Fanfics

36💛

19:31, 21 October 2021

Love and Loyaltyအခ်စ္ နဲ႔ သစၥာ

For ZG😍

''ေဒါက္🚪....ေဒါက္🚪´´

တံခါးေခါက္သံေၾကာင့္ အခန္းထဲက ေရးလက္စ ဒိုင္ယာရီေလးကို သိမ္းကာ Chae တေယာက္ အျပင္ကို ထြက္လာခဲ့သည္။တံခါးအျပင္မွာ လက္ေလးပိုက္ကာ ေစာင့္ေနတဲ့ Jinေၾကာင့္ Chae မွာ အထူးအဆန္းျဖစ္ရေတာ့သည္။

Jin က ဘယ္တုန္းကမွ Chae ေနတဲ့ အခန္းဘက္မေျပာနဲ႔ Chae တို႔ ေနတဲ့အေဆာင္မေရာက္ခင္ အေရွ႕ဘက္မွာရွိတဲ့ Tzuyu တို႔ ေနတဲ့ အေဆာင္ကိုေတာင္ ေျခဦးလွည့္ဖူး သူမဟုတ္ ခုေတာ့ ဘာကိစၥေၾကာင့္ Chae ရဲ႕ အခန္းအေရွ႕အထိ ေရာက္လာလဲဆိုတာ Chae မသိေပမယ့္ အေရးႀကီး ကိစၥ တခုခု ရွိတာေတာ့ ေသခ်ာေၾကာင္း Chae ေကာင္ခ်က္ခ်လိုက္ေတာ့သည္။

Chae-မလာစဖူးပါလား Oppa။တခုခု အေရးႀကီးတာ ေျပာစရာရွိလို႔လား။

Jin-Chae အတြက္ေတာ့ အေရးႀကီးတဲ့ ကိစၥမဟုတ္ေလာက္ ေပမယ့္ ကိုယ့္အတြက္ အေရးႀကီးတာ မလို႔ စကားခနေလာက္ ေျပာလို႔ရမလား။

Chae-ဘာမ်ားေျပာစရာ ရွိလို႔ အဲ့ေလာက္ေတာင္ စကားပလႅင္ခံ ေနရတာလဲ Oppa ရဲ႕။ရဲရဲတင္းတင္း ေျပာပါ ရပါတယ္။

Jin-ဒီမွာေျပာလို႔ေတာ့ မေကာင္းဘူးထင္တယ္။တေနရာ သြားၾကမလား။

Chae-အင္း အရင္ထိုင္ေနၾက ဝါးရံုေတာ ေအာက္ပဲ သြားၾကတာေပါ့။

Jin-ဟုတ္ကဲ့။

Chae နဲ႔ Jin လည္း ဝါးရံုေတာ ဆီသို႔ ဦးတည္ ထြက္ခဲ့ၾကေတာ့သည္။တစ္လမ္းထဲကို ၂ ေယာက္သား ေဘးခ်င္းယွဥ္ကာ ေလ်ွာက္ေနေပမယ့္ အခ်င္းခ်င္း ဘာစကားမွမေျပာၾကတာေၾကာင့္ သူတို႔ ၂ ေယာက္ ရဲ႕ ပတ္၀န္းက်င္ဟာ ၿငိမ္သက္ေနလြန္းလွသည္။

ဝါးရံုေတာကို ေရာက္ေတာ့ ၂ ေယာက္သား ခံုတန္းေလးမွာ ၀င္ထိုင္လိုက္ၾကေတာ့သည္။ေျပာစရာရွိတယ္ ဆိုၿပီ ေခၚလာတဲ့ Jin က ဘာစကားမွမဟတာေၾကာင့္ Chae ကပဲအရင္ စေမးဖို႔ ျပင္လိုက္ေတာ့သည္။

Jin-ေစ့စပ္ ေတာ့မယ္ဆို တကယ္လား။

Chae က ေမးမလို႔ ျပင္ရံုရွိေသးတယ္ စကားစလာတဲ့ Jinေၾကာင့္ Chae ေမးဖို႔ျပင္ထားတဲ့ စကားေတြကို လည္ေခ်ာင္းကေန တစ္ဆင့္ျပန္ၿမိဳခ်လိုက္ေတာ့သည္။

Chae-ဟုတ္ ေစ့စပ္မွာပါ။

Jin-တယ္ႀကီးလား

Chae-ဟုတ္ တကယ္ပါ။

Jin-အင္း ဘာလို႔ Lisa ျဖစ္ေနရတာလဲ။

Chae-ဘာကိုလဲဟင္ Chae သိပ္ နားမရွင္းလို႔။

jin-ဘာလို႔ Lisa ျဖစ္ေနရတာလဲလို႔ Chae တို႔က မိန္းကေလးခ်င္းေတြေလ။

Chae-မိန္းကေလးခ်င္း ေကာ ေစ့စပ္တာ မရဘူးလားခ်စ္ခြင့္ မရွိဘူးလား။

jin-မဟုတ္ပါဘူး ခ်စ္ခြင့္ရွိပါတယ္ ေစ့စပ္လို႔ရပါတယ္။Chae က ဘာေၾကာင့္ မိန္းကေလးေတြကိုပဲ ႀကိဳက္တာလဲ။

Chae-မိန္းကေလးေတြကို........။ဟင့္အင္း Chae က မိန္းကေလးေတြကို ႀကိဳက္တာမဟုတ္ဘူး။Chae ခ်စ္တဲ့ သူက မိန္းကေလးျဖစ္ေနတာ။Chae ခ်စ္တဲ့သူက Lalisa ျဖစ္ေနလို႔ပဲ။သူ ဘယ္လိုပဲ ျဖစ္ျဖစ္ Chae က ခ်စ္မွာ။ကုန္ကုန္ေျပာရရင္ Lili နဲ႔ Chae အေၾကာင္း တခုခုေၾကာင့္ ဘ၀ျခား သြားခဲ့ရင္ေတာင္မွ Chae က ခ်စ္ေနအံုးမွာ။

Jin-ေအာ္......။

* ကြၽန္ေတာ္ သိလိုက္ပါၿပီ။Chae ရဲ႕ နွလံုးသားထဲမွာ ကြၽန္ေတာ့္ အတြက္ ေနရာမရွိဘူး ဆိုတာ။ငယ္ငယ္ေလးတည္းက တိတ္တခိုး ခ်စ္ခဲ့ရတဲ့ ေကာင္မေလး ရဲ႕ နွလံုးသားကို ကြၽန္ေတာ္နဲ႔ အၿမဲ ရန္ျဖစ္ေနက် ကြၽန္ေတာ့္ကို အၿမဲ အနိုင္ယူေနက် ခပ္ဆုိးဆိုး ေကာင္မေလး တေယာက္က အပိုင္သိမ္းသြားခဲ့ၿပီ။ကြၽန္ေတာ့္ကို သူ နိုင္ျပန္ၿပီ ဒီတခါ သူနိုင္တာကကြၽန္ေတာ့္ကို တစ္ဘ၀လံုးစာ တစ္သက္လံုးစာ နိုင္သြားတာ*

Chae-Oppa ေျပာစရာမရွိေတာ့ရင္ Chae သြားေတာ့ မယ္ေနာ္။

Jin-အင္း။ဒါနဲ႔ စကားမစပ္......

Chae-ဟုတ္

Jin-ဗိုလ္မွဴးကေကာ Chae ကို ခ်စ္ရဲ႕လား။

Chae-ဟုတ္ သူက Chae ကို ခ်စ္ပါတယ္။

*သူငယ္ခ်င္း လို ညီအမ လိုေပါ့*

Jin-ေအာ္ ဟုတ္လား။ဗိုလ္မွဴး နဲ႔ Chae က တကယ္လိုက္ဖက္တဲ့ ေန နဲ႔ လ ၊ ေ႐ႊ နဲ႔ ျမ စံုတြဲပါ။

Chae-ဟုတ္ သြားခြင့္ျပဳပါအံုး။

Jin-ဟုတ္ကဲ့ပါဗ်။

Chae လည္း ထိုေနရာကေန ခ်က္ခ်င္းပဲ ထထြက္လာ လိုက္မိေတာ့သည္။

* သူငယ္ခ်င္းလို ညီအမလို ဆိုတဲ့ စကားကိုေတာ့ Oppa မၾကားေအာင္ Chae စိတ္ထဲကေနပဲ ေျပာလိုက္မိ ပါတယ္။Lili ရဲ႕ ဂုဏ္သိကၡာအတြက္ေပါ့။တကယ္မခ်စ္ဘဲ မိန္းကေလးတေယာက္ကို ေစ့စပ္တဲ့သူလို႔ Lili ကို သူမ်ားေတြေျပာမွာ Chae မလိုလားပါ။ဒါေၾကညင့္ အဲ့လိုေျပာလိုက္တာ။တကယ္လည္း Chae ေျပာသလိုပဲေလ။Lili က သူ႔ရဲ႕ နွလံုးသား နဲ႔ အခ်စ္ေတြ အားလံုးကို Ruby ဆီ ေပးထားၿပီးၿပီပဲ။Chae က Lili ကို ရဖို႔ ၿပိဳင္ရတဲ့ ၿပိဳင္ပြဲမွာ မစခင္တည္းကရႈံးထားၿပီးသား သူပါ။ခ်စ္ရတဲ့သူနဲ႔ ေစ့စပ္ရမွာေတာင္ မေပ်ာ္႐ႊင္နိုင္တဲ့ ဘ၀ ေပ်ာ္႐ႊင္ခြင့္မရွိတဲ့ ဘ၀ႀကီးကို Chae မုန္းလိုက္တာ။*

~~~~~~~~~~~~~~~~~~~~~~~~

Date of engagement

Ji-မငိုနဲ႔ေတာ့ေလ Ruby ရယ္။အစတည္းက နင္မေစ့စပ္ခ်င္ရင္ ျငင္းလိုက္ရမွာေလဟယ္ ခုက်မွ နင္က ဒီလိုႀကီး ငိုေနေတာ့ ငါက ဘာလုပ္ေပးရမလဲ မသိေတာ့ဘူး။နင့္ပဲ ငါက ကားတင္ေျပးရမလား ငါတကယ္ စဥ္းစားရက်ပ္ေနၿပီ။

Ruby-ဘာမွလုပ္လို႔မွ မရတာကို။စဥ္းစားမေနနဲ႔😢

Ji-အဲ့တာဆို နင္ မငိုနဲ႔ေလဟယ္။

Ruby-ကိုယ္ခ်စ္တဲ့ သူနဲ႔ မဟုတ္ဘဲ တျခား တေယာက္နဲ႔ေစ့စပ္ရမွာကို ငါက မငိုဘဲ ၿပံဳးေပ်ာ္ေနရမွာလား။

Ji-မဟုတ္ပါဘူးဟယ္ ဒါေပမယ့္ နင္ငိုေနေတာ့ ငါမေနနိုင္ဘူးေလဟာ။အဲ့ေတာ့ နင္ ဘာဆက္လုပ္မယ္ စိတ္ကူးလဲ။

Ruby-ဘာဆက္လုပ္ လို႔ရမွာလဲဟ။ငါ ခင္းတဲ့လမ္း ငါကိုယ္တိုင္ပဲ ဆက္ေလ်ွာက္ရမွာေပါ့။

Ji-နင္တို႔ ၂ ေယာက္နဲ႔လည္း စိတ္ညစ္လိုက္တာ Ruby ရယ္။ခ်စ္ရဲ႕သားနဲ႔ မာနေတြႀကီးေနၾကတယ္။

Ruby-အဟက္.....ခ်စ္ရဲ႕သားနဲ႔....? မာနႀကီးတယ္....?ဟုတ္လား။သူကငါ့ကို ခ်စ္လား မခ်စ္လား မေသခ်ာေပမယ့္မာနႀကီးတာကေတာ့ ငါမဟုတ္တာ ေသခ်ာတယ္ Jiji။

Ji-ငါလည္း ဘာေျပာရမွန္းကို မသိေတာ့ပါဘူးဟယ္

Ruby-ဘာမွေျပာမေနနဲ႔ ငါလည္း မငိုေတာ့ဘူး။

မ်က္ရည္ေတြကို လက္ခံုနဲ႔ ခပ္ၾကမ္းၾကမ္း သုတ္ၿပီး Jisoo ကို တန္းၿပံဳးျပတဲ့ Ruby ေၾကာင့္ ရင္နာနာနဲ႔ပဲ jisoo လည္းျပန္ၿပံဳးျပလိုက္မိသည္။

* ညီမအရင္းေလး တေယာက္လို ခ်စ္ရတဲ့ Ruby ရဲ႕ အၿပံဳးေတြက တကယ္ျဖဴစင္လြန္းပါတယ္။ဘယ္ေတာ့မွ အတုအေယာင္လည္း မေပၚနိုင္ဘူးလို႔ ယံုၾကည္ထားခဲ့တာ ေလ။ငယ္ငယ္တည္းက အဲ့အၿပံဳးေလးကို သိပ္သေဘာက်ခဲ့လို ညီမေလးရဲ႕ အၿပံဳးေတြကို ဘယ္ေတာ့မွ မေပ်ာက္ကြယ္ သြားေစရဘူးလို႔ ကတိေပး ခဲ့ဖူးတယ္။ဒါေပမယ့္ ခုခ်ိန္မွာေတာ့ သူ႔အၿပံဳးေတြက အတုအေယာင္ေတြမွန္းသိလ်က္ နဲ႔ ေနာက္ပိုင္းမွာ သူအၿပံဳးေတြ ေပ်ာက္ကြယ္သြားေတာ့မွာ သိလ်က္နဲ႔ ဘာမွ မလုပ္ေပးနိုင္တဲ့ Jiji ကိုယ္ jiji ပဲ အျပစ္တင္ ခ်င္ပါေတာ့တယ္။ခုအခ်ိန္မွာ Ruby ရဲ႕ အၿပံဳးေတြကို အစစ္မွန္ျဖစ္ေအာင္ ျပန္အသက္၀င္လာေအာင္ လုပ္နိုင္တဲ့နည္းေလးမ်ား ရွိရင္ေလ Jiji ဘာပဲ ေပးဆပ္ရ ေပးဆပ္ရ အစြမ္းကုန္ႀကိဳးစားေပး မိမွာပါ*

* ေနာက္ဆံုး တစ္ႀကိမ္ေလာက္ျဖစ္ျဖစ္ လီ့ ကို Unnie ေတြ႕ခ်င္မိေသးတယ္ လီ ရယ္။ဒါေပမယ့္ လီ နဲ႔ Chae ေလးတို႔ ေစ့စပ္မွာကို ၾကည့္နိုင္ေလာက္တဲ့ သတၲိမ်ိဳး ခံနိုင္ရည္မ်ိဳး Unnie မွာ မရွိဘူးရယ္။Unnie မခ်စ္တတ္တဲ့ သူနဲ႔ ေစ့စပ္လိုက္ရလို႔ လက္ထပ္လိုက္ရလို႔ Unnie မေပ်ာ္႐ႊင္ရေပမယ့္လီ ခ်စ္တဲ့သူနဲ႔ ေစ့စပ္လိုက္ရလို႔ လက္ထပ္လိုက္ရလို႔ လီ ေပ်ာ္တယ္ဆို Unnie တကယ္ ေက်နပ္ပါတယ္။ဒီဘ၀မွာ လီ နဲ႔ Unnie ရဲ႕ ဖူးစာက မဆံုနိုင္ေတာ့ဘူး ဆိုေတာ့ ေနာက္ဘ၀ဆိုတာမ်ား ရွိခဲ့ရင္ Unnie ေလ လီ့ကိုပဲ ခ်စ္ခြင့္ရၿပီး လီ နဲ႔ပဲ လက္ထပ္ခ်င္ပါတယ္။လီ နဲ႔ Unnie ၾကားမွာ ဘာ အတားအဆီး အဟန္႔အတားမွ မရွိတဲ့ ဘ၀ ကိုပဲ Unnie လိုခ်င္ပါေတာ့တယ္ လီရယ္.....။*

Sa-မမ နဲ႔ Jiji ........

အေတြးကိုယ္စီနဲ႔ တိတ္ဆိတ္ေနတဲ့ Jiji နဲ႔ Ruby တို႔ရဲ႕ကမာၻငယ္ေလးကို Sana ရဲ႕ ခ်ိဳျမျမ ေခၚသံေလးက သက္၀င္လႈပ္ရွား ေစခဲ့ေတာ့သည္။

Ji-ဘာကိစၥရွိလို႔လဲ Sa။

Sa-ေဖေဖ က ေအာက္ထပ္မွာ Kai Oppa တို႔ မိသားစု နဲ႔ဧည့္သည္ေတြ ေရာက္ေနၿပီမလို႔ Jiji က မမ ကို ေခၚၿပီးေအာက္ထပ္ကို ဆင္းလာခဲ့ ၾကေတာ့တဲ့😔

မ်က္၀န္းထဲအိမ္ အထဲက ပုလဲလံုးေလးလို မ်က္ရည္စေလးမ်ား နဲ႔ ပင္ကိုယ္အသံ ခ်ိဳျမျမေလးမွာ ၀မ္းနည္းစြာ ထြက္ေပၚလာတဲ့ ခပ္ရွရွ အက္ကြဲသံ ေၾကကြဲသံေလးေတြ ေရာေနွာေနတဲ့ Sana ရဲ႕ အသံေလးကို ျမင္ရ ၾကားရျခင္းျဖင့္ အမျဖစ္သူ Ruby ရဲ႕ အခ်စ္ေရးအတြက္ Sana ဘယ္ေလာက္ ၀မ္းနည္းေနလဲ သိသာလြန္းလွသည္။

Ruby-အင္း မမ တို႔ အခုပဲ လာခဲ့မယ္ Sa ေလး သြားနွင့္ေလ

Sa-ဟုတ္ကဲ့ မမ။

Sana လည္း Ruby စကားအတိုင္း အခန္းတံခါးေလးကို ပိတ္ကာ သူမ အရင္ထြက္သြားေတာ့ေလသည္။

Ruby-ကဲ ထ Jiji သြားၾကစို႔။

* အလွဆံုးၿပံဳးျပကာ Jiji ကို လက္ကမ္းေပးေနတဲ့ Ruby ရဲ႕အၿပံဳးေၾကာင့္ Jiji ရင္ထဲ နာက်င္ရလြန္းလွပါတယ္။ဘာေၾကာင့္မ်ား Ruby က်မွ ဒီလို ကံၾကမၼာနဲ႔ ႀကံဳေတြ႕ရတာလဲ ဒီလို အခ်စ္ေရးနဲ႔ ႀကံဳေတြ႕ရတာလဲလို႔ ကံၾကမၼာ နတ္ဘုရားဆိုသူ နဲ႔ အခ်စ္နတ္ဘုရား ဆိုသူတို႔ကိုသာ Jiji လက္သီးနဲ႔ ထိုး...ထိုးၿပီးသာ ေမးခ်င္ပါေတာ့တယ္။ဘာလို႔ ဒီေလာက္ျဖဴစင္တဲ့ ကေလးကိုမွ ဒီလိုလုပ္ရတာလဲ ဆိုၿပီးေတာ့ေပါ့ *

Ruby-ဘာေတြ ေတြးေနတာလဲ Jiji။သြားၾကမယ္ေလ။

Ji-အင္း သြားၾကတာေပါ့။

Jiji လည္း Ruby ရဲ႕ ကမ္းထားတဲ့ လက္ကို ခပ္တင္းတင္းဆုပ္ကိုင္ကာ ထိုေနရာက ထၿပီး ေအာက္ထပ္ကို ဦးတည္လိုက္ေတာ့သည္။

* နင္ အဆင္မေျပတာ သိေပမယ့္ နင္ အဆင္ေျပပါေစလို႔ ဆုေတာင္းေပးပါတယ္ Ruby ရယ္*

~~~~~~~~~~~~~~~~~~~~~~~~~

Li-Tzuyu ေရ Chae ကို ေအာက္မွာ လူႀကီးေတြနဲ႔ ဧည့္သည္ေတြ ေရာက္ေနၿပီမလို႔ အျမန္ဆင္း လာခဲ့ေတာ့လို႔ သြားေျပာေပးပါ။

ဧည့္ခန္းထဲမွာ ဧည့္သည္ေတြ ေရာက္ေနၿပီမလို႔ ဧည့္ခန္းအျပင္မွာ ေစာင့္ေနတဲ့ Lisa က Chae ကို သြားေခၚခိုင္းလိုက္ျခင္းျဖစ္သည္။

Tzu-တကယ္ပဲ ဒီလိုလုပ္ေတာ့မွာလား။

Li-ဘာကိုလဲ Tzuyu ရဲ႕

Tzu-ဘာလို႔ Unnie ကိုယ့္နွလံုးသားကို ကိုယ္ ညဥ္းဆဲရ တာလဲ။ဘာလို႔ Ruby Unnie နဲ႔ Chae Unnie ရဲ႕ နွလံုးသားေတြကို ညႇဥ္းဆဲရတာလဲ။jiji Unnie ကို Unnie အားမနာဘူးလား။

Li-ဘာလို႔ Unnie က ကိုယ့္နွလံုးသားကိုေကာ Ruby နဲ႔ Chae ရဲ႕ နွလံုးသားကို ညႇဥ္းဆဲေနတယ္လို႔ Tzuyu က ထင္ေနရတာလဲ။

Tzu-Ruby Unnie ကို Unnie မခ်စ္ဘူးလား။Tzu ရဲ႕ မ်က္လံုးကို ေသခ်ာၾကည့္ေျဖပါ။

Li-Ruby ကို Unnie မခ်စ္ဘူး။

Lisa မခ်စ္ဘူးလို႔ ေျဖခဲ့ေပမယ့္ Tzuyu ရဲ႕ မ်က္လံုးကိုေတာ့ၾကည့္မေျဖခဲ့မိပါ မေျဖမိတာ ဆိုတာထက္ မေျဖရဲတာလို႔ ေျပာရင္ ပို မွန္လိမ့္မယ္ ထင္ပါတယ္။

Tzu-Unnie လိမ္တာ။Unnie က ကိုယ့္နွလံုးသားကို ကိုယ့္ဘာသာျပန္လိမ္ေနတာ။

Li-Unnie တကယ္ေျပာေနတာ။

Tzu-ထားလိုက္ပါေတာ့ Unnie ရယ္။အိပ္ခ်င္ေယာင္ေဆာင္ တဲ့သူက ပိုၿပီး ႏႈိးရခက္ပါတယ္။Unnie ကိုယ့္ဘာသာ နွိပ္စက္တာ ကိစၥမရွိေပမယ့္ Ruby Unnie နဲ႔ Chae Unnie ကိုေတာ့ Tzu တကယ္သနားတယ္။

Li-Ruby ကို ခနထား ဘာကိစၥ Chae ကိုသနားတယ္ေျပာေနရတာလဲ Tzuyu။Chae ကိုယ္တိုင္ Unnie နဲ႔ ေစ့စပ္တဲ့ကိစၥကို လက္ခံပါတယ္ ေျပာခဲ့တာ။

Tzu-Unnie ဘာလုပ္လုပ္ Chae Unnie ကေတာ့ လက္ခံမွာပဲေလ ဒါေပမယ့္ ကိုယ္နဲ႔ ေစ့စပ္မဲ့ သူ ၊ လက္ထပ္မဲ့သူက တျခား တေယာက္ကို ခ်စ္ေနတာကို သိလ်က္နဲ႔ လက္ထပ္ရမဲ့ Chae Unnie ေနရာကို နည္းနည္းေလာက္ ၀င္ခံစားၾကည့္ပါလား။

Li-ခုခ်ိန္မွေတာ့ ဘာမွလုပ္လို႔ မရေတာ့ဘူး Tzuyu။သြားအခု Chae ကို သြားေခၚလိုက္ပါေတာ့။

Tzu-Unnie ဒါေပမယ့္......

Li-ဒါ အမိန္႔ပဲ Tzuyu။

Tzu-အမိန္႔အတိုင္း ေဆာင္႐ြက္ပါ့မယ္ ဗိုလ္မွဴး။

Tzuyu လည္း ၀မ္းနည္းသံေပါက္ေနတဲ့ အသံေလးကို စစ္တပ္ေလသံေပါက္ေအာင္ ေျပာၿပီး Lisa ကို အေလးျပဳကာစစ္တပ္ပံုစံအတိုင္း ေနာက္လွည့္ကာ Chae ဆီကို သာ သြားလိုက္ေတာ့သည္။

~~~~~~~~~~~~~~~~~~~~

Mi-ေဆးဗိုလ္ႀကီးရယ္ ဘာလို႔ မ်က္ရည္ေတြက် ေနတာလဲ။ေစ့စပ္ပြဲမွာ မလွပဲေနေတာ့မယ္။

Son Chae-ဟာ....မမ Mi ကလည္း....မမ Mi ဘာသိလို႔လဲ။အဲ့တာ ေပ်ာ္လို႔ ၀မ္းသာလို႔ က်တဲ့ မ်က္ရည္ ပီတိ မ်က္ရည္လို႔ ေခၚတယ္။

Mi-မင္းကေလ လူပုသေလာက္ သိပ္လ်ွာရွည္တာပဲ။ဒို႔က မင္းထက္ အႀကီးပါ မင္းထက္အရင္ ထမင္းစားလာတာ ဒို႔သိတယ္။

Son Chae-မမ Mi မသိပါဘူး။Son Chae ေျပာျပမွ သိတာပါ။ဘာပဲျဖစ္ျဖစ္ ေဆးဗိုလ္ႀကီး မ်က္ရည္က်တာ ေပ်ာ္လို႔ပါ ဟုတ္တယ္မလား ေဆးဗိုလ္ႀကီး။

Chae-ဒီတိုင္းပါ....။

Mi-ေဟ့.....မင္းေနာ္။

Mina ကေတာ့ Son Chae  တေယာက္ သူ႔ကို မထိတထိစေနတာမလို႔ ထံုးစံအတိုင္း ႏႈတ္ခမ္းေလးကို တစ္ျခမ္းဖိကိုက္ကာ သူ႔လက္သီးေသးေသးေလးကို ေထာင္ျပကာ Son Chae ကို စိတ္ဆိုးခ်င္ေယာင္ေဆာင္ ေနေလရဲ႕။

* Son Chae ေျပာတဲ့ စကားကို Chae လက္လည္းမခံခဲ့သလို ျငင္းလည္းမျငင္းခဲ့ပါ။ဘာလို႔ဆို Chae ကိုယ္တိုင္လည္း ဘာေၾကာင့္ မ်က္ရည္က်ေနမိမွန္း မသိတာေၾကာင့္ပါ။အမွန္ဆုိ Lili နဲ႔ ေစ့စပ္ရမယ္ လက္ထပ္ရမယ္ဆိုတာဟာ Chae ရဲ႕ အိမ္မက္ Chae ဘ၀ရဲ႕ ေပ်ာ္စရာေပမယ့္ Chae ဘာေၾကာင့္ မေပ်ာ္နိုင္ျဖစ္ေနတာလဲ ဆိုတာကို Chae ကိုယ္တိုင္လည္း နားမလည္နိုင္ေတာ့ပါ ဒါေပမယ့္ ေသခ်ာတာကေတာ့ Chae ရဲ႕ ရင္ထဲ တခုခု တင္းၾကပ္ေနသလို ျဖစ္ေနၿပီးေစ့စပ္ပြဲ ကိစၥကို မေပ်ာ္ေနတာေတာ့ အမွန္ပါ။*

Tzu-ဗိုလ္မွဴး က ဧည့္သည္ေတြ နဲ႔ လူႀကီးေတြ ေရာက္လာေန ၿပီမလို႔ ေဆးဗိုလ္ႀကီး ၿပီးရင္ လာခဲ့ပါေတာ့တဲ့။

Chae-အင္း လာၿပီ Tzuyu ေရ။

Chae လည္း မတ္တတ္ရပ္လိုက္ၿပီး ၀တ္ထားတဲ့ ဂါ၀န္ ေလးကို တစ္ခ်က္ သပ္ကာ အနည္းငယ္ တြန္႔ေနတဲ့ ေနရာ ေလးေတြကို ၾကည့္ေကာင္း ရႈေကာင္းေအာင္ ျပန္ျပင္ဆင္ၿပီးေအာက္ထပ္သို႔ ဆင္းလာေတာ့သည္။Mina နဲ႔ Son Chaeတို႔ကေတာ့ Chae ေနာက္ကေန  ဘယ္ဘက္ တစ္ေယာက္ ညာဘက္ တစ္ေယာက္ ရံၿပီး လိုက္လာေတာ့သည္။

Chae ေအာက္ထပ္ကိုေရာက္ေတာ့ Lisa က လူႀကီးေတြ နဲ႔ ဧည့္သည္ေတြကို ဧည့္ခံကာ စကားေျပာေနေလသည္။

Tzu-မမေလး Chae ေရာက္ပါၿပီ သူေဌး။

တပ္ရင္းက လူေတြတင္မဟုတ္ဘဲ တျခားလူႀကီးေတြ ရပ္မိရပ္ဖ ေတြနဲ႔ ဧည့္သည္ေတြပါ ရွိတာေၾကာင့္ အားလံုးကLisa ကို သူေဌး လို႔သာေခၚၾကသည္။

Tzuyu ရဲ႕ အသံေၾကာင့္ အားလံုးရဲ႕ အၾကည့္ဟာ Chae ၀င္လာတဲ့ ဧည့္ခန္း တံခါး၀ကို ေရာက္သြားေတာ့သည္။ပန္းေရာင္အက်ီ ေပါ့ေပါ့ပါးပါးေလးကို ၀တ္ထားေပမယ့္ Chae ရဲ႕ အလွနဲ႔ ကိုယ္ေရာင္ကိုယ္ဝါေၾကာင့္ အေတာ္ပင္ လွလြန္းလွသည္။အမွန္တိုင္းဆိုရလ်ွင္ Chae ရဲ႕ အလွမွာ Lisa ပါ ေမ်ာသြားၿပီး အခ်ိန္အေတာ္ၾကာ Chae ကို စိုက္ၾကည့္ေနမိေတာ့သည္။

(Chae ၀တ္ထားတာေလးက ဒီလိုေလးလို႔ ျမင္ေပးပါေနာ္)

Man1-သူေဌးမေလးရယ္ အဆိုေတာ္မေလးကို ေျဖးေျဖးၾကည့္လည္း ရပါတယ္ မၾကာခင္လည္း လက္ထပ္ၿပီး သူေဌးမေလး အပိုင္ ျဖစ္ေတာ့မွာကို အဲ့က်မွ အ၀ၾကည့္။ခုေတာ့ ေစ့စပ္ပြဲေလး စ လိုက္ၾကရေအာင္လား။

All-ဟား....ဟား....ဟား

Li-ဟာ.....ေငးေနတာ မဟုတ္ရပါဘူး

Chae ကို ေငးၾကည့္ေနတဲ့ Lisa ကို ပြဲမွာရွိတဲ့ လူႀကီးတစ္ဦးက စလိုက္တာမလို႔ ဧည့္ခန္းထဲမွာ ရွိတဲ့သူေတြ အားလံုးပြဲက် သြားၾကေပမယ့္ Tzuyu နဲ႔ Chae ကေတာ့ မရီနိုင္ခဲ့ေပLisa ကေတာ့ ေငးေနတာ မဟုတ္ေၾကာင္း ေျပာျပၿပီး ရွက္ၿပံဳးေလးသာ ၿပံဳးေနလိုက္ေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~~~~

ေစ့စပ္ပြဲ တခုလံုးမွာ သတို႔သမီးေလာင္း နဲ႔ သတို႔သမီးရွင္ဘက္က လူေတြရဲ႕ အသံကို လံုး၀ကို မၾကားရဘဲ။သတို႔သား ေလာင္းျဖစ္သူ Kai နဲ႔ Kai ရဲ႕ အေဖတို႔ ရဲ႕ ခပ္ျမဴးျမဴး ေအာ္က်ယ္က်ယ္ အသံကသာ ေစ့စပ္ပြဲလုပ္တဲ့ Ruby တို႔ အိမ္ရဲ႕ ဧည့္ခန္း တခုလံုးကို ဖံုးလႊမ္းေနေလရဲ႕။

သူတို႔ၾကည့္ရတာ Ruby ကို ရေတာ့မွာကို အေတာ္ေပ်ာ္ေနပံုရတယ္။Kai ေပ်ာ္ေနတာကို နားလည္ေပမယ့္ Kai ရဲ႕ အေဖ အေတာ္ေပ်ာ္ေနတာကိုေတာ့ ဘာေၾကာင့္လဲဆိုတာ စဥ္းစားမရပါ။တခါတခါ ၾကည့္ရတာ Kai ထက္ေတာင္ Kai ရဲ႕ အေဖကပိုေပ်ာ္ေနပံုရတယ္။

လူေတြ အားလံုးစံုေနၿပီမလို႔ Kai ရဲ႕ အေဖ လည္း စကားစေျပာရန္ ေခ်ာင္းဟန္႔လိုက္ေတာ့သည္။

Kai's Appa-အဟမ္း.....။ကြၽန္ေတာ္တို႔ သတို႔သား ေလာင္းဖက္က ေဟာဒီက ဗိုလ္ခ်ဳပ္ႀကီး Mr,MinatozakiRuby ရဲ႕ သမီး အႀကီး Miss,Minatozaki Ruby Jane ကို စိန္ နွစ္ ဆင္စာ ၊ ပတၱျမား တစ္ ဆင္စာ ၊ ကိုရီးယား၀မ္ သိန္း ၂၀ ၊ ေစ့စပ္ပြဲ နဲ႔ မဂၤလာေဆာင္ စရိတ္ အားလံုး ၊အိမ္ တစ္လံုး ကား နွစ္စီး နဲ႔ မဂၤလာခန္း၀င္အတြက္ လိုအပ္တဲ့စရိတ္ အားလံုးနဲ႔ တင္ေတာင္းပါတယ္။

Woman 1-ဟမ္ တင္ေတာင္းေၾကးက မ်ားလိုက္တာေနာ္Minatozaki မိသားစုကေတာ့ သမက္ ရအေတာ္ကံေကာင္းတာပဲေနာ္(Whisper)

Woman 2-ဟုတ္ပါ့ ဒါေတာင္ ပထမ သတို႔သမီးဘက္ကသတို႔သားကို ျငင္းေသးတယ္တဲ့ ဒီလို ဥစၥာေပါ ရုပ္ေခ်ာ ပညာတတ္ကို ျငင္းေသးတဲ့ Ruby Jane ဆိုတဲ့ တေယာက္ကသပ္သပ္မဲ့ အေျခာက္တိုက္ ဘ၀င္ျမင့္ ေနတာပါေအ။ ေကာင္ေလးက အေတာ္ခ်စ္လို႔သာ မရမက ႀကိဳးစားတာတဲ့ Ruby Jane ဆိုတဲ့ တေယာက္က တမင္မူျပေနတာပါေအ။(Whisper)

တစ္သက္မွာ တခါ မႀကံဳစဖူး မၾကာစဖူး ႀကံဳရ ၾကားရတဲ့ မ်ားျပားလြန္းလွတဲ့ တင္ေတာင္းေၾကးေၾကာင့္ မိန္းမတို႔သဘာ၀ တိုးတိုး တိုးတိုး ႀကိတ္ႀကိတ္ ႀကိတ္ႀကိတ္ အတင္းေျပာ ၾကတာ မဆန္းေပမယ့္ သပ္သပ္မဲ့ႀကီး Ruby ကို လာထိခိုက္ေနတာေၾကာင့္ ထ ေျပာမယ္ လုပ္တဲ့ jiji ကို Ruby လက္ဆြဲကာ မနဲတားလိုက္ရေတာ့သည္။

အေျခအေနကို အကဲခတ္မိတဲ့ လူႀကီး တေယာက္က အေျခအေနေတြ ထပ္မတင္းမာခင္ ေစ့စပ္ပြဲကို ဆက္လက္က်င္းပဖို႔ ျပင္လိုက္ေတာ့သည္။

Man-သတို႔သားေလာင္း ရဲ႕ ဘက္က တင္ေတာင္းတဲ့ ေၾကးကို ေျပာၿပီးၿပီမလို႔ သတိုးသမီးေလာင္း ဘက္က လိုအပ္တာလိုခ်င္တာ ရွိရင္ ထပ္မံ ေျပာဆို ေတာင္းဆိုနိုင္ပါတယ္။

Mr,Ruby-တင္ေတာင္းတဲ့ ေၾကးကလည္း အေတာ္မ်ားတဲ့အျပင္ လိုအပ္မႈမရွိေအာင္ အားလံုး စီစဥ္ေဆာင္႐ြက္ေပးထားတာမလို႔ ထပ္ေတာင္းဆိုစရာမလိုေတာ့ပါဘူးဗ်။

Man-ဟုတ္ကဲ့ ဒါဆို ေစ့စပ္ လက္စြပ္လဲၿပီး ေစ့စပ္ပြဲကို ေအာင္ျမင္စြာ ၿပီးဆံုးလိုက္ရေအာင္ဗ်။

ထိုလူရဲ႕ စကားဆံုးတာနဲ႔ Kai က လက္စြပ္ဘူးထဲက စိန္လက္စြပ္ေလးကို ထုတ္ကာ Ruby ရဲ႕ ဘယ္ဘက္လက္လက္သန္းႂကြယ္ေလးကို စြပ္ေပးလိုက္ေတာ့သည္။Ruby လည္း မျဖစ္မေနမလို႔ လက္စြပ္ဘူးထဲက စိန္လက္စြပ္ ကို ထုတ္ကာ Kai ရဲ႕ ဘယ္ဘက္လက္ သန္းႁကြယ္မွာ စြပ္ေပးလိုက္ေတာ့သည္။

Man-သား Kai နဲ႔ သမီး Ruby တို႔ ရဲ႕ လက္ထပ္ပြဲ ေအာင္ျမင္စြာ ၿပီးေျမာက္ေၾကာင္း ေၾကညာအပ္ပါသည္။

All-👏👏👏👏

~~~~~~~~~~~~~~~~~~~~~~~~~~

သဘာပတိ လုပ္ေပးတဲ့ လူႀကီးတေယာက္ ရဲ႕ စကား အဆံုးမွာLisa က Chae ရဲ႕ ဘယ္ဘက္ လက္ေလးကို ဆြဲကာ လက္သန္းႂကြယ္မွာ ေ႐ႊလက္စြပ္ေလး စြပ္ေပးလိုက္ေတာ့သည္။Chae လည္း ျပန္ၿပံဳးျပကာ Lisa ရဲ႕ ဘယ္ဘက္ လက္သန္းႂကြယ္ကို က်န္ေနေသးတဲ့ ေ႐ႊလက္စြပ္ေလးကို စြပ္ေပးလိုက္ေတာ့သည္။

Man1-ေ႐ႊဝါေရာင္ေျမ ရဲ႕ သူေဌးမေလး Lalisa နဲ႔ အဆိုေတာ္မေလး Rosé တို႔ရဲ႕ ေစ့စပ္ပြဲ ေအာင္ျမင္စြာ ၿပီးေျမာက္သြားပါၿပီ။

'' ႐ႊီ....႐ႊီ...ေျဖာင္း👏....ေျဖာင္း👏´´

တပ္ရင္းက တပ္သားေတြ ရဲ႕ လက္ေခါက္မႈတ္သံ လက္ခုပ္သံေတြ နဲ႔ ဧည့္သည္ေတြရဲ႕ လက္ခုပ္သံေတြက တပ္ရင္း တခုလံုးဆူညံသြားေတာ့သည္။တပ္ရင္း တခုလံုး လက္ခုပ္တီးေနၾကေပမယ့္ Tzuyu ကေတာ့ လံုး၀ လက္ခုပ္မတီးခဲ့ဘူးဆိုတာ ဘယ္သူမွ မသိခဲ့ၾကပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~

ေစ့စပ္ပြဲၿပီးတည္းက အနားက တေကာက္ေကာက္ လိုက္ကပ္ေနတဲ့ Kai ေၾကာင့္ ေနာက္ဆံုးေတာ့ Ruby လည္း Jiji လက္ကို ဆြဲကာ သူမ အခန္းထဲ ၀င္ၿပီး တံခါးကို ေလာ့ခ်ထားကာ ေနလိုက္ေတာ့သည္။

Kai တို႔ သားအဖ မျပန္မခ်င္း ထမင္းလည္းထြက္မစားသလိုထမင္းလာပို႔တာကိုလည္း တံခါးဖြင့္မေပးပါ။Kai တို႔ေတြ ျပန္သြားျပီ ဆိုကာမွ ေအာက္ကို ဆင္းသြားေတာ့သည္။Ruby အခန္းထဲက ထြက္တဲ့ အခ်ိန္မွာ Jiji တေယာက္ကေတာ့ ဗိုက္ဆာလို႔ အူေတာင္လွိမ့္ေနၿပီ ျဖစ္သည္။

Ruby-လက္ထပ္ပြဲမတိုင္ခင္အထိ ဒီပံုအတိုင္းပဲ သြားရမယ္ထင္တယ္။

Ji-ဘာ....ေန႔တိုင္းအစာလြန္ရင္ေတာ့ ငါ ေသနိုင္တယ္ေနာ္Ruby။

Ruby-ဟာ....ေနာက္ေန႔ေတြက် အခန္းထဲမွာ မုန္႔အျပည့္ထည့္ထားမွာေပါ့။

Ji-ေအာ္ ဒါဆိုရင္ေတာ့ မဆိုးဘူး။နင္ လက္မထပ္ရေသးခင္Kai ကို ေရွာင္ေနတာေတာ့ ဟုတ္ပါၿပီ။လက္ထပ္ၿပီးရင္ နင္ဘယ္လို ေရွာင္မလဲ

Ruby-မၾကားခ်င္ဖူးဟာ အဲ့အခ်ိန္ေရာက္မွ အဆင္ေျပသလိုမီးစင္ ၾကည့္ကမယ္ အခုေတာ့ သူ႔ကို ငါ့နားကိူ အကပ္မခံနိုင္ဘူးဟယ္ ရွင္းလား။

ေျပာၿပီး ေဆာင့္ကာ ေအာင့္ကာ ထြက္သြားတဲ့ လူပုစိတ္တိုေနာက္ကို jiji ဗိုက္ဆာဆာနဲ႔သာ အျမန္ေျပးလိုက္ရပါေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~~~ေစ့စပ္ပြဲ ၿပီးကတည္းက တပ္ရင္းက လူေတြ ဘာျဖစ္ေနတယ္မသိ Lisa နဲ႔ Chae ကိုသာ အရိပ္တၾကည့္ၾကည့္ လိုက္ၾကည့္ၿပီး ၿပံဳးစိ ၿပံဳးစိ ျဖစ္ေနၾကေတာ့သည္။ ဘာျဖစ္တာလဲ ေမးေတာ့လည္း ဘယ္သူမွ မေျဖၾက။Lisaနဲ႔ Chae ကို တြဲေတြ႕ရင္ပင္ သူတို႔မ်က္နွာေတြက မႈိရသလိုၿပံဳးၿဖီးေနၾကတာမလို႔ ေနာက္ဆံုးေတာ့ အေၾကာင္းအရင္းကိုသိရရန္ Lisa ေကာ Chae ပါ Son Chae ကို ဂုတ္ကေနအမိဆြဲကာ ေမးရေတာ့သည္။

Li-ငါ ေမးပါအံုးမယ္ တပ္ရင္းထဲက လူေတြ ငါတို႔ ၂ ေယာက္ ကို ၾကည့္ၿပီး ဘာလို႔ ၿပံဳးစိ ၿပံဳးစီ ျဖစ္ေနၾကတာလဲ။

Son Chae-ေအာ္ ဒါက ဒီလို ရွိတယ္ ဗိုလ္မွဴးရဲ႕

Chae-ငါ လုပ္လိုက္လို႔ ဒီထက္ပိုပု သြားေတာ့မယ္။ေျပာစရာရွိတာ ေျပာစမ္းပါ လာၿပီး ေစ်းကိုင္ေနေသးတယ္။

Son Chae-အရပ္ေတာ့ မထိပါနဲ႔ ေဆးဗိုလ္ႀကီးရယ္။ေျပာျပပါ့မယ္။တကယ္က ေဆးဗိုလ္ႀကီးတို႔ ၂ ေယာက္က မနက္ကမွေစ့စပ္ၿပီးတာမလို႔ေလ ေဆးဗိုလ္ႀကီးတို႔ အတြဲကို Chaelisaလို႔ နာမည္ေပးထားၿပီး ေဆးဗိုလ္ႀကီးတို႔ အတြဲ ဘယ္လုိေတြ Romantic ျဖစ္ၾကမလဲဆိုတာကို ေစာင့္ၾကည့္ေနၾကတာပါ။တပ္ရင္း တခုလံုးက တစ္ကိုယ္တည္း သမားေတြ ခ်ညး္ပဲမလို႔ဗိုလ္မွဴးတို႔ အတြဲ ဘာလုပ္လုပ္ သူတို႔ မ်က္လံုးထဲ Romantic ျဖစ္ေနတာမလို႔ ၿပံဳးစိစိ ျဖစ္ေနၾကတာပါ။

Li-ေအာ္ အဲ့လိုလား

Son Chae-ဟုတ္ပါတယ္ ဗိုလ္မွဴး။

Li-အင္း သြားေတာ့ လုပ္စရာ ရွိတာ လုပ္ေတာ့

Son Chae-ဟုတ္ကဲ့ ဗိုလ္မွဴး။အေလးျပဳပါတယ္။

Li-ေအးေအး

Son Chae ရွင္းျပလို႔ သိလိုက္ရေပမယ့္ အၿမဲတမ္း သူတို႔ ၂ ေယာက္ကို ၾကည့္ကာ ျပံဳးစိစိ ျဖစ္ေနက်တဲ့ တပ္ရင္းက လူေတြေၾကာင့္ Lisa တို႔ ၂ ေယာက္မွာ အေနခက္လြန္းလို႔၂ ေယာက္ လမ္းေတာင္ ယွဥ္မေလ်ွာက္ရဲၾကေတာ့ပါ။ေစ့စပ္ၿပီးမွ လမ္းေတာင္ ယွဥ္မေလ်ွာက္ရဲတဲ့ ဘ၀ေရာက္သြားတဲ့ သူတို႔ နာမည္ေပးထားတဲ့ Chaelisa အတြဲရယ္ပါ။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

စာမ်ားမ်ားေလးေရးထားတာမလို႔ ပံုမွန္ထက္ တစ္ရက္ ေနာက္က် သြားတာ ခြင့္လႊတ္ၾကပါ။ျပန္မစစ္ထားတာမလို႔ စာလံုးေပါင္း အမွားပါရင္ သည္းခံေပးပါေနာ္။ေစ့စပ္ပြဲ ၂ ပြဲကေတာ့ေအာင္ျမင္စြာ ၿပီးသြားပါၿပီ။ ေခ်ာင္းမရိုက္ဘူးမလား👀

Readers တို႔ကိုအရမ္းခ်စ္ပါတယ္Readers ေတြကို အရမ္းခ်စ္တဲ့ Tu Nhai Kha#

.............................................................

Love and Loyaltyအချစ် နဲ့ သစ္စာ

For Uni😘

''ဒေါက်🚪....ဒေါက်🚪´´

တံခါးခေါက်သံကြောင့် အခန်းထဲက ရေးလက်စ ဒိုင်ယာရီလေးကို သိမ်းကာ Chae တယောက် အပြင်ကို ထွက်လာခဲ့သည်။တံခါးအပြင်မှာ လက်လေးပိုက်ကာ စောင့်နေတဲ့ Jinကြောင့် Chae မှာ အထူးအဆန်းဖြစ်ရတော့သည်။

Jin က ဘယ်တုန်းကမှ Chae နေတဲ့ အခန်းဘက်မပြောနဲ့ Chae တို့ နေတဲ့အဆောင်မရောက်ခင် အရှေ့ဘက်မှာရှိတဲ့ Tzuyu တို့ နေတဲ့ အဆောင်ကိုတောင် ခြေဦးလှည့်ဖူး သူမဟုတ် ခုတော့ ဘာကိစ္စကြောင့် Chae ရဲ့ အခန်းအရှေ့အထိ ရောက်လာလဲဆိုတာ Chae မသိပေမယ့် အရေးကြီး ကိစ္စ တခုခု ရှိတာတော့ သေချာကြောင်း Chae ကောင်ချက်ချလိုက်တော့သည်။

Chae-မလာစဖူးပါလား Oppa။တခုခု အရေးကြီးတာ ပြောစရာရှိလို့လား။

Jin-Chae အတွက်တော့ အရေးကြီးတဲ့ ကိစ္စမဟုတ်လောက် ပေမယ့် ကိုယ့်အတွက် အရေးကြီးတာ မလို့ စကားခနလောက် ပြောလို့ရမလား။

Chae-ဘာများပြောစရာ ရှိလို့ အဲ့လောက်တောင် စကားပလ္လင်ခံ နေရတာလဲ Oppa ရဲ့။ရဲရဲတင်းတင်း ပြောပါ ရပါတယ်။

Jin-ဒီမှာပြောလို့တော့ မကောင်းဘူးထင်တယ်။တနေရာ သွားကြမလား။

Chae-အင်း အရင်ထိုင်နေကြ ဝါးရုံတော အောက်ပဲ သွားကြတာပေါ့။

Jin-ဟုတ်ကဲ့။

Chae နဲ့ Jin လည်း ဝါးရုံတော ဆီသို့ ဦးတည် ထွက်ခဲ့ကြတော့သည်။တစ်လမ်းထဲကို ၂ ယောက်သား ဘေးချင်းယှဉ်ကာ လျှောက်နေပေမယ့် အချင်းချင်း ဘာစကားမှမပြောကြတာကြောင့် သူတို့ ၂ ယောက် ရဲ့ ပတ်ဝန်းကျင်ဟာ ငြိမ်သက်နေလွန်းလှသည်။

ဝါးရုံတောကို ရောက်တော့ ၂ ယောက်သား ခုံတန်းလေးမှာ ဝင်ထိုင်လိုက်ကြတော့သည်။ပြောစရာရှိတယ် ဆိုပြီ ခေါ်လာတဲ့ Jin က ဘာစကားမှမဟတာကြောင့် Chae ကပဲအရင် စမေးဖို့ ပြင်လိုက်တော့သည်။

Jin-စေ့စပ် တော့မယ်ဆို တကယ်လား။

Chae က မေးမလို့ ပြင်ရုံရှိသေးတယ် စကားစလာတဲ့ Jinကြောင့် Chae မေးဖို့ပြင်ထားတဲ့ စကားတွေကို လည်ချောင်းကနေ တစ်ဆင့်ပြန်မြိုချလိုက်တော့သည်။

Chae-ဟုတ် စေ့စပ်မှာပါ။

Jin-တယ်ကြီးလား

Chae-ဟုတ် တကယ်ပါ။

Jin-အင်း ဘာလို့ Lisa ဖြစ်နေရတာလဲ။

Chae-ဘာကိုလဲဟင် Chae သိပ် နားမရှင်းလို့။

jin-ဘာလို့ Lisa ဖြစ်နေရတာလဲလို့ Chae တို့က မိန်းကလေးချင်းတွေလေ။

Chae-မိန်းကလေးချင်း ကော စေ့စပ်တာ မရဘူးလားချစ်ခွင့် မရှိဘူးလား။

jin-မဟုတ်ပါဘူး ချစ်ခွင့်ရှိပါတယ် စေ့စပ်လို့ရပါတယ်။Chae က ဘာကြောင့် မိန်းကလေးတွေကိုပဲ ကြိုက်တာလဲ။

Chae-မိန်းကလေးတွေကို........။ဟင့်အင်း Chae က မိန်းကလေးတွေကို ကြိုက်တာမဟုတ်ဘူး။Chae ချစ်တဲ့ သူက မိန်းကလေးဖြစ်နေတာ။Chae ချစ်တဲ့သူက Lalisa ဖြစ်နေလို့ပဲ။သူ ဘယ်လိုပဲ ဖြစ်ဖြစ် Chae က ချစ်မှာ။ကုန်ကုန်ပြောရရင် Lili နဲ့ Chae အကြောင်း တခုခုကြောင့် ဘဝခြား သွားခဲ့ရင်တောင်မှ Chae က ချစ်နေအုံးမှာ။

Jin-အော်......။

* ကျွန်တော် သိလိုက်ပါပြီ။Chae ရဲ့ နှလုံးသားထဲမှာ ကျွန်တော့် အတွက် နေရာမရှိဘူး ဆိုတာ။ငယ်ငယ်လေးတည်းက တိတ်တခိုး ချစ်ခဲ့ရတဲ့ ကောင်မလေး ရဲ့ နှလုံးသားကို ကျွန်တော်နဲ့ အမြဲ ရန်ဖြစ်နေကျ ကျွန်တော့်ကို အမြဲ အနိုင်ယူနေကျ ခပ်ဆိုးဆိုး ကောင်မလေး တယောက်က အပိုင်သိမ်းသွားခဲ့ပြီ။ကျွန်တော့်ကို သူ နိုင်ပြန်ပြီ ဒီတခါ သူနိုင်တာကကျွန်တော့်ကို တစ်ဘဝလုံးစာ တစ်သက်လုံးစာ နိုင်သွားတာ*

Chae-Oppa ပြောစရာမရှိတော့ရင် Chae သွားတော့ မယ်နော်။

Jin-အင်း။ဒါနဲ့ စကားမစပ်......

Chae-ဟုတ်

Jin-ဗိုလ်မှူးကကော Chae ကို ချစ်ရဲ့လား။

Chae-ဟုတ် သူက Chae ကို ချစ်ပါတယ်။

*သူငယ်ချင်း လို ညီအမ လိုပေါ့*

Jin-အော် ဟုတ်လား။ဗိုလ်မှူး နဲ့ Chae က တကယ်လိုက်ဖက်တဲ့ နေ နဲ့ လ ၊ ရွှေ နဲ့ မြ စုံတွဲပါ။

Chae-ဟုတ် သွားခွင့်ပြုပါအုံး။

Jin-ဟုတ်ကဲ့ပါဗျ။

Chae လည်း ထိုနေရာကနေ ချက်ချင်းပဲ ထထွက်လာ လိုက်မိတော့သည်။

* သူငယ်ချင်းလို ညီအမလို ဆိုတဲ့ စကားကိုတော့ Oppa မကြားအောင် Chae စိတ်ထဲကနေပဲ ပြောလိုက်မိ ပါတယ်။Lili ရဲ့ ဂုဏ်သိက္ခာအတွက်ပေါ့။တကယ်မချစ်ဘဲ မိန်းကလေးတယောက်ကို စေ့စပ်တဲ့သူလို့ Lili ကို သူများတွေပြောမှာ Chae မလိုလားပါ။ဒါကြေညင့် အဲ့လိုပြောလိုက်တာ။တကယ်လည်း Chae ပြောသလိုပဲလေ။Lili က သူ့ရဲ့ နှလုံးသား နဲ့ အချစ်တွေ အားလုံးကို Ruby ဆီ ပေးထားပြီးပြီပဲ။Chae က Lili ကို ရဖို့ ပြိုင်ရတဲ့ ပြိုင်ပွဲမှာ မစခင်တည်းကရှုံးထားပြီးသား သူပါ။ချစ်ရတဲ့သူနဲ့ စေ့စပ်ရမှာတောင် မပျော်ရွှင်နိုင်တဲ့ ဘ၀ ပျော်ရွှင်ခွင့်မရှိတဲ့ ဘဝကြီးကို Chae မုန်းလိုက်တာ။*

~~~~~~~~~~~~~~~~~~~~~~~~

Date of engagement

Ji-မငိုနဲ့တော့လေ Ruby ရယ်။အစတည်းက နင်မစေ့စပ်ချင်ရင် ငြင်းလိုက်ရမှာလေဟယ် ခုကျမှ နင်က ဒီလိုကြီး ငိုနေတော့ ငါက ဘာလုပ်ပေးရမလဲ မသိတော့ဘူး။နင့်ပဲ ငါက ကားတင်ပြေးရမလား ငါတကယ် စဉ်းစားရကျပ်နေပြီ။

Ruby-ဘာမှလုပ်လို့မှ မရတာကို။စဉ်းစားမနေနဲ့😢

Ji-အဲ့တာဆို နင် မငိုနဲ့လေဟယ်။

Ruby-ကိုယ်ချစ်တဲ့ သူနဲ့ မဟုတ်ဘဲ တခြား တယောက်နဲ့စေ့စပ်ရမှာကို ငါက မငိုဘဲ ပြုံးပျော်နေရမှာလား။

Ji-မဟုတ်ပါဘူးဟယ် ဒါပေမယ့် နင်ငိုနေတော့ ငါမနေနိုင်ဘူးလေဟာ။အဲ့တော့ နင် ဘာဆက်လုပ်မယ် စိတ်ကူးလဲ။

Ruby-ဘာဆက်လုပ် လို့ရမှာလဲဟ။ငါ ခင်းတဲ့လမ်း ငါကိုယ်တိုင်ပဲ ဆက်လျှောက်ရမှာပေါ့။

Ji-နင်တို့ ၂ ယောက်နဲ့လည်း စိတ်ညစ်လိုက်တာ Ruby ရယ်။ချစ်ရဲ့သားနဲ့ မာနတွေကြီးနေကြတယ်။

Ruby-အဟက်.....ချစ်ရဲ့သားနဲ့....? မာနကြီးတယ်....?ဟုတ်လား။သူကငါ့ကို ချစ်လား မချစ်လား မသေချာပေမယ့်မာနကြီးတာကတော့ ငါမဟုတ်တာ သေချာတယ် Jiji။

Ji-ငါလည်း ဘာပြောရမှန်းကို မသိတော့ပါဘူးဟယ်

Ruby-ဘာမှပြောမနေနဲ့ ငါလည်း မငိုတော့ဘူး။

မျက်ရည်တွေကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်း သုတ်ပြီး Jisoo ကို တန်းပြုံးပြတဲ့ Ruby ကြောင့် ရင်နာနာနဲ့ပဲ jisoo လည်းပြန်ပြုံးပြလိုက်မိသည်။

* ညီမအရင်းလေး တယောက်လို ချစ်ရတဲ့ Ruby ရဲ့ အပြုံးတွေက တကယ်ဖြူစင်လွန်းပါတယ်။ဘယ်တော့မှ အတုအယောင်လည်း မပေါ်နိုင်ဘူးလို့ ယုံကြည်ထားခဲ့တာ လေ။ငယ်ငယ်တည်းက အဲ့အပြုံးလေးကို သိပ်သဘောကျခဲ့လို ညီမလေးရဲ့ အပြုံးတွေကို ဘယ်တော့မှ မပျောက်ကွယ် သွားစေရဘူးလို့ ကတိပေး ခဲ့ဖူးတယ်။ဒါပေမယ့် ခုချိန်မှာတော့ သူ့အပြုံးတွေက အတုအယောင်တွေမှန်းသိလျက် နဲ့ နောက်ပိုင်းမှာ သူအပြုံးတွေ ပျောက်ကွယ်သွားတော့မှာ သိလျက်နဲ့ ဘာမှ မလုပ်ပေးနိုင်တဲ့ Jiji ကိုယ် jiji ပဲ အပြစ်တင် ချင်ပါတော့တယ်။ခုအချိန်မှာ Ruby ရဲ့ အပြုံးတွေကို အစစ်မှန်ဖြစ်အောင် ပြန်အသက်ဝင်လာအောင် လုပ်နိုင်တဲ့နည်းလေးများ ရှိရင်လေ Jiji ဘာပဲ ပေးဆပ်ရ ပေးဆပ်ရ အစွမ်းကုန်ကြိုးစားပေး မိမှာပါ*

* နောက်ဆုံး တစ်ကြိမ်လောက်ဖြစ်ဖြစ် လီ့ ကို Unnie တွေ့ချင်မိသေးတယ် လီ ရယ်။ဒါပေမယ့် လီ နဲ့ Chae လေးတို့ စေ့စပ်မှာကို ကြည့်နိုင်လောက်တဲ့ သတ္တိမျိုး ခံနိုင်ရည်မျိုး Unnie မှာ မရှိဘူးရယ်။Unnie မချစ်တတ်တဲ့ သူနဲ့ စေ့စပ်လိုက်ရလို့ လက်ထပ်လိုက်ရလို့ Unnie မပျော်ရွှင်ရပေမယ့်လီ ချစ်တဲ့သူနဲ့ စေ့စပ်လိုက်ရလို့ လက်ထပ်လိုက်ရလို့ လီ ပျော်တယ်ဆို Unnie တကယ် ကျေနပ်ပါတယ်။ဒီဘဝမှာ လီ နဲ့ Unnie ရဲ့ ဖူးစာက မဆုံနိုင်တော့ဘူး ဆိုတော့ နောက်ဘဝဆိုတာများ ရှိခဲ့ရင် Unnie လေ လီ့ကိုပဲ ချစ်ခွင့်ရပြီး လီ နဲ့ပဲ လက်ထပ်ချင်ပါတယ်။လီ နဲ့ Unnie ကြားမှာ ဘာ အတားအဆီး အဟန့်အတားမှ မရှိတဲ့ ဘ၀ ကိုပဲ Unnie လိုချင်ပါတော့တယ် လီရယ်.....။*

Sa-မမ နဲ့ Jiji ........

အတွေးကိုယ်စီနဲ့ တိတ်ဆိတ်နေတဲ့ Jiji နဲ့ Ruby တို့ရဲ့ကမ္ဘာငယ်လေးကို Sana ရဲ့ ချိုမြမြ ခေါ်သံလေးက သက်ဝင်လှုပ်ရှား စေခဲ့တော့သည်။

Ji-ဘာကိစ္စရှိလို့လဲ Sa။

Sa-ဖေဖေ က အောက်ထပ်မှာ Kai Oppa တို့ မိသားစု နဲ့ဧည့်သည်တွေ ရောက်နေပြီမလို့ Jiji က မမ ကို ခေါ်ပြီးအောက်ထပ်ကို ဆင်းလာခဲ့ ကြတော့တဲ့😔

မျက်ဝန်းထဲအိမ် အထဲက ပုလဲလုံးလေးလို မျက်ရည်စလေးများ နဲ့ ပင်ကိုယ်အသံ ချိုမြမြလေးမှာ ဝမ်းနည်းစွာ ထွက်ပေါ်လာတဲ့ ခပ်ရှရှ အက်ကွဲသံ ကြေကွဲသံလေးတွေ ရောနှောနေတဲ့ Sana ရဲ့ အသံလေးကို မြင်ရ ကြားရခြင်းဖြင့် အမဖြစ်သူ Ruby ရဲ့ အချစ်ရေးအတွက် Sana ဘယ်လောက် ဝမ်းနည်းနေလဲ သိသာလွန်းလှသည်။

Ruby-အင်း မမ တို့ အခုပဲ လာခဲ့မယ် Sa လေး သွားနှင့်လေ

Sa-ဟုတ်ကဲ့ မမ။

Sana လည်း Ruby စကားအတိုင်း အခန်းတံခါးလေးကို ပိတ်ကာ သူမ အရင်ထွက်သွားတော့လေသည်။

Ruby-ကဲ ထ Jiji သွားကြစို့။

* အလှဆုံးပြုံးပြကာ Jiji ကို လက်ကမ်းပေးနေတဲ့ Ruby ရဲ့အပြုံးကြောင့် Jiji ရင်ထဲ နာကျင်ရလွန်းလှပါတယ်။ဘာကြောင့်များ Ruby ကျမှ ဒီလို ကံကြမ္မာနဲ့ ကြုံတွေ့ရတာလဲ ဒီလို အချစ်ရေးနဲ့ ကြုံတွေ့ရတာလဲလို့ ကံကြမ္မာ နတ်ဘုရားဆိုသူ နဲ့ အချစ်နတ်ဘုရား ဆိုသူတို့ကိုသာ Jiji လက်သီးနဲ့ ထိုး...ထိုးပြီးသာ မေးချင်ပါတော့တယ်။ဘာလို့ ဒီလောက်ဖြူစင်တဲ့ ကလေးကိုမှ ဒီလိုလုပ်ရတာလဲ ဆိုပြီးတော့ပေါ့ *

Ruby-ဘာတွေ တွေးနေတာလဲ Jiji။သွားကြမယ်လေ။

Ji-အင်း သွားကြတာပေါ့။

Jiji လည်း Ruby ရဲ့ ကမ်းထားတဲ့ လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ကာ ထိုနေရာက ထပြီး အောက်ထပ်ကို ဦးတည်လိုက်တော့သည်။

* နင် အဆင်မပြေတာ သိပေမယ့် နင် အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ် Ruby ရယ်*

~~~~~~~~~~~~~~~~~~~~~~~~~

Li-Tzuyu ရေ Chae ကို အောက်မှာ လူကြီးတွေနဲ့ ဧည့်သည်တွေ ရောက်နေပြီမလို့ အမြန်ဆင်း လာခဲ့တော့လို့ သွားပြောပေးပါ။

ဧည့်ခန်းထဲမှာ ဧည့်သည်တွေ ရောက်နေပြီမလို့ ဧည့်ခန်းအပြင်မှာ စောင့်နေတဲ့ Lisa က Chae ကို သွားခေါ်ခိုင်းလိုက်ခြင်းဖြစ်သည်။

Tzu-တကယ်ပဲ ဒီလိုလုပ်တော့မှာလား။

Li-ဘာကိုလဲ Tzuyu ရဲ့

Tzu-ဘာလို့ Unnie ကိုယ့်နှလုံးသားကို ကိုယ် ညဉ်းဆဲရ တာလဲ။ဘာလို့ Ruby Unnie နဲ့ Chae Unnie ရဲ့ နှလုံးသားတွေကို ညှဉ်းဆဲရတာလဲ။jiji Unnie ကို Unnie အားမနာဘူးလား။

Li-ဘာလို့ Unnie က ကိုယ့်နှလုံးသားကိုကော Ruby နဲ့ Chae ရဲ့ နှလုံးသားကို ညှဉ်းဆဲနေတယ်လို့ Tzuyu က ထင်နေရတာလဲ။

Tzu-Ruby Unnie ကို Unnie မချစ်ဘူးလား။Tzu ရဲ့ မျက်လုံးကို သေချာကြည့်ဖြေပါ။

Li-Ruby ကို Unnie မချစ်ဘူး။

Lisa မချစ်ဘူးလို့ ဖြေခဲ့ပေမယ့် Tzuyu ရဲ့ မျက်လုံးကိုတော့ကြည့်မဖြေခဲ့မိပါ မဖြေမိတာ ဆိုတာထက် မဖြေရဲတာလို့ ပြောရင် ပို မှန်လိမ့်မယ် ထင်ပါတယ်။

Tzu-Unnie လိမ်တာ။Unnie က ကိုယ့်နှလုံးသားကို ကိုယ့်ဘာသာပြန်လိမ်နေတာ။

Li-Unnie တကယ်ပြောနေတာ။

Tzu-ထားလိုက်ပါတော့ Unnie ရယ်။အိပ်ချင်ယောင်ဆောင် တဲ့သူက ပိုပြီး နှိုးရခက်ပါတယ်။Unnie ကိုယ့်ဘာသာ နှိပ်စက်တာ ကိစ္စမရှိပေမယ့် Ruby Unnie နဲ့ Chae Unnie ကိုတော့ Tzu တကယ်သနားတယ်။

Li-Ruby ကို ခနထား ဘာကိစ္စ Chae ကိုသနားတယ်ပြောနေရတာလဲ Tzuyu။Chae ကိုယ်တိုင် Unnie နဲ့ စေ့စပ်တဲ့ကိစ္စကို လက်ခံပါတယ် ပြောခဲ့တာ။

Tzu-Unnie ဘာလုပ်လုပ် Chae Unnie ကတော့ လက်ခံမှာပဲလေ ဒါပေမယ့် ကိုယ်နဲ့ စေ့စပ်မဲ့ သူ ၊ လက်ထပ်မဲ့သူက တခြား တယောက်ကို ချစ်နေတာကို သိလျက်နဲ့ လက်ထပ်ရမဲ့ Chae Unnie နေရာကို နည်းနည်းလောက် ဝင်ခံစားကြည့်ပါလား။

Li-ခုချိန်မှတော့ ဘာမှလုပ်လို့ မရတော့ဘူး Tzuyu။သွားအခု Chae ကို သွားခေါ်လိုက်ပါတော့။

Tzu-Unnie ဒါပေမယ့်......

Li-ဒါ အမိန့်ပဲ Tzuyu။

Tzu-အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ် ဗိုလ်မှူး။

Tzuyu လည်း ဝမ်းနည်းသံပေါက်နေတဲ့ အသံလေးကို စစ်တပ်လေသံပေါက်အောင် ပြောပြီး Lisa ကို အလေးပြုကာစစ်တပ်ပုံစံအတိုင်း နောက်လှည့်ကာ Chae ဆီကို သာ သွားလိုက်တော့သည်။

~~~~~~~~~~~~~~~~~~~~

Mi-ဆေးဗိုလ်ကြီးရယ် ဘာလို့ မျက်ရည်တွေကျ နေတာလဲ။စေ့စပ်ပွဲမှာ မလှပဲနေတော့မယ်။

Son Chae-ဟာ....မမ Mi ကလည်း....မမ Mi ဘာသိလို့လဲ။အဲ့တာ ပျော်လို့ ဝမ်းသာလို့ ကျတဲ့ မျက်ရည် ပီတိ မျက်ရည်လို့ ခေါ်တယ်။

Mi-မင်းကလေ လူပုသလောက် သိပ်လျှာရှည်တာပဲ။ဒို့က မင်းထက် အကြီးပါ မင်းထက်အရင် ထမင်းစားလာတာ ဒို့သိတယ်။

Son Chae-မမ Mi မသိပါဘူး။Son Chae ပြောပြမှ သိတာပါ။ဘာပဲဖြစ်ဖြစ် ဆေးဗိုလ်ကြီး မျက်ရည်ကျတာ ပျော်လို့ပါ ဟုတ်တယ်မလား ဆေးဗိုလ်ကြီး။

Chae-ဒီတိုင်းပါ....။

Mi-ဟေ့.....မင်းနော်။

Mina ကတော့ Son Chae  တယောက် သူ့ကို မထိတထိစနေတာမလို့ ထုံးစံအတိုင်း နှုတ်ခမ်းလေးကို တစ်ခြမ်းဖိကိုက်ကာ သူ့လက်သီးသေးသေးလေးကို ထောင်ပြကာ Son Chae ကို စိတ်ဆိုးချင်ယောင်ဆောင် နေလေရဲ့။

* Son Chae ပြောတဲ့ စကားကို Chae လက်လည်းမခံခဲ့သလို ငြင်းလည်းမငြင်းခဲ့ပါ။ဘာလို့ဆို Chae ကိုယ်တိုင်လည်း ဘာကြောင့် မျက်ရည်ကျနေမိမှန်း မသိတာကြောင့်ပါ။အမှန်ဆို Lili နဲ့ စေ့စပ်ရမယ် လက်ထပ်ရမယ်ဆိုတာဟာ Chae ရဲ့ အိမ်မက် Chae ဘဝရဲ့ ပျော်စရာပေမယ့် Chae ဘာကြောင့် မပျော်နိုင်ဖြစ်နေတာလဲ ဆိုတာကို Chae ကိုယ်တိုင်လည်း နားမလည်နိုင်တော့ပါ ဒါပေမယ့် သေချာတာကတော့ Chae ရဲ့ ရင်ထဲ တခုခု တင်းကြပ်နေသလို ဖြစ်နေပြီးစေ့စပ်ပွဲ ကိစ္စကို မပျော်နေတာတော့ အမှန်ပါ။*

Tzu-ဗိုလ်မှူး က ဧည့်သည်တွေ နဲ့ လူကြီးတွေ ရောက်လာနေ ပြီမလို့ ဆေးဗိုလ်ကြီး ပြီးရင် လာခဲ့ပါတော့တဲ့။

Chae-အင်း လာပြီ Tzuyu ရေ။

Chae လည်း မတ်တတ်ရပ်လိုက်ပြီး ဝတ်ထားတဲ့ ဂါဝန် လေးကို တစ်ချက် သပ်ကာ အနည်းငယ် တွန့်နေတဲ့ နေရာ လေးတွေကို ကြည့်ကောင်း ရှုကောင်းအောင် ပြန်ပြင်ဆင်ပြီးအောက်ထပ်သို့ ဆင်းလာတော့သည်။Mina နဲ့ Son Chaeတို့ကတော့ Chae နောက်ကနေ  ဘယ်ဘက် တစ်ယောက် ညာဘက် တစ်ယောက် ရံပြီး လိုက်လာတော့သည်။

Chae အောက်ထပ်ကိုရောက်တော့ Lisa က လူကြီးတွေ နဲ့ ဧည့်သည်တွေကို ဧည့်ခံကာ စကားပြောနေလေသည်။

Tzu-မမလေး Chae ရောက်ပါပြီ သူဌေး။

တပ်ရင်းက လူတွေတင်မဟုတ်ဘဲ တခြားလူကြီးတွေ ရပ်မိရပ်ဖ တွေနဲ့ ဧည့်သည်တွေပါ ရှိတာကြောင့် အားလုံးကLisa ကို သူဌေး လို့သာခေါ်ကြသည်။

Tzuyu ရဲ့ အသံကြောင့် အားလုံးရဲ့ အကြည့်ဟာ Chae ဝင်လာတဲ့ ဧည့်ခန်း တံခါးဝကို ရောက်သွားတော့သည်။ပန်းရောင်အကျီ ပေါ့ပေါ့ပါးပါးလေးကို ဝတ်ထားပေမယ့် Chae ရဲ့ အလှနဲ့ ကိုယ်ရောင်ကိုယ်ဝါကြောင့် အတော်ပင် လှလွန်းလှသည်။အမှန်တိုင်းဆိုရလျှင် Chae ရဲ့ အလှမှာ Lisa ပါ မျောသွားပြီး အချိန်အတော်ကြာ Chae ကို စိုက်ကြည့်နေမိတော့သည်။

(Chae ဝတ်ထားတာလေးက ဒီလိုလေးလို့ မြင်ပေးပါနော်)

Man1-သူဌေးမလေးရယ် အဆိုတော်မလေးကို ဖြေးဖြေးကြည့်လည်း ရပါတယ် မကြာခင်လည်း လက်ထပ်ပြီး သူဌေးမလေး အပိုင် ဖြစ်တော့မှာကို အဲ့ကျမှ အဝကြည့်။ခုတော့ စေ့စပ်ပွဲလေး စ လိုက်ကြရအောင်လား။

All-ဟား....ဟား....ဟား

Li-ဟာ.....ငေးနေတာ မဟုတ်ရပါဘူး

Chae ကို ငေးကြည့်နေတဲ့ Lisa ကို ပွဲမှာရှိတဲ့ လူကြီးတစ်ဦးက စလိုက်တာမလို့ ဧည့်ခန်းထဲမှာ ရှိတဲ့သူတွေ အားလုံးပွဲကျ သွားကြပေမယ့် Tzuyu နဲ့ Chae ကတော့ မရီနိုင်ခဲ့ပေLisa ကတော့ ငေးနေတာ မဟုတ်ကြောင်း ပြောပြပြီး ရှက်ပြုံးလေးသာ ပြုံးနေလိုက်တော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

စေ့စပ်ပွဲ တခုလုံးမှာ သတို့သမီးလောင်း နဲ့ သတို့သမီးရှင်ဘက်က လူတွေရဲ့ အသံကို လုံးဝကို မကြားရဘဲ။သတို့သား လောင်းဖြစ်သူ Kai နဲ့ Kai ရဲ့ အဖေတို့ ရဲ့ ခပ်မြူးမြူး အော်ကျယ်ကျယ် အသံကသာ စေ့စပ်ပွဲလုပ်တဲ့ Ruby တို့ အိမ်ရဲ့ ဧည့်ခန်း တခုလုံးကို ဖုံးလွှမ်းနေလေရဲ့။

သူတို့ကြည့်ရတာ Ruby ကို ရတော့မှာကို အတော်ပျော်နေပုံရတယ်။Kai ပျော်နေတာကို နားလည်ပေမယ့် Kai ရဲ့ အဖေ အတော်ပျော်နေတာကိုတော့ ဘာကြောင့်လဲဆိုတာ စဉ်းစားမရပါ။တခါတခါ ကြည့်ရတာ Kai ထက်တောင် Kai ရဲ့ အဖေကပိုပျော်နေပုံရတယ်။

လူတွေ အားလုံးစုံနေပြီမလို့ Kai ရဲ့ အဖေ လည်း စကားစပြောရန် ချောင်းဟန့်လိုက်တော့သည်။

Kai's Appa-အဟမ်း.....။ကျွန်တော်တို့ သတို့သား လောင်းဖက်က ဟောဒီက ဗိုလ်ချုပ်ကြီး Mr,MinatozakiRuby ရဲ့ သမီး အကြီး Miss,Minatozaki Ruby Jane ကို စိန် နှစ် ဆင်စာ ၊ ပတ္တမြား တစ် ဆင်စာ ၊ ကိုရီးယားဝမ် သိန်း ၂၀ ၊ စေ့စပ်ပွဲ နဲ့ မင်္ဂလာဆောင် စရိတ် အားလုံး ၊အိမ် တစ်လုံး ကား နှစ်စီး နဲ့ မင်္ဂလာခန်းဝင်အတွက် လိုအပ်တဲ့စရိတ် အားလုံးနဲ့ တင်တောင်းပါတယ်။

Woman 1-ဟမ် တင်တောင်းကြေးက များလိုက်တာနော်Minatozaki မိသားစုကတော့ သမက် ရအတော်ကံကောင်းတာပဲနော်(Whisper)

Woman 2-ဟုတ်ပါ့ ဒါတောင် ပထမ သတို့သမီးဘက်ကသတို့သားကို ငြင်းသေးတယ်တဲ့ ဒီလို ဥစ္စာပေါ ရုပ်ချော ပညာတတ်ကို ငြင်းသေးတဲ့ Ruby Jane ဆိုတဲ့ တယောက်ကသပ်သပ်မဲ့ အခြောက်တိုက် ဘဝင်မြင့် နေတာပါအေ။ ကောင်လေးက အတော်ချစ်လို့သာ မရမက ကြိုးစားတာတဲ့ Ruby Jane ဆိုတဲ့ တယောက်က တမင်မူပြနေတာပါအေ။(Whisper)

တစ်သက်မှာ တခါ မကြုံစဖူး မကြာစဖူး ကြုံရ ကြားရတဲ့ များပြားလွန်းလှတဲ့ တင်တောင်းကြေးကြောင့် မိန်းမတို့သဘာ၀ တိုးတိုး တိုးတိုး ကြိတ်ကြိတ် ကြိတ်ကြိတ် အတင်းပြော ကြတာ မဆန်းပေမယ့် သပ်သပ်မဲ့ကြီး Ruby ကို လာထိခိုက်နေတာကြောင့် ထ ပြောမယ် လုပ်တဲ့ jiji ကို Ruby လက်ဆွဲကာ မနဲတားလိုက်ရတော့သည်။

အခြေအနေကို အကဲခတ်မိတဲ့ လူကြီး တယောက်က အခြေအနေတွေ ထပ်မတင်းမာခင် စေ့စပ်ပွဲကို ဆက်လက်ကျင်းပဖို့ ပြင်လိုက်တော့သည်။

Man-သတို့သားလောင်း ရဲ့ ဘက်က တင်တောင်းတဲ့ ကြေးကို ပြောပြီးပြီမလို့ သတိုးသမီးလောင်း ဘက်က လိုအပ်တာလိုချင်တာ ရှိရင် ထပ်မံ ပြောဆို တောင်းဆိုနိုင်ပါတယ်။

Mr,Ruby-တင်တောင်းတဲ့ ကြေးကလည်း အတော်များတဲ့အပြင် လိုအပ်မှုမရှိအောင် အားလုံး စီစဉ်ဆောင်ရွက်ပေးထားတာမလို့ ထပ်တောင်းဆိုစရာမလိုတော့ပါဘူးဗျ။

Man-ဟုတ်ကဲ့ ဒါဆို စေ့စပ် လက်စွပ်လဲပြီး စေ့စပ်ပွဲကို အောင်မြင်စွာ ပြီးဆုံးလိုက်ရအောင်ဗျ။

ထိုလူရဲ့ စကားဆုံးတာနဲ့ Kai က လက်စွပ်ဘူးထဲက စိန်လက်စွပ်လေးကို ထုတ်ကာ Ruby ရဲ့ ဘယ်ဘက်လက်လက်သန်းကြွယ်လေးကို စွပ်ပေးလိုက်တော့သည်။Ruby လည်း မဖြစ်မနေမလို့ လက်စွပ်ဘူးထဲက စိန်လက်စွပ် ကို ထုတ်ကာ Kai ရဲ့ ဘယ်ဘက်လက် သန်းကြွယ်မှာ စွပ်ပေးလိုက်တော့သည်။

Man-သား Kai နဲ့ သမီး Ruby တို့ ရဲ့ လက်ထပ်ပွဲ အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာအပ်ပါသည်။

All-👏👏👏👏

~~~~~~~~~~~~~~~~~~~~~~~~~~

သဘာပတိ လုပ်ပေးတဲ့ လူကြီးတယောက် ရဲ့ စကား အဆုံးမှာLisa က Chae ရဲ့ ဘယ်ဘက် လက်လေးကို ဆွဲကာ လက်သန်းကြွယ်မှာ ရွှေလက်စွပ်လေး စွပ်ပေးလိုက်တော့သည်။Chae လည်း ပြန်ပြုံးပြကာ Lisa ရဲ့ ဘယ်ဘက် လက်သန်းကြွယ်ကို ကျန်နေသေးတဲ့ ရွှေလက်စွပ်လေးကို စွပ်ပေးလိုက်တော့သည်။

Man1-ရွှေဝါရောင်မြေ ရဲ့ သူဌေးမလေး Lalisa နဲ့ အဆိုတော်မလေး Rosé တို့ရဲ့ စေ့စပ်ပွဲ အောင်မြင်စွာ ပြီးမြောက်သွားပါပြီ။

'' ရွှီ....ရွှီ...ဖြောင်း👏....ဖြောင်း👏´´

တပ်ရင်းက တပ်သားတွေ ရဲ့ လက်ခေါက်မှုတ်သံ လက်ခုပ်သံတွေ နဲ့ ဧည့်သည်တွေရဲ့ လက်ခုပ်သံတွေက တပ်ရင်း တခုလုံးဆူညံသွားတော့သည်။တပ်ရင်း တခုလုံး လက်ခုပ်တီးနေကြပေမယ့် Tzuyu ကတော့ လုံး၀ လက်ခုပ်မတီးခဲ့ဘူးဆိုတာ ဘယ်သူမှ မသိခဲ့ကြပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~

စေ့စပ်ပွဲပြီးတည်းက အနားက တကောက်ကောက် လိုက်ကပ်နေတဲ့ Kai ကြောင့် နောက်ဆုံးတော့ Ruby လည်း Jiji လက်ကို ဆွဲကာ သူမ အခန်းထဲ ဝင်ပြီး တံခါးကို လော့ချထားကာ နေလိုက်တော့သည်။

Kai တို့ သားအဖ မပြန်မချင်း ထမင်းလည်းထွက်မစားသလိုထမင်းလာပို့တာကိုလည်း တံခါးဖွင့်မပေးပါ။Kai တို့တွေ ပြန်သွားပြီ ဆိုကာမှ အောက်ကို ဆင်းသွားတော့သည်။Ruby အခန်းထဲက ထွက်တဲ့ အချိန်မှာ Jiji တယောက်ကတော့ ဗိုက်ဆာလို့ အူတောင်လှိမ့်နေပြီ ဖြစ်သည်။

Ruby-လက်ထပ်ပွဲမတိုင်ခင်အထိ ဒီပုံအတိုင်းပဲ သွားရမယ်ထင်တယ်။

Ji-ဘာ....နေ့တိုင်းအစာလွန်ရင်တော့ ငါ သေနိုင်တယ်နော်Ruby။

Ruby-ဟာ....နောက်နေ့တွေကျ အခန်းထဲမှာ မုန့်အပြည့်ထည့်ထားမှာပေါ့။

Ji-အော် ဒါဆိုရင်တော့ မဆိုးဘူး။နင် လက်မထပ်ရသေးခင်Kai ကို ရှောင်နေတာတော့ ဟုတ်ပါပြီ။လက်ထပ်ပြီးရင် နင်ဘယ်လို ရှောင်မလဲ

Ruby-မကြားချင်ဖူးဟာ အဲ့အချိန်ရောက်မှ အဆင်ပြေသလိုမီးစင် ကြည့်ကမယ် အခုတော့ သူ့ကို ငါ့နားကိူ အကပ်မခံနိုင်ဘူးဟယ် ရှင်းလား။

ပြောပြီး ဆောင့်ကာ အောင့်ကာ ထွက်သွားတဲ့ လူပုစိတ်တိုနောက်ကို jiji ဗိုက်ဆာဆာနဲ့သာ အမြန်ပြေးလိုက်ရပါတော့သည်။

~~~~~~~~~~~~~~~~~~~~~~~~~စေ့စပ်ပွဲ ပြီးကတည်းက တပ်ရင်းက လူတွေ ဘာဖြစ်နေတယ်မသိ Lisa နဲ့ Chae ကိုသာ အရိပ်တကြည့်ကြည့် လိုက်ကြည့်ပြီး ပြုံးစိ ပြုံးစိ ဖြစ်နေကြတော့သည်။ ဘာဖြစ်တာလဲ မေးတော့လည်း ဘယ်သူမှ မဖြေကြ။Lisaနဲ့ Chae ကို တွဲတွေ့ရင်ပင် သူတို့မျက်နှာတွေက မှိုရသလိုပြုံးဖြီးနေကြတာမလို့ နောက်ဆုံးတော့ အကြောင်းအရင်းကိုသိရရန် Lisa ကော Chae ပါ Son Chae ကို ဂုတ်ကနေအမိဆွဲကာ မေးရတော့သည်။

Li-ငါ မေးပါအုံးမယ် တပ်ရင်းထဲက လူတွေ ငါတို့ ၂ ယောက် ကို ကြည့်ပြီး ဘာလို့ ပြုံးစိ ပြုံးစီ ဖြစ်နေကြတာလဲ။

Son Chae-အော် ဒါက ဒီလို ရှိတယ် ဗိုလ်မှူးရဲ့

Chae-ငါ လုပ်လိုက်လို့ ဒီထက်ပိုပု သွားတော့မယ်။ပြောစရာရှိတာ ပြောစမ်းပါ လာပြီး ဈေးကိုင်နေသေးတယ်။

Son Chae-အရပ်တော့ မထိပါနဲ့ ဆေးဗိုလ်ကြီးရယ်။ပြောပြပါ့မယ်။တကယ်က ဆေးဗိုလ်ကြီးတို့ ၂ ယောက်က မနက်ကမှစေ့စပ်ပြီးတာမလို့လေ ဆေးဗိုလ်ကြီးတို့ အတွဲကို Chaelisaလို့ နာမည်ပေးထားပြီး ဆေးဗိုလ်ကြီးတို့ အတွဲ ဘယ်လိုတွေ Romantic ဖြစ်ကြမလဲဆိုတာကို စောင့်ကြည့်နေကြတာပါ။တပ်ရင်း တခုလုံးက တစ်ကိုယ်တည်း သမားတွေ ချည်းပဲမလို့ဗိုလ်မှူးတို့ အတွဲ ဘာလုပ်လုပ် သူတို့ မျက်လုံးထဲ Romantic ဖြစ်နေတာမလို့ ပြုံးစိစိ ဖြစ်နေကြတာပါ။

Li-အော် အဲ့လိုလား

Son Chae-ဟုတ်ပါတယ် ဗိုလ်မှူး။

Li-အင်း သွားတော့ လုပ်စရာ ရှိတာ လုပ်တော့

Son Chae-ဟုတ်ကဲ့ ဗိုလ်မှူး။အလေးပြုပါတယ်။

Li-အေးအေး

Son Chae ရှင်းပြလို့ သိလိုက်ရပေမယ့် အမြဲတမ်း သူတို့ ၂ ယောက်ကို ကြည့်ကာ ပြုံးစိစိ ဖြစ်နေကျတဲ့ တပ်ရင်းက လူတွေကြောင့် Lisa တို့ ၂ ယောက်မှာ အနေခက်လွန်းလို့၂ ယောက် လမ်းတောင် ယှဉ်မလျှောက်ရဲကြတော့ပါ။စေ့စပ်ပြီးမှ လမ်းတောင် ယှဉ်မလျှောက်ရဲတဲ့ ဘဝရောက်သွားတဲ့ သူတို့ နာမည်ပေးထားတဲ့ Chaelisa အတွဲရယ်ပါ။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

စာများများလေးရေးထားတာမလို့ ပုံမှန်ထက် တစ်ရက် နောက်ကျ သွားတာ ခွင့်လွှတ်ကြပါ။ပြန်မစစ်ထားတာမလို့ စာလုံးပေါင်း အမှားပါရင် သည်းခံပေးပါနော်။စေ့စပ်ပွဲ ၂ ပွဲကတော့အောင်မြင်စွာ ပြီးသွားပါပြီ။ ချောင်းမရိုက်ဘူးမလား👀

Readers တို့ကိုအရမ်းချစ်ပါတယ်Readers တွေကို အရမ်းချစ်တဲ့ Tu Nhai Kha#

There are no comments yet. Log in to be the first to leave a review!

Similar stories