Part-5
13:33, 16 July 2023သိပ်ကိုဖြူစင်လွန်းတဲ့အခါ သိပ်ကိုစိုးရိမ်းရပါတယ်
"အင်း...."
ဝမ်ရိပေါ်ဟာငြီးငြူလိုက်ပြီးအိပ်ယာကနေထလိုက်တယ်နေပါဦးဒီအခန်းက...ဒီအခန်းကဒုဗိုလ်ချုပ်ရှောင်းရဲ့အခန်းမလားဒါဆိုသူညကငါ့ကိုပြန်မပို့ဘူးလား.....သိ'ကျွန်တော်ခင်ဗျားနဲ့မြန်မြန်လက်ထပ်ချင်တယ်''ကောင်းပြီဖြစ်စေရမယ်'
မနေ့ကပြောခဲ့တဲ့စကားတွေကိုပြန်တွေးလိုက်ရင်းရိပေါ်ခေါင်းဟာပူထူသွားတယ် မဟုတ်လောက်ပါဘူး ဗိုလ်ချုပ်ရှောင်းကအဲ့နည်းလမ်းကိုသုံးခဲ့မှာမဟုတ်လောက်ပါဘူး
ရိပေါ်ဟာကွန်ဒိုအပေါ်ထပ်ကနေပြီးအောက်ဆင်းလာမိတယ်ဧည့်ခန်းထဲမှာတော့ ရှောင်ကျန့်ကသူ့ဦးလေးရှောင်ယန်နဲ့ဇနီးရှေ့မှာဒူးထောက်လျက်ရှိနေတယ် နှုတ်ခမ်းထောင့်မှာလဲသွေးစအနည်းငယ်ရှိနေတယ်သေချာပေါက်ကတော့ရှောင်ကျန့်အထိုးခံထားရတယ်
"ငါမင်းအဒေါ်ကိုဘယ်လိုမျက်နှာပြရမှာလဲ First Date မှာသူ့သားကိုအိမ်ပြန်မပို့ဘူး မင်းအသက်၂၆နှစ်ပြည့်တော့မယ်ဘယ်လောက်ပဲသဘောတူထားတူထား လက်မထပ်ရသေးခင် တူတူမနေသင့်ဘူးဆိုတာ မင်းသိသင့်တယ်ဒါကဘယ်လိုရှက်စရာကောင်းတဲ့သတင်းလဲ"
"တော်သေးတာပေါ့ မင်းအခန်းထဲမှာရှိနေတဲ့ကောင်လေးကရိပေါ်ဖြစ်နေလို့ တကယ်လို့သာအခြားသူသာဖြစ်ကြည့် အမေတို့တစ်ရှက်ကနေ နှစ်ရှက်ဖြစ်တော့မယ်"
"သားတောင်းပန်ပါတယ် သားစိတ်အလိုလိုက်မိသွားတယ်"
"ဟင့်အင်းမတောင်းပန်ပါနဲ့ အကိုရှောင်းမမှားမဟုတ်ပါဘူးအားလုံးကသားအပြစ်တွေပါ"
အပေါ်ထပ်အခန်းထဲမှာအိပ်နေတဲ့ရိပေါ်လေးကရုတ်တရက်ကြီးသားရှောင်းဘေးမှာဒူးလာထောက်တော့ရှောင်းယန်တို့လင်မယားမှာခဏတာမှင်သပ်သွားတယ်သူတို့ကဘယ်လိုလုပ်ရိပေါ်လေးကိုဒူးထောက်ခိုင်းရက်ပါမလဲ
"ဘယ်လိုလုပ်သားအပြစ်ဖြစ်ရမှာလဲသားဝမ်ရယ်သေချာပေါက်သားရှောင်ရဲ့အပြစ်ပဲပေါ့ သူကသားထက်၆နှစ်ကြီးတယ်လေ သူမှာစဉ်းစားဉာဏ်သာရှိရင်သားလေးကို သားကိုအိမ်ပြန်ပို့ခဲ့မှာ"
*တင်းတောင်...တင်းတောင်*
ဝမ်ရိပေါ် ကအလျင်အမြန်ဘဲတံခါးသွားဖွင့်လိုက်တယ်သူ့အဖေနဲ့အမေရောက်လာပြီထင်တယ်
"သားလေး...ဘယ်လိုနေသေးလဲ...မားမားစိတ်ပူလိုက်ရတာကွယ်"
တံခါးပေါက်ကလူ၂ယောက်ကိုမြင်လိုက်ရတော့ရှောင်ယန်ရဲ့မျက်နှာကအနည်းငယ်ပျက်သွားတယ်သူ့ညီမလေးရဲ့အသဲအသက်လေးကို သူသားကတစ်ညလုံးခိုးယူထားခဲ့တယ်တဲ့
"အကို....ဘယ်လိုတွေဖြစ်နေတာလဲဘာလို့သားရှောင်းကိုထိုးကြိတ်ပြီးဒူးထောက်ခိုင်းထားရတာလဲ"
ရှောင်ချူးလန် ဟာသူ့တူလေးကိုဆွဲထူလိုက်တယ်အကြာကြီးဒူးထောက်ထားတော့ရှောင်ကျန့်ရဲ့ခြေထောက်တွေကထုံထိုင်းလျှက်ဝမ်ရိပေါ်ကတော့သူလက်မောင်းဆွဲကိုင်ပြီးလဲမကျအောင်ထိန်းထားရတယ်
"သူကမသင့်တော်တဲ့လုပ်ရက်ကိုလုပ်ခဲ့တယ် သူကသားဝမ်ကို...."
"မဟုတ်ပါဘူးအကို အကိုအထင်မှားနေပြီ တကယ်တော့ မနေ့ကသားဝမ်ကချိန်းတွေ့နေရင်းနှလုံးဖောက်တော့မလိုဖြစ်သွားခဲ့တာကြောင့် သားရှောင်ကသူ့ကွန်ဒိုခေါ်လာခဲ့တာပါ သားရှောင်ကကျွန်မတို့ဆီကိုဆက်သွယ်ဖို့လုပ်ခဲ့ပေမဲ့သားဝမ်ကကျွန်မတို့စိုးရိမ်မှာစိုးလို့အိမ်မပြန်ချင်ဘူးဆိုပြီး သားရှောင်ကိုပူဆာခဲ့တာ"
"ဟုတ်ပါတယ်ဦးလေးသားပူဆာခဲ့တာပါ"
ရှောင်ယန်နဲ့ဇနီးဖြစ်သူလန်ရီမှာဝမ်ရိပေါ်စကားကြောင့်အနည်းငယ်အံ့သြသွားခဲ့တယ်သားရှောင်ကိုကြည့်လိုက်ပြန်တော့လဲသူလက်မောင်းကိုတွဲထားတဲ့သားဝမ်ကိုပဲအမြတ်တနိုးကြည့်နေပြန်တယ်သားရှောင်ကအထိုးပဲခံကာတစ်ခုမှရှင်းမပြခဲ့ပေ သားငယ်လေးက အဆုံးအထိရိပေါ်လေးရဲ့အမှားကိုကာကွယ်နေတာဖြစ်နိုင်တယ်တကယ်ပဲ သူတို့သားသူသာအသေသာခံလိုက်မယ် ရိပေါ်ကိုအန္တရာယ်အဖြစ်ခံမှာမဟုတ်ပေ အဲ့အချက်ကိုသူတို့လင်မယား၂ယောက်လုံးမေ့သွားခဲ့တယ်
"ကောင်းပြီ....ဖြစ်ပြီးမှလဲဘာမှမထူးတော့ဘူး...မင်းတို့နှစ်ယောက်ကဖြူစင်ပေမဲ့....အခြားသူတွေကအဲ့လိုထင်မှာမဟုတ်ဘူး...အထူးသဖြင့်သားရှောင်မင်းရဲ့တပ်သားတွေက....မင်းနဲ့သားဝမ်ကိုအတူတူတွဲမြင်ပြီးပြီ....ဒါကိုမင်းဘယ်လိုစဉ်းစားထားလဲ"
"ကျွန်တော်တာဝန်ယူမှာပါ....မနက်ဖြန်မှာလက်ထပ်မှတ်ပုံတင်သွားလုပ်လိုက်ပါ့မယ်"
ရှောင်ယန်မှာသူသားစကားကြောင့်သွေးတက်သွားတယ်ဘယ်လိုတောင်သူ့သားကအဆင့်တွေကိုကျော်ချနေတာလဲဒီနေ့မှာရှေ့တန်းကပြန်လာပြီးDateလုပ်နောက်ရက်မှာလက်ထပ်မှတ်ပုံတင်...တကယ်ပါပဲအခုခေတ်ကလေးတွေများလိုက်လို့မမှီတော့ဘူးလန်ရီမှာသူ့သားကိုနားချဖို့ပြင်တော့တယ်ရိပေါ်လေးကအရမ်းငယ်တယ်
"အဲ့တာကနည်းလမ်းကောင်းတစ်ခုပါဒါပေမဲ့သားဝမ်လေးကအခုမှ၁၉နှစ်ပဲရှိသေးတာလေဘယ်လိုလုပ်များသူကသူ့ရဲ့လွတ်လပ်မူ့တွေစွန့်လွတ်နိုင်မှာလဲ"
"ကျွန်တော်စွန့်လွတ်နိုင်ပါတယ်"
အသံတိုးတိုးလေးကြောင့်အခန်းတစ်ခုလုံးတိတ်ဆိတ်သွားတယ်ဝမ်ပါးနဲ့ဝမ်မားမှာသူတို့သားလေးရဲ့စကားကြောင့်ပါးစပ်မပိတ်နိုင်တော့ဘူး.. ရှောင်ကျန့်အဖေနဲ့အမေလဲအဲ့ဒီအတိုင်းပဲတည်ငြိမ်နေတာကတော့သူတို့ရဲ့သားတော်မောင်ရှောင်ကျန့်ပဲ သူကရိပေါ်လေးကိုငုံ့ကြည့်ကာ သူ့ဘယ်လက်မောင်းကိုထိန်းကိုင်ထားတဲ့ရိပေါ်လေးရဲ့လက်သေးသေးလးနှစ်ဖက်ကိုသူ့ညာဘက်လက်နဲ့ပုတ်ပေးပြီးနှစ်သိမ့်နေရှာတယ်
ဝမ်ရိပေါ်ကရှောင်ကျန့်ရဲ့လက်မောင်းပိုမိုတင်းကျပ်စွာဆုပ်ကိုင်လိုက်တယ်သူကရှောင်ကျန့်ကိုမော့ကြည့်ရင်းအကြည့်ခြင်းဆုံစေလိုက်တယ် ဒုဗိုလ်ချုပ်ရှောင်းရဲ့ဓားသဖွယ်ပြတ်သားလှတဲ့မျက်လုံးကိုစိုက်ကြည့်ရင်းသူဟာတွေဝေမူ့မရှိဘဲစကားတစ်ခွန်းကိုပြောချလိုက်တယ် သူယုံတယ် ရှောင်းရှောင်ကျန့်ဆိုတဲ့ဘဲကြီးက သူ့ကိုအမြဲကာကွယ်နေလိမ့်မယ် ဆိုတာကို
"ကျွန်တော်သဘောတူပါတယ် ကျွန်တော့်ရဲ့ လူငယ်ဘဝကိုစွန့်လွတ်ပြီးလက်ထပ်မှတ်ပုံတင်တင်ချင်တယ်"
ဝမ်ရိပေါ်ဟာပြောပြီးတာနဲ့ရှောင်ကျန့်ရဲ့အနောက်ကိုသူ့လေးတစ်ခြမ်းဝင်ကာပုန်းကွယ်လိုက် သူ့ဒယ်ဒီကိုကြောက်တယ်ရှောင်ကျန့်မှာတော့ကလေးဆန်တဲ့ရိပေါ်လေးကိုကြည့်ရင်းအပြုံးသေးသေးလေးကဖုံးဖိမရတော့ပေမိသားစုနှစ်ခုလုံးရဲ့အသဲအသက်လေးကသဘောတူတယ်ဆိုတော့လဲမိဘတွေကဘာလုပ်လို့ရတော့မှာလဲပေးစားရုံကလွဲလို့ဘာမှလုပ်လို့မရတော့ပေဝမ်လင်မယားဟာလဲသက်ပြင်းချလိုက်တယ်သူတို့..သားရှောင်ကိုပိုင်ရိဟန်နဲ့ရိပေါ်အကြောင်းကိုပြောပြပြီးရှေ့တန်းကနေပြန်လာခိုင်းလိုက်တာမှန်သွားသည်ဒါမှမဟုတ်ရင် သူတို့သားလေးပိုင်ရိဟန်ရဲ့ ဟန်ဆောင်မူ့တွေကြားမှာရေတိမ်နစ်ရတော့မှာဒါပေမဲ့ သူတို့သားငယ်လေးကငယ်ငယ်တုန်းကလိုပဲ ဘယ်သူနဲ့ယှဉ်ယှဉ် သားရှောင်ကိုရွေးချယ်နေတုန်းပဲဒါကသိပ်ကိုပျော်စရာကောင်းတဲ့ကိစ္စပဲ
နောက်ဆုံးမှာတော့ရှောင်ယန်ဟာတိတ်ဆိတ်နေတဲ့လေထုကိုဖြိုခွင်းလိုက်တယ်
"ကောင်းပြီဒီနေ့ကသောကြာနေ့မလား....အဲ့တော့တနင်္လာနေ့မှာကျင်းပမဲ့Xiao GPရဲ့ရွှေရတုနှစ်ပတ်လည်ပွဲမှာပဲ ငါတို့တွေကလေးတွေရဲ့လက်ထပ်ပွဲကိုလူသိရှင်ကြားကြေငြာလိုက်တာပေါ့ကြားထဲမှာမင်းတို့လက်ထပ်မှတ်ပုံတင်လုပ်ဖို့အချိန်နှစ်ရက်ရှိတယ်စဉ်းစားဖို့လဲအချိန်ရှိသေးတယ်"
"စဉ်းစားဖို့မလိုတော့ပါဘူး အဖေ""စဉ်းစားဖို့မလိုတော့ပါဘူး ဦးလေး"
အသံနှစ်သံကပြတ်ပြတ်သားသားထွက်လာခဲ့တယ်နှစ်ဖက်မိဘတွေဟာခေါင်းငြိမ့်ရင်းအပြုံးကိုယ်ဆီထွက်ပေါ်လာတယ် နောက်ဆုံးတော့သူတို့မျော်လင့်ချက်တွေအမှန်ဖြစ်လာသည်
ခဏလောက်စကားပြောပြီးနောက်မှာမိဘတွေဟာပြန်သွားကြသည် ရိပေါ်လေးသာရှောင်ကျန့်ကိုတွဲရင်းအိမ်ထဲသို့ပြန်ဝင်လာသည်
"ခင်ဗျားဒီမှာခဏထိုင်ဦး"
ဝမ်ရိပေါ်မှာ ရှောင်ကျန့်ကိုဆိုဖာပေါ်မှာနေရာချပြီးနောက်တစ်ခုခုကိုလိုက်ရှာနေတယ်
"မင်းဘာလိုက်ရှာနေတာလဲ"
"ဆေးသေတ္တာ"
"ဟိုအောက်မှာ"
ရှောင်ကျန့်ကလက်ညိုးထိုးပြတော့စင်သေးသေးလေးအောက်ကဆေးသေတ္တာကိုဝမ်ရိပေါ်မြင်သွားတယ်သူဟာစားပွဲပေါ်မှာဆေးသေတ္တာကိုချကာတစ်စုံတစ်ခုကိုရှာဖွေနေတယ်...နောက်ဆုံးမှာတော့ ဝမ်ရိပေါ်ဟာလက်ထဲမှာဆေးဝါးပစ္စည်းအချို့ကိုကိုင်လာကာသူ့ရှေ့မှာလာထိုင်တယ်အနေအထားတစ်မျိုးတော့အဝါရောင်သန်းနေတယ်
ရှောင်ကျန့်ဟာကျားကျားယားယားယောက်ျားသားမို့လို့ဆိုဖာပေါ်ခြေထောက်နှစ်ဖက်စုမထိုင်ဘဲခွဲထိုင်လေ့ရှိသည်ဝမ်ရိပေါ်ကတော့သူထိုင်နေတဲ့ဆိုဖာရှေ့မှာဒူးထောက်ထားရုံတင်မကရှောင်ကျန့်ခြေထောက်တွေကြားထဲကိုဝင်လာတယ်စိတ်ရှိတိုင်းသာလုပ်လိုက်ရရင်ရှောင်ကျန့်ခြေထောက်တွေကရိပေါ်ကိုယ်လုံးလေးဆွဲချုပ်ပစ်လိုက်မှာ
"ပါးစပ်ဟ..."
အမိန့်ပေးသံလေးကြောင့်ရှောင်ကျန့်နှုတ်ခမ်းလေးဟာအော်တိုပွင့်ဟသွားတယ် ဝမ်ရိပေါ်ဟာရေစွတ်ထားတဲ့ဂွမ်းတံလေးနဲ့ရှောင်ကျန့်နှုတ်ခမ်းထောင်လေးကိုခပ်ဖွဖွလေးသုတ်ပေးနေတယ်သေချာဂရုတစိုက်လေးခြောက်နေတဲ့သွေးတွေကိုဖယ်ပေးနေတာကြောင့်အနေအထားကအရမ်းကိုနီးကပ်နေတယ် ခန့်မှန်းခြေ၈လက်မလောက်ဘဲ သူတို့နှစ်ယောက်ကွာဝေးတော့တယ်ထင်တယ်
"နာလား"
"ဟင့်အင်းကိုမနာဘူး...နောက်ပြီးဒဏ်ရာသေးသေးလေးပါ..ဒီဒဏ်ရာလောက်တော့ကိုယ်တို့စစ်သားတွေကစာမဖွဲ့ပါဘူးဒါလေးကခြင်ကိုက်တာလောက်တောင်မနာပါဘူးကွာ"
"ခင်ဗျားအတွက်ခြင်ကိုက်သလောက်ပဲရှိပေမဲ့...ကျွန်တော်အတွက်တော့တစ်ဘဝလုံးလေ..."
"????"
ကောင်လေးရဲ့စကားတွေကိုနားမလည်ပေမဲ့ရင်ထဲမှာတော့ပန်းရောင်သန်းသွားတယ်သို့သော်လဲခဏလေးသာ
"မေမေကပြောတယ်...အခုခင်ဗျားကိုဆေးမထည့်ပေးရင်....လက်ထပ်မှတ်ပုံတင်ဓာတ်ပုံကိုညိုမဲစွဲနေတဲ့....မျက်နှာကြီးနဲ့ပဲရိုက်ရမှာတဲ့..."
"အဟက်.."
ရှောင်ကျန့်ထိန်းထားတဲ့ကြားကနေ ခနဲ့တဲ့ရယ်သံတိုးတိုးလေးထွက်သွားမိတယ် သူကိုကမှားတာပါခင်ဗျားအတွက်ခြင်ကိုက်သလောက်ပဲရှိပေမဲ့ကျွန်တော့်အတွက်တစ်ဘဝလုံး ဆိုတဲ့စကားလေးကိုရင်ခုန်မိသွားတဲ့ သူကပဲမှားတာပါ
ရှောင်ကျန့်ဟာကောင်လေးမျက်နှာကိုစေ့စေ့ကြည့်လိုက်တယ်ကောင်လေးကတော့ခုနကရီမိတာမကျေမနပ်ဖြစ်နေတဲ့ပုံပဲမျက်မှောင်လေးတွေစုကြုံလို့ဝမ်ရိပေါ်ကသိပ်ဖြူစင်လွန်းတယ် အဲ့တာကြောင့်ပဲမကောင်းတဲ့ကောင်ဆီကနေလှည့်စားခံရတာပေါ့....ကောင်လေးကသိပ်ကိုဖြူစင်နေလွန်းတဲ့အခါသူသိပ်ကိုစိုးရိမ်ရပါတယ်
"ကျွန်တော်အရက်ပြန်ထည့်တော့မယ်နဲနဲတော့စပ်မှာပေါ့ဒါပေမဲ့ပါးစပ်မပိတ်လိုက်နဲ့နော်...ပါးစပ်ထဲဝင်သွားလိမ့်မယ်အရက်ပြန်ကသောက်လိုမရဘူး"
ရှောင်ကျန့်ဟာခပ်ဖွဖွလေးပြုံးရင်းအရက်ပြန်ပုလင်းထဲကိုဂွမ်တံလေးဂရုတစိုက်စိမ်နေတဲ့သက်ဆိုင်သူလေးကိုကြည့်နေမိလိုက်တယ်ဒီလိုစိုးရိမ်ပေးမဲ့အိမ်သူလေးရှိနေမယ်ဆိုရင်သူလက်ထပ်ပြီးတာနဲ့ဒဏ်ရာတွေရခဏခဏရအောင်လုပ်မိတော့မယ်ထင်ပါတယ်
ခဏအကြာမှာတော့အရက်ပြန်တို့ထားတဲ့ဂွမ်းတံလေးရှောင်ကျန့်နှုတ်ခမ်းထောင့်လေးကိုထိလာပြန်တယ်အရက်ပြန်ဖြစ်တာကြောင့်ပါးစပ်ထဲဝင်မှာဆိုပြီးဝမ်ရိပေါ်ဟာခုနကထက်တောင်ပိုပြီးဂရုတစိုက်လုပ်ပေးလာတယ်အခုသူတို့ကြားမှာ ၄လက်မလောက်ဘဲ ကွာဝေးသည်ရှောင်ကျန့်မျက်လုံးတွေကိုမှိတ်လိုက်မိတယ်သူဒီကလေးနဲ့နီးနီးကပ်ကပ်နေဖို့သူ့မှာအင်အားမရှိဘူးဟင့်အင်း...မထိန်းချုပ်နိုင်တာဆိုရင်ပိုမှန်မယ်
"ဘာလို့မျက်လုံးမှိတ်လိုက်တာလဲ စပ်သွားလို့လားဟင်"
အထနအကောက်လွှဲသွားတဲ့ရိပေါ်လေးဟာရှောင်ကျန့်ရဲမျက်နှာကိုလက်လေးနှစ်ဖက်နဲ့ဆွဲယူပြီးလေနဲ့မှုတ်ပေးလာတယ်ပူနွေးလှတဲ့လေငွေ့တွေကြောင့်ရှောင်ကျန့်သွေးတွေပြောင်းပြန်စီးဆင်းသွားသလိုပဲ မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်တော့မျက်တောင်စိတ်စိတ်လေးတွေနဲ့ဖုံးအုပ်ထားတဲ့မျက်ဝန်းအစုံနဲ့စူနေတဲ့နှုတ်ခမ်းသားလေးတွေကိုသာမြင်နေရတယ်နီးကပ်နေတဲ့အနေအထားကတော့ကောင်လေးမျက်တောင်မွေးလေးတွေကိုတောင်ရေတွက်နိုင်တဲ့အထိပဲတစ်ချက်ပဲ...တစ်ချက်လေးပဲဆွဲချုပ်လိုက်မယ်ဆိုရင်သူကောင်လေးကိုနမ်းလို့ရသည်ရိပေါ်လေးကတော့ဒဏ်ရကိုအာရုံစိုက်နေလို့ဘာမှမသိပေမဲ့ရှောင်ကျန့်ရဲ့ခြေထောက်တွေလက်တွေကတော့သူ့ခြေထောက်ကြားမှာဒူးထောက်ပြီးဆေးထည့်ပေးနေတဲ့ကောင်လေးကိုဖမ်းချုပ်ဖို့လုပ်နေသည်ရှောင်ကျန့်လက်တွေဟာရိပေါ်ခါးကိုထိတော့မဲ့အချိန်သတိပြန်ဝင်လာသည်မဖြစ်ဘူးသူသာကောင်လေးကိုအခုချိန်နမ်းလိုက်ရင်အရက်ပြန်တွေဟာကောင်လေးပါးစပ်ထဲရောက်သွားလိမ့်မယ်ရှောင်ကျန့်ဟာသူ့လက်တွေကိုနောက်ပြန်ဆုတ်လိုက်ရင်းဆိုဖာလက်ရမ်းကိုသာတင်းတင်းကျပ်ကျပ်ဆွဲစုပ်ထားမိတယ်သူဟာကောင်လေးမျက်နှာလေးကိုငုံကြည့်နေတဲ့အချိန်ကောင်းလေးကလဲစပ်သေးလားလို့မေးပြီးသူ့ကိုမော့ကြည့်လာတယ်ရှောင်ကျန့်ဟာကောင်လေးရဲ့မျက်နှာနားကိုတိုးကပ်လာတယ်လေထုအခြေအနေဟာချက်ချင်းကိုပန်းရောင်သန်းနေတယ်ထိုအချိန်...
*ခလွမ်း*
ဆိုတဲ့အသံကြီးကြားလိုက်ရတယ်ရုတ်တရက်ထိတ်လန့်သွားတဲ့ကောင်လေးဟာသူ့လည်ပင်းကိုသိုင်းဖက်လာပြီးသူ့ရင်ခွင်ထဲကိုခေါင်းလေးဝင်လာတယ်ဆိုဖာလက်ရမ်းကိုဆုတ်ကိုင်ထားတဲ့သူ့လက်တွေဟာအခုတော့ကောင်လေးခါးလေးကိုတင်းကျပ်စွာဖက်လိုက်နိုင်လေပြီသူရဲ့ခြေထာက်ရှည်ကြီးတွေဟာလဲသူ့ဆန္ဒရှိတဲ့အတိုင်းဒူးထောက်နေတဲ့ကောင်လေးရဲ့ခြေထောက်တွေကိုဖမ်းချုပ်နိုင်လိုက်ပြီရှောင်ကျန့်ဟာရိပေါ်ရဲ့ကျောလေးကိုခပ်ဖွဖွပွတ်သတ်ရင်းအသံကြားတဲ့နေရာကိုကြည့်လိုက်တော့သူတပည့်ကျော်နှစ်ယောက်ကိုမြင်လိုက်ရသည်အသံကတော့ယွီပင်းလက်ထဲကချိုင့်ပြုတ်ကျသွားတာကြောင့်ဖြစ်လိမ့်မယ်
"တောင်းပန်ပါတယ်ဗိုလ်ချုပ်"
********
ဇာတ်လမ်းကတော့စပါပြီပထမဆုံးခွေးစာအကျွေးခံလိုက်ရတာကတော့ယွီပင်းကောပါယွီပင်းကောအတွက်နှစ်မိနစ်လောက်ငြိမ်သက်ပေးလိုက်ကြပါ😂😂😂
********သိပ္ကုိျဖဴစင္လြန္းတဲ့အခါ သိပ္ကုိစုိးရိမ္းရပါတယ္
"အင္း...."
ဝမ္ရိေပၚဟာၿငီးျငဴလုိက္ၿပီးအိပ္ယာကေနထလုိက္တယ္ေနပါဦးဒီအခန္းက...ဒီအခန္းကဒုဗုိလ္ခ်ဳပ္ေ႐ွာင္းရဲ႕အခန္းမလားဒါဆုိသူညကငါ့ကုိျပန္မပုိ႔ဘူးလား.....သိ'ကြၽန္ေတာ္ခင္ဗ်ားနဲ႔ျမန္ျမန္လက္ထပ္ခ်င္တယ္''ေကာင္းၿပီျဖစ္ေစရမယ္'
မေန႔ကေျပာခဲ့တဲ့စကားေတြကုိျပန္ေတြးလုိက္ရင္းရိေပၚေခါင္းဟာပူထူသြားတယ္ မဟုတ္ေလာက္ပါဘူး ဗုိလ္ခ်ဳပ္ေ႐ွာင္းကအဲ့နည္းလမ္းကုိသုံးခဲ့မွာမဟုတ္ေလာက္ပါဘူး
ရိေပၚဟာကြန္ဒုိအေပၚထပ္ကေနၿပီးေအာက္ဆင္းလာမိတယ္ဧည့္ခန္းထဲမွာေတာ့ ေ႐ွာင္က်န္႔ကသူ႔ဦးေလးေ႐ွာင္ယန္နဲ႔ဇနီးေ႐ွ႕မွာဒူးေထာက္လ်က္႐ွိေနတယ္ ႏႈတ္ခမ္းေထာင့္မွာလဲေသြးစအနည္းငယ္႐ွိေနတယ္ေသခ်ာေပါက္ကေတာ့ေ႐ွာင္က်န္႔အထုိးခံထားရတယ္
"ငါမင္းအေဒၚကုိဘယ္လုိမ်က္ႏွာျပရမွာလဲ First Date မွာသူ႕သားကုိအိမ္ျပန္မပုိ႔ဘူး မင္းအသက္၂၆ႏွစ္ျပည့္ေတာ့မယ္ဘယ္ေလာက္ပဲသေဘာတူထားတူထား လက္မထပ္ရေသးခင္ တူတူမေနသင့္ဘူးဆုိတာ မင္းသိသင့္တယ္ဒါကဘယ္လုိ႐ွက္စရာေကာင္းတဲ့သတင္းလဲ"
"ေတာ္ေသးတာေပါ့ မင္းအခန္းထဲမွာ႐ွိေနတဲ့ေကာင္ေလးကရိေပၚျဖစ္ေနလုိ႔ တကယ္လုိ႔သာအျခားသူသာျဖစ္ၾကည့္ အေမတုိ႔တစ္႐ွက္ကေန ႏွစ္႐ွက္ျဖစ္ေတာ့မယ္"
"သားေတာင္းပန္ပါတယ္ သားစိတ္အလုိလုိက္မိသြားတယ္"
"ဟင့္အင္းမေတာင္းပန္ပါနဲ႔ အကုိေ႐ွာင္းမမွားမဟုတ္ပါဘူးအားလုံးကသားအျပစ္ေတြပါ"
အေပၚထပ္အခန္းထဲမွာအိပ္ေနတဲ့ရိေပၚေလးက႐ုတ္တရက္ႀကီးသားေ႐ွာင္းေဘးမွာဒူးလာေထာက္ေတာ့ေ႐ွာင္းယန္တုိ႔လင္မယားမွာခဏတာမွင္သပ္သြားတယ္သူတုိ႔ကဘယ္လုိလုပ္ရိေပၚေလးကုိဒူးေထာက္ခုိင္းရက္ပါမလဲ
"ဘယ္လုိလုပ္သားအျပစ္ျဖစ္ရမွာလဲသားဝမ္ရယ္ေသခ်ာေပါက္သားေ႐ွာင္ရဲ႕အျပစ္ပဲေပါ့ သူကသားထက္၆ႏွစ္ႀကီးတယ္ေလ သူမွာစဥ္းစားဉာဏ္သာ႐ွိရင္သားေလးကုိ သားကုိအိမ္ျပန္ပုိ႔ခဲ့မွာ"
*တင္းေတာင္...တင္းေတာင္*
ဝမ္ရိေပၚ ကအလ်င္အျမန္ဘဲတံခါးသြားဖြင့္လုိက္တယ္သူ႔အေဖနဲ႔အေမေရာက္လာၿပီထင္တယ္
"သားေလး...ဘယ္လုိေနေသးလဲ...မားမားစိတ္ပူလိုက္ရတာကြယ္"
တံခါးေပါက္ကလူ၂ေယာက္ကုိျမင္လုိက္ရေတာ့ေ႐ွာင္ယန္ရဲ႕မ်က္ႏွာကအနည္းငယ္ပ်က္သြားတယ္သူ႕ညီမေလးရဲ႕အသဲအသက္ေလးကုိ သူသားကတစ္ညလုံးခုိးယူထားခဲ့တယ္တဲ့
"အကုိ....ဘယ္လုိေတြျဖစ္ေနတာလဲဘာလုိ႔သားေ႐ွာင္းကုိထုိးႀကိတ္ၿပီးဒူးေထာက္ခုိင္းထားရတာလဲ"
ေ႐ွာင္ခ်ဴးလန္ ဟာသူ႔တူေလးကုိဆြဲထူလုိက္တယ္အၾကာႀကီးဒူးေထာက္ထားေတာ့ေ႐ွာင္က်န္႔ရဲ႕ေျခေထာက္ေတြကထုံထုိင္းလ်ွက္ဝမ္ရိေပၚကေတာ့သူလက္ေမာင္းဆြဲကုိင္ၿပီးလဲမက်ေအာင္ထိန္းထားရတယ္
"သူကမသင့္ေတာ္တဲ့လုပ္ရက္ကုိလုပ္ခဲ့တယ္ သူကသားဝမ္ကုိ...."
"မဟုတ္ပါဘူးအကုိ အကုိအထင္မွားေနၿပီ တကယ္ေတာ့ မေန႔ကသားဝမ္ကခ်ိန္းေတြ႕ေနရင္းႏွလုံးေဖာက္ေတာ့မလုိျဖစ္သြားခဲ့တာေၾကာင့္ သားေ႐ွာင္ကသူ႕ကြန္ဒုိေခၚလာခဲ့တာပါ သားေ႐ွာင္ကကြၽန္မတုိ႔ဆီကုိဆက္သြယ္ဖုိ႔လုပ္ခဲ့ေပမဲ့သားဝမ္ကကြၽန္မတုိ႔စုိးရိမ္မွာစုိးလုိ႔အိမ္မျပန္ခ်င္ဘူးဆုိၿပီး သားေ႐ွာင္ကုိပူဆာခဲ့တာ"
"ဟုတ္ပါတယ္ဦးေလးသားပူဆာခဲ့တာပါ"
ေ႐ွာင္ယန္နဲ႔ဇနီးျဖစ္သူလန္ရီမွာဝမ္ရိေပၚစကားေၾကာင့္အနည္းငယ္အံ့ၾသသြားခဲ့တယ္သားေ႐ွာင္ကုိၾကည့္လုိက္ျပန္ေတာ့လဲသူလက္ေမာင္းကုိတြဲထားတဲ့သားဝမ္ကုိပဲအျမတ္တႏုိးၾကည့္ေနျပန္တယ္သားေ႐ွာင္ကအထုိးပဲခံကာတစ္ခုမွ႐ွင္းမျပခဲ့ေပ သားငယ္ေလးက အဆုံးအထိရိေပၚေလးရဲ႕အမွားကုိကာကြယ္ေနတာျဖစ္ႏုိင္တယ္တကယ္ပဲ သူတုိ႔သားသူသာအေသသာခံလုိက္မယ္ ရိေပၚကုိအႏၱရာယ္အျဖစ္ခံမွာမဟုတ္ေပ အဲ့အခ်က္ကုိသူတုိ႔လင္မယား၂ေယာက္လုံးေမ့သြားခဲ့တယ္
"ေကာင္းၿပီ....ျဖစ္ၿပီးမွလဲဘာမွမထူးေတာ့ဘူး...မင္းတုိ႔ႏွစ္ေယာက္ကျဖဴစင္ေပမဲ့....အျခားသူေတြကအဲ့လုိထင္မွာမဟုတ္ဘူး...အထူးသျဖင့္သားေ႐ွာင္မင္းရဲ႕တပ္သားေတြက....မင္းနဲ႔သားဝမ္ကုိအတူတူတြဲျမင္ၿပီးၿပီ....ဒါကုိမင္းဘယ္လုိစဥ္းစားထားလဲ"
"ကြၽန္ေတာ္တာဝန္ယူမွာပါ....မနက္ျဖန္မွာလက္ထပ္မွတ္ပုံတင္သြားလုပ္လုိက္ပါ့မယ္"
ေ႐ွာင္ယန္မွာသူသားစကားေၾကာင့္ေသြးတက္သြားတယ္ဘယ္လုိေတာင္သူ႕သားကအဆင့္ေတြကုိေက်ာ္ခ်ေနတာလဲဒီေန႔မွာေ႐ွ႕တန္းကျပန္လာၿပီးDateလုပ္ေနာက္ရက္မွာလက္ထပ္မွတ္ပုံတင္...တကယ္ပါပဲအခုေခတ္ကေလးေတြမ်ားလုိက္လုိ႔မမွီေတာ့ဘူးလန္ရီမွာသူ႕သားကုိနားခ်ဖုိ႔ျပင္ေတာ့တယ္ရိေပၚေလးကအရမ္းငယ္တယ္
"အဲ့တာကနည္းလမ္းေကာင္းတစ္ခုပါဒါေပမဲ့သားဝမ္ေလးကအခုမွ၁၉ႏွစ္ပဲ႐ွိေသးတာေလဘယ္လုိလုပ္မ်ားသူကသူ႕ရဲ႕လြတ္လပ္မူ႕ေတြစြန္႔လြတ္ႏုိင္မွာလဲ"
"ကြၽန္ေတာ္စြန္႔လြတ္ႏုိင္ပါတယ္"
အသံတုိးတုိးေလးေၾကာင့္အခန္းတစ္ခုလုံးတိတ္ဆိတ္သြားတယ္ဝမ္ပါးနဲ႔ဝမ္မားမွာသူတုိ႔သားေလးရဲ႕စကားေၾကာင့္ပါးစပ္မပိတ္ႏုိင္ေတာ့ဘူး.. ေ႐ွာင္က်န္႔အေဖနဲ႔အေမလဲအဲ့ဒီအတုိင္းပဲတည္ၿငိမ္ေနတာကေတာ့သူတုိ႔ရဲ႕သားေတာ္ေမာင္ေ႐ွာင္က်န္႔ပဲ သူကရိေပၚေလးကုိငုံ႔ၾကည့္ကာ သူ႔ဘယ္လက္ေမာင္းကုိထိန္းကုိင္ထားတဲ့ရိေပၚေလးရဲ႕လက္ေသးေသးလးႏွစ္ဖက္ကုိသူ႔ညာဘက္လက္နဲ႔ပုတ္ေပးၿပီးႏွစ္သိမ့္ေန႐ွာတယ္
ဝမ္ရိေပၚကေ႐ွာင္က်န္႔ရဲ႕လက္ေမာင္းပုိမိုတင္းက်ပ္စြာဆုပ္ကုိင္လုိက္တယ္သူကေ႐ွာင္က်န္႔ကုိေမာ့ၾကည့္ရင္းအၾကည့္ျခင္းဆုံေစလုိက္တယ္ ဒုဗုိလ္ခ်ဳပ္ေ႐ွာင္းရဲ႕ဓားသဖြယ္ျပတ္သားလွတဲ့မ်က္လုံးကုိစုိက္ၾကည့္ရင္းသူဟာေတြေဝမူ႔မ႐ွိဘဲစကားတစ္ခြန္းကုိေျပာခ်လုိက္တယ္ သူယုံတယ္ ေ႐ွာင္းေ႐ွာင္က်န္႔ဆုိတဲ့ဘဲႀကီးက သူ႔ကုိအျမဲကာကြယ္ေနလိမ့္မယ္ ဆုိတာကုိ
"ကြၽန္ေတာ္သေဘာတူပါတယ္ ကြၽန္ေတာ့္ရဲ႕ လူငယ္ဘဝကုိစြန္႔လြတ္ၿပီးလက္ထပ္မွတ္ပုံတင္တင္ခ်င္တယ္"
ဝမ္ရိေပၚဟာေျပာၿပီးတာနဲ႔ေ႐ွာင္က်န္႔ရဲ႕အေနာက္ကုိသူ႔ေလးတစ္ျခမ္းဝင္ကာပုန္းကြယ္လုိက္ သူ႔ဒယ္ဒီကုိေၾကာက္တယ္ေ႐ွာင္က်န္႔မွာေတာ့ကေလးဆန္တဲ့ရိေပၚေလးကုိၾကည့္ရင္းအျပံဳးေသးေသးေလးကဖုံးဖိမရေတာ့ေပမိသားစုႏွစ္ခုလုံးရဲ႕အသဲအသက္ေလးကသေဘာတူတယ္ဆုိေတာ့လဲမိဘေတြကဘာလုပ္လုိ႕ရေတာ့မွာလဲေပးစား႐ုံကလြဲလုိ႔ဘာမွလုပ္လုိ႕မရေတာ့ေပဝမ္လင္မယားဟာလဲသက္ျပင္းခ်လုိက္တယ္သူတုိ႔..သားေ႐ွာင္ကုိပုိင္ရိဟန္နဲ႕ရိေပၚအေၾကာင္းကုိေျပာျပၿပီးေ႐ွ႕တန္းကေနျပန္လာခုိင္းလုိက္တာမွန္သြားသည္ဒါမွမဟုတ္ရင္ သူတုိ႔သားေလးပုိင္ရိဟန္ရဲ႕ ဟန္ေဆာင္မူ႕ေတြၾကားမွာေရတိမ္နစ္ရေတာ့မွာဒါေပမဲ့ သူတုိ႔သားငယ္ေလးကငယ္ငယ္တုန္းကလုိပဲ ဘယ္သူနဲ႔ယွဥ္ယွဥ္ သားေ႐ွာင္ကုိေရြးခ်ယ္ေနတုန္းပဲဒါကသိပ္ကုိေပ်ာ္စရာေကာင္းတဲ့ကိစၥပဲ
ေနာက္ဆုံးမွာေတာ့ေ႐ွာင္ယန္ဟာတိတ္ဆိတ္ေနတဲ့ေလထုကုိၿဖိဳခြင္းလုိက္တယ္
"ေကာင္းျပီဒီေန႔ကေသာၾကာေန႔မလား....အဲ့ေတာ့တနလၤာေန႔မွာက်င္းပမဲ့Xiao GPရဲ႕ေရႊရတုႏွစ္ပတ္လည္ပြဲမွာပဲ ငါတုိ႔ေတြကေလးေတြရဲ႕လက္ထပ္ပြဲကုိလူသိ႐ွင္ၾကားေၾကျငာလုိက္တာေပါ့ၾကားထဲမွာမင္းတုိ႔လက္ထပ္မွတ္ပုံတင္လုပ္ဖုိ႔အခ်ိန္ႏွစ္ရက္႐ွိတယ္စဥ္းစားဖုိ႔လဲအခ်ိန္႐ွိေသးတယ္"
"စဥ္းစားဖုိ႔မလုိေတာ့ပါဘူး အေဖ""စဥ္းစားဖုိ႔မလုိေတာ့ပါဘူး ဦးေလး"
အသံႏွစ္သံကျပတ္ျပတ္သားသားထြက္လာခဲ့တယ္ႏွစ္ဖက္မိဘေတြဟာေခါင္းၿငိမ့္ရင္းအျပံဳးကုိယ္ဆီထြက္ေပၚလာတယ္ ေနာက္ဆုံးေတာ့သူတုိ႔ေမ်ာ္လင့္ခ်က္ေတြအမွန္ျဖစ္လာသည္
ခဏေလာက္စကားေျပာၿပီးေနာက္မွာမိဘေတြဟာျပန္သြားၾကသည္ ရိေပၚေလးသာေ႐ွာင္က်န္႔ကုိတြဲရင္းအိမ္ထဲသုိ႔ျပန္ဝင္လာသည္
"ခင္ဗ်ားဒီမွာခဏထုိင္ဦး"
ဝမ္ရိေပၚမွာ ေ႐ွာင္က်န္႔ကုိဆုိဖာေပၚမွာေနရာခ်ၿပီးေနာက္တစ္ခုခုကုိလုိက္႐ွာေနတယ္
"မင္းဘာလုိက္႐ွာေနတာလဲ"
"ေဆးေသတၱာ"
"ဟုိေအာက္မွာ"
ေ႐ွာင္က်န္႔ကလက္ညိဳးထုိးျပေတာ့စင္ေသးေသးေလးေအာက္ကေဆးေသတၱာကုိဝမ္ရိေပၚျမင္သြားတယ္သူဟာစားပြဲေပၚမွာေဆးေသတၱာကုိခ်ကာတစ္စုံတစ္ခုကုိ႐ွာေဖြေနတယ္...ေနာက္ဆုံးမွာေတာ့ ဝမ္ရိေပၚဟာလက္ထဲမွာေဆးဝါးပစၥည္းအခ်ိဳ႕ကုိကုိင္လာကာသူ႔ေ႐ွ႕မွာလာထုိင္တယ္အေနအထားတစ္မ်ိဳးေတာ့အဝါေရာင္သန္းေနတယ္
ေ႐ွာင္က်န္႔ဟာက်ားက်ားယားယားေယာက္်ားသားမုိ႔လုိ႕ဆုိဖာေပၚေျခေထာက္ႏွစ္ဖက္စုမထုိင္ဘဲခြဲထုိင္ေလ့႐ွိသည္ဝမ္ရိေပၚကေတာ့သူထုိင္ေနတဲ့ဆုိဖာေ႐ွ႕မွာဒူးေထာက္ထား႐ုံတင္မကေ႐ွာင္က်န္႕ေျခေထာက္ေတြၾကားထဲကုိဝင္လာတယ္စိတ္႐ွိတုိင္းသာလုပ္လုိက္ရရင္ေ႐ွာင္က်န္႔ေျခေထာက္ေတြကရိေပၚကုိယ္လုံးေလးဆြဲခ်ဳပ္ပစ္လုိက္မွာ
"ပါးစပ္ဟ..."
အမိန္႕ေပးသံေလးေၾကာင့္ေ႐ွာင္က်န္႔ႏႈတ္ခမ္းေလးဟာေအာ္တုိပြင့္ဟသြားတယ္ ဝမ္ရိေပၚဟာေရစြတ္ထားတဲ့ဂြမ္းတံေလးနဲ႕ေ႐ွာင္က်န္႕ႏႈတ္ခမ္းေထာင္ေလးကုိခပ္ဖြဖြေလးသုတ္ေပးေနတယ္ေသခ်ာဂ႐ုတစုိက္ေလးေျခာက္ေနတဲ့ေသြးေတြကုိဖယ္ေပးေနတာေၾကာင့္အေနအထားကအရမ္းကုိနီးကပ္ေနတယ္ ခန္႕မွန္းေျခ၈လက္မေလာက္ဘဲ သူတုိ႔ႏွစ္ေယာက္ကြာေဝးေတာ့တယ္ထင္တယ္
"နာလား"
"ဟင့္အင္းကုိမနာဘူး...ေနာက္ၿပီးဒဏ္ရာေသးေသးေလးပါ..ဒီဒဏ္ရာေလာက္ေတာ့ကုိယ္တုိ႔စစ္သားေတြကစာမဖြဲ႔ပါဘူးဒါေလးကျခင္ကုိက္တာေလာက္ေတာင္မနာပါဘူးကြာ"
"ခင္ဗ်ားအတြက္ျခင္ကုိက္သေလာက္ပဲ႐ွိေပမဲ့...ကြၽန္ေတာ္အတြက္ေတာ့တစ္ဘဝလုံးေလ..."
"????"
ေကာင္ေလးရဲ႕စကားေတြကုိနားမလည္ေပမဲ့ရင္ထဲမွာေတာ့ပန္းေရာင္သန္းသြားတယ္သုိ႔ေသာ္လဲခဏေလးသာ
"ေမေမကေျပာတယ္...အခုခင္ဗ်ားကုိေဆးမထည့္ေပးရင္....လက္ထပ္မွတ္ပုံတင္ဓာတ္ပုံကုိညိဳမဲစြဲေနတဲ့....မ်က္ႏွာႀကီးနဲ႔ပဲ႐ုိက္ရမွာတဲ့..."
"အဟက္.."
ေ႐ွာင္က်န္႔ထိန္းထားတဲ့ၾကားကေန ခနဲ႔တဲ့ရယ္သံတုိးတုိးေလးထြက္သြားမိတယ္ သူကုိကမွားတာပါခင္ဗ်ားအတြက္ျခင္ကုိက္သေလာက္ပဲရွိေပမဲ့ကြၽန္ေတာ့္အတြက္တစ္ဘဝလုံး ဆုိတဲ့စကားေလးကုိရင္ခုန္မိသြားတဲ့ သူကပဲမွားတာပါ
ေ႐ွာင္က်န္႔ဟာေကာင္ေလးမ်က္ႏွာကုိေစ့ေစ့ၾကည့္လုိက္တယ္ေကာင္ေလးကေတာ့ခုနကရီမိတာမေက်မနပ္ျဖစ္ေနတဲ့ပုံပဲမ်က္ေမွာင္ေလးေတြစုၾကံဳလုိ႔ဝမ္ရိေပၚကသိပ္ျဖဴစင္လြန္းတယ္ အဲ့တာေၾကာင့္ပဲမေကာင္းတဲ့ေကာင္ဆီကေနလွည့္စားခံရတာေပါ့....ေကာင္ေလးကသိပ္ကုိျဖဴစင္ေနလြန္းတဲ့အခါသူသိပ္ကုိစုိးရိမ္ရပါတယ္
"ကြၽန္ေတာ္အရက္ျပန္ထည့္ေတာ့မယ္နဲနဲေတာ့စပ္မွာေပါ့ဒါေပမဲ့ပါးစပ္မပိတ္လုိက္နဲ႔ေနာ္...ပါးစပ္ထဲဝင္သြားလိမ့္မယ္အရက္ျပန္ကေသာက္လုိမရဘူး"
ေ႐ွာင္က်န္႔ဟာခပ္ဖြဖြေလးျပံဳးရင္းအရက္ျပန္ပုလင္းထဲကုိဂြမ္တံေလးဂ႐ုတစုိက္စိမ္ေနတဲ့သက္ဆုိင္သူေလးကုိၾကည့္ေနမိလုိက္တယ္ဒီလုိစုိးရိမ္ေပးမဲ့အိမ္သူေလး႐ွိေနမယ္ဆုိရင္သူလက္ထပ္ၿပီးတာနဲ႔ဒဏ္ရာေတြရခဏခဏရေအာင္လုပ္မိေတာ့မယ္ထင္ပါတယ္
ခဏအၾကာမွာေတာ့အရက္ျပန္တုိ႔ထားတဲ့ဂြမ္းတံေလးေ႐ွာင္က်န္႔ႏႈတ္ခမ္းေထာင့္ေလးကုိထိလာျပန္တယ္အရက္ျပန္ျဖစ္တာေၾကာင့္ပါးစပ္ထဲဝင္မွာဆုိၿပီးဝမ္ရိေပၚဟာခုနကထက္ေတာင္ပုိၿပီးဂ႐ုတစုိက္လုပ္ေပးလာတယ္အခုသူတုိ႕ၾကားမွာ ၄လက္မေလာက္ဘဲ ကြာေဝးသည္ေ႐ွာင္က်န္႔မ်က္လုံးေတြကုိမွိတ္လုိက္မိတယ္သူဒီကေလးနဲ႔နီးနီးကပ္ကပ္ေနဖုိ႔သူ႕မွာအင္အားမ႐ွိဘူးဟင့္အင္း...မထိန္းခ်ဳပ္ႏုိင္တာဆုိရင္ပုိမွန္မယ္
"ဘာလုိ႔မ်က္လုံးမွိတ္လုိက္တာလဲ စပ္သြားလုိ႔လားဟင္"
အထနအေကာက္လႊဲသြားတဲ့ရိေပၚေလးဟာေ႐ွာင္က်န္႔ရဲမ်က္ႏွာကုိလက္ေလးႏွစ္ဖက္နဲ႔ဆြဲယူၿပီးေလနဲ႔မႈတ္ေပးလာတယ္ပူေႏြးလွတဲ့ေလေငြ႕ေတြေၾကာင့္ေ႐ွာင္က်န္႔ေသြးေတြေျပာင္းျပန္စီးဆင္းသြားသလုိပဲ မ်က္လုံးအစုံကုိဖြင့္ၾကည့္လုိက္ေတာ့မ်က္ေတာင္စိတ္စိတ္ေလးေတြနဲ႔ဖုံးအုပ္ထားတဲ့မ်က္ဝန္းအစုံနဲ႔စူေနတဲ့ႏႈတ္ခမ္းသားေလးေတြကုိသာျမင္ေနရတယ္နီးကပ္ေနတဲ့အေနအထားကေတာ့ေကာင္ေလးမ်က္ေတာင္ေမြးေလးေတြကုိေတာင္ေရတြက္ႏုိင္တဲ့အထိပဲတစ္ခ်က္ပဲ...တစ္ခ်က္ေလးပဲဆြဲခ်ဳပ္လုိက္မယ္ဆုိရင္သူေကာင္ေလးကုိနမ္းလုိ႔ရသည္ရိေပၚေလးကေတာ့ဒဏ္ရကုိအာရုံစုိက္ေနလုိ႕ဘာမွမသိေပမဲ့ေ႐ွာင္က်န္႕ရဲ႕ေျခေထာက္ေတြလက္ေတြကေတာ့သူ႔ေျခေထာက္ၾကားမႇာဒူးေထာက္ၿပီးေဆးထည့္ေပးေနတဲ့ေကာင္ေလးကုိဖမ္းခ်ဳပ္ဖုိ႔လုပ္ေနသည္ေ႐ွာင္က်န္႔လက္ေတြဟာရိေပၚခါးကုိထိေတာ့မဲ့အခ်ိန္သတိျပန္ဝင္လာသည္မျဖစ္ဘူးသူသာေကာင္ေလးကုိအခုခ်ိန္နမ္းလုိက္ရင္အရက္ျပန္ေတြဟာေကာင္ေလးပါးစပ္ထဲေရာက္သြားလိမ့္မယ္ေ႐ွာင္က်န္႔ဟာသူ႔လက္ေတြကုိေနာက္ျပန္ဆုတ္လုိက္ရင္းဆုိဖာလက္ရမ္းကုိသာတင္းတင္းက်ပ္က်ပ္ဆြဲစုပ္ထားမိတယ္သူဟာေကာင္ေလးမ်က္ႏွာေလးကုိငုံၾကည့္ေနတဲ့အခ်ိန္ေကာင္းေလးကလဲစပ္ေသးလားလုိ႕ေမးၿပီးသူ႔ကုိေမာ့ၾကည့္လာတယ္ေ႐ွာင္က်န္႕ဟာေကာင္ေလးရဲ႕မ်က္ႏွာနားကုိတုိးကပ္လာတယ္ေလထုအေျခအေနဟာခ်က္ခ်င္းကုိပန္းေရာင္သန္းေနတယ္ထုိအခ်ိန္...
*ခလြမ္း*
ဆုိတဲ့အသံႀကီးၾကားလုိက္ရတယ္ရုတ္တရက္ထိတ္လန္႔သြားတဲ့ေကာင္ေလးဟာသူ႕လည္ပင္းကုိသုိင္းဖက္လာၿပီးသူ႔ရင္ခြင္ထဲကုိေခါင္းေလးဝင္လာတယ္ဆုိဖာလက္ရမ္းကုိဆုတ္ကုိင္ထားတဲ့သူ႕လက္ေတြဟာအခုေတာ့ေကာင္ေလးခါးေလးကုိတင္းက်ပ္စြာဖက္လုိက္ႏုိင္ေလၿပီသူရဲ႕ေျခထာက္႐ွည္ႀကီးေတြဟာလဲသူ႕ဆႏၵ႐ွိတဲ့အတုိင္းဒူးေထာက္ေနတဲ့ေကာင္ေလးရဲ႕ေျခေထာက္ေတြကုိဖမ္းခ်ဳပ္ႏုိင္လုိက္ၿပီေ႐ွာင္က်န္႔ဟာရိေပၚရဲ႕ေက်ာေလးကုိခပ္ဖြဖြပြတ္သတ္ရင္းအသံၾကားတဲ့ေနရာကုိၾကည့္လုိက္ေတာ့သူတပည့္ေက်ာ္ႏွစ္ေယာက္ကုိျမင္လုိက္ရသည္အသံကေတာ့ယြီပင္းလက္ထဲကခ်ိဳင့္ျပဳတ္က်သြားတာေၾကာင့္ျဖစ္လိမ့္မယ္
"ေတာင္းပန္ပါတယ္ဗုိလ္ခ်ဳပ္"
********ဇာတ္လမ္းကေတာ့စပါၿပီပထမဆုံးေခြးစာအေကြၽးခံလုိက္ရတာကေတာ့ယြီပင္းေကာပါယြီပင္းေကာအတြက္ႏွစ္မိနစ္ေလာက္ၿငိမ္သက္ေပးလုိက္ၾကပါ😂😂😂
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



