Fanfics

11

17:44, 29 August 2025

Phuwin ရဲ့ပစ္စည်းတွေယူပေးရန် အိမ်ကို ရောက်သွားတော့ ‌သူ့ကို စောင့်ကြိုနေတဲ့ အမေ။မသိချင်ယောင်ဆောင်ကာ Phuwin နေခဲ့တဲ့ အခန်းထဲကို တန်းသွားကာ ပစ္စည်းတွေယူပြီး ထွက်လာရန်ပြင်လိုက်သည်။အမွှေးပွရုပ်လေး နှစ်ရုပ်ကတော့ မပါမဖြစ်ပေါ့။

"ဒါက ဘယ်ပြန်မလို့လဲ"

သားမိနှစ်ယောက် မျက်လုံးချင်းဆုံတာနဲ့ စကားများနေရတယ်ဆိုတာ မဖြစ်သင့်ဘူး ထင်လို့ သူကပဲ ရှောင်နေရန်ဆုံးဖြတ်လိုက်သည်။

"မင်းစကားမပြောဘဲ ထွက်သွားတာနဲ့ ငါက မင်းဘယ်သွားမလဲ မသိဘူး‌ထင်နေလား Pond Naravit "

"အလိုလိုသိနေတာပဲမဟုတ်လား အမေ့လူတွေကိုပဲမေးလိုက်လေ ဘာလို့ ကျွန်တော့်ကိုလာမေးနေလဲ"

"မင်းဘယ်တုံးက အမေ့ကို ခံပြောတတ်လာတာလဲ Pond"

"ကျွန်တော် ပြန်မပြောခဲ့တာ အမေ။ အမေ့စကားနားထောင်နေသရွေ့ အဆင်ပြေတယ်ထင်ခဲ့တာ အမေမေးခဲ့လား ကျွန်တော်ဘာဖြစ်ချင်တာ ဘာပြောချင်တာ အခုကျွန်တော်ပြောတော့ ခံပြောတယ် မဖြစ်ဘူးလား"

ပြဿနာမဖြစ်ချင်လို့ ရှောင်ပါသော်လည်း မဖြစ်မနေကို ပြဿနာဖြစ်ရမယ့် ကံပါတော့လည်း ပြဿနာဖြစ်ကိုဖြစ်ရသည်။မိဘနဲ့သားသမီးကြားမှာရှိရမယ့် နားလည်မှုမရှိတဲ့အခါ ပြဿနာက အချိန်မရွေးပင်။

"Pond မနက်ဖြန်ကြင်ဖက်တွေ့တာ သွားတွေ့လိုက် နေရာ ပို့ထားလိုက်မယ် Mintလို တဇွတ်ထိုး မဟုတ်ဘူး သားသဘောကျမှာ"

"အခုထိ နားမလည်သေးဘူးလား ပြဿနာကို !!!"

"ဘာဖြစ်ချင်နေတာလဲ Pond Naravit ငါစီစဉ်တဲ့ အတိုင်း နာခံရင် အရာအားလုံးက နင့်လက်ထဲပဲဆိုတာ နင်မသိဘူးလား ဟမ် လက်ထပ်တယ်ဆိုတာ နောက်ခံကောင်းတဲ့လူတစ်ယောက်နဲ့ လက်ထပ်ရတယ် ဒါမှ ကိုယ့်အကျိုးစီးပွား သူကူညီနိုင်မှာလေ"

"ဘာအကျိုးစီးပွားမှမလိုဘူးမို့ ဒီလို လက်ထပ်မှုမျိုး မလိုဘူး ထင်တယ် မနက်ဖြန် သွားမတွေ့ဘူးမို့ ဘာမှမျှော်လင့်မနေပါနဲ့"

စိတ်ဆိုးဆိုးနဲ့ ထွက်လာပြီး နာရီကြည့်မိတော့မှ

"အိုး Shit အချိန်တော်တော်ကုန်သွားတာပဲ"

ဒေါသတွေ ထွက်နေပေမယ့် Condo မှာစောင့်နေမယ့် ကောင်လေးကို တွေးမိတဲ့အခါ နှလုံးသားလေး နွေးသွားရပြန်သည်။Phuwin ဟာ စုန်းထီးလေးဖြစ်ပြီး သူ့နှလုံးသားလေးကို ‌အမျိုးမျိုးပြုစားထားပုံရသည်။

_____________

Condo ရှေ့ရောက်တာနဲ့ စိတ်ထဲက ရှုပ်နေတာတွေရော ဒေါသတွေရောဟာ ပျောက်ရှကာ စိတ်ထဲမှာ တက်ကြွနေသည်။အရူးတစ်ယောက်လို ပြုံးနေမိတဲ့ သူ့ကိုယ်သူ မျက်နှာပိုးသတ်ပြီးမှသာ အခန်းထဲဝင်ဖို့ ပြင်ဆင်ရသည်။

နဂိုက တစ်ယောက်ထဲနေရင် ပြန်လာချင်စိတ်မရှိပေမယ့် အခုတော့ တစ်ယောက်ယောက်က သူ့ကို‌ စောင့်နေမယ်ဆိုတော့ အိမ်ပြန်လာရတာ ပျော်လာသည်။

တံခါးဖွင့်လိုက်တာနဲ့ မွှေးနေတဲ့ ဟင်းရနံ့က နှာခေါင်းထဲ တိုးဝင်လာသည်။ Apron လေးဝတ်ကာ ထွက်လာတဲ့ ကောင်လေးဟာ သူ့ရဲ့ တစ်နေကုန် အမောတွေပြေစေနိုင်တဲ့ အမောပြေ‌ဆေးလေး။

"Aww Pond ပြန်လာပြီလား ဟင်းတွေကတော့ ကျက်နေပြီ တစ်ခါတည်းစားမလား"

"စားမယ်လေ ခဏလေး ပစ္စည်းတွေ အခန်းထဲသွားထည့်လိုက်အုံးမယ်"

"မထည့်ပါနဲ့ ကျွန်တော်ထည့်လိုက်မယ်"

"ရပါတယ်"

Apron လေးဝတ်ကာ ညနေစာပြင်နေသည့် ကောင်လေးကို ကြည့်ပြီး သူ့ရင်ထဲတစ်မျိုးခံစားလာရသည်။ဒီလိုမျိုးနေ့တိုင်းသာ ဒီကောင်လေးက သူ့ကိုကြိုနေမယ်ဆိုရင် ဘယ်လောက်တောင်ကောင်းမလဲ။

ဒီကောင်လေးကို သူမနက်မိုးလင်းလဲ မြင်ချင်သည်။ညနေမိုးချုပ်လို့ မျက်လုံးပိတ်ခါနီးရင်လဲ မြင်ချင်သည်။အလုပ်ကပြန်လာလို့ ပထမဆုံးတွေ့ရတဲ့လူဟာလည်း ဒီကောင်လေးပဲဖြစ်ချင်သည်။

ဒီခန္ဓာကိုယ်သေးသေးလေးကို မျက်လုံး ဖွင့်တာနဲ့ ပွေ့ဖက်ချင်သည် နမ်းရှိုက်ချင်သည်။အလုပ်ကပြန်လာရင်လဲ တစ်နေကုန်ပင်ပန်းလာသမျှကို ကောင်လေးရဲ့ ကိုယ်လေးကိုဖက်ကာ ကိုယ်သင်းရနံ့လေးကို ရှူပြီး ဖျေဖျောက်ချင်သည်။ညအိပ်ရင်လဲ ကောင်လေးကို ရင်ခွင်ထဲထည့်ကာ အိပ်ချင်သည်ဟု ပြောလျှင် သူလွန်သွားလား။

___________

"Pond စားမကောင်းဘူးလား"

စားကောင်းပေမယ့် သူ့စိတ်က အစားအသောက်မှာ မရှိတာပါဟု ဖြေချင်သော်လည်း မဖြေပစ်။စားကောင်းပါတယ် ဟုသာ ဖြေမိသည်။

ထမင်းစားတုံးဝင်လာတဲ့ video call ကြောင့် သူ့အပျော်လေးတွေဟာ ပျောက်ကုန်သည်။

"Phu ဘာလုပ်နေတာလဲ "

ဖုန်းထဲကထွက်လာတဲ့ အသံကြောင့် သူ့အစာစားချင်စိတ်နဲ့ ကြည်နူးနေတဲ့ခံစားမှုဟာ ဘယ်ရောက်မှန်းမသိ ပျောက်ရှရသည်။

စားလက်စ ပန်းကန်‌ကို ခဏထားခဲ့ကာ ဝရံတာဘက်သို့ ထွက်လာမိသည်။ဒီအသံတွေ တိတ်သွားမှ ပြန်လာရန်လည်းဆုံးဖြတ်မိသည်။

သူ့အပြုအမူက သိသာမှန်း သတိထားမိပေမယ့်လည်း ဘယ်လိုမှ ရင်မဆိုင်နိုင်တာမို့ ဝရံတာမှာ ဆေးလိပ်သောက်မိသည်။

မကြိုက်တဲ့ အပြုအမူမှန်းသိပေမယ့်လည်း မှုတ်ထုတ်လိုက်တဲ့လေနဲ့အတူ အလိုမကျမှုတွေပါသွားကာ စိတ်ကလေးတစ်ခဏအတွင်း အနည်ထိုင်ဖို့အတွက် လိုအပ်တာမို့ Marlboro လေးကိုပဲ အားကိုးရပြန်သည်။

နှလုံးသားရေးရာမှာ စိတ်တိုင်းမကျတဲ့အခါ အပြစ်ပြောရမယ့် လူမရှိတာမို့ Marlboro လေးရဲ့ အကူအညီကိုပဲ ယူရပြန်သည်။

TBC........

There are no comments yet. Log in to be the first to leave a review!

Similar stories