21
17:46, 29 August 2025ဘန်ကောက်ရဲ့ လေနွေးနွေးက သူ့ကို ခဏတာ စိတ်လုံခြုံမှုပေးသော်လည်း မသိစိတ်ထဲမှာ တစ်ခုခုဖြစ်တော့မည်ဟု ခံစားနေရသည်။
တစ်ခုခုကို ဆုံးရှုံးရတော့မယ့် ခံစားချက်မျိုး သူရနေသည်။
သူ့မှာ ဘာတွေများ ဆုံးရှုံးစရာရှိလို့လဲ။
"Joong"
"ဟုတ် မေမေ"
"Phuwin ကို သွားခေါ်မလို့ဆို "
"ဟုတ်တယ်"
"သွားလေ ဘာလဲ မေမေ့ကို စိတ်မချလို့လား"
"ဟုတ်တယ် မေမေရောဂါ တည်ငြိမ်မှပဲ"
"သွားလိုက်ပါ မေမေအဆင်ပြေတာမို့ ဒါဆို မနက်ဖြန် လိုက်သွားမယ်နော်"
"သွားပါ သွားပါ လွမ်းနေတာမလား"
ဘန်ကောက် ပြန်ရောက်ထဲက သူတွေ့ချင်တဲ့ မျက်နာလေးအား မမြင်ရသေး။ပုံမှန်ဆို လာတွေ့တဲ့ Pond ကလဲ ရောက်မလာတာမို့ ဖုန်းခေါ်ကာ ဆက်သွယ်ကြည့်ပေမယ့် သူ့ဖုန်းတွေကို မကိုင်ခဲ့ပါ။
- - - - - - -
ဘန်ကောက်နဲ့ ချင်းမိုင်ရဲ့ အလှက အတော်ကွာသည်။တိုက်ကြီးတွေနဲ့ ခေတ်မှီကာ လူစည်းကားတဲ့ ဘန်ကောက်နဲ့ စိမ်းစိမ်းစိုစိုအပင်တွေ တောင်တန်းတွေ ပေါကာ လတ်ဆတ်တဲ့ လေပြေတွေ တိုက်ခတ်တဲ့ ချင်းမိုင်က မတူညီတဲ့ ပုံမျိုးနဲ့ လှကြသည်။
ချင်းမိုင်က ကော်ဖီဆိုင်လေးက သူပိုင်နေတုံးပေမယ့် အရင်လို ကိုယ်တိုင်မစောင့်ကြည့်နိုင်တော့။
"Phu ကိုယ်ရောက်နေပြီ"
"ကျွန်တော်လာနေပြီနော် ကားကြုံက လမ်းမှာ ပျက်နေလို့ နည်းနည်းကြာတာ"
Phuwin က အမြဲ ဒီလိုပါပဲ။ချင်းမိုင်က သူ့အိမ်မှာ လာနေပါလို့ ခေါ်ပေမယ့် လာလည်ရုံသာ လာလည်သည်။Phuwin ပိုင်တဲ့ အိမ်လေးက ရွာဘက်မို့ မြို့ပေါ်လာဖို့ အနည်းငယ်လှမ်းသည်။
ကျောင်းတတ်တုံးက ကျောင်းအဆောင်မှာ နေကာ ကော်ဖီဆိုင်မှာ အလုပ်ဆင်းသည်။ကျောင်းပြီးတော့လဲ တစ်ယောက်တည်းငှားနေပြန်သည်။
သူ့ကို တစ်ခါမှ မမှီခိုခဲ့။
အခုလဲ သူပိုင်တဲ့ ရွာဘက် အိမ်လေးမှာ နေပြန်သည်။သူဒီကောင်လေးအကြောင်း တွေးနေတုံးမှာပဲ အင်္ကျီလိမ္မော်နီလေးကို ဘောင်းဘီတို အဖြူလေးနဲ့ ဝတ်လာတဲ့ ကောင်လေး ကြယ်သီးနှစ်လုံးလောက် ဖြုတ်ထားတာမို့ လည်ပင်းဖွေးဖွေးလေးအား မြင်နေရသည်။
ထူးခြားတာက သူပေးထားတဲ့ ဆွဲကြိုးလေး ဆွဲမထားတော့တာပဲ။
"Archen စောင့်ရတာ ကြာသွားပြီလား"
"မကြာသေးဘူး ချင်းမိုင်ပြန်ရောက်ပြီး အသားတွေ ပိုဖြူလာတယ်နော် Phu"
"ထင်လို့ပါ တကယ်က အသားက ညိုချင်လာတာ"
"မညိုပါဘူး ဒါနဲ့ လက်ထဲက ဘာတွေလဲ"
"ဆေးကုန်ပြီလေ ပန်းချီတွေအဆွဲများပြီး"
"ကိုယ့်ကိုယ်ကို ဂရုစိုက်အုံးနော် ဒီမှာထိုင် ကိုယ် နို့အေးလေး မှာပေးထားတယ်"
ခေါင်းညှိတ်ပြကာ ထိုင်လာတဲ့ကောင်လေး သူကတော့ မျက်လုံးများ အကြည့်မှားလားလား ဆိုကာ ဆွဲကြိုးကို သေချာရှာကြည့်မိသည်။
"Phu "
"ဟိုဟာ "
"ပြောလေ Archen"
"ဆွဲကြိုး မဆွဲထားဘူးနော် Phu"
"အာ Pond နဲ့ မတွေ့ရသေးဘူးလား"
"ဆက်သွယ်မရဘူး "
"အော် - - - Archen ဆွဲကြိုးက Pond ဆီမှာ ပြန်ပေးခဲ့ပြီ"
"ပြန်ပေးတယ် ?"
"Archen အန်တီ နေကောင်းပြီလား ဟင်"
"အင်း တော်တော်လေး သက်သာနေပါပြီ"
"တော်သေးတာပေါ့ Archen ငါတို့ လမ်းခွဲရအောင်"
"Phu ဘာလို့လဲ ကိုယ် ဘာမှားလုပ်မိလို့လဲ"
"Archen မမှားပါဘူး မှားလဲ ငါပဲမှားတာ ငါ - - - ငါ"
"ဘာလဲ တကယ်ချစ်ရမယ့်လူတွေ့သွားတာလား"
"Archen - - - "
"Phu ကိုယ့်ကို မချစ်တာ ကိုယ်သတိထားမိပါတယ် ဒါပေမယ့် အနေနီးရင် သံယောဇဉ်တွေများပြီး ခံစားချက် တိုးလာမယ် ကိုယ်ထင်ခဲ့တာ"
"မဟုတ်ဘူး Archen ငါမင်းကို ချစ်ခဲ့ပါတယ်"
"အစ်ကို တစ်ယောက်ကို ချစ်သလို အားကိုးတာ စိတ်လုံခြုံမှုခံစားရတာ မျိုးမလား"
"- - - - "
သူပြောတာ အမှန်တွေမို့ သူ့ကို အားနာနေပုံရသည် ခေါင်းငုံ့ထားတဲ့ ကောင်လေး။
"Phu ကိုယ့်နားမှာ မနေချင် ကိုယ်မဆွဲထားပါဘူး"
"- - - - "
"အခုလို ပွင့်လင်းပေးလို့ ကျေးဇူး"
"Archen ကတိ တစ်ခုပေးမလား"
"ကိုယ်မတည်နိုင်တဲ့ အရာမျိုးတော့မပေးဘူး ဥပမာ Phu ကို မချစ်ခဲ့ဖူးသလို မေ့ပစ်လိုက်ရတာမျိုးပေါ့"
"မဟုတ်ပါဘူး ဘာပဲပြောပြော Archen က ကျွန်တော့်အချစ်ဦး ပါပဲ ကျွန်တော်ပြောချင်တာက Archen လက်ကျန်ဘဝကို ပျော်အောင်နေသွားဖို့ပဲ"
"Omm ဒါတော့ ကိုယ်ကတိပေးတယ်"
ဘာကြောင့်မှန်းမသိ လမ်းခွဲခြင်းကို ဝမ်းနည်းတယ်လို့ တအား မခံစားမိ။
သေချာတာကတော့ သူတို့နှစ်ဦးရဲ့ ပတ်သတ်မှုဟာ ဒီမှာ တစ်ခန်းရပ်ခဲ့ပြီ ဆိုတာပါပဲ။
ဆုံးရှုံးရပေမယ့်လဲ သူပျော်နေပါစေ။ကိုယ်လဲ ပျော်ရပါစေလို့သာ စိတ်ထဲမှာ တွေးမိနေသည်။
- - - - - - -
ချင်းမိုင်က ပြန်လာပြီးနောက် Pondဆီအပ်ခဲ့တဲ့ Phuwin ရဲ့ ဆွဲကြိုးလေးကို ယူရန် ထွက်လာခဲ့သည်။ပြန်ရောက်ပြီးထဲက မမြင်ရတဲ့အပြင် မရီးရဲ့ အလိုမကျမှု အပြစ်တင်သံတွေသာ ကြားနေရသည်။
အလုပ်ကိုပါ မလာတော့လို့ သူကိုယ်တိုင်တောင် အလုပ်တွေ ဝင်လုပ်ရတဲ့အထိ Pond ဟာ ပျက်ကွက်လာသည်။
Pond တစ်ယောက်ထဲနေရန် ဝယ်ထားတဲ့ ကွန်ဒိုတံခါးကျု လာခေါက်တဲ့အခါ ထွက်လာတဲ့လူဟာ သူ့တူမှ ဟုတ်ပါရဲ့လားဟု ပြန်တွေးရသည်အထိ။
"ဘာလာလုပ်တာလဲ"
"Phuwin ပေးခဲ့တဲ့ ပစ္စည်း လာယူတာ"
"အော် ခဏ"
"ရော့ "
သူ့လက်ထဲ ထည့်ပေးတဲ့ ဘူးလေးကို ကြည့်တော့ မေမေက သူလက်ထပ်မယ့်လူကို ပေးဖို့ ပေးခဲ့တဲ့ ဆွဲကြိုးလေး။
"Phu - - - Phuwin ရော"
မျက်လုံးနီတွေနဲ့ ရပ်နေတဲ့ သူ့တူဆီက ထွက်လာတဲ့စကား။
"ချင်းမိုင်မှာပဲ"
"ပြန်လိုက်မလာဘူးလား"
"ငါတို့ လမ်းခွဲလိုက်ပြီ သူဘန်ကောက်ပြန်လာရင် ငါ့ဆီမဟုတ်တော့ဘူး"
"လမ်းခွဲတယ်??? "
"ဟုတ်တယ် ဘာလို့လဲ"
"Phu- - - Phuwin ဘယ်မှာနေလဲ ပြောပြပေးနိုင်မလား"
"Pond မင်းတို့ကြား ဘာဖြစ်ထားလဲ ငါမသိဘူး ငါပြောချင်တာက မင်းတစ်ခုခုဆို မင်းအမေက Phuwin ကို လက်မခံနိုင်တာ ထည့်တွေးရမယ်"
"သူဘာလုပ်နိုင်မလဲ စွန့်ပစ်မှာလား လုပ်ချင်တာလုပ် လုပ်ပါ ဦးလေးရာ Phuwin အခု နေနေတဲ့ လိပ်စာလေးပေး"
သူ့လက်ထဲ ကြီးပြင်းလာတာ မြင်ခဲ့ရတဲ့ ကလေးမို့ ဒီလောက် သွေးပျက်တာ မမြင်ဖူးခဲ့တာမို့ Phuwin လိပ်စာပေးမိသည်။
"သွားမယ်ဆို မင်း ကားမမောင်းနဲ့ လေယာဉ် ဒါမှမဟုတ် ကားလက်မှတ်ဖြတ်ပြီးသွား ကြားလား"
"ဟုတ်ကဲ့ - - - - - - - ကျေးဇူး"
သူ့စိတ်ခံစားချက်အရ Pond နဲ့ Phuwin ကြားမှာ ရှိတဲ့ တစ်ခုခုကို ခံစားရမိပေမယ့် သူဘာများတတ်နိုင်မှာလဲ သူဟာ လက်လွှတ်ပေးလိုက်ကာ ကိုယ့်ပျော်ရွှင်မှု ကိုယ်ရှာတော့မယ်လို့ ဆုံးဖြတ်ပြီးပြီမလား။
TBC...........
There are no comments yet. Log in to be the first to leave a review!





