Fanfics
Extra|2|
17:26, 1 February 2026
Unicode
ခြေလှမ်းကျဲတွေဖြင့် ဆေးရုံစင်္ကြန်လမ်းတစ်လျှောက် တစ်ခြားဘယ်သူပဲကြည့်ကြည့် သူအလျင်လိုနေမှန်း သိသာသည်..။ ဒီနေရာကို သူရောက်လာခြင်းကလည်း တစ်ခြားမဟုတ် သူ့အမျိုးသားဖြစ်သူ ကျိုးဖုန်း ရုတ်တရက် ဆေးရုံတင်လိုက်ရတယ် ဆိုတဲ့ သတင်းကြောင့်သာ။
လွန်ခဲ့တဲ့ နှစ်ပတ်က နယ်ဘက်ကို ခရီးသွားရသည်မို့ သူ့ကိုဖုန်းခဏခဏ ဆက်ပြီး မနှောက်ယှက်ဖို့ ကျိုးဖုန်းကို မှာခဲ့သလိုကျိုးဖုန်းကလည်း သဘောတူလက်ခံခဲ့သည်။ သို့နှင့် အရင်ကဆိုသူ့ကိုစိတ်အနှောက်ယှက်ပေးတတ်သည့် လူက သူမရှိ‌တဲ့နှစ်ပတ်အတွင်း ဖုန်းမဆက်ပဲ နေနိုင်တာက သူ့အတွက်ကတော့အလွန်ထူးဆန်းပါဘိ။
အခု သူရောက်ရောက်ချင်း ကျိုးဖုန်း တစ်ယောက်ထဲရှိနေချိန်လှေခါးပေါ်က ပြုတ်ကျပြီး ဆေးရုံတင်လိုက်ရတယ်လို့ အက်ရှာနဲ့သူ့အမေက ပြောလာတော့ နားတောင် မနားတော့ပဲ သူချက်ချင်းလီယမ်နဲ့အတူ လိုက်လာမိတဲ့ သူ့ကိုယ်သူ နားမလည်ပါ။ ဒီကောင် သေသွားရင် ပိုကောင်းမှာလေ သူလည်း လွတ်လပ်မှာမဟုတ်ဘူးလား။
တောက်!!! တော်တော် စိတ်အနှောက်ယှက်ပေးတဲ့ကောင် ။
"သူဌေး..."
"အင်း.. လမ်းပြ"
"ဒီဘက်ပါ!!!
ဆေးရုံတံခါးကို လီယမ်က ဖွင့်ပေးတော့ အထဲမှာ Finnကိုတွေ့ရ၏။ ဒါနဲ့ သူစိတ်မကြည်တော့။ အဲ့ဒီလူထံကနေ အကြည့်လွှဲပြီး ကုတင်ပေါ်ကို အကြည့်ပြန်ရောက်တော့ ခေါင်းမှာ ပတ်တီးစည်းထားပြီး မေ့မြောနေတဲ့ ကျိုးဖုန်းကြောင့် အံကိုခပ်တင်းတင်းကြိတ်လိုက်သည်။
"မင်းက ကျိုးဖုန်းရဲ့!!!
"သူ့ယောက်ျား!!!!
"ဪ!!
"ခင်ဗျား ထွက်သွားပေးပါ့လား ကျုပ်တို့ အချင်းချင်းစကားပြောချင်လို့.."
"အိုခေ ဘရို!!
Finnထွက်သွားတော့ လီယမ်က အလိုက်သိစွာ တံခါးကိုအထဲကနေ ပိတ်ပစ်လိုက်တယ်။ ထို့နောက် ဖြူဖက်ဖြူလျော်ဖြစ်နေတဲ့ မျက်နှာလေးကို ဖွဖွလေး ထိကြည့်သည်...။ လှေခါးပေါ်က ပြုတ်ကျသည်ဆိုပဲ ကျိုးဖုန်းက အဲ့ဒီလိုသတိလက်လွတ် ဖြစ်တတ်သူမှ မဟုတ်တာပဲ။
"လီယမ်!!
"ဟုတ်ကဲ့ !!
"အိမ်က CCTVတွေ အကုန်စစ်ကြည့် !!!
"ဟုတ်!!!
"ပြီးရင် ဘာဆက်လုပ်ရမလည်းဆိုတာ သိတယ်မလား"
"နားလည်ပါပြီ "
"ငါဒီကနေပဲ စောင့်မယ် "
"ဟုတ်ကဲ့ ကျွန်တော်အခုပဲ ဆောင်ရွက်လိုက်ပါ့မယ်"
လီယမ် ထွက်သွားတော့ သူ့ကို စကားပြန်မပြောနိုင်တဲ့ကျိုးဖုန်းနဲ့သာ ကျန်ရစ်ခဲ့တယ်။ ကျိုးဖုန်းကို ကြည့်ရင်းဖြင့် သူအံကြိတ်လိုက်သည်။
"ကိုယ် ခရီးကနေ အခုမှပြန်ရောက်တာ မင်းက ကိုယ့်ကိုဒီပုံစံနဲ့ ကြိုတာလား.."
ထို့နောက် ကျိုးဖုန်းရဲ့ ပျော့ဖက်နေတဲ့ လက်ကို အသာယာဆွဲယူပြီး လက်ခုံပေါ် တစ်ချက်လောက်ဖိကပ်နမ်းလိုက်တယ်။
"စိတ်ချပါ မင်းအတွက် မျှတဖို့က ကိုယ့်တာဝန်ထား !!!
Ring..
Ringtone သံကြောင့် ဖုန်းကိုထုတ်ကြည့်တော့ ခေါဆိုသူက လီယမ်။
"လီယမ် အခြေနေထူးလား!!
'ဟုတ်ကဲ့ သူဌေး!! လူကို မိထားပြီးပြီ သူဌေးရဲ့ အိမ်မှာခေါ်ထားပါတယ် ဆေးရုံမှာကျ လူတွေအရမ်းများတယ်လေမလိုအပ်ပဲ ရုတ်ရုတ်သဲသဲ မဖြစ်စေချင်လို့..'
"ငါချက်ချင်းလာမယ် စောင့်ကြည့်ထား!!
'ဟုတ်ကဲ့..'
ဖုန်းကိုပြန်သိမ်းပြီးတာနဲ့ ကုတင်ပေါ်မှာ ငြိမ်သက်စွာလှဲနေတဲ့လူသားကို ဖျော့တော့စွာ တစ်ချက်ကြည့်တယ်။ ပြီးနောက်နှဖူးပေါ် အနမ်းတစ်ပွင့် ခြွေချရင်း
"ကိုယ်ပြန်လာတာကို စောင့်နေပါ ကျိုးကျိုး!!!
ထိုလူသားကို ကျောခိုင်းလိုက်တယ်ဆိုရင်ပဲ မျက်ဝန်းတို့ကနက်မှောင်စူးရှသွားသည်က အမဲဖြတ်ဖို့ ပြင်ဆင်နေတဲ့သားရဲကောင်ပမာ။ သူအိမ်ကိုပြန်လာတော့ လီယမ်ရှေ့မှာမေ့မြောနေတဲ့ မိန်းကလေးကို တွေ့ရသည်။ ထိုမိန်းကလေးမှာရိုက်ခံထားရလို့ သတိလစ်နေပုံပင်။
"CCTV ထဲမှာ ဒေါက်တာ ပြုတ်မကျခင် တွေ့တဲ့မိန်းကလေးကသူပါ သူဌေး.."
"သူက ဘယ်သူလဲ .."
"ဟင် သူဌေး မမှတ်မိဘူးလား ဒီမိန်းကလေးက သူဌေးနဲ့၃ကြိမ်လောက် ရင်းနှီးမှု ရှိဖူးတယ်လေ.."
"နှိူးလိုက် ငါမေးစမ်းပါဦးမယ် ဘယ်လိုလူမျိုးက ငါ့လူကိုထိရဲသလည်းလို့ အဲ့ဒီသတ္တိတွေ ဘယ်ကနေ ရခဲ့တာလဲ"
လီယမ်က ချက်ချင်း ရေတစ်ပုံးကို ပြေးဆွဲရင်း မိန်းကလေးရဲ့ခန္ဓာကိုယ်ပေါ် လောင်းချပစ်လိုက်တယ်။
ဗွမ်း!!!!
"အဟွတ်!!!
ထိုမိန်းကလေးမှာ ချက်ချင်းထလာပြီး သူ့အခြေနေသူနားလည်ပုံမရ။ သို့သော် ရှေ့မှာရှိနေတဲ့ လင်းပေါင်ကိုမြင်သည့်အခါ မျက်လုံးအရောင်တွေက လက်ခနဲ...
"ကိုကို!!!! အရမ်းကောင်းတာပဲ Zoey!! ကိုကို့ကိုတွေ့နေရပြီ "
"Zoey!!
"ဟုတ် ကိုကို!!
"မင်း သူ့ကို ထိခိုက်စေတာလား"
ဆိုရင်ပဲ နားလည်တဲ့ Zoeyက မျက်နှာတစ်ခုလုံး ဖြူလျော်သွားတယ်။
"ဟင်!! ကိုကို... "
"ငါ့ကိုအမှန်တိုင်းပြော မင်းသူ့ကို ထိခိုက်စေတာလား!!!
"ကိုကို Zoey မလုပ်!!!!!
"ငါ့ကို မလိမ်စမ်းနဲ့ .."
ဟိန်းခနဲ အော်သံကြောင့် Zoeyရဲ့ ခန္ဓာမှာ ဆတ်ခနဲတုန်သွားတယ်။
"သူက အမြဲ သတိကြီးတဲ့သူပဲ အဲ့လိုလူက ဘယ်လိုလုပ်ရုတ်တရက် လှေခါးပေါ်ကနေ ပြုတ်ကျနိုင်မှာလဲ အဲ့ဒီအချိန်မှာသူနဲ့ နှစ်ယောက်ထဲ တွေ့ခဲ့တဲ့လူက မင်းပဲလေ Zoey!!!
"............"
"မင်းသူ့ကို ဘာပြောခဲ့သေးလဲ.."
"ဟို.. Zoeyပြောတာက Zoey မှာ ကိုကိုနဲ့ ရတဲ့ကိုယ်ဝန် ရှိနေပြီလို့ ပြော..ပြောလိုက်တာပါ ကိုကို.."
"ဘာ!! ကိုယ်ဝန် ဟုတ်လား!!!
Zoeyတစ်ယောက် အကြည့်ချင်း ရင်မဆိုင်နိုင်စွာ ခေါင်းငုံ့သွားသည်။
"ကိုယ်ဝန်ဆိုမှ မင်းနဲ့ငါ့ကြားမှာ ထူးထူးခြားခြားပတ်သတ်မှုရှိခဲ့ဖူးလို့လား.."
လင်းပေါင်မှာ ဒါကိုတော့ အတိအကျပြောရဲပါ၏။ ဘာလို့ဆိုသူနဲ့အတူ ရှိဖူးတဲ့ မိန်းကလေးတွေ အကုန်လုံးက ကျိုးဖုန်းရင်နာအောင်ဖန်တီးထားတဲ့ ဇာတ်လမ်းတွေချည်းပဲ..။
"ကိုကို ဒါတော့ Zoeyကို အပြစ်တင်လို့မရဘူး Zoeyသူ့ကိုဘာမှမလုပ်ခဲ့ဘူး သူ့ဘာသာ လက်မခံနိုင်ပဲ သတိလစ်ပြီးလှေခါးပေါ်က ပြုတ်ကျခဲ့တာ Zoey စိတ်ရင်းကောင်းပြီးဆေးရုံအချိန်ကိုက် ပို့ခဲ့လို့မဟုတ်ရင် သွေးထွက်လွန်ပြီးသေတောင် သေနေလောက်ပြီ ကိုကိုက Zoeyကိုတောင်ကျေးဇူးတင်ရဦးမှာ"
ထိုအခါ လင်းပေါင်ရဲ့ အပြုံးမှာ ခပ်လှောင်လှောင်။ Zoeyအနားကို ဖြည်းဖြည်းချင်း လျှောက်လာသည်နှင့်Zoeyကလည်း ကြောက်အားလန့်အားနဲ့ အနောက်ကိုဆုတ်သွားတယ်။ ဒါမှမဟုတ် Zoeyမှားသွားတာလည်းဖြစ်နိုင်တယ်။ ဒီလူ့ကို ပိုင်ဆိုင်ဖို့ လုံးဝစိတ်မကူးသင့်ဘူး။
"ဪ.. ဒါဆိုရင်တော့မင်းကို ကျေးဇူးတင်ပါတယ်နော် Zoey"
"ရှင်ဘာလုပ်မလို့လဲ!! အစ်..ကို..ကို"
ကြီးမားသန်မာသည့် လက်တစ်ဖက်က သူမ လည်တိုင်ကျော့ကျော့ဆီကို ဖျစ်ညှစ်ထား၍ အသက်ရှူရ ကြပ်လာသည်။ရုန်းလေ မလွှတ်မြောက်နိုင်လေ။ သူမ နောက်ဆုံး သတိရမိတာက သူမရဲ့ မိဘတွေပဲဖြစ်လိမ့်မယ်။
"မလုပ်ပါနဲ့!!!
"မင်းငါ့အနားမှာ နေချင်ခဲ့တာ မဟုတ်ဘူးလား ဒါဆိုရင်ငါကလည်း မင်းကိုထွက်သွားခွင့် မပေးတော့ဘူး.."
ငြိမ်သက်သွားသည့် အချိန်မှ သူလက်လွှတ်လိုက်ခြင်းပင်။လီယမ်က Zoey အသက်ရှူ၊ မရှူကို စမ်းသပ်ကြည့်ပြီးအသက်မရှူတော့မှ စိတ်သက်သာရာ ရသွားလေသည်။
"သူသေပြီ !!
"ရှင်းလိုက်တော့.."
"သူ့နောက်ခံက ပေါပေါပဲပဲ မဟုတ်ဘူး အကယ်၍ နောက်လူတွေပါလာရင်.."
"လွယ်တာကို ခက်အောင်မလုပ်စမ်းနဲ့ လီယမ်..သူ့ကို ရှင်းလိုက်တော့ ပြီးရင် သူနဲ့ငါ့အကြောင်းကို သိတဲ့သူတွေကိုပါ ဆက်ရှင်းလိုက် အစအန မကျန်စေနဲ့.."
"..........."
"ဪ သူတို့ကလွဲရင်!!!
သူမေးဆတ်ပြရာကို လီယမ် ကြည့်လိုက်တော့ အက်ရှာတို့သားအမိနှစ်ယောက်မှာ တံခါးဝမှာ တုန်ရီစွာ တောင့်တောင့်ကြီးရပ်နေကြသည်။ လီယမ်မှာ ခေါင်းညိတ်ပြီး အသက်မဲ့သွားသည့်ခန္ဓာကို ပွေ့ချီပြီး ထွက်သွားတယ်။
..................
အပေါ်ကုတ်အင်္ကျီကို သေချာလေး ဝတ်ပြီးတာနဲ့ မသေမသပ်အက်ရာထင်နေတဲ့ ပန်းအိုးလေးဆီ လျှောက်လာလိုက်တယ်။ ပန်းအိုး‌က နှစ်ပိုင်းကွဲသွားပေမယ့် ကြိုးစားဆက်လိုက်တော့ရလို့ တော်သေးတယ်။ အဲ့ဒီလူက ပန်းအိုးကွဲတော့ နေ့နေ့ညညငိုနေတာကို သူမမြင်လိုပါ။ ဒါကြောင့်လည်း ကြိုးစားလုပ်ပေးခဲ့မိတာ ထင်ပါရဲ့။
သူ့ဘက်ကနေ အဲ့ဒီလူအပေါ် အရင်ဆုံး လက်ထပ်ခွင့်တောင်းခဲ့တာလို့ မားကရော အဲ့ဒီလူကရော ပြောပေမယ့် သူက မယုံပါ။ အတိတ်က မေ့သွားခဲ့ပေမယ့် နှလုံးသားကိုတော့ ညာလို့မရ။ နောက်ပြီး သူကလည်း မြင်မြင်ချင်း ချစ်တတ်သူမဟုတ်တာခက်သား။
အရင်ကတော့ သူထွက်သွားတာ ကောင်းသေးတယ်လို့ ဂုဏ်ယူဝံ့ကြွားစွာ ပြောနိုင်ပေမယ့် အခုတော့ ဆေးရုံကုတင်ပေါ်မှာလဲနေတဲ့ အဲ့ဒီလူကိုပြန်တွေးမိတိုင်း ရင်ထဲ အောင့်လာသည်။ ဒီခံစားချက်က ဘာဖြစ်တာများလဲ အဟင်း တစ်နည်းနည်းနဲ့အဖြေရှာမှ ဖြစ်တော့မယ်။
ထိုအချိန် ထွက်ပေါ်လာသည့် တံခါးခေါက်သံက ပြန့်ကျဲနေတဲ့အာရုံတွေကို ပြန်စုစည်းစေတယ်။
"ဆန်ပြုတ်ရပါပြီ သူဌေး!!! 
ထွက်လာသည့်အသံမှာ အဒေါ်ကြီးရဲ့သားဖြစ်သူ အက်ရှာအသံပင်။ တံခါးဖွင့်ပြီး အပြင်ထွက်လာတော့ အက်ရှာကမျက်လွှာချကာ တစ်ခါတစ်လေ မဝံ့မရဲ မျက်လုံးပင့်လျက်ခိုးခိုးကြည့်သည်။
"အမေက ဆန်ပြုတ်ရပါပြီတဲ့ ချိုင့်ထဲတောင် ထည့်ပြီးပြီ!!
"အင်း!!!
သူ အောက်ထပ် ပြန်ရောက်တော့ ရပ်စောင့်နေတဲ့ လီယမ်ကအဒေါ်ကြီးပေးတဲ့ ချိုင့်ကို ဆွဲကိုင်ထားတာ တွေ့ရတယ်။ မကြာခင်ကတည်းက နည်းနည်းပြောင်းလဲနေတဲ့သူ့ကို လီယမ်သတိထားမိတာကြာပြီ။ အခုလည်း ‌သတိရလာပြီဖြစ်တဲ့ဒေါက်တာအတွက် ကိုယ်တိုင်ဆန်ပြုတ် ယူသွားပေးမလို့ဆိုပဲ။
"ကားအဆင်သင့်ပါ သူဌေး!!
"သွားကြစို့!!
"ဟုတ်ကဲ့!!
တက်ကြွစွာထွက်သွားပြီဖြစ်တဲ့ သူဌေးနောက်ကို လီယမ်မနည်းကိုမှီအောင် လိုက်ရတယ်။ ကားအနောက်ခန်းမှာ ထိုင်ပြီးတာနဲ့အရှေ့ခန်းမှာ နေရာဝင်ယူတဲ့သူ့ကို ချိုင့်လှမ်းတောင်းသေးတယ်။ချိုင့်ကို ကြည့်ပြီး တစ်ယောက်ထဲပြုံးစိပြုံးစိ ဖြစ်နေတာကလည်းသိပ်တော့မူမမှန်။
ဆေးရုံကို ရောက်တော့ လင်းပေါင်ရဲ့ ခြေလှမ်းတွေက တကယ်ကိုတက်တက်ကြွကြွ။ တစ်စုံတစ်ယောက်ရဲ့ အခန်းဆီ ရောက်လာတဲ့အချိန်မှ စိတ်အလိုမကျ ဖြစ်သွားတာ။
အဲ့ဒီလူရဲ့ နှဖူးပေါ် လက်တင်စမ်းနေသည့် သူစိမ်းအမျိုးသားကHotel ထဲမှာ ကျိုးဖုန်းနဲ့ အတူဝင်သွားသည့် သူနဲ့ အတော်ကိုတူနေသည်။
"အာ.. လင်းပေါင်!!!
အခြေနေက နည်းနည်းတင်းမာနိုင်တဲ့အနေထားမို့ ကျိုးဖုန်းမှာလင်းပေါင်ကို စိတ်မတိုစေချင်တာကြောင့် ပြာပြာသလဲရှင်းပြဖို့ ကြိုးစားပေမယ့်
"သူက မင်းရဲ့အမျိုးသား လင်းပေါင်လား!!
"............"
"တွေ့ရတာ ဝမ်းသာတယ်နော် ကိုယ့်နာမည်က ဖူကျင်ယွမ်ပါကျိုးဖုန်းရဲ့ အရင်းနှီးဆုံးမိတ်ဆွေ.."
လင်းပေါင်က ဘာမှမပြောပဲ အနားးကိုရောက်မှာ ချိုင့်ကို စားပွဲပေါ်အသံမြည်အောင်ဆောင့်ချတော့ ကျိုးဖုန်းမှာ တုန်သွားရသည်။
"ယွမ်ကော... အခုပြန်လိုက်ပါတော့နော် ကျွန်တော့်ကိုလုံးဝ လာမကြည့်လည်း ရပါတယ်.."
"ဟင်းဟင်း! သိပါတယ် မင်းရဲ့ချစ်ချစ်ရောက်လာတော့ကိုယ့်ကို မြင်တောင်မမြင်ချင်တော့ဘူးလား"
ဖူကျင်ယွမ်က မတ်တပ်ထရပ်ရင်း အပြုံးလေးနဲ့ ပြောတော့ကျိုးဖုန်းမှာ အောက်နှုတ်ခမ်းလေးကို ခပ်ဖွဖွလေးကိုက်မိတယ်။
"ဟုတ်ပြီ ကိုယ်သွားပါ့မယ် မင်းသာ ပေးထားတဲ့ ကတိကိုမမေ့ပါနဲ့.."
ထွက်မသွားခင်မှာ ခနဲ့တဲ့တဲ့ ကြည့်သွားတဲ့ ဖူကျင်ယွမ်အကြည့်ကို လင်းပေါင် အဓိပ္ပာယ်မဖော်တတ်။
"သူ့ကို ဘာကတိတွေ ပေးလိုက်လို့လဲ!!!
ဖူကျင်ယွမ် ထွက်သွားပြီး ခဏအကြာမှာ ကျိုးဖုန်းရဲ့ဘေးဝင်ထိုင်ရင်း သူ့အသံက ခပ်မာမာ။ သို့သော်လည်း ကျိုးဖုန်းကနီးကပ်စွာ မြင်ရတဲ့ မျက်နှာချောချောကြောင့် အသက်ပင်ဝဝမရှူရဲ။ ဒီနေ့မှ ဘာလို့ ခါတိုင်းထက်ပိုပြီး နှလုံးခုန်မြန်နေရတာလည်း မသိဘူး။
"ဖြေလေ သူ့ကို ဘာကတိတွေ ပေးလိုက်တာလည်းလို့"
"သူက သန်ဘက်ခါ ပြန်တော့မှာ အဲ့ဒါ သူနဲ့ နောက်ဆုံးအနေနဲ့ညစာ အတူစားဖို့ တောင်းဆိုတာပါ"
"မသွားရဘူး!!
"ဘာလို့လဲ!!
လင်းပေါင်က မျက်မှောင်ကြုတ်လျက်
"ဘာပဲဖြစ်ဖြစ် မသွားရဘူးကွာ"
ဆိုတော့ ဘာမှစောဒက မတတ်တော့ပါချေ။ လင်းပေါင်ဘာ‌ကြောင့် စိတ်တိုသလည်းဆိုတာလည်း မမေးဖြစ်တော့။လင်းပေါင်ရဲ့ အမြင်မှာ သူက စိတ်တိုရအောင် အမြဲလုပ်ခဲ့တဲ့သူပဲဟာ ။ ထို့အတူ လင်းပေါင် လက်သန်းကြွယ်မှာ ရှိနေသောလက်စွပ်မောင်းကွင်းလေးကို ကြည့်ရင်း သူအံ့ဩမိပါသေးသည်။ သူမှတ်မိသလောက် လင်းပေါင်က ဒီလက်စွပ်ကို ချွတ်ထားတာကြာပြီ မဟုတ်ပါလား။
လင်းပေါင်မျက်နှာကို မျှော်လင့်ချက်အပြည့်နဲ့ ကြည့်ရင်းသူ ရှက်အမ်းအမ်းလေး ပြုံးလိုက်မိတယ်..။
........................
ပြာနုရောင် Bathrobe လေးနဲ့ လင်းပေါင်ကို ကြည့်ပြီး သူ ဒူးထောက်ချလိုက်ပေမယ့် လင်းပေါင်ဟာ သူ့ကိုတစ်ချက်မှလှည့်မကြည့်။ ရေစိုနေတဲ့ ဆံပင်တွေကို တပတ်နဲ့ သုတ်နေပေမယ့် တပတ်ကို ကိုင်ထားသည့် သူ့လက်တွေက အေးစက်တောင့်တင်းနေသလို သူမျက်မှောင်ကြုတ်ထားခဲ့သည်။
"လင်းပေါင် ငါမင်းကို ရှင်းပြပါ့မယ်!!!
လင်းပေါင်က သူ့ကို အရင်လို ပြဿနာရှာတာမျိုး မရှိ..။ သူ့ကို မရှိတဲ့အရာတစ်ခုလို သဘောထားတာ ပိုပြီး နာကျင်စေတယ် ဆိုတာ ထိုလူသား မသိရော့လေသလား။
"ဖူကျင်ယွမ်က ၊ ကနေဒါကို ပြန်တော့မှာ ပြီးတော့ သူငါ့ကိုပြောခဲ့သေးတယ် ငါ့အမေရဲ့ အကြွေးတွေကို ပေးစရာမလိုတော့ဘူးတဲ့ ဒါက မကောင်းဘူးလား"
"ကောင်းတာပေါ့ ဒါနဲ့ ဘာလို့ပြန်လာတာလဲ သူနဲ့ နှုတ်ဆက်တဲ့အနေနဲ့ ဘာလို့ တစ်ခါထဲ မအိပ်ခဲ့ရတာလဲ.."
"လင်းပေါင်!! ငါသူနဲ့ ညစာ အတူစားခဲ့တယ်ဆိုတာက သူ့အပေါ်ငါလုပ်ခဲ့တဲ့ အပြုမူတွေ လုပ်ရပ်တွေအတွက် အလျော်ပေးတဲ့သဘောပါ"
ကျိုးဖုန်းမှာ မျက်ရည်အဝိုင်းသားနဲ့ သူ့ကို တောင်းပန်နေပေမယ့်သူကတော့ စီးကရက်ဖွာရင်း စိတ်ပျက်သလိုကြည့်နေလိုက်တယ်။
"အလျော်ပေးတယ် ဟုတ်လား မင်းအမေ သူ့အပေါ်အကြွေးတင်နေတာ ဘယ်လောက်များလို့လဲ ငါမဆပ်ပေးနိုင်ဘူးထင်လို့လား တစ်ခုခုလိုအပ်ရင် ငါ့ကိုပြောလေ!!
"ငါ!!! ငါမင်းဆီက ဘာမှ မလိုအပ်လို့ပါ!!!
"မလိုအပ်လို့ အဲ့ဒီကောင်ဆီ သွားတာလား.."
"ငါပြောပြီးပြီလေ ငါသူ့အပေါ် လုပ်ခဲ့တာတွေ အတွက်အလျော်ပေးတာလို့.."
"ဘာကို အလျော်ပေးတာလဲ မင်းသူ့အပေါ် ဘာလုပ်ခဲ့ လုပ်ခဲ့အဲ့ဒါ သူ ဉာဏ်နည်းလို့ ခံရတာလေ ဘယ်လိုလုပ်ပြီးမင်းအပြစ်လို့ ပြောနိုင်မှာလဲ.."
"လင်းပေါင်.. ငါ!!!!
စကားမဆုံးခင်မှာပဲ ဒူးထောက်နေတဲ့သူ့ကို လင်းပေါင်ကအင်္ကျီကော်လံစကို ဆွဲပြီး အခန်းပြင်‌ပို့ပေးလိုက်တယ်။ ပြီးမှစီးကရက်အား နင်းခြေကာ
"ထွက်သွား!! မင်းမျက်နှာကို ငါထပ်မမြင်ချင်တော့ဘူး"
ကျိုးဖုန်း သူ့နားသူပင်မယုံကြည်နိုင်။ အရင်တုန်းက လင်းပေါင်ကသူ့ကို သဘောမကျပေမယ့် ၎င်းက ကွာရှင်းဖို့ ပြောတာချည်းပင်။ထွက်သွားဖို့ ပထမဆုံး ပြောခံရသည့်အခါ မှားပြီ ဆိုတဲ့အသိကအတွေးထဲ ရောက်လာတယ်။ လင်းပေါင်ပုံစံက ဒေါသအလျောက်ရှူးရှူးရှားရှား ဖြစ်နေတာမျိုးထက် အင်မတန် အေးဆေးနေ၏။ဒါမှမဟုတ် ဒေါသတွေကို အတင်းမျိုချထားတာလည်း ဖြစ်ချင်ဖြစ်မည်။
"လင်းပေါင် မင်းအခု ငါ့ကို နှင်ထုတ်နေတာလား!!
"အေး ဟုတ်တယ် လူလို မောင်းထုတ်လို့ မရရင်ခွေးလို ရိုက်ထုတ်မှာ ချက်ချင်း ငါ့အိမ်ကနေ ထွက်သွားမနက်ဖြန် တရားရုံးမှာတွေ့မယ်!!!
မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်ကျလာပေမယ့် ရှိုက်သံပင်မထွက်နိုင်။
"ဘာလို့လဲ !! ငါမှားပါတယ်ကွာ နောက်ဆို ငါထပ်မလုပ်တော့ပါဘူး"
လက်ကို အတင်းဆွဲကိုင်ပြီး ကျိုးဖုန်း မျက်ရည်တွေကြားကတောင်းပန်မိသည်။ လင်းပေါင်က ထောင်းခနဲ ဒေါသထွက်လျက်သူ့ကို ဆောင့်တွန်းကာ
"ဘာ!!! တောင်းပန်တယ် ဟုတ်လား .. အဟက်..ဒီမှာ ဟေ့ကောင် တောင်းပန်စကားက လူတိုင်းပြောတတ်တယ်ကိုယ်မှားကြောင်း လက်သင့်ခံနိုင်တဲ့စိတ်ကတော့ လူတိုင်းမှာမရှိဘူးကွ.."
"အင့်..အဟင့်.. မင်း!! မင်းက ငါ့ကို မချစ်ဘူးဆိုတော့ ငါအဲ့လိုလုပ်ရင် မင်းဘာမှ မဖြစ်ဘူးလို့ ထင်မိခဲ့လို့ပါကွာ.."
"ကောင်းတယ်..ကောင်းတယ် မင်းရဲ့အတွေးက တကယ်ကိုရွှေချထားပေးဖို့ ကောင်းလွန်းတယ် ကျိုးဖုန်း!!!
လင်းပေါင်မှာ သူဆက်ပေးထားသည့် ပန်းအိုးကို သွားယူပြီးထွက်လာတယ်။ ပြီးမှ မဲ့ခနဲပြုံးလျက်
"မင်းဘာလုပ်လုပ် ငါစိတ်မဝင်စားဘူးဆို အားအားယားယားနဲ့ ဒီ စောက်အဓိပ္ပာယ်မရှိတဲ့ဟာကို တစ်‌နေ့လုံး ထိုင်လုပ်ခဲ့ပါ့မလား'
ကျိုးဖုန်းရင်ထဲ ဆစ်ခနဲတစ်ချက် ဖြစ်သွားတယ်။ မျက်ရည်တွေဟာလည်း တန့်သွားရသည်။
"ဒါ..ဒါက မင်းလုပ်ထားတာလား!!!
"အေး ဟုတ်တယ် မင်းရဲ့ မျက်ရည်တွေကို ငါမမြင်ချင်လို့လုပ်ထားတာလေ မင်းပြော.. မင်းဘာလုပ်လုပ် ငါ့ဘက်ကဘာမှ မခံစားရဘူးလို့ ထင်သေးလား မင်းပြောလေ!!!
"လင်းပေါင်!!!!
"ပါးစပ်ကသာ ငါ့ကို ချစ်တယ်လို့ ပြောနေတာ ငါစိတ်ချမ်းသာအောင် တစ်ခုမှ လိုက်မနေပေးနိုင်ဘူး အခုတော့ ငါတို့ရဲ့ဆက်ဆံရေးက ဒီပန်းအိုးလိုပဲ."
ခွမ်း!!!!
"လင်းပေါင်!!!
ပန်းအိုးမှာ ကွဲကျသွားပေမယ့် အစိပ်စိပ်အမွှာမွှာတော့ မဖြစ်။ဒါကြောင့်ပဲ လင်းပေါင်က အခန်းထဲက ဘေ့စ်ဘောတုတ်တံနဲ့ရစရာမရှိအောင် ကွဲကြေသွားသည်အထိ ရိုက်ခွဲပစ်သည်။
"လင်းပေါင် မလုပ်ပါနဲ့ ငါ့အပြစ်ပါ.. ငါတစ်ယောက်ထဲမှားတာပါ"
လင်းပေါင်မှာ သူ့ကို မျက်ထောက်နီကြီးနဲ့ စိုက်ကြည့်လျက်
"ထွက်သွားတော့!!! မင်းကိုငါ တမ်းတမ်းစွဲ မချစ်မိခင်!!!
ပြောပြီး တံခါးကို ဆောင့်ပိတ်လိုက်တော့ ကျိုးဖုန်းမှာ ရူးမတတ်။ လင်းပေါင် သူ့ကို ခံစားချက်ရှိနေသည်တဲ့လား။ သူနည်းနည်းမှမသိရပါလား။ ဘယ်အချိန်ကတည်းကပါလိမ့်။
"လင်းပေါင် အခုတံခါးဖွင့် ငါမင်းနဲ့ ရှင်းအောင်ပြောမယ်!!
"ငါ့အိမ်ကနေ အခုချက်ချင်းထွက်သွားပြီး အဲ့အကောင်နောက်ကို လိုက်သွားစမ်းပါ .."
"ငါဘယ်လိုလုပ် လိုက်နိုင်မှာလဲ အစကတည်းက ငါချစ်တာမင်းတစ်ယောက်ထဲပဲလေ.."
"................"
ကျိုးဖုန်းမှာ တံခါးကို ကျောမှီပြီး ထိုင်ရင်း မျက်ရည်တွေကိုသုတ်ဖယ်ပစ်လိုက်ပေမယ့် ရှိုက်သံတို့ကတော့ ထွက်နေဆဲ။
"ငါ့အသက် ၁၅နှစ်လောက်က မင်းကိုတွေ့ခဲ့တာ အစကတော့ငါ့အတွက် မင်းလိုကောင်က စိတ်ရှုပ်စရာကောင်းတယ် မင်းက အတန်းထဲမှာ စကားနည်းတယ် မင်းမှာ သူငယ်ချင်းမရှိဘူး မင်းက အေးတိအေးစက်လို့ ထင်ရပေမယ့် လမ်းမှတွေ့တဲ့ခွေးလေးတွေ ကြောင်လေးတွေကို ချစ်တတ်တယ် '
"ငါအကုန်သိတယ် လင်းပေါင် အဲ့တုန်းက ငါ့မှာအပေါဆုံးကပိုက်ဆံပြီးရင် အချိန်ပဲ ငါ့ရဲ့အချိန်တွေကို မင်းနောက်ကိုလိုက်ကြည့်ပြီး ဖြုန်းခဲ့ရတာ မင်းက နည်းနည်းလေး ရင်ခုန်စရာကောင်းပြီး အချိန်မရွေး စွန့်ပစ်လို့ရတယ်လို့ ငါထင်ခဲ့မိတယ်အဲ့ဒါကြောင့် အဲ့ဒီရူးကြောင်ကြောင်ဂိမ်းကို ရိပေါ်နဲ့အတူကစားခဲ့မိတာ.."
"ငါမင်းကို တကယ်ချစ်တယ် ချစ်လွန်းလို့ ချစ်တောင်မချစ်ရက်တော့တဲ့အထိပဲ.. မင်းအတိတ်မေ့သွားတာကိုအခွင့်ကောင်းယူပြီး မင်းကိုငါ လက်ထပ်ခဲ့တယ် အခုနောက်ပိုင်းငါ့မှာ ဆန္ဒတစ်ခုပဲရှိတော့တယ် အဲ့ဒါက မင်းကို နောက်တစ်ကြိမ်အချစ်မှာ မကျရှူံးသွားစေချင်မိတာပါ ဒါပေမယ့် မင်းငါ့ကိုပြန်ချစ်ပါစေဆိုတဲ့ မျှော်လင့်ချက် သေးသေးလေးတော့ ရှိတယ်"
ဂျောက်!!!
ထိုအခိုက် တံခါး ဖွင့်လာသော လင်းပေါင်မှာ သူနဲ့အကြည့်ချင်းဆုံသွားပြီး အံကိုတင်းတင်းကြိတ်ထားသည်။
"ဟွန်း!!!
အထဲကို ပြန်ဝင်သွားပြီဖြစ်ပေမယ့် တံခါးကိုဖွင့်ထားခဲ့သည်မို့ ကျိုးဖုန်းခင်ဗျာ အလျင်အမြန် အထဲကို လိုက်ဝင်လိုက်တယ်..။လင်းပေါင်က ကုတင်ဘောင်ကို ကျောမှီကာ ခပ်လျှောလျှောလေးထိုင်နေပြီး သူ့ကို ဗလာသက်သက် မျက်ဝန်းတွေနဲ့ ငေးစိုက်ကြည့်နေ၏။
"လင်းပေါင်.. ငါ!!!!
"မင်းကို အဲ့လူနဲ့ တွဲတွေ့လိုက်တော့ ငါစိတ်တိုသွားတာတော့အမှန်ပဲ .."
"ငါတောင်းပန်ပါတယ် နောက်တစ်ခါ ထပ်မလုပ်ရဲတော့ပါဘူး!!!
ကုတင်ပေါ် ပြေးတက်ရင်း ၊ ရင်ခွင်ထဲ ဇွတ်ဝင်ကာ ထပ်တလဲလဲတောင်းပန်လာ၏။ ‌
"ငါအတည်ပြောနေတာ မင်းကို တမ်းတမ်းစွဲ မချစ်မိခင်မြန်မြန်ထွက်ပြေးတော့ .."
"ငါမသွားဘူး မင်းအနားကနေ ငါဘယ်မှ မသွားဘူး..လင်းပေါင် ငါ့ကိုကြည့်ပြီး သေချာပြောစမ်းပါ မင်းနှလုံးသားကငါ့အတွက် တစ်ကြိမ်တောင် မလှုပ်ရှားခဲ့ဖူးဘူးလား.."
လင်းပေါင်အပြုံးတို့မှာ သူ အဓိပ္ပာယ်မဖော်တတ်။
"ငါ့ဒဏ်ကို မင်းက တော်တော်ခံနိုင်တာပဲ.."
"ဟုတ်တယ် မင်းဘယ်လောက်ဆိုးဆိုး ငါလုံးဝထွက်မသွားနိုင်ဘူး ဘာလို့ဆို ငါမင်းကို ချစ်လို့လေ.."
"ငါက မင်းထင်ထားတာထက် အများကြီးပိုဆိုးတယ် ကျိုးဖုန်းမင်းအကြိုက်နဲ့လည်း ကိုက်ချင်မှ ကိုက်မယ် ငါက နည်းနည်းမှစိတ်မရှည်ဘူး အဲ့လိုဆိုရင်တောင် ဆက်နေချင်သေးလား.."
"အွန်း!! နေချင်တယ်"
"ငါက နည်းနည်းတော့ သဝန်တိုတတ်တယ် မင်းကို တစ်ခြားကောင်နဲ့ တွဲတွေ့တဲ့အခါ သဝန်တိုပြီး စုတ်ပြတ်အောင်ရိုက်မိတဲ့အချိန်လည်း ရှိနိုင်တယ် အဲ့လိုဆိုရင်တောင်ငါ့အနားမှာ ဆက်နေချင်သေးလား.."
ကျိုးဖုန်းရဲ့ မျက်ဝန်းထောင့်စွန်းလေးက ပူလောင်စိုစွတ်လာပြီးလင်းပေါင်ကို ကိုင်ထားတဲ့ သူ့လက်တွေက လျော့ရဲရဲဖြစ်လျက် လင်းပေါင်က ထင်သားပဲဆိုတဲ့ ပုံစံမျိုးနဲ့ အသံထွက်ရယ်စဉ်မှာပဲ ရင်ခွင်ထဲကို ထိုလူသားက ဇွတ်အတင်းတိုးကာဝင်ရင်း
"ဘာပဲဖြစ်ဖြစ် ငါထွက်မသွားဘူး မင်းစိတ်တိုင်းမကျတဲ့အခါငါမင်းရဲ့ လူသားသဲအိတ်လုပ်ပေးလို့ရတယ် ငါ့ကိုဆူလို့ရတယ်ရိုက်လို့လည်းရတယ် ဒါပေမယ့် မနှင်ပါနဲ့ ငါက မင်းကိုတစ်သက်လုံး ငါ့ရဲ့အိမ်လို့သတ်မှတ်ထားခဲ့တာ မင်းကငါ့ကိုနှင်တော့ ဘယ်ကိုသွားရမလည်းဆိုတာ ငါတကယ်မသိဘူး"
ကျိုးဖုန်းအသံက တိမ်ဝင်တိုးလျနေသောကြောင့် သူ့ရင်ထဲမှာအမျိုးအမည်မသိတဲ့ ခံစားချက်တစ်ခုကို လင်းပေါင်တစ်ယောက်ခံစားလိုက်ရတယ်။ ထို့နောက် ကျိုးဖုန်းကို တင်းနေအောင်ဖက်ရင်း
"အရူးလေး!! ကိုယ် ဘယ်လိုလုပ် မင်းကိုရိုက်ရက်ပါ့မလဲ"
"ဟင်!!!
ရင်ခွင်ထဲ မျက်နှာအပ်ရာက ချစ်ရသူကို တအံ့တဩလေးကြည့်လိုက်မိတယ်။ ထိုအခါ ချစ်သူရဲ့ နူးညံ့နွေးထွေးတဲ့အကြည့်တွေဖြင့် ပထမဆုံးအကြိမ် ရင်ဆိုင်လိုက်ရသည်။
"လင်းပေါင် မင်းငါ့ကို နောက်နေတာလား!!!
"အင်း!!
"ဘာလို့နောက်တာလဲ ငါတကယ်ခံစားရတာနော် "
"ကိုယ် အခွင့်ရေး ပေးနေတာလေ သေချာစဉ်းစားနော် ဒီနေ့ပြီးရင် မင်းထွက်ပြေးချင်ရင်တောင် လုံးဝထွက်ပြေးလို့မရတော့ဘူး"
"မင်းငါ့ကို ရိုက်သတ်ရင်တောင် လုံးဝ ထွက်မပြေးဘူး ဟိုလေ လင်းပေါင် အခုငါတို့က ပြေလည်သွားကြပြီမလားဟင်!!
လင်းပေါင်အပြုံးတွေက ပီပြင်လာပြီး
"အင်း ပြေလည်သွားပြီ!!!
"ဒါဆို ငါ.. ငါမင်းကို နမ်းလို့ရလားဟင်"
"ရတယ် မင်းစိတ်ကြိုက်သာလုပ် "
ထို့နောက် လင်းပေါင်မျက်နှာကို လက်နှစ်ဖက်ကိုဆွဲယူသွားပြီးနှဖူးက အစချီကာ နှုတ်ခမ်းဆီသို့ အနမ်းတွေက ကြာရှည်လျက်။ ကျိုးဖုန်းရဲ့ ခါးကို လက်နဲ့ ထိန်းကိုင်ရင်း အနမ်းတွေကို မက်မောစွာ တုန့်ပြန်ကာ အိပ်ယာပေါ် လှဲချပစ်သည်။
"လင်းပေါင်!! မော... မောတယ်!!
ပြောလည်းမရ။ လင်းပေါင်က သူ့အင်္ကျီကြယ်သီးတွေကိုခပ်ကြမ်းကြမ်း ဆွဲဖြုတ်လိုက်တော့ ဖွေးဥနေသော ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ရုပ်လုံးပေါ်လာ၏။
"ပြွတ်.. အွန့်!!!
"လင်းပေါင်.. ဘာလုပ်မလို့လဲဟင်!!
"မင်းနဲ့ လုပ်မလို့လေ.. ဒါက ပထမဆုံးလား"
ပြောလည်းပြော သူ့အောက်ပိုင်းက ဘောင်းဘီကိုပါ ခပ်မြန်မြန်ဆွဲချွတ်လိုက်တာကြောင့် ကျိုးဖုန်းမျက်နှာက ဇီးရွက်သာသာ။
"မ..မဟုတ်ဘူး!!
လင်းပေါင် လှုပ်ရှားမှုတွေက ရပ်တန့်သွားပြီး
"ဘယ်သူနဲ့ ပထမဆုံးလဲ"
"အတိတ်မေ့နေတဲ့ မင်းနဲ့လေ!!!
"ဟင်းဟင်း ခံစားချက်က ဘယ်လိုမျိုးလဲ"
"ပေါင်ပေါင်က အစမပျိုးတတ်ဘူး ငါပဲအကုန်သင်ရတယ်ဒါပေမယ့် ငါကလည်း အတွေ့ကြုံရှိတဲ့သူမှမဟုတ်တာအဲ့ဒီတော့ ခံစားချက်က သိပ်မကောင်းဘူး.."
လင်းပေါင် အသံထွက်မရယ်ပဲ မနေနိုင်။ တစ်လက်စတည်းသကောင့်သားလေးကို အသည်းယားစွာ အပေါ်စီးကနေကြည့်ပြီး ရင်ဘက်ပေါ်က ချယ်ရီသီးလေးကို ဆွဲငုံပစ်လိုက်တယ်။
"အာ့.. ပေါင်ပေါင်!!
"ပြွတ်!!
လင်းပေါင်က Bathrobe ကြိုးကို ဖြည်ချလိုက်တာမို့ ကျိုးဖုန်းရဲ့ မျက်လုံးတွေက ပြူးကျယ်သွားတယ်။ သူ့နေရာနဲ့သူအပိုအလိုမရှိတဲ့ ကြွက်သားစိုင်တွေကိုကြည့်ရင်း ကြက်သီးထလာတာမို့ အောက်ပိုင်းကို ဆက်မကြည့်ရဲ။ သူ့ရဲ့ ယခုလိုပုံစံကိုကြည့်ပြီး လင်းပေါင်ကတော့ ပြုံးရှာတယ်။ ပြီးမှ သူ့လက်တစ်ဖက်ကိုဆွဲယူကာ ဝဲဘက် ရင်ဘက်ပေါ် တင်ပေးရင်းနှစ်ယောက်သား အကြည့်ချင်းဆုံသွားသည်။
"ခံစားမိလား!!!
"အင်း... ဘာလို့ ဒီလောက်မြန်နေတာလဲ"
"အဲ့ဒါ မင်းအတွက် လှုပ်ရှားနေတာ ကျိုးကျိူး..."
"ဟမ်!!!
"ဒီနေ့စပြီး ကိုယ်က မင်းတစ်ယောက်ထဲရဲ့ အပိုင်ပါပဲကွာသူများတွေ လုယူလို့ မရဘူး"
"Sob  .."
"ဟော.. ဘာလို့ ငိုရတာတုန်းကွာ ကိုယ်ဘာမှ မလုပ်ရသေးဘူးမင်းလေးက ငိုပြီ.."
"Sob.. ပျော်လို့.. ငါပျော်လို့ ငိုတာ အဟင့်.. ငါဒီအခိုက်တန့်ကိုရူးမတတ် မျှော်လင့်ခဲ့တာ ကြာပြီ ပေါင်ပေါင် ငါမင်းကိုတကယ် အရမ်းချစ်တယ်.."
လင်းပေါင်က သူ့ကိုချော့ကာမော့ကာဖြင့် မျက်ရည်တွေကိုလည်းတယုတယ သုတ်ပေးရင်း
"မင်းကိုမှမချစ်ရင် ဘယ်သူ့ကို သွားချစ်ရပါ့မလဲ.."
"........."
"မားတို့အိမ်မှာ ငါမူးပြီး အန်တဲ့ညက မင်းပဲအကုန်လုပ်ပေးခဲ့တာအိမ်အကူတွေကိုတောင် မလုပ်ခိုင်းပဲ မင်းပဲ အကုန်လုပ်ခဲ့တာလေငါ ရိပေါ်နာမည်ကို ယောင်တော့ မင်း တိတ်တိတ်လေးခိုးငိုတာကိုငါမသိဘူး ထင်လို့လား.."
"ဟင် အဲ့ဒါ မင်းဘယ်လိုသိ!!!
"တကယ်တော့ ယောင်တာမဟုတ်ဘူး မင်းထွက်သွားအောင်တမင် အကွက်ဆင်လိုက်တာ အဲ့လိုလုပ်တာတောင် ဘယ်မှထွက်မသွားတဲ့ မင်းကိုမြင်တော့ စိတ်မသက်မသာ ဖြစ်ခဲ့တာ ဒီကောင်ပါ.."
သူ ကျိုးဖုန်းရဲ့ နှဖူးကို နူးညံ့စွာ နမ်းရင်း
"အဲ့တော့ မင်းကို ပေါင်ပေါင်ခေါ်သလို ကိုကိုလို့ ခေါ်ရမလား!!
ပြောလည်းပြော မျက်နှာကြီးရဲကာ ရှက်နေတဲ့ လင်းပေါင်ကိုမြင်တော့ ကျိုးဖုန်း အသည်းယားမိတာအမှန်။
"ဘာရယ် ကိုကိုတဲ့လား!!!
"အင်း ကိုကို မနက်ဖြန် ဆေးရုံကို မသွားနဲ့ ခွင့်ယူလိုက်!!
"ဘာလို့လဲ!!
"ကိုယ့်အတွက် အချိန်ပေး!!
"အင်း ပေါင်ပေါင်သဘောအတိုင်းပဲ ငါဘယ်လိုလုပ်ပြီးငြင်းဆန်နိုင်မှာလဲ.."
"ကိုကိုက လိမ်မာလိုက်တာ ကြမ်းကြမ်းလေး ဆုချရမယ်!!
"ဟမ်.. ဘာရယ် လင်းပေါင်.. မဟုတ်.. ဟင့်.. မလုပ်နဲ့လို့.."
သူ့အသံတွေက လင်းပေါင်ရဲ့ အထိတွေ့နဲ့ အနမ်းတွေအောက်မှာတိုးညှင်းစွာ ပျောက်ကွယ်လျက်။ နောက်ဆုံးမှာတော့ သူမျှော်လင့်ခဲ့ပါသော ဒီအချိန်ကို ရောက်လာသည်မို့ ကျိုးဖုန်းအတွက် စောင့်ရကျိုး နပ်ခဲ့သည်လို့ ဆိုရမှာပေါ့။ 
The End.....
Zawgyi
ွေခလှမ်းကျဲတွေဖင့် ဆေးရုံစင်ွကန်လမ်းတစ်လျှောက် တစ်ွခားဘယ်သူပွဲကည့်ွကည့် သူအလျင်လိုနေမှန်း သိသာသည်..။ ဒီနေရာကို သူရောက်လွာခင်းကလည်း တစ်ွခားမဟုတ် သူ့အမျိုးသာွးဖစ်သူ ကျိုးဖုန်း ရုတ်တရက် ဆေးရုံတင်လိုက်ရတယ် ဆိုတဲ့ သတင်ွးေကာင့်သာ။
"သူဌေး..."
"အင်း.. လမ်းပြ"
"ဒီဘက်ပါ!!!
"မင်းက ကျိုးဖုန်းရဲ့!!!
"သူ့ယောက်ျား!!!!
"ဪ!!
"အိုခေ ဘရို!!
"လီယမ်!!
"ဟုတ်ကဲ့ !!
"အိမ်က CCTVတွေ အကုန်စစ်ွကည့် !!!
"ဟုတ်!!!
"နားလည်ပါပြီ "
"ငါဒီကနေပဲ စောင့်မယ် "
"ကိုယ် ခရီးကနေ အခုမှပြန်ရောက်တာ မင်းက ကိုယ့်ကိုဒီပုံစံနွဲ့ကိုတာလား.."
Ring..
Ringtone သံွေကာင့် ဖုန်းကိုထုတ်ွကည့်တော့ ခေါဆိုသူက လီယမ်။
"လီယမ် အွေခနေထူးလား!!
'ဟုတ်ကဲ့ သူဌေး!! လူကို မိထားပြီးပြီ သူဌေးရဲ့ အိမ်မှာခေါ်ထားပါတယ် ဆေးရုံမှာကျ လူတွေအရမ်းများတယ်လေမလိုအပ်ပဲ ရုတ်ရုတ်သဲသဲ မွဖစ်စေချင်လို့..'
"ငါချက်ချင်းလာမယ် စောင့်ွကည့်ထား!!
'ဟုတ်ကဲ့..'
ဖုန်းကိုပြန်သိမ်းပြီးတာနဲ့ ကုတင်ပေါ်မှာ ငြိမ်သက်စွာလှဲနေတဲ့လူသားကို ဖျော့တော့စွာ တစ်ချက်ွကည့်တယ်။ ပြီးနောက်နှဖူးပေါ် အနမ်းတစ်ပွင့်ွေခွချရင်း
"သူက ဘယ်သူလဲ .."
"ဟင် သူဌေး မမှတ်မိဘူးလား ဒီမိန်းကလေးက သူဌေးနဲ့၃ွကိမ်လောက် ရင်းနှီးမှု ရှိဖူးတယ်လေ.."
"နှိုးလိုက် ငါမေးစမ်းပါဦးမယ် ဘယ်လိုလူမျိုးက ငါ့လူကိုထိရဲသလည်းလို့ အဲ့ဒီသတ်တိတွေ ဘယ်ကနေ ရခဲ့တာလဲ"
လီယမ်က ချက်ချင်း ရေတစ်ပုံးကို ပြေးဆွဲရင်း မိန်းကလေးရဲ့ခန်ဓာကိုယ်ပေါ် လောင်းချပစ်လိုက်တယ်။
ဗွမ်း!!!!
"အဟွတ်!!!
"Zoey!!
"ဟုတ် ကိုကို!!
ဆိုရင်ပဲ နားလည်တဲ့ Zoeyက မျက်နှာတစ်ခုလုံွးဖူလျော်သွားတယ်။
"ဟင်!! ကိုကို... "
"ကိုကို Zoey မလုပ်!!!!!
"ငါ့ကို မလိမ်စမ်းနဲ့ .."
ဟိန်းခနဲ အော်သံွေကာင့် Zoeyရဲ့ ခန်ဓာမှာ ဆတ်ခနဲတုန်သွားတယ်။
"သူက အမြဲ သတွိကီးတဲ့သူပဲ အဲ့လိုလူက ဘယ်လိုလုပ်ရုတ်တရက် လှေခါးပေါ်ကနေ ပြုတ်ကျနိုင်မှာလဲ အဲ့ဒီအချိန်မှာသူနဲ့ နှစ်ယောက်ထဲ တွေ့ခဲ့တဲ့လူက မင်းပဲလေ Zoey!!!
"............"
"ဘာ!! ကိုယ်ဝန် ဟုတ်လား!!!
Zoeyတစ်ယောက် အွကည့်ချင်း ရင်မဆိုင်နိုင်စွာ ခေါင်းငုံ့သွားသည်။
"ကိုယ်ဝန်ဆိုမှ မင်းနဲ့ငွါ့ကားမှာ ထူးထူွးခာွးခားပတ်သတ်မှုရှိခဲ့ဖူးလို့လား.."
"မလုပ်ပါနဲ့!!!
ငြိမ်သက်သွားသည့် အချိန်မှ သူလက်လွှတ်လိုက်ွခင်းပင်။လီယမ်က Zoey အသက်ရှူ၊ မရှူကို စမ်းသပ်ွကည့်ပြီးအသက်မရှူတော့မှ စိတ်သက်သာရာ ရသွားလေသည်။
"သူသေပြီ !!
"ရှင်းလိုက်တော့.."
"လွယ်တာကို ခက်အောင်မလုပ်စမ်းနဲ့ လီယမ်..သူ့ကို ရှင်းလိုက်တော့ ပြီးရင် သူနဲ့ငါ့အွေကာင်းကို သိတဲ့သူတွေကိုပါ ဆက်ရှင်းလိုက် အစအန မကျန်စေနဲ့.."
"..........."
"ဪ သူတို့ကလွဲရင်!!!
သူမေးဆတ်ပြရာကို လီယမ်ွကည့်လိုက်တော့ အက်ရှာတို့သားအမိနှစ်ယောက်မှာ တံခါးဝမှာ တုန်ရီစွာ တောင့်တောင့်ွကီးရပ်နွေကသည်။ လီယမ်မှာ ခေါင်းညိတ်ပြီး အသက်မဲ့သွားသည့်ခန်ဓာကို ပွေ့ချီပြီး ထွက်သွားတယ်။
..................
အရင်ကတော့ သူထွက်သွားတာ ကောင်းသေးတယ်လို့ ဂုဏ်ယူဝံွ့ကွားစွာ ပြောနိုင်ပေမယ့် အခုတော့ ဆေးရုံကုတင်ပေါ်မှာလဲနေတဲ့ အဲ့ဒီလူကိုပြန်တွေးမိတိုင်း ရင်ထဲ အောင့်လာသည်။ ဒီခံစားချက်က ဘွာဖစ်တာများလဲ အဟင်း တစ်နည်းနည်းနဲ့အွေဖရှာမွှဖစ်တော့မယ်။
"ဆန်ပြုတ်ရပါပြီ သူဌေး!!! 
ထွက်လာသည့်အသံမှာ အဒေါ်ွကီးရဲ့သာွးဖစ်သူ အက်ရှာအသံပင်။ တံခါးဖွင့်ပြီး အပြင်ထွက်လာတော့ အက်ရှာကမျက်လွှာချကာ တစ်ခါတစ်လေ မဝံ့မရဲ မျက်လုံးပင့်လျက်ခိုးခိုွးကည့်သည်။
"အင်း!!!
သူ အောက်ထပ် ပြန်ရောက်တော့ ရပ်စောင့်နေတဲ့ လီယမ်ကအဒေါ်ွကီးပေးတဲ့ ချိုင့်ကို ဆွဲကိုင်ထားတာ တွေ့ရတယ်။ မွကာခင်ကတည်းက နည်းနည်းပြောင်းလဲနေတဲ့သူ့ကို လီယမ်သတိထားမိတွာကာပြီ။ အခုလည်း ‌သတိရလာပြွီဖစ်တဲ့ဒေါက်တာအတွက် ကိုယ်တိုင်ဆန်ပြုတ် ယူသွားပေးမလို့ဆိုပဲ။
"ကားအဆင်သင့်ပါ သူဌေး!!
"သွာွးကစို့!!
"ဟုတ်ကဲ့!!
ဆေးရုံကို ရောက်တော့ လင်းပေါင်ရဲ့ွေခလှမ်းတွေက တကယ်ကိုတက်တက်ွကွကွ။ တစ်စုံတစ်ယောက်ရဲ့ အခန်းဆီ ရောက်လာတဲ့အချိန်မှ စိတ်အလိုမကျွဖစ်သွားတာ။
"အာ.. လင်းပေါင်!!!
အွေခနေက နည်းနည်းတင်းမာနိုင်တဲ့အနေထားမို့ ကျိုးဖုန်းမှာလင်းပေါင်ကို စိတ်မတိုစေချင်တွာေကာင့် ပြာပြာသလဲရှင်းပြဖိွု့ကိုးစားပေမယ့်
"............"
"ယွမ်ကော... အခုပြန်လိုက်ပါတော့နော် ကျွန်တော့်ကိုလုံးဝ လာမွကည့်လည်း ရပါတယ်.."
ထွက်မသွားခင်မှာ ခနဲ့တဲ့တွဲ့ကည့်သွားတဲ့ ဖူကျင်ယွမ်အွကည့်ကို လင်းပေါင် အဓိပ်ပာယ်မဖော်တတ်။
"ွေဖလေ သူ့ကို ဘာကတိတွေ ပေးလိုက်တာလည်းလို့"
"မသွားရဘူး!!
"ဘာလို့လဲ!!
လင်းပေါင်က မျက်မှောင်ွကုတ်လျက်
"ဘာပွဲဖစ်ွဖစ် မသွားရဘူးကွာ"
လင်းပေါင်မျက်နှာကို မျှော်လင့်ချက်အပြည့်နွဲ့ကည့်ရင်းသူ ရှက်အမ်းအမ်းလေး ပြုံးလိုက်မိတယ်..။
........................
ပြာနုရောင် Bathrobe လေးနဲ့ လင်းပေါင်ကွိုကည့်ပြီး သူ ဒူးထောက်ချလိုက်ပေမယ့် လင်းပေါင်ဟာ သူ့ကိုတစ်ချက်မှလှည့်မွကည့်။ ရေစိုနေတဲ့ ဆံပင်တွေကို တပတ်နဲ့ သုတ်နေပေမယ့် တပတ်ကို ကိုင်ထားသည့် သူ့လက်တွေက အေးစက်တောင့်တင်းနေသလို သူမျက်မှောင်ွကုတ်ထားခဲ့သည်။
"ဖူကျင်ယွမ်က ၊ ကနေဒါကို ပြန်တော့မှာ ပြီးတော့ သူငါ့ကိုပြောခဲ့သေးတယ် ငါ့အမေရဲ့ အွေကွးတွေကို ပေးစရာမလိုတော့ဘူးတဲ့ ဒါက မကောင်းဘူးလား"
ကျိုးဖုန်းမှာ မျက်ရည်အဝိုင်းသားနဲ့ သူ့ကို တောင်းပန်နေပေမယ့်သူကတော့ စီးကရက်ဖွာရင်း စိတ်ပျက်သလွိုကည့်နေလိုက်တယ်။
"အလျော်ပေးတယ် ဟုတ်လား မင်းအမေ သူ့အပေါ်အွေကွးတင်နေတာ ဘယ်လောက်များလို့လဲ ငါမဆပ်ပေးနိုင်ဘူးထင်လို့လား တစ်ခုခုလိုအပ်ရင် ငါ့ကိုပြောလေ!!
"လင်းပေါင်.. ငါ!!!!
စကားမဆုံးခင်မှာပဲ ဒူးထောက်နေတဲ့သူ့ကို လင်းပေါင်ကအင်ကျီကော်လံစကို ဆွဲပြီး အခန်းပြင်‌ပို့ပေးလိုက်တယ်။ ပြီးမှစီးကရက်အား နင်ွးေခကာ
"အေး ဟုတ်တယ် လူလို မောင်းထုတ်လို့ မရရင်ခွေးလို ရိုက်ထုတ်မှာ ချက်ချင်း ငါ့အိမ်ကနေ ထွက်သွားမနက်ွဖန် တရားရုံးမှာတွေ့မယ်!!!
"ဘာ!!! တောင်းပန်တယ် ဟုတ်လား .. အဟက်..ဒီမှာ ဟေ့ကောင် တောင်းပန်စကားက လူတိုင်းပြောတတ်တယ်ကိုယ်မှာွးေကာင်း လက်သင့်ခံနိုင်တဲ့စိတ်ကတော့ လူတိုင်းမှာမရှိဘူးကွ.."
"အင့်..အဟင့်.. မင်း!! မင်းက ငါ့ကို မချစ်ဘူးဆိုတော့ ငါအဲ့လိုလုပ်ရင် မင်းဘာမှ မွဖစ်ဘူးလို့ ထင်မိခဲ့လို့ပါကွာ.."
"မင်းဘာလုပ်လုပ် ငါစိတ်မဝင်စားဘူးဆို အားအားယားယားနဲ့ ဒီ စောက်အဓိပ်ပာယ်မရှိတဲ့ဟာကို တစ်‌နေ့လုံး ထိုင်လုပ်ခဲ့ပါ့မလား'
"လင်းပေါင်!!!!
ခွမ်း!!!!
"လင်းပေါင်!!!
ပန်းအိုးမှာ ကွဲကျသွားပေမယ့် အစိပ်စိပ်အမွှာမွှာတော့ မွဖစ်။ဒွါေကာင့်ပဲ လင်းပေါင်က အခန်းထဲက ဘေ့စ်ဘောတုတ်တံနဲ့ရစရာမရှိအောင် ကွဲေကသွားသည်အထိ ရိုက်ခွဲပစ်သည်။
လင်းပေါင်မှာ သူ့ကို မျက်ထောက်နွီကီးနဲ့ စိုက်ွကည့်လျက်
"................"
"ငါ့အသက် ၁၅နှစ်လောက်က မင်းကိုတွေ့ခဲ့တာ အစကတော့ငါ့အတွက် မင်းလိုကောင်က စိတ်ရှုပ်စရာကောင်းတယ် မင်းက အတန်းထဲမှာ စကားနည်းတယ် မင်းမှာ သူငယ်ချင်းမရှိဘူး မင်းက အေးတိအေးစက်လို့ ထင်ရပေမယ့် လမ်းမှတွေ့တဲ့ခွေးလေးတွေွေကာင်လေးတွေကို ချစ်တတ်တယ် '
"ငါအကုန်သိတယ် လင်းပေါင် အဲ့တုန်းက ငါ့မှာအပေါဆုံးကပိုက်ဆံပြီးရင် အချိန်ပဲ ငါ့ရဲ့အချိန်တွေကို မင်းနောက်ကိုလိုက်ွကည့်ပြီွးဖုန်းခဲ့ရတာ မင်းက နည်းနည်းလေး ရင်ခုန်စရာကောင်းပြီး အချိန်မရွေး စွန့်ပစ်လို့ရတယ်လို့ ငါထင်ခဲ့မိတယ်အဲ့ဒွါေကာင့် အဲ့ဒီရူွးေကာင်ွေကာင်ဂိမ်းကို ရိပေါ်နဲ့အတူကစားခဲ့မိတာ.."
"ငါမင်းကို တကယ်ချစ်တယ် ချစ်လွန်းလို့ ချစ်တောင်မချစ်ရက်တော့တဲ့အထိပဲ.. မင်းအတိတ်မေ့သွားတာကိုအခွင့်ကောင်းယူပြီး မင်းကိုငါ လက်ထပ်ခဲ့တယ် အခုနောက်ပိုင်းငါ့မှာ ဆန်ဒတစ်ခုပဲရှိတော့တယ် အဲ့ဒါက မင်းကို နောက်တစ်ွကိမ်အချစ်မှာ မကျရှူံးသွားစေချင်မိတာပါ ဒါပေမယ့် မင်းငါ့ကိုပြန်ချစ်ပါစေဆိုတဲ့ မျှော်လင့်ချက် သေးသေးလေးတော့ ရှိတယ်"
ဂျောက်!!!
ထိုအခိုက် တံခါး ဖွင့်လာသော လင်းပေါင်မှာ သူနဲ့အွကည့်ချင်းဆုံသွားပြီး အံကိုတင်းတင်ွးကိတ်ထားသည်။
"ဟွန်း!!!
အထဲကို ပြန်ဝင်သွားပြွီဖစ်ပေမယ့် တံခါးကိုဖွင့်ထားခဲ့သည်မို့ ကျိုးဖုန်းခင်ဗျာ အလျင်အမြန် အထဲကို လိုက်ဝင်လိုက်တယ်..။လင်းပေါင်က ကုတင်ဘောင်ကို ကျောမှီကာ ခပ်လျှောလျှောလေးထိုင်နေပြီး သူ့ကို ဗလာသက်သက် မျက်ဝန်းတွေနဲ့ ငေးစိုက်ွကည့်နေ၏။
"လင်းပေါင်.. ငါ!!!!
"ငါမသွားဘူး မင်းအနားကနေ ငါဘယ်မှ မသွားဘူး..လင်းပေါင် ငါ့ကွိုကည့်ပြီး သေချာပြောစမ်းပါ မင်းနှလုံးသားကငါ့အတွက် တစ်ွကိမ်တောင် မလှုပ်ရှားခဲ့ဖူးဘူးလား.."
လင်းပေါင်အပြုံးတို့မှာ သူ အဓိပ်ပာယ်မဖော်တတ်။
"ငါက မင်းထင်ထားတာထက် အမျာွးကီးပိုဆိုးတယ် ကျိုးဖုန်းမင်းအွကိုက်နဲ့လည်း ကိုက်ချင်မှ ကိုက်မယ် ငါက နည်းနည်းမှစိတ်မရှည်ဘူး အဲ့လိုဆိုရင်တောင် ဆက်နေချင်သေးလား.."
"အွန်း!! နေချင်တယ်"
"ငါက နည်းနည်းတော့ သဝန်တိုတတ်တယ် မင်းကို တစ်ွခားကောင်နဲ့ တွဲတွေ့တဲ့အခါ သဝန်တိုပြီး စုတ်ပြတ်အောင်ရိုက်မိတဲ့အချိန်လည်း ရှိနိုင်တယ် အဲ့လိုဆိုရင်တောင်ငါ့အနားမှာ ဆက်နေချင်သေးလား.."
ကျိုးဖုန်းရဲ့ မျက်ဝန်းထောင့်စွန်းလေးက ပူလောင်စိုစွတ်လာပြီးလင်းပေါင်ကို ကိုင်ထားတဲ့ သူ့လက်တွေက လျော့ရဲရွဲဖစ်လျက် လင်းပေါင်က ထင်သားပဲဆိုတဲ့ ပုံစံမျိုးနဲ့ အသံထွက်ရယ်စဉ်မှာပဲ ရင်ခွင်ထဲကို ထိုလူသားက ဇွတ်အတင်းတိုးကာဝင်ရင်း
"ဘာပွဲဖစ်ွဖစ် ငါထွက်မသွားဘူး မင်းစိတ်တိုင်းမကျတဲ့အခါငါမင်းရဲ့ လူသားသဲအိတ်လုပ်ပေးလို့ရတယ် ငါ့ကိုဆူလို့ရတယ်ရိုက်လို့လည်းရတယ် ဒါပေမယ့် မနှင်ပါနဲ့ ငါက မင်းကိုတစ်သက်လုံး ငါ့ရဲ့အိမ်လို့သတ်မှတ်ထားခဲ့တာ မင်းကငါ့ကိုနှင်တော့ ဘယ်ကိုသွားရမလည်းဆိုတာ ငါတကယ်မသိဘူး"
"ဟင်!!!
ရင်ခွင်ထဲ မျက်နှာအပ်ရာက ချစ်ရသူကို တအံ့တဩလေွးကည့်လိုက်မိတယ်။ ထိုအခါ ချစ်သူရဲ့ နူးညံ့နွေးထွေးတဲ့အွကည့်တွေဖင့် ပထမဆုံးအွကိမ် ရင်ဆိုင်လိုက်ရသည်။
"အင်း!!
"မင်းငါ့ကို ရိုက်သတ်ရင်တောင် လုံးဝ ထွက်မပြေးဘူး ဟိုလေ လင်းပေါင် အခုငါတို့က ပြေလည်သွာွးကပြီမလားဟင်!!
"အင်း ပြေလည်သွားပြီ!!!
"ရတယ် မင်းစိတ်ွကိုက်သာလုပ် "
"လင်းပေါင်!! မော... မောတယ်!!
ပြောလည်းမရ။ လင်းပေါင်က သူ့အင်ကျွီကယ်သီးတွေကိုခပ်ွကမ်ွးကမ်း ဆွဲဖုတ်လိုက်တော့ ဖွေးဥနေသော ခန်ဓာကိုယ်အပေါ်ပိုင်းမှာ ရုပ်လုံးပေါ်လာ၏။
"ပြွတ်.. အွန့်!!!
ပြောလည်းပြော သူ့အောက်ပိုင်းက ဘောင်းဘီကိုပါ ခပ်မြန်မြန်ဆွဲချွတ်လိုက်တွာေကာင့် ကျိုးဖုန်းမျက်နှာက ဇီးရွက်သာသာ။
"မ..မဟုတ်ဘူး!!
"ဘယ်သူနဲ့ ပထမဆုံးလဲ"
"ပေါင်ပေါင်က အစမပျိုးတတ်ဘူး ငါပဲအကုန်သင်ရတယ်ဒါပေမယ့် ငါကလည်း အတွေ့ကုံရှိတဲ့သူမှမဟုတ်တာအဲ့ဒီတော့ ခံစားချက်က သိပ်မကောင်းဘူး.."
"အာ့.. ပေါင်ပေါင်!!
"ပြွတ်!!
လင်းပေါင်က Bathrobeွကိုးကွိုဖည်ချလိုက်တာမို့ ကျိုးဖုန်းရဲ့ မျက်လုံးတွေက ပြူးကျယ်သွားတယ်။ သူ့နေရာနဲ့သူအပိုအလိုမရှိတွဲ့ကွက်သားစိုင်တွေကွိုကည့်ရင်ွးကက်သီးထလာတာမို့ အောက်ပိုင်းကို ဆက်မွကည့်ရဲ။ သူ့ရဲ့ ယခုလိုပုံစံကွိုကည့်ပြီး လင်းပေါင်ကတော့ ပြုံးရှာတယ်။ ပြီးမှ သူ့လက်တစ်ဖက်ကိုဆွဲယူကာ ဝဲဘက် ရင်ဘက်ပေါ် တင်ပေးရင်းနှစ်ယောက်သား အွကည့်ချင်းဆုံသွားသည်။
"ခံစားမိလား!!!
"အဲ့ဒါ မင်းအတွက် လှုပ်ရှားနေတာ ကျိုးကျိုး..."
"ဟမ်!!!
"Sob  .."
"Sob.. ပျော်လို့.. ငါပျော်လို့ ငိုတာ အဟင့်.. ငါဒီအခိုက်တန့်ကိုရူးမတတ် မျှော်လင့်ခဲ့တွာကာပြီ ပေါင်ပေါင် ငါမင်းကိုတကယ် အရမ်းချစ်တယ်.."
လင်းပေါင်က သူ့ကိုချော့ကာမော့ကွာဖင့် မျက်ရည်တွေကိုလည်းတယုတယ သုတ်ပေးရင်း
"........."
"တကယ်တော့ ယောင်တာမဟုတ်ဘူး မင်းထွက်သွားအောင်တမင် အကွက်ဆင်လိုက်တာ အဲ့လိုလုပ်တာတောင် ဘယ်မှထွက်မသွားတဲ့ မင်းကိုမြင်တော့ စိတ်မသက်မသွာဖစ်ခဲ့တာ ဒီကောင်ပါ.."
ပြောလည်းပြော မျက်နွှာကီးရဲကာ ရှက်နေတဲ့ လင်းပေါင်ကိုမြင်တော့ ကျိုးဖုန်း အသည်းယားမိတာအမှန်။
"ဘာရယ် ကိုကိုတဲ့လား!!!
"အင်း ကိုကို မနက်ွဖန် ဆေးရုံကို မသွားနဲ့ ခွင့်ယူလိုက်!!
"ဘာလို့လဲ!!
"ကိုကိုက လိမ်မာလိုက်တွာကမ်ွးကမ်းလေး ဆုချရမယ်!!
The End.....
There are no comments yet. Log in to be the first to leave a review!
Similar stories