါ ငါ့သူငယ်ချင်းလာလို့ သူ့ကိုသွားကြိုပြီးပြန်ခဲ့တာလေ မင်းကဘာထဖြစ်နေတာလဲ မသိရင် မင်းကိုငါအနိုင်ကျင့်ထားတယ် ထင်နေတော့မယ် တိတ်တော့ ဘာမဟုတ်တာလေးနဲ့ ငိုနေတာ "

" ငိုမှာပဲ ဦးကအကျင့်ကိုမကောင်းဘူး အဲလိုဖြေလိုက်တော့ ပြီးရောဟာကို ခြေထောက်ညောင်းအောင် ရပ်ခိုင်းတယ် "

" မင်းကိုဘယ်သူမှမရပ်ခိုင်းဘူး ဖယ်တော့ ငါအလုပ်လုပ်တော့မယ် မင်းလည်းပြန်တော့ "

ဆော့ဂျင်သူ့ရင်ဘတ်ပေါ်ထိထားတဲ့ ခေါင်းကို တွန်းဖယ်လိုက်ပေမဲ့ သူကပြန်ပြန်ကပ်သည်။

" မပြန်‌ဘူး ညောင်းနေသေးတယ် တနေရာရာမှာ လဲကျသွားရင် ဘယ်လိုလုပ်မလဲ "

" ဒါဆိုလည်း ထိုင်နေလေ ငါတော့လုပ်စရာရှိသေးတယ် "

" ဦးက ဦးကြောင့်လည်းဖြစ်သေးတာကို ကိုယ်နဲ့မဆိုင်သလို ခေါင်းရှောင်ကျွမ်းတယ် ထိုင်အုံး မသွားနဲ့အုံး "

" ဘာဖြစ်ပြန်ပြီလဲ "

ဆော့ဂျင်ပါးစပ်ကသာ ငြူစူနေပေမဲ့ သူ့သဘောကျ ထိုင်ပြီးနှင့်နေပြီ။ ဒီကောင်လေးကို ဘာလို့အလိုလိုက်နေမိမှန်းလည်း သူမသိ။ သူ့ကိုစည်းကျော်ပြီး မေးနေတဲ့မေးခွန်းတွေကိုလည်း အလိုက်သင့်ဖြေနေမိသည်။ သူ့ဟာသူပေတေရပ်နေပြီး ရှိုးလုပ်ငိုပြနေလည်း ပြောပြစရာအကြောင်းမရှိတာကို သူကိုက သူစိတ်ကျေနပ်အောင် ဖြေပေးနေမိတာ။

သူပြန်ထိုင်လိုက်တော့ ထိုကောင်က ခုနကလိုမျက်နှာပေးမဟုတ်တော့။ သူစိတ်တိုတိုနဲ့ နဖူးပြင်ကို ဆတ်ခနဲရိုက်ပစ်သည်။

" မင်းငါ့ရှေ့မှာ မငိုလို့မရဘူးလား ခွေးကောင်ရဲ့ "

ထိုအခါတွင်တော့ သူ့နဖူးသူပွတ်ကာ ရယ်ကျဲကျဲလုပ်နေ‌သည်။ အမျိုးမျိုးတတ်နိုင်တဲ့ကောင်။

_________TBC

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories