6
17:43, 29 August 2025ဦးလေးဖြစ်သူ Joong Archen က အရုပ်တွေပိုက်ထားတဲ့ Phuwin ကို လက်ဆွဲပြီး ထွက်သွားတာကို ကြည့်ရင်း နေရာမှာ ထွေထွေကြီး ရပ်နေမိသည်။
ကိုယ်ချစ်ရတဲ့လူ သဘောကျရတဲ့လူနဲ့ ဆုံရတဲ့အခါ ထိုသူမှာ သက်ဆိုင်သူရှိနေတာဟာ ကံကြမ္မာကပေးတဲ့ သင်ခန်းစာထင်ပါတယ်။အကယ်၍ သူနဲ့သာ စောပြီးတွေ့ဆုံခဲမယ် ဆိုရင်ရော အခြေအနေက တစ်မျိုးပြန်ပြောင်းသွားမလား။
အိမ်ပြန်ရင် အိမ်ထောင်ဖက်တွေ့တဲ့အေကြာင်း မေမေ့ကို ရှင်းပြရခက်နေမှာ စိတ်ရှုပ်တာနဲ့ အိမ်မပြန်ပဲ ဖွားဖွားအိမ်ကိုပဲ ဝင်လိုက်သည်။သူအိမ်ထဲဝင်တာနဲ့ အိမ်မှာနေတာကြာပြီဖြစ်တဲ့ အိမ်အကူအဒေါ်ကြီးက သုတ်သုတ်ပြာပြာ ပြေးလာကာ
"အစ်ကိုလေး အစ်ကိုလေး အဖွားနေမကောင်းတာ ဆရာဝန်ခေါ်ဆိုလဲ မခေါ်ဘူး အစ်ကိုလေးလာတုံးကူပြောပေးပါအုံး"
"ဟုတ်ကဲ့ ဟုတ်ကဲ့"
ဖွားဖွားက နေမကောင်းရင် ကြိတ်ခံစားတတ်တဲ့ လူမျိုး။အခုလဲ သူနေမကောင်းနေတာ ထုတ်မပြောပဲနေနေတာ သူ့ဦးလေး စေ့စပ်ပွဲကြောင့် နေမှာ။အိမ်ထဲရောက်တာနဲ့ ဖွားဖွားအခန်းကို ဦးတည်လိုက်တယ်။
အသက်ကလေးဖြည်းဖြည်းရှူကာ မှိန်းနေတဲ့ပုံက ဝေဒနာတစ်ခုခု ခံစားနေရမှန်း သိသာတာမို့ မိသားစုဆရာဝန်ကိုခေါ်ကာ အရင်ဆုံး တိုင်ပင်ရသည်။
"ကျွန်တော်ကတော့ ဖြစ်နိုင်ရင် ဆေးရုံတင်စေချင်တယ် U.S မှာ ကျွန်တော့်သူငယ်ချင်းနှလုံးအထူးကုရှိတယ် သူနဲ့ချိတ်ပေးမယ် သေချာကုသမှုခံမှရမယ်။လူကြီးကလဲဖြစ်နေတော့ ရသလောက် ဆွဲထားချင်တယ်ဆို ဆေးကုသမှုကို သေချာခံယူမှ ဖြစ်မယ်"
"ဟုတ်ကဲ့ ဒေါက်တာ"
ဆရာဝန်နဲ့ စကားပြောပြီး ထွက်လာတဲ့ သူ့ကို ဦးလေးက
"Pond မေမေ ဘာဖြစ်တာလဲ"
"ဦးလေး ဖွားဖွားနှလုံးရောဂါက ပြန်ထတာ"
"ဟုတ် . . .ဟုတ်လား ဆရာဝန်ဘာပြောလဲ "
"ဆေးရုံတင်စေချင်တာ"
"တင်လိုက်လေ"
"ဒီမှာမတင်စေချင်ဘူးဒေါက်တာက ဘန်ကောက်ကကောင်းပေမယ့် U.S မှာပဲ ကုစေချင်တာ "
"ဘာခက်လို့လဲ Pond"
"ဘယ်သူလိုက်ပေးမလဲ တစ်ယောက်တည်းဆို ဖွားဖွားအားငယ်မှာ ကျွန်တော်က ဒီဘက်ကအလုပ်တွေရှိသေးလို့"
မေမေနဲ့ နေရတဲ့အချိန်ထပ် ဖွားဖွားနဲ့ နေရချိန်များခဲ့တာမို့ ဒီအမျိုးသမီးကြီး ဆေးမကုဘဲ ကြိတ်ကာခံစားတတ်တာ။အမြဲတစ်ယောက်တည်းဆို အားငယ်တတ်တာ။အိမ်မှာ အားငယ်တတ်လို့ Corgi လေးဝယ်ပေးထားပေမယ့် ဆေးသွားကုမယ်ဆို ထည့်ပေးလို့မရ အဖော်တစ်ယောက်လိုက်မှရမှာ။ဒီက အလုပ်တွေက သူနဲ့မေမေက လုပ်နေတာဆိုတော့ လွှဲခဲ့လို့မရ။ဦးလေးတစ်ယောက်သာ လိုက်ပေးနိုင်မှာ ဆိုပေမယ့် စေ့စပ်ပွဲနီးနေတဲ့ ဦးလေးအား မပြောရက်။
"Archen စေ့စပ်ပွဲရက်ရွေ့လိုက်ပါ အန်တီနေကောင်းမှပဲ စီစဉ်တာပေါ့ ပြီးတော့ Archen လိုက်သွားလိုက်"
ဦးလေးရဲ့ လက်ကို ဖွဖွလေးကိုင်ကာ စေ့စပ်ပွဲရွေ့ဖို့ ပြောနေတဲ့ ကောင်လေးနှင့် ချစ်ရတဲ့အမေကိုလဲ ဆေးကုဖို့ လိုက်ပေးချင် စေ့စပ်ပွဲလဲ မဖျက်ရက်တဲ့ ဦးလေးကို ဘေးကနေ သူအားပေးနေပုံကို မကြည့်ချင်တာရယ် နှစ်ယောက်စကားပြောရအောင် အချိန်ပေးချင်တာရယ်နဲ့ ထိုနေရာကနေပဲ ထွက်လာကာ ခြံထဲဆင်းကာ ဆေးလိပ်သောက်နေလိုက်တယ်။
_____________
"စိတ်ရှုပ်နေတာလား"
"အင်း နည်းနည်း"
"Pond ငါ U.Sခဏ လိုက်သွားမှာမို့ Phuwin တစ်ယောက်ထဲကျန်ခဲ့မှာ ချင်းမိုင်ပြန်မယ် ပြောပေမယ့် မပြန်ခင်က ဘန်ကောက်မှာ တစ်ယောက်တည်းမို့ စောင့်ရှောက်ပေးပါအုံး"
"ဟုတ်ကဲ့ပါ "
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် နားလည်ပေးတာ၊ဂရုစိုက်ပေးတာကို ကြည့်ရင်း အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အားပေးရင်း၊ဖေးမရင်း၊စောင့်ရှောက်ရင်း နေကြတဲ့ အရာလို့ထင်မိသည်။
"ဘယ်နေ့ ဆေးသွားကုမလဲ"
"မြန်မြန်သက်သာလေ ကောင်းလေမို့ မနက်ဖြန်မနက်လေယာဉ်နဲ့သွားမလားလို့"
"ဒါဆို မနက်ကျ လေဆိပ်လိုက်ပို့မယ်"
" Imm မင်းလဲနားအုံး"
နဂိုကလဲ တရင်းတနှီးမရှိကြတဲ့ တူရီးဆက်ဆံရေးဆိုတော့ သူတို့ကြားမှာ စကားပြောစရာ များများစားစားရယ်မရှိ။အရင်ထဲက မေမေက ဦးလေးနဲ့ စကားပြောတာ သိပ်မကြိုက်တာကြောင့် သိပ်အရောမဝင်ခဲ့တာ အခုတော့ နှစ်ယောက်တည်းရှိချိန်ဆို အိုးတိုးအန့်တန့်တွေ ဖြစ်နေရသည်။
"ဆေးလိပ်သောက်မလား"
"တော်ပြီ Phuwin မကြိုက်ဘူး"
မကြိုက်ဘူးဆိုတာကြားတာနဲ့ နှုတ်ခမ်းမှာတေ့ထားတဲ့ ဆေးလိပ်ကို ပစ်ချကာ နင်းချေမိတဲ့ သူ့ကို ဦးလေးက ကြည့်နေသည်။
"မသောက်ချင်တော့လို့"
"Shit!!! Pond Naravit မင်းရူးနေပြီ" လို့ စိတ်ထဲကနေ အော်မိသည်။မသိလိုက်ပါပဲ မသိစိတ်ရဲ့ တုံ့ပြန်မှုက အရမ်းမြန်လွန်းသည်။သိပ်ချစ်ရတဲ့ Marlboro လေးကတော့ အချစ်သစ်ကြောင့် သူ့ကို နင်းချေသွားတာကို စိတ်မကောင်းဖြစ်နေရှာမှာ။
____________
ဖွားဖွားကို နေကောင်းအောင်နေဖို့နဲ့ အမြန်ဆုံးကျန်းမာလာဖို့ မှာနေတဲ့ ကောင်လေးဟာ hoodie အနီလေးနဲ့ မတရားချစ်စရာကောင်းသည်။ငိုနေလို့ ရဲနေတဲ့ နှာခေါင်းလေးတွေက အနီရောင်Hoodieလေးရဲ့ ခေါင်းစွပ်အောက်က မျက်နာလေးကို ပိုပြီး လှလာအောင် အလှဆင်ပေးနေသယောင်။
"Archen အစားကို အချိန်မှန်မှန်စားနော် အိပ်ချိန်လဲ ဂရုစိုက် အန်တီကလဲ အရေးကြီးသလို ကိုယ့်ကိုယ်ကိုလဲ ဂရုစိုက်ဖို့ မမေ့နဲ့"
သူ့ချစ်သူကို တတွတ်တွတ်မှာနေတဲ့ ကောင်လေးကို ကြည့်ပြီး သူ့ချစ်သူနေရာမှာ ကိုယ်သာဖြစ်ရင် ဆိုတဲ့ မနာလိုစိတ်က ပေါ်လာပြန်တယ်။မတတ်နိုင်ဘူးလေ ချစ်မိသူက သက်ဆိုင်သူရှိနေတော့လဲ။တစ်ယောက်တည်းသဝန်တို တစ်ယောက်တည်းခံစားပေါ့။
တစ်ချိန်လုံးပြုံး၍ နှုတ်ဆက်နေတဲ့ ကောင်လေးက ဦးလေးတို့ ထွက်သွားတာနဲ့ တရှုံ့ရှုံ့စပြီး ငိုလာသည်။ဘယ်အချိန်မှာ ဘယ်လိုချစ်မိသွားလဲမသိ မျက်နာလေး ညှိုးတာတောင် မမြင်ချင်တဲ့ထိ ဖြစ်နေတဲ့ ကိုယ့်စိတ်ကိုလဲနားမလည်ပါ။ငိုနေတဲ့ကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲကာ နှစ်သိမ့်ပေးမိသည်။
"အန်တီ နေပြန်ကောင်းမှာမလား"
"ပြန်ကောင်းမှာပါ"
"သေချာပါတယ်နော်"
"သေချာတယ် တကယ်"
ရင်ခွင်ထဲကနေ မျက်နာလေးမော့ကာ စကားဆိုတဲ့ကောင်လေးကို ကြည့်မိတော့ စက္ကန့်တွေ၊မိနစ်တွေ၊နာရီတွေ၊လူတွေ အားလုံးရပ်တန့်သွားသလို။သူ့စိတ်ထဲက အတွေးတွေအားလုံးဟာ ရပ်တန့်သွားသလို။ သူ့ရင်ခွင်ထဲက Hoodie အနီလေးရဲ့ ခေါင်းစွပ်အောက်က မျက်ရည်တွေမကုန်သေးတဲ့မျက်ဝန်းတွေရယ်၊နှာခေါင်းနီနီလေးရယ်၊နှုတ်ခမ်းပါးပါးရဲရဲလေးရယ်နဲ့ ကောင်လေးက သူ့စိတ်ကို ထိန်းချုပ်ထားဖို့ ခက်ခဲစေတယ်ဆိုတာပဲ။
TBC........
There are no comments yet. Log in to be the first to leave a review!





