ep2
16:43, 15 February 2024မနက်ရှစ်နာရီတွင် အွန်းလေးကိုကျောင်းပို့ဖို့ ပြင်ဆင်ပေးရပြီး သူပါ ရုံးသွားဖို့ တစ်ခါတည်းပြင်ဆင်ရသည်။ ကလေးတစ်ယောက်ကို ပြင်ဆင်ပေးရချိန်က လူကြီးတစ်ယောက်ထက် ပိုအချိန်ပေးရသည်။ သို့ပေမဲ့ အွန်းလေးက သူမှသူမလို့ သူကပင် မအားတဲ့ကြားက အကုန်လုပ်ပေးရသည်။အကုန်ပြင်ဆင်ပြီးတော့ သူတို့သားအဖနှစ်ယောက် အိမ်အောက်ဆင်းခဲ့ကြသည်။ မီးဖိုချောင်ထဲဝင်ခဲ့တော့ မနက်စာအသင့်ရှိနေပြီ။ မနက်စာကိုလည်း အွန်းလေးကိုသာ အဓိကထားကျွေးရသည်။ အွန်းလေးက သာမန်လူထက် အနည်းငယ်ဉာဏ်ရည်နိမ့်ပါးသူမလို့ အစစအရာရာ လိုက်သင်ပြပေးရသည်။ သို့ပေမဲ့ သူ့စကားတစ်ခွန်းဆိုတစ်ခွန်းတော့ နားဝင်သည်။တခြားသူတွေ ဖိအားပေးပြောရင်တော့ ခေါင်းတွေပူပြီးစူးစူးဝါးဝါးအော်ငိုကာ တက်သွားတတ်သည်။ ထို့ကြောင့် အွန်းလေးကို ပုံမှန်ထက် စိတ်ကို ပျော်စေအောင် အမြဲထားရသည်။
ဟက်...ကိုယ်ဝန်ဆောင်တုန်းက မဆင်ခြင်ခဲ့တဲ့အကျိုးတွေပေါ့ ဘာအပြစ်မှမရှိတဲ့ကလေးကို သွားထိသည်။ဘာမှမဆိုင်တဲ့သူကလည်း မိခင်ထက်ပင် ကဲသည်းပြီး ဂရုစိုက်နေမိသည်။ သံယောဇဉ်ပေါ့ .... အပြန်အလှန်အနေနဲ့ အွန်းလေးကလည်း သူမှသူဖြစ်နေသည်။
" ဟော အွန်းလေး ကျောင်းသွားတော့မယ်.. "
သူတို့မနက်စာစားပြီးထွက်ခဲ့တော့ ဧည့်ခန်းတွင် သူ့ဖွားဖွားနဲ့တွေ့သည်။ အွန်းလေးက ဂရုမစိုက်ဖြစ်နေတော့ သူကပင် အဖွားကိုပြန်နှုတ်ဆက်ဖို့ သင်ပြပေးလိုက်ရသည်။ သူပြောလိုက်ဆိုတော့လည်း အွန်းလေးက ပြောရှာသည်။
" သမက်ကင်မ်.. "
" ဟုတ်ကဲ့ "
အဒေါ်ချယ်ရင်းက ပြောစရာရှိနေဟန်တူသည်မလို့ အွန်းလေးလက်ကိုဆွဲရင်း ထိုင်ခုံတွင် ခဏဝင်ထိုင်လိုက်သည်။
" ပြောစရာရှိတာပြောပါ "
ပြောဖို့ခက်နေသလိုဖြစ်နေတော့ သူကပင် စကားလမ်းကြောင်း အရင်ပေးလိုက်သည်။
" သမက်ကင်မ်ကို အားနာလို့ပါ ငါတို့သမီးအပေါ် သစ္စာရှိပေးလို့ မိသားစုအပေါ်လည်း တာဝန်ကျေလွန်းလို့ တစ်ခါတလေ အားနာစိတ်ဝင်မိတယ် အခုလည်း.. "
" ပြောပါ "
" မင်းလုပ်ငန်းတွေ ဘယ်လိုရှိလဲမသိပေမဲ့ ဟူး... ငါတို့မိတ်ဆွေတချို့နဲ့ ရှယ်ယာစပ်တူလုပ်မလို့ မင်းနည်းနည်းပါးပါးလုပ်ပေးလို့ ရတယ်မလား မင်းတစ်ယောက်တည်းလည်း အိမ်ရဲ့တာဝန်ယူနေရတာမကြည့်ရက်ဘူးလေ အငယ်ကောင်ကိုလည်း မင်းနဲ့လုပ်ငန်းခွင်ဝင်ဖို့ သင်ယူဆိုတာကို ပြောရခက်နေတယ် သူအိမ်ပြန်မလာတာ သုံးရက်ရှိပြီပြောတယ် "
" ပိုက်ဆံအတွက် ကျွန်တော်လုပ်ပေးလိုက်ပါ့မယ် ဒါက အဒေါ်တို့ရဲ့လုပ်ငန်းပဲ ကျွန်တော့်ကို ဘာအားနာစရာများရှိလို့လဲ ဒါဆို ကျွန်တော်သွားတော့မယ် ကျောင်းပို့ရအုံးမှာမလို့.. "
" အေးကွယ် ဖြည်းဖြည်းသွားကြ အွန်းလေးတာ့တာ့ "
တစ်နေ့တစ်နေ့ အိမ်မှာဖြေရှင်းရဆုံးက ငွေကြေးပြဿနာပင်။ လုပ်ငန်းစုက တစ်စုတည်းရှိပေမဲ့ သုံးမဲ့သူကတော့ အကုန်လုံး၊ ရှာတဲ့သူကတော့ သူပေါ့။ မိန်းကလေးနှစ်ယောက်ကလည်း မိန်းကလေးတွေမလို့ တာဝန်ယူဖို့ငြင်းနေကြပေမဲ့ ယောကျာ်းလေးတစ်ယောက်ကလည်း အသုံးမကျ။ သူ့ဟာသူသာ အသုံးမကျတာ သူကြောင့်ဘဝပျက်သွားတဲ့မိန်းကလေးတွေကိုတော့ တာဝန်ယူပေးရတာ မနည်းတော့။ လုပ်ငန်းလုပ်ဖို့ကျ စိတ်မဝင်စားဘဲ ဟူး။
..............................
ဘေးကလူသား လှုပ်ရွလာတော့ သူပါနိုးသွားရပြီး ခုတင်ဘေးပတ်ပတ်လည်က သူ့ဖုန်းကို လိုက်စမ်းကြည့်သည်။ ဖုန်းမှန်ကအလင်းကြောင့် သူမျက်လုံးတွေ အတန်အသင့်ကျယ်သွားပြီး ထထိုင်လိုက်သည်။ရှစ်နာရီ။ သူ့မျက်လုံးတွေကို ပွတ်သပ်လိုက်ပြီး ဇက်တွေကို လိမ်ချိုးလိုက်သည်။ ညကအတော်ပင်ပန်းသွားပြီ။ သူ့လူကြီးကို အခန်းပတ်ပတ်လည် လိုက်ရှာတော့ ရေချိုးခန်းထဲရောက်နေသည်ထင်။ မနက်ခင်းမလို့ ပျင်းပျင်းရိရိနဲ့သာ အိပ်ရာကမထသေးဘဲ ဖုန်းကြည့်နေလိုက်သည်။ ဖုန်းတွေအများကြီးခေါ်ထားတာပဲ.. ထိုထဲမှာမှ သူ့ဖွားနံပါတ်ကို နှိပ်လိုက်ပြီး ပြန်ခေါ်လိုက်သည်။
ဖုန်းဝင်သံကို နားထောင်ရင်း စပီကာဖွင့်ကာ လက်သည်းခွံပေါ်က အနီအမည်းကြားအရောင် လက်သည်းတွေကို ကြည့်နေမိသည်။ လက်သည်းနီးတွေတောင် ပျက်တော့မည်ပဲ မဖြစ်သေးပါဘူး။
" ဂျွန်ဂျောင်ဂု... "
" ဖွားဖွား ဟဲဟဲ "
" ရယ်လည်းမပြနဲ့ ရောက်ရာအရပ်က ပြန်လာခဲ့ မင်းအလေလိုက်တာများနေပြီ ဟမ် "
" ဖွားကလည်းပြန်လာမှာပါ အခုကအိပ်ချင်နေသေးလို့ "
" ဟမ် မနေ့ကငါ့ဖုန်းတွေကို လျစ်လျှူရှုတာကရော.. "
" ဖုန်းကို ကားထဲမှာမေ့ထားလို့ပါဖွားရဲ့ အခုဖွားခေါ်ထားတာ တွေ့တွေ့ချင်းပဲ ပြန်ခေါ်တာကို.. "
" မလိုချင်ဘူး မင်းအကြောင်းရိုးနေပြီ ဒီနေ့အိမ်ပြန်လာတာ လိုချင်တယ် "
ထိုအချိန် ရေချိုးခန်းထဲက လူကြီးထွက်လာတာမြင်တော့ သူလက်ဆန့်တန်းကာ ခေါ်လိုက်သည်။ လူကြီးက ရေချိုးဝတ်လျော့တိလျော့ရဲဝတ်ပြီး ခေါင်းစိုစိုကို တဘက်တစ်ထည်နဲ့သုတ်ကာ သူ့ဆီလျှောက်လာသည်။ သူ့အစ်ကိုချောကို ပေါင်ပေါ်တင်လိုက်ပြီး ဖွားကိုပြန်ဖြေလိုက်သည်။
" ဟုတ်ပါပြီ ညနေပြန်လာပါ့မယ် "
" ဘာညနေလဲ အခုရော မင်းဘာလုပ်စရာရှိနေလို့လဲ ဂျွန်ဂျောင်ဂု မလိုချင်ဘူးနော် အခုလာ "
" အာ ဖွားကလည်း.. "
" ဖွားကလည်းမလဲဘူး မင်းပြန်မလာဘူးဆို ငါလူလွှတ်ပြီးလာခေါ်တော့မှာ အဲကျမှ မင်းဘယ်လိုဖြစ်မလဲသိတယ်မလား "
" လာမယ်ဗျာ အခုတော့ဒါပဲ ကျွန်တော်လုပ်စရာ အ့! "
သူထပ်မပြောတော့ဘဲ ဖုန်းချလိုက်တော့သည်။မဟုတ်ရင် သူ့ရဲ့မဖွယ်မရာအသံတွေ ဖွားကြားတော့မှာပဲ။ သူ့ပေါင်ပေါ်ကလူဆိုးလေးက မနက်ခင်းနိုးထနေတဲ့သူ့အကောင်ကို လာစွနေသည်။ မထိတထိသူ့အရာပေါ်ပြေးလွှားနေတဲ့ လက်ဖဝါးတွေကို ထောင်မတ်နေတဲ့သူ့အရာပေါ် အမိအရတင်ပေးလိုက်သည်။ ထိုအခါ သူ့ကိုစွရလို့ ကျေနပ်နေတဲ့အစ်ကိုချောက တခစ်ခစ်ရယ်သည်။ လူကြီးဆန်တယ်လို့ထင်ရပေမဲ့ တစ်ညသာဖြတ်သန်းပြီးနောက် ကလေးဆန်တဲ့အမူအရာတွေကို တွေ့လိုက်ရသည်။ပြီးတော့ သူ့ထက်ငါးနှစ်မျှသာကြီးသည်မလို့အစ်ကိုလို့သာ ခေါ်ဖြစ်လိုက်သည်။ ဒါမှမဟုတ် ကိုကိုပေါ့။
" ကိုကို ကျွန်တော်တို့ မနက်ခင်းလေ့ကျင့်ခန်း လုပ်ကြမလား "
" မလုပ်လို့ရောရပါ့မလား မင်းဟာလေးက "
" အဲဒါ ကိုကို့ကြောင့်လေ "
သူ့ပေါင်ပေါ်ကအစ်ကို့ကို အိပ်ရာပေါ်ပြန်ဆွဲချလိုက်ပြီး မွတ်မွတ်သိပ်သိပ် နမ်းရှိုက်လိုက်သည်။
" ခဏ ခဏလေး မင်းတစ်ခါပဲရမယ်နော် ငါအလုပ်သွားရအုံးမှာကို "
" ကျွန်တော်လိုက်ပို့မယ် "
................................
အစ်ကိုချောချောနဲ့ မနက်ခင်းလေ့ကျင့်ခန်းပြီးတော့ သူ့ကတိအတိုင်း အစ်ကို့ကို အလုပ်လိုက်ပို့သည်။အစ်ကိုက သူ့ဘက်ကလည်း အဆင်ပြေသည်မလို့ တစ်ညသာအဖြစ်မသုံးချင်။ ထို့ကြောင့် အသေအချာ မိတ်ဆက်ဖြစ်ကြသည်။ အစ်ကိုက ကုမ္မဏီတစ်ခုတွင် ရာထူးတစ်ခုအတည်တကျရှိကြောင်း ပြောပြသည်။သူကတော့ ကျောင်းနားထားသေးပြီး မိဘအလုပ်မှာ ဝင်လေ့လာနေကြောင်း ကြည့်ကောင်းအောင် လှိမ့်ပြောထားလိုက်သည်။ အသက်ကြီးပြီး ရင့်ကျက်တဲ့သူတွေကိုသာကြိုက်တဲ့သူ့အဖို့ နောကျေနေပြီမလို့ သူတို့ရှေ့တွင် ပေါ့ပျက်ပျက်နေပြလို့မရ။ ထိုလူကြီးတွေက တစ်ပုံစံတည်းပင်။ အလေးအနက်မရှိ၊ အလုပ်အကိုင်အတည်တကျမရှိသူတွေဆို အထင်မကြီးတတ်ကြ။ဟင်း... ဟိုလူကြီးကို သူသတိရသွားသည်။သူ့ကိုဆို အမြင်မကြည်သလို အမြဲမျက်မုန်းကျိုးပြနေတဲ့ ဂျူအွန်းယောက်ဖ။ ဘဲကြီးက သူ့ကိုယ်သူသာ ကိုယ်ရည်သွေးတတ်ပြီး တော်ရုံဘယ်သူ့ကိုမှ အထင်မကြီးတတ်။ ဟက် သူကျတော့ရော နွားလုပ်ပြီး သူများလှည်းကြိုးထမ်းနေတာ သူ့ကိုယ်သူအဟုတ်ထင်။
" ဂျောင်ဂုဂီမှားနေပြီထင်တယ် ရှင်းလုပ်ငန်းစုကို မသိလို့လား လမ်းမှားနေပြီ "
" ရှင်း..ရှင်း လား ကိုကိုကရှင်းလုပ်ငန်းစုကလား "
" အင်းလေ ဂျောင်ဂုဂီသိမယ်ထင်နေတာ "
" အာ.. ကျွန်တော်သိပြီ ကျွန်တော်သိသွားပြီ။ ရှင်းကိုသိပါတယ် ကျွန်တော်လိုက်ပို့မယ် အဲဒီအုပ်စုကသားက ကျွန်တော့်သူငယ်ချင်းပဲ ကိုကိုမှတ်မိလားမသိပေမဲ့ ကလပ်မှာထိုင်တုန်းက သူလည်းပါတယ်လေ "
" ဟုတ်လား အဲတစ်ယောက်လား.. အစ်ကိုမှတ်မိတယ် အဲဒါဆို အဲကောင်လေးက စီအီးအိုကင်မ်ရဲ့ယောက်ဖပေါ့ "
" အင်း ဟုတ်တယ် "
ဂျောင်ဂုကားကို ရှင်းလုပ်ငန်းစုသို့ ကျွမ်းကျွမ်းကျင်ကျင် မောင်းထွက်ခဲ့သည်။
" စီအီးအိုကင်မ်က တအားတော်တာ လုပ်ငန်းတစ်ခုလုံးကို ထောင့်စေ့အောင်ကို လုပ်နိုင်တာ တစ်ခုပဲ သူတို့အိမ်ထောင်ရေးက မကောင်းဘူးနော် စီအီးအိုမိန်းမက စီအီးအိုကို တစ်စက်မှပြန်မကြိုက်ဘူး လူတစ်ယောက်က အကုန်ပြည့်စုံတယ်မရှိဘူးဆိုတာ မှန်တယ်နော် စီအီးအိုက အကုန်ပြည့်စုံပါလျက်နဲ့ အိမ်ထောင်ရေးက မကောင်းဘူး "
" ဟင်း.. ပြည့်စုံတယ်တဲ့လား "
" အင်းပေါ့ စီအီးအိုကင်မ် စီအီးအိုမဖြစ်ခင် မန်နေဂျင်းဘဝတည်းက သူကအရမ်းတော်တယ် ဥက္ကဌဟောင်းကဆို သူ့ကိုအရမ်းသဘောကျတာ "
သူသိတာကတော့ အဲကတည်းက သူက သူ့ကိုအဖတ်မလုပ်တာဘဲ။ သူတို့တွေ့ဆုံမှုက နည်းပေမဲ့ တွေ့ဖူးခဲ့တဲ့အချိန်တိုင်းကို မှတ်မှတ်ရရတော့ရှိသည်။ပြောရမယ်ဆိုရင် ကင်မ်ဆော့ဂျင်က သူ့အကြိုက်ပုံစံပင် ဖြစ်သည်။ သူ့ကြောင့်လို့ပြောလို့ရတယ် သူအသက်ကြီးတဲ့တွေကြိုက်ရတဲ့ အကြောင်းအရင်းက။ ဒါဆို ဘာလို့ကင်မ်ဆော့ဂျင်ကို ရအောင်မကြိုးစားလည်းဆိုရင်တော့ ဒီအတိုင်းသူက သူ့အကြိုက်ပုံစံဖြစ်နေရုံပဲ။ အရမ်းကြီးတော့ စိတ်ထဲမရှိဘူး။ ဒါပေမဲ့ မြင်နေရင်လည်း မနေနိုင်ပြန်ဘူး။ သူသတိထားမိအောင်တွေ၊ သူ့အတန်းရှင်းတွေ ယူနေမိသည်။ ဘယ်လိုပြောရမလဲ နောကျေနေတဲ့သူ့အဖို့ကတော့ သူကိုယ်သူသိသည်။ခက်ခဲနေလို့ သူပိုလိုချင်နေတာ။ ဒါပေမဲ့ ထိုလူနဲ့ တစ်ညလောက်ဖြစ်ဖြစ်တော့ အိပ်ရအောင်ကြိုးစားကြည့်ပါအုံးမည်။
" ကဲ အစ်ကိုသွားမယ်နော် ဖုန်းဆက်လိုက်မယ် "
" နေအုံး "
" ဟင် "
သူဘာဆုံးဖြတ်ချက်မှမရှိသေးဘဲ ကားပေါ်က ဆင်းဖြစ်သွားသည်။
" လိုက်ပို့မယ် "
" အထဲထိ "
သူနှာခေါင်းကို ဖွဖွကုတ်ခြစ်ရင်း မစဉ်းစားဘဲ ပြောမိသွားသည်။ ဘာလို့လိုက်ချင်လဲ သူမသိ။အစ်ကိုက ကြောင်အ,နေပြီးမှ ပြုံးသွားကာသူနဲ့ယှဉ်လျှောက်လာသည်။ ကုမ္ပဏီထဲရောက်တော့ တောက်လျှောက်စကားများလာရင်း သူဘယ်မှာလုပ်ကြောင်း ပြောပြနေသည်။ သူ့မျက်စိတွေက ကစားနေရင်း အကုန်ပတ်ကြည့်နေမိသည်။ ဓာတ်လှေကားထဲရောက်တော့ အစ်ကိုက သူသွားရမဲ့အထပ်ကို သွက်သွက်ပင် နှိပ်လိုက်သည်။
" စီအီးအိုက ဘယ်အထပ်လဲ! "
ရုတ်တရက်သူမစဉ်းစားဘဲ မေးမိသွားပြန်သည်။ထိုအခါ အစ်ကိုက သူ့အားထပ်ကြည့်လာပြန်သည်။
" အာ..ကြုံတုန်း သွားတွေ့ရမလားလို့ပါ ဒါပေမဲ့လည်း.. တော်ပါပြီလေ "
ဘာရယ်မဟုတ် သူမသိချင်တော့ပြန်။ဓာတ်လှေကားထဲ တိတ်ဆိတ်သွားပြီး သူစိတ်ငြိမ်စေဖို့ စကားရှာလိုက်သည်။ဒါပေမဲ့ သူတို့သွားမဲ့အထပ်ကို ရောက်ဖို့မလိုတော့တာမလို့ ဘာမှထပ်မပြောတော့ဘဲ တံခါးမဖွင့်ခင် နှုတ်ဆက်အနမ်းကို နည်းနည်းရှည်ကြာကြာ ပေးလိုက်သည်။ဓာတ်လှေကားတံခါး ပွင့်သွားချိန်မှာတော့ အစ်ကိုက သူ့ကိုတွန်းလွှတ်သည်။
" မင်းအရမ်း-.. လူတွေရှိ- "
တံခါးအကုန်ပွင့်သွားတော့ ဓာတ်လှေကားစောင့်နေတဲ့လူ ခုနစ်ယောက်ထက်မနည်းကို မြင်လိုက်ရတော့ အစ်ကိုတစ်ယောက် ရှက်သွားကာ သူ့ကိုတွန်းလွှတ်ပြီး အပြင်ထွက်သွားသည်။သူ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်မည်ထင် သူတို့နှစ်ယောက်ကိုကြည့်ရင်း ပြုံးစိစိတွေဖြင့်။သူလိုက်မသွားတော့ဘဲ ဓာတ်လှေကားထဲကနေသာ လက်ပြပြီး ကျန်နေခဲ့သည်။ တစ်ညပဲနေရသေးပေမဲ့ သူတို့က ချစ်သူရည်းစားပုံ ပေါက်နေပြီမလား။ ရုံးကလူတွေက သူကအရင်ရှိနေတဲ့သူမလို့ သူ့ကိုကြည့်ပြီး သွားမည့်အထပ်ကို အရင်နှိပ်စေသည်။ သူနံပါတ်တွေဆီ လက်လှမ်းလိုက်ရင်း...
" အစ်မတို့ စီအီးအိုအထပ်က ဘယ်လောက်လဲ "
သူ့ရဲ့ ချိုသာတဲ့အပြုံးနဲ့မေးခွန်းကို ကြောင်စီသွားကြပြီး ချက်ချင်းဖြေမလာကြ။ သူထပ်ပြုံးလိုက်သည်။ ဒီအပြုံးကို ဘယ်သူကခံနိုင်မှာလဲ..
" သုံးဆယ့်ခြောက် မောင်လေး ... "
" ဟုတ် ကျေးဇူးဗျ "
သူကျေဇူးတင်တဲ့အနေနဲ့ ထပ်ပြုံးပြလိုက်ပြီး သုံးဆယ့်ခြောက်နံပါတ်ကို နှိပ်လိုက်သည်။ထို့နောက် နံရံကို တစောင်းမှီပြီး မျက်လုံးမှိတ်ထားလိုက်သည်။ဒီအစ်မတွေ သူ့ကိုကြည့်ပြီး တွတ်ထိုးနေကြတာ သူသိသည်။ သူလိုချင်တဲ့အထပ်ကို မြန်မြန်ပင်ရောက်သွားတော့ သူမတ်မတ်ပြန်ရပ်လိုက်ပြီး ထိုအထဲကထွက်ဖို့ ပြင်လိုက်သည်။ တံခါးပွင့်သွားတော့အရှေ့တွင် အပြာရောင်ဖိုင်တွဲကို ငုံ့ကြည့်နေတဲ့သူကြောင့် အပြင်ထွက်ရမဲ့ သူ့ခြေလှမ်းတွေ တန့်သွားသည်။
" စီအီးအို မင်္ဂလာပါ "
သူ့ဘေးနားကလူတွေက တညီတညွှတ်တည်း နှုတ်ဆက်ကြတော့ ထိုလူသားက မော့ကြည့်လာပြီး တစ်ချက်အသိအမှတ်ပြုကာ ဓာတ်လှေကားထဲ ဖြည်းဖြည်းချင်းလှမ်းလာသည်။ ထိုလူသားဝင်လာတော့ အထဲကလူတွေက ဘေးသို့နေရာချဲ့ပေးကြသည်။တံခါးပြန်ပိတ်သွားတဲ့အထိ သူအပြင်မထွက်လိုက်ရ။ထိုအခါ အထဲကသူတွေကတော့ သူ့ကိုကြည့်နေကြလျက်။သူခပ်တည်တည်ပင် ကင်မ်ဆော့ဂျင်နား တိုးကပ်ရပ်လိုက်သည်။
" စီအီးအို ဘယ်အထပ်ကို နှိပ်လိုက်ရမလဲ "
ဆော့ဂျင် ဖိုင်တွဲတွေကိုကြည့်နေရာမှ ခေါင်းမော့ကြည့်လိုက်သည်။ သူ့ဝန်ထမ်းတွေက သူသွားမည့်အထပ်ကို သူ့ကိုအရင် ရွေးချယ်စေလိုကြသည်။သူ့ဝန်ထမ်းလေးတွေက သူ့ကိုအရင်ဦးစားပေးနေပေမဲ့ သူကအခွင့်ထူးခံ မလိုချင်။ ထို့ကြောင့် သူတို့သွားလိုရာကိုသာ အရင်ရွေးချယ်စေခိုင်းလိုက်သည်။
" ကျွန်တော်လည်းအတူတူပဲ အစ်မတို့အရင်သွားကြပါ "
သူ့နားဘေးကထွက်လာတဲ့ ရင်းနှီးနေတဲ့အသံကြောင့် သူဘေးကသူကို ကြည့်လိုက်မိသည်။ ရှင်းဂျူအွန်းရဲ့ သူငယ်ချင်းကောင်လေးပဲ။ ထိုကောင်လေးက သူ့ကိုရင်းနှီးသလို ဖော်ဖော်ရွေရွေပြုံးပြနေတော့ သူတည်လျက်မျက်နှာကို ပိုတည်ထားလိုက်ပြီး တည့်တည့်ပြန်နေလိုက်သည်။မေးထူးခေါ်ပြောထက်တော့ ရင်းနှီးတဲ့ဆက်ဆံရေးပေမဲ့ သူပြုံးပင် မပြုံးပြလိုက်။ ပုံမှန်ဆိုရင် ရုံးကိုဘာလာလုပ်တာလဲ ဘာညာလောက်တော့ မေးရမည်ပင်။ သို့ပေမဲ့ သူအဲလို သာမန်ကာလျှံကာကို အရောဝင်ချင်စိတ် ရှိမနေ။ သူဖိုင်တွဲကို ဆက်ကြည့်နေတုန်း ထိုကောင်လေးက အနားပိုမိုကပ်လာတာသိတော့ သူအကြည့်တစ်ချက်ပေးလိုက်သည်။ ထိုအခါ သူက သူ့ကိုကြည့်နေတာမဟုတ်ဘဲ သူ့လက်ထဲက ဖိုင်တွဲဆီ အကြည့်ရောက်နေတာဖြစ်သည်။ သူဖိုင်တွဲကို ချက်ချင်းပိတ်လိုက်ပြီး လက်ကိုချလိုက်သည်။
ထိုအချိန် ဓာတ်လှေကားတံခါးပွင့်သွားတော့ လူတွေအလျှိုလျှိုထွက်ကုန်ပြီး သူတို့နှစ်ယောက်သာ ကျန်ခဲ့သည်။ သူဘေးကသူကို တစ်ချက်ကြည့်လိုက်ပြီးသူသွားမည်အထပ်ကို နှိပ်လိုက်သည်။ သူက သူ့ဝန်ထမ်းလည်းမဟုတ်တော့ မေးမနေတော့။ ပြီးနောက် နှစ်ယောက်အကွာအဝေးကို ချဲ့လိုက်ပြီး ခပ်ခွာခွာရပ်လိုက်သည်။ထိုကောင်လေးက ဆက်တိုက် သူ့မျက်နှာတကြည့်ကြည့်ဖြင့် စကားစချင်နေတာသိပေမဲ့ သူဖိုင်တွဲတွေတွင်သာ တစ်ဖန်အကြည့်ပို့ထားမိသည်။
" ဦး "
ဓာတ်လှေကားအတွင်း တိတ်ဆိတ်နေရာမှ ထွက်ပေါ်လာတဲ့ မသဲမကွဲအသံလေးကြောင့် သူမျက်လုံးလှန်ပြီးသာ အကြည့်ပေးလိုက်သည်။ ထိုကောင်လေးက တည့်တည့်မရပ်ဘဲ သူရှိတဲ့ဘက်ကို ခန္ဓာကိုယ်စောင်းကာ ကြာကြည့်ကြည့်နေသည်။ ထိုကြောင့် ထိုကောင်လေးကို သူအဖတ်မလုပ်တာ။ သူ့မှာအိမ်ထောင်ရှိတာသိလျက်၊ သူ့သူငယ်ချင်းရဲ့ ယောက်ဖမှန်းသိလျက်နဲ့တောင် ကောင်လေးက စည်းမရှိဘဲ သူ့ကို ကလူမြူ၏ လုပ်ချင်သေးတာ အသက်ကလေးငယ်ငယ်နဲ့ သူတို့ကိုယ်သူတို့ ပလေးဘွိုင်းလိုလို ဂုဏ်ယူဝံ့ကြွားရှိလျက်။ ရှင်းဂျူအွန်းလည်း ဘာထူးလဲ လူကလက်တောက်လောက်နဲ့ရှုပ်ဖူးတဲ့အရှုပ်ထုတ်က သမိုင်းတွင်ပဲ။
" ဦး..ဆို "
ဆော့ဂျင်သူ့ကိုဂရုမစိုက်ပေမဲ့ သူကြည့်နေတဲ့ဖိုင်တွေပေါ်လည်း အကြည့်မရှိ။ သူက သတိအနေအထားနဲ့သာ ထိုကောင်လေးထံ သတိကပ်ထားသည်။
" ဦး.. က ဗျာ "
ထိုအချိန်ကိုက် ဓာတ်လှေကားတံခါးပွင့်လာတော့ သူဖိုင်တွဲကိုချလိုက်ပြီး ထွက်ဖို့အသင့်ပြင်လိုက်သည်။ထိုအခါ ထိုကောင်လေးကလည်း ပျင်းတွဲ့တွဲ့မှီနေရာမှ ထလာပြီး သူ့ဘက်လျှောက်လာသည်။ သူထွက်မည့်ခြေလှမ်းတွေရှေ့ ပိတ်ရပ်သွားပြီး သူ့ကိုနောက်ကို ပြန်တွန်းပို့သည်။ ထိုအခိုက် ဒေါသကထောင်းခနဲ!
" ဘာလုပ်တာလဲ! "
" ဦးမှအဖတ်မလုပ်တာကို.. "
" ဂျွန်ဂျောင်ဂု! "
" ဟော ကျွန်တော့်နာမည်သိသားနဲ့.. မနေ့ကမေးတော့ မသိဘူးဆို.. ဟင် "
ထိုကောင်လေးက ပြောရင်း အနားတိုးကပ်လာတော့ ဘာရယ်မဟုတ် သူ့အကြည့်တွေက လည်ပင်းနား ရောက်သွားသည်။ အင်္ကျီအဖြူရှပ်ကို ရင်ခေါင်းထိပေါ်အောင် ကြယ်သီးတွေကို ဖြုတ်ထားတော့ပုံစံက ဖရိုဖရဲ။ လည်ပင်းတွင်လည်း ပုံမှန်မဟုတ်တဲ့နီကွက်ကွက်အရာတွေက မသတီချင်စရာမလို့ သူတွန်းလွှတ်ပစ်လိုက်ပြီး အနေအထားကိုပြင်လိုက်သည်။
" မင်းနဲ့ဘယ်လောက်ရင်းနှီးနေလို့ မဖွယ်မရာတွေ လာလုပ်နေတာလဲ! "
သူထိုစကားကို မာမာထန်ထန်ပြောလိုက်ပြီး ဓာတ်လှေကားထဲမှ ထွက်လိုက်သည်။ ဒီကောင်လေးသူ့ကိုရိသဲ့သဲ့လုပ်တာ အခုမှအခုမဟုတ် ကြုံတိုင်း လူကို သူတို့နဲ့ရွယ်တူလို ပြောပုံဆိုပုံတွေက စည်းမရှိ။ လူလတ်ပိုင်းအရွယ်ရောက်နေပြီဖြစ်တဲ့သူ့အဖို့ ဒီလိုအရာတွေကို လုံးဝသည်းမခံနိုင်။ ဒါတောင် ကိုယ်က အရောဝင်တတ်တဲ့သူမျိုးမဟုတ်။
_________TBC
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



