17
17:45, 29 August 2025Satang စကားတွေဟာ မှန်သလား မှားသလား သူမဆုံးဖြတ်တတ်။သူ့အတွေးထဲမှာတော့ အကယ်၍ သူဟာ တကယ်ကြီး Pond ကို သဘောကျနေခဲ့လျှင် ဒါက သူ Archen ကို ဖောက်ပြန်နေတာပဲ မဟုတ်လား။
သိသိသာသာ မှိုင်သွားတဲ့ သူ့ကို နောက်မှရောက်လာတဲ့ Winny က
" အာ ဘာတွေပြောနေလို့ ဒီလောက် မှိုင်နေတာလဲ"
သူပြန်မဖြေနိုင်ခင်မှာပဲ Satang က သူ့အစား ဖြေပေးပြီးနှင့်ပြီ။
"Phuwin ငါ့အထင်တော့ Archen ဆိုတဲ့လူကက မင်းရဲ့ အချစ်ဦးပဲသိလား မင်းကံကောင်းတယ် အချစ်ဦးနဲ့ ရည်းစားဖြစ်ခွင့်ရ ဒါပေမယ့် ငါက ငါ့babyလို မင်း Pond ကို တကယ်သဘောကျမကျ မပြောတတ်ဘူး မင်းမှာ ဘယ်သူနဲ့မှ ထိတွေ့ဆက်ဆံတာမရှိဘူးလို့ ဒီလို ခံစားချက်ဖြစ်လာလဲ ဖြစ်နိုင်တာပဲ မင်းပြန်တော့မှာမလား တကယ်လို့ မင်းလွမ်းတာက Archen ဆို မင်းက Pond ကို ဒီလိုပဲ ခင်တွယ်တာမျိုး ဖြစ်မှာပါ ပေါ့ပေါ့ပါးပါးတွေး ခံစားချက်ဆိုတာ ငါတို့ ထိန်းချုပ်မရဘူး"
တကယ်တော့ Winny ပြောတာဟာလည်း ဟုတ်သည်။သူ့မှာ တရင်းတနှီးဆက်ဆံဖူးတဲ့ လူဟာ လက်ချိုးရေလို့ရသည်မို့ ခံစားချက်တွေ ထွေပြားလာတာ ဖြစ်နိုင်သည်။
"ရုပ်မပျက်နဲ့ Khun Pond လာပြီ"
Satang ရဲ့ စကားမှာ သူဟာ အတွေးတွေ လွင့်မသွားအောင် စုစည်း၍ နေရန်ပြင်ဆင်ရတော့သည်။
"Phuwin ပြန်တော့မလား နေအုံးမလား"
စားပွဲကို ရောက်လာတာနဲ့ နေရာမှာ မထိုင်ခင် သူ့သဘောကို မေးတဲ့ Pond ရဲ့ မျက်နာကို မကြည့်ဝံ့။ခပ်ရှုပ်ရှုပ်ခံစားချက်က မျက်နှာချင်းဆိုင်ဖို့ တွန့်ဆုတ်စေတာအမှန်။
"ပြန်မယ်လေ အိမ်ပြန်ဖို့ ပစ္စည်းတွေထည့်ရအုံးမှာ"
"Aww ommm သွားကြမယ်လေ"
အရင်နေ့တွေကထပ်တောင် တိတ်ဆိတ်သွားတဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး။Pondက ပုံမှန်ပေမယ့် ခပ်ရှုပ်ရှုပ်ခံစားချက်နဲ့ သူ့မှာသာ ပုံမှန်ထပ် အတွေးပိုရသည်။
--------------
ပြန်စရာကိစ္စရှိသေးတာမို့ အထုတ်တွေပြင်နေတာနဲ့ ညနေစာစားဖို့ ပြင်ရန်နောက်ကျသွားသည်။သူအခန်းပြင်ထွက်ကာ မီးဖိုချောင်ထဲဝင်တော့ Pond က တစ်ခုခု ပြင်နေသည်။
"Phuwin လာခေါ်မလို့ပဲ ညနေစာမှာထားတယ်"
"ပစ္စည်းထည့်ရင်း နာရီမကြည့်မိလို့"
ပါဆယ်ဘူးတွေ ဖွင့်ရင်း စားဖို့ ပြင်ပေးနေသည့် Pondက ဘောင်းဘီအတို Shirt အမဲနဲ့ ပေါ့ပေါ့ပါးပါးပုံစံပေမယ့် အရမ်းကြည့်ကောင်းနေပြန်သည်။
အိမ်ရှေ့တံခါးခေါက်သံကြောင့် Pond ရဲ့မျက်နာဟာ အလိုမကျဟန် ဖြစ်သွားသည်။
"သွားဖွင့်လိုက်မယ်"
"မသွားနဲ့ထားထားလိုက် လုံခြုံရေးခေါ်ပြီး ရှင်းခိုင်းထားတယ်"
စကားမပြောပဲ ထမင်းပဲ စားနေတဲ့ ထမင်းဝိုင်းရဲ့ တိတ်ဆိတ်မှုကို Pondဖုန်းကို ဝင်လာတဲ့ စာတစ်စောင်ကြောင့် ဒေါသထွက်ကာ တံခါးသွားဖွင့်တော့သည်။
စားလို့ ပြီးသလောက်ဖြစ်ပြီမို့ သိမ်းစရာရှိတာတွေ သိမ်းနေတုံး အိမ်ထဲကိုဝင်လာတဲ့ ဆူညံမှုကြောင့် အိမ်ရှေ့ကို ခေါင်းပြူကာ ကြည့်မိသည်။
သူနဲ့မဆိုင်တဲ့ ကိစ္စမို့ စားလက်စတွေ လက်စဖြတ်ကာ အခန်းထဲဝင်ရန် ပြင်နေတုံးမှာ မီးဖိုထဲရောက်လာတဒ့ အမျိုးသမီး။
"အာ ပါဆယ်တွေ မှာစားနေတာလား အန်တီက အဲ့ဒါကြောင့် ပြောလိုက်တာနေမယ် khun ကို သွားပြီး ဂရုစိုက်ပေးဖို့ ဒီမှာ ကြည့် ဟင်းချက်စရာတွေဝယ်လာတယ်"
အထုတ်တွေပြကာ ပရော်ပရည်ပြောနေတဲ့ အမျိုးသမီးကြောင့် သူ့စိတ်ထဲ အလိုမကျဖြစ်သွားတာဟာ အမှန်။
"မလိုဘူး"
"ဟာ အားမနာပါနဲ့ တို့တွေလက်ထပ်ပြီးရင်လဲ ဂရုစိုက်ပေးရမှာပဲလေ "
"ဒီမှာ အမေ့စာကြောင့် အိမ်တံခါးဖွင့်ပေးတာ ပြီးတော့ တစ်ယောက်ထဲမနေဘူး ကျွန်တော့်ချစ်သူနဲ့နေတာ"
သူ့ခါးကို ဆွဲဖက်ကာ စကားဆိုလာတဲ့ Pond ကြောင့် သူ့မှာမနေတတ်တော့။
"တွဲချင်တဲ့လူနဲ့တွဲလေ အန်တီက တို့နဲ့ပဲ လက်ထပ်ပေးမှာတဲ့"
"ဟုတ်လား ကျွန်တော့်ချစ်သူမှမဟုတ်ရင် ဘာလက်ထပ်မှုမှမရှိစေရဘူးလို့ ဆုံးဖြတ်ထားတာမို့ အခုချထားတဲ့ အထုတ်တွေ ပြန်ကောက်ပြီး လာရာလမ်းအတိုင်း ပြန်လှည့်လိုက်ပါ"
Pond ရဲ့ စကားအဆုံးမှာ ချာကနဲ လှည့်ထွက်သွားတဲ့ အမျိုးသမီးကို ကြည့်ရင်း သူ့မှာ ဘာစကားမှ ဝင်မဆိုဖြစ်။
ထိုအမျိုးသမီးမြင်ကွင်းထဲက ပျောက်သွားတဲ့ အထိ သူ့ရဲ့ခါးကို Pond က မလွှတ်ပေးသေး။ပို၍တောင် တင်းကြပ်နေအောင် ဖက်လာသေးပြန်သည်။
---------------
"Pond အဆင်ပြေရဲ့လား"
သူ့ခါးကို ဖက်ထားတာ မလွှတ်သေးပဲ ရပ်နေတာ ကြာလာပြီမို့ မေးတော့ သူ့ကို လှည့်၍ ဖက်ကာ သူ့ပခုံးပေါ် မျက်နာ အပ်၍ နေနေသည်။
ဘာကြောင့်မှန်းမသိ Pond ဝမ်းနည်းနေတယ်၊စိတ်အားငယ်နေတယ်လို့ ခံစားရတာမို့ ကျောကုန်းကိုပွတ်ကာ နှစ်သိမ့်နေမိသည်။
"Phuwin"
သူ့ပုခုံးပေါ်ကနေ မျက်နာခွာသွားတာနဲ့ သူ့မျက်နာကို တည့်တည့်ကြည့်ကာ စကားပြန်ဆိုလာသည်။
"Ommm"
"မပြန်ပါနဲ့လား ပြီးတော့ ဦးလေးနဲ့လည်း လက်မထပ်နဲ့တော့"
"ဟမ်"
"စတွေ့ထဲက ဒီစကားပြောချင်ခဲ့တာ ကိုယ် Phuwin ကို သဘောကျတယ် အများကြီးချစ်ပေး အများကြီးဂရုစိုက်ပေးမှာမို့ ကိုယ့်ကောင်လေးပြောင်းလုပ်ပေးလို့မရဘူးလား"
"Pond "
"ရှူး နားထောင်ပေးပါ ကိုယ်ပြောတာ ကိုယ်မဖြစ်နိုင်တော့ဘူးလား ကိုယ်အချိန်နောက်ပြန်လှည့်ပြီး Phuwin နဲ့ အရင်ဆုံခဲ့မယ် ဆိုရင်ရော ကိုယ်ဖြစ်နိုင်မလား"
"Pond ဒီတိုင်းပဲ ရင်းနှီးသွားလို့ ခံစားချက်တွေ ဝေဝါးတာမျိုး - - - "
စကားမဆုံးခင်မှာပဲ သူ့နှုတ်ခမ်းပေါ်ရောက်လာတဲ့ အထိအတွေ့။နှုတ်ခမ်းချင်းအထိမှာ မနေ့ညက ကိစ္စအချို့ မျက်လုံးထဲ ပြန်မြင်ယောင်လာသည်။
ဘုရားရေ ညက အိပ်မက်မဟုတ်ပဲ သူတို့ နမ်းနေခဲ့ကြတာလား။
Pond ကို တွန်းထုတ်ပေမယ့် အချည်းအနှီးသာ။နောက်ဆုံးမှာတော့လဲ သူကိုယ်တိုင် လိုလိုလားလား တုံ့ပြန်တဲ့ အနမ်းတစ်ခုဆီသို့ ။
_-_-_-_-_-TBC-_-_-_-_-_
ဖတ်သွားတာပေါ့သွားရင်ဆောရီးပါ။
အမြန်ဆုံးပြန်လာပါမယ်🥺😘❣️
There are no comments yet. Log in to be the first to leave a review!





