Part-4
14:33, 15 July 2023Zawကွန်ဒိုတိုက်ခန်း
"ဘယ်သွားချင်သေးလဲ"
"ဘယ်နေရာလဲ"
"ဟမ်??"
********
"ရောက်ပြီ"
"ဘာသောက်မလဲ"
"တောင်းပန်ပါတယ်"
"ကောင်းပြီ"
"ခင်ဗျားသိပြီးသာလား"
"ဘာကိုလဲ??"
"မင်းဘယ်လိုထင်လဲ??"
"မင်းသိနေတာလား"
"ကောင်းပြီဖြစ်စေရမယ်"
(မရဏလမ်း-သေလမ်း)
**********Uni
ကွန်ဒိုတိုက်ခန်း
"ဘယ်သွားချင်သေးလဲ"
ကော်ဖီဆိုင်ကထွက်လာပြီးနောက်ကားပေါ်မှာရှောင်ကျန့်ကမေးလာသည်ဝမ်ရိပေါ်ရှောင်ကျန့်ကိုတစ်ချက်ကြည့်ရင်းခေါင်းခါလိုက်တယ်
"ကျွန်တော်ဘယ်မှမသွားချင်တော့ဘူး"
စားသောက်ဆိုင်အစကော်ဖီဆိုင်အဆုံးရှောင်ကျန့်ကို မျက်လုံးကျွတ်ကျမတက်ကြည့်နေတဲ့ မိန်းမပျိုတွေမှအများကြီး ဒီလောက်ချောတဲ့စစ်သားတစ်ယောက်ကိုမြင်လိုက်ရတော့ မိန်းမသားအိနြေ္ဒကိုတောင်မှမဆယ်နိုင်ကြတော့ဘူး ဝမ်ရိပေါ်ရှေ့မှာတောင် Wechat Acc လာတောင်းလိုက် Line id လာတောင်းလိုက်နဲ့တော်တော်ဖြစ်ပျက်နေကြတာ တော်သေးတာပေါ့ ဒါတောင်ဒီအမျိုးသားကိုဒုဗိုလ်ချုပ်ရှောင်းမှန်းမသိသေးလို့သိများသိရင် ဘယ်လောက်တောင် ဒီအမျိုးသားကိုလိုချင်ကြလိမ့်မလဲ သူကိုသတ်ပြီးတော့တောင်ဗိုလ်ချုပ်ရှောင်းကိုလုယူကြလိမ့်မယ်ထင်တယ်
ဝမ်ရိပေါ်သက်ပြင်းချလိုက်တယ် အရမ်းခန့်အရမ်းချောတဲ့ ဝမ်းကွဲအကို ဒုဗိုလ်ချုပ်ရှောင်းနဲ့ Blind Date လုပ်ရတာလွယ်ကူမနေဘူး
"ကိုယ်နဲ့Dateရတာပင်ပန်းနေပြီလား??"
အလုံပိတ်ကားထဲမှာရှောင်ကျန့်ရဲ့အသံကပြတ်ပြတ်သာသားဝမ်ရိပေါ်ဟာရှောင်ကျန့်ဘက်ကိုကြည့်ရင်းခေါင်းခါပြတယ်
"မဟုတ်ပါဘူး....ဒီနေ့ကျွန်တော်ပျော်ပါတယ်....ကျွန်တော့်စိတ်ဒုက္ခပေးနေတာ...တစ်ခုဘဲရှိတယ်ခင်ဗျားရဲ့ယူနီဖောင်း"
ရှောင်ကျန့်ကသူကိုသူတစ်ချက်ငုံ့ကြည့်ရင်းနားမလည်နိုင်ဖြစ်သွားတယ်နိုင်ငံတော်ကိုအကာအကွယ်ပေးနေတဲ့စစ်သားတစ်ယောက်ရဲ့ယူနီဖောင်းက ကောင်လေးကိုစိတ်ဒုက္ခပေးနေတဲ့အရာလားသူကကောင်လေးကို ကာကွယ်ဖို့ နဲ့ သူ့အပိုင်ဆိုတာကိုသိစေချင်လို့ ပူလောင်နေတဲ့ရာသီဥတုကြီးမှာ ဒီအဝတ်အစားကိုမလဲခဲ့တာလေ ဒါကိုကောင်လေးကမကြိုက်ဘူးလားငယ်ငယ်တုန်းကတော့"ကောကောကစစ်ယူနီဖောင်းကြီးနဲ့အရမ်းလိုက်တယ်"လို့ပြောခဲ့တာလေတကယ်ပဲအခုခေတ်ကလေးတွေကနားလည်ရခက်လိုက်တာရှောင်ကျန့်စိတ်တွေရှုပ်ထွေးနေစဉ်ဝမ်ရိပေါ်စကားတစ်ခွန်းပြောလာတယ်
"ခင်ဗျားကယူနီဖောင်းနဲ့အရမ်းလိုက်တော့ ကောင်မလေးတွေက ကျွန်တော်နဲ့ခင်ဗျားရဲ့Date ကိုလာလာဖျက်ဆီးနေတယ်လေအဲ့တာကကျွန်တော်ကိုစိတ်ဒုက္ခပေးတယ်"
ရှောင်ကျန့်ရဲ့အုံ့မှိုင်းရီဝေနေတဲ့စိတ်ဟာချက်ချင်းကိုနွေရာသီအလားပြောင်းလဲသွားတော့တယ်
"ဟုတ်ပြီ အဲ့တာဆိုရင် ကိုယ်တို့အေးအေးဆေးဆေးDate လို့ရမဲ့နေရာကိုသွားရအောင်"
"ဘယ်နေရာလဲ"
"ဒီနားမှာရှိတဲ့စစ်တပ်အိမ်ယာက ကိုယ့် ကွန်ဒိုတိုက်ခန်း"
"ဟမ်??"
********
"ရောက်ပြီ"
ဓာတ်လှေကားဟာအထပ်၁၈မှာပွင့်သွားတယ်ဓာတ်လှေကားပွင့်ပွင့်ချင်းမြင်လိုက်ရတဲ့အခန်းက 095 တဲ့ဒုဗိုလ်ချုပ်ရှောင်းကျန့်ဟာဓာတ်လှေကားထဲကထွက်ပြီးထိုအခန်းကိုတည့်တည့်ပဲလျှောက်သွားတယ်
ကြည့်ရတာ 095က သူ့အခန်းထင်တယ်ရှောင်ကျန့်ကတံခါးPasswordကိုနှိပ်နေတော့ဝမ်ရိပေါ်အခြားဘက်ကိုခေါင်းလှည့်လိုက်တယ်၊
လူ့ကျင့်ဝတ်အရအခြားသူတွေရဲ့ Password ကိုမကြည့်သင်ဘူး
ရှောင်ကျန့်ခင်ဗျာသူPsswordရိုက်နေတုန်းကမျက်နှာလွှဲနေတဲ့ဝမ်ရိပေါ်ကို မျက်လုံးထောင့်ကမြင်လိုက်ရတဲ့နှုတ်ခမ်းထောင်လေးတွေကိုကော့တက်သွားမိတယ်ဘယ်လောက်တောင် အခြားသူရဲ့ကိုယ်ရေးကိုယ်တာ ကိုလေးစားလိုက်တဲ့ ကောင်လေးလဲဒါပေမဲ့ကောင်လေးလုပ်တာကလွဲနေတယ် သူက'အခြားသူ´ မဟုတ်ဘူး သူကကောင်လေးရဲ့ဝမ်းကွဲအကို အနာဂတ်မှာကောင်လေးရဲ့ အိမ်ထောင်ဦးစီးဖြစ်လာမဲ့သူနောက်ပြီးကောင်လေးကိုလဲသူက 'အခြားသူ´လို့ သတ်မှတ်မထားဘူး ရှောင်ကျန့်ဟာကောင်လေးရဲ့လက်မကိုယူကာနောက်ဆုံးပေါ်တံခါးလုံခြုံရေးစက်ပေါ်မှာ Screen ဖတ်လိုက်တော့သည် အစကတည်းကဒီတံခါးကလက်ဗွေယာနဲ့ဖွင့်လို့ရသည် ရှောင်ကျန့် က ကောင်လေးကို သူ့တံခါးPassword ကိုသိစေချင်လို့ သေချာလက်ဗွေယာနဲ့မဖွင့်ခဲ့တာ ဒါပေမဲ့ ကောင်လေးကလူ့ကျင့်ဝတ်တွေကိုအရမ်းလေးစားနေတော့ Screenဖတ်လိုက်တဲ့နည်းကလွှဲပြီး ဘာနည်းမှမရှိတော့ဘူး
ဝမ်ရိပေါ်ကသူ့လက်ကိုကြည့်လိုက် တံခါးကိုကြည့်လိုက် ရှောင်ကျန့်ကိုကြည့်လိုက်နဲ့ ဗျာများနေခဲ့တယ်
ပထမဆုံးDateမှာတင်တစ်ဖက်လူရဲ့ကွန်ဒိုတိုက်ခန်းကိုတံခါးမရှိဓားမရှိဝင်ခွင့်ရသွားတယ်ဆိုတာ နည်းနည်းတော့*အဝါရောင်သန်းမနေဘူးလား (အဝါရောင်-ညစ်ညမ်းသည်{ပြောချင်တာကပထမဆုံးဒိတ်မှာတင်တဖက်လူနဲ့ဟိုလိုဒီလိုလုပ်ဖို့အတွက် သူ့အခန်းထဲကိုတံခါးမရှိ ဓားမရှိဝင်ခွင့်ရသွားတာပါ})
"ဘာသောက်မလဲ"
"တော်ပြီကျွန်တော်တို့စားလာတာများနေပြီမဟုတ်ဘူးလား"
"ကောင်းပြီ အဲ့တာဆိုခဏစောင့်"
ရှောင်ကျန့်လက်တွေဟာသူ့စစ်ယူနီဖောင်းကြယ်သီးတွေကိုဖြုတ်နေသည် ထို့နောက်ကြယ်သီးဖြုတ်ရက်နဲ့ပင်မီးဖိုချောင်ထဲကိုထွက်သွားသည်
ဝမ်ရိပေါ်လက်တွေအေးစက်လာတယ်သူ့ဝမ်းကွဲအကိုကသူနဲ့ရိဟန်အကြောင်းကိုသိပြီးလောက်ပြီမလားသူ့ဝမ်းကွဲအကိုကအရမ်းပိုင်ဆိုင်လိုစိတ်ကြီးတာကိုသူမှတ်မိသေးတယ် သူ့ကားတိုက်မူ့မဖြစ်ခင်က ဒုဗိုလ်ချုပ်ရှောင်းဟာ သူ့မိဘတွေကတစ်ဆင့် သူနဲ့ပိုင်ရိဟန်တို့ရဲ့ဆက်ဆံရေးကိုသိသွားပြီး ရှေ့တန်းကပြန်လာပြီး သူ့ကို၁လအတွင်း လက်ထပ်ဖို့လုပ်ခဲ့တယ်ရိုးရိုးတန်းတန်းလုပ်ခဲ့တာမဟုတ်ဘူးနော်သူကိုအတင်းဖိအားပေးခဲ့တာ သူ့မိဘတွေဟာပိုင်ရိဟန်ကိုလူကောင်းမဟုတ်ဘူးလို့ပြောကြတယ် သူနဲ့ပိုင်ရိဟန်ကိုအဆက်အသွယ်မရအောင်ခွဲထားကြသည်အဲ့အချိန်တုန်းက သူဟာအမှားအမှန်ကိုမခွဲခြားနိုင်လောက်တဲ့အထိပိုင်ရိဟန် ရဲ့ဟန်ဆောင်မူ့တွေထဲမှာပျော်ဝင်နေခဲ့တာအဲ့တာကြောင့်သူဟာပြင်ဆင်လို့မရတဲ့အမှားကိုလုပ်ခဲ့တာ....
ဝမ်ရိပေါ်ဟာ ရုတ်တရက် မျက်ရည်တွေကျဆင်းလာခဲ့တယ်ဘာကြောင့်မို့ဒီလောက်နာကျင်ရတာလဲ ရင်ဘတ်တွေလဲအရမ်းနာတယ်
မီးဖိုချောင်ထဲကထွက်လာတဲ့ရှောင်ကျန့်ဟာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အသက်ပျောက်လုနည်းပါး ဝမ်ရိပေါ်ဟာ ဆိုဖာပေါ်မှာထိုင်ရင်း နာနာကျင်ကျင်နဲ့ သူ့ရင်ဘတ်ကိုကိုင်ကာငိုကြွေးနေတယ် ရှောင်ကျန့်ကအလျင်အမြန်ပြေးလာကာလက်ထဲရေခွက်ကို ဧည့်ခန်းကစားပွဲပေါ်မှာတင်လိုက်ရင်း ဝမ်ရိပေါ်ကိုကျောကိုပွတ်ကာနှစ်သိမ့်လိုက်တယ်
"ဘာဖြစ်လို့လဲ...ဝမ်ဝမ်...ဘာလို့ငိုနေတာလဲ....ဘယ်နားကနာနေလို့လဲ...ရင်ဘတ်တွေအရမ်းနာနေလို့လား"
ရှောင်ကျန့်ကသူ့အမေလိုပဲမေးလာခဲ့တယ် ဘာကြောင့်မို့လို့တူရီးနှစ်ယောက်က သွေးသားမတော်စပ်ပေမဲ့ဒီလောက်ထိတူရတာလဲ ဝမ်ရိပေါ်ဟာရှောင်ကျန့်ရဲ့ရင်ခွင်အတွင်းသို့တိုးဝင်ရင်းမေးစက်လိုက်
"တောင်းပန်ပါတယ်"
သူရဲ့တိုးလျှစွာထွက်ပေါ်လာတဲ့အသံလေးကြောင့်ရှောင်ကျန့်ကသူကိုတင်းကျပ်စွာဖက်လာတယ်တကယ်ပဲသူဖြစ်နေတာခဲ့တာပဲ နောက်ဆုံးအချိန်ထိ သူကိုတင်းကျပ်စွာထွေးပွေ့ထားခဲ့တာ သူ့ဝမ်းကွဲအကိုဒုဗိုလ်ချုပ်ရှောင်းရှောင်ကျန့် ဖြစ်နေခဲ့တာပဲ
"ကိုယ်ဆရာဝန်ခေါ်ပေးရမလား"
"ဟင့်အင်း ကျွန်တော်ခဏအနားယူလိုက်ရင်အဆင်ပြေသွားမှာပါ"
ရှောင်ကျန့်ကထိုစကားကြောင့်ဝမ်ရိပေါ်ကိုအခန်းထဲရွေ့ပေးဖို့မင်းသမီးလေးလို့ပွေ့ချီလိုက်တယ်
"ကျွန်တော်ကခင်ဗျားရင်ခွင်ထဲမှာပဲအနားယူချင်တာ အခန်းထဲမသွားချင်ဘူး"
ရှောင်ကျန့်ခြေလှမ်းတွေဟာတုန့်ခနဲရပ်တန့်သွားတယ်သူဟာဝမ်ရိပေါ်ကိုတစ်ချက်ကြည့်လိုက်တယ်ကောင်လေးရဲ့မျက်လုံးထဲမှာတောင်းဆိုနေတဲ့အရိပ်အရောင်တွေပြည့် ရှောင်ကျန့်ဟာသူအဒေါ်ရဲ့စကားတစ်ခွန်းကိုကြားယောင်မိသွားတယ် 'သားရဲ့ဝမ်ဝမ်ကနေလို့မကောင်းရင်လူအရမ်းကတ်တယ်'
"ကောင်းပြီ"
ရှောင်ကျန့်ကKingSize ဆိုဖာပေါ်မှာထိုင်လိုက်တယ် ဝမ်ရိပေါ်ကိုတော့ သူ့ပေါင်ပေါ်မှာထိုင်စေကာ အနားယူခိုင်းလိုက်တယ်ရှောင်ကျန့်ရဲ့လက်တွေဟာ သူ့ဆံနွယ်တွေကိုခပ်ဖွဖွလေးသပ်ပေးနေတယ်ဝမ်ရိပေါ်ဟာရှောင်ကျန့်ရဲ့ညာဖက်ရင်ဘတ်ပေါ်မှာခေါင်းမှီထားပြီးတဖန်သူကဒီပုံရိပ်ကိုအရမ်းရင်းနှီးနေပြန်တယ် ကွာခြားချက်ကတော့ရှိတာတော့ ရှောင်ကျန့်ကစစ်ဝတ်စုံကိုဝတ်မထားသလိုဘယ်ဘက်ရင်ဘတ်မှာလဲ ပန်းပွင့်အနီရောင်လေးရှိမနေပေ အဲ့ဒီအစားစွတ်ကျယ်အဖြူရောင်လက်ပြတ်လေးသာရှိနေခဲ့တာရှောင်ကျန့်ကသူ့ယူနီဖောင်းအောက်မှာစွတ်ကျယ်လက်ပြတ်ခံဝတ်တက်တာပဲ ရုတ်တရက်သူ့လက်တွေကရှောင်ကျန့်ရဲ့ဘယ်ဘက်ရင်ဘတ်ကိုရောက်သွားတယ် ပန်းပွင့်အနီလေးရှိမဲ့နေရာကိုပေါ့ရှောင်ကျန့်ဟာနားမလည်မူ့တွေနဲ့ရိပေါ်ကိုကြည့်လာတယ်ဝမ်ရိပေါ်ကလဲသူ့မျက်လုံးတွေကိုစိုက်ကြည့်နေတယ်
"ခင်ဗျားသိပြီးသာလား"
"ဘာကိုလဲ??"
"ကျွန်တော်နဲ့ပိုင်ရိဟန်ရဲ့ဆက်ဆံရေး"
ရုတ်တရက် သူကိုထွေးပွေ့ထားတဲ့ရှောင်ကျန့်ရဲ့လက်တွေကအနည်းငယ်တင်းကျပ်သွားတာကိုရိပေါ်ခံစားလိုက်ရတယ်ရှောင်ကျန့်ရဲ့ပိုင်ဆိုင်လိုစိတ်ကအထင်းသား
"မင်းဘယ်လိုထင်လဲ??"
"သိနေတာပဲ...တကယ်သိနေတာပဲ..."
ဝမ်ရိပေါ်ဟာထပ်မံငိုကြွေးလာတယ် ရှောင်ကျန့်ကလဲပိုမိုတင်းကျပ်စွာထွေးပွေ့လာတယ်
"မငိုနဲ့...ဘာမှမဖြစ်ဘူး....ကိုသိလဲဘာမှမဖြစ်ဘူး...ကိုမင်းတို့ကိုမခွဲပါဘူးကွာ....ဒါပေမဲ့...ပိုင်ရိဟန်ကလူကောင်းတစ်ယောက်မဟုတ်ဘူးဆိုတာတော့မင်းသိရမယ်...သူကမင်းရဲ့အချစ်ဆုံးသူငယ်ချင်း...."
"ချင်မော့ရန်...နဲ့တွဲနေတယ်"
"မင်းသိနေတာလား"
"ကျွန်တော်ကနွားမဟုတ်ဘူး....ကျွန်တော်သူ့ကိုစွန့်လွတ်လိုက်ပြီနောက်ပြီးတော့....လူကြီးတွေရဲ့ကျွန်တော်မဆန့်ကျင်ချင်တော့ဘူး"
"ဒါဆိုရင်မင်းကိုယ်နဲ့...."
"လက်ထပ်မယ်....နည်းနည်းအသုံးချသလိုဖြစ်သွားတာသိပေမဲ့...ကျွန်တော်ပိုင်ရိဟန်ကိုမေ့နိုင်ဖို့....ခင်ဗျားနဲ့မြန်မြန်လက်ထပ်ချင်တယ်"
"ကောင်းပြီဖြစ်စေရမယ်"
ခဏအကြာတော့ညစာစားပြီးဝမ်ရိပေါ်ကသူရင်ခွင်ထဲမှာပဲတစ်ဖန်အိပ်ပျော်သွားတယ် အချိန်အားဖြင့်ည၈နာရီထိုးနေပြီသူကောင်လေးကိုအိမ်ပြန်ပေးဖို့စိတ်ကူးမရှိဘူးသူ့ကောင်လေးကိုထပ်ပြီးအဆုံးရှုံးမခံနိုင်ဘူးသူပိုင်ရိဟန်နဲ့ချင်းမော့ရန်ကိုကောင်လေးအတွက်တစ်ခါသတ်ပြီးပြီနောက်တစ်ခါသတ်ဖို့လဲ့ဝန်လေးနေမှာမဟုတ်ဘူး
ကောင်လေးကိုအိပ်ခန်းအတွင်းမှာနေရာချပြီးနောက်မှာတော့ကောင်လေးရဲ့ဖုန်းကိုစက်ပိတ်လိုက်တော့သည်ထို့နောက်တပ်သားယွီပင်းကိုဖုန်းခေါ်လိုက်တော့သည်
"မနက်ဖြန်မနက်ငါ့အဖေကိုငါစစ်တပ်အိမ်ယာမှာကောင်လေးတစ်ယောက်နဲ့အတူတူညကြီးအချိန်မတော်မှာရောက်လာတယ်လို့ဖုန်းဆက်လိုက်"
ထို့နောက်ကောင်လေးဘေးမှာပူပင်ကြောင့်ကြမူ့မရှိလဲအိပ်လိုက်တော့တယ် ဒီတစ်ခါတော့ကောင်လေးကိုသူ့ကိုထားပြီးမရဏလမ်းကိုသွားခွင့်မပြုနိုင်တော့ဘူး
(မရဏလမ်း-သေလမ်း)
********(စပရိုက်တိုက်တာပါ ရှောင်ကျန့်လဲဝမ်ရိပေါ်ရဲ့သေဆုံးခြင်းကိုသိနေပါတယ်သူနိုးထလာပြီးနောက်မှာကောင်လေးကိုလက်လွတ်ဖို့ကြိုးစားပေမဲ့ကောင်လေးကသူ့ကိုကပ်တွယ်နေပြန်တယ်သူ့ကိုအသုံးချနေမှန်းသိပေမဲ့ကောင်လေးကမြန်မြန်လက်ထပ်ချင်တယ်ဆိုလို့ရိုးသားတဲ့စစ်ဗိုလ်ချုပ်ဂုဏ်ပုဒ်ကိုစွန့်လွတ်ပြီးFirst Date မှာတင် သတို့သားလောင်းနဲ့အိပ်ခဲ့တဲ့အသားစားကျားအသွင်ပြောင်းကာ ကောင်လေးကိုမြန်မြန်လက်ထပ်ရဖို့လုပ်ပစ်လိုက်တာချစ်တက်မူ့ကြီးကဇာတ်လမ်းကမမြန်ပါဘူးနော်သူတို့လက်ထပ်ပြီးမှပိုင်ရိဟန်ကဝမ်ရိပေါ်နဲ့ရှောင်ကျန့်ကြားကိုဝင်နှောက်တော့မှာပါ ရှောင့်ကျန့်ကလဲဝမ်ရိပေါ်ကို$ရမ်းတွေအလိုလိုက်ပြီး ရိပေါ်အချစ်ကိုရအောင်ယူမှာပါ ကဲကဲသဲသဲ moode on ကာSingel ခွေးလေးတွေကိုခွေးစာကျွေးတော့မှာပါ)
{Sigleခွေးလေးတစ်ဖွဲ့ကဘယ်သူတွေလို့ထင်လဲ}
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



