22
17:46, 29 August 2025ဘန်ကောက်နဲ့ ချင်းမိုင်က လေယာဉ်နဲ့ သွားလျှင် 1နာရီခွဲတောင် မကြာတဲ့ ခရီးပေမယ့် သူ့စိတ်ထဲမှာတော့ အတော်ကြာနေသည်။
"ငါတို့ လမ်းခွဲလိုက်ပြီ သူဘန်ကောက်ပြန်လာရင် ငါ့ဆီမဟုတ်တော့ဘူး"
ဒီစကားတစ်ခွန်းနဲ့ သူဟာ ရှိသမျှအားအကုန်သုံးကာ ချက်ချင်း ချင်းမိုင်ကို သွားရန်ပြင်လိုက်သည်။
လမ်းခွဲလိုက်ပြီဆိုတော့ အနည်းဆုံး သူကြိုးစားခွင့်ရှိပြီမလား။သူ့ကို မောင်းထုတ်လဲ သူဟာ မရရတဲ့ နည်းနဲ့ Phuwin အချစ်တွေကို ရယူမယ်ဆိုတဲ့ စိတ်ဆုံးဖြတ်ပြီးသား။
သူ့ဦးလေးပေးတဲ့ လိပ်စာအတိုင်း ပို့ပေးရန် ကားငှား၍ ထွက်လာလိုက်သည်။
စိတ်ထဲမှာလဲ Phuwin ကို ပြောချင်တဲ့ စကားတွေကိုသာ စီနေမိသည်။
မြို့ပေါ်မှာမဟုတ်ပဲ နည်းနည်းလှမ်းတာမို့ နောက်ထပ် တစ်နာရီခွဲလောက် အချိန်ကုန်သွားပြန်တယ်။
သုံးနာရီဟာ ဘာမှ မဟုတ်ပေမယ့် သူ့အတွက်တော့ အကြာကြီးကြာနေသည်။
"အစ်ကိုလေး ဒါ အစ်ကိုလေး ပြောတဲ့လိပ်စာပဲ"
"ဟုတ် ကျေးဇူးပါ"
နောက်ဆုံးမှာတော့ သူ၏ ပျော်ရွှင်မှုရှိလေးရာသို့။
- - - - - - -
မကျဉ်းမကျယ် အိမ်လေးဟာ တိတ်ဆိတ်ကာ ပန်းပင်တွေနဲ့ လှပနေသည်။
"ဘယ်သူလဲ မသိဘူး"
အသံသေးသေးလေးလာရာကို ကြည့်မိတော့ ခြောက်နှစ်လောက် ဝန်းကျင် ကောင်လေးတစ်ယောက်။
"Phuwin ဆီလာတာ Phuwin ရှိလား"
"ရှိမယ် ထင်တယ် ခဏလေးနော် ခေါ်ပေးမယ်"
သေးသေးပုပုကလေးလေးက ချောင်းဟန့်ကာ
"Phi Phuwin !!!!! Phi Phuwin!!!!"
အနီးအနားက ဆယ်အိမ်လောက်တော့ အေးဆေးကြားရလောက်တဲ့ အသံနဲ့ အော်နေတဲ့ ကောင်လေးကြောင့် သူဟာ ပြုံးမိသွားသည်။
"အို ဟိုး Tin ဘာလို့ ဒီလောက်အော် မင်းအသံကြောင့် Hana လန့်နေပြီသိလား"
"Phi Phuwin က ဧည့်သည်လာနေတာမှာမသိတာ"
"ဧည့်သည်?? "
နှစ်ယောက်ထဲ စကားပြောနေရင်းက အခုမှ သူ့တည်ရှိနေမှုကို သတိရကြဟန်။
"Pond??"
"Phu - - - "
စိတ်ကူးထဲမှာ တွေ့ရင် စကားတွေအများကြီးပြောရန် ရည်ရွယ်ခဲ့ပေမယ့် တကယ်ဆုံတော့ ဘာစကားမှ ပြောမထွက်နိုင်ဖြစ်ရသည်။
"Tin ပတ်ဆော့မနေနဲ့ အိမ်ပြန်တော့ "
"သကြားလုံးလေးတော့ကျွေးလိုက် မပြန်ခင်"
"သွားကျိုးနေရင် ကြီးလာရင်မချောတော့ဘူး"
"Phi Phuwin က မကောင်းဘူး"
ကလေးနှစ်ယောက်ရန်ဖြစ်နေတာကို ကြည့်ပြီး သူနေရာမှာ ရပ်နေရင်းပြုံးနေမိသည်။
"ရော့ မုန့်ဖိုးယူသွား "
ဒီကလေးလေးရှင်းမှ စကားပြောရမှာမို့ အမြန်ဆုံးထွက်သွားဖို့ ဘတ်500 တန်တစ်ရွက် ထုတ်ပေးလိုက်သည်။
"ဟုတ် ကျေးဇူးပါ ဗျ လိုတာရှိ ခေါ်ခိုင်းနော်ဦးဦး"
Phuwin ကိုတော့ Phiလို့ ခေါ်ပြီး သူ့ကိုတော့ ဦးဦးလို့ ခေါ်တာမို့ ဒေါသနည်းနည်းတော့ ထွက်သွားမိသည်။
အရေးကြီးတာက Phuwin နဲ့ စကားပြောဖို့မို့ ထိုကလေးထွက်သွားတာနဲ့ Phuwin လက်ကို အပြေးဆွဲကာ
"Phu စကားပြောလို့ရမလား"
ခေါင်းညှိတ်ပြကာခြံတံခါး ဖွင့်ပေးတဲ့ ကောင်လေး။မတွေ့တာကြာသွားလို့များလားမသိ ခန္ဓာကိုယ်လေးက ပိုပိန်သွားကာ အသားတွေကလဲ ပိုဖြူလို့လာသည်။
"Pond အိမ်ထဲလာလေ မောလာရောပေါ့ တစ်ခုခုသောက်ဖို့ ယူပေးမယ်"
သူ့မျက်လုံးတွေကို ရှောင်ကာ ထွက်သွားဖို့ လုပ်နေတဲ့ ကောင်လေးကို ရင်ခွင်ထဲ လှမ်းဆွဲကာ ဖက်၍ ထားမိသည်။
စီထားတဲ့ စကားတွေဟာ အခုမှာတော့ မျက်ရည် အဖြစ်ပြောင်းသွားဟန် တူသည်။ရင်ခွင်ထဲထည့်ကာ လွတ်ထွက်သွားမှာ စိုးသည့်အလား ဖက်ထားမိသည်။
"Pond -"
ရင်ခွင်ထဲကနေမော့လာကာ သူ့မျက်ရည်တွေကို လက်နှစ်ဖက်နဲ့ သုတ်ပေးလာတဲ့ ကောင်လေးဟာလဲ မျက်ရည်တွေနဲ့။
"မငိုနဲ့"
"Pond ပိန်သွားတယ်နော် ဆံပင်တွေလဲရှည်လို့ မုတ်ဆိတ်တောင် မရိတ်နိုင်ဘူးလား"
"မသိဘူး ဘာမှမလုပ်ချင်ဘူး ကိုယ်က Phuကို တကယ် သတိရနေတာ"
"Pond "
"ဘာလဲ ထပ်ပြီး တွန်းထုတ်အုံးမလို့လား ကိုယ့်ကို မင်းအနားမှာပဲ နေခွင့်ပေးလို့မရဘူးလား ကိုယ့်ကို မယုံရင် ကိုယ်သတ်သေပြနိုင်ပါတယ် တစ်ခုပဲ ထားမသွားပါနဲ့ မင်းကို မမြင်ရရင်ကို မနေနိုင်တာမို့ ထပ်ပြီး အဝေးမှာ မထားပါနဲ့နော်"
"- - - "
"Phu ကိုယ် မင်းကို အရမ်းချစ်တယ် မင်းကိုမတွေ့ရ မမြင်ရတဒ့ အတွင်း ကိုယ်သိသွားတာက ကိုယ့်ဘဝမှာ မင်းမရှိရင် မဖြစ်တော့ဘူး ဆိုတာပဲ Phu မင်းကိုယ့်ကို ပြန်မချစ်နိုင်သေးလဲ - - - "
သူ့နှုတ်ခမ်းပေါ်ကျလာတဲ့ နှုတ်ခမ်းပါးအိအိလေး။
အင်း အနမ်းတွေဟာ မျက်ရည်တွေ ရောနေပေမယ့် ချိုမြိန်နေတဲ့ အနမ်းတွေ။ဒီကောင်လေးနဲ့ ပတ်သတ်သမျှ အကုန်လွမ်းတာမို့ အနမ်းတွေကိုလဲ တယုတယတုံ့ပြန်မိသည်။
"Phu"
"ရှူး စကားတွေပြောနေရတာ မမောဘူးလား Pond နားအုံး"
"ကိုယ့်ကို အဖြေလေးပေးပါကွာ ကိုယ် "
"အင်း ကျွန်တော်ကလဲ Pond ကို သဘောကျနေမိပြီထင်တယ်"
"တကယ်?? Phu ကိုယ်ပျော်လိုက်တာ"
နှုတ်ခမ်းပါးပါးကို အနမ်းထပ်ခြွေရန် ကပ်တဲ့အခါ သူ့နှုတ်ခမ်းလေးကို လက်နဲ့ကာကာ
"တစ်ခုခုစားဖို့ လုပ်လိုက်အုံးမယ် ရေချိုးအုံး လှေကားကနေ တတ်ရင် တစ်ခန်းထဲသော အခန်းတွေ့လား အဲ့ဒီအခန်း - - - "
"Phu နဲ့ တစ်ခန်းထဲနေမှာနော် Phu ကိုယ်ငွေ့လေးကို ခံစားပြီး အိပ်ချင်တာ"
"ပြောတာ ဆုံးအောင်နားထောင်ပါအုံး အဲ့အခန်းက ကျွန်တော့်အခန်း အဲ့မှာပဲ အိပ်ရမှာ ပစ္စည်းတွေထည့်ခဲ့ ရေချိုးပြီးလာခဲ့ ထမင်းစားမယ်"
ချစ်ရတဲ့ ကောင်လေးကို ရင်ခွင်ထဲထည့်ကာ အိပ်ရမည့်အတွေးကို တွေးမိရုံနဲ့တင် သူ့ရင်ထဲက အပူများကို ငြိမ်းအေးစေသည်။
ဆုတောင်းမိတယ် သူတို့နှစ်ယောက် ပေါင်းစည်းရဖို့ ဖူးစာရေးနတ်ဘုရားက ဒီလောက်ပဲ စမ်းသပ်ပါစေလို့။
TBC. . . . . . .
စာလုံးပေါင်းမှားရင် သည်းခံပေးပါအုံး။ထင်မြင်ချက်လေးတွေပေးခဲ့ပါအုံးနော်ʕっ•ᴥ•ʔっ
တကယ်က အသစ်လေးတစ်ခုရေးထားတာရှိတယ်ပေါ့နော် အခုတင်ရမလား နှစ်ကုန်မှ တင်ပေးရမလား ( ˘ ³˘)♥
There are no comments yet. Log in to be the first to leave a review!





