Fanfics

28

17:48, 29 August 2025

Phuwin မှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ သတင်းက သူ့တစ်ကိုယ်လုံးမှာ ရှိတဲ့ သွေးတွေကို ရပ်တန့်စေသည်အထိ. . . . .။

သူဟာတကယ် ဖခင်ကောင်း တစ်ယောက် ဖြစ်နိုင်ရဲ့လား။

ခင်ပွန်းကောင်းဖြစ်နိုင်ဖို့ကတော့ သူ့ကိုယ်သူ ချွင်းချက်မရှိ ယုံကြည်မှုရှိသည်။ဘာလို့ဆို သူ Phuwin ကို ချစ်တဲ့အချစ်က အကြွင်းမဲ့ ချစ်ခြင်းမျိုးမို့ သူ့အချစ်ကို သံသဃဝင်စရာမလို။

"Nara မပျော်ဘူးလား"

ထိုစကားကြားပြီးထဲက လူသေတစ်ယောက်လို တောင့်တောင့်ကြီး ဖြစ်နေတဲ့ သူ့ကို Phuwin က မေးလာသည်။

"ပျော်တာပေါ့ ဒါပေမယ့် ကိုယ်ကြောက်မိတယ် Phu ကိုယ်က ဖခင်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်ရဲ့လား"

"အတွေးတူတူပဲ Nara တကယ်လို့ ဒီကလေးကို တစ်ယောက်တည်းသာ ပြုစုရမယ်ဆို ယုံကြည်ချက်မရှိဘူး နှစ်ယောက်အတူဆိုရင်တော့ 100% လုံးဝ အပြည့် ယုံကြည်တယ်"

ချစ်ရတဲ့ကောင်လေးက စကားတွေနဲ့လည်း သူ့စိတ်ကို အေးချမ်းစေသည်။

"ကိုယ် ကတိပေးတယ် ကိုယ်အကောင်းဆုံးကြိုးစားမယ် ဖခင်ကောင်း ဖြစ်ဖို့ ခင်ပွန်းကောင်းဖို့ တော့ မပူနဲ့ ကိုယ်က Phu ကို အချစ်ဆုံး ကလေးလေးမွေးလာရင်လဲ Phu က တစ် Phu က နှစ် Phu ကသုံး"

"ဒါဆို ကလေးတွေကရော"

"နောက်နံပါတ်တွေ‌ယူကြပေါ့"

သူ့အပြောကို သဘောတကျ ရယ်တဲ့ ကောင်လေးကို ရင်ခွင်ထဲဆွဲထည့်ကာ ပါးလေးတွေကို တရှိုက်မက်မက် နမ်းရှိုက်မိသည်။

"ကိုယ်ကတိပေးတယ် ကိုယ့်ကို ရွေးချယ်လို့  Phu ဘယ်တော့မှ စိတ်မဆင်းရဲစေရဘူး"

သူ့စကားအဆုံးမှာ သူ့နှုတ်ခမ်းပေါ်ကျရောက်လာတဲ့ အနမ်းများ။

ပြောစရာမလိုအောင် ဒီအနမ်းမှာ ကတိတရားတွေ သစ္စာတရားတွေဟာ စီးဝင်လျက်။

- - - ^ - - -

ဗိုက်ပူပူနဲ့ ကောင်လေးဟာ သူ့မျက်စိထဲကြည့်မဝနိုင်ပါ။ထိုင်နေဆိုလဲ မထိုင် အိမ်ထဲကို တစ်ယောက်တည်း တတောက်တောက်လျှောက်ကာ သွားနေသည်မှာ ပင်ကွင်းလေးနဲ့တောင် တူသည်။

"Nara အိမ်မှာ နွားနို့မရှိတော့ဘူး"

"သွားဝယ်ကြမယ်လေ"

"မလိုက်ချင်ဘူး Naraပဲသွား"

"ကိုယ့် ကလေးလေးလက်ကို တွဲပြီး လျှောက်သွားချင်တာ"

"ကလေးလေးက ဘယ်မှာလဲ"

"ဟောဒီမှာ ဟောဒီက ကိုယ့်ကလေးလေး"

နဂိုထဲက ဖောင်းသယောင်ယောင်ပါးလေးက အခုတော့ တကယ်ကို ဖောင်းလာကာ သူ့မှာ ကိုင်မဝ ဖြစ်ရသည့် ပါးလေးကို ခပ်ဖွဖွ ဆွဲကာ ပြောမိသည်။

"မသွားချင်ပါဘူး"

"ဘာလို့လဲ ကိုယ့်လက်ကို တွဲပြီး သွားရမှာ ရှက်တာလား"

"အဲ့လို မဟုတ်ပါဘူး Naraရယ် တကယ်လို့ ဗိုက်ကြီးတကားကားနဲ့ အပြင်ရောက်သွားရင် လူတွေက လိုက်ကြည့်နေမှာပေါ့ ပြီးတော့ ဘာမှ မတော်တော့ဘူး"

"ကိုယ့်အဝတ်တွေ ယူဝတ်လေ အခုလဲ ယူဝတ်နေတာပဲကို လာပါ ကိုယ်က ကလေးလေးကို လမ်းလျှောက်ခေါ်ချင်လို့ပါ နော်"

"Omm ပါ "

နှုဆ်ခမ်းဆူကာ အဝတ်အစားလဲဖို့ ဝင်သွားတဲ့ ကောင်လေးဟာ ချစ်ဖို့ကောင်းလွန်းလို့ ငုံသာထားချင်တော့သည်။

- - - ^ - - -

Supermarket ထဲမှာ နှစ်ယောက်ထဲ ပတ်၍ ပစ္စည်းတွေဝယ်နေတုံး ‌

"Nara ဟိုလေ "

"ပြောလေ ကလေးလေးရဲ့"

"ဟိုဟာလေ ရေခဲမုန့်စားချင်လို့"

"ကိုယ် စားခွင့်ပေးအောင် ပြောကြည့်လေ"

တံတွေးတွေ မြိုချကာ မျက်လုံးလေး အဖွင့်အပိတ်လုပ်ကာ ရေခဲမုန့်စားရဖို့ အကြံထုတ်နေတဲ့ အကောင်လေးဟာ  ချစ်စရာအတိ။

"Nara ရေ Naraရဲ့ ကလေးလေးက ရေခဲမုန့်စားချင်လို့ ဝယ်ကျွေးပါနော်"

မျက်လုံးလေးတွေဝိုင်းကာ နှုတ်ခမ်းလေးပါဆူနေတဲ့ ကောင်လေးကို ချစ်စရာကောင်းလွန်းလို့ ခန္ဓာကိုယ်‌ေလးကို ဆွဲကာ နှုတ်ခမ်းလေးကိုနမ်းပစ်လိုက်သည်။

နှုတ်ခမ်းလေးကို လွှတ်လိုက်တာနဲ့ နှုတ်ခမ်းဆူလာကာ

"လူတွေ ရှိနေတာကို Naraရယ်"

"ဘာဖြစ်လဲ ကိုယ့်အမျိုးသားလေး ကိုယ်နမ်းတာ ဘယ်သူ့ဂရုစိုက်ရမှာလဲ နမ်းမှာပဲ နမ်းမှာ မကျေနပ်ရင် သူတို့ပိုင်တဲ့လူ သူတို့လိုက်နမ်းကြပေါ့"

"မနိုင်ဘူးပဲ Nara ရယ်"

"သွားမယ် ရေခဲမုန့်ဝယ်မယ် ပြီးရင် ပြန်ကျမယ် ညောင်းရောပေါ့"

"အင်း အင်း"

ဘေးနားက ကလေးလေးရဲ့ ပျော်နေတဲ့ မျက်နာလေးကို မြင်ရတဲ့အခါ သူ့မျက်နာပေါ်မှာလဲ အပြုံးတစ်ခု ပေါ်ပေါက်လာရသည်။

- - - ^ - - -

နောက်ဆုံးမှာတော့ သူမျှော်လင့်နေခဲ့တဲ့ ရက်ကလေး ရောက်ရှိလာခဲ့ပြီ။မွေးခန်းထဲ ဝင်သွားတဲ့ ကောင်လေးကို ကြည့်ပြီး ခြေမကိုင်မိ လက်မကိုင်မိဖြစ်ရသည်။

"Pond ထိုင်နေ မင်းကြည့်ရတာ ခေါင်းကိုက်နေပြီ"

"ထိုင်နိုင်မလားဗျ ကျွန်တော့်ကလေးလေးက‌ ကလေးမွေးနေတာလေ"

သူအခု ဘာမှမတွေးနိုင်။သူတွေးမိတာက  သူ့ကလေးလေး အန္တရာယ်ကင်းကင်းနဲ့ မွေးနိုင်ဖို့သာ. . .

မွေးခန်းထဲက ဆရာမက ခင်ပွန်းဖြစ်သူ အခန်းထဲလိုက်ဖို့ ခေါ်တဲ့အခါ အပြေးလေး ဝင်သွားမိသည်။

ချွေးတွေချွဲနေတဲ့မျက်နာနုနုကို မြင်တဲ့အခါ ဘောလုံးတစ်သင်းနဲ့ Cheerleader 8 ယောက်ဆိုတဲ့ အကြံအစည်ဟာ ဘယ်ရောက်မှန်းမသိတော့။

လက်ကလေးတွေကို တင်းကြပ်နေအောင် စုပ်ကိုင်ပြီး နှဖူးလေးကိုသာ အနမ်းတဖွဖွပေးမိသည်။

ကလေးမွေးတာ အောင်မြင်သွား၍ ဂုဏ်ယူပါတယ်လို့ လာပြောတဲ့ သူနာပြုတွေလဲ အရေးမစိုက်နိုင်။

ကလေးမျက်နာလေးကြည့်အုံးမလား လာမေးတဲ့ လူကိုလဲ လှည့်မကြည့်နိုင်။

သူ့စိတ်ထဲမှာရှိတာက Phuwin အဆင်ပြေရဲ့လား ဆိုတာပဲ။

"ကလေးလေး နေရတာ အဆင်ပြေလား"

သူ့အမေးကို ခပ်ဖျော့ဖျော့ပြုံးကာ ဖြေတဲ့ကောင်လေးရဲ့ ပါးလေးတွေကို နစ်ဝင်‌သွားအောင်နမ်းမိပြန်သည်။

"ကျေးဇူးပါ ကလေးလေး"

ကလေးမွေးဖွားခြင်းပြီးတဲ့နောက် Phuwin ကို လူနာခန်းထဲမှာ နားစေသည်။သူကလဲ Phuwin ဘေးက မခွာမိ သူမရှိချိန် တစ်ခုခုလိုချင်လာမှာ စိုးသဖြင့် ကို အနားမှာနေမိသည်။

"Pond  မင်း ကလေးမျက်နာ သွားမကြည့်ဘူးလား"

"ခဏနေ Phuwin နိုးလာမှ တူတူသွားကြည့်မယ်"

သူ့ကို ဆက်မပြောတော့ပဲ ငြိမ်သွားကြသော သူများ။

ပထမဆုံး သားဦးလေးမို့ ချစ်ပေမယ့် Phuwin က သူ့ဘဝအတွက် အရေးကြီးတာမို့ Phuwin ကိုပဲ ဂရုစိုက်နေမိသည်။

ဘယ်လိုပဲ ဖြစ်ဖြစ် သူ့နားမှာ သူ့ကို လာကြည့်ကြတဲ့ လူတွေနဲ့ ဝိုင်းနေပြီ မဟုတ်လား။

- - - ^ - - -

"Nara ကလေးကို သွားမကြည့်ရသေးဘူးဆို"

လူနာခန်းထဲက ရေချိုးခန်းကိုဝင်ကာ ရေချိုး၍ထွက်လာတဲ့သူ့ကို အိပ်ရာက နိုးလာတဲ့ ကလေးလေးက မေးလာခြင်း . . . .

"ဟုတ်တယ် ကလေးလေးရယ် ကလေးလေးနဲ့ တူတူသွားကြည့်မလို့ ကိုယ်တို့ရဲ့ သားဦးလေးကို"

"ဒါဆို သွားကြည့်မယ်လေ Nara"

"ခဏနေပါအုံး ခေါ်လာခိုင်းထားတယ် နိုးလာပြီဆိုတော့ကိုယ့်ကို နမ်းပါအုံး ကလေးလေးရဲ့"

ဒေါက် ဒေါက် ဒေါက်

"တံခါးခေါက်နေပြီလေ သွားဖွင့်လိုက်အုံး"

"မရဘူး မနမ်းမချင်းသွား မဖွင့်ဘူး"

"ပိုပြီး ကလေးဆန်လာတာ Naraက"

ကလေးဆန်တယ်ဆိုလဲ ဂရုမစိုက်နိုင်ပါ။မကြာခင်မှာ သူချစ်ရတဲ့ ကောင်လေးရဲ့ ဂရုစိုက်မှုက သူတို့ရဲ့ သားဦးလေးဆီရောက်သွားမှာလေ။

Junior Pond ပဲ ပြောပြော Pond မင်းနဲ့ တူတယ် မင်းသားကဆိုဆို Phuwin ရဲ့ ဂရုစိုက်မှုတွေအချိန်တွေကို မျှပေးရမယ်ဆိုတော့ ထို သားဦးလေးကို သူကြည့်မရတော့။

"စိတ်ထဲကနေ ကလေးနဲ့ Phu ကို ပြိုင်လုမယ် ကလေးလေးက ငါ့အပိုင်လို့ တွေးမနေနဲ့ Nara ဘာပဲဖြစ်ဖြစ် Nara ကို အချစ်ဆုံးပဲ ဟုတ်ပြီလား"

သူ့စိတ်တွေကို သိသည့်အလား ပြောသွားသည့်ကောင်လေးကြောင့် ပြုံးမိသွားသည်။

"တံခါးသွားဖွင့်လိုက်ပါအုံးး Nara"

သူတံခါးဖွင့်ပေးလိုက်တာနဲ့ သူတို့သားဦးလေးကို ချီကာ ဝင်လာသည့် Dunkနဲ့ သူ့ဦးလေး။

သူ့ဦးလေးရှိသည့်နေရာတိုင်း Dunk က ရှိနေတတ်ပြီး Dunk ရှိနေတတ်တဲ့ နေရာတိုင်းလဲ သူ့ဦးလေးကရှိနေတာမို့ နှစ်ယောက်တွဲမြင်ရတာ မထူးဆန်းတော့။

"Nara သားသားကို လာကြည့်ပါအုံး ချစ်စရာလေး "

"Omm ကိုယ့်ကလေးလေးလောက်တော့ ချစ်စရာမကောင်းဘူး"

"တော်ပါပြီ "

သူ့ကို မျက်စောင်းထိုးတဲ့ ကောင်လေးကိုလဲ အချစ်ပိုရပြန်သည်။

"Pond ဓာတ်ပုံရိုက်ပေးမယ် အဲ့တိုင်းလေနေ"

သူ့ဦးလေးက သူတို့ မိသားစု၃ယောက်ရဲ့ ပထမဆုံးပုံလေးကို  ရိုက်ပေးမှာမို့ Phuwin လေးကို ရင်ခွင်ထဲထည့်ကာ ခန္ဓာကိုယ်ကို နည်းနည်းကိုင်း၍ ပါးလေးကို နမ်း၍  post ပေးလိုက်သည်။

"တစ် နှစ် သုံး"

လှပတဲ့ ဓာတ်ပုံလေးနဲ့ အတူ လှပတဲ့ အမှတ်တရ က သူ့မှတ်ဉာဏ်ထဲ အမြဲစွဲကျန်နေမှာပါ။

မပိုင်ဆိုင်ရဘူးထင်တဲ့ ကောင်လေးကို ပိုင်ဆိုင်ခွင့်ရခဲ့သလို အခုဆို မိသားစုလေးတောင် ဖန်တီးနိုင်ခဲ့ပြီမို့ သူ့ဘဝမှာ နောင်တဆိုတဲ့ အရာဟာ ဘယ်တော့မှ ရှိလာတော့မည် မထင်။

. . . . . . END . . . . . .

Double Update 🥳🥳 နောက်ဆုံးမှာတော့ ဒါလေးလဲ ဇာတ်သိမ်းသွားပြီ  28ပိုင်းတောင် ရေးပေးထားပါတယ်။

ပထမဆုံး စဉ်းစားထားတဲ့ Plot နဲ့ ရေးတာတစ်ထပ်တည်းကျကျ အဆုံးသတ်သွားတဲ့ ficလေးပါ။

Vote လေးတွေပေးတဲ့ တစ်ဦးချင်းဆီရော comment ရေးပေးကြတဲ့ တစ်ဦးချင်းဆီရော ကျေးဇူးပါ။

There are no comments yet. Log in to be the first to leave a review!

Similar stories