Fanfics
40💛
19:00, 9 November 2021
For ZG😍
Chae-Jiji ဘယ်လိုထင်လဲ
Ji-အင်း
Flash back
Chae-ဟုတ် ဟုတ်။
* ဟင်.....ဒါက*
Chae-ဟုတ် ဟုတ် အန်တီ။
Driver-ဟုတ်ကဲ့ အန်တီ။
Chae-ဟုတ်ကဲ့ အန်တီ။
Mrs,Ruby-ဒီိနားမှာ ထိုင်ပြီး ပြောကြတာပေါ့
Chae-ဟုတ်ကဲ့
Chae-ရှင်❗️❗️
''အော် ဟုတ်ကဲ့😔´´
Chae-. . . . . . . . . .
Flash End*
''ခွမ်း💢´´
''ဒေါက်🚪....ဒေါက်🚪´´
Kai-ဘယ်သူလဲကွ
Kai-ဘာကိစ္စ လဲကွာ။
Louis-ဟုတ်ကဲ့ အကိုလေး။
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
. . . . . . . . . . . . . . . . . . . . . . . . . . . . . . .  . . . .
Love and Loyalty အချစ် နဲ့ သစ္စာ
For Uni😘
Ji-ဘာလို့ Lisa ကို Ruby ဆီရောက်အောင် အတင်းကြိုးစားခဲ့တာလဲ။
Chae-Lili ကို ပျော်စေချင်လို့ပါ။
Ji-တခြား အကြောင်းပြချက်ကော ရှိသေးလား။
Chae-Jiji ဘယ်လိုထင်လဲ
Ji-Ruby နဲ့ Sana ကသာ Minatozaki မဟုတ်ဘဲ Chae ကပါ Minatozaki ဖြစ်နေလို့လေ။အဲ့ ကိစ္စ ကြောင့်ကော မပါဘူးလား။
jiji မေးလိုက်တဲ့ စကားတစ်ခွန်းကြောင့် Chae တစ်ခြား ဘက်ကို ကြည့်နေရာကနေ Jiji ဘက်ကို အံ့သြစွာ လှည့်ကြည့် လိုက်မိတော့သည်။
Chae-Jiji....jiji ဘယ်လိုသိတာလဲ။မဟုတ်မှ....
ji-အန်တီ့ကို အထင် မလွဲပါနဲ့ အန်တီပြောတာ မဟုတ်ဘူး။ Chae နဲ့ အန်တီ Ruby ပန်းခြံ ထဲမှာ ပြောနေတာ တွေကြားခဲ့တာ။Chae ကို တွေ့ချင်လို့ Chae တို့ သွားတဲာ့ ဆိုင်ကို လိုက်လာရင်း လမ်းက ပန်းခြံ တခုမှာ အန်တီ့ကား ကိုတွေ့လို့ ကားရပ်ပြီး လိုက်လာတာ အဲ့တာကြောင့် အကုန်သိသွားတာ။
Chae-အော် ဒါကြောင့်လား။
Ji-အင်း
Chae-Jiji က သိပြီး ကြားပြီနေပြီ ဆိုမှတော့ မငြင်းတော့ပါဘူး။ဟုတ်တယ် အဲ့ကိစ္စကြောင့် ဆိုလည်း ဟုတ်တယ်။
Flash back
Mrs,Ruby-ဘာ ကြည့်နေတာလဲ  အန်တီ ဇစ်ဆွဲပေးမယ်ဟိုဘက်လှည့်လေ။
Chae-ဟုတ် ဟုတ်။
Mrs,Ruby ဇစ်ဆွဲပေးလို့ ရအောင် မျက်နှာချင်းဆိုင်နေရာကနေ Chae က Mrs,Ruby ကို ကျောပေးလိုက်တော့သည်။လည်ဂုတ်နားကနေ ခါး စပ်နားလောက်ထိ ရောက်တဲ့ ဇစ်အကွဲကြောင့် Chae ရဲ့ ကျောပြင် လေးဟာ နို့နှစ်ရောင် ထနေပြီး ချောမွတ် လွန်းလှသည်။Mrs,Ruby လည်း သူမထက် အရပ်ရှည်တဲ့ Chae ရဲ့ ကျောပြင်လေးကို ဇစ်ဆွဲပေးဖို့ မော့ကြည့်လိုက်ရာ.......။
* ဟင်.....ဒါက*
Mrs,Ruby လည်း မြင်လိုက်ရတဲ့ Chae နောက်ကျော ရဲ့ညာ လက်ပြင်ကြော အရိုး ပေါ်က ကြက်ခြေခတ် သဏ္ဌာန် ဓားရာ နှစ်ချက်ကြောင့် အလွန် အံ့သြသွားမိတော့သည်။စိတ်ထဲကလည်း ပြောနေမိတာက.......
* သမီးလေး အငယ်လေး Minatozaki Chīsana bara*
ဇစ်ဆွဲတာ အတော်ကြာနေတာ မလို့ Chae လည်း Mrs,Ruby ကို ခေါင်းလေးငဲ့ကာ လှမ်းမေးတော့ လေသည်။
Chae-အန်တီ ဘာဖြစ်လို့လဲ ဇစ်က ဆွဲမရလို့လား
Mrs,Ruby လည်း Chae စကားကြောင့် ဝဲတက်လာတဲ့ မျက်ရည်တွေကို တစ်ချက်ပုတ်ထုတ်လိုက်ကာ ပြုံးပြီး........
Mrs,Ruby-ဘာမှမဖြစ်ဘူး သမီးလေး။အန်တီ ဇစ်ဆွဲလိုက်ပြီနော်။
Chae-ဟုတ် ဟုတ် အန်တီ။
Chae တို့လည်း အကျီ ဝတ်ရတာ အဆင်ပြေတာမလို့ ပြန်ထွက်လာပြီး ကျသင့်ငွေ ရှင်းကာ Lisa ရဲ့ အကျီ ထုတ်ကို ပါ ယူပြီး ကားလေးနဲ့ ရွှေဝါရောင် မြေကို ပြန်လာခဲ့ တော့သည်။
ကားနောက်ခန်းတွင် ဘေးချင်းကပ် ထိုင်နေတဲ့ တလျှောက်လုံးသူမကို လှည့်ကြည့် ကာ တခုခုပြောမလို့ ပြင်ပြီးမှ မပြောဘဲပြန်ပြန် လည့်သွားတဲ့ Mrs,Ruby ကြောင့် Chae ကပဲ ပြောချင်တာ ပြောလို့ရအောင် စကားလမ်းကြောင်း ဖွင့်ပေး လိုက်တော့သည်။
Chae-အန်တီ တခုခုပြောစရာရှိလို့လား ဟင်။
Chae က စကားလမ်းကြောင်း ဖွင့်ပေးလိုက်တာကြောင့်Mrs,Ruby လည်း တုံဆိုင်း မနေတော့ဘဲ စကားစ ပြောလိုက် တော့သည်။
Mrs,Ruby-Chae လေး အားလား အချိန်ရသေးလား။
Chae-ဟုတ်ကဲ့ ရပါသေးတယ် အန်တီ။ဘာကိစ္စ ရှိလို့လဲ မသိဘူး
Mrs,Ruby-Chae လေး အားရင် အန်တီတို့ စကားခနပြောရအောင်လား တနေရာရာ မှာလေ။
Chae-ဟုတ်ကဲ့ ရပါတယ် အန်တီ။
Mrs,Ruby-သားရေ ကားကို ဒီနားက ပန်းခြံ ဖြစ်ဖြစ် ကော်ဖီဆိုင် ဖြစ်ဖြစ် စကားပြောလို့ကောင်းမဲ့ နေရာလေး တခုခုမှာ ရပ်ပေးပါအုံးကွယ်။
Driver-ဟုတ်ကဲ့ အန်တီ။
Mrs,Ruby ရဲ့ စကားကြောင့် Driver လေးလည်း အနီးဆုံးပန်းခြံလေးမှာသာ ကားလေးကို ရပ်ပေး လိုက်တော့သည်။
Mrs,Ruby-လာ သမီးလေး ဆင်း
Chae-ဟုတ်ကဲ့ အန်တီ။
Chae လည်း ကားပေါ်က ဆင်းပြီး Mrs,Ruby နောက်ကိုကုတ်ကုတ် ကုတ်ကုတ် နဲ့ လိုက်သွားတော့သည်။
Mrs,Ruby-ဒီနားမှာ ထိုင်ပြီး ပြောကြတာပေါ့
Chae-ဟုတ်ကဲ့
Mrs,Ruby နဲ့ Chae လည်း အနီးအနားက ခုံတန်းလေး မှာ ဝင်ထိုင်လိုက်တော့ သည်။အချိန်တခုကြာတဲ့ အထိ Mrs,Ruby က ဘာစကားမှမပြောတာ မလို့ Chae ဘက်ကပဲ အရင် စကား စလိုက်တော့သည်။
Chae-အန်တီ Chae ကို ဘာပြောစရာရိလို့လဲ မသိဘူး။
Mrs,Ruby-အင်း ပြောပြမယ်။အန်တီမှာ သမီး ၂ ယောက် ရှိတယ်လို့ Chae လေး သိထားတယ်မလား။အမှန်တော့ မဟုတ်ဘူးကွဲ့ အန်တီ့မှာ သမီး ၃ ယောက်ရှိတာ။Ruby လေး နဲ့ Sana လေး ရဲ့ အောက်မှာ တယောက်ရှိသေးတယ်ကွဲ့။သမီးလေးတို့ ဖေဖေ ပထမအကြိမ် ကိုရီးယားမှာ တာဝန်ကျတုန်းက ရာထူးတိုးပြီး အန်တီတို့ကို ဂျပန်ပြန်ဖို့ အမိန့်ရလို့ ပြန်ဖို့ အတွက် ဆိုလ်း ဌာနချုပ်ကို သွားတဲ့ လမ်းမှာ ဖြတ် အတိုက်ခံခဲ့ရတာ။အန်တီရော သမီးလေး ၃ ယောက် လုံးကော ပါတယ်လေ။ပျောက်ကျားအဖွဲ့က လျှပ်တပြက်တိုက် တာ မလို့ အန်တီတို့ ဘက်က အကျအဆုံး အတော် များခဲ့တာ။အဲ့တုန်းက အငယ်ဆုံးလေးက ၄ နှစ်ပဲ ရှိသေးတယ်။ အန်တီ ရဲ့ ရင်ခွင်ထဲမှာပေါ့။ဒါပေမယ့် သူ့ဖေဖေကို ကိုရီးယား တော်လှန်ရေးသမား တယောက်က နောက်ခန ဓားနဲ့ ပြေးခုတ်တော့ အန်တီ့ရင်ခွင် ထဲကနေ ဘယ်လိုထွက်သွားတယ် မသိပါဘူးကွယ် သူ့ဖေဖေကို နောက်ကနေ ပြေးဖက်လိုက်တော့ ဓားချက်က အငယ်ဆုံးလေးကို ထိသွားတာ။ အငယ်ဆုံးလေး က သူ့ဖေဖေ ကို သိပ်ချစ်တာလေ။ အမှန်တော့ အဲ့တော်လှန်ရေး သမားကလည်း ကလေးဝင် လာတာ မြင်လို့ ဓားလွှဲချက်ကို အရှိန်လျော့လိုက်တာကြောင့် ရှပ်ထိရုံ ပဲ ထိသွားတာပါ။မဟုတ်ရင် ခလေးက သေလောက်ရောပေါ့ ပထမ တစ်ချက်တင်။သမီးတို့ဖေဖေက အငယ်လေးကို ချီပြီး ရန်သူတွေ နဲ့ ဆက်တိုက်နေတုန်း အနောက်ဘက်ကနေ ထပ်ပြီး ဓားနဲ့ ခုတ်တာကို ခံလိုက်ရတော့ သမီးတို့ ဖေဖေရော အငယ်လေးပါ ထိသွားတာ အငယ်လေး ကျောပေါ်မှာ စောနက ဓားရာပေါ်မှာ နောက်ထပ် ဓားရာတစ်ချက် ထိပြီး ကြက်ခြေခတ် ပုံ မျိုး ဖြစ်သွားတာ။
Chae-ရှင်❗️❗️
တိုက်ပွဲအကြောင်း ပြောနေတုန်းက ဘာမှမပြောဘဲ ငြိမ်သက်စွာ နားထောင်နေတဲ့ Chae တယောက် ဓားဒဏ်ရာ ပုံစံကိုကြားလိုက် ရလို့ ကိုယ့်နားကိုယ်ပင် မယုံနိုင်တော့။နားထဲ မှာပဲငယ်ငယ်ထဲက Lili ပြောနေကျ စကားကို ထပ်တလဲလဲ ကြားနေရတော့သည်။
* Chae ရဲ့ နောက်ကျောက ကြက်ခြေခတ်ပုံ ဓားဒဏ်ရာကဘယ်လို ဖြစ်တာလဲဟင်Chae ရဲ့ နောက်ကျောက ကြက်ခြေခတ်ပုံ ဓားဒဏ်ရာကဘယ်လို ဖြစ်တာလဲဟင်Chae ရဲ့ နောက်ကျောက ကြက်ခြေခတ်ပုံ ဓားဒဏ်ရာကဘယ်လို ဖြစ်တာလဲဟင်*
Chae လည်း နားထဲမှာ ကြားနေရတာ တွေကို မခံနိုင်တော့တဲ့ အဆုံး နားနှစ်ဘက်ကို စုံအုပ်ကာ အော်တော့လေသည်။
Chae-မဟုတ်ဘူး မဟုတ်ဘူး ဒါ တိုက်ဆိုင်တာ ငါက ကိုရီးယား လူမျိုးပဲ။
နားကို အုပ်ထားတဲ့ Chae ရဲ့ လက်တွေကို Mrs,Ruby ကအုပ်မိုး ကိုင်လိုက်ကာ.......
Mrs,Ruby-သမီးလေး.....သမီးလေး အတွက် ဒီကိစ္စက လက်ခံဖို့ ခက်ခဲတယ်ဆိုတာ သိပေမယ့် ဒါအမှန်တရားပဲလေသမီးလေးရယ်။သမီးက မေမေတို့ရဲ့ သမီး Minatizaki Chīsana bara ပဲလေ
Chae-Chīsana bara....?နှင်းဆီလေး
Mrs,Ruby-ဟုတ်တယ် သမီး။သမီးက ငယ်ငယ်တည်းကနှင်းဆီ ပန်း အရမ်းကြိုက်လို့ သမီး ဖေဖေက နှင်းဆီလေးလို့နာမည်ပေးထားတာ။
Chae-တော်ပါတော့ အန်တီရယ် နောက်ကျောမှာ ကြက်ခြေခတ် ပုံစံ ဓားဒဏ်ရာလေး ပါတာနဲ့ Chae က အန်တီ တို့ သမီး ဖြစ်မသွားပါဘူး။
Mrs,Ruby-သမီးလေးကို ဓားထိပြီး သမီး ဖေဖေ လက်က လွတ်ထွက်သွားပြီး တိုက်ပွဲဖြစ်နေတဲ့ တံတားအပေါ်ကနေ အောက်ကို သမီးက လွှင့်ကျသွားတာ ဓားဒဏ်ရာ နဲ့ ရော ပြုတ်ကျတဲ့ ဒဏ်ကြောင့်ပါ အားလုံးက သေပြီ ထင်ကြတာ။အဲ့ တိုက်ပွဲ ဖြစ်တဲ့ နေရာက ဆိုးလ်ကို သွားတဲ့လမ်း ယူနာ ချောင်းကို ဖြတ်တဲ့ တံတားပေါ်မှာပဲ
(ယူနာချောင်းဆို တကယ်ရှိမရှိ ခ မသိပါဘူး ခ က ဇာတ်လမ်းအရ ထည့်လိုက်တာပါ။)
Mrs,Ruby ရဲ့ ပြောစကားများကြောင့် Chae ရဲ့ ခေါင်းထဲထပ်မံ ဝင်ရောက်လာတဲ့ စကားသံ အချို့.......
''Chae ကို ဘယ်မှာ တွေ့ခဲ့တာလဲဟင် ဖေဖေ´´
''ဟုတ်တယ် ဦးဦး သမီးလည်း သိချင်တယ်။သမီးကို ဘယ်နားမှာ တွေ့ပြီး အိမ်ကို ခေါ်လာခဲ့ တာလဲဟင်´´
''ဖေဖေ ငါးဖမ်းသွားတုန်း Chae လေးကို ယူနာ တံတားအောက်နားက ယူနာ ချောင်းစပ်နားမှာ ဒဏ်ရာတွေ သွေးတွေ အများကြီးနဲ့ တွေ့တာ နဲ့ ဖေဖေ လည်း စမ်းသပ်ကြည့်တော့ အသက်ငွေ့ငွေ့လေး ကျန်သေးတာနဲ့ ခေါ်လာခဲ့တာကွဲ့´´
''သမီး မိဘတွေကို သမီး မဖတ်မိဘူး ဦးဦး´´
''ဦးဦး သမီးကို ခေါ်လာတုန်းက သမီးက ဒဏ်ရာအပြင်းအထန်ရထားတဲ့ ဒဏ်ကြောင့် ငါးရက်လောက် အကြီးအကျယ်ဖျားတာ ပြန်လည်း သက်သာလာရော သမီး ဘာမှမမှတ်မိတော့ဘူး ဆရာဝန် ပြောတာကတော့ အသက်ငယ်ငယ်လေးမှာ အကြီးအကျယ် ရောဂါ ခံစားရတာကြောင့် အတိတ်မေ့တာလို့ ပြောတာပဲ´´
''အော် ဟုတ်ကဲ့😔´´
'' Chae ဘာမှမမှတ်မိလည်း ကိစ္စမရှိပါဘူး။Lili ရဲ့ ဖေဖေကို Chae ဖေဖေလို သဘောထားပေါ့။Lili ကို Chae ရဲ့ ညီမလေးလို့ သတ်မှတ် ထားလိုက်ပေါ့ အဲ့တာဆို Lili တို့က မိသားစု ဝင်တွေ ပဲပေါ့´´
''ဟုတ်ပါပြီ Lili အတတ်လေးရယ်´´
Chae လည်း အတွေးကမ္ဘာထဲကနေ ပြန်ထွက်လာပြီး လက်ရှိရင်ဆိုင်ရမဲ့ ကိစ္စဆီကို စိတ်ကို ပြန်နှစ်ထားလိုက် တော့သည်
Chae-သမီးကတော့ ဒီကိစ္စကို ဘယ်လိုနည်းနဲ့ မှ လက်မခံပါဘူး အန်တီ။အားနာပါတယ်။
Chae ရဲ့ စကားကြောင့် Mrs,Ruby ရဲ့ မျက်နှာပေါ်မှာ ဝမ်းနည်းရိပ်လေးတွေ လှိုင်းကြက်ခွပ် ထသွားကာ မျက်ဝန်းအိမ်အတွင်း မျက်ရည်များ ရစ်ဝဲသီလာတော့လေသည်။ထိုမြင်ကွင်းကို မြင်လိုက်ရတဲ့ Chae ရင်ထဲ ဝမ်းနည်းမှုက လှိုက်ခနဲ.........။
ကြည့်ရတာ သွေးက စကားပြောတယ် ထင်ပါရဲ့။
Mrs,Ruby-သမီး လက်ခံသည် ဖြစ်စေ လက်မခံသည် ဖြစ်စေ သမီးလေးကို မေမေပြောချင်တာတွေ ကုန်အောင် ပြောပါရစေကွယ်။
Chae-. . . . . . . . . .
Mrs,Ruby ရဲ့ စကားကို Chae မငြင်းခဲ့သလို လက်လည်းလက်မခံ ခဲ့ပါ။ဒီတိုင်း အသိစိတ်ကင်းမဲ့ နေတဲ့ လူတယောက်လိုသာ တောင့်တောင့်ကြီး မျက်တောင်မခတ် ရပ်နေမိတော့သည်။
Mrs,Ruby-အန်တီ သမီးလေး Chīsana bara ရဲ့ ညာဘက် ခြေဖဝါး အလယ်တည့်တည့်မှာ မှဲ့အနီလေး တစ်လုံးထင်းနေအောင် ပါတယ်။ပြီးတော့ သူက ထောပတ်သီး ကို လုံးဝမကြိုက်ဘူး။သီချင်းဆိုရတာကို ဝါသနာပါပြီး သူ စိတ်လှုပ်ရှားရင် ဖြစ်ဖြစ် ရှက်ရင်ဖြစ်ဖြစ် သူ့လက်ချောင်း ထိပ်လေးတွေကို ကိုက်တတ်တယ်။ခြေထောက်ကို တစ်ချောင်း တည်း ခုံပေါ်တင်ပြီး အပေါ်ကနေ နောက်တချောင်း နဲ့ ဖိထိုင်တတ်တယ်။
Mrs,Ruby ပြောတဲ့ အချက်တွေ အားလုံးဟာ Chae ကို သာ Minatozaki Chīsana bara ဖြစ်ပါတယ်ဆိုတဲ့အကြောင်း တထစ်ချ စွပ်စွဲလျက် ရှိနေသည့်အပြင် တကယ်လည်း ထို အချက်တွေ အားလုံးက Chae နဲ့ ကိုက်ညီနေတာ မလို့ Chae ဘယ်လိုမှ ငြင်းလို့မရခဲ့ပါ။
မေမေလို့ ခေါ်ပြီး ပြေးဖက်ချင်ပေမယ့်လည်း Lisa ရဲ့ မျက်နှာ ရယ် ၊ သူ့ ကို ဆေးဗိုလ်ကြီး အဖြစ် အမြဲတလေးတစားအလေးပြု ကြတဲ့ တပ်ရင်းက သူတွေရဲ့ မျက်နှာတွေရယ် ၊ ဂျပန်တွေ သတ်လိုက်လို့ သေသွားတဲ့ Lili ဖေဖေ နဲ့ Tzuyu ရဲ့ မိဘ တွေရဲ့ အကြောင်းတွေရယ် ၊ Lisa ရဲ့ ဒဏ်ရာကိုဘာဆေးပစ္စည်း အစုံအလင်မှ မရှိဘဲ အပ်ကို မီးတိုက် ပြီး အစိမ်းလိုက် ချုပ်ခဲ့ရတဲ့ မြင်ကွင်းတွေက Chae မျက်ဝန်းထဲမှာ ရုပ်ရှင် ကား ဆန်ဆန် တစ်ကွက်ဆီ ထင်ရှားစွာ မြင်နေရတာကြောင့် Chae ပြေး မဖက်ခဲ့မိ။
* ဘာတွေ ဘယ်လိုပဲ ဖြစ်ဖြစ် ငါက ဆေးဗိုလ်ကြီး Park Chaeyoung ဘဲ။Mintozaki အိမ်တော် နဲ့ ငါက ဘာမှမပတ်သတ်တော့ဘူး။Minatozaki Chīsana bara က လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက သေသွားခဲ့ပြီ*
Chae-အထောက်အထားတွေ အရ သမီးက Minatozaki Chīsana bara ဖြစ်တယ်ဆိုတာ သမီး လက်ခံပါတယ် အန်တီ။ဒါပေမယ့် Minatozaki Chīsana bara က လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက ယူနာ တံတားအောက်က ယူနာချောင်းစပ်မှာ သေသွားခဲ့ပါပြီ သမီးက ရွှေဝါရောင်မြေ က အဆိုတော် မလေး Rosé တစ်ဖြစ်လည်း Lalisa ရဲ့ မွေးစား အမ Park Chaeyoung ပါ။သမီးမှာ Minatozaki အိမ်တော် နဲ့ ပတ်သတ်စရာ ဘာအကြောင်းမှ မရှိပါဘူး။ပြီးတော့ ဒီကိစ္စကို အန်တီ နဲ့ သမီး ကြားမှပဲ ထားရအောင်ပါ။သမီး အနူးအညွတ် တောင်းဆိုတာပါ။တကယ်လို့ အန်တီ တယောက်ယောက်ကို ဒီကိစ္စ ပြောလိုက်တာနဲ့ အန်တီ သမီး အလောင်းကိုပဲ တွေ့ရမှာပါ။သမီး အခု နားချင်ပြီမလို့ ပြန်ကြရအောင်ပါ။
ပြောချင်ရာ အားလုံးပြောပြီး သူ့ကို တစ်ချက်လေးတောင် လှည့်မကြည့်ဘဲ ကားဆီကို ဦးတည်ထွက်သွားတဲ့ Chae ကိုMrs,Ruby မျက်စိတစ်ဆုံး လိုက်ကြည့်လိုက် မိတော့သည်။
* ဘာလို့များ Minatizaki တယောက်ဖြစ်ဖို့ အဲ့လောက် ခက်ခဲ နေရတာလဲ သမီးလေးရယ်*
Chae လည်း လှည့်ထွက်လာပြီး ကျဆင်းလာတဲ့ ပါးပြင်ပေါ်က မျက်ရည်တွေကို လက်ခုံ နဲ့ ခပ်ကြမ်းကြမ်း ပွတ်တိုက် သုတ်လိုက်ကာ........
* ငါက တော်လှန်ရေး သမားပဲ။ငါက ကိုရီးယားတော်လှန်ရေးတပ်မတော် က ဆေးဗိုလ်ကြီး တယောက်ပဲ။ရန်သူ့ အိမ်တော်တခု အတွက် မျက်ရည်ကျစရာ မလိုဘူး ဒါဟာ နောက်ဆုံး မျက်ရည်ကျခြင်းပဲ*
Flash End*
Kai-ဘာကွ....သောက်ရေးမပါတာတွေ ငါ့ အဖေက မင်္ဂလာပွဲ ပျက်သွားတဲ့ ကိစ္စကို ဘာမှ မပြောဘူးဟုတ်လား။အန်ကယ်Ruby က တောင်းပန်ပြီး မင်္ဂလာပွဲ လာဖျက်တာကို ဒီတိုင်းခွင့်ပြုပေးလိုက် တယ်ပေါ့။
Louis-ဟုတ်....ဟုတ်ပါတယ် အကိုလေး။သခင်ကြီးက ဘာမှမလုပ်ဘဲ အသာတကြည် လက်ခံလိုက်ပါတယ်။ဂျပန်က မင်းသားကလည်း ရေနံ့ကိစ္စ ပျက်သွားလည်း ကိစ္စမရှိဘူးလို့ကြေးနန်း ပို့လိုက် ပါတယ်တဲ့။(Lili ကြောင်နော် Louis က😆)
Kai-ဟာ....ဟာကွာ သောက်ရေး မပါတာတွေကွာ။ ဟေ့ကောင် မင်း ငါ့ရှေ့က ထွက်သွားစမ်း မင်း အခု ထွက်သွားစမ်း မဟုတ်ရင် မင်းကို ငါ သတ်မိ လိမ့်မယ်။သွား....ခု ထွက်သွား.....ထွက်သွား😡
Louis လည်း Kai ရဲ့ ဒေါသကို သိတာမလို့ ထိုနေရာကနေအမြန်ဆုံး ထွက်ခွာသွားတော့သည်။Louis ထွက်သွားမှ Kai လည်း ချုပ်တည်းထားသမျှ ဒေါသတွေ ကို ဖွင့်ထုတ်လိုက်ပြီးအခန်းထဲမှာ ရှိတဲ့ ပရိဘောဂ တွေ နဲ့ ပစ္စည်းအားလုံးကို ကိုင်ပေါက် ရိုက်ခွဲ ကန်ကျောက် ထိုးခွဲ ဖြစ်နေတော့လေသည်။
သူ့ရဲ့ စာရေး စားပွဲပေါ်မှာ တင်ထားတဲ့ သူ့ရဲ့ ၂၅ နှစ်ပြည့် မွေးနေ့မှာ သူလိုချင်လွန်းလို့ ပါဆိုပြီး အတင်းပူဆာတာ ကြောင့် လေလံ အပြိုင်အဆိုင် ဆွဲခဲ့ရတဲ့ သူ့အဖေ ပေးတဲ့ လက်ဆောင် ဖြစ်တဲ့ နှစ် ၂၀၀ ကျော် သက်တမ်းရှိ ဂျပန် နန်းတွင်းသုံး ကြွေပန်းအိုးကြီး ကို လက်သီး နဲ့ ထိုးခွဲ ပြစ်လိုက်တော့သည်။
''ခွမ်း💢´´
ကြွေပန်းအိုး အကွဲစတွေ စိုက်ကာ သွေးတွေ ရဲရဲနီ နေတဲ့ Kaiရဲ့ ညာဘက်လက်ဟာ ရုပ်ပျက် ဆင်းပျက် နဲ့ ကြည့်ရ ဆိုးလွန်းလှပေသည်။
''ဒေါက်🚪....ဒေါက်🚪´´
Kai-ဘယ်သူလဲကွ
Louis-ကျွန်တော်ပါ အကိုလေး Louis ပါ
တံခါး တစ်ဖက်က ထွက်ပေါ်လာတဲ့ Louis ရဲ့ ကြောက်နေမှန်း သိသာတဲ့ တုန်တုန်ယင်ယင် ဖြေသံလေး။
Kai-ဘာကိစ္စ လဲကွာ။
Louis-ဧည့်သည်ရောက်နေလို့ပါ
Kai-ဘယ်သူလဲကွာ ဘယ်သူနဲ့မှ မတွေ့ဘူးလို့ ပြောလိုက်
Louis-. . . . . . . . လို့ ပြောပါတယ် အကိုလေး။အဲ့နာမည်ကို အကိုလေးကို ပြောလိုက်ပါလို့ မှာလိုက်လို့ပါ။
ကြားလိုက်ရတဲ့ နာမည်ကြောင့် ဒေါသအခိုး အငွေ့တွေ လေင်ကျွမ်း ပိတ်လှောင်နေတဲ့ Kai ရဲ့ မျက်လုံးတွေက အရောင် တစ်ချက် တောက်သွားကာ မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး........။
Kai-ငါ အခုလာခဲ့မယ် ပြောလိုက်။ဧည့်သည်ကိ သေချာ ဧည့်ခံထားလိုက်
Louis-ဟုတ်ကဲ့ အကိုလေး။
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
ပျက်သွားလို့ နောက်တခေါက်ပြန်ရေးနေရလို့ တစ်ရက် နောက်ကျ သွားတာပါရှင့်။ခ Reader လေးတွေ အရမ်းတော်တာပဲ Spoil လေး သေးသေးလေး ချထားလည်း မိကြတယ်။နောက်ထပ် Spoil တွေမိရင် Cmt မှာ မရေးကြနဲ့လေ အဆိုးလေးတို့ရဲ့ ခ ဇာတ်တွေ ပေါ်ကုန်မှာပေါ့။Spoil မိတယ် ထင်ရင် Massage box ကို လာပြီးမေးကြ ဟုတ်မဟုတ် အမှန်တိုင်း ပြောပြမယ် ဟွန့်😏စာလုံးပေါင်း မစစ်မိတာမလို့ အမှားပါရင် ခ အပေါ်ကို မေတ္တာ ထားပြီး ဖတ်ပေးပါနော်😘
Readers တို့ကို အရမ်းချစ်ပါတယ်Readers တို့ကို အရမ်းချစ်တဲ့Tu Nhai Kha#💚
. . . . . . . . . . . . . . . . . . . . . . . . . . . . . . .  . . . .
There are no comments yet. Log in to be the first to leave a review!
Similar stories