Fanfics

Part-5(final)

19:41, 21 October 2021

Unicode

သူအိမ်၌ ပြန်နေသည်မှာ သုံးရက်ခန့်ရှိပြီ..။ ထယ်ယောင်းကို ဘာမှမပြောဘဲ ဒီတိုင်းထွက်ခဲ့ခြင်း...။ ဟိုနေ့က ကိစ္စကြောင့် ဘယ်ပုံ မျက်နှာချင်းဆိုင်ရမည် သူမသိ၍ပါ။  ရေခဲသားနှင့် ထုထားသည့် ထိုလူကတော့ အရိပ်တောင်မမြင်ရ အေးစက်စက်...။

" ကဲကွာ....ကဲကွာ ..."

ခြံနောက်ထဲ အာလူးစိုက်နေကျ မြေနေရာ၌ တူရွင်းတစ်လက်နှင့် အလုပ်ရှုပ်နေသည်။ အကြောင်းမှာ ထယ်ယောင်းအမှတ်နှင့် အပြစ်မရှိသည့် မြေကြီးအား မဲနေခြင်း..။ သူလုပ်ချင်ရာကိုလုပ်သည်။ ပြီး မသိယောင်ပြုသည်။ တာဝန်မဲ့သည့် လူ..။ လူစိတ်မရှိသည့် လူ...။

" ဘာတွေတူးနေတာလဲ..."

" အမေ့....!!!"

လေသံအေးနှင့် ပြောချင်းဖြစ်သော်လည်း နောက်ပါးမှ ကပ်၍ ပြောလိုက်ခြင်းကြောင့် လိပ်ပြာလွင့်မတတ် လန့်ဖျပ်သွားပြီး ကိုင်ထားသည့် တူရွင်းနှင့် ရွယ်လိုက်မိတော့ ထယ်ယောင်းမှ လက်ကောက်ဝတ်ကို ဖမ်းဆွဲကာ ဆုပ်ထားသော တူရွင်းကို မြေကြီးပေါ်ပြစ်ချလိုက်သည်။

" အန္တရယ်များတယ် မကိုင်နဲ့..."

သူ့အတွက်တော့ ထယ်ယောင်းသည် ပို၍ အန္တရယ်များ၏...။ ဆွဲထားသော လက်ကိုလွှတ်မပေးသေးသည့်အပြင်  စိုက်ကြည့်နေသည်။ အကြည့်ချင်း မစုံရဲ၍ မျက်နှာတစ်ဖက်လွှဲ ရှောင်နေလဲ သေချာ မရမက လိုက်ကြည့်နေသည်။ ဘယ်ကိုကြည့်နေတာလဲ သူ့ကိုကြည့်နှင့် အတင်းကြည့်ခိုင်းနေသည်။ နောက်ဆုံး မကြည့်တော့ မေးကနေ ဆွဲလှည့်သည်။

" ကိုယ်ပြောစရာရှိတယ်...."

လေးနက်တည်ကြည်ခြင်း အပြည့်ပါနေသည့် လေသံမျိုးမို့ မော့ကြည့်လိုက်တော့ မျက်တောင်တစ်ချက်မခတ် စိုက်ကြည့်နေသော သူနှင့် အကြည့်ချင်းတိုးသည်။ လျှပ်စီးဓာတ်ဖြတ်ပြေးသွားသလို တစ်ကိုယ်လုံး ရှိန်းတိမ်းဖိန်းတိမ်းဖြစ်သွားသည်။ ရင်ထဲမှာလဲ တလှပ်လှပ်နှင့်...။

အရောင်လက်နေသည့် မျက်လုံးများနှင့် သူစိတ်ဝင်တစားရှိသည်ကို မြင်တော့ ရံဖန်ရံခါမှသာ ပြုံးလေ့ရှိသည့် အသဲပုံဆန်ဆန် အပြုံးနုကို စွန့်ကြဲသည်။

" မင်းမရှိဘဲ နေရတာ လုံးဝ အဆင်‌မပြေဘူး.. ဘာလုပ်လုပ်အလွဲတွေနဲ့ကြီးဘဲ.. ဟိုနေက ကိစ္စမှာ ကိုယ်လွန်သွားတယ် တကယ်ဆို မူးနေတဲ့လူကို ကိုယ်အသားမယူခဲ့သင့်ဘူး အဲ့အတွက် တောင်းပန်ပါတယ် ကိုယ်နဲ့အတူ အိမ်ပြန်လိုက်ခဲ့မလား အချစ်..."

" အချစ်....?"

သူပြောသည့်အတိုင်း နောက်မှသံယောင်လိုက်ပြောတော့ ဟုတ်တယ်လေဟူသောပုံနှင့် မျက်ခုံးတွန့်ပြသည်။ သေချာစဉ်းစားကြည့်မှ သူကိုယ့်ကို အချစ် အချစ်နှင့်ခေါ်နေသည်မှာ ယခုမှ မဟုတ်...။ တော်တော်ကြာနေပြီ...။ ဘယ်ကတည်းကပါလိမ့် ရေနစ်ပြီး နောက်ပိုင်းကတည်းက ထင်သည်။ တကယ်ကို ပိုင်စိုးပိုင်နင်းနှင့် ယုံကြည်မှုလွန်ကဲနေတာဘဲ...။

" အချစ်...အချစ်နဲ့...ဘယ်သူက မင်းအချစ်လဲ..."

" မင်းလေ..."

" ရည်းစားတွေမို့လား အချစ်လို့ခေါ်ရအောင်...."

" ဟုတ်တယ်လေ...."

ဟုတ်တယ်‌တဲ့ သူဖြင့် တစ်ခါမှ ရည်းစားစကားမပြောဘဲ လာလာချည်းရှိသေး...။ ဆွဲထားသော လက်ကိုရုန်းလိုက်ပြီး မျက်ခုံးကိုပင့် လက်ကိုပိုက်ကာ ဟန်ချီရင်း

" ဘယ်တုန်းက ရည်းစားတွေဖြစ်သွားတာလဲ ငါမသိလိုက်ပါလား..."

" နမ်းတောင်ပြီးပြီကို မဟုတ်သေးဘူး "

" ....."

သူပြောတာ မှန်သည်မို့ သူ့တွင်ချေပစရာမရှိ...။ သို့သော်လည်း နမ်းရုံနှင့် ချစ်သူဖြစ်ကရောလား...။ သူလည်းသေချာမသိတော့ဘူး သူတို့အခြေအနေက ဘာလဲဆိုတာကို...။

" သေချာနားထောင်....ပယင်းရောင် မျက်လုံးမှေးကျဉ်းလေးတွေနဲ့ ကောင်လေးရဲ့ ဒေါသမျက်ဝန်တွေကို အိမ်မက်ထဲအထိ ကိုယ်စွဲလမ်းခဲ့တယ်။ အလိုမကျတိုင်း ဆူထော်ထားတတ်တဲ့ နှုတ်ခမ်းလုံးတစ်လေး...၊ ပြည့်ဖောင်းဖောင်း လက်တိုတိုလေး...အကုန်လုံးကို ကိုယ်မြတ်နိုးတယ်..။ ဒါပေမဲ့ ဘာလို့လဲ အဖြေမရှာတတ်ခဲ့ဘူး.. မင်းကိုအပြီးတိုင် ဆုံးရှုံးရခါနီဆဲဆဲ အချိန်မှ ကိုယ်သိခဲ့တာ ကိုယ်မင်းကို ချစ်တယ်ဆိုတာကို..."

လေကုန်မှာစိုး၍ ကပ်စေးနည်းပြီး အင်းအဲပြောတာ သူမဟုတ်သည့်အတိုင်း ချစ်တယ်ပြောတာလေးကို ဘာတွေလျှောက်ပြီး ဖောင်ဖွဲ့နေလဲမသိဘူး...။ မျက်နှာကြီးက ရဲတက်ပြီး ရှက်နေသေးသည်။ ချစ်စရာကြီး...။ ဒါပေမဲ့ နည်းနည်းတော့ မူအုံးမည်။

" အဟမ်း...အဲ့လိုဆိုတော့လဲ စဉ်းစားပေးတာပေါ့...."

" မင်းလဲငါ့ချစ်နေတာဘဲကို ဘာတွေစဉ်းစားမှာလဲ.!!"

နဖူးအလည်၌ မျက်ခုံးတို့ကို ထိစပ်သည်အထိ ကျုံ့ထားရင်းမှ ဆူအောင့်အောင့်ဆိုသည်။ မရဘူးချင်း ထပ်အောင်ပြော၍ လူကို ရင်ထဲအတင်း ထည့်ဖက်ထားသည်။ လိုချင်တာ မရ၍ ဂျစ်တိုက်နေသော ကလေးဆိုးကြီးလို...။ ထယ်ယောင်း၏ အေးစက်စက် တစ်ဖက်ခြမ်း၌ ထိုသို့ချစ်စရာပုံစံလေးရှိသည်ကို ရိပ်မိတာ ကြာပြီဆိုပေမဲ့ မျက်မြင်တွေ့တာတော့ အခုမှ...။

_____________________________________

" ထယ်~~~မေမေက အိမ်ခဏပြန်ခဲ့အုံးတဲ့...ခေါ်နေတယ်..."

" အင်း...."

" အဲ့ဒါ ထယ်ကော လိုက်ခဲ့နော်.."

" မလိုက်ပါဘူး မင်းချစ်သူလဲမဟုတ် ဘာလိုက်လုပ်ရမှာလဲ..."

အချိန်ရရင် ရသလို သူ့ကိုအဖြေမပေးသေးသည့် ကိစ္စကို မကျေချမ်းကြောင်း ပြလေ့ရှိသည့် ထိုလူသည် စာအုပ်လေးတစ်အုပ်နှင့် ကွပ်ပျစ်ပေါ် ထိုင်နေသော သူ့နောက်ကျော၌ ခွထိုင်ကာ နားဖျားလေးကိုနမ်းလိုက်၊ နားထင်လေးကို နမ်းလိုက်၊ ဆံပင်လေးကို ဖွဆော့ကာ နမ်းရှိုက်လိုက်နှင့် အသားယူနေသောလူရယ်ပါ...။ လည်တိုင်တစ်လျှောက်နှင့် ညှပ်ရိုးနားတစ်ဝိုက်ဆို စုန်းစုပ်ထားသလို အနီကွက်တွေ တောထလို့...။ ရွာကလူတွေကတောင် ပြောကြသည် ဆရာဝန်လေးကို ကိုက်တဲ့စုန်းက ကြီးတယ်နေမှာ နေရာအနှံ့ဘဲတဲ့...။ အဲ့လိုကြားရင် ပြုံးဖြဲဖြဲနှင့် သူမဟုတ်သည့်အတိုင်း...။

" မလိုက်နေပေါ့...တစ်ယောက်ထဲသွားမှာ.."

" ဟင်း......"

သံရှည်စွဲ မြည်သည်အထိ အသက်ကို ပြင်းစွာ ရှူထုတ်သည်။ သူ့မှာ ကိုယ့်ကို စိတ်ချလက်ချ လွှတ်နိုင်သည်လဲမဟုတ်ဘဲ သက်သက် လိုချင်တာရမလားလို့ ဂျီကျနေခြင်း...။ ဒီလိုဆိုတော့လဲ သူစိတ်မကောင်း..။ ဒဏ်ရာတွေပေးနေသလို...။

" ထယ်~~~ငါလေ အရမ်းဆိုးတယ်မလား..."

" မဆိုးပါဘူး...ဘာတွေလျှောက်တွေးနေပြန်ပြီလဲ မဟုတ်တာတွေ လုံးဝလျှောက်မတွေးနဲ့နော်... "

ပွေ့ချီပြီး သူ့ဘက်လှည့်စေကာ မျက်နှာလေးကို အုပ်ကိုင်ရင်း စိုးရိမ်တကြီးဆိုနေသော ထိုလူကြီးကို ကြည့်လေ သူချစ်လေပါဘဲ...။ ဉာဉ်ဆိုးလေးကြောင့်သာ ခက်နေတာ...။ သူချစ်လွန်းတာသိလို့ အနိုင်ယူတာလဲ ပါမပေါ့...။ ဘယ်လိုလုပ်ရတော့မလဲ ဒီလူကြီးကို ချစ်လွန်းလို့ သူထပ်မနှိပ်စက်ရက်တော့ဘူး...။

" ထယ့်ကိုချစ်တယ် ချစ်လွန်းလို့ ဘယ်လိုလုပ်ရတော့မလဲ "

" အင်း...ကိုယ်သိတယ်...ကလေးဆိုးလေးက ချစ်လွန်းလို့ ဆိုးနေတယ်ဆိုတာကို..."

ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်တဲ့ ချစ်သူလေးလဲ တမင်ဆိုးနေမှန်း သိတာတောင် သူကျေနပ်အောင် အလိုကျ သရုပ်ဆောင်ပေးသည်။ ဒီလိုချစ်သူချောချောခန့်ခန့်လေးကို ဆုချရမည်ပေါ့ မဟုတ်ဘူးလား...။

" အာဘွား....မွချိ...."

ချစ်စဖွယ် အမူအရာနှင့် နှုတ်ခမ်းကို ဆူထော်လိုက်ပြီး ထိကပ်နမ်းတော့ ပွင့်ဟလာမှုနှင့်အတူ သိမ်းပိုက်ခံလိုက်ရသော နှုတ်ခမ်းတွေ...။ ချစ်သလောက် အသားယူတဲ့ သူ့ချစ်သူလေးပါ...။

_____________________________________

သူ့မိဘတွေနှင့် တွေ့တော့ ထယ်က လူလိမ္မာလေးလုပ်သည်။ ကိုယ့်ကိုတောင် တစ်ခါမှ လုပ်မပြဖူးသည့် ကပ်ချွနည်းတွေနဲ့ ချုပ်သည်။ ချစ်စရာ ကောင်းအောင်လဲ ပြုံးပြတတ်သေးသည်။ မေမေဆို ထယ့်ကို သားသား,သားသားနှင့် တအားချစ်...။ ထယ်ပြန်သွားမှာတောင် စိုးနေကြသည်..။ သားကိုမကဲဘဲ သမက်ကို ကဲနေသော သူ့မိဘတွေရယ်ပါ...။

သူတို့ ပြန်ခါနီးကျ မေမေက မျက်ရည် တစမ်းစမ်းနှင့် မကြာခဏလာလည်ဖို့လဲ အထပ်ထပ်မှာတမ်းချွေသည်။ ဖေဖေကတော့ ထွက်ကိုမကြည့်ဘူး..။ ထယ့်ကို စိတ်တိုနေသည်လေ..။ အကြောင်းက မပြန်ခင်ညက ထယ်က သူ့မိဘတွေဆီမှာ ခွင့်တောင်းတယ် သူတို့နှစ်ယောက် ချစ်ကြိုက်နေပါတယ် သဘောတူပေးပါဆိုပြီး...။ မေမေက ဖြူသည်မဲသည် ဘာမှမပြောပေမဲ့ ဖေဖေက တအားဒေါသထွက်သွားသည်။ ထယ့်ကိုလဲ ပြောတာ မတရားဘဲ...။ရောက်စက သူသည်းသည်းလှုပ်ခဲ့တဲ့ ကောင်လေးမဟုတ်သည့်အတိုင်း..။ မင်းလို တောသား ဆင်းရဲသားနဲ့ မပေးစားဘူးတဲ့...။ တစ်ယောက်ထဲ ရှိတော့တဲ့ သူ့သားလေးကို မပေးနိုင်လို့ အရူးမီးဝိုင်းလျှောက်ပြောတာ စုံလို့ပါဘဲ...။ သူသေချာတောင် မမှတ်မိတော့ဘူး...။

ရွာထိကို လိုက်လာပြီး သူနှင့်အတူနေသည်။ သူ့သားကို စိတ်မချဘူးတဲ့...။ လိုချင်သူတွေ ပေါသတဲ့...။ ထယ်ကလဲ လက်မလျော့ခဲ့ဘူး သူ့နဲ့သဘောတူဖို့ နေ့တိုင်း နည်းမျိုးစုံသုံးပြီး ကြိုးစားသည်။ သူက ရွာက အနုပ်စုတ်ကုပ်စုတ် မဟုတ်တဲ့အကြောင်း၊ တစ်ကောင်ကြွက် မဟုတ်တဲ့အကြောင်း ဒယ်ဂူက သူ့မိဘတွေ ခေါ်လာပြီး ရှင်းပြသည်။ ဒါလဲမရဘူး အဖေက လက်မခံဘူး...။ ထယ်ကလဲ အလျော့မပေးဘူး။ သဘောတူရေး ဒို့အရေးဘဲ..။

အချိန်တွေကြာလာတော့ ဖေဖေဘဲ လက်လျော့လာသည်။ ဒီကောင်လေးက လူကောင်းလေးမို့ စိတ်ချပါပြီတဲ့..။ သားကို စိတ်ချမ်းသာအောင် ထားပေးပါဆိုပြီး မြို့ကို ပြန်သွားသည်။ အဲ့နေ့က ထယ့်မှာ ပျော်တာဆိုတာလေ တစ်ရွာလုံးကို ပတ်ပြေးတာ ဝူးဝူးနဲ့အော်ပြီ...။ ရွာကလူတွေ အချေကိုယ်တော်ကြီး ရူးသွားပြီလားလို့ ထင်ရသည်အထိ...။

ဘယ်သူထင်မလဲ သူကြည့်မရလို့ ဖြတ်ရိုက်ချင်ခဲ့တဲ့သူက သူ့ဘဝလက်တွဲဖော် ဖြစ်လာမယ်ဆိုတာ...။ ကျပျောက်တဲ့ ကလစ်လာရှာရင်း ရန်ဖြစ်ခဲ့တဲ့ ခြံပိုင်ရှင်က ကိုယ့်ချစ်သူ ဖြစ်လာမယ်ဆိုတာ...။

The end_____________________________________

Zawgi

သူအိမ္၌ ျပန္ေနသည္မွာ သုံးရက္ခန႔္ရွိၿပီ..။ ထယ္ေယာင္းကို ဘာမွမေျပာဘဲ ဒီတိုင္းထြက္ခဲ့ျခင္း...။ ဟိုေန႕က ကိစၥေၾကာင့္ ဘယ္ပုံ မ်က္ႏွာခ်င္းဆိုင္ရမည္ သူမသိ၍ပါ။  ေရခဲသားႏွင့္ ထုထားသည့္ ထိုလူကေတာ့ အရိပ္ေတာင္မျမင္ရ ေအးစက္စက္...။

" ကဲကြာ....ကဲကြာ ..."

ၿခံေနာက္ထဲ အာလူးစိုက္ေနက် ေျမေနရာ၌ တူ႐ြင္းတစ္လက္ႏွင့္ အလုပ္ရႈပ္ေနသည္။ အေၾကာင္းမွာ ထယ္ေယာင္းအမွတ္ႏွင့္ အျပစ္မရွိသည့္ ေျမႀကီးအား မဲေနျခင္း..။ သူလုပ္ခ်င္ရာကိုလုပ္သည္။ ၿပီး မသိေယာင္ျပဳသည္။ တာဝန္မဲ့သည့္ လူ..။ လူစိတ္မရွိသည့္ လူ...။

" ဘာေတြတူးေနတာလဲ..."

" အေမ့....!!!"

ေလသံေအးႏွင့္ ေျပာခ်င္းျဖစ္ေသာ္လည္း ေနာက္ပါးမွ ကပ္၍ ေျပာလိုက္ျခင္းေၾကာင့္ လိပ္ျပာလြင့္မတတ္ လန႔္ဖ်ပ္သြားၿပီး ကိုင္ထားသည့္ တူ႐ြင္းႏွင့္ ႐ြယ္လိုက္မိေတာ့ ထယ္ေယာင္းမွ လက္ေကာက္ဝတ္ကို ဖမ္းဆြဲကာ ဆုပ္ထားေသာ တူ႐ြင္းကို ေျမႀကီးေပၚျပစ္ခ်လိဳက္သည္။

" အႏၲရယ္မ်ားတယ္ မကိုင္နဲ႕..."

သူ႕အတြက္ေတာ့ ထယ္ေယာင္းသည္ ပို၍ အႏၲရယ္မ်ား၏...။ ဆြဲထားေသာ လက္ကိုလႊတ္မေပးေသးသည့္အျပင္  စိုက္ၾကည့္ေနသည္။ အၾကည့္ခ်င္း မစုံရဲ၍ မ်က္ႏွာတစ္ဖက္လႊဲ ေရွာင္ေနလဲ ေသခ်ာ မရမက လိုက္ၾကည့္ေနသည္။ ဘယ္ကိုၾကည့္ေနတာလဲ သူ႕ကိုၾကည့္ႏွင့္ အတင္းၾကည့္ခိုင္းေနသည္။ ေနာက္ဆုံး မၾကည့္ေတာ့ ေမးကေန ဆြဲလွည့္သည္။

" ကိုယ္ေျပာစရာရွိတယ္...."

ေလးနက္တည္ၾကည္ျခင္း အျပည့္ပါေနသည့္ ေလသံမ်ိဳးမို႔ ေမာ့ၾကည့္လိုက္ေတာ့ မ်က္ေတာင္တစ္ခ်က္မခတ္ စိုက္ၾကည့္ေနေသာ သူႏွင့္ အၾကည့္ခ်င္းတိုးသည္။ လွ်ပ္စီးဓာတ္ျဖတ္ေျပးသြားသလို တစ္ကိုယ္လုံး ရွိန္းတိမ္းဖိန္းတိမ္းျဖစ္သြားသည္။ ရင္ထဲမွာလဲ တလွပ္လွပ္ႏွင့္...။

အေရာင္လက္ေနသည့္ မ်က္လုံးမ်ားႏွင့္ သူစိတ္ဝင္တစားရွိသည္ကို ျမင္ေတာ့ ရံဖန္ရံခါမွသာ ၿပဳံးေလ့ရွိသည့္ အသဲပုံဆန္ဆန္ အၿပဳံးႏုကို စြန႔္ႀကဲသည္။

" မင္းမရွိဘဲ ေနရတာ လုံးဝ အဆင္‌မေျပဘူး.. ဘာလုပ္လုပ္အလြဲေတြနဲ႕ႀကီးဘဲ.. ဟိုေနက ကိစၥမွာ ကိုယ္လြန္သြားတယ္ တကယ္ဆို မူးေနတဲ့လူကို ကိုယ္အသားမယူခဲ့သင့္ဘူး အဲ့အတြက္ ေတာင္းပန္ပါတယ္ ကိုယ္နဲ႕အတူ အိမ္ျပန္လိုက္ခဲ့မလား အခ်စ္..."

" အခ်စ္....?"

သူေျပာသည့္အတိုင္း ေနာက္မွသံေယာင္လိုက္ေျပာေတာ့ ဟုတ္တယ္ေလဟူေသာပုံႏွင့္ မ်က္ခုံးတြန႔္ျပသည္။ ေသခ်ာစဥ္းစားၾကည့္မွ သူကိုယ့္ကို အခ်စ္ အခ်စ္ႏွင့္ေခၚေနသည္မွာ ယခုမွ မဟုတ္...။ ေတာ္ေတာ္ၾကာေနၿပီ...။ ဘယ္ကတည္းကပါလိမ့္ ေရနစ္ၿပီး ေနာက္ပိုင္းကတည္းက ထင္သည္။ တကယ္ကို ပိုင္စိုးပိုင္နင္းႏွင့္ ယုံၾကည္မႈလြန္ကဲေနတာဘဲ...။

" အခ်စ္...အခ်စ္နဲ႕...ဘယ္သူက မင္းအခ်စ္လဲ..."

" မင္းေလ..."

" ရည္းစားေတြမို႔လား အခ်စ္လို႔ေခၚရေအာင္...."

" ဟုတ္တယ္ေလ...."

ဟုတ္တယ္‌တဲ့ သူျဖင့္ တစ္ခါမွ ရည္းစားစကားမေျပာဘဲ လာလာခ်ည္းရွိေသး...။ ဆြဲထားေသာ လက္ကို႐ုန္းလိုက္ၿပီး မ်က္ခုံးကိုပင့္ လက္ကိုပိုက္ကာ ဟန္ခ်ီရင္း

" ဘယ္တုန္းက ရည္းစားေတြျဖစ္သြားတာလဲ ငါမသိလိုက္ပါလား..."

" နမ္းေတာင္ၿပီးၿပီကို မဟုတ္ေသးဘူး "

" ....."

သူေျပာတာ မွန္သည္မို႔ သူ႕တြင္ေခ်ပစရာမရွိ...။ သို႔ေသာ္လည္း နမ္း႐ုံႏွင့္ ခ်စ္သူျဖစ္ကေရာလား...။ သူလည္းေသခ်ာမသိေတာ့ဘူး သူတို႔အေျခအေနက ဘာလဲဆိုတာကို...။

" ေသခ်ာနားေထာင္....ပယင္းေရာင္ မ်က္လုံးေမွးက်ဥ္းေလးေတြနဲ႕ ေကာင္ေလးရဲ႕ ေဒါသမ်က္ဝန္ေတြကို အိမ္မက္ထဲအထိ ကိုယ္စြဲလမ္းခဲ့တယ္။ အလိုမက်တိဳင္း ဆူေထာ္ထားတတ္တဲ့ ႏႈတ္ခမ္းလုံးတစ္ေလး...၊ ျပည့္ေဖာင္းေဖာင္း လက္တိုတိုေလး...အကုန္လုံးကို ကိုယ္ျမတ္နိုးတယ္..။ ဒါေပမဲ့ ဘာလို႔လဲ အေျဖမရွာတတ္ခဲ့ဘူး.. မင္းကိုအၿပီးတိုင္ ဆုံးရႈံးရခါနီဆဲဆဲ အခ်ိန္မွ ကိုယ္သိခဲ့တာ ကိုယ္မင္းကို ခ်စ္တယ္ဆိုတာကို..."

ေလကုန္မွာစိုး၍ ကပ္ေစးနည္းၿပီး အင္းအဲေျပာတာ သူမဟုတ္သည့္အတိုင္း ခ်စ္တယ္ေျပာတာေလးကို ဘာေတြေလွ်ာက္ၿပီး ေဖာင္ဖြဲ႕ေနလဲမသိဘူး...။ မ်က္ႏွာႀကီးက ရဲတက္ၿပီး ရွက္ေနေသးသည္။ ခ်စ္စရာႀကီး...။ ဒါေပမဲ့ နည္းနည္းေတာ့ မူအုံးမည္။

" အဟမ္း...အဲ့လိုဆိုေတာ့လဲ စဥ္းစားေပးတာေပါ့...."

" မင္းလဲငါ့ခ်စ္ေနတာဘဲကို ဘာေတြစဥ္းစားမွာလဲ.!!"

နဖူးအလည္၌ မ်က္ခုံးတို႔ကို ထိစပ္သည္အထိ က်ဳံ႕ထားရင္းမွ ဆူေအာင့္ေအာင့္ဆိုသည္။ မရဘူးခ်င္း ထပ္ေအာင္ေျပာ၍ လူကို ရင္ထဲအတင္း ထည့္ဖက္ထားသည္။ လိုခ်င္တာ မရ၍ ဂ်စ္တိုက္ေနေသာ ကေလးဆိုးႀကီးလို...။ ထယ္ေယာင္း၏ ေအးစက္စက္ တစ္ဖက္ျခမ္း၌ ထိုသို႔ခ်စ္စရာပုံစံေလးရွိသည္ကို ရိပ္မိတာ ၾကာၿပီဆိုေပမဲ့ မ်က္ျမင္ေတြ႕တာေတာ့ အခုမွ...။

_____________________________________

" ထယ္~~~ေမေမက အိမ္ခဏျပန္ခဲ့အုံးတဲ့...ေခၚေနတယ္..."

" အင္း...."

" အဲ့ဒါ ထယ္ေကာ လိုက္ခဲ့ေနာ္.."

" မလိုက္ပါဘူး မင္းခ်စ္သူလဲမဟုတ္ ဘာလိုက္လုပ္ရမွာလဲ..."

အခ်ိန္ရရင္ ရသလို သူ႕ကိုအေျဖမေပးေသးသည့္ ကိစၥကို မေက်ခ်မ္းေၾကာင္း ျပေလ့ရွိသည့္ ထိုလူသည္ စာအုပ္ေလးတစ္အုပ္ႏွင့္ ကြပ္ပ်စ္ေပၚ ထိုင္ေနေသာ သူ႕ေနာက္ေက်ာ၌ ခြထိုင္ကာ နားဖ်ားေလးကိုနမ္းလိုက္၊ နားထင္ေလးကို နမ္းလိုက္၊ ဆံပင္ေလးကို ဖြေဆာ့ကာ နမ္းရွိုက္လိုက္ႏွင့္ အသားယူေနေသာလူရယ္ပါ...။ လည္တိုင္တစ္ေလွ်ာက္ႏွင့္ ညွပ္ရိုးနားတစ္ဝိုက္ဆို စုန္းစုပ္ထားသလို အနီကြက္ေတြ ေတာထလို႔...။ ႐ြာကလူေတြကေတာင္ ေျပာၾကသည္ ဆရာဝန္ေလးကို ကိုက္တဲ့စုန္းက ႀကီးတယ္ေနမွာ ေနရာအႏွံ႕ဘဲတဲ့...။ အဲ့လိုၾကားရင္ ၿပဳံးၿဖဲၿဖဲႏွင့္ သူမဟုတ္သည့္အတိုင္း...။

" မလိုက္ေနေပါ့...တစ္ေယာက္ထဲသြားမွာ.."

" ဟင္း......"

သံရွည္စြဲ ျမည္သည္အထိ အသက္ကို ျပင္းစြာ ရႉထုတ္သည္။ သူ႕မွာ ကိုယ့္ကို စိတ္ခ်လက္ခ် လႊတ္နိုင္သည္လဲမဟုတ္ဘဲ သက္သက္ လိုခ်င္တာရမလားလို႔ ဂ်ီက်ေနျခင္း...။ ဒီလိုဆိုေတာ့လဲ သူစိတ္မေကာင္း..။ ဒဏ္ရာေတြေပးေနသလို...။

" ထယ္~~~ငါေလ အရမ္းဆိုးတယ္မလား..."

" မဆိုးပါဘူး...ဘာေတြေလွ်ာက္ေတြးေနျပန္ၿပီလဲ မဟုတ္တာေတြ လုံးဝေလွ်ာက္မေတြးနဲ႕ေနာ္... "

ေပြ႕ခ်ီၿပီး သူ႕ဘက္လွည့္ေစကာ မ်က္ႏွာေလးကို အုပ္ကိုင္ရင္း စိုးရိမ္တႀကီးဆိုေနေသာ ထိုလူႀကီးကို ၾကည့္ေလ သူခ်စ္ေလပါဘဲ...။ ဉာဥ္ဆိုးေလးေၾကာင့္သာ ခက္ေနတာ...။ သူခ်စ္လြန္းတာသိလို႔ အနိုင္ယူတာလဲ ပါမေပါ့...။ ဘယ္လိုလုပ္ရေတာ့မလဲ ဒီလူႀကီးကို ခ်စ္လြန္းလို႔ သူထပ္မႏွိပ္စက္ရက္ေတာ့ဘူး...။

" ထယ့္ကိုခ်စ္တယ္ ခ်စ္လြန္းလို႔ ဘယ္လိုလုပ္ရေတာ့မလဲ "

" အင္း...ကိုယ္သိတယ္...ကေလးဆိုးေလးက ခ်စ္လြန္းလို႔ ဆိုးေနတယ္ဆိုတာကို..."

ဘယ္ေလာက္ေတာင္ ခ်စ္ဖို႔ေကာင္းလိုက္တဲ့ ခ်စ္သူေလးလဲ တမင္ဆိုးေနမွန္း သိတာေတာင္ သူေက်နပ္ေအာင္ အလိုက် သ႐ုပ္ေဆာင္ေပးသည္။ ဒီလိုခ်စ္သူေခ်ာေခ်ာခန႔္ခန႔္ေလးကို ဆုခ်ရမည္ေပါ့ မဟုတ္ဘူးလား...။

" အာဘြား....မြခ်ိ...."

ခ်စ္စဖြယ္ အမူအရာႏွင့္ ႏႈတ္ခမ္းကို ဆူေထာ္လိုက္ၿပီး ထိကပ္နမ္းေတာ့ ပြင့္ဟလာမႈႏွင့္အတူ သိမ္းပိုက္ခံလိုက္ရေသာ ႏႈတ္ခမ္းေတြ...။ ခ်စ္သေလာက္ အသားယူတဲ့ သူ႕ခ်စ္သူေလးပါ...။

_____________________________________

သူ႕မိဘေတြႏွင့္ ေတြ႕ေတာ့ ထယ္က လူလိမၼာေလးလုပ္သည္။ ကိုယ့္ကိုေတာင္ တစ္ခါမွ လုပ္မျပဖူးသည့္ ကပ္ခြၽနည္းေတြနဲ႕ ခ်ဳပ္သည္။ ခ်စ္စရာ ေကာင္းေအာင္လဲ ၿပဳံးျပတတ္ေသးသည္။ ေမေမဆို ထယ့္ကို သားသား,သားသားႏွင့္ တအားခ်စ္...။ ထယ္ျပန္သြားမွာေတာင္ စိုးေနၾကသည္..။ သားကိုမကဲဘဲ သမက္ကို ကဲေနေသာ သူ႕မိဘေတြရယ္ပါ...။

သူတို႔ ျပန္ခါနီးက် ေမေမက မ်က္ရည္ တစမ္းစမ္းႏွင့္ မၾကာခဏလာလည္ဖို႔လဲ အထပ္ထပ္မွာတမ္းေခြၽသည္။ ေဖေဖကေတာ့ ထြက္ကိုမၾကည့္ဘူး..။ ထယ့္ကို စိတ္တိုေနသည္ေလ..။ အေၾကာင္းက မျပန္ခင္ညက ထယ္က သူ႕မိဘေတြဆီမွာ ခြင့္ေတာင္းတယ္ သူတို႔ႏွစ္ေယာက္ ခ်စ္ႀကိဳက္ေနပါတယ္ သေဘာတူေပးပါဆိုၿပီး...။ ေမေမက ျဖဴသည္မဲသည္ ဘာမွမေျပာေပမဲ့ ေဖေဖက တအားေဒါသထြက္သြားသည္။ ထယ့္ကိုလဲ ေျပာတာ မတရားဘဲ...။ေရာက္စက သူသည္းသည္းလႈပ္ခဲ့တဲ့ ေကာင္ေလးမဟုတ္သည့္အတိုင္း..။ မင္းလို ေတာသား ဆင္းရဲသားနဲ႕ မေပးစားဘူးတဲ့...။ တစ္ေယာက္ထဲ ရွိေတာ့တဲ့ သူ႕သားေလးကို မေပးနိုင္လို႔ အ႐ူးမီးဝိုင္းေလွ်ာက္ေျပာတာ စုံလို႔ပါဘဲ...။ သူေသခ်ာေတာင္ မမွတ္မိေတာ့ဘူး...။

႐ြာထိကို လိုက္လာၿပီး သူႏွင့္အတူေနသည္။ သူ႕သားကို စိတ္မခ်ဘဴးတဲ့...။ လိုခ်င္သူေတြ ေပါသတဲ့...။ ထယ္ကလဲ လက္မေလ်ာ့ခဲ့ဘူး သူ႕နဲ႕သေဘာတူဖို႔ ေန႕တိုင္း နည္းမ်ိဳးစုံသုံးၿပီး ႀကိဳးစားသည္။ သူက ႐ြာက အႏုပ္စုတ္ကုပ္စုတ္ မဟုတ္တဲ့အေၾကာင္း၊ တစ္ေကာင္ႂကြက္ မဟုတ္တဲ့အေၾကာင္း ဒယ္ဂူက သူ႕မိဘေတြ ေခၚလာၿပီး ရွင္းျပသည္။ ဒါလဲမရဘူး အေဖက လက္မခံဘူး...။ ထယ္ကလဲ အေလ်ာ့မေပးဘူး။ သေဘာတူေရး ဒို႔အေရးဘဲ..။

အခ်ိန္ေတြၾကာလာေတာ့ ေဖေဖဘဲ လက္ေလ်ာ့လာသည္။ ဒီေကာင္ေလးက လူေကာင္းေလးမို႔ စိတ္ခ်ပါၿပီတဲ့..။ သားကို စိတ္ခ်မ္းသာေအာင္ ထားေပးပါဆိုၿပီး ၿမိဳ႕ကို ျပန္သြားသည္။ အဲ့ေန႕က ထယ့္မွာ ေပ်ာ္တာဆိုတာေလ တစ္႐ြာလုံးကို ပတ္ေျပးတာ ဝူးဝူးနဲ႕ေအာ္ၿပီ...။ ႐ြာကလူေတြ အေခ်ကိဳယ္ေတာ္ႀကီး ႐ူးသြားၿပီလားလို႔ ထင္ရသည္အထိ...။

ဘယ္သူထင္မလဲ သူၾကည့္မရလို႔ ျဖတ္ရိုက္ခ်င္ခဲ့တဲ့သူက သူ႕ဘဝလက္တြဲေဖာ္ ျဖစ္လာမယ္ဆိုတာ...။ က်ေပ်ာက္တဲ့ ကလစ္လာရွာရင္း ရန္ျဖစ္ခဲ့တဲ့ ၿခံပိုင္ရွင္က ကိုယ့္ခ်စ္သူ ျဖစ္လာမယ္ဆိုတာ...။

The end_____________________________________

There are no comments yet. Log in to be the first to leave a review!

Similar stories