18
17:46, 29 August 2025Pond Naravit ရဲ့ ဘဝမှာ ဘာကိုမှ မတပ်မက် မမက်မောဘူးခဲ့ပေမယ့် Phuwin ကို တွေ့တဲ့ အခါမှာတော့ အရာအားလုံးဟာ ပြောင်းလဲလာရသည်။
သူ့အတွက် Phuwin ကို ပိုင်ဆိုင်ချင်လွန်းလို့ ရူးမလိုခံစားရတဲ့ခံစားမှုဟာ မျက်နာလေးကို မြင်ပြီး 3စက္ကန့်အတွင်း ဖြစ်ပေါ်လာကာ နေ့ရက်တိုင်းပိုမို၍ ပိုင်ဆိုင်ချင်စိတ်များ ကြီးထွားလာရသည်။
ထိုကောင်လေးနဲ့မှ နမ်းဖူးတာ မဟုတ်ပေမယ့် ဒီအနမ်းကို သူဟာ ရူးမတက် စွဲလမ်းသွားသည်။ဒီနှုတ်ခမ်းပါးလေးဟာ အတော်ချိုမှန်း သိသွားပြီးနောက် သူ့မှာရှိတဲ့အရာအကုန် သူပိုင်ရမယ့် ပစ္စည်းတွေ အကုန်နှင့်တောင် လဲပစ်ချင်မိသည်။
တစ်နေကုန်ခေါင်းထဲက ထုတ်မရတဲ့အထိ စွဲလမ်းနေတဲ့ နှုတ်ခမ်းပါးတွေမို့ စကားပြောရင်တောင် စေ့စေ့မကြည့်ရဲ။
တကယ်အချစ်နဲ့တွေ့တော့ သူဟာ ဆယ်ကျော်သက်အရွယ်ကလေးတစ်ယောက်လို ရှက်ကာနေမိသည်။
ထမင်းစားချိန် တစ်ချိန်လုံးနှောက်ယှက်နေတဲ့ အိမ်ရှေ့က တံခါးက မဖိတ်ထားတဲ့ ဧည့်သည်က မျက်စိ အရှေ့က ကောင်လေးရဲ့ အလှတွေကို ခံစားနေတဲ့ သူ့ကို စိတ်အနှောင့်အယှက်ပေးလွန်းသည်။
@MOM Pondငါ့ချွေးမကိုတံခါးသွားဖွင့်ပေးလိုက်။
SHIT တကယ် စိတ်ရှုပ်စရာ နာမည်တောင်မသိတဲ့ ဒီမိန်းကလေးကို အရေးတယူ အိမ်ထဲခေါ်ရအုံးမည်။
Phuwin က သူ့ဧည့်သည်ဟုထင်ကာ အခန်းထဲဝင်ဖို့ လုပ်နေသည်။
"အာ ပါဆယ်တွေ မှာစားနေတာလား အန်တီက အဲ့ဒါကြောင့် ပြောလိုက်တာနေမယ် khun ကို သွားပြီး ဂရုစိုက်ပေးဖို့ ဒီမှာ ကြည့် ဟင်းချက်စရာတွေဝယ်လာတယ်"
အိမ်ထဲဝင်လာတာနဲ့ စကားသံညုတုတုက စလာသည်။မနိုင်မနင်းသယ်လာတဲ့ အထုတ်တွေကို မြှောက်ပြကာ စကားပြောနေတဲ့ပုံကိုက မျက်စိထဲ ကန့်လန့်လိုဖြစ်နေသည်။
"မလိုဘူး"
"ဟာ အားမနာပါနဲ့ တို့တွေလက်ထပ်ပြီးရင်လဲ ဂရုစိုက်ပေးရမှာပဲလေ "
"ဒီမှာ အမေ့စာကြောင့် အိမ်တံခါးဖွင့်ပေးတာ ပြီးတော့ တစ်ယောက်ထဲမနေဘူး ကျွန်တော့်ချစ်သူနဲ့နေတာ"
အခန်းထဲ မဝင်ရသေးတဲ့ ကောင်လေးရဲ့ ခါးကိုဆွဲကာ ပြောမိသည်။ခါးသိမ်သိမ်လေးက သူ့လက်နဲ့ လုံးဝ အံဝင်ကွင်ကျစွာ။
"တွဲချင်တဲ့လူနဲ့တွဲလေ အန်တီက တို့နဲ့ပဲ လက်ထပ်ပေးမှာတဲ့"
အရင်ကတော့ အမေစီစဉ်ပေးတဲ့လူနဲ့ လက်ထပ်ဖြစ်ချင်ဖြစ်လိမ့်မည်။အခုတော့မဟုတ်။
အခုသူက Phuwin မှ Phuwin ဖြစ်နေသည်။Phuwin ကို ရင်ထဲပိုက်ပြီး တခြားလူနဲ့ သေတဖန်သက်တဆုံး နေထိုင်သွားရန် ယုံကြည်ချက်မရှိ။
အကယ်၍ Phuwin နဲ့သာ မဟုတ်ခဲ့လျှင် ဒီဘဝတော့ တစ်ယောက်တည်း အထီးကျန်စွာနေထိုင်ရန်အထိ ဆုံးဖြတ်မိသည်။
"ဟုတ်လား ကျွန်တော့်ချစ်သူမှမဟုတ်ရင် ဘာလက်ထပ်မှုမှမရှိစေရဘူးလို့ ဆုံးဖြတ်ထားတာမို့ အခုချထားတဲ့ အထုတ်တွေ ပြန်ကောက်ပြီး လာရာလမ်းအတိုင်း ပြန်လှည့်လိုက်ပါ"
အထုတ်တွေပိုက်ကာ ဒေါသထွက်၍ ထွက်သွားတဲ့ မိန်းမက တံခါးကို စောင့်ပိတ်ကာ ထွက်သွားသည်။ဒီမိန်းမကို သူ့တံခါးပျက်သွားရင်လျော်ကြေးတောင်းသင့်လား။
သိပ်မကြာခင်မှာ မွေးမိခင်က သူ့ကို ဖုန်းဆက်ကာ သူရွေးချယ်ထားတဲ့ ချွေးမကို နှင်ထုတ်မိလို့ ဆုံးမဩဝါဒတွေချွေတော့မည်မှာ အသေချာပင်မို့ ဖုန်းကို ပိတ်ထားလိုက်ရသည်။
ခါးသိမ်သိမ်လေးဆီက လက်ကို အခုထိ မခွာမိသေး။
__________
"Pond အဆင်ပြေရဲ့လား"
သူ့မျက်နာက စိတ်ရှုပ်ဟန်တွေကြောင့် သူ့ဘေးက ကောင်လေးက စိုးရိမ်တကြီးမေးလာသည်။
ဟင့်အင်း မပြေဘူး Phuwin ကို မပိုင်ဆိုင်ရသေးလို့ အဆင်မပြေဘူးလို့သာ ပြောချင်သည်။
ခါးလေးကို ဆွဲလှည့်ကာ မျက်နာချင်းဆိုင်အနေထား အဖြစ်သို့ ရောက်စေပြီး မျက်စိရှေ့ကကောင်လေး၏ ပခုံးပေါ် မျက်နာအပ်ကာ ကိုယ်သင်းရနံ့ကိုရှူရှိုက်မိသည်။
ပွင့်နေတဲ့ အခန်းတံခါးအရ ကောင်လေးက သူ့မွေးရပ်ကို ပြန်ရန် အထုတ်ထုတ်နေမှန်း ခံစားမိသည်။
"Phuwin"
မျက်နှာချင်းဆိုင်ကာ တစ်သက်နောင်တမရစေမည့် ရင်ထဲက စကားများပြောရန် ဆုံးဖြတ်ချက်ချလိုက်သည်။
"Ommm"
"မပြန်ပါနဲ့လား ပြီးတော့ ဦးလေးနဲ့လည်း လက်မထပ်နဲ့တော့"
"ဟမ်"
အံ့ဩသွားဟန် မျက်နာဖြစ်သွားတဲ့ ကောင်လေးအား ဒီနေရာမှာတင် သူ့အပိုင်အဖြစ် သိမ်းလိုက်ချင်သည်။
"စတွေ့ထဲက ဒီစကားပြောချင်ခဲ့တာ ကိုယ် Phuwin ကို သဘောကျတယ် အများကြီးချစ်ပေး အများကြီးဂရုစိုက်ပေးမှာမို့ ကိုယ့်ကောင်လေးပြောင်းလုပ်ပေးလို့မရဘူးလား"
"Pond "
"ရှူး နားထောင်ပေးပါ ကိုယ်ပြောတာ ကိုယ်မဖြစ်နိုင်တော့ဘူးလား ကိုယ်အချိန်နောက်ပြန်လှည့်ပြီး Phuwin နဲ့ အရင်ဆုံခဲ့မယ် ဆိုရင်ရော ကိုယ်ဖြစ်နိုင်မလား"
"Pond ဒီတိုင်းပဲ ရင်းနှီးသွားလို့ ခံစားချက်တွေ ဝေဝါးတာမျိုး - - - "
ခံစားချက်ဝေဝါးရအောင် သူက ကလေးတစ်ယောက်မဟုတ်။
မြှီးကောင်ပေါက်အရွယ် ကလေးတစ်ယောက်ကသာ စိတ်ကစားမည်။Pond Naravit က တော့ Phuwin Tangကို အတည် မေတ္တာရှိကာ ငြိတွယ်နေမိပြီဖြစ်သည်။
နှုတ်ခမ်းလှလှက ဘာစကားမှ ထပ်မထွက်ခင် တရှိုက်မက်မက်နမ်းမိသည်။အနမ်းတွေကို ပြန်တုံ့ပြန်လာပေးတာမို့ ကြာရှည်တဲ့ အနမ်းတစ်ခုအဖြစ် ဖန်တီးမိကြသည်။
"Pond ကျွန်တော်တို့ မဖြစ် - - - - "
ဒီနှုတ်ခမ်းလေးက နမ်းပြီးရင်း နမ်းချင်လာအောင် လုပ်နိုင်သည်။လွှတ်ပေးတာနဲ့ သူ့ကို ငြင်းဆန်ရန်ကြိုးစားနေတဲ့ နှုတ်ခမ်းများအား နောက်တစ်ကြိမ်ပြန်လည်၍ နမ်းရှိုက်မိပြန်သည်။
ဒီလိုခံစားချက်၊ဒီလိုအနမ်းမျိုးကို သူ့အတွက် Phuwin ကသာပေးစွမ်းနိုင်တာမို့ ဘာနည်းနဲ့ရရ ဘာပဲစွန့်လွှတ်ပြီး လဲရလဲရ Phuwin ကို ဘယ်သူ့ကိုမှ မပေးနိုင်တော့ဟု တွေးမိသည်။
ဒီညရဲ့ အဓိက ဆုံးဖြတ်ချက်ကတော့ Phuwin က သူ့ကို ငြင်းနေသ၍ နှုတ်ခမ်းပါးလေးကို ဖူးယောင်နေအောင် နမ်းပစ်မယ် ဆိုတာပဲ။
TBC..........
အမှားပါ ခွင့်လွှတ်ပေးပါအုံး
There are no comments yet. Log in to be the first to leave a review!





