Fanfics

1

17:38, 29 August 2025

ရွေးချယ်ခွင့်ရမယ်ဆိုရင် ပိုက်ဆံ၊အာဏာ၊ပါဝါစသည်နဲ့ဝေးတဲ့ အရပ်မှာပဲ နေချင်မိတယ်။ဒါမှ အမြဲမျှော်လင့်ခံရတဲ့ ဘဝကနေဝေးမှာလေ။

ထိုင်းနိုင်ငံတစ်ခုလုံး၏ ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုတွေကို လက်ဝါးကြီးအုပ်ထားတဲ့ မိသားစုရဲ့ တစ်ဦးတည်းသော သားဖြစ်သူအနေနှင့် ကြီးပြင်းလာခဲ့ရတာမို့ သူ့မှာ အသက်ငယ်ငယ်နဲ့ သယ်ထားရတဲ့ ဝန်တွေကအတော်များသည်။အခုအသက်၂၅ သယ်ထားရတဲ့ တာဝန်၊ဝတ္တရားများဟာ စိတ်ပျက်စရာ။

"သား မင်းဦးလေးက စေ့စပ်ပွဲအတွက်လာလိမ့်မယ် သူလာရင် မင်းမပတ်သတ်နဲ့ကြားလား"

"ဟုတ်" အလုပ်လုပ်နေရင်း ဟုတ်ကဲ့လို့ ပြန်ဖြေလိုက်ပေမယ့် တကယ်တမ်းက သူ့ဦးလေးကို သူစိတ်ထဲမရှိပါ။လုပ်ငန်းတွေ ပိုင်ဆိုင်မှုတွေ ခွဲကြဖို့ ရှိတာမို့ မိသား‌စုမရှိရင် မရဘူးဆိုတဲ့ အမွေတွေကြောင့် ဘယ်ကမှန်းမသိတဲ့ ကောင်လေး တစ်ယောက်ရှာလာပြီး လက်ထပ်မယ် လုပ်နေတဲ့ ဦးလေးကို သူမလေးစားနိုင်တော့ပါ။

သူ့အမေဘာပြောပြော အရင်က သူ့ဦးလေးက သူ့အတွက် သူရဲကောင်းကြီးဖြစ်ခဲ့သည်။ဖေဖေမရှိထဲက အမျိုးတွေရဲ့ အလည် မိန်းမသား တစ်ယောက်အနေနဲ့ ရင်ဆိုင်ရတဲ့ မေမေက သူနဲ့အတူ ဝေစုလုမယ့် ဦးလေး Archen ကို မုန်းသည်မှာ မဆန်း‌။ သူကတော့ လူငယ်ဆန်ဆန် ခပ်မိုက်မိုက် ဘာမှဂရုမစိုက်တဲ့ ဦးလေးကို လေးစားခဲ့သည်။

သူလေးစားရတဲ့ ဦးလေးဟာ အသက်၃၅ကျော် မှသေတမ်းစာပါ အချက်ဖြစ်တဲ့ မိသားစုဆိုတာကို ရဖို့ နယ်မြို့ကလေးက ကောင်လေး တစ်ယောက်ကို စေ့စပ်ရမယ့်လူ လက်ထပ်မယ့် သူပါဟု ခေါ်လာသည်။အခုမှ လက်ထပ်ချင်စိတ်ပေါ်လာသည့် ဦးလေးကို နားမလည်ပါ။အရင်က ဒါတွေမလိုချင်လို့ လွတ်လွတ်လပ်လပ်သွားနေခဲ့တာမဟုတ်လား။

သူထင်ခဲ့သည် ဦးလေးက လွတ်လပ်တဲ့ စိတ်ဝိဉာဉ်ရှိတဲ့ လူတစ်ယောက်။အခုတော့ သူပဲအထင်လွဲခဲ့တာလား ဦးလေးကရော မေမေပြောသလို သူ့ဆီက ပစ္စည်းဥစ္စာလုချင်နေတာလား။____________

ဒီနေ့က သူ့ဦးလေး Joong Archen ရဲ့ တောရွာဇနပုဒ်က ခေါ်လာတဲ့ သတို့သားဆိုတာကို အိမ်မှာ ဖွားဖွားတွေနဲ့ လာတွေ့ပေးတဲ့နေ့။သူမနေချင်ပါ သူ့ကိုယ်ပိုင်အချိန်တွေမို့ သူစိတ်ပင်ပန်းမှုတွေဖြေဖျောက်ရန် Club သွားရန် လုပ်ထားသည်ကို ဖွားဖွားက ဆွဲထား၍ နေနေရသည်။

"နှုတ်ဆက်ပြီးတာနဲ့ သွားမယ် ခဏလေးပဲ Naravit" ကိုယ့်ကိုကိုယ် အားတင်းပြီး မေမေနဲ့အတူ ထမင်းစားပွဲဝိုင်းမှာ ထိုင်နေလိုက်သည်။

သူတို့ သားမိနှစ်ယောက်သာ စားပွဲမှာရှိပြီး ကျန်တဲ့လူတွေက ဦးလေးတို့အတွဲကို သွားကြိုကြသည်။တဟားဟားရယ်သံများနဲ့အတူ ပြန်ဝင်လာတဲ့ လူသုံးယောက်။

ဖွားဖွားက ဒီနှစ်တွေမှာ သူ့သားအကြီးရော သူချစ်ရတဲ့ အမျိုးသားရော ဆုံးရှုံးထားတာမို့ မရယ်မပြုံးတာ ကြာလှပြီပေမယ့် ဒီနေတော့ ထူးထူးခြားခြားပြုံးနေသည်။

"လာ လာ ‌အမေ ဟင်းတွေချက်ခိုင်းထားတယ် မင်းအကြိုက်တွေချည်းပဲ မင်းအစ်မကလဲ မင်းတို့ကို စောင့်နေတာ"

ဖွားဖွားက လေးလေးနဲ့ သူ့ကောင်လေးကို ခေါ်၍ စကားတပြော‌ေပြာနှင့် ဝင်လာသည်။သူစိတ်မဝင်စားတာမို့ ဖုန်းကိုပဲ ငုံ့ကာသုံးနေလိုက်သည်။

"လာအမေ့နားလာထိုင် Phuwin"

"ဟုတ်"ဖွားဖွား၏ အပြောကို အသံချိုချိုနှင့်ဖြေသောသူသည် ဦးလေး၏ ကောင်လေး ဖြစ်ဟန်ရသည်။အသံချိုချိုပိုင်ရှင်ကြောင့် သူ့စိတ်တွေမှာ လှုပ်ရှားလာရသည်။မော့ကြည့်ဖို့ကို တွန့်ဆုတ်နေတာမို့ အနည်းငယ် အချိန်ယူ၍မော့ကြည့်ဖို့ပြင်လိုက်သည်။

"သား မေမေ့ အခန်းထဲက လက်ဆောင်ဘူးလေး ယူပေးပါလား"

"ဟုတ်" မော့ကြည့်ခါနီးခပ်ဆဲဆဲမှာ မေမေ့အသံကြောင့် မျက်လုံးတွေဟာ နေရာပြောင်းခဲ့ရသည်။

မေမေခိုင်းတဲ့ ဘူးလေးကို ကြည့်တော့ ဘတ် ၂၀၀တောင်မရှိတဲ့ ဆွဲကြိုးတု။

"မေမေတကယ် ဘာလုပ်ချင်တာလဲ"

________

ထမင်းစားခန်းထဲ ဝင်လာတော့ ဖွားဖွားဘေးက ကောင်လေးကို ကြည့်မိတော့ သူ့ရင်တွေခုန်လာသည်။ သူ့ဦးလေးနဲ့ ဖွားဖွားပြောသမှကို နားထောင်ပြီး ပြုံးနေတာလေးက ရင်ကို အေးချမ်းစေသည်။

"သား ယူလာလေ"

မေမေခေါ်လို့ စားပွဲဝိုင်းနားတိုးကာ သွား၍ မေမေ့လက်ထဲ ဘူးလေးထည့်ပေးကာ ထိုကောင်လေးကိုပဲကြည့်နေမိသည်။အခုမှ သတိထားမိတာက ဒီထဲကို ဝင်လာထဲက ဒီကောင်လေးလက်ကို ဦးလေးကမလွှတ်တမ်းကိုင်ထားတာပဲ။

"လက်ဆောင်ပြင်ထား‌တာလေး ရှိတယ် လက်ခံနော်"

ဆိုကာမေမေ တိုးပေးတဲ့ ဘူးလေးကို ဦးလေးက ဖျက်ယူ၍ ကြည့်သည်။မေမေစော်ကားတာကို ဘယ်လိုတုံ့ပြန်မလဲ ကြည့်တုံးမှာပင်

"အာ ကျေးဇူးနော် ဒါပေမယ့် ဘယ်လိုလုပ်မလဲ မေမေက Phuwin အတွက် မိသားစုအမွေ ကြိုးလေးပေးထားတော့ လည်ပင်းမှာ နေရာ မအားဘူး ပုံစံလဲလှတာပဲ အစ်မ ယူလိုက်တော့လေ အစ်မနဲ့ဆိုလိုက်မှာ"

"အမေ ချွေးမကြီးဖြစ်တဲ့ ကျွန်မကိုတောင် မပေးပဲ ဒီချို့ယွင်းချက်ရှိတဲ့ နယ်စွန်နယ်ဖျားက ‌အကောင် ကိုတော့ မိသားစုအမွေတောင်ပေးတာပေါ့လေ"

"ချို့ယွင်းချက်ရှိတဲ့ နယ်စွန်နယ်ဖျားက ကောင်လေး က ရိုးသားတယ်လေ အစ်မရဲ့ ပြီးတော့ သူ့ရဲ့ ချို့ယွင်းချက်က ကျွန်တော့်အတွက် အဆင်ပြေတယ်လေ" မေမေတို့ပြောနေတာတွေ သူမသိပါ။

"နင် . . .နင်"

"တော်တော့ Phuwin လေး ဗိုက်ဆာနေလောက်ပြီ ထင်တယ် ညစာစားကြတာပေါ့ " ဖွားဖွားကြောင့် တင်းမာနေတဲ့ လေထုဟာ ဖြေလျော့သွားရသည်။

"Phu က ဟင်းချက် အရမ်းကောင်းတာ မေမေရယ် မေမေတစ်ခါလောက်စားသင့်တယ် "

"ဒါဆို အိမ်မှာ ခေါ်ထားမှပဲ Phuwin လေးကို"

ဘာမှပြန်မပြောပဲ ပြုံးနေတာလေးကိုက အေးချမ်းလွန်းလှသည်။ ဦးလေးကဂရုတစိုက်ထည့်ပေးတာတွေကို ခေါင်းညှိတ်၍ စားနေသည်။သူကတော့ ထိုလူနှစ်ဦးကို ကြည့်၍ အစာစားချင်စိတ်မရှိတော့ပါ။

နောက်ခံလဲမရှိတဲ့ ကောင်လေး ကို ဦးလေးက ဘာလို့ရွေးလာလဲ စဉ်းစားမရသလို။သူကလဲ ဘာလို့ သူ့ဦးလေးကို သူ့ရည်းစား လုယူသွားတဲ့လူတစ်ယောက်လို ခံစားနေရလဲ မသိတော့ပါ။

TBC....

အပိုင်းတစ်တော့စလိုက်ပါပြီ။အားပေးကြပါအုံး🥺🫶🏻

Joongနဲ့မှအဆင်ပြေလို့ တူရီးလုပ်ပေးလိုက်တယ် 🥲🤧

18.2К4610

There are no comments yet. Log in to be the first to leave a review!

Similar stories