Fanfics

21💛

12:33, 14 August 2021

Love and Loyaltyအခ်စ္ နဲ႔ သစၥာ

For ZG😍

မိုး႐ြာထဲ ငုတ္တုတ္ထိုင္ၿပီး ငိုခဲ့တဲ့ ေကာင္းက်ိဳးေၾကာင့္ ခုေတာ့Sana ဖ်ားေလၿပီ။Ruby ကလည္း ခုထိ Lisa ေဘးကေနမခြာေသး။Chae ေကာပဲ Lisa နားက  မခြာေသး။၂ ေယာက္လံုး မေန႔တည္းက ဘာမွမစားၾကေသး။ေမ့ေနတဲ့တေယာက္ရယ္ သူနားက မခြာတဲ့ ၂ ေယာက္ရယ္ မိုးေရထဲဘာထြက္လုပ္တယ္မသိ မိုးမိၿပီး ဖ်ားတဲ့ တေယာက္ရယ္ေၾကာင့္ Jisoo သူတို႔ုကား ဘာလုပ္ရမယ္မွန္းမသိ။အဲ့တာေၾကာင့္ ပထမဆံုး အန္ကယ္စိတ္ပူေနမွာဆိုးလို႔ Chae အကူအညီနဲ႔ ဘူဆန္ ဌာနခ်ဳပ္ကို ျပန္ၿပီး အန္ကယ္ ကို အက်ိဳးအေၾကာင္းေျပာကာ ၇ ရက္ ၁  ပတ္ေလာက္ ေ႐ႊဝါေရာင္ေျမမွာပဲ ေနျဖစ္အံုးမယ္ ျဖစ္ေၾကာင္း သြားေျပာရေလရဲ႕။

အန္ကယ္ကေတာ့ အဆင္ေျပေအာင္ေနဖို႔ပဲ ေျပာလိုက္တယ္အားလံုးကို ေစာင့္ေရွာက္ဖို႔လည္း မွာလိုက္ေသးတယ္။အမွန္ေတာ့ စဥ္းစားၾကည့္ရင္ Sana ဘာျဖစ္လို႔ငိုတာမွန္း မသိေပမယ့္ Ruby Jane တေယာက္ကေတာ့ သူ႔ခ်စ္ခ်စ္ဒဏ္ရာရေနလို႔ စိတ္ပူၿပီး ပူေလာင္ေနတာ။ကြၽန္မမွာ ကြၽန္မခ်စ္ရတဲ့သူက တျခားတေယာက္ကို နွစ္နွစ္ကာကာ ခ်စ္ေနလို႔အသည္းကြဲၿပီး ပူေလာင္ေနတာ အဲ့လို ပူေလာင္တာခ်င္းအတူတူ ကို ကြၽန္မက အန္ကယ္ဆီလည္းသြားရ သူတို႔၀တ္ဖို႔ စားဖို႔လည္း စီစဥ္ရနဲ႔ အသည္းကြဲတာေတာင္ ေကာင္းေကာင္းမကြဲရဘူး မတရားလိုက္တာ။

ခုလည္း ငုတ္တုတ္ထိုင္မလို႔ ႀကံကာရွိေသးတယ္ Sana တေယာက္ အဖ်ားေတြ တက္ေနလို႔ Chae ကို သြားေခၚရအံုးမယ္။Chae အခန္း၀ ေရာက္ေတာ့ တံခါးေခါက္ဖို႔ရာ လက္က ေတာ္ေတာ္နဲ႔ ေျမႇာက္မရ။အရင္က ရွိပါတယ္ဆိုတဲ့ သတၲိေတြခု ဘယ္ဆီ ဘယ္၀ယ္ရယ္မသိ။

ေနာက္ဆံုးေတာ့ ရွိသမ်ွ သတၱိအကုန္ထုတ္သံုးကာ တံခါးေခါက္ဖို႔ျပင္လိုက္ေတာ့ မထင္မွတ္ဘဲ ပြင့္လာတဲ့ တံခါးနဲ႔အခန္းထဲက ထြက္လာတဲ့ Chae ေၾကာင့္ Jisoo ရဲ႕ လက္က Chae ရဲ႕ နဖူးေပၚသို႔။

''ေဒါက္´´

Chae-အား ေသပါၿပီ jiji ရဲ႕ ဘာကိစၥ လူကို နဖူး လာေခါက္ရတာလဲ။

ji-မဟုတ္ပါဘူး Chae ရယ္။Jiji က Chae ကို ေျပာစရာရွိလို႔ တံခါးေခါက္မလို႔ လုပ္ေနတာ Chae က ထြက္လာေတာ့ အမွတ္မထင္ ျဖစ္သြားတာပါ။jiji....ေတာင္းပန္ပါတယ္ေနာ္။

Chae-ရပါတယ္ Jiji ရယ္ ဒါနဲ႔ Chae ကို ေျပာစရာရွိတယ္ဆိုတာ ဘာလဲ။

Ji-ေအာ္ Sana ရယ္ အဖ်ားေတြ တတ္ေနလို႔။အဲ့တာ တစ္ခ်က္လိုက္ၾကည့္ေပးပါလား။

Chae-ဟယ္ အဲ့တာမွျပႆနာပဲ Chae က Lisa ဒဏ္ရာကို အခ်ိန္နဲ႔ ပိုးသြားသတ္ေပးရမွာ။ေနအံုး Chae လိုပဲ ေဆးပညာကြၽမ္းတဲ့ သူရွိေသးတယ္ MoMo နဲ႔ Mina ကေတာ့Chae ေခၚသြားမွာဆိုေတာ့ Tzuyu ရွိတယ္။Chae ေခၚခိုင္းတယ္ေျပာၿပီး ေခၚသြားလိုက္ လိုအပ္တဲ့ေဆးမွန္သမွ် ထုတ္လို႔ရတယ္လို႔ေျပာလိုက္ ခုခ်ိန္သူ မီးဖိုေဆာင္မွာရွိေလာက္တယ္အရပ္ရွည္ရွည္ ေခ်ာေခ်ာေလး နား႐ြက္ ကားကားေလးနဲ႔

Ji-အင္း ေက်းဇူး သြားေခၚလိုက္မယ္။

Chae-ဟုတ္ကဲ့

Chae လည္း jisoo နဲ႔ စကားေျပာၿပီး သုတ္သုတ္ သုတ္သုတ္နဲ႔ Lisa ရွိရာသို႔သြားေလရဲ႕ Chae ရဲ႕ ေက်ာျပင္ေလး ျမင္ကြင္းထဲက ေပ်ာက္သြားသည္ထိ Jisoo လိုက္ၾကည့္ေနမိတယ္။ျမင္ကြင္းထဲ ေပ်ာက္သြားကာမွ Tzuyu ရွိတယ္ ဆိုတဲ့ေနရာသို႔ ဦးတည္လိုက္သည္။

* မပိုင္ဆိုင္ရလည္း မင္းဟာ အခ်ိန္တိုင္းမွာ Jiji ျမတ္နိုးတဲ့နွင္းဆီပန္းေလးပါ Chae*

~~~~~~~~~~~~~~~~~~~~~~~~

Chae ဒဏ္ရာကို ပိုးသတ္ဖို႔ Lisa အခန္းထဲကို ၀င္လိုက္ေတာ့ Lisa ရဲ႕ ကုတင္ေဘးမွာ Lisa ရဲ႕ လက္ကို ကိုင္ကာအိပ္ေပ်ာ္ေနတဲ့ Ruby ကိုျမင္ေတာ့ စိတ္ထဲအမည္မသိတဲ့ခံစားခ်က္ႀကီး ႀကီးစိုးသြားေလရဲ႕။စိတ္တိုတာလား ၀မ္းနည္းတာလား ေဒါသထြက္တာလား မသဲကြဲ။စိတ္ထဲတခုခုႀကီး လစ္ဟာသြားသလိုပင္။အၿမဲကိုယ့္ဆီမွာရွိေနတဲ့ အရာတခုခု ပ်က္စီး ေပ်ာက္ဆံုးသြားသလိုပဲ။ေသခ်ာတာကေတာ့ ဒီ ခံစားခ်က္ႀကီး ကို Chae လံုး၀မႀကိဳက္ပါ။

Lisa နားကို သြားၾကည့္ေတာ့ သတိေမ့ေနတဲ့ Lisa ရဲ႕ နဖူးမွာ ေခြၽးစေလးေတြ။ဒါေၾကာင့္ Chae လည္း လက္မ ေလးကိုအသံုးျပဳကာ ေခြၽးေတြကို ညင္ညင္သာသာ ေလး လိုက္သုတ္ေပးေနတုန္း Ruby ျဖတ္ခနဲနိုးလာသည္။

Ruby-Chae ဘာလုပ္ေနတာလဲ

Chae-ေခြၽးေတြ ထြက္ေနလို႔ သုတ္ေပးေနတာ။

Ruby-ေအာ္

Ruby လည္း' 'ေအာ္´´ ဆိုတဲ့ စကား တစ္လံုးကလြဲ၍က်န္တာ ဘာမွမေျပာျဖစ္။မေျပာျဖစ္ဘူးဆိုတာထက္ ဘာေျပာရမွန္း မသိတာဆို ပိုမွန္လိမ့္မယ္။ဘာလို႔ဆို Ruby ခ်စ္ရသူရဲ႕ မ်က္နွာကို အဲ့လို တျခားတစိမ္းတေယာက္ကို ကိုင္တာကိုRuby လံုး၀မႀကိဳက္ပါ။Chae က ညီအမပဲ ထားအံုး ညီအမအရင္းမဟုတ္ ေမြးစားအမ ဒါေၾကာင့္ အိုးခ်င္းထား အိုးခ်င္းထိမွာကို Ruby စိတ္ပူလြန္းရပါတယ္။Chae ရဲ႕ မ်က္၀န္းထဲမွာလည္း လီ ကို ညီမ တေယာက္ထက္ ပိုတဲ့အၾကည့္ေတြ ရွိတယ္ ဆိုတာ Ruby ျမင္ေနရပါတယ္။ဒါေပမယ့္ ဘယ္လို လုပ္ရမလဲ ငယ္ငယ္ထဲက ညီအမ အရင္းလိုေနလာတဲ့ ညီအမ၂ေယာက္မွာ အမ လုပ္တဲ့သူက ညီမလုပ္တဲ့သူရဲ႕ မ်က္နွာကိုကိုင္တာကို ''ကြၽန္မ ခ်စ္ရသူရဲ႕ မ်က္နွာကို မထိနဲ႔ ´´လို႔ေျပာရမွာလား ပါးအရိုက္မခံရရင္ Ruby Jane တို႔ ကံေကာင္း တယ္မွတ္ရလိမ့္မယ္။ခက္တာပဲ လီ့ ကို ခ်စ္လြန္းေတာ့ အခ်စ္ရဲ႕ေနာက္က ကပ္ပါလာတတ္တဲ့ သ၀န္တိုတာႀကီးကို ဘယ္လိုလုပ္ရပါ့။

Chae-ေဟး Ruby ဘာေတြ ေတြးေနတာလဲ Chae ေျပာေနတာ ၂ ခါေလာက္ရွိၿပီ။

Ruby-အာ...ေတာင္းပန္ပါတယ္ ကိစၥေလးတခုထဲ စိတ္ေရာက္ သြားလို႔ပါ။Chae ဘာေျပာလိုက္တာလဲဟင္။

Chae-ေအာ္ မနက္စာစားၿပီးၿပီလားလို႔။မစားရေသးရင္မီးဖိုေဆာင္မွာ တခုခုစီစဥ္ခိုင္းၿပီး ထမင္းစားခန္းမွာ ျဖစ္ျဖစ္အခန္းထဲမွာ ျဖစ္ျဖစ္ သြားစားလိုက္ေလ။

Ruby-ဟုတ္ကဲ့။ေအာ္....ဒါနဲ႔ Chae ေကာ စားၿပီးၿပီလား။

Chae-မစားရေသးဘူး။Lili ဒဏ္ရာရဲ႕ ခ်ဳပ္ရိုးကို ပိုးသတ္ၿပီး မွ သြားစားမလို႔။

''ဟင္....ခ်ဳပ္ရိုးကို ပိုးသတ္ၿပီးမွ။လီ့ ရဲ႕ ဒဏ္ရာက ရင္ၫႊန္႔မွာဆိုတဲ့ က်ိန္းေသ အက်ီ ၾကယ္သီးကို ျဖဳတ္ၿပီး တစ္၀က္နီးပါးေလာက္ ခြၽတ္ပစ္ရမွာပဲ။မျဖစ္ဘူး ဒီလို အေျခအေနမ်ိဳးနဲ႔ လီ ကို Chae တေယာက္တည္းနဲ႔ မထားခံနိုင္ဘူး။ျမင္စရာရွိလည္း Chae တေယာက္တည္းေတာ့ ေပးမျမင္နိုင္ဘူး ငါပါၾကည့္မယ္။ဟုတ္တယ္ အဲ့ အစီအစဥ္ ေကာင္းတယ္´´

Ruby-ဟုတ္လား အဲ့တာဆို Ruby နဲ႔ အတူတူ သြားစားမယ္ေလ။Ruby တေယာက္ထဲ သြားစားရေတာ့ ပ်င္းစရာႀကီး။ Chae တေယာက္တည္း စားေတာ့လည္း ပ်င္းေနမွာေပါ့။ ခ်ဳပ္ရိုးကို ပိုးသတ္တာ ဘယ္ေလာက္ ၾကာတာ မွတ္လို႔ Ruby ေစာင့္မယ္ေလ။

Chae-အင္း အဲ့တာဆို ခနေစာင့္ေလ။အဆင္ေျပတယ္မလားအားေတာင္ နာတယ္။

Ruby-အင္း ေျပတာေပါ့ ေအးေအးေဆးေဆးလုပ္ ေျဖးေျဖးလုပ္။အားနာစရာ မလိုပါဘူး။

Chae ကေတာ့ သေဘာရိုးနဲ႔ ေစာင့္တာမွတ္လို႔ Ruby ကိုအားနာေနေပမယ့္ Ruby ကေတာ့ သူ႔အႀကံ နဲ႔ သူမို႔ Chae ကို အားမနာဖို႔သာ ေျပာလိုက္ရသည္။(အႀကံဇိုးႀကီးနဲ႔ပါ😆)

~~~~~~~~~~~~~~~~~~~~

Jisoo လည္း မီးဖိုေဆာင္ကို ေရာက္ေတာ့ ဂ်ံဳနယ္ေနတဲ့အရပ္ရွည္ရွည္ ရုပ္ေခ်ာေခ်ာေလးနဲ႔ နား႐ြက္ကားကားေလးနဲ႔ တေယာက္ကို ေတြ႕ရတာမို႔ Chae ေျပာလိုက္တဲ့ သူ ထင္တယ္ ဆိုၿပီး သြားေခၚေလရဲ႕။

Ji-ဒီက တေယာက္က Tzuyu ဆိုတာ ထင္တယ္။

Tzu-ဟုတ္ပါတယ္ အမ။အမ က.....

Ji-ဒို႔ နာမည္ Kim jisoo ပါ။Jiji လို႔ေခၚလို႔ရပါတယ္။Jiji ညီမေလး တေယာက္ ဖ်ားေနတာ အခု အဖ်ားေတြ တက္ေနလို႔ အဲ့တာ တစ္ခ်က္ေလာက္ လိုက္ၾကည့္ေပးပါလားChae က သူမအားလို႔ Tzuyu ကို သြားေခၚဆိုလို႔။

Tzu-ေအာ္ ဟုတ္ကဲ့။Chaw , jiji Unnie နဲ႔ အခုပဲ လိုက္ခဲ့ပါ့မယ္ ။ခနေလးေနာ္ လိုအပ္တာေလးေတြ သြားယူခ်င္လို႔။

Ji-ဟုတ္ကဲ့ သြားပါ။

ေျပာၿပီး လက္အျမန္ေဆးကာ မီးဖိုေဆာင္ ေနာက္ဘက္ကအေဆာင္တခုကို ေျပး၀င္သြားေလရဲ႕။

ခနေနေတာ့ လြယ္အိတ္ေလး တစ္လံုး ကို တေစာင္းလြယ္ၿပီးခပ္ျမန္ျမန္ ျပန္ ေျပးထြက္လာတဲ့ Tzuyu ကို ၾကည့္ၿပီး တစ္ခ်က္ၿပံဳးမိသြားသည္။

Tzu-jiji Unnie သြားၾကရေအာင္။

Ji-အင္း သြားတာေပါ့။

Sana ေနမေကာင္းတာမို႔ Jisoo နဲ႔ Tzuyu ေလး ခပ္ျမန္ျမန္သာ ေလ်ွာက္လာမိေတာ့သည္။Tzuyu တေယာက္မွာေဆးကုဖို႔သာ လိုက္လာတယ္ ဘယ္သူ႔ကုရမွန္းလဲ မသိ။

* Tzuyu ဘ၀ အမွန္က ေ႐ႊေပၚျမတင္ ေမြးလာတဲ့ ဆရာ၀န္၂ ေယာက္ရဲ႕ တစ္ဦးတည္းေသာ သမီး။အေမက ကိုရီးယားလူမ်ိဳး အေဖက တရုတ္လူမ်ိဳး။မွတ္မွတ္ရရ Tzuyu အထက္တန္း ေနာက္ဆံုးနွစ္ ေအာင္စာရင္းထြက္လို႔ သြားၾကည့္ၿပီး ေဆးမွတ္မွီ လို႔ မိဘေတြကို ႂကြားဖို႔ သူငယ္ခ်င္း ျဖစ္တဲ့ Son Chaeyoung နဲ႔ အိမ္ကိုျပန္လာတုန္းမွာ အိမ္တံခါး၀မွာ ဂ်ပန္စစ္သားေတြ ေရာက္ေနလို႔ ေနာက္ေဖးေပါက္ကေန သူငယ္ခ်င္း ၂ေယာက္ သြားေခ်ာင္းၾကည့္ေတာ့သူတို႔ ဂ်ပန္တပ္မေတာ္ႀကီးက အလိုအရွိဆံုး ထြက္ေျပးေနတဲ့ ရာဇ၀တ္သား ေတာ္လွန္ေရးသမား တေယာက္ရဲ႕ ဒဏ္ရာကို Tzuyu ရဲ႕ မိဘေတြက ေဆးကုေပးလိုက္လို႔ ေကာင္းသြားတာေၾကာင့္ သူတို႔လက္က လြတ္သြားရတာ ျဖစ္တယ္ဆိုၿပီးTzuyu မိဘေတြကို ရက္ရက္စက္စက္ သတ္ပစ္လိုက္ၾကတယ္။Tzuyu မိဘေတြရဲ႕ အေလာင္းေတြဆီ Tzuyu အတင္းသြားမယ္ လုပ္ေတာ့ သူငယ္ခ်င္း ျဖစ္တဲ့ Son Chaeက အတင္းဆြဲၿပီး Tzuyu အိမ္နဲ႔ မနီးမေ၀း သူ႔အိမ္ကို ေခၚလာတာေၾကာင့္ ခုခ်ိန္ထိ Tzuyu ဆိုတာ ရွိေနတာေပါ့။အဲ့တည္းက Tzuyu မိဘေတြ ျဖစ္ေစခ်င္တဲ့ ဆရာ၀န္ တေယာက္ျဖစ္ေအာင္ ႀကိဳးစားခဲ့တယ္။Tzuyu ေဆးေက်ာင္းစ တက္ ကတည္းက ဗိုလ္မွဴး Manoban ရဲ႕တပ္အေၾကာင္းၾကားရတာ ေကာင္းသတင္းမ်ားစြာနဲ႔ နားပင္ မဆန္႔ေလာက္ေအာင္ ပါပဲ။ဒီလိုနဲ႔ ေဆးေက်ာင္းၿပီးေတာ့ သူငယ္ခ်င္းျဖစ္တဲ့Son Chae ရဲ႕ အကူအညီ နဲ႔ ခုလို ဗိုလ္မွဴး ရဲ႕ တပ္ထဲကိုေရာက္ခဲ့ရတယ္။မိဘေတြရဲ႕ ေသြးေႂကြးကိုျပန္ဆပ္ဖို႔ေပါ့။Son Chae ကေတာ့ Tzuyu ေဆးေက်ာင္း ပထမနွစ္ ကတည္းက တပ္ထဲေရာက္ေနတာတဲ့။ကံၾကမၼာႀကီးက ကစားတတ္လြန္းတယ္ေျပာရမလား ဒါမွမဟုတ္ ျဖစ္မွျဖစ္တတ္ေျပာရမလား ဒါမွမဟုတ္ရင္ ကမာၻႀကီးက က်ဥ္းက်ဥ္းေလးရယ္လို႔ေျပာရမလား။Tzuyu ရဲ႕ မိဘေတြကို သတ္သြားတဲ့ အဲ့တုန္းက ဂ်ပန္ ဗိုလ္ႀကီးရဲ႕ နာမည္က Minatozaki Ruby တဲ့။အ့ံၾသသြားၾကတယ္မလား။ဟုတ္တယ္ အဲ့တာ Tzuyu သိပ္ခ်စ္ရတဲ့ Sana Unnie ရဲ႕ အေဖ။အခု ဘူဆန္ကို ဘုရင္ခံအျဖစ္ ၿပန္ေျပာင္းလာတဲ့သူ။လူဘယ္နွေယာက္ရဲ႕ အသက္ကိုရင္းၿပီး ဘုရင္ခံျဖစ္လာတယ္ေတာ့မသိ သူရင္းျပစ္လိုက္တဲ့အထဲမွာေတာ့ Tzuyu မိဘေတြပါ ပါခဲ့တယ္ *

ji-Tzuyu ဒီအခန္းပဲ။

Jisoo ရဲ႕ စကားသံေၾကာင့္ ေတြးလက္စ အေတြးေတြကို ေခါင္းထဲက ထုတ္ျပစ္လိုက္ၿပီး အခု လက္ရွိ ေဆးကုရမယ့္အလုပ္ကိုသာ အာရံုျပန္စိုက္လိုက္ေတာ့သည္။

အခန္းထဲေရာက္ေတာ့ ကုတင္ ေပၚက ေစာင္ၿခံဳေတြၾကား ေကြးေနတဲ့ မိန္းကေလး တစ္ေယာက္ ေစာင္ က မ်က္နွာကို ဖံုးေနတာ မလို႔ မ်က္နွာကိုေတာ့ သဲသဲကြဲကြဲ မျမင္ရေသး။ အနားကပ္သြား ေလ Tzuyu ရဲ႕ မူမမွန္တဲ့ နွလံုးခုန္သံ ေတြေၾကာင့္ Tzuyu စိတ္ထဲ အနည္းငယ္ေတာ့ လန္႔မိေန သည္။ကုတင္နား တိုးၿပီး ေစာင္ကိုဖယ္ၾကည့္လိုက္ေတာ့။

''ဟာ´´

မတိုးမက်ယ္ အသံေလးျဖင့္ အေနာက္ကို ေျခ ၂ လွမ္း ၃ လွမ္းေလာက္ Tzuyu ျပန္ ဆုတ္မိသြားတယ္။

* ျကမၼာ ဇာတ္ဆရာ က ခိုင္းလည္းခိုင္းတတ္ပါေပတယ္။ ကိုယ့္မိဘေတြကို သတ္သြားတဲ့ သူရဲ႕ သမီးကို Tzuyu က ျပန္ေဆးကုေပးရမွာတဲ့....ဟား....ေလာကႀကီးက ရီစရာ ေကာင္းလိုက္တာ *

ji-Tzuyu ဘာျဖစ္လို႔လဲ။

Jisoo ရဲ႕ အေမး စကားေၾကာင့္ Tzuyu  လည္း သတိျပန္ကပ္ကာ Sana ကိုျပန္ၾကည့္မိလိုက္သည္။အဖ်ားအရမ္းတက္ေနလို႔ အဖ်ားရွိန္ေၾကာင့္ နို႔နွစ္ေရာင္ ျဖဴဆြတ္ဆြတ္ အသားအေရေလးက ပတၲျမားခဲေလးလို ရဲလို႔။ေနာက္ဆံုးေတာ့ Tzuyu လည္း Sana ကို ထိုပံုစံမ်ိဳးနဲ႔ မျမင္ခ်င္တာမို႔ ကုေပးဖို႔ စိတ္ပိုင္းျဖတ္လိုက္သည္။

Tzu-ဘာမွမဟုတ္ပါဘူး Jiji Unnie။ဒီက အမ က အဖ်ားေတြ အရမ္းတက္ေနလို႔ မ်က္နွာေတြပါရဲေနေတာ့ အမွတ္တမဲ့ဆိုောတ့ လန္႔သြားလို႔ပါ။

ji-ေအာ္.......

Tzu-ဒီက အမ က ဘာလိုျဖစ္လို႔ဖ်ားတာလဲ။

Ji-မသိပါဘူးဟယ္ မေန႔က မိုးေရထဲ ကေလးမဟုတ္ သူငယ္မဟုတ္ ဘာထြက္လုပ္တယ္ မသိ။jiji တို႔ျပန္ေတြ႕ေတာ့ ႏႈတ္ခမ္းေတြ ျပာၿပီး တကိုယ္လံုး ခ်မ္းလို႔တုန္ေနတာပါပဲ။

Tzu-ေအာ္......

* အရူးပဲ။ခင္မ်ားက အရူးပဲ Minatozaki Sana။ဘာကိစၥဘာကိစၥ နဲ႔ မ်ား မိုးေရထဲ ထိုင္ငိုေနရတာလဲ ငိုခ်င္လည္း အခန္းထဲမွာ ငိုပါလား။ခင္မ်ားသာ တစ္ခုခုချဖစ္သြားရင္ က်ဳပ္က ခင္မ်ားတခုခုျဖစ္ေတာင္ က်ဳပ္ေၾကာင့္ပါဆိုၿပီး က်ဳပ္ဘ၀ကရွင္လ်က္ေသသြားမွာ ခင္မ်ားသိလား။ခင္မ်ား ခုလိုျဖစ္ေနတာကို ဘယ္ေလာက္ေတာင္ စိတ္ပူရလဲ သိလား ဟမ္ Minatozaki Sana ရဲ႕ *

Tzuyu တေယာက္ စိတ္ထဲမွာသာ ေအာ္ဟစ္ ေသာင္းက်န္းေနတာ အျပင္မွာေတာ့ စမ္းသပ္ကုသေနတဲ့ တစ္ေလ်ွာက္ဘာအသံမွကို ထြက္မလာခဲ့ပါ။

~~~~~~~~~~~~~~~~~~~~~~~~~

''Ruby....Ruby....Ruby´´

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ကတိတည္တယ္ေနာ္ သံုးရက္ တစ္ပိုင္း တင္ေပးေနတယ္။တန္းလန္းႀကီး ထားခဲ့လို႔ တန္းလန္းႀကိဳက္တဲ့ ခ လို႔ မေခၚနဲ႔အံုးေနာ္။ဒီထဲက Jenlisa ကို ျမင္ၿပီး ခ ဇာတ္လမ္းတြဲ တခုကိုသတိရသြားတယ္ ဘာလို႔ထင္လဲ။ခုေတာ့ Boycott ထားပါတယ္။Channel-K မွာ အရင္က လာတယ္ေလ။ဘယ္သူသိလဲ။အေရးေတာ္ပံုေအာင္ရမည္။💪💪💪

Readers တို႔ကို အရမ္းခ်စ္ပါတယ္Readers ေတြကို အရမ္းခ်စ္တဲ့Tu Nhai Kha#

.............................................................

Love and Loyaltyအချစ် နဲ့ သစ္စာ

For Uni😘

မိုးရွာထဲ ငုတ်တုတ်ထိုင်ပြီး ငိုခဲ့တဲ့ ကောင်းကျိုးကြောင့် ခုတော့Sana ဖျားလေပြီ။Ruby ကလည်း ခုထိ Lisa ဘေးကနေမခွာသေး။Chae ကောပဲ Lisa နားက  မခွာသေး။၂ ယောက်လုံး မနေ့တည်းက ဘာမှမစားကြသေး။မေ့နေတဲ့တယောက်ရယ် သူနားက မခွာတဲ့ ၂ ယောက်ရယ် မိုးရေထဲဘာထွက်လုပ်တယ်မသိ မိုးမိပြီး ဖျားတဲ့ တယောက်ရယ်ကြောင့် Jisoo သူတို့ကား ဘာလုပ်ရမယ်မှန်းမသိ။အဲ့တာကြောင့် ပထမဆုံး အန်ကယ်စိတ်ပူနေမှာဆိုးလို့ Chae အကူအညီနဲ့ ဘူဆန် ဌာနချုပ်ကို ပြန်ပြီး အန်ကယ် ကို အကျိုးအကြောင်းပြောကာ ၇ ရက် ၁  ပတ်လောက် ရွှေဝါရောင်မြေမှာပဲ နေဖြစ်အုံးမယ် ဖြစ်ကြောင်း သွားပြောရလေရဲ့။

အန်ကယ်ကတော့ အဆင်ပြေအောင်နေဖို့ပဲ ပြောလိုက်တယ်အားလုံးကို စောင့်ရှောက်ဖို့လည်း မှာလိုက်သေးတယ်။အမှန်တော့ စဉ်းစားကြည့်ရင် Sana ဘာဖြစ်လို့ငိုတာမှန်း မသိပေမယ့် Ruby Jane တယောက်ကတော့ သူ့ချစ်ချစ်ဒဏ်ရာရနေလို့ စိတ်ပူပြီး ပူလောင်နေတာ။ကျွန်မမှာ ကျွန်မချစ်ရတဲ့သူက တခြားတယောက်ကို နှစ်နှစ်ကာကာ ချစ်နေလို့အသည်းကွဲပြီး ပူလောင်နေတာ အဲ့လို ပူလောင်တာချင်းအတူတူ ကို ကျွန်မက အန်ကယ်ဆီလည်းသွားရ သူတို့ဝတ်ဖို့ စားဖို့လည်း စီစဉ်ရနဲ့ အသည်းကွဲတာတောင် ကောင်းကောင်းမကွဲရဘူး မတရားလိုက်တာ။

ခုလည်း ငုတ်တုတ်ထိုင်မလို့ ကြံကာရှိသေးတယ် Sana တယောက် အဖျားတွေ တက်နေလို့ Chae ကို သွားခေါ်ရအုံးမယ်။Chae အခန်း၀ ရောက်တော့ တံခါးခေါက်ဖို့ရာ လက်က တော်တော်နဲ့ မြှောက်မရ။အရင်က ရှိပါတယ်ဆိုတဲ့ သတ္တိတွေခု ဘယ်ဆီ ဘယ်ဝယ်ရယ်မသိ။

နောက်ဆုံးတော့ ရှိသမျှ သတ္တိအကုန်ထုတ်သုံးကာ တံခါးခေါက်ဖို့ပြင်လိုက်တော့ မထင်မှတ်ဘဲ ပွင့်လာတဲ့ တံခါးနဲ့အခန်းထဲက ထွက်လာတဲ့ Chae ကြောင့် Jisoo ရဲ့ လက်က Chae ရဲ့ နဖူးပေါ်သို့။

''ဒေါက်´´

Chae-အား သေပါပြီ jiji ရဲ့ ဘာကိစ္စ လူကို နဖူး လာခေါက်ရတာလဲ။

ji-မဟုတ်ပါဘူး Chae ရယ်။Jiji က Chae ကို ပြောစရာရှိလို့ တံခါးခေါက်မလို့ လုပ်နေတာ Chae က ထွက်လာတော့ အမှတ်မထင် ဖြစ်သွားတာပါ။jiji....တောင်းပန်ပါတယ်နော်။

Chae-ရပါတယ် Jiji ရယ် ဒါနဲ့ Chae ကို ပြောစရာရှိတယ်ဆိုတာ ဘာလဲ။

Ji-အော် Sana ရယ် အဖျားတွေ တတ်နေလို့။အဲ့တာ တစ်ချက်လိုက်ကြည့်ပေးပါလား။

Chae-ဟယ် အဲ့တာမှပြဿနာပဲ Chae က Lisa ဒဏ်ရာကို အချိန်နဲ့ ပိုးသွားသတ်ပေးရမှာ။နေအုံး Chae လိုပဲ ဆေးပညာကျွမ်းတဲ့ သူရှိသေးတယ် MoMo နဲ့ Mina ကတော့Chae ခေါ်သွားမှာဆိုတော့ Tzuyu ရှိတယ်။Chae ခေါ်ခိုင်းတယ်ပြောပြီး ခေါ်သွားလိုက် လိုအပ်တဲ့ဆေးမှန်သမျှ ထုတ်လို့ရတယ်လို့ပြောလိုက် ခုချိန်သူ မီးဖိုဆောင်မှာရှိလောက်တယ်အရပ်ရှည်ရှည် ချောချောလေး နားရွက် ကားကားလေးနဲ့

Ji-အင်း ကျေးဇူး သွားခေါ်လိုက်မယ်။

Chae-ဟုတ်ကဲ့

Chae လည်း jisoo နဲ့ စကားပြောပြီး သုတ်သုတ် သုတ်သုတ်နဲ့ Lisa ရှိရာသို့သွားလေရဲ့ Chae ရဲ့ ကျောပြင်လေး မြင်ကွင်းထဲက ပျောက်သွားသည်ထိ Jisoo လိုက်ကြည့်နေမိတယ်။မြင်ကွင်းထဲ ပျောက်သွားကာမှ Tzuyu ရှိတယ် ဆိုတဲ့နေရာသို့ ဦးတည်လိုက်သည်။

* မပိုင်ဆိုင်ရလည်း မင်းဟာ အချိန်တိုင်းမှာ Jiji မြတ်နိုးတဲ့နှင်းဆီပန်းလေးပါ Chae*

~~~~~~~~~~~~~~~~~~~~~~~~

Chae ဒဏ်ရာကို ပိုးသတ်ဖို့ Lisa အခန်းထဲကို ဝင်လိုက်တော့ Lisa ရဲ့ ကုတင်ဘေးမှာ Lisa ရဲ့ လက်ကို ကိုင်ကာအိပ်ပျော်နေတဲ့ Ruby ကိုမြင်တော့ စိတ်ထဲအမည်မသိတဲ့ခံစားချက်ကြီး ကြီးစိုးသွားလေရဲ့။စိတ်တိုတာလား ဝမ်းနည်းတာလား ဒေါသထွက်တာလား မသဲကွဲ။စိတ်ထဲတခုခုကြီး လစ်ဟာသွားသလိုပင်။အမြဲကိုယ့်ဆီမှာရှိနေတဲ့ အရာတခုခု ပျက်စီး ပျောက်ဆုံးသွားသလိုပဲ။သေချာတာကတော့ ဒီ ခံစားချက်ကြီး ကို Chae လုံးဝမကြိုက်ပါ။

Lisa နားကို သွားကြည့်တော့ သတိမေ့နေတဲ့ Lisa ရဲ့ နဖူးမှာ ချွေးစလေးတွေ။ဒါကြောင့် Chae လည်း လက်မ လေးကိုအသုံးပြုကာ ချွေးတွေကို ညင်ညင်သာသာ လေး လိုက်သုတ်ပေးနေတုန်း Ruby ဖြတ်ခနဲနိုးလာသည်။

Ruby-Chae ဘာလုပ်နေတာလဲ

Chae-ချွေးတွေ ထွက်နေလို့ သုတ်ပေးနေတာ။

Ruby-အော်

Ruby လည်း' 'အော်´´ ဆိုတဲ့ စကား တစ်လုံးကလွဲ၍ကျန်တာ ဘာမှမပြောဖြစ်။မပြောဖြစ်ဘူးဆိုတာထက် ဘာပြောရမှန်း မသိတာဆို ပိုမှန်လိမ့်မယ်။ဘာလို့ဆို Ruby ချစ်ရသူရဲ့ မျက်နှာကို အဲ့လို တခြားတစိမ်းတယောက်ကို ကိုင်တာကိုRuby လုံးဝမကြိုက်ပါ။Chae က ညီအမပဲ ထားအုံး ညီအမအရင်းမဟုတ် မွေးစားအမ ဒါကြောင့် အိုးချင်းထား အိုးချင်းထိမှာကို Ruby စိတ်ပူလွန်းရပါတယ်။Chae ရဲ့ မျက်ဝန်းထဲမှာလည်း လီ ကို ညီမ တယောက်ထက် ပိုတဲ့အကြည့်တွေ ရှိတယ် ဆိုတာ Ruby မြင်နေရပါတယ်။ဒါပေမယ့် ဘယ်လို လုပ်ရမလဲ ငယ်ငယ်ထဲက ညီအမ အရင်းလိုနေလာတဲ့ ညီအမ၂ယောက်မှာ အမ လုပ်တဲ့သူက ညီမလုပ်တဲ့သူရဲ့ မျက်နှာကိုကိုင်တာကို ''ကျွန်မ ချစ်ရသူရဲ့ မျက်နှာကို မထိနဲ့ ´´လို့ပြောရမှာလား ပါးအရိုက်မခံရရင် Ruby Jane တို့ ကံကောင်း တယ်မှတ်ရလိမ့်မယ်။ခက်တာပဲ လီ့ ကို ချစ်လွန်းတော့ အချစ်ရဲ့နောက်က ကပ်ပါလာတတ်တဲ့ သဝန်တိုတာကြီးကို ဘယ်လိုလုပ်ရပါ့။

Chae-ဟေး Ruby ဘာတွေ တွေးနေတာလဲ Chae ပြောနေတာ ၂ ခါလောက်ရှိပြီ။

Ruby-အာ...တောင်းပန်ပါတယ် ကိစ္စလေးတခုထဲ စိတ်ရောက် သွားလို့ပါ။Chae ဘာပြောလိုက်တာလဲဟင်။

Chae-အော် မနက်စာစားပြီးပြီလားလို့။မစားရသေးရင်မီးဖိုဆောင်မှာ တခုခုစီစဉ်ခိုင်းပြီး ထမင်းစားခန်းမှာ ဖြစ်ဖြစ်အခန်းထဲမှာ ဖြစ်ဖြစ် သွားစားလိုက်လေ။

Ruby-ဟုတ်ကဲ့။အော်....ဒါနဲ့ Chae ကော စားပြီးပြီလား။

Chae-မစားရသေးဘူး။Lili ဒဏ်ရာရဲ့ ချုပ်ရိုးကို ပိုးသတ်ပြီး မှ သွားစားမလို့။

''ဟင်....ချုပ်ရိုးကို ပိုးသတ်ပြီးမှ။လီ့ ရဲ့ ဒဏ်ရာက ရင်ညွှန့်မှာဆိုတဲ့ ကျိန်းသေ အကျီ ကြယ်သီးကို ဖြုတ်ပြီး တစ်ဝက်နီးပါးလောက် ချွတ်ပစ်ရမှာပဲ။မဖြစ်ဘူး ဒီလို အခြေအနေမျိုးနဲ့ လီ ကို Chae တယောက်တည်းနဲ့ မထားခံနိုင်ဘူး။မြင်စရာရှိလည်း Chae တယောက်တည်းတော့ ပေးမမြင်နိုင်ဘူး ငါပါကြည့်မယ်။ဟုတ်တယ် အဲ့ အစီအစဉ် ကောင်းတယ်´´

Ruby-ဟုတ်လား အဲ့တာဆို Ruby နဲ့ အတူတူ သွားစားမယ်လေ။Ruby တယောက်ထဲ သွားစားရတော့ ပျင်းစရာကြီး။ Chae တယောက်တည်း စားတော့လည်း ပျင်းနေမှာပေါ့။ ချုပ်ရိုးကို ပိုးသတ်တာ ဘယ်လောက် ကြာတာ မှတ်လို့ Ruby စောင့်မယ်လေ။

Chae-အင်း အဲ့တာဆို ခနစောင့်လေ။အဆင်ပြေတယ်မလားအားတောင် နာတယ်။

Ruby-အင်း ပြေတာပေါ့ အေးအေးဆေးဆေးလုပ် ဖြေးဖြေးလုပ်။အားနာစရာ မလိုပါဘူး။

Chae ကတော့ သဘောရိုးနဲ့ စောင့်တာမှတ်လို့ Ruby ကိုအားနာနေပေမယ့် Ruby ကတော့ သူ့အကြံ နဲ့ သူမို့ Chae ကို အားမနာဖို့သာ ပြောလိုက်ရသည်။(အကြံဇိုးကြီးနဲ့ပါ😆)

~~~~~~~~~~~~~~~~~~~~

Jisoo လည်း မီးဖိုဆောင်ကို ရောက်တော့ ဂျုံနယ်နေတဲ့အရပ်ရှည်ရှည် ရုပ်ချောချောလေးနဲ့ နားရွက်ကားကားလေးနဲ့ တယောက်ကို တွေ့ရတာမို့ Chae ပြောလိုက်တဲ့ သူ ထင်တယ် ဆိုပြီး သွားခေါ်လေရဲ့။

Ji-ဒီက တယောက်က Tzuyu ဆိုတာ ထင်တယ်။

Tzu-ဟုတ်ပါတယ် အမ။အမ က.....

Ji-ဒို့ နာမည် Kim jisoo ပါ။Jiji လို့ခေါ်လို့ရပါတယ်။Jiji ညီမလေး တယောက် ဖျားနေတာ အခု အဖျားတွေ တက်နေလို့ အဲ့တာ တစ်ချက်လောက် လိုက်ကြည့်ပေးပါလားChae က သူမအားလို့ Tzuyu ကို သွားခေါ်ဆိုလို့။

Tzu-အော် ဟုတ်ကဲ့။Chaw , jiji Unnie နဲ့ အခုပဲ လိုက်ခဲ့ပါ့မယ် ။ခနလေးနော် လိုအပ်တာလေးတွေ သွားယူချင်လို့။

Ji-ဟုတ်ကဲ့ သွားပါ။

ပြောပြီး လက်အမြန်ဆေးကာ မီးဖိုဆောင် နောက်ဘက်ကအဆောင်တခုကို ပြေးဝင်သွားလေရဲ့။

ခနနေတော့ လွယ်အိတ်လေး တစ်လုံး ကို တစောင်းလွယ်ပြီးခပ်မြန်မြန် ပြန် ပြေးထွက်လာတဲ့ Tzuyu ကို ကြည့်ပြီး တစ်ချက်ပြုံးမိသွားသည်။

Tzu-jiji Unnie သွားကြရအောင်။

Ji-အင်း သွားတာပေါ့။

Sana နေမကောင်းတာမို့ Jisoo နဲ့ Tzuyu လေး ခပ်မြန်မြန်သာ လျှောက်လာမိတော့သည်။Tzuyu တယောက်မှာဆေးကုဖို့သာ လိုက်လာတယ် ဘယ်သူ့ကုရမှန်းလဲ မသိ။

* Tzuyu ဘ၀ အမှန်က ရွှေပေါ်မြတင် မွေးလာတဲ့ ဆရာဝန်၂ ယောက်ရဲ့ တစ်ဦးတည်းသော သမီး။အမေက ကိုရီးယားလူမျိုး အဖေက တရုတ်လူမျိုး။မှတ်မှတ်ရရ Tzuyu အထက်တန်း နောက်ဆုံးနှစ် အောင်စာရင်းထွက်လို့ သွားကြည့်ပြီး ဆေးမှတ်မှီ လို့ မိဘတွေကို ကြွားဖို့ သူငယ်ချင်း ဖြစ်တဲ့ Son Chaeyoung နဲ့ အိမ်ကိုပြန်လာတုန်းမှာ အိမ်တံခါးဝမှာ ဂျပန်စစ်သားတွေ ရောက်နေလို့ နောက်ဖေးပေါက်ကနေ သူငယ်ချင်း ၂ယောက် သွားချောင်းကြည့်တော့သူတို့ ဂျပန်တပ်မတော်ကြီးက အလိုအရှိဆုံး ထွက်ပြေးနေတဲ့ ရာဇဝတ်သား တော်လှန်ရေးသမား တယောက်ရဲ့ ဒဏ်ရာကို Tzuyu ရဲ့ မိဘတွေက ဆေးကုပေးလိုက်လို့ ကောင်းသွားတာကြောင့် သူတို့လက်က လွတ်သွားရတာ ဖြစ်တယ်ဆိုပြီးTzuyu မိဘတွေကို ရက်ရက်စက်စက် သတ်ပစ်လိုက်ကြတယ်။Tzuyu မိဘတွေရဲ့ အလောင်းတွေဆီ Tzuyu အတင်းသွားမယ် လုပ်တော့ သူငယ်ချင်း ဖြစ်တဲ့ Son Chaeက အတင်းဆွဲပြီး Tzuyu အိမ်နဲ့ မနီးမဝေး သူ့အိမ်ကို ခေါ်လာတာကြောင့် ခုချိန်ထိ Tzuyu ဆိုတာ ရှိနေတာပေါ့။အဲ့တည်းက Tzuyu မိဘတွေ ဖြစ်စေချင်တဲ့ ဆရာဝန် တယောက်ဖြစ်အောင် ကြိုးစားခဲ့တယ်။Tzuyu ဆေးကျောင်းစ တက် ကတည်းက ဗိုလ်မှူး Manoban ရဲ့တပ်အကြောင်းကြားရတာ ကောင်းသတင်းများစွာနဲ့ နားပင် မဆန့်လောက်အောင် ပါပဲ။ဒီလိုနဲ့ ဆေးကျောင်းပြီးတော့ သူငယ်ချင်းဖြစ်တဲ့Son Chae ရဲ့ အကူအညီ နဲ့ ခုလို ဗိုလ်မှူး ရဲ့ တပ်ထဲကိုရောက်ခဲ့ရတယ်။မိဘတွေရဲ့ သွေးကြွေးကိုပြန်ဆပ်ဖို့ပေါ့။Son Chae ကတော့ Tzuyu ဆေးကျောင်း ပထမနှစ် ကတည်းက တပ်ထဲရောက်နေတာတဲ့။ကံကြမ္မာကြီးက ကစားတတ်လွန်းတယ်ပြောရမလား ဒါမှမဟုတ် ဖြစ်မှဖြစ်တတ်ပြောရမလား ဒါမှမဟုတ်ရင် ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးရယ်လို့ပြောရမလား။Tzuyu ရဲ့ မိဘတွေကို သတ်သွားတဲ့ အဲ့တုန်းက ဂျပန် ဗိုလ်ကြီးရဲ့ နာမည်က Minatozaki Ruby တဲ့။အံ့သြသွားကြတယ်မလား။ဟုတ်တယ် အဲ့တာ Tzuyu သိပ်ချစ်ရတဲ့ Sana Unnie ရဲ့ အဖေ။အခု ဘူဆန်ကို ဘုရင်ခံအဖြစ် ပြန်ပြောင်းလာတဲ့သူ။လူဘယ်နှယောက်ရဲ့ အသက်ကိုရင်းပြီး ဘုရင်ခံဖြစ်လာတယ်တော့မသိ သူရင်းပြစ်လိုက်တဲ့အထဲမှာတော့ Tzuyu မိဘတွေပါ ပါခဲ့တယ် *

ji-Tzuyu ဒီအခန်းပဲ။

Jisoo ရဲ့ စကားသံကြောင့် တွေးလက်စ အတွေးတွေကို ခေါင်းထဲက ထုတ်ပြစ်လိုက်ပြီး အခု လက်ရှိ ဆေးကုရမယ့်အလုပ်ကိုသာ အာရုံပြန်စိုက်လိုက်တော့သည်။

အခန်းထဲရောက်တော့ ကုတင် ပေါ်က စောင်ခြုံတွေကြား ကွေးနေတဲ့ မိန်းကလေး တစ်ယောက် စောင် က မျက်နှာကို ဖုံးနေတာ မလို့ မျက်နှာကိုတော့ သဲသဲကွဲကွဲ မမြင်ရသေး။ အနားကပ်သွား လေ Tzuyu ရဲ့ မူမမှန်တဲ့ နှလုံးခုန်သံ တွေကြောင့် Tzuyu စိတ်ထဲ အနည်းငယ်တော့ လန့်မိနေ သည်။ကုတင်နား တိုးပြီး စောင်ကိုဖယ်ကြည့်လိုက်တော့။

''ဟာ´´

မတိုးမကျယ် အသံလေးဖြင့် အနောက်ကို ခြေ ၂ လှမ်း ၃ လှမ်းလောက် Tzuyu ပြန် ဆုတ်မိသွားတယ်။

* ကြမ္မာ ဇာတ်ဆရာ က ခိုင်းလည်းခိုင်းတတ်ပါပေတယ်။ ကိုယ့်မိဘတွေကို သတ်သွားတဲ့ သူရဲ့ သမီးကို Tzuyu က ပြန်ဆေးကုပေးရမှာတဲ့....ဟား....လောကကြီးက ရီစရာ ကောင်းလိုက်တာ *

ji-Tzuyu ဘာဖြစ်လို့လဲ။

Jisoo ရဲ့ အမေး စကားကြောင့် Tzuyu  လည်း သတိပြန်ကပ်ကာ Sana ကိုပြန်ကြည့်မိလိုက်သည်။အဖျားအရမ်းတက်နေလို့ အဖျားရှိန်ကြောင့် နို့နှစ်ရောင် ဖြူဆွတ်ဆွတ် အသားအရေလေးက ပတ္တမြားခဲလေးလို ရဲလို့။နောက်ဆုံးတော့ Tzuyu လည်း Sana ကို ထိုပုံစံမျိုးနဲ့ မမြင်ချင်တာမို့ ကုပေးဖို့ စိတ်ပိုင်းဖြတ်လိုက်သည်။

Tzu-ဘာမှမဟုတ်ပါဘူး Jiji Unnie။ဒီက အမ က အဖျားတွေ အရမ်းတက်နေလို့ မျက်နှာတွေပါရဲနေတော့ အမှတ်တမဲ့ဆိုောတ့ လန့်သွားလို့ပါ။

ji-အော်.......

Tzu-ဒီက အမ က ဘာလိုဖြစ်လို့ဖျားတာလဲ။

Ji-မသိပါဘူးဟယ် မနေ့က မိုးရေထဲ ကလေးမဟုတ် သူငယ်မဟုတ် ဘာထွက်လုပ်တယ် မသိ။jiji တို့ပြန်တွေ့တော့ နှုတ်ခမ်းတွေ ပြာပြီး တကိုယ်လုံး ချမ်းလို့တုန်နေတာပါပဲ။

Tzu-အော်......

* အရူးပဲ။ခင်များက အရူးပဲ Minatozaki Sana။ဘာကိစ္စဘာကိစ္စ နဲ့ များ မိုးရေထဲ ထိုင်ငိုနေရတာလဲ ငိုချင်လည်း အခန်းထဲမှာ ငိုပါလား။ခင်များသာ တစ်ခုခုခဖြစ်သွားရင် ကျုပ်က ခင်များတခုခုဖြစ်တောင် ကျုပ်ကြောင့်ပါဆိုပြီး ကျုပ်ဘဝကရှင်လျက်သေသွားမှာ ခင်များသိလား။ခင်များ ခုလိုဖြစ်နေတာကို ဘယ်လောက်တောင် စိတ်ပူရလဲ သိလား ဟမ် Minatozaki Sana ရဲ့ *

Tzuyu တယောက် စိတ်ထဲမှာသာ အော်ဟစ် သောင်းကျန်းနေတာ အပြင်မှာတော့ စမ်းသပ်ကုသနေတဲ့ တစ်လျှောက်ဘာအသံမှကို ထွက်မလာခဲ့ပါ။

~~~~~~~~~~~~~~~~~~~~~~~~~

''Ruby....Ruby....Ruby´´

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ကတိတည်တယ်နော် သုံးရက် တစ်ပိုင်း တင်ပေးနေတယ်။တန်းလန်းကြီး ထားခဲ့လို့ တန်းလန်းကြိုက်တဲ့ ခ လို့ မခေါ်နဲ့အုံးနော်။ဒီထဲက Jenlisa ကို မြင်ပြီး ခ ဇာတ်လမ်းတွဲ တခုကိုသတိရသွားတယ် ဘာလို့ထင်လဲ။ခုတော့ Boycott ထားပါတယ်။Channel-K မှာ အရင်က လာတယ်လေ။ဘယ်သူသိလဲ။အရေးတော်ပုံအောင်ရမည်။💪💪💪

Readers တို့ကို အရမ်းချစ်ပါတယ်Readers တွေကို အရမ်းချစ်တဲ့Tu Nhai Kha#

There are no comments yet. Log in to be the first to leave a review!

Similar stories