Fanfics

10

17:44, 29 August 2025

စေ့စပ်ပွဲနောက်ဆုတ်သွားလို့ ဝမ်းနည်းလားမေးရင် အနည်းငယ်တော့ ဝမ်းနည်းမိသည်။ဒါပေမယ့်လည်း ဘာကြောင့်မှန်းမသိ စိတ်ထဲမှာ ခံစားရတာမျိုးမရှိ။ဒါကလဲ ‌အန်တီနေကောင်းသွားတဲ့အထိ စောင့်တာမျိုး ဖြစ်ပြီး ပွဲပျက်သွားတာမျိုး မဟုတ်လို့ ဖြစ်မည်။

ထွက်ခွာသွားတဲ့ လေယာဉ်ကို ကြည့်ပြီး ဝမ်းနည်းမှုက စို့တက်လာသည်။Archenကို လွမ်းတာမျိုးထပ် ခဏပဲသိခွင့်ရပေမယ့် သူ့အပေါ်ကောင်းပေးတဲ့ ဒီအမျိုးသမီးကြီး နေပြန်မကောင်းမှာ ပြန်မလာမှာ ထပ်တွေ့ခွင့်မရမှာမျိုးကို တွေးပြီး ဝမ်းနည်းမိသည်။

တရှိုက်ရှိက်ငိုနေတဲ့ သူ့ကို Pondက ရင်ခွင်ထဲ ထည့်လိုက်ပြီး နှစ်သိမ့်တဲ့အခါ ပိုတိုး၍ ငိုမိသည်။ဒီရင်ခွင်ကျယ်ဟာ နွေးထွေးလွန်းတာမို့ သူကိုယ်တိုင်တောင်မသိပဲ ပိုတိုးဝင်မိသည်။အငိုတိတ်သွားပေမယ့် ခဏလောက် ဒီရင်ခွင်ထဲကနေ မရုန်းပဲ နေနေမိသည်။

လေဆိပ်ကပြန်ခါနီးမှာ ဟိုးတစ်ရက်က ‌တွေ့လိုက်တဲ့ သွက်သွက်လက်လက်ကောင်လေးက လာနှုတ်ဆက်သည်။ထိုကောင်လေးက Pond နဲ့ ခင်ပုံရကာ သူနဲ့ Pondကိုပါ မနက်စာစားဖို့ ခေါ်လာသည်။

သူ့ဆုံးဖြတ်ချက်ကို အမြဲတလေးတစား နားထောင်ပေးတဲ့ Pondက သူ့အတွက် ရင်းနှီးလေ ပေါင်းသင်းရလွယ်လေဟု ခံစားရစေသည်။

စားသောက်ဆိုင်ရောက်ထဲက သူစားတာကို ဂရုတစိုက်လိုက်လုပ်ပေးတဲ့ Pond ကြောင့်နေရခက်လာသည်။

Santaဆိုတဲ့ ကောင်လေးက သူ့ချစ်သူနဲ့ ကြည်နူးနေတာ မြင်ရတော့ Archen ကို သတိရသွားသည်။ပုံမှန်သမီးရည်းစားတွေနဲ့မတူညီတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အခုပိုသိသာလာသည်။

ခဏ ဟုဆိုကာ Pond ကထွက်သွားတာမို့ သူစိတ်ထဲ မတင်မကျဖြစ်နေတဲ့ မေးခွန်းကို Santa ကို မေးလိုက်သည်။

"Santa တစ်ခုလောက်မေးလို့ရမလား"

"ရတာပေါ့ Phuwin ရဲ့"

"Santa တို့ တွဲတာကြာပြီလားဟင် အချစ်ဆိုတာကို ဘယ်လိုထင်လဲ"

"တအားကြီးတော့ မသိဘူး ဘာလို့ဆို အချစ်က ပုံစံအမျိုးမျိုးနဲ့ရှိပြီး အဓိပ္ပာယ်အမျိုးမျိုးရှိတယ်လေ ကျွန်တော့်အတွက်တော့ အချစ်က Phi Perth ဖြစ်ပြီး Phiနဲ့အတူရှိရင်ပျော်တယ် Phiကိုနမ်းချင်တယ် Phiကိုဖက်ချင်တယ် Phiနဲ့ဆို ကလေးဆန်ချင်တယ် စိတ်ဆိုးချင်တယ် သဝန်တိုချင်တယ် ဟူးအမျိုးမျိုးပဲ"

"Aww"

"ဘာလို့လဲဟင်"

"မေးကြည့်တာပါ"

ခေါင်းညှိတ်ကာ သူ့ချစ်သူနဲ့ကြည်နူးနေတဲ့ ကောင်လေးကို ပြန်ပြုံးပြကာ Pond ပြန်လာဖို့ မျှော်နေမိတယ်။သူ့အတွေးထဲမှာတော့ သူ Archen ပေါ်မှာထားတဲ့ သဘောထားကို တစ်ခါပြန်လည် မေးခွန်းထုတ်နေမိသည်။

ကားပေါ်ရောက်တော့လဲ အတော်လေး‌အတွေးနက်နေမိတယ်။Pondရဲ့ လှုပ်ခေါ်မှုသာမရှိရင် သူ့စိတ်တွေ လွင့်နေအုံးမှာ အသေအချာပဲ။

"Pond ချစ်ဖူးလား"

"- - -"

သူ့အမေးကြောင့်တိတ်သွားတဲ့ Pond ကြောင့် သူမေးတာများမှားသွားပြီလားဟု တွေးမိသည်။

"ဟိုဟာလေ ဒီလိုပဲ မေးကြည့်တာ"

"အရင်က မချစ်ဖူးဘူး အချစ်ကလဲ မလိုဘူးထင်ခဲ့တာ အခုတော့ ချစ်နေမိပြီထင်တယ် "

"အချစ်ကို ဘယ်လိုထင်လဲ"

"အချစ်လား အတိအကျတော့မသိဘူး အချစ်ဆိုတာက ရယူခြင်း ပေးဆပ်ခြင်း တွေပါတယ် ဘာညာနဲ့စာတွေမှာ ဖတ်ဖူးပေမယ့် ကိုယ်အတွက်ကတော့ အချစ်က မအေးချမ်းဘူး အချစ်က ပူလောင်ရတယ် နာကျင်ရတယ် သဝန်တိုရတယ် ပျော်ရတာတော့မကြုံသေးဘူး စိတ်လှုပ်ရှားရတယ် ဒါပေမယ့် ကံကြမ္မာမျက်နာသာပေးလို့ ချစ်ရသူကိုသာ ပိုင်ဆိုင်ရပြီး အတူတူကျော်ဖြတ်ရမယ်ဆိုရင်တော့ အချစ်ကအမြဲတမ်း ရင်ခုန်လှိုက်မောဖွယ်ကောင်းပြီး စိတ်လှုပ်ရှားခြင်းအပြည့်ဖြစ်မယ်လို့ ကိုယ်ထင်တယ် အတိအကျတော့မသိဘူး လူတိုင်းအချစ်ကို သတ်မှတ်ပုံခြင်းကွာမယ်လေ"

"Ommmm"

"ဘာလို့မေးတာလဲ "

"ရယ်စရာလို့ထင်ရပေမယ့် ကျွန်တော်ထင်ထားတဲ့ အချစ်နဲ့ လူတွေပြောတဲ့ အချစ်က နည်းနည်းလေးလွဲနေသလားလို့ မေးကြည့်တာ"

"Phuwin က အချစ်ကို ဘယ်လိုထင်လို့လဲ

"သေချာမသိသေးပါဘူး အခုထိ "

သူက Archen ကိုချစ်သည်။ဘာလို့ဆို သူ့ကိုပထမဆုံး နွေးထွေးမှု၊အေးချမ်းမှုများ ခံစားရစေပြီး သိမ်ငယ်မှုဆိုတာမျိုး မခံစားရစေတာမျိုးကြောင့် သူဟာ Archen ကို သဘောကျခဲ့သည်။တခြားဘယ်သူအပေါ်မှာမှ ဒီလိုစိတ်မျိုး မဖြစ်ခဲ့တာမို့ သူတွေးမိသည်။ဒါဟာ အချစ်လို့။

အရင်က‌ ဝေဝါးခဲ့တဲ့ အရာက အခုတော့ မသေချာမှု ဖြစ်လာရပြီ။နောက်ရွေ့သွားတဲ့ စေ့စပ်ပွဲဟာ သူ့စိတ်တွေကို ပြန်လည်သုံးသပ်ဖို့ ဘုရားကပေးတဲ့ အခွင့်အရေးလား။

_____________

အိမ်ပြန်ရောက်တာနဲ့ သူ့ကို အခန်းထဲကို ဝင်ခိုင်းတဲ့ Pondကြောင့် ပြန်ရောက်တာနဲ့ အခန်းထဲဝင်ကာ သူ့ပစ္စည်းတွေ ထုတ်မိသည်။မကြာခင်ရက်တွင်းမှာ လာတော့မယ် မေမေ့ 5နှစ်ပြည့်အတွက် သူချင်းမိုင်ကို ပြန်ရအုံးမယ်လေ။

တံခါးကို လာခေါက်တာမို့ ထွက်ကြည့်တော့ အခုထိ သူ့ကို သဘောမကျဘူးလို့ ခံစားရတဲ့ Pond ရဲ့ အမေ။

"ဒီအိမ်မှာ မိသားစုဝင်မဟုတ်တဲ့ လူတွေက အလကား မနေရဘူး အလုပ်လုပ်ရတယ် လိုက်ခဲ့"

တုံ့ပြန်နိုင်ခြင်းမရှိ နောက်ကလိုက်လာတဲ့အခါ ခြံထဲက အပင်တွေ နေရာရွေ့တဲ့ထဲမှာ ကူရတော့သည်။နေပူထဲရွေ့ရတဲ့အပြင် လေးလွန်းတာတွေကို တစ်ယောက်တည်းသယ်ခိုင်းလို့ ငြင်းချင်ပေမယ့် ဘယ်လို ငြင်းရမလဲ သူပြောသလို မိသားစုဝင်မဟုတ်တော့ သူခိုင်းတာ လုပ်ပေးရုံသာ။

ပန်းအိုးတွေ မနေတုံး သူ့လက်ကိုဆွဲကာ အိမ်ပေါ်ကို ခေါ်သွားတဲ့ Pond ကြောင့် နောက်ကနေ လက်ကိုဖြုတ်သော်လဲမရ။သူ့ကြောင့်နဲ့တော့ သားမိတွေရန်မဖြစ်ဘူးမလား။

"Phuwin နင်လိုဟာက ဘာမိူ့ ငါ့သားက နင့်ကိုကာကွယ်နေရတာလဲ နင်က မိန်းကလေးတွေလို ကလေးမွေးနိုင်တာနဲ့ နင်က မိန်းမမဟုတ်ဘူးနော် ငါ့သားကို မမြှူစွယ်နဲ့"

ဒီစကားက သူ့ရဲ့ အရှိုက်ကို ထိစေသည်။သူဟာ Pond ကို တကယ်ပဲ မြူစွယ်မိခဲ့သလား။ Pond က သူ့ကို Archen ရဲ့ အကူအညီတောင်းမှုကြောင့် စောင့်ရှောက်ရုံပဲလေ ဘာကြောင့်သူ့ကို ဒီလိုပြောရသလဲ။

သူ့အကြောင်းတွေ မသိတဲ့ Pond မျက်နှာမှာ အံဩမှုတွေကို သူမြင်ရသည်။သူ့ကို သနားသလို ယောက်ျားဖြစ်ပြီးဆိုပြီး ရွံသွားမှာ သူကြောက်မိသည်။

"မေမေ ဒါက သူ့အတွက် ဘုရားပေးတဲ့ကောင်းခြင်းလေ ဘာပဲဖြစ်ဖြစ် မေမေ Phuwin ကို မခိုင်းရဘူး ချိုးနှိမ်ပြီး မပြောရဘူး သူလဲ လူတစ်ယောက်ပါ မေမေရဲ့ ဘယ်သူကမှ သာပြီးမထူးနေကြဘူး "

ဒါဟာ သူ Pondဆီကနေ ကြားလိုက်တဲ့ နောက်ဆုံးစကားပဲ နောက်ပိုင်းမှာ သူဟာ Pondကို အနောက်ကနေ ပြဿနာမတတ်ဖို့နဲ့ သူမပြန်ခင် သည်းခံနိုင်ကြောင်းသာ အပ်ကြောင်းထပ်အောင်ပြောနေခဲ့တာPondမျက်နာပေါ် လက်ဝါးတစ်ခု ရောက်လာတဲ့အထိပေါ့။

Pond က သူ့လက်ကိုဆွဲလာကာ အိမ်က ထွက်လာကာ သူ့Condoမှာ လိုက်နေဖို့ ခေါ်လာသည်။သူငြင်းပေမယ့်လဲ မထူး Pondက အကုန်စီစဉ်ပေးကာ သူ၏Condoမှာ သူ့ကို ထားခဲ့သည်။

တစ်နေကုန်ပျင်းနေသော်လဲ ညနေ‌ဘက်မှာ သူ့ပစ္စည်းကျန်ခဲ့တာတွေ သွားယူပေးမယ်ဟု ဖုန်းဆက်လာတာမို့။ဒီရက်ပိုင်း ဖက်အိပ်ရတာ အရမ်းကြိုက်နေတဲ့ အ‌မွှေးပွရုပ်လေးနှစ်ရုပ်ကို မမေ့ပဲ သယ်လာဖို့ ‌မှာလိုက်သည်။

ညနေစောင်းနေပြီမို့ ညစာစားရန် ပြင်ဖို့လုပ်နေရင်း Pond ကို စောင့်နေမယ်ဟု ပြောကာ ညနေစာအတွက်ပြင်ဆင်နေမိသည်။

နေ့လည်ကထပ် စိတ်တည်ငြိမ်သွားမှ တွေးမိတာ သူဟာ ‌တစ်နေ့လည်လုံး Pond ပြန်လာဖို့ မျှော်နေခဲ့တာ ဖြစ်ပြီး အခုလဲ Pond က စောစောပြန်လာမယ်ဆိုလို့ အရမ်းပျော်နေမိတယ်ဆိုတာပဲ။

သူ့ရင်ထဲမှာ အခုခံစားနေရတဲ့ ခံစားချက်တွေဟာ တကယ် ဘာတွေလဲ သူမသိတော့။သေချာတာတော့ သူချစ်တာက Archen မို့ Pond အပေါ်မှာ သူခံစားရတာတွေဟာ ရွယ်တူချင်း ခင်တွယ်မှုသာ ဖြစ်ပါလိမ့်မည်။

TBC.....

မီးမပျက်ခင် update ပေးလိုက်ပါတယ်။မနက်ဖြန်ပိတ်ရက်လေး OS လေးတစ်ပုဒ် လက်ဆောင်အနေနဲ့တင်ပေးနိုင်အောင် လုပ်ပါ့မယ်။😘😘

There are no comments yet. Log in to be the first to leave a review!

Similar stories