Fanfics

45💛

05:11, 11 December 2021

Love and Loyaltyအခ်စ္ နဲ႔ သစၥာ

For ZG😍

Kai-ကဲ ေျပာပါအံုး မင္းတို႔ ဗိုလ္မွဴး Manoban ရဲ႕ နာမည္အျပည့္အစံုေလး။ငါကေတာ့ သိၿပီးသားပဲ။အန္ကယ္ Rubyကို ေျပာျပတာ အန္ကယ္က မယံုဘူး ျဖစ္ေနတယ္။ဆိုေတာ့ကာ မင္းတို႔ ထဲက တေယာက္ေယာက္က ထုတ္ေျပာေပးေတာ့ အန္ကယ္လည္း ယံုသြားတာေပါ့။

Suho-ငါတို႔ မင္းကို ေျပာၿပီးသား ဗိုလ္မွဴး Manoban ဆိုတာကို ငါတို႔ မသိဘူးလို႔။ငါတို႔ ေတာ္လွန္ေရး တပ္သားတေယာက္ခ်င္း ဆီတိုင္းက ဗိုလ္မွဴး Manoban ပဲ။

Kai-ဟ ဒီလူ အေတာ္စကားမ်ားတာပဲ။ငါ့ေကာင္ေရ မင္း လက္စြမ္းေလး ျပလိုက္ပါအံုး။

Kai က သူ႔ေဘးနားက ခႏၶာကိုယ္ ေတာင့္ေတာင့္တင္းတင္းနဲ႔ လူ တေယာက္ကို ပခံုးကို ပုတ္ကာ ေျပာလိုက္ေတာ့ ထိုလူက သူ႔လက္ထဲမွာ ကိုင္ထားတဲ့ က်စ္လစ္လြန္းလွတဲ့ ဝါးရင္းတုတ္ နဲ႔ Suho ရဲ႕ ၀မ္းဗိုက္ကို ျဖတ္ရိုက္ေတာ့သည္။

" အြန္႔ "

အားျပင္းလြန္းလွတဲ့ လႊဲရိုက္ခ်က္ ျဖစ္ေပမယ့္ Suho ဆီက ေအာ္သံ တစ္ခ်က္ မၾကားရတာမလို႔ Kai ရဲ႕ မ်က္နွာ တခ်က္

ပ်က္ သြားေတာ့သည္။

Kai-မင္းတို႔က မနာတတ္ က်တာလား။နာရင္ အသံထြက္ရမယ္ ဆိုတာ မသိတာလား။ငါ့မွာေတာ့ မင္းတို႔ကို ရိုက္ရင္ နွိပ္စက္ရင္ ထြက္လာမဲ့ အသံေလးေတြကို သံဇဥ္ေလး အမွတ္နဲ႔ သီကံုး နားေထာင္ မလို႔ကိုကြာ။မင္းတို႔က ဘာလို႔ အသံေလး သဲ့သဲ့ ေတာင္ မထြက္ၾကတာလဲ။

" အဲ့တာေတာ့ ေမ်ွာ္လင့္မေနနဲ႔ Kai ေရ။သူတို႔ တပ္ရင္းမွာုဒီ ပညာက အထူးေလ့က်င့္ေပးထားတာ မင္း ရိုက္ေနတဲ့ ဝါးရင္းတုတ္ သာက်ိဳးသြားမယ္ သူတို႔ဆီက အသံ တစ္သံ ထြက္လာဖို႔ မေမ်ွာ္လင့္နဲ႔ "

V-မင္း သစၥာေဖာက္ေကာင္ အသားထဲက ေလာက္ထြက္တဲ့ေကာင္ အရွက္မရွိတဲ့ေကာင္ မင္းကို သတ္မယ္။

လက္ျပန္ႀကိဳး တုပ္ခံထားရတဲ့ V က Kai ရဲ႕ ေနာက္ကေန ေရခဲထည့္ထားတဲ့ အရက္ခြက္ေလးကို ကိုင္ကာ ထြက္လာတဲ့Mino ကို ရန္ျပဳဖို႔ မတ္တပ္ထရပ္ လိုက္ေပမယ့္ Mino ကသူစီးထားတဲ့ စစ္ဖိနပ္ နဲ႔ V ရဲ႕ မ်က္နွာကို ျဖတ္ကန္လိုက္တာေၾကာင့္ မတ္တပ္ရပ္ဖို႔ ႀကိဳးစားေနတဲ့ V လည္း ထို ေနရာမွာတင္ ေခြ႕ခနဲ လဲက်သြားေတာ့သည္။

Mino-အိုးဟိုး....စိတ္ေလ်ာ့ပါ ဗိုလ္ႀကီး အသစ္ေလးရဲ႕။မင္းကို ဘယ္သူကမ်ား ငါက သစၥာေဖာက္ေကာင္ လို႔ ေျပာလို႔လဲ။ငါက အမွန္ေတာ့ ငါ့တာ၀န္ငါ လုပ္ေနတာ။ငါ့တာ၀န္ အမွန္က ဂ်ပန္အထူး အေထာက္အဖြဲ႕က ဗိုလ္ႀကီး Mino ပဲ။Kai နဲ႔ ဆိုရင္ေတာ့ လည္ပင္းဖက္ ေပါင္းလာတဲ့ သူငယ္ခ်င္းေတြေပါ့။အဲ့တာေၾကာင့္ ငါ့ကို သစၥာေဖာက္လို႔ ေခၚစရာမလိုဘူးကြ !!!

ေနာက္ဆံုး စကားမတိုင္ခင္ထိ ေလေျပးေအး ေလးနဲ႔ ရွင္းျပေနတဲ့ Mino က သူ႔ကို သစၥာေဖာက္လို႔ မေခၚဖို႔ ေျပာၿပီး လက္ထဲက အရက္ခြက္ နဲ႔ V ရဲ႕ ေခါင္းကို ရိုက္ထည့္လိုက္တာေၾကာင့္ V ရဲ႕ ေခါင္းကေန နီရဲရဲ ေသြးေတြ တသြင္သြင္စီးၾကလာေတာ့သည္။

Kai-စိတ္ေလ်ာ့ Mino။စိတ္ေလ်ာ့

Mino-Ok သားႀကီး။

Kai-မင္း ေျပာခဲ့တဲ့ စကားေတြထဲမွာ ငါ စိတ္ဝင္စားတာ တစ္ခုရိွတယ္ကြ။

Mino-ေဟ ဘာလဲကြ။

Kai-မင္း ေျပာတယ္ေလ သူတို႔ေတြက ဘယ္ေလာက္ ႏိွပ္စက္ႏိွပ္စက္ အသံ မထြက္ဘူးဆို။အဲ့တာ သူတို႔ အထူးေလ့က်င့္ေပးခံထားရတာဆို အဲ့တာ ဟုတ္မဟုတ္ ငါ စမ္းၾကၫ့္ ခ်င္တယ္ကြာ။

Mino-ေဟ မင္းက ဘယ္လို စမ္းမွာ။

Kai-ေယာက်ာ္းေလးေတြ အံ့ႀကိတ္ခံႏိုင္တယ္ ဆိုတာ ယံုလို႔ ရေပမယ့္ မိန္းကေလး တေယာက္က ေတာ့ ခံႏိုင္ပါ့မလား။

ေျပာၿပီး Kai က Mina နားကို ခပ္ျမန္ျမန္ ေလ်ွာက္သြားကာMina ရဲ့ မ်က္ႏွာကို လက္ျပန္လႊဲ ရိုက္ခ်လိုက္ေတာ့သည္။

သို႔ေသာ္ Mina ဆီက အသံေလး ေသးေသးေလးေတာင္ ထြက္မလာေပ။

Kai-ဟ....တကယ္ႀကီး ဘာအသံမွ မထြက္တာဟ။

V+Jin-Myoui အဆင္ေျပလား။

Suho-ေဟ့ေကာင္ Kai ဆိုတဲ့ အေကာင္ မင္း ေယာက်ာ္း မဟုတ္ဘူးလား။မင္းမွာ သတၲိမရိွဘူလား။မိန္းကေလး တေယာက္ကို လက္ျပန္ႀကိဳးတုပ္ၿပီး ရိုက္ရလားကြ။မင္း သတၲိရိွရင္ ငါ့ကို ႀကိဳးေျဖေပးလိုက္ မင္းကို သတ္ၿပီး ဒီေနရာကေနအားလံုးကို ကယ္ထုတ္သြားျပမယ္။

Kai-ဒီေလာက္ လုပ္ထားတာေတာင္ ေလသံက မာတုန္းပါလား။တကယ္မလြယ္ေၾကာဘဲ။ဒါေပမယ့္ မင္းသိဖို႔က မင္းတို႔ နဲ႔ ငါ ဘယ္သူက မိုက္ရူးရဲ ပိုဆန္လည္း ဆိုတာ ၿပိဳင္မွာ မဟုတ္ဘူး။မင္းတို႔ ဘယ္ေလာက္ အႏိွပ္စက္ ခံႏိုင္လဲ ဆိုတာ ၾကၫ့္မွာ။

Jin-ေအး အဲ့တာဆိုလည္း ေယာက်ာ္းပီပီ ေယာက်ာ္း အခ်င္းခ်င္းကိုပဲ ငါတို႔အသံထြက္ေအာင္ မင္းရိွသမ်ွ အားကုန္သံုးၿပီ ႏိွပ္စက္ စမ္းပါအံုး။မိန္းကေလးကို လက္ဖ်ားနဲ႔ေတာင္ထိဖို႔ မႀကံစမ္းပါနဲ႔။

Kai-ဒီေကာင္ေတြ ငါ့ကို လာ စိန္ေခၚေနတာပဲ။ငါ မင္းတို႔ကိုီဒီေနရာမွာတင္ အပိုင္းပိုင္းခုတ္သတ္ၿပီး ေခြးစာ ေကြၽးပစ္လိုက္လို႔ ရတယ္ ဆိုတာ သေဘာေပါက္စမ္းကြာ။

Mino-ဒါေပမယ့္ မင္းတို႔ကို ငါတို႔က မသတ္ပါဘူး။ဒီေလာက္ႀကီး တဲ့ ငါးစာေတြ ရိွေနတာကို မင္းတို႔ ဗိုလ္မွဴးက ငါးစာ လာမဟပ္ ဘူးဆိုတာ မျဖစ္ႏိုင္ဘူးရယ္။ငါတို႔ကလည္း အဲ့ အခ်ိန္ကိုပဲ ေစာင့္ေနတာ။အန္ကယ္ Ruby သာ မင္းတို႔ ဗိုလ္မွဴးက ဘယ္သူပါဆိုတာ သိသြားတာနဲ႔ မင္းတို႔ စခန္း ျပာက်မွာ လံုးဝ ေသခ်ာတယ္။

Kai-ငါးေလးက ငါးစာ လာမဟပ္ခင္ အခ်ိန္ထိေတာ့ မင္းတို႔က ေသခ်င္ပါၿပီ ငါတို႔ကို သတ္ေပးပါေတာ့လို႔ ေျပာလာတဲ့ အထိ ငါတို႔က မင္းတို႔ကို ပါးပါးခ်င္း ႏႊာမွာ။ေစာနက ဟိုေကာင္ ဘာေျပာလဲ ေယာက်ာ္းပီပီ ေယာက်ာ္းအခ်င္းခ်င္း ႏိွပ္စပ္ဆိုဟုတ္လား။အဲ့ေတာ့ ငါကလည္း ေယာက်ာ္းပီပီ မင္းတို႔ ၃ ေယာက္ကိုပဲ အေရခြံႏႊာေပးမယ္ မင္းတို႔ရဲ့မိန္းကေလးကို လက္ဖ်ား နဲ႔ ေတာင္ မတို႔ဘူး။

Kai လည္း ေျပာၿပီး ေဘးနားက ခံုေပၚမွာ တင္ထားတဲ့ သံဆူးပတ္ထားတဲ့ ၾကာပြတ္နဲ႔ အေပၚပိုင္း အက်ီ မပါတဲ့ Suho , Jin နဲ႔ V တို႔ကို အခ်က္ေပါင္းမ်ားစြာ လႊဲရိုက္ေနေပမယ့္ ၃ ေယာက္လံုး ဆီက ညဉ္းသံ သဲ့သဲ့ ေလးေတာင္ မထြက္လာ။

Kai-အမေလးကြာ လက္ေညာင္းလိုက္တာ။ေတာ္ၿပီ မရိုက္ႏိုင္ေတာ့ဘူး။ဟေကာင္ေတြ မင္းတို႔ေတြ ဒီ ၃ ေကာင္ကို အလွၫ့္က် ရိုက္ၾကစမ္း။သူတို႔ဆီက နာလို႔ ညဉ္း တဲ့ အသံ ထြက္လာရင္ ငါ့ကို လာေခၚၾက။အသံထြက္ေအာင္ ရိုက္ႏိုင္တဲ့သူကို ေရႊ ၅၀ သား ေပးမယ္ကြာ။ဒါေပမယ့္ ေကာင္မေလးကိုလက္ဖ်ား နဲ႔ေတာင္ မထိနဲ႔။ထိတဲ့ ေကာင္ကို ငါကိုယ္တိုင္ အေသသတ္မယ္။

အမိန႔္ေပးၿပီး ၀တ္ထားတဲ့ အေနာက္တိုင္း ၀တ္စံုကို တစ္ခ်က္ဆြဲခ်ကာ ေက်ာ့ေက်ာ့ေလး ထြက္သြားတဲ့ Kai နဲ႔ Kai ရဲ့ ေနာက္က Mino ကို အခန္းထဲကေကာ အခန္းတံခါးဝကသူေတြကပါ ေခါင္းငံု႔ကာ အရိုအေသ ေပးေနၾကေတာ့သည္။

ခနၾကာေတာ့ ခႏၶာကိုယ္ ေတာင့္တင္း ခိုင္မာတဲ့ ဂ်ပန္စစ္သားတေယာက္ ေရာက္လာၿပီး Jin တို႔ ၃ ေယာက္ကို ေစာနကKai အသံုးျပဳသြားတဲ့ ၾကာပြတ္ နဲ႔ ပဲ ထပ္မံ ရိုက္ျပန္ေတာ့သည္

ရိုက္တဲ့သူေတြသာ အားကုန္လို႔ တေယာက္ၿပီး တေယာက္ လူလဲ ရိုက္ေနရတယ္ အရိုက္ခံရတဲ့ ၃ ေယာက္က ခုထိ အသံမထြက္ေသး။ၾကာပြတ္က ရိုက္ပါမ်ားလာေတာ့ ၾကာပြတ္မွာ ပတ္ထားတဲ့ သံဆူးေခ်ာင္းေတြ ထဲက တစ္ေခ်ာင္းက အမွတ္တမဲ့ ျပဳတ္ထြက္သြားၿပီး Mina ရဲ့ ေျခေထာက္နားကိုလႊင့္ထြက္လာတာေၾကာင့္ Mina လည္း မသိမသာေလး ေျခေထာက္နဲ႔ ေကာက္ကာ လက္ထဲကို ထၫ့္ၿပီး လက္ကို ေနာက္ျပန္ခ်ည္ထားတဲ့ ႀကိဳးကို ႀကိဳးစားၿပီး ျဖတ္ေနေတာ့သည္

ေရႊ ၅၀ သား ရဖို႔ ႀကိဳးစားေနတဲ့ ဂ်ပန္စစ္သားေတြကေတာ့ Mina ရဲ့ အျပဳအမူေတြကို ေသးေသးေလးေတာင္ သတိမထားမိ ၾကတာေၾကာင့္ ဘုရား မ တယ္ လို႔ပဲ ေျပာရေတာ့မယ္ ထင္ပါရဲ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Momo ျပန္ေရာက္လာၿပီး သတင္းေပးၿပီးကတည္းက Lisaဦးေဆာင္တဲ့ ေနာက္တန္းမွာ ရွိတဲ့ အရာရွိေတြ နဲ႔ တျခား အဆင့္ေတြ အားလံုးကေတာ့ တစ္ညလံုး Mina တို႔ ေတြကို ဘယ္လို ျပန္ကယ္ ရမလဲ ဆိုတာကိုသာ ႀကိဳးစား ေဆြးေႏြးေနၾကေလရဲ႕။

တစ္ညလံုး တိုင္ပင္ေဆြးေႏြးၿပီး ေနာက္မွာေတာ့ ရလာတဲ့အေျဖကေတာ့ Lisa ေခါင္းေဆာင္တဲ့ အထူးတပ္ဖြဲ႕ နဲ႔ Minaတို႔ကုိ အျမန္ဆံုး ရေအာင္ ကယ္မယ္ ဆိုတဲ့ အေျဖပါပဲ။

အထူးအဖြဲ႕မွာေတာ့ Son Chaeyoung , Chou Tzuyuဆာဂ်င္ Yeol နဲ႔ Lisa ရဲ႕ ေဒါင္းတပ္ဖြဲ႕က ၄ ေယာက္ Lisa အပါ၀င္ဆိုေတာ့ ၉ ေယာက္ေပါ့။

တစ္ညလံုး မအိပ္ဘဲ အစည္းအေ၀း လုပ္ၿပီးေနာက္မွာေတာ့မ်က္နွာသစ္ကာ မနက္စာစားၿပီး Mina တို႔ အေျခအေနကို သိရေအာင္ စနည္းနာဖို႔ Tzuyu ရယ္ Son Chae ရယ္ Lisa ရယ္ ၿမိဳ႕ထဲကို ထြက္လာခဲ့ ျကပါေတာ့တယ္။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Kai တေယာက္ အိပ္ရာက နိုးေတာ့ နာရီၾကည့္လိုက္ေတာ့မနက္ ၈ နာရီ။သူ ညက စစ္ေဆးေရးခန္းထဲက ထြက္လာတည္း က အိပ္လိုက္တာ တစ္ေရးထဲ ဘယ္သူ႔မွလည္း လာမႏုိးၾကဘူး ၾကည့္ရတာ ဟို ၃ ေယာက္ တစ္ညလံုးအသံမထြက္ ၾကတာလား။

Kai လည္း အက်ီအ၀တ္အစား လဲကာ စစ္ေဆးေရးခန္းကိုထြက္လာခဲ့ေတာ့သည္။လမ္းမွာ Mino နဲ႔ ေတြ႕တာမလို႔၂ ေယာက္လံုး စစ္ေဆးေရးခန္းကို ထြက္လာၾကေတာ့သည္။

စစ္ေဆးေရးခန္း ေရာက္ေတာ့ အေစာင့္ စစ္သားေတြက ေသနတ္ပိုက္ၿပီး အိပ္ေပ်ာ္ေနတဲ့ သူနဲ႔ ၾကာပြတ္ႀကီး ကိုင္ၿပီးအိပ္ငိုက္ေနတဲ့ ေကာင္နဲ႔ အဆင္ေတြကို ေျပေနပါေရာ။ အထဲက အဖမ္းခံထားရတဲ့ ဟို ၄ေယာက္သာ လက္ျပန္ႀကိဳးတုပ္ ခံမထားရရင္ အေစာင့္ေတြ အကုန္ ဘ၀ကူးသြား ေလာက္တယ္။

Kai-ေဟ့ေကာင္ေတြ မင္းတို႔ကို ညက ငါဘာမွာခဲ့လဲ။ထၾကစမ္း ေဟ့ေကာင္ေတြ။

Kai ရဲ႕အသံေၾကာင့္ အိပ္ငိုက္ေနတဲ့ ေကာင္ေတြေရာ အိပ္ေပ်ာ္ေနတဲ့ ေကာင္ေတြပါ ေငါက္ခနဲ ထထိုင္ၿပီး သတိထားဆြဲ က်ေတာ့သည္။

Mino-မင္းတို႔က ခုမွသတိထ ဆြဲေနလိုက္။အထဲက ဟာေတြသာ ႀကိဳးမတုပ္ခံရရင္ မင္းတို႔ေသေလာက္တယ္။

Kai-မင္းတို႔ကို ညက ငါ့ကုိ ဘာမွာခဲ့လဲ။မင္းတို႔ ပေထြးေတြကိုအသံထြက္ေအာင္ ရိုက္ပါေျပာခဲ့တာ မင္းတို႔က လာ ေသေနတယ္။

Man-ကြၽန္....ကြၽန္ေတာ္တို႔ တကယ္ မနားတမ္း ရိုက္ပါတယ္အကိုေလး။ဒါေပမယ့္ သူတို႔ ၃ ေယာက္လံုးက တကယ္ကိုဘာ အသံမွ မထြက္တာပါ။

Kai-ေဟ ဟုတ္လား။ထားေတာ့ ထားေတာ့ကြာ။သြား လွည္း ၄ စီး ေပၚကို လူထည့္တဲ့ ေလွာင္အိမ္ ၄ ခု တစ္ခုစီ တင္ထား။သူတို႔ ရဲ႕ ေတာ္လွန္ေရး သမားႀကီးေတြကို ငါတို႔ ဘယ္လို ျပဳစုထားလဲ ၿမိဳ႕ထဲ ပတ္ျပၾကတာေပါ့။သူတို႔ ဗိုလ္မွဴး ႀကီးလည္း ျမင္လို ျမင္ျငားေပါ့။

Man-ဟုတ္ကဲ့ အကိုေလး။

Kai လည္း မွာစရာ ရွိတာ မွာၿပီးေနာက္ Jin တို႔ ဆီကို လာလိုက္ၿပီး Jin တို႔ ေရွ႕မွာ ေဆာင့္ေၾကာင့္ေလး ထိုင္ၾကလိုက္ေတာ့သည္။

Jin ရဲ႕ ရင္ဘတ္ ၿဖဴျဖဴေလးေပၚမွာ ရဲၿပီး ထင္းေနေသာ ေသြးေတြကို လက္ညႇိဳး နဲ႔ သုတ္ၿပီး တစ္ခ်က္ ၾကည့္ၿပီး ညစ္က်ယ္က်ယ္ ၿပံဳးလိုက္ကာ........

Kai-မင္းတို႔က တကယ္ သတၲိရွိၾကတာပဲ။ငါတို႔ ဂ်ပန္တပ္မွာမင္းတို႔လို သတၲိရွိတဲ့ သူေတြ မရွိတာ နွေျမာစရာပဲ။မင္းတို႔ငါ့ ရဲ႕ တပ္ထဲမွာ အလုပ္လုပ္မလား မင္းတို႔ မေသေစရဘူးေအးေအးခ်မ္းခ်မ္း ေနလို႔ရေအာင္ ငါတာ၀န္ယူတယ္။

" ထြီ 💢 "

Jin က သူ႔ရဲ႕ မ်က္နွာနား ကပ္ၿပီး ေျပာေနတဲ့ Kai ရဲ႕မ်က္နွာကို ပါးစပ္ထဲက ေသြးေတြနဲ႔ ေရာေနတဲ့ တံေတြးနဲ႔ လွမ္းေထြးလိုက္ေတာ့သည္။

Jin-ဟား....ဟား မင္းတို႔ မိစၦာတပ္ ေတြ ဆီမွာ ေနမဲ့ အစားေတာ္လွန္ေရး အတြက္ အသက္ေပးလိုက္တာမွ ငါ့အတြက္ျမတ္္တယ္ကြ။

Kai လည္း မ်က္နွာေပၚက ေသြးေတြ နဲ႔ ေရာေနတဲ့ တံေတြးကိုသုတ္လိုက္ကာ တစ္ခ်က္ၿပံဳးလိုက္ၿပီး........

Kai-ဟား....ႀကိဳက္ၿပီကြာ ႀကိဳက္ၿပီ။

Mino-ဟိုေကာင္ေတြ ေလးေယာက္လံုးကို လွည္းေပၚကေလွာင္အိမ္ေတြထဲ တေယာက္ဆီ ထည့္လိုက္

" ဟုတ္ကဲ့ "

အရိုက္ခံထားရလို႔ ေမ်ာ့ေမ်ာ့ပဲ က်န္ေတာ့တဲ့ V , jin နဲ႔ Suhoတို႔ကို ဂ်ပန္စစ္သားေတြက ဘယ္လက္ေမာင္း နဲ႔ ညာလက္ေမာင္း ကေန တစ္ဖက္ဆီ မ ၿပီး တ႐ြတ္တိုက္ ဆြဲေခၚ သြားေတာ့သည္။

Mina ကေတာ့ ေျခေထာက္ ဒဏ္ရာ ရေနေပမယ့္ နွိပ္စက္ ခံမထား ရတာေၾကာင့္ နည္းနည္းေလး တြဲေပးတာနဲ႔ ေထာ့နဲ႔ေထာ့နဲ႔ ေလးေတာ့ ေလွ်ာက္နိုင္တာေၾကာင့္ တ႐ြတ္တိုက္ေတာ့ဆြဲ အေခၚမခံရပါ။

၄ ေယာက္လံုးကို လွည္းေပၚက ေလွာင္အိမ္ေတြထဲကို ေရာက္ေတာ့ လွည္း ၄ စီး ေရွ႕က စစ္ဘက္သံုး ဂ်စ္ကား တစ္စီးမွာ Kai က အေရွ႕ ေခါင္းခန္းက ၀င္ထိုင္လိုက္ၿပီး Mino က ေတာ့ အေနာက္ အခန္း ထဲမွာ ၀င္ထိုင္လိုက္ၿပီးသူတို႔ စခန္းကေန ၿမိဳ႕ထဲကို စတင္ထြက္ခြာ လာၾကေတာ့သည္

ၿမိဳ႕ထဲသြားတဲ့ တေလွ်ာက္လံုးမွာလည္း အသံအင္အား ေကာင္းတဲ့ ဂ်ပန္စစ္သား တေယာက္က အေရွ႕ဆံုးကေန ေအာ္သြားသည့္ စကား ကား............။

" အေနာက္မွာ ပါလာတဲ့ ေလးေယာက္ဟာ က်ဳပ္တို႔ ဂ်ပန္တပ္မေတာ္ႀကီးကို နည္းအမ်ိဳးမ်ိဳးနဲ႔ အေနွာက္အယွက္ေပး ဒုကၡေပး ေနတဲ့ ဗိုလ္မွဴး Manoban ဦးေဆာင္တဲ့ သူပုန္အဖြဲ႕က ဗိုလ္မွဴး Manoban အတြက္ အေရးပါတဲ့ သူ႔ငယ္သားေတြ ျဖစ္တယ္။သူတို႔ကုိ က်ဳပ္တို႔ တပ္မေတာ္ကအရွင္ဖမ္းမိထားတယ္။သစၥာေဖာက္ သူပုန္ေတြကို က်ဳပ္တို႔တပ္မေတာ္က ဘယ္လို အေရးယူလည္းဆိုတာ သင္ခန္းစာရေအာင္ ၾကည့္ထားၾကပါ။ဗိုလ္မွဴး Manoban အမည္ခံသူပုန္ ေခါင္းေဆာင္လည္း အျမန္ဆံုး အညံ့လာခံပါက မင္းကိုေကာ မင္း ငယ္သားေတြကိုပါ အသက္ခ်မ္းသာ ေပးမွာမလို႔။ငါတို႔ တပ္မေတာ္ထံ အျမန္ဆံုး လာေရာက္ ခိုလႈံပါ။ "

လမ္းသြား လမ္းလာ ျပည္သူအားလံုးဟာ ဂ်ပန္တပ္လာတာမလို႔ အားလံုး လမ္းေဘးကို ကပ္ေပးလိုက္ၾကၿပီး ဂ်ပန္စစ္သားေျပာတာကို အာရံုစိုက္နားေထာင္ေနၾကေတာ့သည္။ဂ်ပန္စစ္သား ရဲ႕ စကား ဆံုးတာနဲ႔ ျပည္သူအားလံုးရဲ႕ အာရံုဟာေနာက္က လွည္းေတြမွာပါတဲ့ ေလွာင္အိမ္ေတြထဲက အက်ဥ္းခ်ခံ ထားရတဲ့ ေတာ္လွန္ေရး သူရဲေကာင္းေတြ ဆီကို က်ေရာက္သြားေတာ့သည္။

ေကာင္ေလး ၃ ေယာက္မွာ အေပၚပိုင္း ဗလာက်င္း ေနတဲ့ ခႏၶာကိုယ္ ေဖြးျဖဴျဖဴေလး အေပၚမွာ ျမင္မေကာင္း ရႈမေကာင္း ေလာက္ေအာင္ ေသြးေတြ အမ်ားႀကီး ထြက္ေနၿပီး  နွိပ္စက္ခံထားရတဲ့ ဒဏ္ရာေတြ ရယ္ သတိရ တစ္ခ်က္ လြတ္တစ္ခ်က္ ျဖစ္ေနတာရယ္ ေၾကာင့္ ျမင္ရသူအားလံုးက ရင္ထဲမွာ မခ်ိၾကပါ။နိုင္ငံ့အတြက္ သူရဲေကာင္းေတြ ျဖစ္ေပမယ့္သူပုန္လို႔ နာမည္အတတ္ခံရကာ ခုလို ဖမ္းဆီး နွိပ္စက္ ခံရတာမလို႔ ရင္ထဲမွာ စိတ္မေကာင္း ေပမယ့္ အင္အားႀကီးလြန္းတဲ့ဂ်ပန္႔တပ္မေတာ္ကို မလြန္ဆန္ရဲၾကပါ။

ရင္ထဲမွာ ႀကိတ္မနိုင္ ခဲမရ ျဖစ္ေနၾကခ်ိန္မွာ ေနာက္ဆံုးမွာ ပါလာတဲ့ လွည္းထဲက ျဖဴျဖဴသန္႔သန္႔ေခ်ာေခ်ာ မိန္းမလွေလးတစ္ေယာက္ေၾကာင့္ အားလံုးရင္ထဲ ပိုၿပီး မခ်ိျဖစ္ၾကရပါေတာ့တယ္။အေရွ႕က ေကာင္ေလး ၃ ေယာက္ေလာက္ နွိပ္စက္မခံထားရေပမယ့္ ေယာင္ကိုင္းေနတဲ့ ပါး တစ္ဖက္နဲ႔ ေသြး အနည္းငယ္ ဆို႔ေနတဲ့ ႏႈတ္ခမ္းေလးေၾကာင့္ ျမင္ရတဲ့ သူအားလံုးဟာ မ်က္ရည္ေတြ ၀ဲ တက္လာတဲ့ အထိပင္ ျဖစ္ၾကရေတာ့သည္။တခ်ိဴ႕ အေဒၚႀကီးေတြ အေမအိုႀကီးေတြဆို "ငါ့တို႔ သမီးငါတို႔သား ငါတို႔ ေျမး အ႐ြယ္ေလာက္ေလးပဲ ရွိေသးတဲ့ ကေလးေတြ ေလကြယ္လို႔ ေျပာၿပီး ႀကိတ္ငိုေနၾကေတာ့သည္"

* နိုင္ငံက လြတ္လပ္ေရးမရေသးေတာ့ ငိုတာေတာင္ ရဲရဲတင္းတင္း မငိုရဲတဲ့ ဘ၀ေတြပါလား *

အနွိပ္စက္မခံထားရတာေၾကာင့္ Mina မွာ ေျခေထာက္ က ဒဏ္ရာနာတာ တစ္ခုတည္းပဲ ခံစားရတာမလို႔ သတိေတာ့ ေကာင္းေကာင္းကပ္ေနေသးသည္။ေလွာင္အိမ္ နံရံေလးကိုမွီကာ ေဘးပတ္၀န္းက်င္ကို ၾကည့္ေနမိရင္း ငိုေနတဲ့ အေမအိုႀကီး နဲ႔ မ်က္လံုးခ်င္း စံုမိတာ မလို႔ တစ္ခ်က္ၿပံဳးျပကာမငိုဖို႔ ေခါင္းခါျပမိေသးသည္။အေမအိုႀကီးကလည္း Mina ဆိုလိုတာကို သေဘာေပါက္တဲ့ ပံုနဲ႔ မ်က္ရည္ေတြ အလ်င္အျမန္ သုတ္ကာ Mina ကို ျပန္ၿပံဳးျပလိုက္ေတာ့သည္။

နိုင္ငံ့ သူရဲေကာင္း အေပၚ ျပည္သူ႔ ေမတၲာ စစ္မွန္လို႔ ထင္ပါ့Mina ရဲ႕ ေျခေထာက္ဒဏ္ရာေတာင္ တစ္၀က္ေလာက္ သက္သာသြား သလိုပင္။

အေမအိုႀကီးကို အၾကည့္လႊဲကာ တျခား တေနရာကို ၾကည့္မိလိုက္ခ်ိန္မွာ Mina မွာ မ်က္လံုးေတြပင္ ျပဴးသြားၿပီး ေခါင္းတည့္တည့္ကုိ မိုးႀကိဳးပစ္ခ် လိုက္သလိုပင္။

ဘာေၾကာင့္လဲဆို သူ႔ကို အတင္းကယ္ဖို႔ ႀကိဳးစားေနတဲ့ သူ႔ ခ်ာတိတ္ေလး Son Chae နဲ႔ Son Chae ကို အတင္းတားေနၾကတဲ့  Tzuyu နဲ႔ ဗိုလ္မွဴးကို ျမင္လိုက္ ရတာေၾကာင့္ ျဖစ္ေတာ့သည္။

* Son  Chaeyoung ငါ့ကိုၾကည့္စမ္း။ငါ့ကို ၾကည့္စမ္းပါ။Son Chaeyoung !!!! *

Mina လည္း သူ႔ ခ်ာတိတ္ဆီကို အၾကည့္ခ်င္းဆံုေအာင္္ ႀကိဳးစားေနမိသည္။၂ ႀကိမ္ေလာက္ ႀကိဳးစားၿပီး ေနာက္မွာေတာ့ Son Chae နဲ႔ Mina တို႔ မ်က္လံုးခ်င္း စံုမိသြားေတာ့သည္။

ထင္ထင္ရွားရွား Son Chae ရဲ႕ မ်က္၀န္းအိမ္ထဲ ရစ္သီေနတဲ့ ပုလဲ မ်က္ရည္ေတြက Mina အဖို႔ တကယ္ရင္နာရပါတယ္။ကိုယ္သာ ေသေလာက္ေအာက္ ခံစားေနလိုက္ခ်င္ပါတယ္ ခ်စ္သူ မ်က္နွာ တစ္ခ်က္ပ်က္တာေတာ့ မခံစားနိုင္ပါ။

* Son Chaeyoung  မင္းကို တို႔ ခ်စ္တယ္။တို႔ အခ်စ္ကိုနားလည္ရင္ မင္း အခု လုပ္ဖို႔ ႀကိဳးစားေနတာကို ရပ္တန္းကရပ္ပါ။တို႔ ေၾကာင့္ နဲ႔ မင္း ကို အထိခိုက္မခံနိုင္ဘူး။တို႔ မရွိေတာ့ရင္လည္း ေတာ္လွန္ေရးကို တို႔ အတြက္ပါ ဆက္လုပ္ေပးပါ။တို႔ မႀကိဳက္တာ တခုခုလုပ္ရင္ မင္းကို တမလြန္ထိ တို႔ မုန္းမိမယ္ေနာ္ *

* မမ Mi....စိတ္မပူပါနဲ႔ Chaw က မမ Mi ကို ရေအာင္ လာကယ္မွာ။ဗိုလ္မွဴးတို႔ နဲ႔ တိုင္ပင္ၿပီးသား။မမ Mi ဘာမွမျဖစ္ေစရဘူး မဟုတ္တာေတြလည္း မေတြးနဲ႔ ေတာ္လွန္ေရးႀကီး မၿပီးမခ်င္း မမ Mi နဲ႔ Chaw အတူတူ လက္တြဲ တိုက္ပြဲ၀င္သြားမွာ။မမ Mi ပါးစပ္က ခ်စ္ပါတယ္ လို႔ ေျပာမွ အေျဖရတယ္မွတ္မယ္။ေက်းဇူးျပဳၿပီး ဂရုစိုက္ပါဗ်ာ *

နွစ္ေယာက္လံုး တစ္ေယာက္ မ်က္လံုး တေယာက္ ၾကည့္ၿပီး စိတ္ထဲက ေျပာေနၾကေပမယ့္ တေယာက္ေျပာတဲ့ စကားကိုတေယာက္က အစအဆံုး ၾကားရတယ္ သိရတယ္ ေျပာရင္ ယံုၾကမလား။မယံုရင္ေတာင္ အခု ယံုရေတာ့မယ္ သိပ္ခ်စ္တတ္လာတဲ့ အခါ သိပ္ခ်စ္မိသြားတဲ့ အခါ စကားလံုးေတြ မလိုေတာ့ဘဲ မ်က္၀န္းကေန နွလံုးသားဆီကို တိုက္ရိုက္ စကားလံုးေတြ ေရာက္တတ္တယ္ ဆိုတာ သူတို႔ ခ်စ္သူ ၂ ေယာက္က သက္ေသျပသြားခဲ့ ၿပီပဲ။

~~~~~~~~~~~~~~~~~~~~~~~~

Lisa တို႔လည္း အေျခအေန ေတြကို သိရၿပီမလို႔ ေ႐ႊဝါေရာင္ေျမ ကို သာ ျပန္ခဲ့ၾကေတာ့သည္။လမ္းမွာေတာ့ ၃ ေယာက္လံုးဘာ စကားမွ မေျပာျဖစ္ၾက။မေျပာျဖစ္ဆို ေျပာစရာစကား အစမွ ရွာမရတာကို။

Son-ေတာင္းပန္ပါတယ္ ဗိုလ္မွဴး။ေစာနက စိတ္မထိန္းနိုင္ျဖစ္သြားတာ။

တိတ္ဆိတ္ေနတဲ့ ၾကားမွာ ပထမဆံုး ေပၚလာတာက Son Chae ရဲ႕ ခပ္တိုးတိုး ေတာင္းပန္သံ။

Li-ရပါတယ္ ျဖစ္တတ္ပါတယ္။နင့္ ေနရာမွာ ငါဆိုလည္း ဒီလိုပဲ ျဖစ္မိမွာ။ခုေတာ့ က်န္တဲ့ ကိစၥေတြ အားလံုးကို ေမ့လိုက္ၿပီးညက် လာမဲ့ စစ္ဆင္ေရးအတြက္ အထူးျပင္ဆင္ထားၾက။

Tzu+Son-ဟုတ္ကဲ့ပါ ဗိုလ္မွဴး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Sa-Tzuyu ya !!!!

Tzu-ခနေလး Unnie.... Tzu မအားေသးဘူး။

အထူးစစ္ဆင္ေရး အတြက္ အေရးႀကီးတဲ့ အခ်က္အလက္ေတြဖတ္ေနတဲ့ အခ်ိန္ Sana က အနား ေရာက္လာတာမလို႔ Tzuyu တားေနျခင္း ျဖစ္သည္။

Sa-ခနေလးပဲေလ Tzu ရယ္။စကား ခနပဲ ေျပာမယ္။အဲ့စာ႐ြက္ႀကီး ခန ခ်ထား။

Tzu-Unnie.....Tzu မအားေသးဘူးလို႔။

စာ႐ြက္ကို ပုတ္ခ်လိုက္ၿပီး ေျပာတဲ့ Sana စကားကို အေလးမထားဘဲ Tzuyu က စာ႐ြက္ကို ျပန္ေကာက္ကာ ဖတ္ေနတာေၾကာင့္ Sana တင္းကာ စာ႐ြက္ကို Tzuyu လက္ထဲကေနဆြဲလုလိုက္ေတာ့သည္။

Sa-မွန္း.....ျပစမ္း။ဘာစာမလို႔ အဲ့ေလာက္ေတာင္ အေရးတႀကီး ျဖစ္ေနရ......။

Tzu-Minatozaki Sana......ခင္မ်ား အဲ့ စာ႐ြက္ကို ခုခ်က္ခ်င္း ခ်ထားလိုက္စမ္း !!!!

Sana ရဲ႕ စကားေတာင္ မဆံုးေသးဘူး ေဒါသတႀကီး နဲ႔ မ်က္လံုးေတြပါ ရဲတက္လာၿပီး ထေအာ္တဲ့ Tzuyu ေၾကာင့္Sana ခင္မ်ာ လန္႔ၿပီး တုန္တက္သြားကာ စာ႐ြက္ေလးပင္လက္ထဲက ျပဳတ္က်သြားေတာ့သည္။

Sana ျပဳတ္က်သြားတဲ့ စာ႐ြက္ကို Tzuyu က ဆက္ခနဲ ေကာက္လိုက္ကာ Sana ကို ၾကည့္ၿပီး........

Tzu-ခင္မ်ားတို႔ ဂ်ပန္ လူမ်ိဳးေတြက သူမ်ား ပိုင္ပစၥည္းဆိုအဲ့လို လုယူရတာ သိပ္ဝါသနာ ပါတာပဲလား။သိပ္႐ြံဖို႔ မုန္းဖို႔ေကာင္းတာပဲ။

တစ္လံုးခ်င္းဆီ ေအးဆက္ဆက္ ေျပာသြားတဲ့ Tzuyu ရဲ႕စကား တစ္လံုး ခ်င္းဆီက Sana ရင္ကို မီးနဲ႔ ထိုးသလိုကို သိပ္ပူေလာင္ရပါတယ္။ဘာလို႔ ဒီလို အေျခအေနႀကီးျဖစ္သြားလဲ ဆိုတာ မသိရေပမယ့္ ဒီလိုအေျခအေနႀကီးဟာSana အတြက္ လံုး၀အဆင္ေျပမေနပါ။တသြင္သြင္ က်ဆင္းလာတဲ့ မ်က္ရည္ေတြ နဲ႔ အတူ ထပ္ခါထပ္ခါ ျပန္လည္ၾကားေနမိတဲ့ Tzuyu ရဲ႕ သိပ္ရက္စက္တဲ့ စကားသံေတြ။

မခံစားနိုင္ပါ ဘယ္လိုနည္းနဲ႔ မွ Sana မခံစားနိုင္တာ မလို႔ထို ေနရာကေန Sana ေျပးထြက္လာမိသည္။Sana ထြက္သြားကာမွ Tzuyu လည္း သူမွားသြားမွန္း သိလိုက္ေတာ့သည္။Mian Unnie အပါအ၀င္ အဖမ္းခံရတဲ့ အကိုေတြ နဲ႔ က်ဆံုး သြားတဲ့ ရဲေဘာ္ ရဲဘက္ ေတြအတြက္စိတ္မေကာင္း ျဖစ္ေနတဲ့ အခ်ိန္ Sana Unnie က ဒီလိုမ်ိဳးလာလုပ္ေတာ့ မေျပာသင့္တာေတြ ေျပာမိသြားခဲ့တယ္။သူအေတာ္ ခံစားသြားရမွာ။

Tzuyu လည္း ျဖစ္ခဲ့သမွွ်ေတြကို ျပန္စဥ္းစားမိကာ ထိုေနရာမွာပဲ ငူငူႀကီး ထိုင္ခ်မိလိုက္ေတာ့သည္။ထို အခါက်မွ ဘယ္အခ်ိန္ ကတည္းက ေရာက္ေနမွန္း မသိတဲ့ Son Chae က Tzuyu ေရွ႕ ေပၚလာၿပီး.......

Son-Sana Unnie ကို ေတာ့ မင္း အဲ့လို မေျပာလိုက္သင့္ဘူး။မင္း ဘယ္လုိခံစားေနရမလဲ ငါသိေပမယ့္ သူကေတာ့ မင္းကို ခ်စ္တာ တခုပဲ သိတာ။သူက ဂ်ပန္လူမ်ိဳး တေယာက္ျဖစ္ေနတာ Minatozaki ျဖစ္ေနတာ သူ႔ အျပစ္ မဟုတ္ပါဘူး။

Tzu-ငါ....ငါ.....

Son-မင္း ေျပာခ်င္တာကို ငါ နားလည္တယ္။ျပန္ေတာင္းပန္လိုက္ပါ။

Tzu-သူတို႔ လူမ်ိဴးေတြ နဲ႔ သူတို႔ စစ္သားေတြကို ငါ ဒီည သတ္ရအံုးမွာပဲကို။စစ္ဆင္ေရး ေအာင္ျမင္ၿပီး ျပန္လာမွ ေတာင္းပန္လိုက္ေတာ့မယ္။

Son-မင္း သေဘာ။ဒါေပမယ့္ ေသခ်ာတာေတာ့ ေတာင္းပန္ျဖစ္ေအာင္ ေတာင္းပန္ပါ။

Tzu- အင္းပါ ကတိေပးတယ္။ငါ ျပန္မလာနိုင္ရင္ေတာ့ မင္းက အစား ေတာင္းပန္ေပးေပါ့

Son-ေခြးပါးစပ္ နဲ႔ ေျပာျပန္ၿပီ။

" ေတာက္ "

ခပ္တိုးတိုး ေပၚထြက္လာတဲ့ Son Chae နဖူး အေတာက္ခံ လိုက္ရတဲ့ အသံ ၿပီးေတာ့ ဘာမွမေျပာဘဲ တေယာက္မ်က္ႏွာတေယာက္ၾကည့္ကာ ၿပံဳးေနၾကတဲ့ အခ်စ္ဆံုး သူငယ္ခ်င္း ၂ ေယာက္.........။

သူတို႔ ၂ ေယာက္ မသိလိုက္တာက ဘယ္ေတာ့မွ Tzuyu ဆီကေန အေ၀းကို ထြက္ေျပးေလ့ မရွိတဲ့ Sana က Tzuyu အနားကေန မခြာနိုင္တဲ့ Sana က တံခါး အကြယ္ကေန သူတို႔ ေျပာသမ်ွ အကုန္ၾကားသြားတယ္ ဆိုတာကိုပါပဲ။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

အဟိ ဇာတ္ကေတာ့ မိုက္ေနၿပီ ထင္တာပဲ။(ကိုယ့္ဘာသာထင္တာပါ :) )အခုထိ ဖတ္လာေပး အားေပးၾကတဲ့ တေယာက္ခ်င္းဆီကို ေက်းဇူးအမ်ားႀကီး တင္ပါတယ္။အေပၚတြင္ေရးထားေသာ ဇာတ္၀င္ခန္းမ်ားသည္Fic သေဘာအရသာ ျဖစ္ၿပီး မည့္သည့္ Idol ကိုမွ ထိခိုက္လိုစိတ္ အလ်ဥ္းမရွိပါ။

Readers တို႔ကို အရမ္းခ်စ္ပါတယ္Readers တို႔ကို အရမ္းခ်စ္တဲ့ Tu Nhai Kha#💚

.................................................................

Love and Loyaltyအချစ် နဲ့ သစ္စာ

For Uni😘

Kai-ကဲ ပြောပါအုံး မင်းတို့ ဗိုလ်မှူး Manoban ရဲ့ နာမည်အပြည့်အစုံလေး။ငါကတော့ သိပြီးသားပဲ။အန်ကယ် Rubyကို ပြောပြတာ အန်ကယ်က မယုံဘူး ဖြစ်နေတယ်။ဆိုတော့ကာ မင်းတို့ ထဲက တယောက်ယောက်က ထုတ်ပြောပေးတော့ အန်ကယ်လည်း ယုံသွားတာပေါ့။

Suho-ငါတို့ မင်းကို ပြောပြီးသား ဗိုလ်မှူး Manoban ဆိုတာကို ငါတို့ မသိဘူးလို့။ငါတို့ တော်လှန်ရေး တပ်သားတယောက်ချင်း ဆီတိုင်းက ဗိုလ်မှူး Manoban ပဲ။

Kai-ဟ ဒီလူ အတော်စကားများတာပဲ။ငါ့ကောင်ရေ မင်း လက်စွမ်းလေး ပြလိုက်ပါအုံး။

Kai က သူ့ဘေးနားက ခန္ဓာကိုယ် တောင့်တောင့်တင်းတင်းနဲ့ လူ တယောက်ကို ပခုံးကို ပုတ်ကာ ပြောလိုက်တော့ ထိုလူက သူ့လက်ထဲမှာ ကိုင်ထားတဲ့ ကျစ်လစ်လွန်းလှတဲ့ ဝါးရင်းတုတ် နဲ့ Suho ရဲ့ ၀မ်းဗိုက်ကို ဖြတ်ရိုက်တော့သည်။

" အွန့် "

အားပြင်းလွန်းလှတဲ့ လွှဲရိုက်ချက် ဖြစ်ပေမယ့် Suho ဆီက အော်သံ တစ်ချက် မကြားရတာမလို့ Kai ရဲ့ မျက်နှာ တချက်ပျက် သွားတော့သည်။

Kai-မင်းတို့က မနာတတ် ကျတာလား။နာရင် အသံထွက်ရမယ် ဆိုတာ မသိတာလား။ငါ့မှာတော့ မင်းတို့ကို ရိုက်ရင် နှိပ်စက်ရင် ထွက်လာမဲ့ အသံလေးတွေကို သံဇဉ်လေး အမှတ်နဲ့ သီကုံး နားထောင် မလို့ကိုကွာ။မင်းတို့က ဘာလို့ အသံလေး သဲ့သဲ့ တောင် မထွက်ကြတာလဲ။

" အဲ့တာတော့ မျှော်လင့်မနေနဲ့ Kai ရေ။သူတို့ တပ်ရင်းမှာုဒီ ပညာက အထူးလေ့ကျင့်ပေးထားတာ မင်း ရိုက်နေတဲ့ ဝါးရင်းတုတ် သာကျိုးသွားမယ် သူတို့ဆီက အသံ တစ်သံ ထွက်လာဖို့ မမျှော်လင့်နဲ့ "

V-မင်း သစ္စာဖောက်ကောင် အသားထဲက လောက်ထွက်တဲ့ကောင် အရှက်မရှိတဲ့ကောင် မင်းကို သတ်မယ်။

လက်ပြန်ကြိုး တုပ်ခံထားရတဲ့ V က Kai ရဲ့ နောက်ကနေ ရေခဲထည့်ထားတဲ့ အရက်ခွက်လေးကို ကိုင်ကာ ထွက်လာတဲ့Mino ကို ရန်ပြုဖို့ မတ်တပ်ထရပ် လိုက်ပေမယ့် Mino ကသူစီးထားတဲ့ စစ်ဖိနပ် နဲ့ V ရဲ့ မျက်နှာကို ဖြတ်ကန်လိုက်တာကြောင့် မတ်တပ်ရပ်ဖို့ ကြိုးစားနေတဲ့ V လည်း ထို နေရာမှာတင် ခွေ့ခနဲ လဲကျသွားတော့သည်။

Mino-အိုးဟိုး....စိတ်လျော့ပါ ဗိုလ်ကြီး အသစ်လေးရဲ့။မင်းကို ဘယ်သူကများ ငါက သစ္စာဖောက်ကောင် လို့ ပြောလို့လဲ။ငါက အမှန်တော့ ငါ့တာဝန်ငါ လုပ်နေတာ။ငါ့တာဝန် အမှန်က ဂျပန်အထူး အထောက်အဖွဲ့က ဗိုလ်ကြီး Mino ပဲ။Kai နဲ့ ဆိုရင်တော့ လည်ပင်းဖက် ပေါင်းလာတဲ့ သူငယ်ချင်းတွေပေါ့။အဲ့တာကြောင့် ငါ့ကို သစ္စာဖောက်လို့ ခေါ်စရာမလိုဘူးကွ !!!

နောက်ဆုံး စကားမတိုင်ခင်ထိ လေပြေးအေး လေးနဲ့ ရှင်းပြနေတဲ့ Mino က သူ့ကို သစ္စာဖောက်လို့ မခေါ်ဖို့ ပြောပြီး လက်ထဲက အရက်ခွက် နဲ့ V ရဲ့ ခေါင်းကို ရိုက်ထည့်လိုက်တာကြောင့် V ရဲ့ ခေါင်းကနေ နီရဲရဲ သွေးတွေ တသွင်သွင်စီးကြလာတော့သည်။

Kai-စိတ်လျော့ Mino။စိတ်လျော့

Mino-Ok သားကြီး။

Kai-မင်း ပြောခဲ့တဲ့ စကားတွေထဲမှာ ငါ စိတ်ဝင်စားတာ တစ်ခုရှိတယ်ကွ။

Mino-ဟေ ဘာလဲကွ။

Kai-မင်း ပြောတယ်လေ သူတို့တွေက ဘယ်လောက် နှိပ်စက်နှိပ်စက် အသံ မထွက်ဘူးဆို။အဲ့တာ သူတို့ အထူးလေ့ကျင့်ပေးခံထားရတာဆို အဲ့တာ ဟုတ်မဟုတ် ငါ စမ်းကြည့် ချင်တယ်ကွာ။

Mino-ဟေ မင်းက ဘယ်လို စမ်းမှာ။

Kai-ယောကျာ်းလေးတွေ အံ့ကြိတ်ခံနိုင်တယ် ဆိုတာ ယုံလို့ ရပေမယ့် မိန်းကလေး တယောက်က တော့ ခံနိုင်ပါ့မလား။

ပြောပြီး Kai က Mina နားကို ခပ်မြန်မြန် လျှောက်သွားကာMina ရဲ့ မျက်နှာကို လက်ပြန်လွှဲ ရိုက်ချလိုက်တော့သည်။

သို့သော် Mina ဆီက အသံလေး သေးသေးလေးတောင် ထွက်မလာပေ။

Kai-ဟ....တကယ်ကြီး ဘာအသံမှ မထွက်တာဟ။

V+Jin-Myoui အဆင်ပြေလား။

Suho-ဟေ့ကောင် Kai ဆိုတဲ့ အကောင် မင်း ယောကျာ်း မဟုတ်ဘူးလား။မင်းမှာ သတ္တိမရှိဘူလား။မိန်းကလေး တယောက်ကို လက်ပြန်ကြိုးတုပ်ပြီး ရိုက်ရလားကွ။မင်း သတ္တိရှိရင် ငါ့ကို ကြိုးဖြေပေးလိုက် မင်းကို သတ်ပြီး ဒီနေရာကနေအားလုံးကို ကယ်ထုတ်သွားပြမယ်။

Kai-ဒီလောက် လုပ်ထားတာတောင် လေသံက မာတုန်းပါလား။တကယ်မလွယ်ကြောဘဲ။ဒါပေမယ့် မင်းသိဖို့က မင်းတို့ နဲ့ ငါ ဘယ်သူက မိုက်ရူးရဲ ပိုဆန်လည်း ဆိုတာ ပြိုင်မှာ မဟုတ်ဘူး။မင်းတို့ ဘယ်လောက် အနှိပ်စက် ခံနိုင်လဲ ဆိုတာ ကြည့်မှာ။

Jin-အေး အဲ့တာဆိုလည်း ယောကျာ်းပီပီ ယောကျာ်း အချင်းချင်းကိုပဲ ငါတို့အသံထွက်အောင် မင်းရှိသမျှ အားကုန်သုံးပြီ နှိပ်စက် စမ်းပါအုံး။မိန်းကလေးကို လက်ဖျားနဲ့တောင်ထိဖို့ မကြံစမ်းပါနဲ့။

Kai-ဒီကောင်တွေ ငါ့ကို လာ စိန်ခေါ်နေတာပဲ။ငါ မင်းတို့ကိုီဒီနေရာမှာတင် အပိုင်းပိုင်းခုတ်သတ်ပြီး ခွေးစာ ကျွေးပစ်လိုက်လို့ ရတယ် ဆိုတာ သဘောပေါက်စမ်းကွာ။

Mino-ဒါပေမယ့် မင်းတို့ကို ငါတို့က မသတ်ပါဘူး။ဒီလောက်ကြီး တဲ့ ငါးစာတွေ ရှိနေတာကို မင်းတို့ ဗိုလ်မှူးက ငါးစာ လာမဟပ် ဘူးဆိုတာ မဖြစ်နိုင်ဘူးရယ်။ငါတို့ကလည်း အဲ့ အချိန်ကိုပဲ စောင့်နေတာ။အန်ကယ် Ruby သာ မင်းတို့ ဗိုလ်မှူးက ဘယ်သူပါဆိုတာ သိသွားတာနဲ့ မင်းတို့ စခန်း ပြာကျမှာ လုံးဝ သေချာတယ်။

Kai-ငါးလေးက ငါးစာ လာမဟပ်ခင် အချိန်ထိတော့ မင်းတို့က သေချင်ပါပြီ ငါတို့ကို သတ်ပေးပါတော့လို့ ပြောလာတဲ့ အထိ ငါတို့က မင်းတို့ကို ပါးပါးချင်း နွှာမှာ။စောနက ဟိုကောင် ဘာပြောလဲ ယောကျာ်းပီပီ ယောကျာ်းအချင်းချင်း နှိပ်စပ်ဆိုဟုတ်လား။အဲ့တော့ ငါကလည်း ယောကျာ်းပီပီ မင်းတို့ ၃ ယောက်ကိုပဲ အရေခွံနွှာပေးမယ် မင်းတို့ရဲ့မိန်းကလေးကို လက်ဖျား နဲ့ တောင် မတို့ဘူး။

Kai လည်း ပြောပြီး ဘေးနားက ခုံပေါ်မှာ တင်ထားတဲ့ သံဆူးပတ်ထားတဲ့ ကြာပွတ်နဲ့ အပေါ်ပိုင်း အကျီ မပါတဲ့ Suho , Jin နဲ့ V တို့ကို အချက်ပေါင်းများစွာ လွှဲရိုက်နေပေမယ့် ၃ ယောက်လုံး ဆီက ညဉ်းသံ သဲ့သဲ့ လေးတောင် မထွက်လာ။

Kai-အမလေးကွာ လက်ညောင်းလိုက်တာ။တော်ပြီ မရိုက်နိုင်တော့ဘူး။ဟကောင်တွေ မင်းတို့တွေ ဒီ ၃ ကောင်ကို အလှည့်ကျ ရိုက်ကြစမ်း။သူတို့ဆီက နာလို့ ညဉ်း တဲ့ အသံ ထွက်လာရင် ငါ့ကို လာခေါ်ကြ။အသံထွက်အောင် ရိုက်နိုင်တဲ့သူကို ရွှေ ၅၀ သား ပေးမယ်ကွာ။ဒါပေမယ့် ကောင်မလေးကိုလက်ဖျား နဲ့တောင် မထိနဲ့။ထိတဲ့ ကောင်ကို ငါကိုယ်တိုင် အသေသတ်မယ်။

အမိန့်ပေးပြီး ၀တ်ထားတဲ့ အနောက်တိုင်း ၀တ်စုံကို တစ်ချက်ဆွဲချကာ ကျော့ကျော့လေး ထွက်သွားတဲ့ Kai နဲ့ Kai ရဲ့ နောက်က Mino ကို အခန်းထဲကကော အခန်းတံခါးဝကသူတွေကပါ ခေါင်းငုံ့ကာ အရိုအသေ ပေးနေကြတော့သည်။

ခနကြာတော့ ခန္ဓာကိုယ် တောင့်တင်း ခိုင်မာတဲ့ ဂျပန်စစ်သားတယောက် ရောက်လာပြီး Jin တို့ ၃ ယောက်ကို စောနကKai အသုံးပြုသွားတဲ့ ကြာပွတ် နဲ့ ပဲ ထပ်မံ ရိုက်ပြန်တော့သည်

ရိုက်တဲ့သူတွေသာ အားကုန်လို့ တယောက်ပြီး တယောက် လူလဲ ရိုက်နေရတယ် အရိုက်ခံရတဲ့ ၃ ယောက်က ခုထိ အသံမထွက်သေး။ကြာပွတ်က ရိုက်ပါများလာတော့ ကြာပွတ်မှာ ပတ်ထားတဲ့ သံဆူးချောင်းတွေ ထဲက တစ်ချောင်းက အမှတ်တမဲ့ ပြုတ်ထွက်သွားပြီး Mina ရဲ့ ခြေထောက်နားကိုလွှင့်ထွက်လာတာကြောင့် Mina လည်း မသိမသာလေး ခြေထောက်နဲ့ ကောက်ကာ လက်ထဲကို ထည့်ပြီး လက်ကို နောက်ပြန်ချည်ထားတဲ့ ကြိုးကို ကြိုးစားပြီး ဖြတ်နေတော့သည်

ရွှေ ၅၀ သား ရဖို့ ကြိုးစားနေတဲ့ ဂျပန်စစ်သားတွေကတော့ Mina ရဲ့ အပြုအမူတွေကို သေးသေးလေးတောင် သတိမထားမိ ကြတာကြောင့် ဘုရား မ တယ် လို့ပဲ ပြောရတော့မယ် ထင်ပါရဲ့

~~~~~~~~~~~~~~~~~~~~~~~

Momo ပြန်ရောက်လာပြီး သတင်းပေးပြီးကတည်းက Lisaဦးဆောင်တဲ့ နောက်တန်းမှာ ရှိတဲ့ အရာရှိတွေ နဲ့ တခြား အဆင့်တွေ အားလုံးကတော့ တစ်ညလုံး Mina တို့ တွေကို ဘယ်လို ပြန်ကယ် ရမလဲ ဆိုတာကိုသာ ကြိုးစား ဆွေးနွေးနေကြလေရဲ့။

တစ်ညလုံး တိုင်ပင်ဆွေးနွေးပြီး နောက်မှာတော့ ရလာတဲ့အဖြေကတော့ Lisa ခေါင်းဆောင်တဲ့ အထူးတပ်ဖွဲ့ နဲ့ Minaတို့ကို အမြန်ဆုံး ရအောင် ကယ်မယ် ဆိုတဲ့ အဖြေပါပဲ။

အထူးအဖွဲ့မှာတော့ Son Chaeyoung , Chou Tzuyuဆာဂျင် Yeol နဲ့ Lisa ရဲ့ ဒေါင်းတပ်ဖွဲ့က ၄ ယောက် Lisa အပါဝင်ဆိုတော့ ၉ ယောက်ပေါ့။

တစ်ညလုံး မအိပ်ဘဲ အစည်းအဝေး လုပ်ပြီးနောက်မှာတော့မျက်နှာသစ်ကာ မနက်စာစားပြီး Mina တို့ အခြေအနေကို သိရအောင် စနည်းနာဖို့ Tzuyu ရယ် Son Chae ရယ် Lisa ရယ် မြို့ထဲကို ထွက်လာခဲ့ ကြပါတော့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Kai တယောက် အိပ်ရာက နိုးတော့ နာရီကြည့်လိုက်တော့မနက် ၈ နာရီ။သူ ညက စစ်ဆေးရေးခန်းထဲက ထွက်လာတည်း က အိပ်လိုက်တာ တစ်ရေးထဲ ဘယ်သူ့မှလည်း လာမနိုးကြဘူး ကြည့်ရတာ ဟို ၃ ယောက် တစ်ညလုံးအသံမထွက် ကြတာလား။

Kai လည်း အကျီအ၀တ်အစား လဲကာ စစ်ဆေးရေးခန်းကိုထွက်လာခဲ့တော့သည်။လမ်းမှာ Mino နဲ့ တွေ့တာမလို့၂ ယောက်လုံး စစ်ဆေးရေးခန်းကို ထွက်လာကြတော့သည်။

စစ်ဆေးရေးခန်း ရောက်တော့ အစောင့် စစ်သားတွေက သေနတ်ပိုက်ပြီး အိပ်ပျော်နေတဲ့ သူနဲ့ ကြာပွတ်ကြီး ကိုင်ပြီးအိပ်ငိုက်နေတဲ့ ကောင်နဲ့ အဆင်တွေကို ပြေနေပါရော။ အထဲက အဖမ်းခံထားရတဲ့ ဟို ၄ယောက်သာ လက်ပြန်ကြိုးတုပ် ခံမထားရရင် အစောင့်တွေ အကုန် ဘ၀ကူးသွား လောက်တယ်။

Kai-ဟေ့ကောင်တွေ မင်းတို့ကို ညက ငါဘာမှာခဲ့လဲ။ထကြစမ်း ဟေ့ကောင်တွေ။

Kai ရဲ့အသံကြောင့် အိပ်ငိုက်နေတဲ့ ကောင်တွေရော အိပ်ပျော်နေတဲ့ ကောင်တွေပါ ငေါက်ခနဲ ထထိုင်ပြီး သတိထားဆွဲ ကျတော့သည်။

Mino-မင်းတို့က ခုမှသတိထ ဆွဲနေလိုက်။အထဲက ဟာတွေသာ ကြိုးမတုပ်ခံရရင် မင်းတို့သေလောက်တယ်။

Kai-မင်းတို့ကို ညက ငါ့ကို ဘာမှာခဲ့လဲ။မင်းတို့ ပထွေးတွေကိုအသံထွက်အောင် ရိုက်ပါပြောခဲ့တာ မင်းတို့က လာ သေနေတယ်။

Man-ကျွန်....ကျွန်တော်တို့ တကယ် မနားတမ်း ရိုက်ပါတယ်အကိုလေး။ဒါပေမယ့် သူတို့ ၃ ယောက်လုံးက တကယ်ကိုဘာ အသံမှ မထွက်တာပါ။

Kai-ဟေ ဟုတ်လား။ထားတော့ ထားတော့ကွာ။သွား လှည်း ၄ စီး ပေါ်ကို လူထည့်တဲ့ လှောင်အိမ် ၄ ခု တစ်ခုစီ တင်ထား။သူတို့ ရဲ့ တော်လှန်ရေး သမားကြီးတွေကို ငါတို့ ဘယ်လို ပြုစုထားလဲ မြို့ထဲ ပတ်ပြကြတာပေါ့။သူတို့ ဗိုလ်မှူး ကြီးလည်း မြင်လို မြင်ငြားပေါ့။

Man-ဟုတ်ကဲ့ အကိုလေး။

Kai လည်း မှာစရာ ရှိတာ မှာပြီးနောက် Jin တို့ ဆီကို လာလိုက်ပြီး Jin တို့ ရှေ့မှာ ဆောင့်ကြောင့်လေး ထိုင်ကြလိုက်တော့သည်။

Jin ရဲ့ ရင်ဘတ် ဖြူဖြူလေးပေါ်မှာ ရဲပြီး ထင်းနေသော သွေးတွေကို လက်ညှိုး နဲ့ သုတ်ပြီး တစ်ချက် ကြည့်ပြီး ညစ်ကျယ်ကျယ် ပြုံးလိုက်ကာ........

Kai-မင်းတို့က တကယ် သတ္တိရှိကြတာပဲ။ငါတို့ ဂျပန်တပ်မှာမင်းတို့လို သတ္တိရှိတဲ့ သူတွေ မရှိတာ နှမြောစရာပဲ။မင်းတို့ငါ့ ရဲ့ တပ်ထဲမှာ အလုပ်လုပ်မလား မင်းတို့ မသေစေရဘူးအေးအေးချမ်းချမ်း နေလို့ရအောင် ငါတာဝန်ယူတယ်။

" ထွီ 💢 "

Jin က သူ့ရဲ့ မျက်နှာနား ကပ်ပြီး ပြောနေတဲ့ Kai ရဲ့မျက်နှာကို ပါးစပ်ထဲက သွေးတွေနဲ့ ရောနေတဲ့ တံတွေးနဲ့ လှမ်းထွေးလိုက်တော့သည်။

Jin-ဟား....ဟား မင်းတို့ မိစ္ဆာတပ် တွေ ဆီမှာ နေမဲ့ အစားတော်လှန်ရေး အတွက် အသက်ပေးလိုက်တာမှ ငါ့အတွက်မြတ်တယ်ကွ။

Kai လည်း မျက်နှာပေါ်က သွေးတွေ နဲ့ ရောနေတဲ့ တံတွေးကိုသုတ်လိုက်ကာ တစ်ချက်ပြုံးလိုက်ပြီး........

Kai-ဟား....ကြိုက်ပြီကွာ ကြိုက်ပြီ။

Mino-ဟိုကောင်တွေ လေးယောက်လုံးကို လှည်းပေါ်ကလှောင်အိမ်တွေထဲ တယောက်ဆီ ထည့်လိုက်

" ဟုတ်ကဲ့ "

အရိုက်ခံထားရလို့ မျော့မျော့ပဲ ကျန်တော့တဲ့ V , jin နဲ့ Suhoတို့ကို ဂျပန်စစ်သားတွေက ဘယ်လက်မောင်း နဲ့ ညာလက်မောင်း ကနေ တစ်ဖက်ဆီ မ ပြီး တရွတ်တိုက် ဆွဲခေါ် သွားတော့သည်။

Mina ကတော့ ခြေထောက် ဒဏ်ရာ ရနေပေမယ့် နှိပ်စက် ခံမထား ရတာကြောင့် နည်းနည်းလေး တွဲပေးတာနဲ့ ထော့နဲ့ထော့နဲ့ လေးတော့ လျှောက်နိုင်တာကြောင့် တရွတ်တိုက်တော့ဆွဲ အခေါ်မခံရပါ။

၄ ယောက်လုံးကို လှည်းပေါ်က လှောင်အိမ်တွေထဲကို ရောက်တော့ လှည်း ၄ စီး ရှေ့က စစ်ဘက်သုံး ဂျစ်ကား တစ်စီးမှာ Kai က အရှေ့ ခေါင်းခန်းက ၀င်ထိုင်လိုက်ပြီး Mino က တော့ အနောက် အခန်း ထဲမှာ ၀င်ထိုင်လိုက်ပြီးသူတို့ စခန်းကနေ မြို့ထဲကို စတင်ထွက်ခွာ လာကြတော့သည်

မြို့ထဲသွားတဲ့ တလျှောက်လုံးမှာလည်း အသံအင်အား ကောင်းတဲ့ ဂျပန်စစ်သား တယောက်က အရှေ့ဆုံးကနေ အော်သွားသည့် စကား ကား............။

" အနောက်မှာ ပါလာတဲ့ လေးယောက်ဟာ ကျုပ်တို့ ဂျပန်တပ်မတော်ကြီးကို နည်းအမျိုးမျိုးနဲ့ အနှောက်အယှက်ပေး ဒုက္ခပေး နေတဲ့ ဗိုလ်မှူး Manoban ဦးဆောင်တဲ့ သူပုန်အဖွဲ့က ဗိုလ်မှူး Manoban အတွက် အရေးပါတဲ့ သူ့ငယ်သားတွေ ဖြစ်တယ်။သူတို့ကို ကျုပ်တို့ တပ်မတော်ကအရှင်ဖမ်းမိထားတယ်။သစ္စာဖောက် သူပုန်တွေကို ကျုပ်တို့တပ်မတော်က ဘယ်လို အရေးယူလည်းဆိုတာ သင်ခန်းစာရအောင် ကြည့်ထားကြပါ။ဗိုလ်မှူး Manoban အမည်ခံသူပုန် ခေါင်းဆောင်လည်း အမြန်ဆုံး အညံ့လာခံပါက မင်းကိုကော မင်း ငယ်သားတွေကိုပါ အသက်ချမ်းသာ ပေးမှာမလို့။ငါတို့ တပ်မတော်ထံ အမြန်ဆုံး လာရောက် ခိုလှုံပါ။ "

လမ်းသွား လမ်းလာ ပြည်သူအားလုံးဟာ ဂျပန်တပ်လာတာမလို့ အားလုံး လမ်းဘေးကို ကပ်ပေးလိုက်ကြပြီး ဂျပန်စစ်သားပြောတာကို အာရုံစိုက်နားထောင်နေကြတော့သည်။ဂျပန်စစ်သား ရဲ့ စကား ဆုံးတာနဲ့ ပြည်သူအားလုံးရဲ့ အာရုံဟာနောက်က လှည်းတွေမှာပါတဲ့ လှောင်အိမ်တွေထဲက အကျဉ်းချခံ ထားရတဲ့ တော်လှန်ရေး သူရဲကောင်းတွေ ဆီကို ကျရောက်သွားတော့သည်။

ကောင်လေး ၃ ယောက်မှာ အပေါ်ပိုင်း ဗလာကျင်း နေတဲ့ ခန္ဓာကိုယ် ဖွေးဖြူဖြူလေး အပေါ်မှာ မြင်မကောင်း ရှုမကောင်း လောက်အောင် သွေးတွေ အများကြီး ထွက်နေပြီး  နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ ရယ် သတိရ တစ်ချက် လွတ်တစ်ချက် ဖြစ်နေတာရယ် ကြောင့် မြင်ရသူအားလုံးက ရင်ထဲမှာ မချိကြပါ။နိုင်ငံ့အတွက် သူရဲကောင်းတွေ ဖြစ်ပေမယ့်သူပုန်လို့ နာမည်အတတ်ခံရကာ ခုလို ဖမ်းဆီး နှိပ်စက် ခံရတာမလို့ ရင်ထဲမှာ စိတ်မကောင်း ပေမယ့် အင်အားကြီးလွန်းတဲ့ဂျပန့်တပ်မတော်ကို မလွန်ဆန်ရဲကြပါ။

ရင်ထဲမှာ ကြိတ်မနိုင် ခဲမရ ဖြစ်နေကြချိန်မှာ နောက်ဆုံးမှာ ပါလာတဲ့ လှည်းထဲက ဖြူဖြူသန့်သန့်ချောချော မိန်းမလှလေးတစ်ယောက်ကြောင့် အားလုံးရင်ထဲ ပိုပြီး မချိဖြစ်ကြရပါတော့တယ်။အရှေ့က ကောင်လေး ၃ ယောက်လောက် နှိပ်စက်မခံထားရပေမယ့် ယောင်ကိုင်းနေတဲ့ ပါး တစ်ဖက်နဲ့ သွေး အနည်းငယ် ဆို့နေတဲ့ နှုတ်ခမ်းလေးကြောင့် မြင်ရတဲ့ သူအားလုံးဟာ မျက်ရည်တွေ ၀ဲ တက်လာတဲ့ အထိပင် ဖြစ်ကြရတော့သည်။တချိူ့ အဒေါ်ကြီးတွေ အမေအိုကြီးတွေဆို "ငါ့တို့ သမီးငါတို့သား ငါတို့ မြေး အရွယ်လောက်လေးပဲ ရှိသေးတဲ့ ကလေးတွေ လေကွယ်လို့ ပြောပြီး ကြိတ်ငိုနေကြတော့သည်"

* နိုင်ငံက လွတ်လပ်ရေးမရသေးတော့ ငိုတာတောင် ရဲရဲတင်းတင်း မငိုရဲတဲ့ ဘ၀တွေပါလား *

အနှိပ်စက်မခံထားရတာကြောင့် Mina မှာ ခြေထောက် က ဒဏ်ရာနာတာ တစ်ခုတည်းပဲ ခံစားရတာမလို့ သတိတော့ ကောင်းကောင်းကပ်နေသေးသည်။လှောင်အိမ် နံရံလေးကိုမှီကာ ဘေးပတ်ဝန်းကျင်ကို ကြည့်နေမိရင်း ငိုနေတဲ့ အမေအိုကြီး နဲ့ မျက်လုံးချင်း စုံမိတာ မလို့ တစ်ချက်ပြုံးပြကာမငိုဖို့ ခေါင်းခါပြမိသေးသည်။အမေအိုကြီးကလည်း Mina ဆိုလိုတာကို သဘောပေါက်တဲ့ ပုံနဲ့ မျက်ရည်တွေ အလျင်အမြန် သုတ်ကာ Mina ကို ပြန်ပြုံးပြလိုက်တော့သည်။

နိုင်ငံ့ သူရဲကောင်း အပေါ် ပြည်သူ့ မေတ္တာ စစ်မှန်လို့ ထင်ပါ့Mina ရဲ့ ခြေထောက်ဒဏ်ရာတောင် တစ်ဝက်လောက် သက်သာသွား သလိုပင်။

အမေအိုကြီးကို အကြည့်လွှဲကာ တခြား တနေရာကို ကြည့်မိလိုက်ချိန်မှာ Mina မှာ မျက်လုံးတွေပင် ပြူးသွားပြီး ခေါင်းတည့်တည့်ကို မိုးကြိုးပစ်ချ လိုက်သလိုပင်။

ဘာကြောင့်လဲဆို သူ့ကို အတင်းကယ်ဖို့ ကြိုးစားနေတဲ့ သူ့ ချာတိတ်လေး Son Chae နဲ့ Son Chae ကို အတင်းတားနေကြတဲ့  Tzuyu နဲ့ ဗိုလ်မှူးကို မြင်လိုက် ရတာကြောင့် ဖြစ်တော့သည်။

* Son  Chaeyoung ငါ့ကိုကြည့်စမ်း။ငါ့ကို ကြည့်စမ်းပါ။Son Chaeyoung !!!! *

Mina လည်း သူ့ ချာတိတ်ဆီကို အကြည့်ချင်းဆုံအောင်် ကြိုးစားနေမိသည်။၂ ကြိမ်လောက် ကြိုးစားပြီး နောက်မှာတော့ Son Chae နဲ့ Mina တို့ မျက်လုံးချင်း စုံမိသွားတော့သည်။

ထင်ထင်ရှားရှား Son Chae ရဲ့ မျက်ဝန်းအိမ်ထဲ ရစ်သီနေတဲ့ ပုလဲ မျက်ရည်တွေက Mina အဖို့ တကယ်ရင်နာရပါတယ်။ကိုယ်သာ သေလောက်အောက် ခံစားနေလိုက်ချင်ပါတယ် ချစ်သူ မျက်နှာ တစ်ချက်ပျက်တာတော့ မခံစားနိုင်ပါ။

* Son Chaeyoung  မင်းကို တို့ ချစ်တယ်။တို့ အချစ်ကိုနားလည်ရင် မင်း အခု လုပ်ဖို့ ကြိုးစားနေတာကို ရပ်တန်းကရပ်ပါ။တို့ ကြောင့် နဲ့ မင်း ကို အထိခိုက်မခံနိုင်ဘူး။တို့ မရှိတော့ရင်လည်း တော်လှန်ရေးကို တို့ အတွက်ပါ ဆက်လုပ်ပေးပါ။တို့ မကြိုက်တာ တခုခုလုပ်ရင် မင်းကို တမလွန်ထိ တို့ မုန်းမိမယ်နော် *

* မမ Mi....စိတ်မပူပါနဲ့ Chaw က မမ Mi ကို ရအောင် လာကယ်မှာ။ဗိုလ်မှူးတို့ နဲ့ တိုင်ပင်ပြီးသား။မမ Mi ဘာမှမဖြစ်စေရဘူး မဟုတ်တာတွေလည်း မတွေးနဲ့ တော်လှန်ရေးကြီး မပြီးမချင်း မမ Mi နဲ့ Chaw အတူတူ လက်တွဲ တိုက်ပွဲဝင်သွားမှာ။မမ Mi ပါးစပ်က ချစ်ပါတယ် လို့ ပြောမှ အဖြေရတယ်မှတ်မယ်။ကျေးဇူးပြုပြီး ဂရုစိုက်ပါဗျာ *

နှစ်ယောက်လုံး တစ်ယောက် မျက်လုံး တယောက် ကြည့်ပြီး စိတ်ထဲက ပြောနေကြပေမယ့် တယောက်ပြောတဲ့ စကားကိုတယောက်က အစအဆုံး ကြားရတယ် သိရတယ် ပြောရင် ယုံကြမလား။မယုံရင်တောင် အခု ယုံရတော့မယ် သိပ်ချစ်တတ်လာတဲ့ အခါ သိပ်ချစ်မိသွားတဲ့ အခါ စကားလုံးတွေ မလိုတော့ဘဲ မျက်ဝန်းကနေ နှလုံးသားဆီကို တိုက်ရိုက် စကားလုံးတွေ ရောက်တတ်တယ် ဆိုတာ သူတို့ ချစ်သူ ၂ ယောက်က သက်သေပြသွားခဲ့ ပြီပဲ။

~~~~~~~~~~~~~~~~~~~~~~~~

Lisa တို့လည်း အခြေအနေ တွေကို သိရပြီမလို့ ရွှေဝါရောင်မြေ ကို သာ ပြန်ခဲ့ကြတော့သည်။လမ်းမှာတော့ ၃ ယောက်လုံးဘာ စကားမှ မပြောဖြစ်ကြ။မပြောဖြစ်ဆို ပြောစရာစကား အစမှ ရှာမရတာကို။

Son-တောင်းပန်ပါတယ် ဗိုလ်မှူး။စောနက စိတ်မထိန်းနိုင်ဖြစ်သွားတာ။

တိတ်ဆိတ်နေတဲ့ ကြားမှာ ပထမဆုံး ပေါ်လာတာက Son Chae ရဲ့ ခပ်တိုးတိုး တောင်းပန်သံ။

Li-ရပါတယ် ဖြစ်တတ်ပါတယ်။နင့် နေရာမှာ ငါဆိုလည်း ဒီလိုပဲ ဖြစ်မိမှာ။ခုတော့ ကျန်တဲ့ ကိစ္စတွေ အားလုံးကို မေ့လိုက်ပြီးညကျ လာမဲ့ စစ်ဆင်ရေးအတွက် အထူးပြင်ဆင်ထားကြ။

Tzu+Son-ဟုတ်ကဲ့ပါ ဗိုလ်မှူး။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Sa-Tzuyu ya !!!!

Tzu-ခနလေး Unnie.... Tzu မအားသေးဘူး။

အထူးစစ်ဆင်ရေး အတွက် အရေးကြီးတဲ့ အချက်အလက်တွေဖတ်နေတဲ့ အချိန် Sana က အနား ရောက်လာတာမလို့ Tzuyu တားနေခြင်း ဖြစ်သည်။

Sa-ခနလေးပဲလေ Tzu ရယ်။စကား ခနပဲ ပြောမယ်။အဲ့စာရွက်ကြီး ခန ချထား။

Tzu-Unnie.....Tzu မအားသေးဘူးလို့။

စာရွက်ကို ပုတ်ချလိုက်ပြီး ပြောတဲ့ Sana စကားကို အလေးမထားဘဲ Tzuyu က စာရွက်ကို ပြန်ကောက်ကာ ဖတ်နေတာကြောင့် Sana တင်းကာ စာရွက်ကို Tzuyu လက်ထဲကနေဆွဲလုလိုက်တော့သည်။

Sa-မှန်း.....ပြစမ်း။ဘာစာမလို့ အဲ့လောက်တောင် အရေးတကြီး ဖြစ်နေရ......။

Tzu-Minatozaki Sana......ခင်များ အဲ့ စာရွက်ကို ခုချက်ချင်း ချထားလိုက်စမ်း !!!!

Sana ရဲ့ စကားတောင် မဆုံးသေးဘူး ဒေါသတကြီး နဲ့ မျက်လုံးတွေပါ ရဲတက်လာပြီး ထအော်တဲ့ Tzuyu ကြောင့်Sana ခင်မျာ လန့်ပြီး တုန်တက်သွားကာ စာရွက်လေးပင်လက်ထဲက ပြုတ်ကျသွားတော့သည်။

Sana ပြုတ်ကျသွားတဲ့ စာရွက်ကို Tzuyu က ဆက်ခနဲ ကောက်လိုက်ကာ Sana ကို ကြည့်ပြီး........

Tzu-ခင်များတို့ ဂျပန် လူမျိုးတွေက သူများ ပိုင်ပစ္စည်းဆိုအဲ့လို လုယူရတာ သိပ်ဝါသနာ ပါတာပဲလား။သိပ်ရွံဖို့ မုန်းဖို့ကောင်းတာပဲ။

တစ်လုံးချင်းဆီ အေးဆက်ဆက် ပြောသွားတဲ့ Tzuyu ရဲ့စကား တစ်လုံး ချင်းဆီက Sana ရင်ကို မီးနဲ့ ထိုးသလိုကို သိပ်ပူလောင်ရပါတယ်။ဘာလို့ ဒီလို အခြေအနေကြီးဖြစ်သွားလဲ ဆိုတာ မသိရပေမယ့် ဒီလိုအခြေအနေကြီးဟာSana အတွက် လုံးဝအဆင်ပြေမနေပါ။တသွင်သွင် ကျဆင်းလာတဲ့ မျက်ရည်တွေ နဲ့ အတူ ထပ်ခါထပ်ခါ ပြန်လည်ကြားနေမိတဲ့ Tzuyu ရဲ့ သိပ်ရက်စက်တဲ့ စကားသံတွေ။

မခံစားနိုင်ပါ ဘယ်လိုနည်းနဲ့ မှ Sana မခံစားနိုင်တာ မလို့ထို နေရာကနေ Sana ပြေးထွက်လာမိသည်။Sana ထွက်သွားကာမှ Tzuyu လည်း သူမှားသွားမှန်း သိလိုက်တော့သည်။Mian Unnie အပါအ၀င် အဖမ်းခံရတဲ့ အကိုတွေ နဲ့ ကျဆုံး သွားတဲ့ ရဲဘော် ရဲဘက် တွေအတွက်စိတ်မကောင်း ဖြစ်နေတဲ့ အချိန် Sana Unnie က ဒီလိုမျိုးလာလုပ်တော့ မပြောသင့်တာတွေ ပြောမိသွားခဲ့တယ်။သူအတော် ခံစားသွားရမှာ။

Tzuyu လည်း ဖြစ်ခဲ့သမျှတွေကို ပြန်စဉ်းစားမိကာ ထိုနေရာမှာပဲ ငူငူကြီး ထိုင်ချမိလိုက်တော့သည်။ထို အခါကျမှ ဘယ်အချိန် ကတည်းက ရောက်နေမှန်း မသိတဲ့ Son Chae က Tzuyu ရှေ့ ပေါ်လာပြီး.......

Son-Sana Unnie ကို တော့ မင်း အဲ့လို မပြောလိုက်သင့်ဘူး။မင်း ဘယ်လိုခံစားနေရမလဲ ငါသိပေမယ့် သူကတော့ မင်းကို ချစ်တာ တခုပဲ သိတာ။သူက ဂျပန်လူမျိုး တယောက်ဖြစ်နေတာ Minatozaki ဖြစ်နေတာ သူ့ အပြစ် မဟုတ်ပါဘူး။

Tzu-ငါ....ငါ.....

Son-မင်း ပြောချင်တာကို ငါ နားလည်တယ်။ပြန်တောင်းပန်လိုက်ပါ။

Tzu-သူတို့ လူမျိူးတွေ နဲ့ သူတို့ စစ်သားတွေကို ငါ ဒီည သတ်ရအုံးမှာပဲကို။စစ်ဆင်ရေး အောင်မြင်ပြီး ပြန်လာမှ တောင်းပန်လိုက်တော့မယ်။

Son-မင်း သဘော။ဒါပေမယ့် သေချာတာတော့ တောင်းပန်ဖြစ်အောင် တောင်းပန်ပါ။

Tzu- အင်းပါ ကတိပေးတယ်။ငါ ပြန်မလာနိုင်ရင်တော့ မင်းက အစား တောင်းပန်ပေးပေါ့

Son-ခွေးပါးစပ် နဲ့ ပြောပြန်ပြီ။

" တောက် "

ခပ်တိုးတိုး ပေါ်ထွက်လာတဲ့ Son Chae နဖူး အတောက်ခံ လိုက်ရတဲ့ အသံ ပြီးတော့ ဘာမှမပြောဘဲ တယောက်မျက်နှာတယောက်ကြည့်ကာ ပြုံးနေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက်.........။

သူတို့ ၂ ယောက် မသိလိုက်တာက ဘယ်တော့မှ Tzuyu ဆီကနေ အဝေးကို ထွက်ပြေးလေ့ မရှိတဲ့ Sana က Tzuyu အနားကနေ မခွာနိုင်တဲ့ Sana က တံခါး အကွယ်ကနေ သူတို့ ပြောသမျှ အကုန်ကြားသွားတယ် ဆိုတာကိုပါပဲ။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

အဟိ ဇာတ်ကတော့ မိုက်နေပြီ ထင်တာပဲ။(ကိုယ့်ဘာသာထင်တာပါ :) )အခုထိ ဖတ်လာပေး အားပေးကြတဲ့ တယောက်ချင်းဆီကို ကျေးဇူးအများကြီး တင်ပါတယ်။အပေါ်တွင်ရေးထားသော ဇာတ်ဝင်ခန်းများသည်Fic သဘောအရသာ ဖြစ်ပြီး မည့်သည့် Idol ကိုမှ ထိခိုက်လိုစိတ် အလျဉ်းမရှိပါ။

Readers တို့ကို အရမ်းချစ်ပါတယ်Readers တို့ကို အရမ်းချစ်တဲ့ Tu Nhai Kha#💚

There are no comments yet. Log in to be the first to leave a review!

Similar stories