Fanfics

20💛

13:06, 11 August 2021

Love and Loyaltyအခ်စ္ နဲ႔ သစၥာ

For ZG😍

Lisa ဒဏ္ရာ ရလာတာမို႔ Chae လည္း ေ႐ႊဝါေရာင္ေျမ သို႔သာ ေမာင္းနွင္လာလိုက္သည္။ေ႐ႊဝါေရာင္ေျမရဲ႕ ၿခံ၀န္းထဲကိုအရွိန္ျပင္းစြာ ခ်ိဳးေကြ႕လာတဲ့ ကားတစ္စီးေၾကာင့္ ေ႐ႊဝါေရာင္ေျမ ၿခံ၀န္းထဲကလူေတြ လန္႔ျဖတ္သြားၿပီး ကားရွိရာကိုလာေတာ့ ကား တံခါးကို ေဆာင့္ဖြင့္ၿပီး Chae ကထြက္လာေတာ့အားလံုးက ကိုယ္ရွိန္သတ္သြားၾကသည္။

Chae-မင္းတို႔ သူေဌး ဒဏ္ရာရလာတယ္ ခြဲစိတ္ဖို႔ အသင့္ျပင္MoMo နဲ႔ Mina ကိုပါ ခြဲစိတ္ခန္းထဲ လႊတ္လိုက္။

Staffs-ဟုတ္ မမေလး

Chae နားကို ဆာဂ်င္ Yeol က ေျပးလာၿပီး Chae ကိုေမးေလသည္။

Yeol-သူေဌး ဘာျဖစ္တာလဲ မမေလး။

Chae-က်ည္မွန္တာ

Yeol-ဗ်ာ

Chae လည္း ဆာဂ်င္ Yeol ကို စကားျမန္ျမန္ေျပာၿပီး  ကားေနာက္ခန္း တံခါးကို ဖြင့္ကာ Ruby ေပၚမွာ အေပၚပိုင္းေရာက္ ေနၿပီး Sana ေပၚမွာ ေအာက္ပိုင္းေရာက္ေနတဲ့ Lisaရဲ႕ ခႏၶာကိုယ္ကို ဆြဲထုတ္ကာ ခ်ီေခၚသြားဖို႔ျပင္ေတာ့ သူမရဲ႕လက္ကို လွမ္းဆြဲထားတဲ့ လက္တစံုကို လွည့္ၾကည့္လိုက္ေတာ့ ဆြဲထားတဲ့သူက Ruby ရယ္ပါ။

Chae-Ruby ဘာလုပ္တာလဲ။အခ်ိန္မွီ မကယ္ရင္ Liliေသြးထြက္လြန္ၿပီး ေသလိမ့္မယ္။

Ruby-အခ်ိန္မွီကယ္ဖို႔ဆို ေဆးရံုကို သြားရမွာေလ ဘာကိစၥဒီကို ေမာင္းလာရတာလဲ။

Chae-မင္းက Lili အေၾကာင္း ဘယ္ေလာက္သိလို႔လဲ။Liliက ဘယ္ေတာ့မွ ေဆးရံု ေဆးခန္းမသြားဘူး

Ruby-ခုဟာက ရိုးရိုးတန္းတန္း ဖ်ားတာနာတာမဟုတ္ဘူးက်ည္ထိတာ ခြဲစိတ္ရမွာ ဆရာ၀န္မရိွတဲ့ ဒီေနရာ ေဆးပစၥည္းအစံုမရွိတဲ့ ဒီေနရာမွာ ဘယ္လိုခြဲစိတ္မလဲ။

Chae-မင္းကို ဘယ္သူက ဆရာ၀န္ မရွိဘူးေျပာလဲ။ငါက ဆရာ၀န္ပဲ။

Ruby-ဘာ

Chae-ေအး ေဆးပစၥည္း အစံုအလင္ ရွိမရွိသိခ်င္ရင္ေတာ့ခြဲစိတ္ခန္းသာ လိုက္ၾကည့္ေတာ့။Oppa yeol သူတို႔ခြဲစိတ္ခန္းကို ၾကည့္ခ်င္တယ္ဆိုရင္ လိုက္ပို႔ေပးလိုက္ပါ။ခုေတာ့ ကြၽန္မ သြားၿပီ။

Yeol-ဟုတ္ကဲ့ မမေလး။

ေျပာၿပီး Chae လည္း သတိေမ့ေနတဲ့ Lisa ကိုခ်ီကာ ခြဲစိတ္ခန္းဆီသို႔ ခပ္ျမန္ျမန္သာ ဦးတည္လိုက္သည္။

Ruby ကေတာ့ ထိုေနရာမွာသာ အရုပ္ႀကိဳးပ်က္ ဖင္လိုက္လ်က္ ထိုင္ခ်လိုက္ၿပီး ခ်ံဳးပြဲခ် ငိုခ်လိုက္ေတာ့သည္။Sana နဲ႔ Jisoo က ေတာ့ Ruby ရဲ႕ပခံုးေလး ၂ ဖက္ကို တစ္ဖက္စီဖက္ကာ နွစ္သိမ့္ေပးေနေလသည္။Chanyeol တေယာက္ကေတာ့ ငိုေနတဲ့ မိန္းကေလးေခ်ာေခ်ာေလးရယ္။ငိုေနတဲ့မိန္းကေလးကို နွစ္သထမ့္ေပးေနတဲ့ မိန္းမေခ်ာေလး ၂ေယာက္ရယ္။မိန္းမေခ်ာေလး ၃ ေယာက္ၾကား ဘာလုပ္ရမွန္းမသိလို႔ေခါင္းသာကုတ္ေနမိေတာ့သည္။

Yeol-ဟို...ဟိုေလ မမေလးတို႔ကို ကြၽန္ေတာ္ ခြဲစိတ္ခန္းကိုလိုက္ပို႔ေပးရမလားဟင္

Ruby-ဟုတ္...ဟုတ္ လိုက္ပို႔ေပးပါရွင့္

Yeol-အဲ့တာဆို ဒီဘက္ႂကြပါဗ်။

Ji-ဟုတ္ကဲ့

Ruby ကေတာ့ ေျခေထာက္ေကာ လက္ပါ အားေတြမရွိေတာ့တာမို႔ Ruby ကို Jisoo နဲ႔ Sana က တြဲေခၚေနရသည္။

yeol-ဒီက အမေလး ရလား မသိဘူး။မရရင္ ကြၽန္ေတာ္ထမ္းေခၚေပးမယ့္ သူ ေခၚေပးရမလား ထမ္းစင္နဲ႔ေလ။

Ji-အားေတာ့နားပါတယ္ ဒီက အကိုရယ္။ကြၽန္မကလည္း လက္က်ိဳးထားေတာ့ အရမ္းမသယ္နိုင္ဘူး Sana ကလည္းတေယာက္တည္းမနိုင္ေလာက္ဘူး ကူညီပါအံုး အကိုရယ္။

yeol-ဟုတ္ ခနေလးပါေနာ္ ကြၽန္ေတာ္ လူသြားေခၚလိုက္မယ္

Ji-ဟုတ္ ေက်းဇူးပါ အကို။

*ထမ္းရမဲ့သူက အမ်ိဳးသမီးဆိုေတာ့ ေယာက်ာ္းေလးေတြကိုထမ္းခိုင္းတာမေကာင္းဘူး ထင္တယ္။Mina နဲ႔ MoMo ကလည္း ေဆးဗိုလ္ႀကီးနဲ႔ ခြဲစိတ္ခန္းထဲမွာ။ေအာ္ Tzuyu ရွိတာပဲကို။*

Chanyeol လည္း သူ႔ အေတြးနဲ႔သူ မိန္းကေလးေဆာင္ဘက္ သြားၿပီး မိန္းကေလးေတြထဲက အငယ္ဆံုးေလး Tzuyu ကို ရွာေတာ့ Tzuyu က အ၀တ္ေတြလွန္းေနေလရဲ႕

Yeol-ေဟး Tzuyu

Tzu-ေလးစားပါတယ္ ဆာဂ်င္ Yeol

Yeol-ေအး ေလးစားပါတယ္။ဟိုဘက္နားမွာ ဧည့္သည္ေတြရွိတယ္ Oppa yeol လို႔ပဲေခၚ။

Tzu-Nae

Yeol-ဧည့္သည္ေတြထဲက တေယာက္က လမ္းမေလ်ွာက္နိုင္ေတာ့လို႔ အထိုင္ ထမ္းစင္ေလးနဲ႔ သြားကူေပးလိုက္ပါလား ေနာက္တေယာက္ေခၚၿပီး ဧည့္သည့္ေတြက မိန္းကေလးေတြဆိုေတာ့ ေယာက်ာ္းေလးေတြကို မထမ္းခိုင္းခ်င္လို႔။

Tzu-ဟုတ္ကဲ့ yeol Oppa ခုပဲ သြားလိုက္ပါ့မယ္။

Yeol-Oppa နဲ႔ တခါတည္းလိုက္ခဲ့။

Tzu-ဟုတ္

Tzuyu လည္း အေဆာင္ထဲျပန္၀င္ကာ ေနာက္ထပ္ေကာင္မေလး တေယာက္ကို ေခၚၿပီးထမ္းစင္ေလးကို သူကေရွ႕က မ ၿပီး ေနာက္ထပ္ ေကာင္မေလးကို အေနာက္က မ ခိုင္းၿပီး Chanyeol ေနာက္ကို လိုက္သြားေလသည္။

* Yeol Oppa ေျပာတဲ့ ဧည့္သည္ေတြဆိုတာ ေရွ႕က ၃ ေယာက္ နဲ႔တူတယ္ ေဘးဆံုးက တေယာက္ရဲ႕ေက်ာကို ငါရင္းနွီးေနသလို ျဖစ္ေနရတာပါလိမ့္*

အမွန္ေတာ့ Jisoo တို႔ ၃ ေယာက္က Tzuyu တို႔လာတဲ့ ဘက္ကို ေက်ာေပးထားတာမို႔ Tzuyu က ဘယ္သူေတြလဲဆိုတာ မသိရေပ။သူတို႔ အနားကို ကပ္လာေလ အဲ့တေယာက္ရဲ႕ေက်ာျပင္ေလးကို ရင္းနွီးသလို ခံစားရေလမို႔ Tzuyu မွာMinatozaki Sana လားလို႔ေတာင္ ထင္မိတယ္။ဒါေပမယ့္မျဖစ္နိုင္ တာမို႔ အႀကိမ္ႀကိမ္ အေတြးထဲေရာက္ေနတဲ့ အဲ့Minatozaki Sanaဆိုတဲ့ နာမည္ႀကီးကို ေခါင္းထဲကထုတ္ပစ္လိုက္ေတာ့သည္။

Yeol-အမေလးတို႔ ထမ္းစင္ရပါၿပီ။

Chanyeol ရဲ႕ အသံကိုၾကားတာေၾကာင့္ မိန္းကေလး ၃ေယာက္က ေနာက္လွည့္ၾကည့္လိုက္ေတာ့ ေတြ႕ဆံုလိုက္ရတဲ့မ်က္၀န္း တစ္စံုေၾကာင့္ Tzuyu ကို ေခါင္းပင္ႀကီးသြားေစသည္။

Tzu-Sana Unnie !!(Whisper)

Sa-Tzuyu😳

Sana ရဲ႕ ေခၚသံက ပံုမွန္ထက္ အနည္းငယ္ တိုးလ်ေနေပမယ့္ Sana ေရာ Tzuyu ပါ ၾကားနိုင္ဖို႔ လံုေလာက္တဲ့ အသံပမာဏ ျဖစ္တာေၾကာင့္ Tzuyu သတိျပန္ကပ္လိုက္ၿပီးSana ေၾကာင့္ ပရမ္းပတာေတြ ျဖစ္ကုန္တဲ့ ရင္ခုန္သံ နဲ႔မ်က္နွာ အမူအရာကို ထိန္းကာ မၾကားခ်င္ေယာင္ေဆာင္ၿပီးေက်ာေပးေနလိုက္သည္။

Jisoo ေရာ Chanyeol ကပါ Ruby ကို ထမ္းစင္ေပၚအေသအခ်ာတင္ေနသည္မို႔ Tzuyu နဲ႔ Sana ျဖစ္ေနတဲ့ကိစၥ ကို သတိမထားမိ။

Ruby လည္း ထမ္းစင္ေပၚေရာက္ေရာ Tzuyu နဲ႔ ေနာက္ထပ္ပါလာတဲ့ ေကာင္မေလးက ထမ္းစင္ကို ေရွ႕ေနာက္မ လိုက္ၾကသည္။

Tzu-Yeol Oppa ဘယ္ကို သြားရမွာလဲ

Yeol-ခြဲစိတ္ခန္း ေရွ႕ကို

Tzu-ဟုတ္

Tzuyu တို႔ စထြက္တည္းက Yeol Oppa က ေရွ႕က ဦးေဆာင္ ထြက္တယ္။သူ႔ေနာက္မွာ Tzuyu တို႔ ထမ္းစင္ထမ္းစင္ရဲ႕ အေရွ႕ကို တာ၀န္ယူတဲ့ Tzuyu ရဲ႕ေဘးမွာ Sana။ထမ္းစင္ကို မ ထားတဲ့ ေနာက္က ေကာင္မေလးရဲ႕ေဘးမွာ Jisoo။Sana က ထမ္းစင္က လက္ကိုင္ ဝါးလံုးရဲ႕ ေနရာလြတ္ကို ကိုင္ကာ လမ္းေလ်ွာက္သည္မို႔ လက္ကိုက္ရဲ႕ က်န္တဲ့ေနရာေတြကို ကိုင္ထားတဲ့ Tzuyu ရဲ႕ လက္နဲ႔ ခနခန ထိမိတာေပါ့ Tzuyu ရဲ႕ ရင္ခုန္သံေတြ ေျဗာင္းဆန္ေနတာSana ၾကားသြားမွာေတာင္ ဆိုးရတယ္။ဒါေပမယ့္ မျဖစ္သင့္ဘူးဆိုတဲ့ အသိနဲ႔ပဲ ဦးေနွာက္ကိုေကာ နွလံုးသားကိုပါ ခုထိ ထိန္းထားနိုင္ေသးသည္။

ခြဲစိတ္ခန္းေရွ႕ေရာက္ေတာ့ မွန္ေတြနဲ႔ကာရံထားတဲ့ အခန္းျဖစ္တာမို႔ အထဲက လႈပ္ရွားမႈ အားလံုးကိုျမင္ေနရသည္။ခြဲစိတ္ခန္း၀တ္စံု ကို အျပည့္အစံု ၀တ္ထားတဲ့ လူ ၃ ေယာက္ ကို ျမင္ေနရသည္။အခန္းထဲ ပတ္၀န္းက်င္ကို ၾကည့္လိုက္ေတာ့ Ruby တို႔ ဂ်ပန္က အဆင့္ျမင့္ ေဆးရံုက ခြဲစိတ္ခန္းေတြထက္ေတာင္ေဆးပစၥည္း အစံုအလင္ရွိတာေပါ့ ေဆးပစၥည္း အတြက္ Lisaကို Ruby စိတ္ပူတာ အနည္းငယ္ေလ်ာ့သြားေသာ္လည္းChae ရဲ႕ ခြဲစိတ္မႈကို ၾကည့္ရတာ အသည္းယားလွသည္။အကာအကြယ္ Mask ေတြ တတ္ထားတာမို႔ ၃ ေယာက္က ဘယ္သူေတြလဲ မသိေပမယ့္ ဦးေဆာင္ၿပီး ခြဲစိတ္မႈ ျပဳလုပ္ေနတဲ့ သူက Chae မွန္း သိသာပါတယ္။ကြၽမ္းက်င္ ဆရာ၀န္ တေယာက္လို ခြဲစိတ္ဓား ကိုင္ကာ ကြၽမ္းက်င္စြာ ခြဲစိတ္မႈ ျပလုပ္ေနတဲ့ Chae ကို ၾကည့္ရတာ ဒါက ပထမဆံုး အႀကိမ္မျဖစ္နိုင္။ဆရာ၀န္ ကိစၥ အတြက္ပါ စိတ္ပူစရာမရွိေတာ့ေပမယ့္Lisa ျပန္ သတိမရမခ်င္း ျပန္ မသက္မသာမခ်င္း Rubyစိတ္ခ်နိုင္မည္ မဟုတ္။

ခြဲစိတ္ဓား ကိုင္ကာ ကြၽမ္းက်င္ တည္ၿငိမ္စြာ ခြဲစိတ္ေနေပမယ့္အကာအကြယ္ Mask ကို ႐ြဲစိုေနေအာင္ ငိုထားတဲ့ မ်က္ရည္ေတြနဲ႔  Chae ကို ၾကည့္ၿပီး Jisoo ရင္ထဲမွာစကားေတြ အမ်ားႀကီး ေျပာမိေနသည္။

* ေဆးဗိုလ္ႀကီး Park Chaeyoung.....။ကိုရီးယား တပ္မေတာ္ရဲ႕ နတ္ေဆးသမားေတာ္ ေယာင္း.....။တကယ္ေတာ္တဲ့ ဆရာ၀န္တေယာက္ ေသေတာ့မယ့္ သူေတာင္ေသမင္း ခံတြင္း၀ကေန ျပန္ ဆြဲထုတ္နိုင္တဲ့ သူ။ခြဲစိတ္မႈလုပ္ေနတဲ့ တစ္ေလ်ွာက္လံုး လက္ကဓား တစ္ခ်က္ ယိုင္ၿပီးေစာင္းမသြားဘူး။ဒါေပမယ့္ အတၱႀကီးစြာေျပာရရင္ Lisa ေနရာမွာ jiji သာ ေသနတ္မွန္ခ်င္ေတာ့တယ္။ဘာလို႔ဆို မင္းမ်က္ရည္ေတြ မျမင္ခ်င္ဘူး။ေသနတ္မွန္လို႔ နာတာထက္ ကိုယ္ခ်စ္ရတဲ့ သူက သူခ်စ္ရတဲ့သူ ဒဏ္ရာရလာလို႔ သူကိုယ္တိုင္ခြဲစိတ္ၿပီး မ်က္ရည္ေတြ တာက်ိဳးသလိုက်တာကို မျမင္ခ်င္ဘူး။တကယ္လို႔ Jiji သာ ေသနတ္မွန္ရင္ Chae အဲ့ေလာက္ငိုမွာမဟုတ္သလို Chae ရဲ႕ မ်က္ရည္ေတြလည္းမျမင္ရဘူး။ကံေကာင္းရင္ Chae ခြဲစိတ္ေပးတာေတာင္ ခံရအံုးမယ္။ကံံမေကာင္း ရင္ေတာ့ ေဆးရံုမွာပဲ ခြဲစိတ္ခံရမွာေပါ့။Jiji ရူးေနၿပီ ထင္ပါရဲ႕ Chae ရယ္ Chae နဲ႔ ပတ္သတ္ၿပီး အဲ့ေလာက္ ရူးတဲ့သူမို႔ Chae ငိုေနတာ မျမင္ခ်င္ဘူး Chaeစိတ္ဆင္းရဲတာ မျမင္ခ်င္ဘူး။Chae မ်က္နွာေလး ၿပံဳးေနဖို႔ဆိုjiji ဘာလုပ္ရလုပ္ရ သိပ္ေတာ့ ၀န္မေလးလွပါဘူး။ခ်စ္တယ္Chae*

Chae-ခြဲစိတ္မႈ ေအာင္ျမင္တယ္ သူေဌးကို သူ႔အခန္းထဲ ေ႐ြ႕ဖို႔ျပင္။

Chae ရဲ႕ အသံေၾကာင့္ Jisoo ရဲ႕ အေတြးစေတြ ျပတ္သြားၿပီး Chae ဆီ အၾကည့္ေရာက္သြားေတာ့ ဘယ္အခ်ိန္က ခြဲစိတ္မႈ ၿပီးသြားတယ္ မသိ ခြဲစိတ္ခန္း အျပင္ထြက္လာၿပီးသူ႔ ငယ္သားေတြကို အမိန္႔ဆန္ဆန္ စကားတခ်ိဳ႕ေျပာေနတဲ့ပံုက အရင္က ျမင္ဖူးတယ္ ႏူးညံ့တဲ့ ပန္းေလး နွင္းဆီ နဲ႔ မတူေတာ့ဘဲ ဆူးေတြ ၀န္းရံထားတဲ့ နွင္းဆီပန္း နီရဲရဲေလးနဲတူစြာ ဆြဲေဆာင္မႈ ရွိလြန္းလွျပန္သည္။jisoo အဖို႔ေတာ့ဒီ တစ္သက္ Chae ကို ေမ့လို႔ရမယ္ မထင္ေတာ့ပါ။ေမ့ဖို႔လည္း မႀကိဳးစားပါဘူး။

*Chae က ကြၽန္မ နွလံုးသားထဲ တရစ္ရစ္ တိုး၀င္ေနတဲ့ဓားဦးခြၽန္ ဆိုရင္ ကြၽန္မက အနာခံ အေသခံၿပီး ရူးရူးမိုက္မိုက္နဲ႔ အ၀င္ခံမဲ့ လူထူးဆန္း တေယာက္ေပါ့ရွင္*

Chae ရဲ႕ အမိန္႔ေပးသံအဆံုးမွာ Tzuyu တို႔ လႈပ္လႈပ္ရွားရွားနဲ႔ Lisa ကို Lisa အခန္းထဲေ႐ြ႕ဖို႔ျပင္ေနခ်ိန္မွာ Tzuyu လက္ကို ဆြဲသြားတဲ့ လက္တစ္စံု။မည္သူ႔လက္မွန္း သိလို႔ မလန္႔ေပမယ့္ ရုန္းထြက္ဖို႔ အႀကိမ္ႀကိမ္ ဦးေနွာက္က သတိေပးေနေပမယ့္ Tzuyu ကေတာ့ လံုး၀မရုန္းမိ။လာဆြဲသြားတဲ့ လက္ေလး ကိုသာ စိုက္ၾကာ့္ေနမိသည္။သတိ၀င္သြားတဲ့ အခ်ိန္ မွာေတာ့ Tzuyu လူကို တံု႔ခနဲရပ္လိုက္ၿပီး Sana လက္ကို ခါခ်လိုက္ေတာ့ Sana က Tzuyu ရင္ခြင္ထဲကိုေျပး၀င္ၿပီး Tzuyu ခါးကို တင္းေနေအာင္ ဖက္ထားလိုက္သည္။Tzuyu ဒုတိယအႀကိမ္ သတိလြတ္သြားျပန္ၿပီျဖစ္သည္Tzuyu သတိျပန္၀င္လာတဲ့အခ်ိန္မွာေတာ့ Sana ေက်ာေပၚမွာ သူမရဲ႕လက္ေတြက အလိုက္သင့္ ျပန္ဖက္ထားမိေနသည္။

Sa-ဘာလို႔ ဒို႔ကို ေရွာင္ေနတာလဲ မင္းကို အရမ္းလြမ္းေနတာမင္းသိရဲ႕လား။

Tzuyu လည္း Sana စကားဆံုးတာနဲ႔ပဲ သူ႔ရင္ခြင္ထဲမွာ ရွိတဲ့Sana ကို Tzuyu ဆြဲထုတ္လိုက္သည္။Sana ကေတာ့ Tzuyu ကို ျပဴးျပဴးေလးၾကည့္ေနမိသည္။

Sa-ဘာလို႔လဲ

Tzu-မျဖစ္နိုင္တာမို႔ပါ

Sa-ဘာကို မျဖစ္နိုင္တာလဲ

Tzu-အရာအားလံုးဟာ Sana Unnie နဲ႔ Tzuyu ၾကားမွာမျဖစ္နိုင္တာမို႔ပါ။

Sa-ဘာလဲ မင္းက ေ႐ႊဝါေရာင္ေျမ ရဲ႕ အလုပ္သမား ဒို႔က Minatozaki အိမ္ေတာ္ရဲ႕ မမေလး ျဖစ္ေနလို႔လား

Tzu-Sana Unnie ထင္ခ်င္သလို ထင္လို႔ရပါတယ္။ဒါေပမယ့္ Tzuyu တို႔ တေယာက္ကို တေယာက္ တခါမွ မေတြ႕ခဲ့ဖူး မသိခဲ့ဖူး သူေတြအျဖစ္ပဲေနရေအာင္။

Tzuyu လည္း ျပန္ၿပီး လွည့္ထြက္သြားေရာ Sana က Tzuyu ကို ေနာက္ ကေန ေျပးဖက္လိုက္ၿပီး Tzuyu ေက်ာျပင္ေလးကို မ်က္နွာအပ္ကာ ခ်ံဳးပြဲခ် ငိုေလသည္။

Sa-မင္း ကို ခ်စ္လို႔။ မင္း ကို အရမ္းခ်စ္လို႔ပါ Tzuyu  ရယ္အေၾကာင္းအရင္း မယ္မယ္ရရ မရွိဘဲ ဒို႔ကို အဲ့လိုႀကီး မရက္စက္ပါနဲ႔လား။မင္းအတြက္ဆို ဒို႔ Minatozaki အိမ္ေတာ္ရဲ႕ မမေလး ဆိုတဲ့ နာမည္ကိုလည္း စြန္႔ရဲပါတယ္။မင္း နဲ႔ အတူတူ သာမာန္ မိန္းကေလးတေယာက္ဘ၀နဲ႔ပဲ ေနနိုင္ပါတယ္။ေက်းဇူးျပဳျပီး တစ္ခါေလာက္ ျဖစ္ျဖစ္ ငါ့အတြက္ မဟုတ္ရင္ေတာင္ မင္း နွလံုးသားအတြက္ မင္းျပန္စဥ္းစားေပးပါ။

Tzu-Tzuyu ကေတာ့ Sana Unnie ကို မခ်စ္ဘူး။ဒါေၾကာင့္ Tzuyu ေနာက္ကိုထပ္မလိုက္ပါနဲ႔ ေနာက္တခါTzuyu ေနာက္ကိုထပ္လိုက္တာ ေတြ႕ရင္ Tzuyu အသက္ကို Tzuyu အာမ မခံဘူး။

Sa-မင္း ဒို႔ကို အဲ့ေလာက္ေတာင္မုန္းလား အဲ့ေလာက္ေတာင္ပဲလား😭😭😭

Tzu-အင္း မုန္းတယ္။

Sana ရဲ႕ မ်က္ရည္ေတြက မျမင္ရတာေတာင္  Tzuyu ရင္ကို တကယ္ ပူေလာက္ေစပါတယ္။ဒါေပမယ့္ ေဆးရံုမွာဗိုလ္မွဴး ေျပာခဲ့တဲ့ စကားေတြကို ၾကားေယာင္ေနဆဲမို႔ Sanaလက္ကို ဆြဲျဖဳတ္လိုက္ၿပီး ထိုေနရာကေန အျမန္သာထြက္လာခဲ့ေတာ့သည္။ဒါေၾကာင့္မို႔ Tzuyu မ်က္၀န္းက မ်က္ရည္စက္ေတြကိုေတာ့ ဘယ္သူမွမျမင္လိုက္ေပ။Sana ကေတာ့ အဲ့ေနရာမွာေတာ့ ငူငူႀကီး ရပ္ေနမိေတာ့သည္။

~~~~~~~~~~~~~~~~~~~~~

Lisa သူ႔ အခန္းထဲျပန္ေရာက္တယ္ ဆိုကတည္းက Rubyတေယာက္ ေတြ႕ခ်င္လြန္းလို႔ အခန္း၀မွာ ေစာင့္ေနေပမယ့္Chae ရဲ႕ ခြင့္ျပဳခ်က္မရရင္ ၀င္ခြင့္မရွိတာမို႔ အခန္းထဲ၀င္သြားတဲ့ Chae ကို ျပန္ထြက္လညဖို႔ေစာင့္ေနရင္း Lisa အခန္းေရွ႕မွာ ေရွ႕ေလ်ွာက္လိုက္ ေနာက္ေလ်ွာက္လိုက္ လုပ္ေနေလရဲ႕။နာရီ၀က္ေလာက္ၾကာလို႔ Chae ျပန္ထြက္လာေတာ့ Chae နားကို အျမန္ကပ္သြားၿပီး Chae ကို စကားဆိုေလရဲ႕။

Ruby-လီ ဘယ္လိုေနလဲ သက္သာရဲ႕လား Chae

Chae-အင္း သက္သာပါတယ္။သတိေတာ့ျပန္မရေသးဘူး။

Ruby-Ruby ၀င္ေတြ႕လို႔ရမလားဟင္။

အမွန္ဆို Ruby ရင္ထဲက ခံစားခ်က္ကို မိန္းကေလးခ်င္း သိတာမို႔ က တစ္ေၾကာင္း Ruby နဲ႔ တူတူရွိရင္ မသိမသာ ေျပာင္းလဲ တတ္တဲ့ Lisa ေၾကာင့္ တစ္ေၾကာင့္ Ruby ကိုLisa ဆီ မသြားေစခ်င္ပါ။ဒါေပမယ့္ ပင္ကိုက ျဖဴစင္တဲ့ စိတ္ထားေလးေၾကာင့္ Chae လည္း Ruby ကို ၀င္ခြင့္ေပးလိုက္မိသည္။

Chae-အင္း သြားေလ။

အခန္းထဲ သတိေမ့ေနတဲ့ ေကာင္မေလးရဲ႕ လက္ကို ကိုင္ၿပီးနဖူးေလးကို ခပ္ဖြဖြနမ္းကာ ငိုေနတဲ့ေကာင္မေလးရဲ႕ မ်က္ရည္ေတြရယ္။ထိုေကာင္မေလးရဲ႕ လႈပ္ရွားမႈေတြကို အခန္းတံခါး၀ က ေခ်ာင္းၾကည့္ၿပီး ငိုေနတဲ့ေကာင္မေလး ရဲ႕ မ်က္ရည္ေတြရယ္။အခန္း၀က ေကာင္မေလးကို ၾကည့္ၿပီးမ်က္ရည္ေတြ က်ေနတဲ့ ေကာင္မေလးရဲ႕ မ်က္ရည္ေတြ ရယ္။ခ်စ္ရသူဆီက မုန္းတယ္ လို႔ေျပာခံလိုက္ရတဲ့ ေကာင္မေလးရဲ႕ မ်က္ရည္ေတြရယ္။ခ်စ္ရသူကို ခ်စ္ပါလ်က္နဲ႔မုန္းပါတယ္လို႔ ေျပာလိုက္ရတဲ့  အခန္းေထာင့္ေလးမွာကပ္ငိုေနတဲ့ ေကာင္မေလးရဲ႕ မ်က္ရည္ေတြရယ္ဟာ.......ေ႐ႊဝါေရာင္ေျမ စံအိမ္ႀကီးကို စိုစြတ္သြားေစခဲ့တာ အမွန္ပါ။သူတို႔ကို သနားလို႔ထင္ပါ့ မိုးေကာင္းကင္ႀကီးကပါ သူတို႔နဲ႔ ငိုေကြၽးေနေလရဲ႕။

ခ်ိဳးျဖတ္လို႔မရတဲ့ စည္းေတြ ေဘာင္ေတြ ၾကားမွာ......... ဖ်က္ဆီးလို႔မရတဲ့ အခက္အခဲေတြၾကားမွာ............သူတို႔ခ်စ္ျခင္းေတြ တည္ၿမဲနိုင္ပါ့မလား........မိုးနတ္မင္းႀကီးရယ္..........။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ဒီ အပိုင္းက JENLISA moment နည္းနည္း နဲသြားပါတယ္။ဇာတ္အိမ္အရ Jenlisa က Main Ship ေပမယ့္က်န္တဲ့ Chaesoo နဲ႔ Satzu ကလည္း Main shipနီးပါး အေရးပါၾကတာပါပဲ။အေျခအေနမတူတဲ့ စံုတြဲ၃ တြဲရဲ႕ပံုစံမတူတဲ့ ခ်စ္ျခင္းေတြကို ဒီဇိုင္းေဖာ္တာမို႔ ဒီအပိုင္း Jenlisa moment ေလးေတြ နည္းသြားတာ နားလည္ေပးပါ။ၿပီးခဲ့တဲ့အပိုင္းက ေမးခြန္းေမးထားတာ မေျဖၾကဘူး စိတ္ဆိုးတယ္။

Readers တို႔ကို အရမ္းခ်စ္ပါတယ္Readers တို႔ကို အရမ္းခ်စ္တဲ့Tu Nhai Kha#

...............................................................

Love and Loyaltyအချစ် နဲ့ သစ္စာ

For Uni😘

Lisa ဒဏ်ရာ ရလာတာမို့ Chae လည်း ရွှေဝါရောင်မြေ သို့သာ မောင်းနှင်လာလိုက်သည်။ရွှေဝါရောင်မြေရဲ့ ခြံဝန်းထဲကိုအရှိန်ပြင်းစွာ ချိုးကွေ့လာတဲ့ ကားတစ်စီးကြောင့် ရွှေဝါရောင်မြေ ခြံဝန်းထဲကလူတွေ လန့်ဖြတ်သွားပြီး ကားရှိရာကိုလာတော့ ကား တံခါးကို ဆောင့်ဖွင့်ပြီး Chae ကထွက်လာတော့အားလုံးက ကိုယ်ရှိန်သတ်သွားကြသည်။

Chae-မင်းတို့ သူဌေး ဒဏ်ရာရလာတယ် ခွဲစိတ်ဖို့ အသင့်ပြင်MoMo နဲ့ Mina ကိုပါ ခွဲစိတ်ခန်းထဲ လွှတ်လိုက်။

Staffs-ဟုတ် မမလေး

Chae နားကို ဆာဂျင် Yeol က ပြေးလာပြီး Chae ကိုမေးလေသည်။

Yeol-သူဌေး ဘာဖြစ်တာလဲ မမလေး။

Chae-ကျည်မှန်တာ

Yeol-ဗျာ

Chae လည်း ဆာဂျင် Yeol ကို စကားမြန်မြန်ပြောပြီး  ကားနောက်ခန်း တံခါးကို ဖွင့်ကာ Ruby ပေါ်မှာ အပေါ်ပိုင်းရောက် နေပြီး Sana ပေါ်မှာ အောက်ပိုင်းရောက်နေတဲ့ Lisaရဲ့ ခန္ဓာကိုယ်ကို ဆွဲထုတ်ကာ ချီခေါ်သွားဖို့ပြင်တော့ သူမရဲ့လက်ကို လှမ်းဆွဲထားတဲ့ လက်တစုံကို လှည့်ကြည့်လိုက်တော့ ဆွဲထားတဲ့သူက Ruby ရယ်ပါ။

Chae-Ruby ဘာလုပ်တာလဲ။အချိန်မှီ မကယ်ရင် Liliသွေးထွက်လွန်ပြီး သေလိမ့်မယ်။

Ruby-အချိန်မှီကယ်ဖို့ဆို ဆေးရုံကို သွားရမှာလေ ဘာကိစ္စဒီကို မောင်းလာရတာလဲ။

Chae-မင်းက Lili အကြောင်း ဘယ်လောက်သိလို့လဲ။Liliက ဘယ်တော့မှ ဆေးရုံ ဆေးခန်းမသွားဘူး

Ruby-ခုဟာက ရိုးရိုးတန်းတန်း ဖျားတာနာတာမဟုတ်ဘူးကျည်ထိတာ ခွဲစိတ်ရမှာ ဆရာဝန်မရှိတဲ့ ဒီနေရာ ဆေးပစ္စည်းအစုံမရှိတဲ့ ဒီနေရာမှာ ဘယ်လိုခွဲစိတ်မလဲ။

Chae-မင်းကို ဘယ်သူက ဆရာဝန် မရှိဘူးပြောလဲ။ငါက ဆရာဝန်ပဲ။

Ruby-ဘာ

Chae-အေး ဆေးပစ္စည်း အစုံအလင် ရှိမရှိသိချင်ရင်တော့ခွဲစိတ်ခန်းသာ လိုက်ကြည့်တော့။Oppa yeol သူတို့ခွဲစိတ်ခန်းကို ကြည့်ချင်တယ်ဆိုရင် လိုက်ပို့ပေးလိုက်ပါ။ခုတော့ ကျွန်မ သွားပြီ။

Yeol-ဟုတ်ကဲ့ မမလေး။

ပြောပြီး Chae လည်း သတိမေ့နေတဲ့ Lisa ကိုချီကာ ခွဲစိတ်ခန်းဆီသို့ ခပ်မြန်မြန်သာ ဦးတည်လိုက်သည်။

Ruby ကတော့ ထိုနေရာမှာသာ အရုပ်ကြိုးပျက် ဖင်လိုက်လျက် ထိုင်ချလိုက်ပြီး ချုံးပွဲချ ငိုချလိုက်တော့သည်။Sana နဲ့ Jisoo က တော့ Ruby ရဲ့ပခုံးလေး ၂ ဖက်ကို တစ်ဖက်စီဖက်ကာ နှစ်သိမ့်ပေးနေလေသည်။Chanyeol တယောက်ကတော့ ငိုနေတဲ့ မိန်းကလေးချောချောလေးရယ်။ငိုနေတဲ့မိန်းကလေးကို နှစ်သထမ့်ပေးနေတဲ့ မိန်းမချောလေး ၂ယောက်ရယ်။မိန်းမချောလေး ၃ ယောက်ကြား ဘာလုပ်ရမှန်းမသိလို့ခေါင်းသာကုတ်နေမိတော့သည်။

Yeol-ဟို...ဟိုလေ မမလေးတို့ကို ကျွန်တော် ခွဲစိတ်ခန်းကိုလိုက်ပို့ပေးရမလားဟင်

Ruby-ဟုတ်...ဟုတ် လိုက်ပို့ပေးပါရှင့်

Yeol-အဲ့တာဆို ဒီဘက်ကြွပါဗျ။

Ji-ဟုတ်ကဲ့

Ruby ကတော့ ခြေထောက်ကော လက်ပါ အားတွေမရှိတော့တာမို့ Ruby ကို Jisoo နဲ့ Sana က တွဲခေါ်နေရသည်။

yeol-ဒီက အမလေး ရလား မသိဘူး။မရရင် ကျွန်တော်ထမ်းခေါ်ပေးမယ့် သူ ခေါ်ပေးရမလား ထမ်းစင်နဲ့လေ။

Ji-အားတော့နားပါတယ် ဒီက အကိုရယ်။ကျွန်မကလည်း လက်ကျိုးထားတော့ အရမ်းမသယ်နိုင်ဘူး Sana ကလည်းတယောက်တည်းမနိုင်လောက်ဘူး ကူညီပါအုံး အကိုရယ်။

yeol-ဟုတ် ခနလေးပါနော် ကျွန်တော် လူသွားခေါ်လိုက်မယ်

Ji-ဟုတ် ကျေးဇူးပါ အကို။

*ထမ်းရမဲ့သူက အမျိုးသမီးဆိုတော့ ယောကျာ်းလေးတွေကိုထမ်းခိုင်းတာမကောင်းဘူး ထင်တယ်။Mina နဲ့ MoMo ကလည်း ဆေးဗိုလ်ကြီးနဲ့ ခွဲစိတ်ခန်းထဲမှာ။အော် Tzuyu ရှိတာပဲကို။*

Chanyeol လည်း သူ့ အတွေးနဲ့သူ မိန်းကလေးဆောင်ဘက် သွားပြီး မိန်းကလေးတွေထဲက အငယ်ဆုံးလေး Tzuyu ကို ရှာတော့ Tzuyu က အဝတ်တွေလှန်းနေလေရဲ့

Yeol-ဟေး Tzuyu

Tzu-လေးစားပါတယ် ဆာဂျင် Yeol

Yeol-အေး လေးစားပါတယ်။ဟိုဘက်နားမှာ ဧည့်သည်တွေရှိတယ် Oppa yeol လို့ပဲခေါ်။

Tzu-Nae

Yeol-ဧည့်သည်တွေထဲက တယောက်က လမ်းမလျှောက်နိုင်တော့လို့ အထိုင် ထမ်းစင်လေးနဲ့ သွားကူပေးလိုက်ပါလား နောက်တယောက်ခေါ်ပြီး ဧည့်သည့်တွေက မိန်းကလေးတွေဆိုတော့ ယောကျာ်းလေးတွေကို မထမ်းခိုင်းချင်လို့။

Tzu-ဟုတ်ကဲ့ yeol Oppa ခုပဲ သွားလိုက်ပါ့မယ်။

Yeol-Oppa နဲ့ တခါတည်းလိုက်ခဲ့။

Tzu-ဟုတ်

Tzuyu လည်း အဆောင်ထဲပြန်ဝင်ကာ နောက်ထပ်ကောင်မလေး တယောက်ကို ခေါ်ပြီးထမ်းစင်လေးကို သူကရှေ့က မ ပြီး နောက်ထပ် ကောင်မလေးကို အနောက်က မ ခိုင်းပြီး Chanyeol နောက်ကို လိုက်သွားလေသည်။

* Yeol Oppa ပြောတဲ့ ဧည့်သည်တွေဆိုတာ ရှေ့က ၃ ယောက် နဲ့တူတယ် ဘေးဆုံးက တယောက်ရဲ့ကျောကို ငါရင်းနှီးနေသလို ဖြစ်နေရတာပါလိမ့်*

အမှန်တော့ Jisoo တို့ ၃ ယောက်က Tzuyu တို့လာတဲ့ ဘက်ကို ကျောပေးထားတာမို့ Tzuyu က ဘယ်သူတွေလဲဆိုတာ မသိရပေ။သူတို့ အနားကို ကပ်လာလေ အဲ့တယောက်ရဲ့ကျောပြင်လေးကို ရင်းနှီးသလို ခံစားရလေမို့ Tzuyu မှာMinatozaki Sana လားလို့တောင် ထင်မိတယ်။ဒါပေမယ့်မဖြစ်နိုင် တာမို့ အကြိမ်ကြိမ် အတွေးထဲရောက်နေတဲ့ အဲ့Minatozaki Sanaဆိုတဲ့ နာမည်ကြီးကို ခေါင်းထဲကထုတ်ပစ်လိုက်တော့သည်။

Yeol-အမလေးတို့ ထမ်းစင်ရပါပြီ။

Chanyeol ရဲ့ အသံကိုကြားတာကြောင့် မိန်းကလေး ၃ယောက်က နောက်လှည့်ကြည့်လိုက်တော့ တွေ့ဆုံလိုက်ရတဲ့မျက်ဝန်း တစ်စုံကြောင့် Tzuyu ကို ခေါင်းပင်ကြီးသွားစေသည်။

Tzu-Sana Unnie !!(Whisper)

Sa-Tzuyu😳

Sana ရဲ့ ခေါ်သံက ပုံမှန်ထက် အနည်းငယ် တိုးလျနေပေမယ့် Sana ရော Tzuyu ပါ ကြားနိုင်ဖို့ လုံလောက်တဲ့ အသံပမာဏ ဖြစ်တာကြောင့် Tzuyu သတိပြန်ကပ်လိုက်ပြီးSana ကြောင့် ပရမ်းပတာတွေ ဖြစ်ကုန်တဲ့ ရင်ခုန်သံ နဲ့မျက်နှာ အမူအရာကို ထိန်းကာ မကြားချင်ယောင်ဆောင်ပြီးကျောပေးနေလိုက်သည်။

Jisoo ရော Chanyeol ကပါ Ruby ကို ထမ်းစင်ပေါ်အသေအချာတင်နေသည်မို့ Tzuyu နဲ့ Sana ဖြစ်နေတဲ့ကိစ္စ ကို သတိမထားမိ။

Ruby လည်း ထမ်းစင်ပေါ်ရောက်ရော Tzuyu နဲ့ နောက်ထပ်ပါလာတဲ့ ကောင်မလေးက ထမ်းစင်ကို ရှေ့နောက်မ လိုက်ကြသည်။

Tzu-Yeol Oppa ဘယ်ကို သွားရမှာလဲ

Yeol-ခွဲစိတ်ခန်း ရှေ့ကို

Tzu-ဟုတ်

Tzuyu တို့ စထွက်တည်းက Yeol Oppa က ရှေ့က ဦးဆောင် ထွက်တယ်။သူ့နောက်မှာ Tzuyu တို့ ထမ်းစင်ထမ်းစင်ရဲ့ အရှေ့ကို တာဝန်ယူတဲ့ Tzuyu ရဲ့ဘေးမှာ Sana။ထမ်းစင်ကို မ ထားတဲ့ နောက်က ကောင်မလေးရဲ့ဘေးမှာ Jisoo။Sana က ထမ်းစင်က လက်ကိုင် ဝါးလုံးရဲ့ နေရာလွတ်ကို ကိုင်ကာ လမ်းလျှောက်သည်မို့ လက်ကိုက်ရဲ့ ကျန်တဲ့နေရာတွေကို ကိုင်ထားတဲ့ Tzuyu ရဲ့ လက်နဲ့ ခနခန ထိမိတာပေါ့ Tzuyu ရဲ့ ရင်ခုန်သံတွေ ဗြောင်းဆန်နေတာSana ကြားသွားမှာတောင် ဆိုးရတယ်။ဒါပေမယ့် မဖြစ်သင့်ဘူးဆိုတဲ့ အသိနဲ့ပဲ ဦးနှောက်ကိုကော နှလုံးသားကိုပါ ခုထိ ထိန်းထားနိုင်သေးသည်။

ခွဲစိတ်ခန်းရှေ့ရောက်တော့ မှန်တွေနဲ့ကာရံထားတဲ့ အခန်းဖြစ်တာမို့ အထဲက လှုပ်ရှားမှု အားလုံးကိုမြင်နေရသည်။ခွဲစိတ်ခန်းဝတ်စုံ ကို အပြည့်အစုံ ဝတ်ထားတဲ့ လူ ၃ ယောက် ကို မြင်နေရသည်။အခန်းထဲ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ Ruby တို့ ဂျပန်က အဆင့်မြင့် ဆေးရုံက ခွဲစိတ်ခန်းတွေထက်တောင်ဆေးပစ္စည်း အစုံအလင်ရှိတာပေါ့ ဆေးပစ္စည်း အတွက် Lisaကို Ruby စိတ်ပူတာ အနည်းငယ်လျော့သွားသော်လည်းChae ရဲ့ ခွဲစိတ်မှုကို ကြည့်ရတာ အသည်းယားလှသည်။အကာအကွယ် Mask တွေ တတ်ထားတာမို့ ၃ ယောက်က ဘယ်သူတွေလဲ မသိပေမယ့် ဦးဆောင်ပြီး ခွဲစိတ်မှု ပြုလုပ်နေတဲ့ သူက Chae မှန်း သိသာပါတယ်။ကျွမ်းကျင် ဆရာဝန် တယောက်လို ခွဲစိတ်ဓား ကိုင်ကာ ကျွမ်းကျင်စွာ ခွဲစိတ်မှု ပြလုပ်နေတဲ့ Chae ကို ကြည့်ရတာ ဒါက ပထမဆုံး အကြိမ်မဖြစ်နိုင်။ဆရာဝန် ကိစ္စ အတွက်ပါ စိတ်ပူစရာမရှိတော့ပေမယ့်Lisa ပြန် သတိမရမချင်း ပြန် မသက်မသာမချင်း Rubyစိတ်ချနိုင်မည် မဟုတ်။

ခွဲစိတ်ဓား ကိုင်ကာ ကျွမ်းကျင် တည်ငြိမ်စွာ ခွဲစိတ်နေပေမယ့်အကာအကွယ် Mask ကို ရွဲစိုနေအောင် ငိုထားတဲ့ မျက်ရည်တွေနဲ့  Chae ကို ကြည့်ပြီး Jisoo ရင်ထဲမှာစကားတွေ အများကြီး ပြောမိနေသည်။

* ဆေးဗိုလ်ကြီး Park Chaeyoung.....။ကိုရီးယား တပ်မတော်ရဲ့ နတ်ဆေးသမားတော် ယောင်း.....။တကယ်တော်တဲ့ ဆရာဝန်တယောက် သေတော့မယ့် သူတောင်သေမင်း ခံတွင်းဝကနေ ပြန် ဆွဲထုတ်နိုင်တဲ့ သူ။ခွဲစိတ်မှုလုပ်နေတဲ့ တစ်လျှောက်လုံး လက်ကဓား တစ်ချက် ယိုင်ပြီးစောင်းမသွားဘူး။ဒါပေမယ့် အတ္တကြီးစွာပြောရရင် Lisa နေရာမှာ jiji သာ သေနတ်မှန်ချင်တော့တယ်။ဘာလို့ဆို မင်းမျက်ရည်တွေ မမြင်ချင်ဘူး။သေနတ်မှန်လို့ နာတာထက် ကိုယ်ချစ်ရတဲ့ သူက သူချစ်ရတဲ့သူ ဒဏ်ရာရလာလို့ သူကိုယ်တိုင်ခွဲစိတ်ပြီး မျက်ရည်တွေ တာကျိုးသလိုကျတာကို မမြင်ချင်ဘူး။တကယ်လို့ Jiji သာ သေနတ်မှန်ရင် Chae အဲ့လောက်ငိုမှာမဟုတ်သလို Chae ရဲ့ မျက်ရည်တွေလည်းမမြင်ရဘူး။ကံကောင်းရင် Chae ခွဲစိတ်ပေးတာတောင် ခံရအုံးမယ်။ကံံမကောင်း ရင်တော့ ဆေးရုံမှာပဲ ခွဲစိတ်ခံရမှာပေါ့။Jiji ရူးနေပြီ ထင်ပါရဲ့ Chae ရယ် Chae နဲ့ ပတ်သတ်ပြီး အဲ့လောက် ရူးတဲ့သူမို့ Chae ငိုနေတာ မမြင်ချင်ဘူး Chaeစိတ်ဆင်းရဲတာ မမြင်ချင်ဘူး။Chae မျက်နှာလေး ပြုံးနေဖို့ဆိုjiji ဘာလုပ်ရလုပ်ရ သိပ်တော့ ဝန်မလေးလှပါဘူး။ချစ်တယ်Chae*

Chae-ခွဲစိတ်မှု အောင်မြင်တယ် သူဌေးကို သူ့အခန်းထဲ ရွေ့ဖို့ပြင်။

Chae ရဲ့ အသံကြောင့် Jisoo ရဲ့ အတွေးစတွေ ပြတ်သွားပြီး Chae ဆီ အကြည့်ရောက်သွားတော့ ဘယ်အချိန်က ခွဲစိတ်မှု ပြီးသွားတယ် မသိ ခွဲစိတ်ခန်း အပြင်ထွက်လာပြီးသူ့ ငယ်သားတွေကို အမိန့်ဆန်ဆန် စကားတချို့ပြောနေတဲ့ပုံက အရင်က မြင်ဖူးတယ် နူးညံ့တဲ့ ပန်းလေး နှင်းဆီ နဲ့ မတူတော့ဘဲ ဆူးတွေ ဝန်းရံထားတဲ့ နှင်းဆီပန်း နီရဲရဲလေးနဲတူစွာ ဆွဲဆောင်မှု ရှိလွန်းလှပြန်သည်။jisoo အဖို့တော့ဒီ တစ်သက် Chae ကို မေ့လို့ရမယ် မထင်တော့ပါ။မေ့ဖို့လည်း မကြိုးစားပါဘူး။

*Chae က ကျွန်မ နှလုံးသားထဲ တရစ်ရစ် တိုးဝင်နေတဲ့ဓားဦးချွန် ဆိုရင် ကျွန်မက အနာခံ အသေခံပြီး ရူးရူးမိုက်မိုက်နဲ့ အဝင်ခံမဲ့ လူထူးဆန်း တယောက်ပေါ့ရှင်*

Chae ရဲ့ အမိန့်ပေးသံအဆုံးမှာ Tzuyu တို့ လှုပ်လှုပ်ရှားရှားနဲ့ Lisa ကို Lisa အခန်းထဲရွေ့ဖို့ပြင်နေချိန်မှာ Tzuyu လက်ကို ဆွဲသွားတဲ့ လက်တစ်စုံ။မည်သူ့လက်မှန်း သိလို့ မလန့်ပေမယ့် ရုန်းထွက်ဖို့ အကြိမ်ကြိမ် ဦးနှောက်က သတိပေးနေပေမယ့် Tzuyu ကတော့ လုံးဝမရုန်းမိ။လာဆွဲသွားတဲ့ လက်လေး ကိုသာ စိုက်ကြာ့်နေမိသည်။သတိဝင်သွားတဲ့ အချိန် မှာတော့ Tzuyu လူကို တုံ့ခနဲရပ်လိုက်ပြီး Sana လက်ကို ခါချလိုက်တော့ Sana က Tzuyu ရင်ခွင်ထဲကိုပြေးဝင်ပြီး Tzuyu ခါးကို တင်းနေအောင် ဖက်ထားလိုက်သည်။Tzuyu ဒုတိယအကြိမ် သတိလွတ်သွားပြန်ပြီဖြစ်သည်Tzuyu သတိပြန်ဝင်လာတဲ့အချိန်မှာတော့ Sana ကျောပေါ်မှာ သူမရဲ့လက်တွေက အလိုက်သင့် ပြန်ဖက်ထားမိနေသည်။

Sa-ဘာလို့ ဒို့ကို ရှောင်နေတာလဲ မင်းကို အရမ်းလွမ်းနေတာမင်းသိရဲ့လား။

Tzuyu လည်း Sana စကားဆုံးတာနဲ့ပဲ သူ့ရင်ခွင်ထဲမှာ ရှိတဲ့Sana ကို Tzuyu ဆွဲထုတ်လိုက်သည်။Sana ကတော့ Tzuyu ကို ပြူးပြူးလေးကြည့်နေမိသည်။

Sa-ဘာလို့လဲ

Tzu-မဖြစ်နိုင်တာမို့ပါ

Sa-ဘာကို မဖြစ်နိုင်တာလဲ

Tzu-အရာအားလုံးဟာ Sana Unnie နဲ့ Tzuyu ကြားမှာမဖြစ်နိုင်တာမို့ပါ။

Sa-ဘာလဲ မင်းက ရွှေဝါရောင်မြေ ရဲ့ အလုပ်သမား ဒို့က Minatozaki အိမ်တော်ရဲ့ မမလေး ဖြစ်နေလို့လား

Tzu-Sana Unnie ထင်ချင်သလို ထင်လို့ရပါတယ်။ဒါပေမယ့် Tzuyu တို့ တယောက်ကို တယောက် တခါမှ မတွေ့ခဲ့ဖူး မသိခဲ့ဖူး သူတွေအဖြစ်ပဲနေရအောင်။

Tzuyu လည်း ပြန်ပြီး လှည့်ထွက်သွားရော Sana က Tzuyu ကို နောက် ကနေ ပြေးဖက်လိုက်ပြီး Tzuyu ကျောပြင်လေးကို မျက်နှာအပ်ကာ ချုံးပွဲချ ငိုလေသည်။

Sa-မင်း ကို ချစ်လို့။ မင်း ကို အရမ်းချစ်လို့ပါ Tzuyu  ရယ်အကြောင်းအရင်း မယ်မယ်ရရ မရှိဘဲ ဒို့ကို အဲ့လိုကြီး မရက်စက်ပါနဲ့လား။မင်းအတွက်ဆို ဒို့ Minatozaki အိမ်တော်ရဲ့ မမလေး ဆိုတဲ့ နာမည်ကိုလည်း စွန့်ရဲပါတယ်။မင်း နဲ့ အတူတူ သာမာန် မိန်းကလေးတယောက်ဘဝနဲ့ပဲ နေနိုင်ပါတယ်။ကျေးဇူးပြုပြီး တစ်ခါလောက် ဖြစ်ဖြစ် ငါ့အတွက် မဟုတ်ရင်တောင် မင်း နှလုံးသားအတွက် မင်းပြန်စဉ်းစားပေးပါ။

Tzu-Tzuyu ကတော့ Sana Unnie ကို မချစ်ဘူး။ဒါကြောင့် Tzuyu နောက်ကိုထပ်မလိုက်ပါနဲ့ နောက်တခါTzuyu နောက်ကိုထပ်လိုက်တာ တွေ့ရင် Tzuyu အသက်ကို Tzuyu အာမ မခံဘူး။

Sa-မင်း ဒို့ကို အဲ့လောက်တောင်မုန်းလား အဲ့လောက်တောင်ပဲလား😭😭😭

Tzu-အင်း မုန်းတယ်။

Sana ရဲ့ မျက်ရည်တွေက မမြင်ရတာတောင်  Tzuyu ရင်ကို တကယ် ပူလောက်စေပါတယ်။ဒါပေမယ့် ဆေးရုံမှာဗိုလ်မှူး ပြောခဲ့တဲ့ စကားတွေကို ကြားယောင်နေဆဲမို့ Sanaလက်ကို ဆွဲဖြုတ်လိုက်ပြီး ထိုနေရာကနေ အမြန်သာထွက်လာခဲ့တော့သည်။ဒါကြောင့်မို့ Tzuyu မျက်ဝန်းက မျက်ရည်စက်တွေကိုတော့ ဘယ်သူမှမမြင်လိုက်ပေ။Sana ကတော့ အဲ့နေရာမှာတော့ ငူငူကြီး ရပ်နေမိတော့သည်။

~~~~~~~~~~~~~~~~~~~~~

Lisa သူ့ အခန်းထဲပြန်ရောက်တယ် ဆိုကတည်းက Rubyတယောက် တွေ့ချင်လွန်းလို့ အခန်းဝမှာ စောင့်နေပေမယ့်Chae ရဲ့ ခွင့်ပြုချက်မရရင် ဝင်ခွင့်မရှိတာမို့ အခန်းထဲဝင်သွားတဲ့ Chae ကို ပြန်ထွက်လညဖို့စောင့်နေရင်း Lisa အခန်းရှေ့မှာ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေလေရဲ့။နာရီဝက်လောက်ကြာလို့ Chae ပြန်ထွက်လာတော့ Chae နားကို အမြန်ကပ်သွားပြီး Chae ကို စကားဆိုလေရဲ့။

Ruby-လီ ဘယ်လိုနေလဲ သက်သာရဲ့လား Chae

Chae-အင်း သက်သာပါတယ်။သတိတော့ပြန်မရသေးဘူး။

Ruby-Ruby ဝင်တွေ့လို့ရမလားဟင်။

အမှန်ဆို Ruby ရင်ထဲက ခံစားချက်ကို မိန်းကလေးချင်း သိတာမို့ က တစ်ကြောင်း Ruby နဲ့ တူတူရှိရင် မသိမသာ ပြောင်းလဲ တတ်တဲ့ Lisa ကြောင့် တစ်ကြောင့် Ruby ကိုLisa ဆီ မသွားစေချင်ပါ။ဒါပေမယ့် ပင်ကိုက ဖြူစင်တဲ့ စိတ်ထားလေးကြောင့် Chae လည်း Ruby ကို ဝင်ခွင့်ပေးလိုက်မိသည်။

Chae-အင်း သွားလေ။

အခန်းထဲ သတိမေ့နေတဲ့ ကောင်မလေးရဲ့ လက်ကို ကိုင်ပြီးနဖူးလေးကို ခပ်ဖွဖွနမ်းကာ ငိုနေတဲ့ကောင်မလေးရဲ့ မျက်ရည်တွေရယ်။ထိုကောင်မလေးရဲ့ လှုပ်ရှားမှုတွေကို အခန်းတံခါး၀ က ချောင်းကြည့်ပြီး ငိုနေတဲ့ကောင်မလေး ရဲ့ မျက်ရည်တွေရယ်။အခန်းဝက ကောင်မလေးကို ကြည့်ပြီးမျက်ရည်တွေ ကျနေတဲ့ ကောင်မလေးရဲ့ မျက်ရည်တွေ ရယ်။ချစ်ရသူဆီက မုန်းတယ် လို့ပြောခံလိုက်ရတဲ့ ကောင်မလေးရဲ့ မျက်ရည်တွေရယ်။ချစ်ရသူကို ချစ်ပါလျက်နဲ့မုန်းပါတယ်လို့ ပြောလိုက်ရတဲ့  အခန်းထောင့်လေးမှာကပ်ငိုနေတဲ့ ကောင်မလေးရဲ့ မျက်ရည်တွေရယ်ဟာ.......ရွှေဝါရောင်မြေ စံအိမ်ကြီးကို စိုစွတ်သွားစေခဲ့တာ အမှန်ပါ။သူတို့ကို သနားလို့ထင်ပါ့ မိုးကောင်းကင်ကြီးကပါ သူတို့နဲ့ ငိုကျွေးနေလေရဲ့။

ချိုးဖြတ်လို့မရတဲ့ စည်းတွေ ဘောင်တွေ ကြားမှာ......... ဖျက်ဆီးလို့မရတဲ့ အခက်အခဲတွေကြားမှာ............သူတို့ချစ်ခြင်းတွေ တည်မြဲနိုင်ပါ့မလား........မိုးနတ်မင်းကြီးရယ်..........။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ဒီ အပိုင်းက JENLISA moment နည်းနည်း နဲသွားပါတယ်။ဇာတ်အိမ်အရ Jenlisa က Main Ship ပေမယ့်ကျန်တဲ့ Chaesoo နဲ့ Satzu ကလည်း Main shipနီးပါး အရေးပါကြတာပါပဲ။အခြေအနေမတူတဲ့ စုံတွဲ၃ တွဲရဲ့ပုံစံမတူတဲ့ ချစ်ခြင်းတွေကို ဒီဇိုင်းဖော်တာမို့ ဒီအပိုင်း Jenlisa moment လေးတွေ နည်းသွားတာ နားလည်ပေးပါ။ပြီးခဲ့တဲ့အပိုင်းက မေးခွန်းမေးထားတာ မဖြေကြဘူး စိတ်ဆိုးတယ်။

Readers တို့ကို အရမ်းချစ်ပါတယ်Readers တို့ကို အရမ်းချစ်တဲ့Tu Nhai Kha#

There are no comments yet. Log in to be the first to leave a review!

Similar stories