ep1
15:13, 15 February 2024" သတို့သားကင်မ်ဆော့ဂျင် သတို့သမီးရှင်းနိုအွန်းကိုသက်ဆုံးထိတိုင် ပေါင်းသင်းမည်လော "
" ဟုတ်ကဲ့ "
သူမတုံ့မဆိုင်းပင် ဖြေလိုက်သည်။ သူနှင့်နည်းတူ အလားတူမေးခွန်းကို တစ်ဖက်သူဆီမေးတော့ သူမက အချိန်အကြာကြီး ပြန်မဖြေခဲ့။ သူဖော်ဖော်ရွေရွေပြုံးလိုက်ပြီး အဆင်ပြေကြောင်း ဖာသာကိုဆက်လက်လုပ်ဆောင်ဖို့ ခေါင်းညိတ်ပြလိုက်သည်။ဗိုက်ထဲတွင်လည်း ပေါက်စလေးရှိနေပြီဖြစ်တော့စိတ်ဆတ်နေကြောင်း နားလည်ထားသည်။
မင်္ဂလာဆောင်ပြီးတော့လည်း သူတို့ပုံမှန်အတိုင်းပင် နေခဲ့ကြသည်။ သူကတော့ လက်ရှိအလုပ်တွင်ပဲ အချိန်ကုန်ခဲ့ပြီး သူမကလည်း သူစိတ်အလိုကျအတိုင်းသာ နေထိုင်သည်။ သူ့ရဲ့ကျေးဇူးရှင်လည်းဖြစ်တဲ့ ယောက္ခမဖြစ်သူအိမ်တွင်သာ ပြောင်းရွေ့နေနိုင်ခဲ့သည်။ အဆင့်မြင့်မြင့်ဘွဲ့၊အလုပ်ရဖို့ ရှင်းမိသားစုကသာ အစအဆုံး ပျိုးထောင်ပေးထားသည်။ရှင်းဂျယ်ဝမ်ဆိုတဲ့ ရှင်းမိသားစုရဲ့ ထောက်တိုင်ကြီး ပြိုလဲသွားတော့ သူကပင် ရှင်းအိမ်ရဲ့ အားထားရာ ဖြစ်လာခဲ့သည်။
ရှင်းနိုအွန်း၊ရှင်းဆယ်အွန်း၊ရှင်းဂျူအွန်းဆိုပြီး သားသမီးသုံးယောက်ရှိသည်။ သို့ပေမဲ့ အားလုံးက လုပ်ငန်းဝင်ဖို့ ငယ်ရွယ်သေးသည့်အပြင် ဦးလေးဂျယ်ဝမ်က ရုတ်တရက်ဆုံးပါးသွားသည်မလို့ အစီစဉ်မကျဖြစ်သွားတဲ့အခြေအနေကို သူကပင် ဦးဆောင်လိုက်ရသည်။ သူက ဒီမိသားစုနဲ့ သွေးသားမတော်စပ်ပေမဲ့ ရှင်းလုပ်ငန်းစုကို သူ ကြီးကြပ်ဖို့ဖြစ်လာခဲ့သည်။
ဦးလေးဂျယ်ဝမ်ဆုံးပါးသွားမှုသည် မိသားစုအတွက်ရော လုပ်ငန်းစုအတွက်ရောပါ အကြီးအကျယ် တုန်လှုပ်စေသည်။ အရာအားလုံး ကမောက်ကမ ဖြစ်ကုန်သည်။ ထိုအခြေအနေတွင် ဦးလေးဂျယ်ဝမ်ရဲ့အမျိုးသမီး အဒေါ်ချယ်ရင်းက သူ့အား လုပ်ငန်းစုတွေကို ကြီးကြပ်ပေးဖို့ လာတိုင်ပင်ခဲ့သည်။ အဲဒီတုန်းက သူက ရှင်းအုပ်စုမှာပင် ဒုမန်နေဂျင်းဖြစ်နေပြီ။ ပြောရရင် ဦးလေးဂျယ်ဝမ်အရမ်းယုံကြည်အားကိုးရတဲ့ သွေးမတော်သားမစပ်လေးပေါ့။ ဦးလေးဂျယ်ဝမ်က သူ့ကို သူ့သားသမီးတွေနည်းတူ အခွင့်အရေးပေးသည်။ သူကနဂိုထက်မြက်ပေမဲ့ သူ့ဟာသူဆို ရိုးရိုးဘွဲ့လောက်နဲ့ သာမန်ဝန်ထမ်းအလုပ်သာ ရလောက်မည်။ ဦးလေးဂျယ်ဝမ်ရဲ့ မြေတောင်မြှောက်ပေးမှုကြောင့်သာ ရှင်းလုပ်ငန်းစုရဲ့ မန်နေဂျင်းလို ရာထူးရခဲ့သည်။ သူ့လုပ်ရည်ကိုင်ရည်နဲ့ပတ်သက်ပြီး ဦးလေးဂျယ်ဝမ်က သဘောကျပြီး အမြဲချီးကျူးလေ့ရှိသည်။ အိမ်ကိုလည်း မကြာခဏ ဝင်ထွက်စေပြီး သမက်တော်ဖို့အထိ ထုတ်ပြောတတ်သည်။အဲဒီတုန်းက နိုးအွန်းက ချစ်သူကောင်လေးရှိ၍ ဘာမှလွန်လွန်ကျူးကျူး မပြောဖြစ်လိုက်ကြ။ နိုအွန်းနဲ့သူနဲ့က သုံးနှစ်လောက်ကွာပြီး မောင်နှမဆက်ဆံရေးသာ။ဦးလေးဂျယ်ဝမ်ဆုံးပါးပြီးတဲ့အထိ သူတို့ဆက်ဆံရေးက မပြောင်းလဲခဲ့။ သို့သော် ရုတ်တရက်နိုအွန်းတွင် ကိုယ်ဝန်လွယ်ထားရမှန်း ဒေါ်လေးချယ်ရင်းသိသွားတော့ သူတို့လက်ထပ်ဖို့ဖြစ်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နိုအွန်းကလည်း သူ့လက်ရှိချစ်သူကို ခေါ်မပြနိုင်ခဲ့၍။
သူတို့ ဒီလိုနဲ့ လက်ထပ်ဖြစ်ခဲ့တာ သုံးနှစ်ကျော်လာခဲ့ပြီ။သူလည်းရှင်းမိသားစုရဲ့ သမက်ဖြစ်လာခဲ့တာ သုံးနှစ်ကျော်ပြီ။ နာအွန်းလေးရဲ့ ပါးပါးဖြစ်လာခဲ့သည်မှာလည်း သုံးနှစ်ကြာလာခဲ့ပြီ။
ဆော့ဂျင် သူတို့မင်္ဂလာဓာတ်ပုံလေးကို ပြန်ချလိုက်ပြီးတွေးနေတာရပ်ကာ ရေချိုးခန်းထဲ ဝင်လာခဲ့သည်။ညစာစားချိန်ရောက်တော့မှာမလို့ နာအွန်းလေးကိုထမင်းကျွေးပြီး သိပ်ရအုံးမည်။
ဒုန်း!!
" ထွက်သွား လူလိမ်တွေ "
" ပါး.. "
သူနာအွန်းနဲ့အတူ ညစာစားဖို့ အောက်ဆင်းလာတော့ ဆူညံသံတွေကြောင့် လှေကားထိပ်တွင် ခဏရပ်လိုက်သည်။ ထုံးစံအတိုင်း နိုအွန်းမူးလာပြန်ပြီထင်တယ်။ ကလေးကို မိခင်ရဲ့ပုံစံဆိုးတွေ မမြင်စေချင်တာမလို့ သူအခန်းထဲပြန်ဝင်ရန် စဉ်းစားလိုက်သည်။
" စိတ်ပျက်လိုက်တာ နေရတာစိတ်ကုန်နေပြီ "
" ရှင်းနိုအွန်း!! နင်ရူးနေပြီလား စောစောစီးစီးရှိသေး မူးရူးနေပြီ နင်ဘယ်တော့မှ ရင့်ကျက်မှာလဲ!! "
" အကုန်အမေ့ကြောင့်လေ အမေ့ကြောင့် ပိုက်ဆံကို ဘုရားလိုကိုးကွယ်တဲ့အမေ့ကြောင့် သမီးအခုလိုဖြစ်နေရတာ! မုန်းတယ်!! "
" နင်အခုထိမတော်နိုင်သေးဘူးလား ဘာလို့ပြီးပြီးသားတွေကို ပြန်ပြန်ဖော်နေရတာလဲ သမက်ကင်မ်ဆင်းလာတော့မှာ နင်တော်တော့ "
" အမေ့အကောင်းစားသမက်ကို အမေပဲဂရုစိုက်ပြလိုက် ရှင်းနိုအွန်းတို့က ဂရုကိုမစိုက်တာ အလကား သူတော်ကောင်းလိုလိုဘာလိုလိုနဲ့ သူပဲသိသူပဲတော် ဟက် "
" ရှင်းနိုအွန်း!!! ငါထပ်မပြောဘူးနော် သွားတော့.. ဟေးမီ သူ့ကိုအခန်းထဲခေါ်သွားတော့ "
" ဟုတ်ကဲ့ သူဌေးကတော်.. "
" ဟားဟားဟား လောကကြီးက မုန်းဖို့ကောင်းလိုက်တာ အလွန်မှ တရားကျဖို့ကောင်းနေရော "
အောက်ထပ်ကအသံတွေ တိတ်သွားတော့ ဆော့ဂျင်လှေကားထိပ်ကနေ ဆင်းလိုက်သည်။သူအောက်ရောက်ရောက်ချင်း အကွေ့တွင် နိုအွန်းကိုတွဲလျက်ခေါ်လာတဲ့ ဟေးမီနဲ့ဆုံသည်။သူ့ကိုတွေ့တော့ ဟေးမီက ခေါင်းငုံ့အရိုအသေပေးသည်။
" ဘာမှသူ့ကိုထူးကဲဆက်ဆံပြနေစရာမလိုဘူး သူဆိုတာ ငါတို့မရှိရင် ဘာမှမဖြစ်လာဘူး ဟက် အိမ်မှာကပ်မြောင်စားနေတဲ့သူသာသာပဲ "
" ခေါ်သွားတော့ စောင်သေချာခြုံပေးပြီး အဲကွန်းသေချာညှိပေးလိုက် "
" အလကား "
သူထွက်လာပြီးနောက် မီးဖိုချောင်ထဲဝင်ခါနီး အဒေါ်ချယ်ရင်းနဲ့ တန်းတွေ့သည်။
" သမက်ကင်မ် ညစာစားပြီးပြီလား "
" မစားရသေးဘူးအဒေါ်ချယ်ရင်း အခုပဲ စားမလို့ အွန်းလေးကိုအရင်ကျွေးမလို့ ဆင်းလာခဲ့တာ "
" အိုး... အွန်းလေးရော မစားရသေးဘူးလား ဒါဆိုမြန်မြန် မြန်မြန်ကျွေးလေ "
သူဘာမှပြန်မပြောတော့ဘဲ အွန်းလေးစားဖို့ ထမင်းပြင်လိုက်သည်။ အဒေါ်ချယ်ရင်းက သူ့ကိုသေချာကျွေးဖို့မှာသွားပြီး အခန်းထဲမှ ထွက်သွားသည်။ အွန်းလေးက နည်းနည်းချို့တဲ့,တဲ့ကလေးမလို့ အစားအစာကို သေချာဂရုစိုက်ကျွေးရသည်။ သမီးလေးက ထမင်းကျွေးရေချိုး၊ကျောင်းသွား၊အစစရာရာ သူမှသူ။ပါးပါးမှပါးပါး။ ပါးပါးနဲ့မှ အတူစားမှာဆိုလို့ ထမင်းစားချိန်နောက်မကျအောင် သူက ရုံးမှ ဂရုတစိုက်ပြန်လာပေးရသည်။ မဟုတ်ရင် အွန်းလေးက သူ့ကိုစောင့်နေတတ်ပြီး မစားထား။
" ဘယ်သူလဲ! "
" ရှူး ရှူး ကျွန်တော်ပါ "
မီးဖိုချောင်အနောက်တံခါးက လူသံရိပ်ရိပ်ကြားတော့ သူအနားလျှောက်သွားရင်း အသံပြုလိုက်သည်။ထိုအခါ တီးတိုးသံနှင့် ရှင်းဂျူအွန်း။ ထိုကလေးအိမ်ပြန်မလာတာ သုံးရက်ရှိပြီ။ ပြန်လာတော့လည်း အနောက်ဘက်ကနေ ခိုးကြောင်ခိုးဝှက်.. သူ့ကိုတောင်အသံမထွက်ဖို့ သတိပေးနေသေး။ သူဆိုတာ သူများကိစ္စကို ဘယ်တုန်းကမှ စိတ်ဝင်စားတာမဟုတ်။ ဂျူအွန်းဆိုတာလည်းသိရော သူလုပ်စရာရှိတာ ပြန်ဆက်လုပ်နေလိုက်သည်။
" လာဟျောင့် "
" ငါပေကုန်ပြီခွေးကောင် ခိုးကြောင်ခိုးဝှက်နဲ့ကွာ "
" ဟီးဟီး ကြောက်တယ်ကွ ငါ့အမေက ငါ့ကိုမြင်တာနဲ့ အလုပ်လုပ်ခိုင်းဖို့ပဲပြောနေတာ ကျောင်းကတစ်ဖက်နဲ့ ငါ့လခွီးအလုပ် "
စကားသံတွေထပ်ကြားရတော့ သူတစ်ဖန်လှည့်ကြည့်မိသည်။ ဂျူအွန်းက သူတစ်ယောက်တင်မကဘဲ အဖော်ပါ ပါလာသည်ထင်။ တိုးတိုး၊တိုးတိုးနဲ့သူရှိတဲ့ဘက် ရောက်လာကြသည်။ ထိုတစ်ယောက်က သူ့ကိုမြင်တော့ စူးစိုက်ကြည့်နေသည်။ သူမျက်မှန်းတမ်းမိပေမဲ့ စိတ်မဝင်စား၍ မသိချင်မိ။ ထိုကောင်လေးလည်း အိမ်ကိုခဏခဏအဝင်အထွက်ရှိသည်။ သူဘာလို့သိလဲဆို အွန်းလေးကဒီကောင်လေးကို မြင်တာနဲ့ ကြောက်နေသည်။ ကလေးကြောက်ရင်လည်း ကြောက်ချင်စရာပင် ဂျူအွန်းနဲ့ပေါင်းတဲ့ကလေးတွေက အကုန်မိုက်တိမိုက်ကမ်းလေးတွေ။
" အာ.. ကျွန်တော်အဖော်ခေါ်လာတာ ကျေးဇူးပြု၍ "
သူကြည့်နေတာမြင်တော့ ဂျူအွန်းက ပါးစပ်ကိုဇစ်ပိတ်သလို လုပ်ပြသည်။ မခန့်လေးစား အမူအရာမလို့ သူမျက်နှာလွဲလိုက်သည်။
" ဦးလေးကြီးဂျင်လား "
" ဟိဟိ ဟုတ်တယ် တိတ်တိတ်နေ ကြားသွားမှ "
ဒီလောက်နီးကပ်နေတာ သူမကြားနိုင်ဘဲနေမလား။သို့ပေမဲ့ သူဂရုမစိုက်။ စားစရာရှိတာဆက်စားနေပြီး သူတို့ကိုဂရုမစိုက်။ ထိုကလေးတွေက ဆယ်ကျော်သက်လေးတွေပီပီ အနည်းငယ်ရိုင်းပြီး ယဥ်ကျေးမှုမရှိ။ ဒေါ်လေးချယ်ရင်းလည်း မနိုင်ပေ။ သူ့အမေတောင်မနိုင်မှတော့ သူလည်းဆုံးမနေစရာ အကြောင်းမရှိ။ သူ့အမေကတော့ ဆက်တိုက်သူ့ကို သူ့သားကို လုပ်ငန်းလေ့လာဖို့ တိုက်တွန်းစေသည်။သို့သော် ကာယကံရှင်ကမှ ခေါ်မရတော့ သူလည်းအတင်းအကြပ်လုပ်လို့မှမရ။
" ဟျောင့် မင်းခဏနေအုံးနော် ငါအခန်းမှာလိုတာသွားယူအုံးမယ် "
" အေး မြန်မြန်လုပ်ခဲ့ ကိုယ့်အိမ်ကိုယ်လာပြီး သူခိုးလိုလိုကြမ်းပိုးလိုလိုနဲ့ "
ဂျူအွန်းထသွားတော့ သူနှင့်သူ့သူငယ်ချင်းသူစိမ်းကောင်လေးနှစ်ယောက်သာ ကျန်ခဲ့သည်။ ထိုကောင်လေးက သူ့ကိုမေးထောက်ကြည့်နေပေမဲ့ သူက စားပါအုံးတောင် ဝတ်ကျေတန်းကျေမခေါ်။ဆော့ဂျင်စားလက်စတွေ လက်စသတ်ပြီး ဆေးစရာပန်းကန်တွေကို ထပ်ကာ ဘေစင်နားသို့ ယူခဲ့သည်။
သူပန်ကန်ဆေးပြီး ဟင်းပန်းကန်တွေပြန်သိမ်းဖို့ စားပွဲခုံနားပြန်ရောက်တော့ စားပွဲခုံပေါ်တွင် ဟင်းအနှစ်တွေက ပေပွလျက်။ သူတရားခံကိုကြည့်လိုက်တော့ ထိုကောင်လေးက အပြစ်ကင်းသလိုမျက်လုံးဝိုင်းလေးနဲ့ သူ့ကိုပြန်ကြည့်နေသည်။
" သူတို့လည်း ဆာနေမယ်ထင်လို့... "
စားပွဲခုံနားရောက်လာတဲ့ ပုရွက်ဆိတ်ကောင်လေးတွေကို စားပွဲခုံပေါ်က ဟင်းပန်းကန်တွေထဲက ဟင်းတွေ နည်းနည်း နည်းနည်းစီ ချကျွေးထားသည်။ သူသက်ပြင်းချလိုက်ပြီးစိတ်လျှော့ထားရသည်။
" ဖယ်တော့ "
" ဦးဂျင် "
သူလျစ်လျှူရှုပြီး ဟင်းအဆီတွေကို သုတ်ကာ ဟင်းပန်းကန်တွေကို သိမ်းလိုက်သည်။ သူ့အနားထိသုတ်နေတာတောင် နေရာကနေ တစ်စက်မှထမပေး။ သူမရအရ ပြောင်အောင်သုတ်ပြီး လှည့်ထွက်မယ်ကြံတော့ ထိုကောင်လေးက သူ့လက်ကိုဆွဲထားသည်။ သူမျက်နှာပြောင်းသွားပြီး စူးစိုက်ကြည့်လိုက်သည်။
" လွှတ်စမ်း! "
အသံမာမာနဲ့အတူ တစ်ခါတည်းဆောင့်ရုန်းလိုက်သည်။ကောင်လေးကရဲတင်းပြီး သူ့ကိုဆို မခန့်လေးစား..
" ဦး ကျွန်တော့်နာမည်သိလား "
" မသိဘူး "
သူခပ်ပြတ်ပြတ်ပြောပြီး မီးဖိုချောင်ခန်းထဲက ထွက်လာခဲ့သည်။ ထိုကောင်လေးကို သူသိသားပဲ တမင်မသိဘူးပြောပြီး စကားဖြတ်ခဲ့တာ။ဂျူအွန်းရဲ့အပေါင်းအဖော်တွေက အကျင့်ပျက်ကလေးတွေမလို့ သူအဖတ်မလုပ်ချင်တာ။ဒီလိုကလေးတွေက အရောဝင်ရင် အကမ်းတက်ချင်တယ်။
သူအပေါ်ထပ်ရောက်တော့ အွန်းလေးအခန်းထဲဝင်ကာ ပုံထိုင်ဆွဲနေတဲ့သူ့သမီးလေးကို အိပ်ရာဝင်ဖို့ ခေါ်လိုက်သည်။ ဒီမှာနေရတာ ပျော်စရာဆိုလို့ သူ့သမီးတစ်ယောက်သာရှိသည်။ ဒီသမီးလေးရှိနေလို့ စက်ရုပ်လိုသူ့ဘဝကို သူပျော်သည်။ သမီးလေးနဲ့မလို့ သူပျော်နေသည်။
...................................
သူ့ကိုတစ်စက်တောင် အရေးမလုပ်ဘဲ ထွက်သွားတဲ့ဦးဆိုသူရဲ့ နောက်ကျောကို တစ်ဆုံးကြည့်ရင်း မခံမရပ်နိုင် သက်ပြင်းချမိသည်။ အဖတ်မလုပ်ပြန်ဘူး။သူ့နာမည်တောင် မမှတ်မိသေးဘူး အခုထိ။ဘာလဲ ဘာလို့အသက်ကြီးတဲ့သူတွေက လိုက်ရခက်ရတာလဲ! ဒါပေမဲ့ သူကလည်းအသက်ကြီးတဲ့သူတွေပဲ စိတ်ဝင်စားတယ် ဘယ်လိုလုပ်ရမလဲ
ဦးနဲ့သိတာ လေးနှစ်ရှိပြီ။ သူဦးကိုစတွေ့တော့ အသက်ဆယ့်ခြောက်နှစ်မှာ စရင်ခုန်တော့ သူတို့တတိယအကြိမ်ပြန်တွေ့တဲ့အချိန် သူဆယ့်ရှစ်နှစ်။ အဲအချိန်ဦးက လက်ထပ်ပြီးနေနှင့်ပြီ။ဒါပေမဲ့ သူမမှုပါဘူး ဦးနဲ့မမနိုအွန်းတို့ဆက်ဆံရေးက မကောင်းဘူး။ တစ်ခန်းတည်းလည်း အတူမနေကြဘူး။သူဦးကိုစိတ်ဝင်စားတော့ နောက်ပိုင်း ဂျူအွန်းတို့အိမ်ခဏခဏလာသည်။ သို့ပေမဲ့ ဦးကိုတွေ့ရတဲ့အချိန်ကတော့ ခပ်ရှားရှားရယ်။ အိမ်မှာရှိနေရင်တောင် အခန်းထဲကအခန်းပြင် မထွက်တတ်ဘူး။ ဒါကြောင့် သူ့ကလေးဆိုသူ အရှုပ်မလေးကို ခြောက်ခြောက်ပြီး စတော့မှ ဦးကထွက်လာတတ်သည်။ ပြီးတော့ ခဏရယ် ထိုကလေးမကိုခေါ်သွားကာ ပေါ်မလာပြန်တော့။ သူတခြားနည်းတွေနဲ့လည်း နှောင့်ယှက်ဖူးပေမဲ့ မကြည်ကြည့်တစ်ချက်သာရလာပြီး အဖတ်လုပ်မခံရ။ သူက အဲလိုခက်ခဲတာမျိုးမှ ပိုစိတ်ဝင်စားသည်။သူဦးကိုစိတ်ဝင်စားတယ်ဆိုတာ အပျော်စမ်းကြည့်ရုံပဲ သူ့ဘဝမှာ လိုတရမလို့ မရသေးတာကိုလည်း မရရအောင်ယူဖို့ စိတ်ကူးရှိသည်။ ခက်ခဲတာဆို ပိုလို့တောင် စိတ်ဝင်စားသေးသည်။
" ဟျောင့် သွားမယ် မှတ်ပုံတင်ရော ကားလိုင်စင်ရောအကုန်မခဲ့တယ် "
သူအတွေးတွေရပ်သွားပြီး ထိုနေရာမှထလိုက်သည်။သူတို့ရှင်းအိမ်နောက်ပေါက်မှ တိတ်တဆိတ် ပြန်ထွက်ခဲ့ကြသည်။ အိမ်နောက်ဖေးမှာရပ်ထားတဲ့ကားဆီ ဝင်ခဲ့ကြပြီး ခပ်ပြင်းပြင်းမောင်းထွက်ကာ ထိုနေရာမှ ထွက်လာခဲ့ကြသည်။
...............................
" ယို့ မန်း အားလုံးအေးဆေးပဲမလား "
ကလပ်ရောက်တာနဲ့ သူတို့ဘော်ဒါတွေက လွန်တောင်လွန်နေကြပြီ။ အိမ်မပိုင်ဂျူအွန်းကြောင့် အိမ်လိုက်ကူရင်း သူတို့က နောက်ကျကျန်နေပြီ။သူတို့နှစ်ယောက်လည်း ကျန်တဲ့လူတွေနဲ့ အမြန်ဝင်ပြီး ပူးပေါင်းလိုက်သည်။ ဂျူအွန်းက အိမ်သာမပိုင်တာ ထိပ်ဆုံးက ကဲချင်တာ။
" ဟျောင့် ဟိုဘဲကြီးကိုကြည့်လိုက် မင်းစတိုင်ပဲ ဒီညတော့ မင်းကံကောင်းပြီ "
ဂျူအွန်းပြတဲ့ သူတို့ခပ်လှမ်းလှမ်းက ဝိုင်းကသူကို သူအကြည့်ရောက်တော့ ထိုလူကြီးကလည်းမသိမသာ သူတို့ဘက်ကို အကြည့်ရောက်နေသည်။ဂျူအွန်းပြောသလိုပဲ ဘဲကြီးက သူ့အကြိုက်ပုံစံပင်။ခန္ဓာကိုယ်အချိုးအစားကျကျနဲ့ လူကြီးလူကောင်းဆန်သည်။ အသက်ကတော့ ပြောစရာမလိုအောင် သူ့ထက်ငါးနှစ်တော့ အနည်းဆုံးကြီးလောက်မည်။ သူကအသက်ကြီးတဲ့သူတွေကိုသာ သဘောကျသည်။ပြီးတော့ သူကမိန်းကလေးထက် ယောကျာ်းတွေကို ပိုသဘောကျသည်။ ယောကျာ်းတွေကပဲ သူ့စိတ်ကိုပိုပြီး လှုံ့ဆော်နိုင်တာ။ အထူးသဖြင့် အသက်ကြီးတဲ့ယောကျာ်းတွေ။ သူ သူ့ထက်ငယ်တဲ့ယောကျာ်း၊ ဒါမှမဟုတ် ရွယ်တူတွေနဲ့စမ်းကြည့်ပြီးပြီ သူ့ဟာကနည်းနည်းလေးမှတောင် မမာလာဘူး။ ရင်တောင်မခုန်တာ အရင်ဆုံး သူ့ကိုရင်ခုန်အောင်လုပ်နိုင်ဖို့ဆို မင်းကငါ့ထက်အသက်ကြီးဖို့တော့ လိုလိမ့်မယ်။
" ဘယ်လိုလဲ မင်းလုပ်မှာလား "
" မေးစရာလိုသေးလားကွာ "
သူအရက်ခွက်ကိုင်ပြီး ထိုနေရာမှ ထရပ်လိုက်သည်။ပြီးတော့ သူ့ရင်ဘတ်ကကြယ်သီးကို နှစ်လုံးလောက်ထပ်ဖြုတ်လိုက်ပြီး အစ်ကိုချောချောကြီးရှိရာဝိုင်းဘက် ခပ်ဖြည်းဖြည်းလျှောက်သွားလိုက်သည်။ ထိုအစ်ကိုချောကြီးနဲ့ အပေါင်းအဖော်တွေကအစ သူ့ကိုအကဲခတ်နေတာ သူသိသည်။ အနားရောက်တော့ အရင်ဆုံး သူစိတ်ဝင်စားတဲ့လူကြီးကိုကျော်ပြီး ဘေးနားက သူငယ်ချင်းဖြစ်ဟန်တူတဲ့ မမတစ်ယောက်နား ဝင်ထိုင်လိုက်သည်။ ရုံးဝန်ထမ်းတခုခုက ဖြစ်ပုံပေါ်လိမ့်မည်။ အကုန်လုံးက သက်တူရွယ်တူ သိပ်မကွာခြားလွန်းကျ။ အားလုံးက သူ့ထက်ဆိုရင် ခုနနှစ်၊ရှစ်နှစ် ကြီးနိုင်မဲ့သူတွေချည်း။
သူဘေးနားဝင်ထိုင်လိုက်တဲ့မမကို ပြုံးရင်း သေချာကြည့်လိုက်သည်။ ရင်းရင်းနှီးနှီးကို မြင်ဖူးသလို အကဲခတ်ကြည့်လိုက်သည်။
" မောင်လေးနဲ့အသိမလို့လား "
မျက်နှာချင်းဆိုင်ထိုင်ခုံက အစ်မတစ်ယောက်က ဝင်ပြောတော့ သူတစ်ချက်သာအကြည့်ပေးလိုက်ပြီး သူ့ဘေးကအစ်မကို ပြန်ကြည့်လိုက်သည်။ ပြီးတော့ သူခေါင်းညိတ်ပြလိုက်သည်။ ထိုအခါ ထိုမမအပါအဝင် တခြားသူတွေကပါ စိတ်ဝင်တစား ဖြစ်သွားကြသည်။သူ့လူကြီးကတော့ အသံတိတ် လည်စလုတ်လှုပ်ခတ်သွားတာ မြင်လိုက်သည်။ စိတ်ချပါ ကျုပ်က ခင်ဗျားကြီးကိုပဲ စိတ်ဝင်စားတာပါ။
" မ,ကိုမြင်ဖူးတယ် "
" တကယ် "
သူခေါင်းထပ်ညိတ်ပြလိုက်ပြီး ထိုမမနားတွင် နှစ်ကိုယ်ကြား တီးတိုးကပ်ပြောလိုက်သည်။သေချာတယ် ထိုမမသူ့စကားကြောင့် ပြုံးသွားပြီး သူတို့ရင်းနှီးခွင့်ရသွားသည်။ သူထိုဝိုင်းတွင် ထိုင်ခွင့်ရသွားပြီး တစ်ခွက်လောက်သောက်ကျရင်း သူ့အစ်ကိုကြီးဆီ အကြည့်ရောက်မိသည်။ ဘဲကြီးက သူ့ကိုချဉ်စုတ်စုတ်ဖြစ်သွားပြီး ထပ်ပြီးအကြည့်မပေးတော့ဘဲ အရက်သာလှိမ့်သောက်နေတာ တွေ့ရသည်။ မှုန်ကုတ်ကုတ်မျက်နှာလေးနဲ့ အရက်ကို ဆက်ဆီကျကျသောက်နေတာတွေ့ရတော့ သူတင်းကြပ်ကြပ်ဖြစ်သွားသည်။ ခင်ဗျားနဲ့အိပ်ရာအတူဝင်ဖို့ မစောင့်နိုင်တော့ဘူး။
" မောင်လေးက မကိုတကယ်သိတယ်ထင်ပြီး အံ့ဩသွားတာပဲ "
" ဟက်ဟက် ကျွန်တော်ကသာ အံ့ဩရမှာပါ မတို့ဝိုင်းက ကျွန်တော့်ကို ခဏခဏကြည့်နေကြလို့ ကျွန်တော်က အသိများဖြစ်နေမလားဆိုပြီး လာမိတ်ဆက်တာ "
သူစကားဝိုင်းကို အာရုံရောက်နေပေမဲ့ သူ့အကြည့်တစ်ချက်တစ်ချက်ကို သူ့လူကြီးဆီ ပစ်ကျွေးထားသည်။ လူကြီးက သူ့ဘက်ကိုမကြည့်ပေမဲ့ သူတို့စကားဝိုင်းကို နားစွင့်နေပြီးသား။
" ဒီကလပ်မှာ မင်းကအဟော့ဆုံးကို ကြည့်မိတာမှားလား "
" မ,က ဗျာ.. "
သူရှက်သွားသလို ခေါင်းငုံ့ရယ်လိုက်သည်။ သူခေါင်းမငုံ့ခင် သူ့လူကြီးကို တစ်ချက်ကြည့်မိတော့ သူလည်း နှုတ်ခမ်းစွန်းများ ကွေးသွားတာ မြင်လိုက်သည်။ခိုးရယ်တာလည်း ချောနေတုန်းပဲ။
" ပြောစမ်း ဒီထဲမှာ မင်းစိတ်ဝင်စားတဲ့သူ တစ်ယောက်ယောက်တော့ ရှိမှာပဲ ဘယ်သူလဲအဲဒါ "
ထိုအစ်မ မေးမေးချင်း သူ့အကြည့်တွေကို သူ့လူကြီးဆီပို့လိုက်တော့ လူကြီးက အနေရခက်သလို အကြည့်လွဲသွားသည်။ သူအကြည့်ကို ပြန်မသိမ်းဘဲ ဆက်တိုက်အကြည့်မလွဲဘဲနေတော့ ထိုလူက ရှက်သွားပုံရသည်။စားပွဲဝိုင်းကလူတွေကလည်း သူ့အကြည့်တွေကို သတိထားမိပြီး သူ့လူကြီးဘက် ဝိုင်းကြည့်ကြတော့ ထိုလူကြီး ခေါင်းမဖော်တော့။
" ရှိတယ် စမြင်ကတည်းက ကျွန်တော့်အာရုံကို ဖမ်းစားသွားတဲ့လူကြီး.. "
" ငါသန့်စင်ခန်းခဏ "
သူ့စကားတွေကို နားမထောင်တော့ဘဲ ထပြေးသွားတော့ သူတစ်ဆုံးကြည့်ပြီး ပြုံးနေမိသည်။
" လိုက်သွားလိုက်လေ.. "
အနားကသူတွေမြှောက်ပေးတော့ သူမဝံ့မရဲဟန်ပြရင်း သူထရပ်လိုက်သည်။ သူမစောင့်နိုင်တော့ဘူးလေ။သူသန့်စင်ခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး အလျင်စလို ဝင်လိုက်သည်။ ရှက်နေတဲ့ဘဲကြီးက သူ့ကိုမြင်တော့ အံ့အားတသင့် တုံ့ပြန်သည်။သူအနားတိုးကပ်သွားလိုက်ပြီး.... သို့နှင့် သူတို့....
___________TBC
မရေးတော့ဘူး မရေးတော့ဘူးနဲ့ ဒီလက်
There are no comments yet. Log in to be the first to leave a review!
![ငါ့ယောကျာ်းရဲ့ညီ [✓]](https://fanficsread.net/media/fs-stories-1/4239/conversions/6a0a3047638d269333c2763bbcaa38e5.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



