Fanfics

46💛

14:35, 17 December 2021

Love and Loyaltyအခ်စ္ နဲ႔ သစၥာ

For ZG😍

Li-Chae ငါေျပာတာ နားေထာင္အံုးေလ။Chae ခနေနအံုးလို႔ဆို။

Chae-ဗိုလ္မွဴး ေက်းဇူးျပဳၿပီး ေနာက္က လိုက္မလာပါနဲ႔ ရွင့္။

Li-မဟုတ္ဘူးေလ Chae ရယ္ ငါက......။

Chae-တိတ္....လိုက္မလာနဲ႔ လံုး၀ကိုေနာ္

တပ္ရင္း တခုလံုးကို ဘယ္ေလာက္ပဲ နိုင္ခဲ့ပါေစ ေဟာက္ခဲ့ ပါေစ။Chae တစ္ခြန္းေလာက္ ေဟာက္လိုက္တာနဲ႔ ေျပာဖို႔တန္းစီထားတဲ့ စကားလံုးေတြ အားလံုးဟာ ဘယ္ေတာ့မွ Lisa ရဲ႕ လည္ေခ်ာင္းကေန ေက်ာ္ထြက္လာေလ့မရွိပါ။ခုေတာ့ ထြက္သြားတဲ့ Chae ရဲ႕ ေက်ာျပင္ေလးကို ၾကည့္ၿပီးသက္ျပင္းခ် ရံုက လြဲၿပီး ဘာမွ မတက္နိုင္ေတာ့ပါ။

ခုလို Chae တေယာက္ Lisa ကို စိတ္ဆုိးေနငရတဲ့ အဓိကအေၾကာင္းအရင္းကေတာ့ Mina တို႔ကို သြားကယ္ၾကမဲ့ အထူးစစ္ဆင္ေရးမွာ သူ႔ကို မေခၚတာေၾကာင့္ ပဲ ျဖစ္ပါေတာ့တယ္။

အႏၲရာယ္မ်ားလြန္းတဲ့ လမ္း မလို႔ မေခၚတာကို Chae က အစည္းအေ၀း ဆံုးျဖတ္ခ်က္ ခ်ၿပီးကတည္းက Lisa ကို လံုး၀စကားေကာင္းေကာင္း မေျပာေတာ့ Lisa ဘယ္လိုလိုက္ေခ်ာ့ေခ်ာ့မရ ဒါေပမယ့္ Lisa ကလည္း ေခၚသြားဖို႔ဆိုတာ လမ္းမျမင္။ျပန္လာမွပဲ အစြမ္းကုန္ေခ်ာ့ေတာ့မယ္ လို႔သာ ေတြးလိုက္မိေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~

Sa-မမ.....

Ruby-ဟင္....Sa Sa ကိစၥရွိလို႔လား လာေလ။

အခန္း၀တြင္ ရပ္ကာ သူ႔မကို သူ႔အပိုင္ နာမ္စားေလးအား ခပ္ေဆြးေဆြးေလး ေခၚေနတဲ့ Sana ကို အခန္းထဲ လာဖို႔Ruby က ေခၚလိုက္ေတာ့သည္။

ေျခလွမ္း ၁၀လွမ္းေလာက္ လွမ္းရင္ေတာင္ ေရာက္ေနတဲ့ Ruby နဲ႔ Sana ရဲ႕ အကြာ အေ၀းမွာ ခနေလး အတြင္း ေရာက္နိုင္ေပမယ့္ ေလးလံေနတဲ့ Sana ရဲ႕ ေျခလွမ္းေတြေၾကာင့္ Ruby ဆီကို ေတာ္ေတာ္နဲ႔ မေရာက္။အၿမဲ တက္ႂကြေနတဲ့ ညီမလုပ္သူ ဒီလို ျဖစ္ေနတာေၾကာင့္ Sanaေလး တခုခု ျဖစ္ေနမိဆိုတာ Ruby ရိပ္မိလိုက္သည္။

Ruby-လာေလ Sa Sa ။ဘာကိစၥရွိလို႔လဲ တခုခုျဖစ္လို႔လား ညီမေလး။

Sa-မမ.......

Ruby-အင္းေျပာ ညီမေလး။ဘာျဖစ္တာလဲ မမ ကို ေျပာ။

Sa-မမ နင္ Lisa ကို ခ်စ္လား။ဘယ္ေလာက္ထိ ခ်စ္လဲ

Ruby-အင္း ခ်စ္တာေပါ့။ဘယ္ေလာက္ထိ ခ်စ္လဲဆိုတာကို မေျပာတတ္ေပမယ့္ သူ႔မရွိရင္ မမ ေသမွာ။သူ မရွိရင္ငါ့ဘ၀က အသက္ဆက္ ရွင္ စရာ အဓိပၸါယ္မရွိေတာ့ဘူး။သူ႔ဘက္ကဆက္ၿပီး ခ်စ္သည္ျဖစ္ေစ မခ်စ္သည္ျဖစ္ေစ မမ က ေတာ့ သူ႔ကို ေနာက္ဆံုး ထြက္သက္ အထိ ခ်စ္ေနမွာ။

Sa-ငါလည္း Tzuyu ကို နင္ Lisa ကို ခ်စ္သလိုမ်ိဳး ခ်စ္တယ္ေလ။

Ruby-အင္း ေသခ်ာတာေပါ့ ငါသိတာေပါ့။ခု ဘာျဖစ္လာတာလဲ မမ ကို ေျပာျပအံုးေလ။Tzuyu ေလး နဲ႔ ရန္ျဖစ္လာတာလား။

Sa-မဟုတ္ဘူး။

မ်က္၀န္းအိမ္ထဲက ဆို႔ေနတဲ့ မ်က္ရည္စေလးေတြ နဲ႔ မ်က္နွာေသျဖစ္ကာ ေလးတိေလးကန္ ခပ္ေဆြးေဆြးေလး ျပန္ေျဖေန တဲ့ ညီမလုပ္သူကို ၾကည့္ၿပီး သက္ျပင္းေလး တစ္ခ်က္ ခ်လိုက္မိေတာ့သည္။

Ruby-မမကို ဘာျဖစ္္တာလဲ ေျပာျပအံုးေလ ငယ္ေလး။

Sa- မမ ဒီကိစၥက ငါ တေယာက္တည္းနဲ႔ ဆိုင္​တာမဟုတ္ဘူး။နင္ေကာ Jiji ေကာ နဲ႔ ပါ ဆိုင္တယ္။

Ruby-ငါနဲ႔ ဆိုင္တယ္......။ၿပီးေတာ့ jiji နဲ႔။Jiji ဆိုမွ သတိရတယ္ အဲ့ Jiji တစ္ေယာက္ ဘယ္သြားတယ္ မသိဘူး ေပ်ာက္ေနတယ္။ထားပါ ခုနက ေျပာတဲ့ မမ နဲ႔ ပါ ဆိုင္တယ္ဆိုတဲ့ ကိစၥက ဘာကိစၥလဲ Sa Sa။

Sa-မမ.....Tzuyu ကေလ.........

~~~~~~~~~~~~~~~~~~~~~~~~~~~

Li-လူစံုၿပီလားေဟ့ လူစံုရင္ ထြက္မယ္။

Yeol-စံုၿပီ ဗိုလ္မွဴး။ဒီမွာ ဗိုလ္မွဴး.....ဗိုလ္မွဴးရဲ႕ ဓားေျမႇာင္။

Li-ေက်းဇူးပါ

Yeol-ဗိုလ္မွဴး ကြၽန္ေတာ္တို႔ ေအာင္ျမင္နိုင္တယ္မလား။

ခါးနားက ဓားေျမႇာင္ထည့္တဲ့ အိတ္ထဲကို ငံု႔ကာ ဓားေျမႇာင္ထည့္ေနတဲ့ Lisa ရဲ႕ လက္မ်ားမွာ ဆာဂ်င္ Yeol ရဲ႕ အေမးေၾကာင့္ခတၱ ရပ္တန္႔သြားေတာ့သည္။ၿပီးေတာ့ကာမွ ေခါင္းေလးကိုခပ္ေျဖးေျဖးေလး ခါကာ ခပ္လြင္လြင္ေလး ေရးလိုက္ၿပီးကာမွ

Li-ေအာင္ျမင္နိုင္လား မေအာင္ျမင္နိုင္လား ကြၽန္မ မသိေပမယ့္ ေသခ်ာတာကေတာ့ ကြၽန္မ Mina Unnie တို႔ေလးေယာက္ စလံုးကို စခန္းကို မရရေအာင္ ျပန္ေခၚလာမွာ။ဆာဂ်င္ လိုက္ရဲတယ္မလား။

Yeol-ဘာ ဗိုလ္မွဴးရာ.....ဗိုလ္မွဴး နဲ႔ သာ တိုက္ပြဲ ၀င္ရမယ္ဆိုက်ဳပ္က ဟိုး.....မဟာအ၀ီစိငရဲအထိေတာင္ လိုက္ရဲပါတယ္ ဗ်ာ။က်ဳပ္လိုေကာင္က မိသားစုလည္း မရွိဘူး အေနွာင္အဖြဲ႕လည္း မရွိဘူး။ေနာက္ဆံတင္းစရာလည္း မရွိဘူး။က်ဳပ္က ေသရဲတယ္။

့Li-ဆာဂ်င္ ေသရဲေတာင္ ကြၽန္မက ေပးမေသဘူး။ကြၽန္မေသမွပဲ ကြၽန္မရဲ႕ တပ္ကလူေတြ ေသလို႔ရမယ္ နမို႔ဆိုရင္ေတာ့တစ္ေယာက္မွ ထိခိုက္ဒဏ္ရာေတာင္ မရေစရဘူး။

Lisa ရဲ႕ စကားေၾကာင့္ ဆာဂ်င္ Yeol အပါအ၀င္ စစ္ဆင္ေရးထြက္မဲ့ စစ္သည္အားလံုးရဲ႕ ရင္ထဲမွာ လံုၿခံဳေႏြးေထြးမႈကိုခံစားလိုက္ရေတာ့သည္။ၿပီးေတာ့ အားလံုး တညီတၫြတ္တည္း ေတြးမိတာက ဗိုလ္မွဴးက ငါတို႔ကို သိပ္ခ်စ္ၿပီး သိပ္တန္ဖိုးထားပါလား ဆိုတဲ့ အေတြးေလးပင္ ျဖစ္ေတာ့သည္။

လူစံု ပစၥည္းစံု တဲ့ အထိ Chae က ေရာက္မလာေသး။Chaeကို ႏႈတ္ဆက္ၿပီးမွ သြားခ်င္ေပမယ့္လည္း အခ်ိန္ေနာက္က်မွာဆိုးတာေၾကာင့္ Lisa လည္း မေစာင့္ေတာ့ဖို႔ ဆံုးျဖတ္လိုက္ေတာ့သည္။

Li-စစ္သည္ အားလံုး အသင့္ျပင္။စထြက္မယ္။စစ္ဆင္ေရးရဲ႕အဓိက ရည္႐ြယ္ခ်က္က လူကယ္ဖို႔ပဲ ျဖစ္တာေၾကာင့္ ပစ္ခတ္မႈ မျဖစ္ေအာင္ အထူးသတိထားပါ။မသက္သာတဲ့ အဆံုးမွ ပစ္ၾကတာေပါ့။က်န္တာက အစီအစဥ္ အတိုင္းပဲ။သူတို႔ ေလးေယာက္ကို ကယ္မရရင္ ငါတို႔ ကိုးေယာက္ရဲ႕ အသက္ကိုအဲ့မွာ ထားခဲ့ၾကမယ္။ျပန္ဆုတ္ဆိုတဲ့ အမိန္႔မရွိဘူး။ဘုရင့္ေနာင္ ေဖာက္ဖ်က္တိုက္မယ္။မရွင္းတာရွိလား။

" မရွိပါဘူး "

Li-ဆာဂ်င္....ဆက္လုပ္

Lisa ရဲ႕ အမိန္႔ေၾကာင့္ ဆာဂ်င္ Yeol လည္း  တပ္စု ရဲ႕ ထိပ္ပိုင္းကို ေျပးသြားကာ......

Yeol-တပ္......ညာလွည့္

ဆာဂ်င္ Yeol ရဲ႕ အမိန္႔အတိုင္း ၃ ေယာက္ တစ္တန္းစီထားတဲ့ စစ္သည္ ၃ တန္းဟာ ညာဘက္ကို လွည့္သြားေတာ့သည္။

Yeol-တပ္.......ညာလွည့္

ဆာဂ်င္ Yeol ရဲ႕ ဒုတိယ တစ္ႀကိမ္ အမိန္႔ေပးသံေၾကာင့္ စစ္သည္ အားလံုးဟာ ညာဖက္ကို လွည့္သြားေတာ့ စစ္သည္အားလံုးဟာ ထြက္ေပါက္ နဲ႔ မ်က္နွာခ်င္းဆိုင္ ျဖစ္သြားေတာ့သည္။

Yeol-စစ္သည္အားလံုး ေရွ႕တန္းထြက္ရန္ အသင့္ျပင္

ေနာက္တစ္ႀကိမ္ အမိန္႔ေပးသံ အဆံုးမွာ ၃ ေယာက္ တစ္တြဲ တန္းကေန ၂ ေယာက္တစ္တြဲ တြဲလိုက္ၾကၿပီး။ေနာက္ဆံုးမွာလြတ္ေနတဲ့ တေယာက္ရဲ႕ ေဘးကို ဆာဂ်င္Yeol က ၀င္လိုက္ေတာ့သည္။

ထိုအခါမွ Lisa လည္း အေနာက္ဘက္က စကားေျပာတဲ့ စင္ေပၚက ဆင္းလာၿပီး ေရွ႕၂တန္း ေနာက္၂တန္း ၾကားထဲ ၀င္လိုက္ကာ.....။

Li-အားလံုး စထြက္မယ္။

" ေနအံုး "

Lisa အပါအ၀င္ စစ္သည္အားလံုးလည္း အသံၾကားရာ ေနာက္ဘက္ကို လွည့္ျကည့္လိုက္ ေတာ့သည္။

Li-Chae......

Chae-Lili နင္က ငါ့ကိုေတာင္ ႏႈတ္မဆက္ဘဲ စစ္ဆင္ေရးသြားမယ္ေပါ့။

Li-ငါ က နင္ စိတ္ဆိုးေနတယ္ ထင္.......

Chae-ငါ ဘယ္ေလာက္ပဲ စိတ္ဆိုးေနေန စစ္ဆင္ေရး သြားမဲ့သူကို မႏႈတ္ဆက္ရေလာက္တဲ့ အထိေတာ့ ငါမရူးေသးဘူးဟဲ့

Lisa ရဲ႕ စကားေတာင္ မဆံုးေသးဘူး Lisa ကို ႏႈတ္ခမ္းေလးေထာ္ကာ ရန္ျပန္ေတြ႕ေနတဲ့ ရွဥ့္ေပါက္ေလးေၾကာင့္ Lisaၿပံဳးလိုက္မိသည္။

Li-ဟုတ္ပါၿပီ ရွဥ့္ေပါက္ေလးရယ္။Chae ဒါဆို ငါ သြားေတာ့မယ္။ေနာက္က်မွာ ဆိုးလို႔။

Chae-အင္း ဂရုစိုက္ေနာ္ Lili။Mina Unnie တို႔ကိုလည္းရေအာင္ ျပန္ကယ္ခဲ့။နင္လည္း ဘာမွမျဖစ္ေစနဲ႔ ငါက စိတ္ဆိုးေျပေသးတာ မဟုတ္ဘူး။နင္ေခ်ာ့ရအံုးမွာ။

Li-အင္းပါ စိတ္ခ် ငါ ျပန္လာၿပီး နင့္ကိုေခ်ာ့မွာ မပူနဲ႔။

Chae-Tzuyu နဲ႔ Son Chae ေရာ

Li-ဟိုမယ္..... ေရွ႕ဆံုးတန္းမွာ။

Chae လည္း Lisa လက္ညႇိဳးထိုးျပတဲ့ ေရွ႕ဆံုး အတန္းက ၂ ေယာက္တြဲ ရပ္ေနတဲ့ Tzuyu နဲ႔ Son Chae ဆီ လာခဲ့လိုက္ေတာ့သည္။

Chae-ဟိတ္ Tzuyu နဲ႔ Son Chae

Tzuyu-ဟာ....ေဆးဗိုလ္ႀကီး။

Tzuyu နဲ႔ Son Chae လည္း Chae ကို ျမင္တာနဲ႔တန္းအေလးျပဳ လိုက္ေတာ့သည္။Chae လည္း ျပန္ အေလးျပဳကာ........

Chae-ဂရုစိုက္ၾကေနာ္ ဘာမွမျဖစ္ေစနဲ႔

Tzu+Chae-ဟုတ္ကဲ့ ေဆးဗိုလ္ႀကီး။

Chae-မင္းတို႔ ဗိုလ္မွဴးကိုလည္း ဂရုစိုက္လိုက္အံုး။သူကသိတဲ့ အတိုင္း တိုက္ပြဲ ထဲေရာက္ရင္ မ်က္လံုးထဲ ဘာမွ ျမင္တာ မဟုတ္ဘူး။လုပ္ခ်င္ရာလုပ္တာ။

Son Chae-စိတ္ခ်ပါ ဗိုလ္ႀကီးရဲ႕။

Tzu-ဗိုလ္မွဴးကို Tzu တို႔က အသတ္နဲ႔ ရင္းၿပီး ကာကြယ္မွာ

Chae-အင္းပါ။မင္းတို႔လည္း အႏၲရာယ္မျဖစ္ေစနဲ႔။

Tzu+Son- ဟုတ္ကဲ့ ဗိုလ္ႀကီး။

Chae-Lili သြားေတာ့ေလ ေနာက္က်ေနမယ္။ဂရုစိုက္။ဆာဂ်င္ Yeol လည္း ဂရုစိုက္ပါရွင့္

Yeol-ဟုတ္ကဲ့ပါဗ်။

Chae- ၉ ေယာက္လံုး ဂရုစိုက္ၾကေနာ္။

" ဟုတ္ကဲ့ပါ !! "

* ကြၽန္မ စိတ္ပူေနတာကို သိတာေၾကာင့္ အားလံုးက တေလးတစား နဲ႔ ျပန္ေျဖရွာတာကို Lili ကပါ ႐ႊတ္ေနာက္ေနာက္ နဲ႔"ဟုတ္ကဲ့ပါ " လို႔ ၀င္ေအာ္တာေၾကာင့္ ကြၽန္မ မွာ လက္သီးေထာင္ျပလိုက္ ရေသးတယ္။ကြၽန္မ က လက္သီးေထာင္ျပေတာ့ အဲ့ ေမ်ာက္မေလး က လက္ဝါးျပန္ျဖန္႔ျပတယ္ေလRuby ေတြ႕ရင္ေတာ့ ေဆြ႕ေဆြ႕ခုန္ေနေတာ့မွာပဲ။Ruby ဆိုလို႔ ခုမွ သတိရတယ္။jiji ကို ဒီတေန႔လံုး မေတြ႕ဘူးရယ္သူ ဘယ္ေရာက္လဲေနလဲ မသိဘူး *

Chae လည္း ေတြးခ်င္တာေတြ ေတြးၿပီး အေတြးကမာၻထဲကျပန္ထြက္လာ ခ်ိန္မွာေတာ့ Lisa တို႔ တပ္စုက သူနဲ႔ ခပ္လွမ္းလွမ္းေတာင္ ေရာက္ေနၿပီျဖစ္သည္။

Chae လည္း မ်က္စိမွိတ္ၿပီး လက္အုပ္ေလးခ်ီကာ.....

* ဘုရားသခင္ တရားေသာစစ္ကို ဆင္ႏႊဲမယ့္ စစ္သည္အားလံုးကို ဘုရားသခင္ ရဲ႕ ေမတၱာဓာတ္ျဖင့္ လံုၿခံဳေအာင္ကာကြယ္ေပးပါ။Lili အပါအ၀င္ ေတာ္လွန္ေရး စစ္သည္အားလံုး ေဘးမသီ ရန္မခ နဲ႔ စစ္ဆင္ေရး ေအာင္ျမင္ပါေစ *

ျပင္းထန္တဲ့ စိတ္ဆႏၵ နဲ႔ စစ္မွန္တဲ့ ေမတၲာ တရားသာ ရွိရင္စၾကာ၀ဠာ ႀကီး တခုလံုးက ကူညီေပးတယ္တဲ့။ေနာက္ဆံုးသူ မကူညီနိုင္ရင္ေတာင္ ကူညီေပးနိုင္တဲ့ သူ တေယာက္ေယာက္ ကို လႊတ္လိုက္တယ္တဲ့ ေတာ္လွန္ေရး စစ္သည္အားလံုး ေဘးအႏၲရာယ္ကင္းမွာပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

ေတာစပ္နားက ေရာက္ေတာ့ မလွမ္းမကမ္း က ႀကိဳ႕ ပင္ႀကီး ရဲ႕ ေနာက္မွာ လူရိပ္ ၂ ခုကို Tzuyu ျဖတ္ခနဲ ျမင္လိုက္တာမလို႔ Son Chae ကို ေျပာၿပီး ေသနတ္ေျပာင္း၀ ကို ထို ႀကိဳ႕ပင္ႀကီးကို လွမ္းခ်ိန္လိုက္ေတာ့သည္။

Tzu-Son Chae အေရွ႕က ႀကိဳ႕ပင္ ေနာက္မွာ လူရိပ္ ၂ ခု။

Son Chae လည္း Tzuyu ရဲ႕ စကားေၾကာင့္ အေရွ႕မွာ ရွိတဲ့ ႀကိဳ႕ပင္ ကို သူရဲ႕ေသနတ္ နဲ႔ လွမ္းခ်ိန္ထားေတာ့သည္။Tzuyu နဲ႔ Son Chae က ႀကိဳ႕ ပင္ ကို ေသနတ္ နဲ႔ ခ်ိန္ေတာ့ က်န္တဲ့ စစ္သည္ေတြကပါ ၀ိုင္းခ်ိန္ၾကေတာ့သည္။

Li-ဘာျဖစ္တာလဲ

Tzu-ဗိုလ္မွဴး အဲ့ ႀကိဳ႕ပင္ ေနာက္မွာ လူရိပ္ ၂ ခု။

Lisa လည္း ေသခ်ာ ၾကည့္လိုက္ေတာ့ တကယ္ကို လူရိပ္ ၂ ခုျဖစ္ေနတာ မလို႔ သူ႔ ခါးၾကားထဲက ပစၥတိုကို ထုတ္ကာ ႀကိဳ႕ပင္ကုို ခ်ိန္ၿပီး အနား ကပ္သြားေတာ့သည္။Tzuyu အပါအ၀င္ က်န္တဲ့ စစ္သည္အားလံုးက ရုတ္တရက္ ထြက္လာၿပီး ဗိုလ္မွဴးကို ရန္ျပဳရင္ ပစ္ရင္ ေသနတ္ကို ေမာင္းတင္ကာ အသင့္ေစာင့္ေနၾကေတာ့သည္။

Lisa လည္း ႀကိဳ႕ ပင္ အနားကို ကပ္သြားကာ ေျခလွမ္း ၂၀ ေလာက္ အကြာ လည္း ေရာက္ေကာ.......

Li-ႀကိဳ႕ ပင္ ေနာက္က ၂ ေယာက္ ထြက္ခဲ့။မင္းတို႔ကို ငါတို႔အႏၲရာယ္မျပဳဘူး။မေျပးပါနဲ႔ ရန္မရွာပါနဲ႔။ေျပးရင္ ရန္ရွာရင္ ငါတို႔က ပစ္ရလိမ့္မယ္။

Lisa ရဲ႕ စကား အဆံုးမွာ တစ္ခ်က္ လႈပ္သြားတဲ့ လူရိပ္ နွစ္ခုက လႈပ္လႈပ္ရွားရွား ၿဖစ္သြားတာ မလို႔ Lisa လည္း လက္ညႇိဳးကို ေမာင္းတံ ကြင္းထဲကို ထည့္လိုက္ကာ ပစ္ရင္ အသင့္အေနအထား ျပင္ထားလိုက္ေတာ့သည္။

လက္ခ်င္းတြဲကာ သစ္ပင္ေနာက္က ထြက္လာတဲ့ လူရိပ္ ၂ ခုေၾကာင့္ Lisa မွာ ေၾကာင္ေၾကာင္ႀကီး ရပ္ၾကည့္ေနမိေတာ့သည္။Tzuyu တို႔ ရွိတဲ့ ေနရာမွာ ႀကိဳ႕ ပင္ ႀကီး နဲ႔ လွမ္းတာ မလို႔ ညဘက္ အေမွာင္ထဲမွာ ထြက္လာတဲ့ သူဟာ မည္သူျဖစ္သည္ကို သဲသဲကြဲကြဲ မျမင္ရေပ။

Yeol-ဗိုလ္မွဴး ရလား ကြၽန္ေတာ္ လာခဲ့ရမလား။

ေသနတ္ႀကီး ကိုင္ကာ ထို လူရိပ္ ၂ ခုကို ခ်ိန္ၿပီး လႈပ္ရွားမႈ မရွိဘဲ ေတြေတြ ႀကီး ရပ္ေနတဲ့ Lisa ကို ဆာဂ်င္ Yeol ကလွမ္းေမး လိုက္ျခင္းပင္ျဖစ္သည္။

Li-ရ....ရတယ္ မလာနဲ႔ ဆာဂ်င္

Yeol-ဟုတ္ကဲ့ ဗိုလ္မွဴး။

Sa-Lisa ငါ နင့္ တပ္သား Tzuyu နဲ႔ သြားေတြ႕လို႔ ရလား။

Li-ဟုတ္ ရပါတယ္ Sana shi....

လူရိပ္ ၂ ခု မွာ တေယာက္က Sana ဆိုရင္ ေနာက္တေယာက္က..........

Li-Ruby.....

Ruby-ဗိုလ္မွဴး Manoban ......ဘာလို႔ မေျပာျပ ခဲ့တာလဲ

Li-လီ ရွင္းျပမယ္ေနာ္ Unnie။လီ ကေလ......

Ruby-ဘာလို႔ မေျပာျပခဲ့တာလဲ Mi တို႔ အဖမ္းခံရတဲ့ ကိစၥကို

Ruby ရဲ႕ စကားေၾကာင့္ Lisa ဆက္ရွင္းျပမဲ့ စကားေတြ အားလံုးဟာ လည္ေခ်ာင္းထဲမွာတင္ ေပ်ာက္ကြယ္သြားေတာ့သည္။

Li-ရွင္!!!

Ruby-ဘာလို႔ ေျပာမျပတာလဲ။Mi က Unnie ေ႐ႊဝါေရာင္ ေျမ မွာ ေနခဲ့တဲ့ တေလ်ွာက္လံုး Mi နဲ႔ Unnie က သူငယ္ခ်င္းအရင္းႀကီးေတြလို ရင္းနွီးခဲ့တာပါ။Unnie မွာ ကိုယ့္ သူငယ္ခ်င္း တေယာက္လံုး အဖမ္းခံရတာေတာင္ မသိရတဲ့ ဘ၀။

Li-ဟိုဟာေလ....လီ ထင္တာက Unnie က လီ့ ကို စိတ္ဆိုးမယ္ ထင္တာ။

Ruby-လီ လူတေယာက္မွာ ကိုယ္ေရးကိုယ္တာ ဆိုတာ ရွိတယ္။အဲ့လူရဲ႕ ကိုယ္ေရးကိုယ္တာဆိုတာ အဲ့လူနဲ႔ပဲ ဆိုင္တယ္ အဲ့လူရဲ႕ ခ်စ္သူရည္းစား မိဘ ေတြေတာင္ သိစရာမလိုဘူး။သူကေျပာျပတယ္ဆိုရင္ တစ္မ်ိဳးေပါ့။မေျပာခ်င္လို႔လ်ိဳ႕၀ွက္ထားမယ္ ဆိုလည္း အဲ့လူမွာ လ်ိဳ႕၀ွက္ပိုင္ခြင့္ အျပည့္အ၀ ရွိတယ္ အဲ့လိုလ်ိဳ႕၀ွက္ထားရပါမလားဆိုၿပီး စိတ္ဆိုးခြင့္ေတာ့ တျခားသူေတြမွာ မရွိဘူး။Unnie ကို လီက ဗိုလ္မွဴး Manoban ပါ ဆိုတာကို ေျပာမျပတာ လီ့ ကိစၥနဲ႔ လီ မလို႔ Unnie စိတ္မဆိုးပါဘူးရွင့္။

Li-ေက်း....ေက်းဇူး အမ်ားႀကီးတင္ပါတယ္ Unnie ရယ္။လီ က Unnie လီ့ကို စိတ္ဆိုးၿပီး အထင္လြဲမယ္ ထင္ထားတာ။

Ruby-Unnie က အဲ့ေလာက္ ခေလးမဆန္ပါဘူးေနာ္။

Li-ဟီး ဟုတ္ပါၿပီ။

Ruby-ဒါေပမယ့္ သမီး တစ္ေယာက္အေနနဲ႔ လီ့ ကို Unnieေတာင္းဆိုခ်င္တာက ေဖေဖ့ကို အသက္အႏၲရာယ္ျဖစ္ေအာင္မလုပ္ပါနဲ႔။

Li-ဟုတ္ကဲ့ လီ ကတိေပးပါတယ္။

Ruby-ခ်စ္သူတေယာက္ အေနနဲ႔ လီ့ ကို Unnie ေတာင္းဆိုခ်င္တာက စခန္းကို အႏၲရာယ္ကင္းစြာနဲ႔ ျပန္လာခဲ့ပါ။ဘယ္ေနရာမွ ထိခိုက္မႈ မရွိဘဲ ျပန္လာခဲ့ပါ။

Li-ဟုတ္ကဲ့ လီ ကတိေပးပါတယ္။

Ruby-သူငယ္ခ်င္းတေယာက္ အေနနဲ႔ လီ့ ကို Unnie ေတာင္းဆိုခ်င္တာ က Mi တို႔ကို ရေအာင္ ျပန္ကယ္ခဲ့ပါ။

Li-ဟုတ္ကဲ့ လီ  ကတိေပးပါတယ္။

Ruby-ေနာက္ဆံုး အေနနဲ႔ Unnie က ကတိတစ္ခု ျပန္ေပးမယ္။Unnie ေဖေဖေၾကာင့္ လီ ဘယ္ေတာ့မွ မထိခိုက္ေစရဘူး။

Li-ဟုတ္ကဲ့ ေက်းဇူးပါ Unnie။ၿပီးေတာ့ အရမ္းခ်စ္တယ္။

Ruby-Unnie က အရင္ခ်စ္ၿပီး ပိုခ်စ္ခဲ့ရတဲ့သူပါေနာ္။

Li-ဟုတ္ပါၿပီရွင့္။

~~~~~~~~~~~~~~~~~~~~~~~~~~

သူတို႔ ဆီကို ဦးတည္လာတဲ့ လူတေယာက္ေၾကာင့္ Son Chae ေကာ Tzuyu ပါ ဒီလူကို ၾကည့္ေနမိသည္။

Son-ဟေကာင္ ေလာရွည္ အဲ့ တေယာက္က ငါတို႔ ဆီ လာေနတာေနာ္

Tzu-ဟုတ္တယ္ဟ ဘယ္သူလဲ မသိဘူး။

အေမွာင္ထဲမွာ အေ၀းက ျမင္ေနရတာမလို႔ မည္သူမည္ဝါ သဲသဲကြဲကြဲ မသိရတာမလို႔ ၂ ေယာက္သား ထိုလူအား ျပဴးၿပဲၿပီး ၾကည့္ေနေတာ့သည္။

Tzu-ဟင္ Sana Unnie !!!!

Son-Sana Unnie !!!

Sana အနားေရာက္လာတဲ့ အထိ Tzuyu နဲ႔ Son Chae တို႔ မွာ အံ့ၾသလို႔ မၿပီးၾကေသး

Sa-မင္းတို႔ အံ့ၾသလို႔ ၿပီးအံုးမွာလား။ၿပီးရင္ Unnie စကားေျပာမယ္

Tzu-ဟုတ္ ဟုတ္ ေျပာပါ။

Sa-ကိုယ့္ကိုယ္ကို ဂရုစိုိက္ပါ Tzuyu ရယ္။Unnie ကို စိတ္ပူရေအာင္ မလုပ္နဲ႔။တာ၀န္ကို ေသခ်ာၿပီးေအာင္ လုပ္ခဲ့။

Tzu-ဟုတ္ကဲ့။

Sa-Son Chae....Son Chae ကို Unnie အကူအညီေတာင္း ပါတယ္။Son Chae ရဲ႕ သူငယ္ခ်င္းကိုေသခ်ာေလး ေစာင့္ေရွာက္ေပးပါေနာ္။သူ မရွိရင္ Unnie ေသမွာရယ္။သူ႔ ခႏၶာကိုယ္မွာ ကပ္သြားတာက သူ႔ အသက္ တစ္သက္တည္းတင္ မဟုတ္ဘူးရယ္ Unnie အသက္ပါ ပါတယ္ နွစ္ သက္ပါသြားတာ။

Tzu-ဟာ.....Unnie ကလည္း။

Sana ရဲ႕ စကားေၾကာင့္ Tzuyu က မ်က္နွာေတြေရာ နွာေခါင္းေတြေရာ နား႐ြက္ေတြပါ ရဲတက္လာတာမလို႔ Son Chae က Tzuyu ရဲ႕ လက္ေမာင္းကို ရိုက္ကာ တခြိခြိ နဲ႔ ရီေနေတာ့သည္။

Son-ဟေကာင္ ေလာရွည္ နင္....နင္ ရွက္သြားတဲ့ ရုပ္ႀကီးကလည္း ရီရလိုက္တာဟာ။ရုပ္ၾကမ္းႀကီး နဲ႔ ႏြဲ႕ေနတယ္ ဟား...ဟား။စိတ္ခ် Unnie သူ႔ကို Chaw ေစာင့္ေရွာက္ပါ့မယ္။

Sa-ေက်းဇူးပါ။

Tzu-ဟေကာင္....က်ားပု မစနဲ႔ကြာ။

Li-ဟဲ့ ဘာေတြ ရီေနၾကတာလဲ။

Lisa နဲ႔ Ruby က ေစာနက စကားေျပာေနတဲ့ ေနရာကေန Tzuyu တို႔ ၃ ေယာက္ဆီ လာေတာ့ Son Chae ရဲ႕ ရီသံကိုၾကားရတာမလို႔ " ဘာေတြ ရီေနၾကတာလဲ" လို႔ ေမးလိုက္ျခင္းျဖစ္သည္။

Ruby-ဟယ္......Tzuyu မ်က္ႏွာႀကီးေရာ နား႐ြက္ေတြေရာ နီရဲ လို႔ပါလား ဘာျဖစ္တာလဲ။

Li-ေအး ဟုတ္သား ရဲေနတာပဲ ဘာျဖစ္တာလဲ။

Ruby-Unnie ကိုေျပာ Sana ရယ္ Tzuyu ေလးကို ဘာလုပ္လိုက္လို႔လဲ။

" ခြီး💢"

ထို အသံမွာ Son Chaeyoung ဆီမွ ထြက္လာေသာ ခြီးသံႀကီးပင္ ျဖစ္ေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~

Li-အားလံုးေနရာယူထားၾက အစီအစဥ္ အတိုင္းသြားမယ္။

Lisa ရဲ႕ အမိန္႔ေၾကာင့္ စစ္သည္အားလံုးဟာ ဂ်ပန္ တပ္စခန္းရဲ႕ ၿခံစည္းရိုးကို ၂ ေယာက္ တစ္တြဲ ေက်ာ္၀င္ကာ အခ်ဳပ္ခန္းဆီ ဦး တည္လိုက္ေတာ့သည္။

အခ်ဳပ္ခန္း ေရာက္ဖို႔ လမ္းျဖတ္ ၂ ခုကို ျဖတ္ရတာမလို႔ လမ္းျဖတ္ နွစ္ခုဆီ မွာေစာင့္ေနတဲ့ ဂ်ပန္စစ္သား ၂ ေယာက္ဆီကို အေနာက္ဘက္ကေန ပါးစပ္ကို လက္နဲ႔အုပ္ကာ ဓား နဲ႔ ထိုးၿပီး အသတ္မထြက္ေအာင္ သတ္ကာ ဂ်ပန္စစ္သား ေတြရဲ႕အက်ီေတြကို ခြၽတ္လဲၿပီး ဂ်ပန္စစ္သားဟန္ေဆာင္ကာ ကင္းေစာင့္ ေနၾကေတာ့သည္။

Mina တို႔ကို ဖမ္းထားတဲ့ အခ်ဳပ္ခန္းရဲ႕တံခါး၀ က အေစာင့္ ၂ ေယာက္ကို Tzuyu နဲ႔ Son Chae က ေနာက္ဘက္ကေန ပါးစပ္ကို လက္နဲ႔ အုပ္ကာ လည္ပင္းကို ဓား နဲ႔ ျဖတ္လွီးလိုက္တာမ်ား ေသြးေတြ ရဲခနဲ ထြက္လာေတာ့သည္။ေသသြားၿပီျဖစ္တဲ့ အေစာင့္၂ေယာက္ရဲ႕ အေလာင္းကို တ႐ြတ္တိုက္ဆြဲကာ တံခါး ၂ ခ်ပ္ ရဲ႕ အကြယ္မွာ ထားလိုက္ေတာ့သည္။

Lisa ရယ္ ဆာဂ်င္ Yeol ရယ္ Tzuyu နဲ႔Son Chae ရယ္အခ်ဳပ္ခန္းထဲမွာ ကို ၀င္သြားေတာ့ Mina တို႔ကို ဖမ္းထားတဲ့သံတိုင္ေတြ ေရွ႕မွာ အိပ္ငိုက္ေနတဲ့ ဂ်ပန္အေစာင့္ တေယာက္ကို လည္ပင္းကေန ကိုင္ၿပီး လည္ပင္းကို လွည့္ခ်ိဳးထည့္လိုက္တာ သေကာင့္သား အသံေတာင္ မထြက္နိုင္ဘဲ ဘ၀ကူးသြားေလရဲ႕။

Lisa လည္း ထိုလူ ရဲ႕ ခါးၾကားမွာ ခ်ိတ္ထားတဲ့ အခ်ဳပ္ခန္း တံခါးေသာ့ကိုယူကာ အခ်ဳပ္ခန္းေရွ႕မွာ ရပ္ေနတဲ့ Son Chae ကို လွမ္းပစ္ေပးလိုက္ေတာ့သည္။

Son Chae လည္း ဖမ္းၿပီး တံခါးကို ဖြင့္ကာ အခ်ဳပ္ခန္းထဲ၀င္လိုက္ေတာ့ အခ်ဳပ္တံခါးဖြင့္တဲ့ အသံေၾကာင့္ Mina လည္းမွိန္းေနရာကေန ဆက္ခနဲ ထၾကည့္တာေၾကာင့္ Son Chaeကို ျမင္ၿပီး အံ့ၾသသြားေတာ့သည္။

Mi-ခ်ာတိတ္ မင္းဘယ္လိုလုပ္ၿပီး ေရာက္လာတာ

Son-Chaw တို႔ မမ Mi တို႔ကို လာကယ္တာ။ဗိုလ္မွဴးလည္းပါတယ္

Mi-ေအာ္။

Son-မမ Mi ရဲ႕ လက္ေတြက ဘယ္လိုလုပ္.....

Mi-ကိုယ့္နည္း ကိုယ့္ဟန္နဲ႔ ေျဖထားတာ

တျခားသူေတြလို လက္ျပန္ႀကိဳး အတုတ္မခံထားရတာေၾကာင့္Son Chae ရဲ႕ အေမးကို Mina က ခပ္ျမန္ျမန္သာ ျပန္ေျဖလိုက္ေတာ့သည္။

က်န္တဲ့ ၃ ေယာက္မွာ နွိပ္စက္ခံထားရတဲ့ ဒဏ္ေၾကာင့္ ယဲ့ယဲ့ပဲ က်န္ေတာ့တာမလို႔ ၿပံဳးျပယံုပဲ တက္နိုင္ေတာ့သည္။

ဒဏ္ရာ အရမ္းမ်ားတဲ့ Suho ကို ဆာဂ်င္ Yeol က ေက်ာမွာထမ္းၿပီး Tzuyu က Jin ကို တြဲကာ Lisa က V ကို တြဲၿပီးSon Chae က Mina ကို တြဲလ်က္ အခ်ဳပ္ခန္းကေန ထြက္လာ ေတာ့သည္

အခ်ဳပ္ခန္းထိပ္မွာ ေစာင့္ေနတဲ့ တပ္သား တေယာက္က Lisa တြဲထားတဲ့ V ကို ေကာက္ခ်ီ ထမ္းလိုက္ၿပီးေတာ့ လာရာ လမ္းအတိုင္း ေရွ႕ဆက္ၾကေတာ့သည္။

လမ္းျဖတ္ ၂ ခု မွာ ေစာင့္ေနတဲ့ တပ္သားေတြထဲက တေယာက္က Tzuyu တြဲလာတဲ့ Jin ကို ပခံုးေပၚထမ္းၿပီးဆက္ေျပးေတာ့ေလရဲ႕။

ထိုစဥ္.........

" ဒိုင္း 💢"" ဒိုင္း 💢"" ဒိုင္း 💢"

သံုးခ်က္ဆင့္ ထြက္ေပၚလာတဲ့ ေသနတ္သံ ၃ ခ်က္ နဲ႔ အၿပိဳင္ပူ႐ွိန္းရွိန္း ျဖစ္သြားတဲ့ Tzuyu ရဲ႕ ခႏၶာကိုယ္ သံုးေနရာ။အတိအက်ေျပာရရင္ ၀မ္းဗိုက္ရယ္ ညာဖက္ေက်ာကေန ညာဖက္ရင္ဘတ္ကို ထုတ္ခ်င္းေဖာက္သြားတဲ့ တစ္ခ်က္ရယ္ၿပီးေတာ့ ဘယ္ဘက္ ေျခေထာက္မွာ တစ္ခ်က္ရယ္။

Li-Tzuyu!!!

Mi+Son-Tzuyu !!!!

Son-မမ Mi လမ္းေလ်ွာက္နိုင္တယ္မလား။

Mi-ရတယ္ Tzuyu ကိုသာ ရေအာင္ ထူစမ္းပါ။

Son Chae လည္း Tzuyu ကို ပခံုးေပၚထမ္းကာ......

Son-Tzuyu ေတာင့္ထား မင္းကို ဘာမွမျဖစ္ေစရဘူးလို႔Sana Unnie ကို ကတိေပးထားတယ္ ေထာင့္ထား ေလာရွည္ေကာင္။

Tzuyu ကို ထမ္းေျပးရင္း မ်က္ရည္ေတြက်ကာ ေျပာေနတဲ့Son Chae ကို ၾကည့္ရတာ တကယ္ကို ရင္ထဲ မေကာင္းလွပါ။

ေနာက္က တရပ္စပ္ လိုက္ပစ္ေနတဲ့ ဂ်ပန္ေတြက Lisa နဲ႔ေနာက္ထပ္ စစ္သည္ တေယာက္က အသည္းအသန္ ျပန္ခံပစ္ေနၾကေတာ့သည္။

Li-ဆာဂ်င္ အားလံုးကို ဦးေဆာင္ေခၚသြားၿပီး စခန္းေရာက္ေအာင္ျပန္ပါ။ၿပီးရင္ ေဆးဗိုလ္ႀကီး နဲ႔ တိုင္ပင္ၿပီး ညတြင္းခ်င္း စခန္းေျပာင္းဖို႔ ျပင္ပါ။ကြၽန္မ ခံပစ္ထားမယ္။

Yeol-မျဖစ္ဘူး ဗိုလ္မွဴး။ဗိုလ္မွဴးကို တေယာက္တည္း မထားခဲ့နိုင္ဘူး

Li-ဒါအမိန္႔ပဲ ဆာဂ်င္

Yeol-မျဖစ္ဘူး ဗိုလ္မွဴး။

Mi-မျဖစ္ပါဘူး ဗိုလ္မွဴး

Li-ဒါ အမိန္႔ပဲ !!!!

ျပတ္သားလွတဲ့ Lisa ရဲ႕ အမိန္႔ဆိုတဲ့ စကားသံေအာက္မွာေနာက္ထပ္ မည္သူမွ စကားအထြန္႔ မတက္နိုင္ေတာ့ဘဲအားလံုးဟမ်က္ရည္ကိုယ္စီ နဲ႔ ဗိုလ္မွဴးကို တေယာက္တည္းထားကာ ဆုတ္ခဲ့ၾကရေတာ့သည္။

အားလံုး ေအာင္ျမင္စြာ ဆုတ္နိုင္တာေၾကာင့္ ခံပစ္ေပးတဲ့ Lisaကေတာ့ Kai နဲ႔ Mino တို႔ တပ္စိတ္ ၀ိုင္းထားတာကို ခံလိုက္ရေတာ့သည္။

စစ္ဆင္ေရး သမားေတြ ျပန္လာမဲ့ အခ်ိန္ကို တပ္ရင္း တခုလံုးက ရင္တထိတ္ထိတ္ နဲ႔ ေစာင့္ေနၾကရာ Chae , Ruby နဲ႔Sana တို႔ ၃ ေယာက္က အဆိုးဆံုး ျဖစ္ေတာ့သည္။

ဆာဂ်င္ Yeol ဦးေဆာင္လာတဲ့ တပ္စိတ္ကာ စစ္ဆင္ေရးထြက္မဲ့ ည မတိုင္ခင္ကတည္းက လမ္းမွာ ခ်ည္းထားတဲ့ ျမင္းေတြကို ၂ ေယာက္ တစ္ေကာင္စီ စီးကာ စခန္းကို ဒုန္းဆိုင္း ျပန္ခဲ့ၾကေတာ့သည္။

တပ္ရင္းမွာ ေစာင့္ေနတဲ့ သူအားလံုးဟာ တစ္ေယာက္မွ အသက္ပင္ျပင္းျပင္း မရွဴရဲဘဲ ျမင္းခြာသံကိုသာ နားစြင့္ေနမိၾကသည္။မၾကာမီ ဒုန္းဆိုင္းၾကားရတဲ့ ျမင္းခြာသံေၾကာင့္ အားလံုး ေပ်ာ္႐ႊင္ၾကေပမယ့္ အေျခအေနက ဘယ္လိုျဖစ္တယ္ဆိုတာ မသိေသးတာေၾကာင့္ အားလံုး ရဲရဲ မေပ်ာ္ရဲၾကေပ။

တျဖည္းျဖည္း နည္းကပ္လာတဲ့ ျမင္းေတြ နဲ႔ အတူ ပထမဆံုးစခန္းထဲ ၀င္လာတာက ဆာဂ်င္ Suho ကို အေရွ႕မွာထားကဆာဂ်င္ Yeol စီးလာတဲ့ ျမင္း။ၿပီးေတာ့ V ကို တင္လာတဲ့ စစ္သည္တေယာက္ရဲ႕ ျမင္း။ေနာက္ ျမင္း တစ္ေကာင္မွာ Jin ကို Mina က တင္ကာ ၀င္လာတဲ့ ျမင္း။ခု အခ်ိန္ထိ Tzuyu နဲ႔Lisa မပါေသးတာမလို႔ Minatozaki ညီအမ ၃ ေယာက္မွာရင္ထဲ ကမာၻပ်က္ေနၾကေတာ့သည္။

ေနာက္ဆံုး အေနနဲ႔ ၀င္လာတဲ့ ျမင္းက ဒဏ္ရာရေနတဲ့ Tzuyu ကို Son Chae တင္ၿပီး စီးလာတဲ့ ျမင္းပင္ျဖစ္ေတာ့သည္။

ေသြးအလိမ္းလိမ္း နဲ႔ ျဖစ္ေနတဲ့ ခ်စ္သူကို ျမင္ရတာေၾကာင့္Sana မွာ အရူးမီး၀ိုင္းသလို ျဖစ္ေနေလေတာ့သည္။Tzuyu ကို ျမင္းေပၚက ခ်ခ် ခ်င္း Chaeက စမ္းသပ္ၾကည့္ရာ အသက္ေငြ႕ေငြ႕ေလး က်န္ေသးတာေၾကာင့္ အေရးေပၚအသက္ကယ္နည္းမ်ားကို အလ်င္အျမန္ျပဳလုပ္ၿပီး ဆက္လက္ကုသဖို႔ Mina နဲ႔ Momo လက္ထဲကို လႊဲေပးလိုက္ေတာ့သည္။Sana ကေတာ့ Tzuyu ကိုေခၚသြားတဲ့ ေနာက္ တေကာက္ေကာက္ လိုက္သြား ေတာ့သည္။ က်န္တဲ့ ဒဏ္ရာရထားတဲ့ စစ္သည္ မ်ား နဲ႔ အနွိပ္စက္ခံထားရတဲ့ စစ္သည္ေတြကို တျခား ေဆးတပ္က လူေတြက ကုသေပးေနေလေတာ့သည္။

Chae-ဆာဂ်င္....ဗိုလ္မွဴး ဘယ္မွာလဲ။

Yeol-ဗ်ာ အဲ့တာက.....

Chae- ဆာဂ်င္ ဗိုလ္မွဴး ဘယ္မွာလဲ

ခပ္ျပတ္ျပတ္ထြက္လာတဲ့ အသံေၾကာင့္ Chae ေဒါသထြက္ေနၿပီ ဆိုတာ သိသာလွသည္

ထိုစဥ္ Chanyeol ေရွ႕ကို ဒူးေထာက္ခ်ကာ လက္အုပ္ေလးခ်ီလာတဲ့ Ruby ေၾကာင့္ Chanyeol ကို ခ်က္ခ်င္းပဲ ဒူးေထာက္ ထိုင္ခ်လိုက္ကာ မလုပ္ဖို႔တားေတာ့သည္။

Yeol-မမေလး ဘာလုပ္တာလဲ ထပါဗ်ာ မလုပ္ေကာင္းပါဘူး။မမေလး ထပါ။

Ruby-အကိုရယ္ ေက်းဇူးျပဳၿပီး ေျပာျပပါ လီ ဘာျဖစ္တာလဲလီ ဘယ္မွာ က်န္ခဲ့တာလဲ ဆိုတာ ေျပာျပပါ အကိုရယ္။လီ ဘာမွ မျဖစ္ဘူးမလား

ငိုကာေျပာေနတဲ့ Ruby ေၾကာင့္ Chanyeol ပင္ မ်က္ရည္ေတြ ၀ဲလာေသာ္လည္း ဗိုလ္မွဴးက က်န္ခဲ့တယ္ ဆိုတာကို ဘယ္ကေန ဘယ္လို စ ေျပာရမလဲ Chanyeolစဥ္းစားမရပါ။

Chae-ဆာဂ်င္ Park Chanyeol ငါ ေဆးဗိုလ္ႀကီး အေနနဲ႔အမိန္႔ေပးတယ္ ဗိုလ္မွဴးManoban ဘာျဖစ္ခဲ့တယ္ ဆိုတာေျပာစမ္း ❗️❗️

Yeol-ရန္သူ႔ စခန္းမွာ အားလံုးဆုတ္လို႔ရေအာင္ ခံပစ္ရင္းနဲ႔က်န္ခဲ့ပါတယ္ ဗိုလ္ႀကီး။

Chae ရဲ႕ မာန္ပါပါ အမိန္႔ေပးၿပီး ေမးခဲ့တာေၾကာင့္ Chanyeol လည္း ပါးစပ္ခန လႊတ္ခနဲ ထြက္သြားေတာ့သည္။

ဆာဂ်င္ Yeol ရဲ႕ အေျဖကိုၾကားရတာတဲ့ ဒူးေထာက္ထား တဲ့Ruby ဟာ ပံု႔ခနဲေလး ေျမျပင္ေပၚကို ေျခပစ္လက္ပစ္ အရုပ္ႀကိဳးပ်က္ ဖင္ထိုင္လ်က္ ေလး ျပဳတ္က်သြားၿပီး မ်က္လံုးထဲက က်ဆင္းေနတဲ့ မ်က္ရည္ေတြ အားလံုးရပ္တန္႔သြားသလိုChae ကလည္း ဆာဂ်င္ yeol ေဘးနားက ဆာဂ်င္ yeol စစ္ေဆးေရး သြားတုန္းက သံုးတဲ့ ေသနတ္ကို ေကာက္ဆြဲကာေဘးမွာ ရွိတဲ့ ေတြ႕တဲ့ ျမင္းေပၚေကာက္တက္ၿပီး Lisa ကို ကယ္ဖို႔ ျပင္ေတာ့သည္

ထိုအခ်ိန္မွ ဆာဂ်င္yeol လည္း အသိျပန္၀င္ကာ Chae တက္ေနတဲ့ ျမင္းေရွ႕ကေန ပိတ္ရပ္လိုက္ေတာ့သည္။

Chae-ဆာဂ်င္ ဘာလုပ္တာလဲ ဖယ္။မဖယ္ရင္ ကြၽန္မ ပစ္မွာေနာ္

yeol-ကြၽန္ေတာ့္ကို ဗိုလ္မွဴးက ဗိုလ္ၿကီး နဲ႔ အတူလုပ္ဖို႔ တာ၀န္ေတြ ေပးလိုက္ပါတယ္။အဲ့တာေတြ လုပ္ဖို႔ ဗိုလ္ႀကီးကိုကြၽန္ေတာ္ တားရပါလိမ့္မယ္ တကယ္လို႔ သြားခ်င္္တယ္ ဆိုရင္ကြၽန္ေတာ့္ကို ပစ္သတ္ၿပီးမွ သြားပါ။

Chae-ဆာဂ်င္ ရယ္ ဖယ္ပါရွင္။ကြၽန္မ Lili ကို တေယာက္တည္း မထားခဲ့နိုင္ဘူး။

မ်က္ရည္ေတြ က်လာကာ ေျပာေနတဲ့ Chae ကို ၾကည့္ရတာ Chanyeol စိတထမေကာင္းေပမယ့္ လမ္းေတာ့ဖြင့္မေပး နိုင္ပါ။ဗိုလ္မွဴးကို ဆံုးရွံုးရတာနဲ႔တင္ တပ္ရင္း အတြက္ လြန္လွၿပီ။ေနာက္ တေယာက္ ထပ္ အဆံုးရႈံူး မခံနိုင္ပါ

ထိုစဥ္ ၾကားလိုက္ရတဲ့ ျမင္းခြာသံေၾကာင့္ အားလံုးရဲ႕ အာရံုဟာထို ျမင္းခြာသံရွိရာကို စုၿပံဳေရာက္ရွိသြားေတာ့သည္။ခနေလးအတြင္းမွာ ျမင္လိုက္ရတာေၾကာင့္ အားလံုးရဲ႕ ႏႈတ္ခမ္းတြင္နာမည္ နွစ္ခု ထြက္ေပၚလာေတာ့သည္။

Chae-Lili .......Jiji။

Ruby-လီ ....... jiji။

Yeol-ဗိုလ္မွဴး........မမေလး Jiji။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

နည္းနည္းေလး ေနာက္က်သြားတာ စိတ္မရွိပါနဲ႔feedback ေလးေတြ ထားခဲ့ၾကပ့အံုး💚

Readers တို႔ကို အရမ္းခ်စ္ပါတယ္Readers ေတြကို အရမ္းခ်စ္တဲ့Tu Nhai Kha#💚

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

Love and Loyaltyအချစ် နဲ့ သစ္စာ

For Uni😘

Li-Chae ငါပြောတာ နားထောင်အုံးလေ။Chae ခနနေအုံးလို့ဆို။

Chae-ဗိုလ်မှူး ကျေးဇူးပြုပြီး နောက်က လိုက်မလာပါနဲ့ ရှင့်။

Li-မဟုတ်ဘူးလေ Chae ရယ် ငါက......။

Chae-တိတ်....လိုက်မလာနဲ့ လုံးဝကိုနော်

တပ်ရင်း တခုလုံးကို ဘယ်လောက်ပဲ နိုင်ခဲ့ပါစေ ဟောက်ခဲ့ ပါစေ။Chae တစ်ခွန်းလောက် ဟောက်လိုက်တာနဲ့ ပြောဖို့တန်းစီထားတဲ့ စကားလုံးတွေ အားလုံးဟာ ဘယ်တော့မှ Lisa ရဲ့ လည်ချောင်းကနေ ကျော်ထွက်လာလေ့မရှိပါ။ခုတော့ ထွက်သွားတဲ့ Chae ရဲ့ ကျောပြင်လေးကို ကြည့်ပြီးသက်ပြင်းချ ရုံက လွဲပြီး ဘာမှ မတက်နိုင်တော့ပါ။

ခုလို Chae တယောက် Lisa ကို စိတ်ဆိုးနေငရတဲ့ အဓိကအကြောင်းအရင်းကတော့ Mina တို့ကို သွားကယ်ကြမဲ့ အထူးစစ်ဆင်ရေးမှာ သူ့ကို မခေါ်တာကြောင့် ပဲ ဖြစ်ပါတော့တယ်။

အန္တရာယ်များလွန်းတဲ့ လမ်း မလို့ မခေါ်တာကို Chae က အစည်းအဝေး ဆုံးဖြတ်ချက် ချပြီးကတည်းက Lisa ကို လုံးဝစကားကောင်းကောင်း မပြောတော့ Lisa ဘယ်လိုလိုက်ချော့ချော့မရ ဒါပေမယ့် Lisa ကလည်း ခေါ်သွားဖို့ဆိုတာ လမ်းမမြင်။ပြန်လာမှပဲ အစွမ်းကုန်ချော့တော့မယ် လို့သာ တွေးလိုက်မိတော့သည်။

~~~~~~~~~~~~~~~~~~~~~~

Sa-မမ.....

Ruby-ဟင်....Sa Sa ကိစ္စရှိလို့လား လာလေ။

အခန်းဝတွင် ရပ်ကာ သူ့မကို သူ့အပိုင် နာမ်စားလေးအား ခပ်ဆွေးဆွေးလေး ခေါ်နေတဲ့ Sana ကို အခန်းထဲ လာဖို့Ruby က ခေါ်လိုက်တော့သည်။

ခြေလှမ်း ၁၀လှမ်းလောက် လှမ်းရင်တောင် ရောက်နေတဲ့ Ruby နဲ့ Sana ရဲ့ အကွာ အဝေးမှာ ခနလေး အတွင်း ရောက်နိုင်ပေမယ့် လေးလံနေတဲ့ Sana ရဲ့ ခြေလှမ်းတွေကြောင့် Ruby ဆီကို တော်တော်နဲ့ မရောက်။အမြဲ တက်ကြွနေတဲ့ ညီမလုပ်သူ ဒီလို ဖြစ်နေတာကြောင့် Sanaလေး တခုခု ဖြစ်နေမိဆိုတာ Ruby ရိပ်မိလိုက်သည်။

Ruby-လာလေ Sa Sa ။ဘာကိစ္စရှိလို့လဲ တခုခုဖြစ်လို့လား ညီမလေး။

Sa-မမ.......

Ruby-အင်းပြော ညီမလေး။ဘာဖြစ်တာလဲ မမ ကို ပြော။

Sa-မမ နင် Lisa ကို ချစ်လား။ဘယ်လောက်ထိ ချစ်လဲ

Ruby-အင်း ချစ်တာပေါ့။ဘယ်လောက်ထိ ချစ်လဲဆိုတာကို မပြောတတ်ပေမယ့် သူ့မရှိရင် မမ သေမှာ။သူ မရှိရင်ငါ့ဘ၀က အသက်ဆက် ရှင် စရာ အဓိပ္ပါယ်မရှိတော့ဘူး။သူ့ဘက်ကဆက်ပြီး ချစ်သည်ဖြစ်စေ မချစ်သည်ဖြစ်စေ မမ က တော့ သူ့ကို နောက်ဆုံး ထွက်သက် အထိ ချစ်နေမှာ။

Sa-ငါလည်း Tzuyu ကို နင် Lisa ကို ချစ်သလိုမျိုး ချစ်တယ်လေ။

Ruby-အင်း သေချာတာပေါ့ ငါသိတာပေါ့။ခု ဘာဖြစ်လာတာလဲ မမ ကို ပြောပြအုံးလေ။Tzuyu လေး နဲ့ ရန်ဖြစ်လာတာလား။

Sa-မဟုတ်ဘူး။

မျက်ဝန်းအိမ်ထဲက ဆို့နေတဲ့ မျက်ရည်စလေးတွေ နဲ့ မျက်နှာသေဖြစ်ကာ လေးတိလေးကန် ခပ်ဆွေးဆွေးလေး ပြန်ဖြေနေ တဲ့ ညီမလုပ်သူကို ကြည့်ပြီး သက်ပြင်းလေး တစ်ချက် ချလိုက်မိတော့သည်။

Ruby-မမကို ဘာဖြစ်တာလဲ ပြောပြအုံးလေ ငယ်လေး။

Sa- မမ ဒီကိစ္စက ငါ တယောက်တည်းနဲ့ ဆိုင်​တာမဟုတ်ဘူး။နင်ကော Jiji ကော နဲ့ ပါ ဆိုင်တယ်။

Ruby-ငါနဲ့ ဆိုင်တယ်......။ပြီးတော့ jiji နဲ့။Jiji ဆိုမှ သတိရတယ် အဲ့ Jiji တစ်ယောက် ဘယ်သွားတယ် မသိဘူး ပျောက်နေတယ်။ထားပါ ခုနက ပြောတဲ့ မမ နဲ့ ပါ ဆိုင်တယ်ဆိုတဲ့ ကိစ္စက ဘာကိစ္စလဲ Sa Sa။

Sa-မမ.....Tzuyu ကလေ.........

~~~~~~~~~~~~~~~~~~~~~~~~~~~

Li-လူစုံပြီလားဟေ့ လူစုံရင် ထွက်မယ်။

Yeol-စုံပြီ ဗိုလ်မှူး။ဒီမှာ ဗိုလ်မှူး.....ဗိုလ်မှူးရဲ့ ဓားမြှောင်။

Li-ကျေးဇူးပါ

Yeol-ဗိုလ်မှူး ကျွန်တော်တို့ အောင်မြင်နိုင်တယ်မလား။

ခါးနားက ဓားမြှောင်ထည့်တဲ့ အိတ်ထဲကို ငုံ့ကာ ဓားမြှောင်ထည့်နေတဲ့ Lisa ရဲ့ လက်များမှာ ဆာဂျင် Yeol ရဲ့ အမေးကြောင့်ခတ္တ ရပ်တန့်သွားတော့သည်။ပြီးတော့ကာမှ ခေါင်းလေးကိုခပ်ဖြေးဖြေးလေး ခါကာ ခပ်လွင်လွင်လေး ရေးလိုက်ပြီးကာမှ

Li-အောင်မြင်နိုင်လား မအောင်မြင်နိုင်လား ကျွန်မ မသိပေမယ့် သေချာတာကတော့ ကျွန်မ Mina Unnie တို့လေးယောက် စလုံးကို စခန်းကို မရရအောင် ပြန်ခေါ်လာမှာ။ဆာဂျင် လိုက်ရဲတယ်မလား။

Yeol-ဘာ ဗိုလ်မှူးရာ.....ဗိုလ်မှူး နဲ့ သာ တိုက်ပွဲ ၀င်ရမယ်ဆိုကျုပ်က ဟိုး.....မဟာအ၀ီစိငရဲအထိတောင် လိုက်ရဲပါတယ် ဗျာ။ကျုပ်လိုကောင်က မိသားစုလည်း မရှိဘူး အနှောင်အဖွဲ့လည်း မရှိဘူး။နောက်ဆံတင်းစရာလည်း မရှိဘူး။ကျုပ်က သေရဲတယ်။

့Li-ဆာဂျင် သေရဲတောင် ကျွန်မက ပေးမသေဘူး။ကျွန်မသေမှပဲ ကျွန်မရဲ့ တပ်ကလူတွေ သေလို့ရမယ် နမို့ဆိုရင်တော့တစ်ယောက်မှ ထိခိုက်ဒဏ်ရာတောင် မရစေရဘူး။

Lisa ရဲ့ စကားကြောင့် ဆာဂျင် Yeol အပါအ၀င် စစ်ဆင်ရေးထွက်မဲ့ စစ်သည်အားလုံးရဲ့ ရင်ထဲမှာ လုံခြုံနွေးထွေးမှုကိုခံစားလိုက်ရတော့သည်။ပြီးတော့ အားလုံး တညီတညွတ်တည်း တွေးမိတာက ဗိုလ်မှူးက ငါတို့ကို သိပ်ချစ်ပြီး သိပ်တန်ဖိုးထားပါလား ဆိုတဲ့ အတွေးလေးပင် ဖြစ်တော့သည်။

လူစုံ ပစ္စည်းစုံ တဲ့ အထိ Chae က ရောက်မလာသေး။Chaeကို နှုတ်ဆက်ပြီးမှ သွားချင်ပေမယ့်လည်း အချိန်နောက်ကျမှာဆိုးတာကြောင့် Lisa လည်း မစောင့်တော့ဖို့ ဆုံးဖြတ်လိုက်တော့သည်။

Li-စစ်သည် အားလုံး အသင့်ပြင်။စထွက်မယ်။စစ်ဆင်ရေးရဲ့အဓိက ရည်ရွယ်ချက်က လူကယ်ဖို့ပဲ ဖြစ်တာကြောင့် ပစ်ခတ်မှု မဖြစ်အောင် အထူးသတိထားပါ။မသက်သာတဲ့ အဆုံးမှ ပစ်ကြတာပေါ့။ကျန်တာက အစီအစဉ် အတိုင်းပဲ။သူတို့ လေးယောက်ကို ကယ်မရရင် ငါတို့ ကိုးယောက်ရဲ့ အသက်ကိုအဲ့မှာ ထားခဲ့ကြမယ်။ပြန်ဆုတ်ဆိုတဲ့ အမိန့်မရှိဘူး။ဘုရင့်နောင် ဖောက်ဖျက်တိုက်မယ်။မရှင်းတာရှိလား။

" မရှိပါဘူး "

Li-ဆာဂျင်....ဆက်လုပ်

Lisa ရဲ့ အမိန့်ကြောင့် ဆာဂျင် Yeol လည်း  တပ်စု ရဲ့ ထိပ်ပိုင်းကို ပြေးသွားကာ......

Yeol-တပ်......ညာလှည့်

ဆာဂျင် Yeol ရဲ့ အမိန့်အတိုင်း ၃ ယောက် တစ်တန်းစီထားတဲ့ စစ်သည် ၃ တန်းဟာ ညာဘက်ကို လှည့်သွားတော့သည်။

Yeol-တပ်.......ညာလှည့်

ဆာဂျင် Yeol ရဲ့ ဒုတိယ တစ်ကြိမ် အမိန့်ပေးသံကြောင့် စစ်သည် အားလုံးဟာ ညာဖက်ကို လှည့်သွားတော့ စစ်သည်အားလုံးဟာ ထွက်ပေါက် နဲ့ မျက်နှာချင်းဆိုင် ဖြစ်သွားတော့သည်။

Yeol-စစ်သည်အားလုံး ရှေ့တန်းထွက်ရန် အသင့်ပြင်

နောက်တစ်ကြိမ် အမိန့်ပေးသံ အဆုံးမှာ ၃ ယောက် တစ်တွဲ တန်းကနေ ၂ ယောက်တစ်တွဲ တွဲလိုက်ကြပြီး။နောက်ဆုံးမှာလွတ်နေတဲ့ တယောက်ရဲ့ ဘေးကို ဆာဂျင်Yeol က ၀င်လိုက်တော့သည်။

ထိုအခါမှ Lisa လည်း အနောက်ဘက်က စကားပြောတဲ့ စင်ပေါ်က ဆင်းလာပြီး ရှေ့၂တန်း နောက်၂တန်း ကြားထဲ ၀င်လိုက်ကာ.....။

Li-အားလုံး စထွက်မယ်။

" နေအုံး "

Lisa အပါအ၀င် စစ်သည်အားလုံးလည်း အသံကြားရာ နောက်ဘက်ကို လှည့်ကြည့်လိုက် တော့သည်။

Li-Chae......

Chae-Lili နင်က ငါ့ကိုတောင် နှုတ်မဆက်ဘဲ စစ်ဆင်ရေးသွားမယ်ပေါ့။

Li-ငါ က နင် စိတ်ဆိုးနေတယ် ထင်.......

Chae-ငါ ဘယ်လောက်ပဲ စိတ်ဆိုးနေနေ စစ်ဆင်ရေး သွားမဲ့သူကို မနှုတ်ဆက်ရလောက်တဲ့ အထိတော့ ငါမရူးသေးဘူးဟဲ့

Lisa ရဲ့ စကားတောင် မဆုံးသေးဘူး Lisa ကို နှုတ်ခမ်းလေးထော်ကာ ရန်ပြန်တွေ့နေတဲ့ ရှဉ့်ပေါက်လေးကြောင့် Lisaပြုံးလိုက်မိသည်။

Li-ဟုတ်ပါပြီ ရှဉ့်ပေါက်လေးရယ်။Chae ဒါဆို ငါ သွားတော့မယ်။နောက်ကျမှာ ဆိုးလို့။

Chae-အင်း ဂရုစိုက်နော် Lili။Mina Unnie တို့ကိုလည်းရအောင် ပြန်ကယ်ခဲ့။နင်လည်း ဘာမှမဖြစ်စေနဲ့ ငါက စိတ်ဆိုးပြေသေးတာ မဟုတ်ဘူး။နင်ချော့ရအုံးမှာ။

Li-အင်းပါ စိတ်ချ ငါ ပြန်လာပြီး နင့်ကိုချော့မှာ မပူနဲ့။

Chae-Tzuyu နဲ့ Son Chae ရော

Li-ဟိုမယ်..... ရှေ့ဆုံးတန်းမှာ။

Chae လည်း Lisa လက်ညှိုးထိုးပြတဲ့ ရှေ့ဆုံး အတန်းက ၂ ယောက်တွဲ ရပ်နေတဲ့ Tzuyu နဲ့ Son Chae ဆီ လာခဲ့လိုက်တော့သည်။

Chae-ဟိတ် Tzuyu နဲ့ Son Chae

Tzuyu-ဟာ....ဆေးဗိုလ်ကြီး။

Tzuyu နဲ့ Son Chae လည်း Chae ကို မြင်တာနဲ့တန်းအလေးပြု လိုက်တော့သည်။Chae လည်း ပြန် အလေးပြုကာ........

Chae-ဂရုစိုက်ကြနော် ဘာမှမဖြစ်စေနဲ့

Tzu+Chae-ဟုတ်ကဲ့ ဆေးဗိုလ်ကြီး။

Chae-မင်းတို့ ဗိုလ်မှူးကိုလည်း ဂရုစိုက်လိုက်အုံး။သူကသိတဲ့ အတိုင်း တိုက်ပွဲ ထဲရောက်ရင် မျက်လုံးထဲ ဘာမှ မြင်တာ မဟုတ်ဘူး။လုပ်ချင်ရာလုပ်တာ။

Son Chae-စိတ်ချပါ ဗိုလ်ကြီးရဲ့။

Tzu-ဗိုလ်မှူးကို Tzu တို့က အသတ်နဲ့ ရင်းပြီး ကာကွယ်မှာ

Chae-အင်းပါ။မင်းတို့လည်း အန္တရာယ်မဖြစ်စေနဲ့။

Tzu+Son- ဟုတ်ကဲ့ ဗိုလ်ကြီး။

Chae-Lili သွားတော့လေ နောက်ကျနေမယ်။ဂရုစိုက်။ဆာဂျင် Yeol လည်း ဂရုစိုက်ပါရှင့်

Yeol-ဟုတ်ကဲ့ပါဗျ။

Chae- ၉ ယောက်လုံး ဂရုစိုက်ကြနော်။

" ဟုတ်ကဲ့ပါ !! "

* ကျွန်မ စိတ်ပူနေတာကို သိတာကြောင့် အားလုံးက တလေးတစား နဲ့ ပြန်ဖြေရှာတာကို Lili ကပါ ရွှတ်နောက်နောက် နဲ့"ဟုတ်ကဲ့ပါ " လို့ ၀င်အော်တာကြောင့် ကျွန်မ မှာ လက်သီးထောင်ပြလိုက် ရသေးတယ်။ကျွန်မ က လက်သီးထောင်ပြတော့ အဲ့ မျောက်မလေး က လက်ဝါးပြန်ဖြန့်ပြတယ်လေRuby တွေ့ရင်တော့ ဆွေ့ဆွေ့ခုန်နေတော့မှာပဲ။Ruby ဆိုလို့ ခုမှ သတိရတယ်။jiji ကို ဒီတနေ့လုံး မတွေ့ဘူးရယ်သူ ဘယ်ရောက်လဲနေလဲ မသိဘူး *

Chae လည်း တွေးချင်တာတွေ တွေးပြီး အတွေးကမ္ဘာထဲကပြန်ထွက်လာ ချိန်မှာတော့ Lisa တို့ တပ်စုက သူနဲ့ ခပ်လှမ်းလှမ်းတောင် ရောက်နေပြီဖြစ်သည်။

Chae လည်း မျက်စိမှိတ်ပြီး လက်အုပ်လေးချီကာ.....

* ဘုရားသခင် တရားသောစစ်ကို ဆင်နွှဲမယ့် စစ်သည်အားလုံးကို ဘုရားသခင် ရဲ့ မေတ္တာဓာတ်ဖြင့် လုံခြုံအောင်ကာကွယ်ပေးပါ။Lili အပါအ၀င် တော်လှန်ရေး စစ်သည်အားလုံး ဘေးမသီ ရန်မခ နဲ့ စစ်ဆင်ရေး အောင်မြင်ပါစေ *

ပြင်းထန်တဲ့ စိတ်ဆန္ဒ နဲ့ စစ်မှန်တဲ့ မေတ္တာ တရားသာ ရှိရင်စကြာဝဠာ ကြီး တခုလုံးက ကူညီပေးတယ်တဲ့။နောက်ဆုံးသူ မကူညီနိုင်ရင်တောင် ကူညီပေးနိုင်တဲ့ သူ တယောက်ယောက် ကို လွှတ်လိုက်တယ်တဲ့ တော်လှန်ရေး စစ်သည်အားလုံး ဘေးအန္တရာယ်ကင်းမှာပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~

တောစပ်နားက ရောက်တော့ မလှမ်းမကမ်း က ကြို့ ပင်ကြီး ရဲ့ နောက်မှာ လူရိပ် ၂ ခုကို Tzuyu ဖြတ်ခနဲ မြင်လိုက်တာမလို့ Son Chae ကို ပြောပြီး သေနတ်ပြောင်းဝ ကို ထို ကြို့ပင်ကြီးကို လှမ်းချိန်လိုက်တော့သည်။

Tzu-Son Chae အရှေ့က ကြို့ပင် နောက်မှာ လူရိပ် ၂ ခု။

Son Chae လည်း Tzuyu ရဲ့ စကားကြောင့် အရှေ့မှာ ရှိတဲ့ ကြို့ပင် ကို သူရဲ့သေနတ် နဲ့ လှမ်းချိန်ထားတော့သည်။Tzuyu နဲ့ Son Chae က ကြို့ ပင် ကို သေနတ် နဲ့ ချိန်တော့ ကျန်တဲ့ စစ်သည်တွေကပါ ၀ိုင်းချိန်ကြတော့သည်။

Li-ဘာဖြစ်တာလဲ

Tzu-ဗိုလ်မှူး အဲ့ ကြို့ပင် နောက်မှာ လူရိပ် ၂ ခု။

Lisa လည်း သေချာ ကြည့်လိုက်တော့ တကယ်ကို လူရိပ် ၂ ခုဖြစ်နေတာ မလို့ သူ့ ခါးကြားထဲက ပစ္စတိုကို ထုတ်ကာ ကြို့ပင်ကို ချိန်ပြီး အနား ကပ်သွားတော့သည်။Tzuyu အပါအ၀င် ကျန်တဲ့ စစ်သည်အားလုံးက ရုတ်တရက် ထွက်လာပြီး ဗိုလ်မှူးကို ရန်ပြုရင် ပစ်ရင် သေနတ်ကို မောင်းတင်ကာ အသင့်စောင့်နေကြတော့သည်။

Lisa လည်း ကြို့ ပင် အနားကို ကပ်သွားကာ ခြေလှမ်း ၂၀ လောက် အကွာ လည်း ရောက်ကော.......

Li-ကြို့ ပင် နောက်က ၂ ယောက် ထွက်ခဲ့။မင်းတို့ကို ငါတို့အန္တရာယ်မပြုဘူး။မပြေးပါနဲ့ ရန်မရှာပါနဲ့။ပြေးရင် ရန်ရှာရင် ငါတို့က ပစ်ရလိမ့်မယ်။

Lisa ရဲ့ စကား အဆုံးမှာ တစ်ချက် လှုပ်သွားတဲ့ လူရိပ် နှစ်ခုက လှုပ်လှုပ်ရှားရှား ဖြစ်သွားတာ မလို့ Lisa လည်း လက်ညှိုးကို မောင်းတံ ကွင်းထဲကို ထည့်လိုက်ကာ ပစ်ရင် အသင့်အနေအထား ပြင်ထားလိုက်တော့သည်။

လက်ချင်းတွဲကာ သစ်ပင်နောက်က ထွက်လာတဲ့ လူရိပ် ၂ ခုကြောင့် Lisa မှာ ကြောင်ကြောင်ကြီး ရပ်ကြည့်နေမိတော့သည်။Tzuyu တို့ ရှိတဲ့ နေရာမှာ ကြို့ ပင် ကြီး နဲ့ လှမ်းတာ မလို့ ညဘက် အမှောင်ထဲမှာ ထွက်လာတဲ့ သူဟာ မည်သူဖြစ်သည်ကို သဲသဲကွဲကွဲ မမြင်ရပေ။

Yeol-ဗိုလ်မှူး ရလား ကျွန်တော် လာခဲ့ရမလား။

သေနတ်ကြီး ကိုင်ကာ ထို လူရိပ် ၂ ခုကို ချိန်ပြီး လှုပ်ရှားမှု မရှိဘဲ တွေတွေ ကြီး ရပ်နေတဲ့ Lisa ကို ဆာဂျင် Yeol ကလှမ်းမေး လိုက်ခြင်းပင်ဖြစ်သည်။

Li-ရ....ရတယ် မလာနဲ့ ဆာဂျင်

Yeol-ဟုတ်ကဲ့ ဗိုလ်မှူး။

Sa-Lisa ငါ နင့် တပ်သား Tzuyu နဲ့ သွားတွေ့လို့ ရလား။

Li-ဟုတ် ရပါတယ် Sana shi....

လူရိပ် ၂ ခု မှာ တယောက်က Sana ဆိုရင် နောက်တယောက်က..........

Li-Ruby.....

Ruby-ဗိုလ်မှူး Manoban ......ဘာလို့ မပြောပြ ခဲ့တာလဲ

Li-လီ ရှင်းပြမယ်နော် Unnie။လီ ကလေ......

Ruby-ဘာလို့ မပြောပြခဲ့တာလဲ Mi တို့ အဖမ်းခံရတဲ့ ကိစ္စကို

Ruby ရဲ့ စကားကြောင့် Lisa ဆက်ရှင်းပြမဲ့ စကားတွေ အားလုံးဟာ လည်ချောင်းထဲမှာတင် ပျောက်ကွယ်သွားတော့သည်။

Li-ရှင်!!!

Ruby-ဘာလို့ ပြောမပြတာလဲ။Mi က Unnie ရွှေဝါရောင် မြေ မှာ နေခဲ့တဲ့ တလျှောက်လုံး Mi နဲ့ Unnie က သူငယ်ချင်းအရင်းကြီးတွေလို ရင်းနှီးခဲ့တာပါ။Unnie မှာ ကိုယ့် သူငယ်ချင်း တယောက်လုံး အဖမ်းခံရတာတောင် မသိရတဲ့ ဘ၀။

Li-ဟိုဟာလေ....လီ ထင်တာက Unnie က လီ့ ကို စိတ်ဆိုးမယ် ထင်တာ။

Ruby-လီ လူတယောက်မှာ ကိုယ်ရေးကိုယ်တာ ဆိုတာ ရှိတယ်။အဲ့လူရဲ့ ကိုယ်ရေးကိုယ်တာဆိုတာ အဲ့လူနဲ့ပဲ ဆိုင်တယ် အဲ့လူရဲ့ ချစ်သူရည်းစား မိဘ တွေတောင် သိစရာမလိုဘူး။သူကပြောပြတယ်ဆိုရင် တစ်မျိုးပေါ့။မပြောချင်လို့လျို့ဝှက်ထားမယ် ဆိုလည်း အဲ့လူမှာ လျို့ဝှက်ပိုင်ခွင့် အပြည့်အ၀ ရှိတယ် အဲ့လိုလျို့ဝှက်ထားရပါမလားဆိုပြီး စိတ်ဆိုးခွင့်တော့ တခြားသူတွေမှာ မရှိဘူး။Unnie ကို လီက ဗိုလ်မှူး Manoban ပါ ဆိုတာကို ပြောမပြတာ လီ့ ကိစ္စနဲ့ လီ မလို့ Unnie စိတ်မဆိုးပါဘူးရှင့်။

Li-ကျေး....ကျေးဇူး အများကြီးတင်ပါတယ် Unnie ရယ်။လီ က Unnie လီ့ကို စိတ်ဆိုးပြီး အထင်လွဲမယ် ထင်ထားတာ။

Ruby-Unnie က အဲ့လောက် ခလေးမဆန်ပါဘူးနော်။

Li-ဟီး ဟုတ်ပါပြီ။

Ruby-ဒါပေမယ့် သမီး တစ်ယောက်အနေနဲ့ လီ့ ကို Unnieတောင်းဆိုချင်တာက ဖေဖေ့ကို အသက်အန္တရာယ်ဖြစ်အောင်မလုပ်ပါနဲ့။

Li-ဟုတ်ကဲ့ လီ ကတိပေးပါတယ်။

Ruby-ချစ်သူတယောက် အနေနဲ့ လီ့ ကို Unnie တောင်းဆိုချင်တာက စခန်းကို အန္တရာယ်ကင်းစွာနဲ့ ပြန်လာခဲ့ပါ။ဘယ်နေရာမှ ထိခိုက်မှု မရှိဘဲ ပြန်လာခဲ့ပါ။

Li-ဟုတ်ကဲ့ လီ ကတိပေးပါတယ်။

Ruby-သူငယ်ချင်းတယောက် အနေနဲ့ လီ့ ကို Unnie တောင်းဆိုချင်တာ က Mi တို့ကို ရအောင် ပြန်ကယ်ခဲ့ပါ။

Li-ဟုတ်ကဲ့ လီ  ကတိပေးပါတယ်။

Ruby-နောက်ဆုံး အနေနဲ့ Unnie က ကတိတစ်ခု ပြန်ပေးမယ်။Unnie ဖေဖေကြောင့် လီ ဘယ်တော့မှ မထိခိုက်စေရဘူး။

Li-ဟုတ်ကဲ့ ကျေးဇူးပါ Unnie။ပြီးတော့ အရမ်းချစ်တယ်။

Ruby-Unnie က အရင်ချစ်ပြီး ပိုချစ်ခဲ့ရတဲ့သူပါနော်။

Li-ဟုတ်ပါပြီရှင့်။

~~~~~~~~~~~~~~~~~~~~~~~~~~

သူတို့ ဆီကို ဦးတည်လာတဲ့ လူတယောက်ကြောင့် Son Chae ကော Tzuyu ပါ ဒီလူကို ကြည့်နေမိသည်။

Son-ဟကောင် လောရှည် အဲ့ တယောက်က ငါတို့ ဆီ လာနေတာနော်

Tzu-ဟုတ်တယ်ဟ ဘယ်သူလဲ မသိဘူး။

အမှောင်ထဲမှာ အဝေးက မြင်နေရတာမလို့ မည်သူမည်ဝါ သဲသဲကွဲကွဲ မသိရတာမလို့ ၂ ယောက်သား ထိုလူအား ပြူးပြဲပြီး ကြည့်နေတော့သည်။

Tzu-ဟင် Sana Unnie !!!!

Son-Sana Unnie !!!

Sana အနားရောက်လာတဲ့ အထိ Tzuyu နဲ့ Son Chae တို့ မှာ အံ့သြလို့ မပြီးကြသေး

Sa-မင်းတို့ အံ့သြလို့ ပြီးအုံးမှာလား။ပြီးရင် Unnie စကားပြောမယ်

Tzu-ဟုတ် ဟုတ် ပြောပါ။

Sa-ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ Tzuyu ရယ်။Unnie ကို စိတ်ပူရအောင် မလုပ်နဲ့။တာဝန်ကို သေချာပြီးအောင် လုပ်ခဲ့။

Tzu-ဟုတ်ကဲ့။

Sa-Son Chae....Son Chae ကို Unnie အကူအညီတောင်း ပါတယ်။Son Chae ရဲ့ သူငယ်ချင်းကိုသေချာလေး စောင့်ရှောက်ပေးပါနော်။သူ မရှိရင် Unnie သေမှာရယ်။သူ့ ခန္ဓာကိုယ်မှာ ကပ်သွားတာက သူ့ အသက် တစ်သက်တည်းတင် မဟုတ်ဘူးရယ် Unnie အသက်ပါ ပါတယ် နှစ် သက်ပါသွားတာ။

Tzu-ဟာ.....Unnie ကလည်း။

Sana ရဲ့ စကားကြောင့် Tzuyu က မျက်နှာတွေရော နှာခေါင်းတွေရော နားရွက်တွေပါ ရဲတက်လာတာမလို့ Son Chae က Tzuyu ရဲ့ လက်မောင်းကို ရိုက်ကာ တခွိခွိ နဲ့ ရီနေတော့သည်။

Son-ဟကောင် လောရှည် နင်....နင် ရှက်သွားတဲ့ ရုပ်ကြီးကလည်း ရီရလိုက်တာဟာ။ရုပ်ကြမ်းကြီး နဲ့ နွဲ့နေတယ် ဟား...ဟား။စိတ်ချ Unnie သူ့ကို Chaw စောင့်ရှောက်ပါ့မယ်။

Sa-ကျေးဇူးပါ။

Tzu-ဟကောင်....ကျားပု မစနဲ့ကွာ။

Li-ဟဲ့ ဘာတွေ ရီနေကြတာလဲ။

Lisa နဲ့ Ruby က စောနက စကားပြောနေတဲ့ နေရာကနေ Tzuyu တို့ ၃ ယောက်ဆီ လာတော့ Son Chae ရဲ့ ရီသံကိုကြားရတာမလို့ " ဘာတွေ ရီနေကြတာလဲ" လို့ မေးလိုက်ခြင်းဖြစ်သည်။

Ruby-ဟယ်......Tzuyu မျက်နှာကြီးရော နားရွက်တွေရော နီရဲ လို့ပါလား ဘာဖြစ်တာလဲ။

Li-အေး ဟုတ်သား ရဲနေတာပဲ ဘာဖြစ်တာလဲ။

Ruby-Unnie ကိုပြော Sana ရယ် Tzuyu လေးကို ဘာလုပ်လိုက်လို့လဲ။

" ခွီး💢"

ထို အသံမှာ Son Chaeyoung ဆီမှ ထွက်လာသော ခွီးသံကြီးပင် ဖြစ်တော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

Li-အားလုံးနေရာယူထားကြ အစီအစဉ် အတိုင်းသွားမယ်။

Lisa ရဲ့ အမိန့်ကြောင့် စစ်သည်အားလုံးဟာ ဂျပန် တပ်စခန်းရဲ့ ခြံစည်းရိုးကို ၂ ယောက် တစ်တွဲ ကျော်ဝင်ကာ အချုပ်ခန်းဆီ ဦး တည်လိုက်တော့သည်။

အချုပ်ခန်း ရောက်ဖို့ လမ်းဖြတ် ၂ ခုကို ဖြတ်ရတာမလို့ လမ်းဖြတ် နှစ်ခုဆီ မှာစောင့်နေတဲ့ ဂျပန်စစ်သား ၂ ယောက်ဆီကို အနောက်ဘက်ကနေ ပါးစပ်ကို လက်နဲ့အုပ်ကာ ဓား နဲ့ ထိုးပြီး အသတ်မထွက်အောင် သတ်ကာ ဂျပန်စစ်သား တွေရဲ့အကျီတွေကို ချွတ်လဲပြီး ဂျပန်စစ်သားဟန်ဆောင်ကာ ကင်းစောင့် နေကြတော့သည်။

Mina တို့ကို ဖမ်းထားတဲ့ အချုပ်ခန်းရဲ့တံခါးဝ က အစောင့် ၂ ယောက်ကို Tzuyu နဲ့ Son Chae က နောက်ဘက်ကနေ ပါးစပ်ကို လက်နဲ့ အုပ်ကာ လည်ပင်းကို ဓား နဲ့ ဖြတ်လှီးလိုက်တာများ သွေးတွေ ရဲခနဲ ထွက်လာတော့သည်။သေသွားပြီဖြစ်တဲ့ အစောင့်၂ယောက်ရဲ့ အလောင်းကို တရွတ်တိုက်ဆွဲကာ တံခါး ၂ ချပ် ရဲ့ အကွယ်မှာ ထားလိုက်တော့သည်။

Lisa ရယ် ဆာဂျင် Yeol ရယ် Tzuyu နဲ့Son Chae ရယ်အချုပ်ခန်းထဲမှာ ကို ၀င်သွားတော့ Mina တို့ကို ဖမ်းထားတဲ့သံတိုင်တွေ ရှေ့မှာ အိပ်ငိုက်နေတဲ့ ဂျပန်အစောင့် တယောက်ကို လည်ပင်းကနေ ကိုင်ပြီး လည်ပင်းကို လှည့်ချိုးထည့်လိုက်တာ သကောင့်သား အသံတောင် မထွက်နိုင်ဘဲ ဘ၀ကူးသွားလေရဲ့။

Lisa လည်း ထိုလူ ရဲ့ ခါးကြားမှာ ချိတ်ထားတဲ့ အချုပ်ခန်း တံခါးသော့ကိုယူကာ အချုပ်ခန်းရှေ့မှာ ရပ်နေတဲ့ Son Chae ကို လှမ်းပစ်ပေးလိုက်တော့သည်။

Son Chae လည်း ဖမ်းပြီး တံခါးကို ဖွင့်ကာ အချုပ်ခန်းထဲ၀င်လိုက်တော့ အချုပ်တံခါးဖွင့်တဲ့ အသံကြောင့် Mina လည်းမှိန်းနေရာကနေ ဆက်ခနဲ ထကြည့်တာကြောင့် Son Chaeကို မြင်ပြီး အံ့သြသွားတော့သည်။

Mi-ချာတိတ် မင်းဘယ်လိုလုပ်ပြီး ရောက်လာတာ

Son-Chaw တို့ မမ Mi တို့ကို လာကယ်တာ။ဗိုလ်မှူးလည်းပါတယ်

Mi-အော်။

Son-မမ Mi ရဲ့ လက်တွေက ဘယ်လိုလုပ်.....

Mi-ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဖြေထားတာ

တခြားသူတွေလို လက်ပြန်ကြိုး အတုတ်မခံထားရတာကြောင့်Son Chae ရဲ့ အမေးကို Mina က ခပ်မြန်မြန်သာ ပြန်ဖြေလိုက်တော့သည်။

ကျန်တဲ့ ၃ ယောက်မှာ နှိပ်စက်ခံထားရတဲ့ ဒဏ်ကြောင့် ယဲ့ယဲ့ပဲ ကျန်တော့တာမလို့ ပြုံးပြယုံပဲ တက်နိုင်တော့သည်။

ဒဏ်ရာ အရမ်းများတဲ့ Suho ကို ဆာဂျင် Yeol က ကျောမှာထမ်းပြီး Tzuyu က Jin ကို တွဲကာ Lisa က V ကို တွဲပြီးSon Chae က Mina ကို တွဲလျက် အချုပ်ခန်းကနေ ထွက်လာ တော့သည်

အချုပ်ခန်းထိပ်မှာ စောင့်နေတဲ့ တပ်သား တယောက်က Lisa တွဲထားတဲ့ V ကို ကောက်ချီ ထမ်းလိုက်ပြီးတော့ လာရာ လမ်းအတိုင်း ရှေ့ဆက်ကြတော့သည်။

လမ်းဖြတ် ၂ ခု မှာ စောင့်နေတဲ့ တပ်သားတွေထဲက တယောက်က Tzuyu တွဲလာတဲ့ Jin ကို ပခုံးပေါ်ထမ်းပြီးဆက်ပြေးတော့လေရဲ့။

ထိုစဉ်.........

" ဒိုင်း 💢"" ဒိုင်း 💢"" ဒိုင်း 💢"

သုံးချက်ဆင့် ထွက်ပေါ်လာတဲ့ သေနတ်သံ ၃ ချက် နဲ့ အပြိုင်ပူရှိန်းရှိန်း ဖြစ်သွားတဲ့ Tzuyu ရဲ့ ခန္ဓာကိုယ် သုံးနေရာ။အတိအကျပြောရရင် ၀မ်းဗိုက်ရယ် ညာဖက်ကျောကနေ ညာဖက်ရင်ဘတ်ကို ထုတ်ချင်းဖောက်သွားတဲ့ တစ်ချက်ရယ်ပြီးတော့ ဘယ်ဘက် ခြေထောက်မှာ တစ်ချက်ရယ်။

Li-Tzuyu!!!

Mi+Son-Tzuyu !!!!

Son-မမ Mi လမ်းလျှောက်နိုင်တယ်မလား။

Mi-ရတယ် Tzuyu ကိုသာ ရအောင် ထူစမ်းပါ။

Son Chae လည်း Tzuyu ကို ပခုံးပေါ်ထမ်းကာ......

Son-Tzuyu တောင့်ထား မင်းကို ဘာမှမဖြစ်စေရဘူးလို့Sana Unnie ကို ကတိပေးထားတယ် ထောင့်ထား လောရှည်ကောင်။

Tzuyu ကို ထမ်းပြေးရင်း မျက်ရည်တွေကျကာ ပြောနေတဲ့Son Chae ကို ကြည့်ရတာ တကယ်ကို ရင်ထဲ မကောင်းလှပါ။

နောက်က တရပ်စပ် လိုက်ပစ်နေတဲ့ ဂျပန်တွေက Lisa နဲ့နောက်ထပ် စစ်သည် တယောက်က အသည်းအသန် ပြန်ခံပစ်နေကြတော့သည်။

Li-ဆာဂျင် အားလုံးကို ဦးဆောင်ခေါ်သွားပြီး စခန်းရောက်အောင်ပြန်ပါ။ပြီးရင် ဆေးဗိုလ်ကြီး နဲ့ တိုင်ပင်ပြီး ညတွင်းချင်း စခန်းပြောင်းဖို့ ပြင်ပါ။ကျွန်မ ခံပစ်ထားမယ်။

Yeol-မဖြစ်ဘူး ဗိုလ်မှူး။ဗိုလ်မှူးကို တယောက်တည်း မထားခဲ့နိုင်ဘူး

Li-ဒါအမိန့်ပဲ ဆာဂျင်

Yeol-မဖြစ်ဘူး ဗိုလ်မှူး။

Mi-မဖြစ်ပါဘူး ဗိုလ်မှူး

Li-ဒါ အမိန့်ပဲ !!!!

ပြတ်သားလှတဲ့ Lisa ရဲ့ အမိန့်ဆိုတဲ့ စကားသံအောက်မှာနောက်ထပ် မည်သူမှ စကားအထွန့် မတက်နိုင်တော့ဘဲအားလုံးဟမျက်ရည်ကိုယ်စီ နဲ့ ဗိုလ်မှူးကို တယောက်တည်းထားကာ ဆုတ်ခဲ့ကြရတော့သည်။

အားလုံး အောင်မြင်စွာ ဆုတ်နိုင်တာကြောင့် ခံပစ်ပေးတဲ့ Lisaကတော့ Kai နဲ့ Mino တို့ တပ်စိတ် ၀ိုင်းထားတာကို ခံလိုက်ရတော့သည်။

စစ်ဆင်ရေး သမားတွေ ပြန်လာမဲ့ အချိန်ကို တပ်ရင်း တခုလုံးက ရင်တထိတ်ထိတ် နဲ့ စောင့်နေကြရာ Chae , Ruby နဲ့Sana တို့ ၃ ယောက်က အဆိုးဆုံး ဖြစ်တော့သည်။

ဆာဂျင် Yeol ဦးဆောင်လာတဲ့ တပ်စိတ်ကာ စစ်ဆင်ရေးထွက်မဲ့ ည မတိုင်ခင်ကတည်းက လမ်းမှာ ချည်းထားတဲ့ မြင်းတွေကို ၂ ယောက် တစ်ကောင်စီ စီးကာ စခန်းကို ဒုန်းဆိုင်း ပြန်ခဲ့ကြတော့သည်။

တပ်ရင်းမှာ စောင့်နေတဲ့ သူအားလုံးဟာ တစ်ယောက်မှ အသက်ပင်ပြင်းပြင်း မရှူရဲဘဲ မြင်းခွာသံကိုသာ နားစွင့်နေမိကြသည်။မကြာမီ ဒုန်းဆိုင်းကြားရတဲ့ မြင်းခွာသံကြောင့် အားလုံး ပျော်ရွှင်ကြပေမယ့် အခြေအနေက ဘယ်လိုဖြစ်တယ်ဆိုတာ မသိသေးတာကြောင့် အားလုံး ရဲရဲ မပျော်ရဲကြပေ။

တဖြည်းဖြည်း နည်းကပ်လာတဲ့ မြင်းတွေ နဲ့ အတူ ပထမဆုံးစခန်းထဲ ၀င်လာတာက ဆာဂျင် Suho ကို အရှေ့မှာထားကဆာဂျင် Yeol စီးလာတဲ့ မြင်း။ပြီးတော့ V ကို တင်လာတဲ့ စစ်သည်တယောက်ရဲ့ မြင်း။နောက် မြင်း တစ်ကောင်မှာ Jin ကို Mina က တင်ကာ ၀င်လာတဲ့ မြင်း။ခု အချိန်ထိ Tzuyu နဲ့Lisa မပါသေးတာမလို့ Minatozaki ညီအမ ၃ ယောက်မှာရင်ထဲ ကမ္ဘာပျက်နေကြတော့သည်။

နောက်ဆုံး အနေနဲ့ ၀င်လာတဲ့ မြင်းက ဒဏ်ရာရနေတဲ့ Tzuyu ကို Son Chae တင်ပြီး စီးလာတဲ့ မြင်းပင်ဖြစ်တော့သည်။

သွေးအလိမ်းလိမ်း နဲ့ ဖြစ်နေတဲ့ ချစ်သူကို မြင်ရတာကြောင့်Sana မှာ အရူးမီးဝိုင်းသလို ဖြစ်နေလေတော့သည်။Tzuyu ကို မြင်းပေါ်က ချချ ချင်း Chaeက စမ်းသပ်ကြည့်ရာ အသက်ငွေ့ငွေ့လေး ကျန်သေးတာကြောင့် အရေးပေါ်အသက်ကယ်နည်းများကို အလျင်အမြန်ပြုလုပ်ပြီး ဆက်လက်ကုသဖို့ Mina နဲ့ Momo လက်ထဲကို လွှဲပေးလိုက်တော့သည်။Sana ကတော့ Tzuyu ကိုခေါ်သွားတဲ့ နောက် တကောက်ကောက် လိုက်သွား တော့သည်။ ကျန်တဲ့ ဒဏ်ရာရထားတဲ့ စစ်သည် များ နဲ့ အနှိပ်စက်ခံထားရတဲ့ စစ်သည်တွေကို တခြား ဆေးတပ်က လူတွေက ကုသပေးနေလေတော့သည်။

Chae-ဆာဂျင်....ဗိုလ်မှူး ဘယ်မှာလဲ။

Yeol-ဗျာ အဲ့တာက.....

Chae- ဆာဂျင် ဗိုလ်မှူး ဘယ်မှာလဲ

ခပ်ပြတ်ပြတ်ထွက်လာတဲ့ အသံကြောင့် Chae ဒေါသထွက်နေပြီ ဆိုတာ သိသာလှသည်

ထိုစဉ် Chanyeol ရှေ့ကို ဒူးထောက်ချကာ လက်အုပ်လေးချီလာတဲ့ Ruby ကြောင့် Chanyeol ကို ချက်ချင်းပဲ ဒူးထောက် ထိုင်ချလိုက်ကာ မလုပ်ဖို့တားတော့သည်။

Yeol-မမလေး ဘာလုပ်တာလဲ ထပါဗျာ မလုပ်ကောင်းပါဘူး။မမလေး ထပါ။

Ruby-အကိုရယ် ကျေးဇူးပြုပြီး ပြောပြပါ လီ ဘာဖြစ်တာလဲလီ ဘယ်မှာ ကျန်ခဲ့တာလဲ ဆိုတာ ပြောပြပါ အကိုရယ်။လီ ဘာမှ မဖြစ်ဘူးမလား

ငိုကာပြောနေတဲ့ Ruby ကြောင့် Chanyeol ပင် မျက်ရည်တွေ ၀ဲလာသော်လည်း ဗိုလ်မှူးက ကျန်ခဲ့တယ် ဆိုတာကို ဘယ်ကနေ ဘယ်လို စ ပြောရမလဲ Chanyeolစဉ်းစားမရပါ။

Chae-ဆာဂျင် Park Chanyeol ငါ ဆေးဗိုလ်ကြီး အနေနဲ့အမိန့်ပေးတယ် ဗိုလ်မှူးManoban ဘာဖြစ်ခဲ့တယ် ဆိုတာပြောစမ်း ❗️❗️

Yeol-ရန်သူ့ စခန်းမှာ အားလုံးဆုတ်လို့ရအောင် ခံပစ်ရင်းနဲ့ကျန်ခဲ့ပါတယ် ဗိုလ်ကြီး။

Chae ရဲ့ မာန်ပါပါ အမိန့်ပေးပြီး မေးခဲ့တာကြောင့် Chanyeol လည်း ပါးစပ်ခန လွှတ်ခနဲ ထွက်သွားတော့သည်။

ဆာဂျင် Yeol ရဲ့ အဖြေကိုကြားရတာတဲ့ ဒူးထောက်ထား တဲ့Ruby ဟာ ပုံ့ခနဲလေး မြေပြင်ပေါ်ကို ခြေပစ်လက်ပစ် အရုပ်ကြိုးပျက် ဖင်ထိုင်လျက် လေး ပြုတ်ကျသွားပြီး မျက်လုံးထဲက ကျဆင်းနေတဲ့ မျက်ရည်တွေ အားလုံးရပ်တန့်သွားသလိုChae ကလည်း ဆာဂျင် yeol ဘေးနားက ဆာဂျင် yeol စစ်ဆေးရေး သွားတုန်းက သုံးတဲ့ သေနတ်ကို ကောက်ဆွဲကာဘေးမှာ ရှိတဲ့ တွေ့တဲ့ မြင်းပေါ်ကောက်တက်ပြီး Lisa ကို ကယ်ဖို့ ပြင်တော့သည်

ထိုအချိန်မှ ဆာဂျင်yeol လည်း အသိပြန်ဝင်ကာ Chae တက်နေတဲ့ မြင်းရှေ့ကနေ ပိတ်ရပ်လိုက်တော့သည်။

Chae-ဆာဂျင် ဘာလုပ်တာလဲ ဖယ်။မဖယ်ရင် ကျွန်မ ပစ်မှာနော်

yeol-ကျွန်တော့်ကို ဗိုလ်မှူးက ဗိုလ်ကြီး နဲ့ အတူလုပ်ဖို့ တာဝန်တွေ ပေးလိုက်ပါတယ်။အဲ့တာတွေ လုပ်ဖို့ ဗိုလ်ကြီးကိုကျွန်တော် တားရပါလိမ့်မယ် တကယ်လို့ သွားချင်တယ် ဆိုရင်ကျွန်တော့်ကို ပစ်သတ်ပြီးမှ သွားပါ။

Chae-ဆာဂျင် ရယ် ဖယ်ပါရှင်။ကျွန်မ Lili ကို တယောက်တည်း မထားခဲ့နိုင်ဘူး။

မျက်ရည်တွေ ကျလာကာ ပြောနေတဲ့ Chae ကို ကြည့်ရတာ Chanyeol စိတထမကောင်းပေမယ့် လမ်းတော့ဖွင့်မပေး နိုင်ပါ။ဗိုလ်မှူးကို ဆုံးရှုံးရတာနဲ့တင် တပ်ရင်း အတွက် လွန်လှပြီ။နောက် တယောက် ထပ် အဆုံးရှုံး မခံနိုင်ပါ

ထိုစဉ် ကြားလိုက်ရတဲ့ မြင်းခွာသံကြောင့် အားလုံးရဲ့ အာရုံဟာထို မြင်းခွာသံရှိရာကို စုပြုံရောက်ရှိသွားတော့သည်။ခနလေးအတွင်းမှာ မြင်လိုက်ရတာကြောင့် အားလုံးရဲ့ နှုတ်ခမ်းတွင်နာမည် နှစ်ခု ထွက်ပေါ်လာတော့သည်။

Chae-Lili .......Jiji။

Ruby-လီ ....... jiji။

Yeol-ဗိုလ်မှူး........မမလေး Jiji။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

နည်းနည်းလေး နောက်ကျသွားတာ စိတ်မရှိပါနဲ့feedback လေးတွေ ထားခဲ့ကြပ့အုံး💚

Readers တို့ကို အရမ်းချစ်ပါတယ်Readers တွေကို အရမ်းချစ်တဲ့Tu Nhai Kha#💚

_ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _ _

There are no comments yet. Log in to be the first to leave a review!

Similar stories