Fanfics

14

17:45, 29 August 2025

Phuwin ဆိုတဲ့ ကောင်လေးဟာ ရိုးသားသလို လူတွေအပေါ်လဲ အလွန်ခင်တတ်သည်။သူ့အရင်နေခဲ့တဲ့ အိမ်နားက ကလေးတွေကို မမေ့မလျော့ အရုပ်ဝယ်ဖို့ သတိရတဲ့အပြင် ကလေးတွေ လိုမယ့် စာရေးကိရိယာတချို့ကိုပါ ဝယ်သွားပေးသည်။

ဒီလိုလေးတွေကြောင့် ဦးလေးက သဘောကျသွားတာ ဖြစ်နိုင်သည်။စတွေ့ထဲက အခုထိ အတွေးတွေထဲမှာ Phuwin ကို ပိုင်ဆိုင်ချင်စိတ်တွေသာ ပြည့်နှက်နေသည်။ဘယ်လိုမှ ချိုးနှိမ်၍မရ။

"အိုးဟိုး ငါတို့ရဲ့ အရှက်တတ်ဆုံးလေးက နောက်ဆုံးတော့ ရည်းစားရသွားခဲ့ပြီပဲ"

သူတို့နှစ်ယောက်ကို အထင်လွဲသွားတဲ့ Phuwin သူငယ်ချင်းရဲ့ စကားမှာ သူဟာ အလိုလိုနေရင်း ပြုံးမိသွားတယ်။သူ့အပြုံးတွေကို Phuwin မြင်သွားမှာ စိုးလို့ သူအမြန်ပြန်ဖွက်မိတယ်။

ကောင်လေးကတော့ သူ့ကို အားနာတဲ့ မျက်လုံးလေးနဲ့ကြည့်ကာ သူငယ်ချင်းကောင်လေး၏ စကားကို တောင်းပန်နေသည်။

ဘာတွေပြောနေကြလဲ ဆိုတာ မကြားနိုင်လောက်တဲ့ အထိ သူဟာ Phuwin ရဲ့ မျက်နာလေးကို ငေးမောကာ ကြည့်နေမိသည်။

"- - - Khun ရောပဲ Phuwin နဲ့ လိုက်ခဲ့" ဆိုကာ ပေးခဲ့ကာ ထွက်သွားတဲ့ သူငယ်ချင်း ကိုကြည့်လိုက် လိပ်စာကတ်လေးကို ကြည့်လိုက်နဲ့ သွားချင်နေတဲ့ ကောင်လေးကို

"ညနေကျ ကိုယ်တို့လဲ အားနေတာပဲဆိုတော့ သွားကြမယ်လေ"

ခေါင်းပြုတ်ထွက်မတတ် ညှိတ်ပြတဲ့ ကောင်လေးဟာ 3နှစ်သားကလေးတစ်ယောက်နဲ့တူသည်။

ဒီကောင်လေးသာ ကလေးလေးဆိုရင် သေချာသင်ပြရမည်။မသိတဲ့လူကို ရယ်မပြဖို့နဲ့၊မသိတဲ့လူ ကျွေးတာတွေ မစားဖို့ပေါ့။

______________

Bar က ဘန်ကောက်လိုနေရာမှာ လူအသင့်အတင့်နဲ့ အတော်အသင့် စည်ကားတာမို့ အခြေအနေမဆိုးဘူး ပြောသောအခါ Bar တစ်ခုလုံးကို မျက်လုံးပြူးနဲ့ ကြည့်ကာ ခေါင်းတညှိတ်ညှိတ်နဲ့ လုပ်နေတဲ့ ကောင်လေးဟာ Bar မီးရောင် ဖျော့ဖျော့အောက်မှာ လှလွန်းနေသည်။

သူငယ်ချင်းကောင်လေးက တိုး‌ပေးတဲ့ ခွက်ကို ငြင်းနေတာလေးက လဲ သူ့မျက်လုံးထဲမှာ ချစ်စရာကောင်းလွန်းပြန်သည်။ပြုံးလိုက်တိုင်း ရယ်လိုက်တိုင်း မှိတ်သွားတဲ့ မျက်လုံးလေးဟာလဲ ချစ်စရာ။

ဟူး တော်ရုံပဲ ပြုစားပါ Phuwin ရာ။

မျက်စိရှေ့က‌ ကောင်လေးကို တမြတ်တနိုးငေးနေမိတုံးမှာပဲ ဘောင်းဘီ အိတ်ကပ်ထဲက ဖုန်းဟာ ထမြည်လာသည်။Contact ကိုကြည့်မိတော့ ‌အမေ့ဆီက ဖြစ်နေသည်။

barက သန့်လဲသန့်ပြီး သူ့အထာနဲ့သူ နေတဲ့ လူများတာရော၊ သူငယ်ချင်းကောင်လေးတွေလဲ ရှိနေတာရောကြောင့် Phuwin ကို ခဏထားခဲ့ကာ ဖုန်းပြောရန် ထွက်လာလိုက်သည်။

"ဟယ်လို"

"Pond Naravit !! နင်ငါပြောထားတဲ့ အိမ်ထောင်ဖက်တွေ့တာ သွားမတွေ့ဘူးလား"

"ပြောပြီးပြီလေ မတွေ့ပါဘူးဆို"

"နင်အဲ့အကောင်နဲ့ အချိန်ကုန်နေရတော့ ငါ့စကားတွေတောင်နာမခံနိုင်တော့ဘူးပေါ့"

"အမေဘာတွေပြောနေတာလဲ"

"နင့်ငါမွေးထားတာ နင့်စိတ်တွေ ငါမြင်နေရတယ်"

"တော်ပြီ တော်ပြီ ဒီနေ့သွားမတွေ့တာ မတွေ့ချင်လို့ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး နောက်တစ်ခုက ကျွန်တော် ယူမယ့်လူ ကျွန်တော်ရှာမယ် အမေဝင်မပါနဲ့ "

"နင့်ဘေးမှာရှိတဲ့ ပိုက်ဆံတွေရယ် ငါဆိုတဲ့နောက်ခံရယ် မရှိရင် နင်ဆိုတာ ဘာမှမဟုတ်ဘူး ဘယ်သူမှမလိုချင်ဘူး"

"မလိုချင်လဲရတယ် ကျွန်တော် ဘယ်သူ့ကိုမှ မလိုချင်လို့"

ဖုန်းချပစ်ကာ စက်ပါပိတ်ပစ်လိုက်သည်။

"ဟူးးးးးးးးး "

သက်ပြင်းရှည်ကြီးနဲ့အတူ စီးကရက်တစ်လိပ်ပြီးတစ်လိပ်ထုတ်ယူကာ မီးညှိလိုက်သည်။

မှုတ်ထုတ်လိုက်တဲ့ မီးခိုးငွေ့တွေထဲမှာ စိတ်မွန်းကြပ်မှုတွေ အကုန်ပါသွားရင် ဘယ်လောက်ကောင်းမလဲ။

__________

ဖုန်းပြောပြီး ပြန်ဝင်တော့ Barထဲ မိန်းကလေးတစ်ယောက်နဲ့ တိုက်မိသည်။

"အာ Pond Naravit??"

"- - - "

"Hi တို့က Fam ဒီနေ့ ရှင့်အမေက တို့နဲ့တွေ့ဖို့စီစဉ်ပေးထားတာလေ ရှင်ကမလာဘူးနော်"

"Hmm"

ခပ်ဟဟပြုံးကာ ရယ်မိကာ စိတ်ထဲမှာလည်း အမေ့ရဲ့ လူရှာနိုင်စွမ်းညံ့ဖျင်းမှုကိုတွေးမိသည်။သူ့စိတ်ထဲမှာ Phuwin မရှိရင်တောင် ဒီစကားမျိုးပုံနဲ့ မိန်းကလေး သူသဘောမကျ။

ပုံမှန်စကားပြောနေပေမယ့် အသံညုတုတုနဲ့ပြောနေတာများ အတော်ရွံစရာကောင်းသည်။ဒီမိန်းကလေးမျိုးကို တစ်စက္ကန့်အမြင်နဲ့တင်ငြင်းသည်။

Phuwin နဲ့ ယှဉ်စရာမလိုတာမို့။မနှိုင်းယှဉ်ရက်။

"မလာဘူးဆိုထဲက ကျွန်တော်သဘောက ရှင်းလင်းနေပြီမို့ အခုလဲ ကျွန်တော်ကို ဖယ်ပေးပါအုံး"

အထိုက်သင့်လောက် စီးပွားရေးနောက်ခံရှိသူမို့ ရန်သူမဖြစ်ချင်တာကြောင့် ခပ်ပြုံးပြုံးနဲ့ ယဉ်ယဉ်ကျေးကျေး ပြန်ဖြေပေးလိုက်သည်။

______________

ဒီမိန်းကလေးရော မေမေရောက တကယ်ကို စိတ်ရှုပ်စရာကောင်းလှသည်။

စားပွဲကို ပြန်ရောက်တော့ Phuwin လေးက ခေါင်းနဲ့ စားပွဲ တသားတည်းကျနေပြီ။နဂိုထဲက ဖွေးဖွေးနုနုမျက်နာလေးက Alcohol အရှိန်နဲ့ ရဲတတ်နေတာသည်။

ဘာမှ ထွန့်တတ်ပြင်ထားစရာ မလိုအောင် ပန်းရောင် သန်းနေတဲ့ နှုတ်ခမ်းပါးလေးက ဒီမှာ ပို၍ ရဲနေကာ သူ့ကို လာနမ်းပါလားလို့ စိန်ခေါ်နေသယောင်။

"ဟ တော်တော် မူးနေတာပဲ Phu"

တစ်ခါမှထုတ်မခေါ်ဖူးတဲ့ နာမ်စားလေးကို တိတ်တိတ်လေး ထုတ်သုံးမိသွားသည်။

"Khun ရေ Phuwin က သုံးခွက်လောက်ပဲ သောက်နိုင်တာ ငါးခွက်တောင် သောက်မိပြီး မှောက်နေပြီ "

သူငယ်ချင်းကောင်လေးက စကားလာပြောမှ နှစ်ယောက်ထဲရှိနေတာမဟုတ်မှန်း သတိကပ်မိသည်။

"ဟုတ်ကဲ့ ကျွန်တော်ပြန်ခေါ်သွားတော့မယ်နော်"

မြန်မြန်နှုတ်ဆက်ကာ ပွေ့ချီ၍ ထွက်လာကြသည်။

ကားပေါ်တင်ခေါ်လာတဲ့အထိ ငြိမ်နေတဲ့ ကောင်လေးက အိမ်ပြန်ရောက်မှ ကလန်ကဆန်လုပ်လာသည်။

"အိမ်ပြန်ရောက်တော့မှာ ကလန်ကဆန်လုပ်မနေနဲ့ ချီခေါ်သွားပေးမယ်"

"လမ်း - - - လမ်း - - - လမ်းလျှောက် - - - မယ်"

အမူးသမလေးက ဂျစ်ကာ လမ်းလျှောက်မယ်ပဲလုပ်နေတာမို့ ခါးကနေ‌ ထိန်းပေးကာ ဆင်းလျှောက်ခိုင်းရသည်။ပုံမှန် နူးနူးညံ့ညံ့ကောင်လေးက မူးနေမှ ငဂျစ်လေးအဖြစ် ပြောင်းသွားတော့ ပုံစံအသစ်နဲ့ ချစ်ဖို့ကောင်းနေပြန်သည်။

"အား ဒီခြေထောက်က လမ်းလျှောက်ရခက်နေပြန်ပြီ"

သူ့ဟာသူ မတ်တပ်‌ပေရပ်ပြီး ခြေထောက်ကို အပြစ်ရှာနေပြန်သည်။

"သွားမယ်လာ အပြင်မှာ အကြာကြီးမနေနဲ့"

"ဟူး ချောလိုက်တာ ဘယ်ကလာတာလဲ ကျွန်တော့်ကို သိလို့လား"

"သိတယ် သိတယ် လာအထဲဝင်မယ်"

ခါးလေးကို တွဲကာ ခြေလှမ်းဖို့ အလုပ်မှာ သူ့ဘက်ရုတ်တရက်လှည့်လာကာ သူသဘောကျတဲ့ ဒီကောင်လေးက သူ့အောက်နှုတ်ခမ်းတွေကို လက်ဖြင့်ပွတ်ဆွဲ၍

"နမ်း - - - နမ်း- - - နမ်းချင်တယ်"

ဆိုကာ စနမ်းလာတော့သည်။တစ်ချိန်လုံး ချုပ်တည်းထားရတဲ့ သူ့အဖို့ ဒါတွေဟာ အိပ်မက်လိုပါပဲ။

ချုပ်တည်းမထားတော့ပဲ အနမ်းတွေကို ပြန်တုံ့ပြန်မိတဲ့အခါ ဒီကောင်လေးသောက်ထားတဲ့ ဝီစကီ အရသာတွေဟာ သူ့ခံတွင်းထဲထိ ပျံ့နှံ့လာသည်။

ဝီစကီအရသာ ခပ်ရှရှက ဒီနေ့မှ အရသာ ပို၍ ရှိနေသယောင်။

သေချာတာကတော့ ဒီဝီစကီအရသာ ဒီအနမ်း နှစ်ခုလုံးက နောက်တစ်ခါ သူထပ်ခံစားခွင့်မရှိတဲ့ အရာတွေဖြစ်နေမယ်ဆိုတာပဲ။

ထိန်းချုပ်ထားရတာ များတဲ့ လူမို့ စိတ်လွတ်၍ နမ်းမိသွားသည်။အနမ်းတွေရပ်သွားတဲ့နောက် ကောင်လေးက သူ့ရင်ဘက်ပေါ် ခေါင်းမှီကာ အိပ်ပျော်သွားသည်။

"Phuwin မင်းတကယ် ကိုယ့်ကို ပုံစံမျိုးစုံနဲ့ ပြုစားနေတာပဲ"

TBC............

There are no comments yet. Log in to be the first to leave a review!

Similar stories