【18】
19:36, 3 December 2022⟨ Unicode Version ⟩Me, Myself & Bad romanceအပိုင်း ၁၈
လေးပင်နေတဲ့ခြေလှမ်းတွေနဲ့ တံတားတစ်လျှောက် သူ လမ်းလျှောက်နေမိသည်။ အိမ်လည်း မပြန်ချင်သလို သူ သွားရမယ့်နေရာမရှိ။ သူ့ကိုယ်သူ အစွန့်ပစ်ခံကလေးတစ်ယောက်လို ခံစားမိလိုက်သည်။ တိုးဝှေ့လာတဲ့လေညင်းတွေကို ခံယူမိရင်း တံတားကနေတစ်ဆင့် မြစ်ကမ်းနံဘေးဆီ သူ ခြေဦးတည့်မိသည်။
သူ မျက်မြင်တွေ့ခဲ့ရသလိုပဲ၊ သူကြားခဲ့ရသလိုပဲ ကိုကို့မှာ ချစ်ရသူရှိနေရင် ဘာကြောင့် သူ့ကို ချစ်သလိုလိုနဲ့ လက်ထပ်ခဲ့သေးတာလဲ ... အမုန်းတွေက ပိုသာနေလို့များ တမင်သက်သက်နှိပ်စက်ဖို့ လက်ထပ်ထားတာလား သူ မတွေးတတ်တော့ ...။ အခုချိန်မှာ ခိုကိုးရာမဲ့နေသလို သူ့နှလုံးသားဟာ လေးလံနာကျင်နေမိသည်။ မြစ်ကမ်းနံဘေးက လေပြေနဲ့အတူ သူ ကွယ်ပျောက်သွားချင်မိသည်။
သူ့မှာ ကပ်တွယ်ရာနေရာမရှိတော့သလို ခံစားချက်တွေက ရောထွေးလာသည်။ တစ်ခုခုဆို ငိုယိုပြီးတိုင်တည်ရမယ့် မိဘတွေမရှိသလို သူငယ်ချင်းအပေါင်းအဖော်ကလည်းမရှိ။ တစ်ဦးတည်းသောသူငယ်ချင်းကလည်း အနားမှာမရှိ။ အလုပ်ကလည်း ကိုကို့မယုံကြည်မှုအောက်မှာ ပျောက်ရှသွားခဲ့ရပြီဖြစ်သည်။
သူ အလုပ်ပြုတ်တာထက် သူ့ကို ကိုကိုမယုံကြည်ဘဲ အလုပ်တန်းဖြုတ်လိုက်တာက ကိုယ်ရေးကိုယ်တာ ကိစ္စတွေ ပါဝင်တယ်ဆိုတာ သူသိသည်။ ကိုကိုက ဘာကြောင့် တမင်သက်သက် သူ့ဘဝကြီး ခက်ခဲအောင် လုပ်နေလဲတော့ သူနားမလည်။ အဲ့ဒါထက် နားနေခန်းမှာ မြင်ခဲ့ရတဲ့ပုံရိပ်။
" ကျစ် ~~ "
တကယ်ကို ဟန်မဆောင်နိုင်တော့သည်မို့ စိတ်ပျက်အားလျော့စွာ မျက်ရည်တွေ စီးကျလာရသည်။
ဒါလေး မြင်ရတာကိုတောင် ဒီလောက်နာကျင်နေရတာ ကိုကို့ချစ်သူအတွက် ကိုကိုသာ သူ့ကို ကွာရှင်းပေးဖို့ ပြောလာရင် သူ ဘယ်လို ရင်ဆိုင်ရမလဲ ... အတူတူနေတဲ့အချိန်က မကြာသေးပေမယ့် ကွာရှင်းဖို့ပြောလာရင် ဘယ်လိုအင်အားနဲ့ သူ ရင်ဆိုင်ရမလဲ ... ။ ကိုကို့ကို သူတကယ် လက်လွှတ်နိုင်မှာမဟုတ်။ ကိုကို သူ့ကို မချစ်တော့ရင်တောင် ခြေထောက်ဖက်ရဖက်ရ သူ ကိုကို့ကို အတတ်နိုင်ဆုံးဆွဲထားချင်သည်။
ဂျောင်ဂုတွေးရင်း တွေးရင်း မွန်းကျပ်လာသည်မို့ စိတ်ကို ဖြေလျော့ဖို့အတွက် ကောင်းကင်ကို မော့ကြည့်မိသည်။ သူတောင် ဒီလောက်လေးကို ခံစားနေရရင် ကိုကို့တုန်းက ဘယ်လိုများ ဖြတ်ကျော်ခဲ့ရမလဲ။ သူဆိုရင် ခူရိုနဲ့ မတော်တဆနမ်းမိတဲ့အပြင် ကိုကို တားနေတဲ့ကြားကနေ မရမက လမ်းခွဲမိခဲ့သေးသည်။ သူ့ကို အချစ်တွေအများကြီး ပေးခဲ့တဲ့ကိုကို့ကို သူ ရက်ရက်စက်စက် ထားခဲ့မိသေးသည်။ အဲ့ဒါအပြင် အဆိုးဆုံးက ကိုကို့အရှေ့မှာပင် ခူရိုနဲ့ မင်္ဂလာဆောင်လိုက်သေးသည်။
အဲ့ဒီတုန်းကဆို ကိုကို ဘယ်လောက်တောင် နာကျင်ပြီး ခံစားနေခဲ့ရမလဲ ... ကိုကိုဘယ်လောက်တောင် သည်းခံနေခဲ့ရမလဲ ... သူတောင် အခုလိုမြင်မိတာကို သေမတတ်ခံစားနေရရင် ကိုကို့တုန်းက ဘယ်လို အင်အားတွေနဲ့ ကျော်ဖြတ်ခဲ့ရမလဲ ... အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရရင် အဲ့ဒီ့တုန်းက ကိုကို့ကို သူ ပြန်ထွေးပွေ့ပေးချင်မိသည်။ ကိုကို့ကို လမ်းမခွဲဘဲ သူ့အခက်အခဲတွေကို၊ သူနာကျင်ရတာတွေကို သေချာပြောပြပြီး အတူတူရင်ဆိုင်ဖြေရှင်းခဲ့သင့်သည်။ အမှန်တရားတွေ သိပြီးတော့လည်း ကိုကို့ကို သူ ရှောင်ပြေးတာမျိုးမလုပ်ဘဲ ရင်ဆိုင်ရဲခဲ့သင့်သည်။
" ရား!! ဂျွန်ဂျောင်ဂု !! ကိုကို့အပေါ်မှာ အမှားတွေ ဘယ်လောက်တောင် လုပ်ထားတာလဲ ... ဘယ်လောက်တောင်များနေပြီလဲ ... မင်းက မကောင်းတဲ့ကောင်ပဲ ... "
သူ့ကိုယ်သူအပြစ်တင်မိရင်း ထိုင်ငိုနေမိတော့ တဖြည်းဖြည်းမောဟိုက်လာသလို ဝမ်းဗိုက်က အောင့်လာရသည်။ စိတ်ဖိစီးမှုတွေများတိုင်း ဗိုက်အောင့်တာက ဖြစ်တတ်တဲ့ပြသနာပဲမို့လို့ သူ မစိုးရိမ်မိ။ နာကျင်နေတဲ့ ဝမ်းဗိုက်ကို ဖိကာ ခပ်မဲ့မဲ့လေး ညည်းတွားမိသည်။ ခန္ဓာကိုယ်ကပါ နေလို့ ထိုင်လို့ အဆင်မပြေလို့လားတော့မသိ၊ စိတ်ကပို ဝမ်းနည်းလာရတော့သည်။
အခုဆို လောကကြီးမှာ သူ့ကို လိုချင်တဲ့သူတွေ ရှိမှာမဟုတ်တော့၊ သေလောက်အောင် ချစ်ပေးပြီး ဂရုစိုက်ပေးခဲ့တဲ့ကိုကို့ကိုတောင် သူ ဒဏ်ရာတွေ အကြိမ်ကြိမ်ပေးမိခဲ့သည်။
" ~~ ဒီတိုင်း သေလိုက်ပါတော့လား ဂျောင်ဂုရာ ~~ အခုဆို ကိုကိုကလည်း မချစ်တော့ဘူး ~~ ကိုကိုနဲ့ကွာရှင်းရရင် တီတီတို့ဆီမှာလည်း မနေနိုင်ဘူး ~~ အလုပ်ကလဲ မရှိတော့ဘူး ~~ ဘာဆို ဘာမှ မရှိတော့ဘူး ~~ မင်းအပေါ်မှာထားတဲ့ ကိုကို့အချစ်တွေတောင် မရှိတော့ဘူး ~~ "
အားမလိုအားမရအပြစ်တင်မိရင်း မျက်ဝန်းတွေကို ပွတ်သပ်လိုက်မိသည်။ အဲ့ဒီ့နောက် မျက်စိရှေ့မှာ ရှိနေတဲ့ မြစ်ပြင်ကျယ်ကြီးကို ကြည့်ကာ သူ တွေးတောမိသည်။ လေပြေလေညင်းတွေ ဝေ့ဝိုက်နေတဲ့ ဟန်မြစ်က သိပ်လှပေမယ့် လူတချို့ရဲ့နာကျင်မှုတွေကို အဆုံးသတ်ပေးတဲ့ နေရာပြင်ကျယ်ကြီးတစ်ခုဆိုလည်း မမှား။ ဒီမြစ်ထဲကို လူဘယ်နှစ်ယောက်လောက်ကများ စိတ်ညစ်စရာတွေကို မြှုပ်နှံပြီးပြီလဲ သူမသိ။ သူရော အရှူံးသမားတစ်ယောက်လို သူ့ကိုယ်သူ မြှုပ်နှံလိုက်ချင်ပြီဖြစ်သည်။
... ဂျောင်ဂု တွေးရင်း တွေးရင်း ကမ်းစပ်အနားထိ တိုးကပ်လိုက်မိသည်။ အဲ့ဒီ့နောက် ဟိုငေးဒီငေး လုပ်နေမိရင်း တံတားဘက်ကို သူ မျှော်ငေးကြည့်လိုက်မိသည်။ တံတားလက်ရန်းပေါ်မှာတော့ အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။ လက်ဆန့်တန်းပြီး မြစ်ရဲ့လေညင်းတွေကို ခံယူနေပုံက အရာအားလုံးကို အရှုံးပေးတော့မည့်ဟန်ပင်။ ဘယ်ခြေလှမ်း လှမ်းတော့မယ်ဆိုတာ သူ သိနေသည်မို့ သူ ခေါင်းခါရင်း ရေရွတ်လိုက်မိသည်။
" မဖြစ်ဘူး..."
သူကြည့်နေစဉ်အတွင်းမှာပဲ သူထင်ထားတဲ့အတိုင်း ခြေလှမ်းကာ ခုန်ချလိုက်သည်မို့ သူလန့်ပြီး မတ်တပ်ရပ်လိုက်မိသည်။ ရေနက်ပိုင်းထဲ မဟုတ်တာမို့ ကယ်ရင် မီနိုင်သေးသည်။ ထို့ကြောင့် တွေးတောနေတာမျိုးမရှိဘဲ ချက်ချင်း ရေထဲဆင်းကာ ထိုအမျိုးသမီးဆီ ကူးခတ်မိသည်။ ခက်ခက်ခဲခဲကယ်လိုက်ရပေမယ့် ကမ်းစပ်ကို ရောက်တဲ့အချိန်မှာတော့ သူ အရေးပေါ် ကားခေါ်လိုက်မိသည်။ အသက်မှီလား မမှီလားတော့ သူ မသိပေမယ့် လူနာတင်ယာဉ်ပေါ်ပါသွားတဲ့ အမျိုးသမီးအတွက် သူ ဆုတောင်းပေးလိုက်မိသည်။
သို့ပေမယ့် သူ့ဆုတောင်းတွေ မပြည့်ခဲ့ပါ။ ရေစိုအဝတ်နဲ့ သူ အိမ်ပြန်မရောက်ခင်မှာပဲ ရဲစခန်းက မျက်မြင်သက်သေအဖြစ် သူ့ကို ပြန်ဆက်သွယ်လာခဲ့တာကြောင့် လမ်းတစ်ဝက်ကနေ သူ စခန်းကို သွားရပြန်သည်။ အကြောင်းရင်းကတော့ ထိုအမျိုးသမီးဟာ အသက်သေဆုံးသွားခဲ့တဲ့အတွက်ကြောင့်ဖြစ်သည်။ ကိုယ်ဝန်ပျက်ကျပြီး ခင်ပွန်းဖြစ်သူနဲ့ အဆင်မပြေခဲ့တာကြောင့် နောက်ဆုံး သတ်သေဖို့ ဒီအမျိုးသမီးက ရွေးချယ်သွားခဲ့တာတဲ့လေ။ အဲ့ဒါအပြင် သူထပ်သိရတာက ဒီအမျိုးသမီးဟာ ဆရာဝန်တစ်ယောက်ဖြစ်တဲ့အပြင် ရှယ်ယာများစွာကို ပိုင်ဆိုင်ထားသည်တဲ့။
ဒီလိုလူတွေတောင် နာကျင်မှုကို မခံစားနိုင်လို့ အဆုံးသတ်ခဲ့ကြတယ်ဆိုရင် အခု သူ့ပြသနာကတော့ အဆုံးသတ်ဖို့ ပိုပြီး လွယ်ကူလေမလား။ ထပ်ပြီး အလုပ်လက်မဲ့ဖြစ်တာကို သူ ဘယ်လိုတောင့်ခံထားနိုင်မှာတဲ့လဲ။ အဲ့ဒါထက် ကိုကို့ဆီက အမုန်းတရားတွေနဲ့ ရှင်သန်နေရတဲ့သူက ဘယ်လိုတောင့်ခံနိုင်မှာတဲ့လဲ။ သူ မှားခဲ့တာတွေ သေချာပေါက် ပြန်တောင်းပန်ရမယ်ဆိုပေမယ့် သူမတောင်းပန်ခင်မှာပဲ ဒီလမ်းကို သူရွေးချယ်ချင် ရွေးချယ်နိုင်သည်ပဲလေ။ အဲ့ဒီလိုလုပ်လိုက်ရင်ရော ကိုကို့အမုန်းတရားတွေ သူ့အပေါ် ချေဖျက်ပေးနိုင်လေမလား။
" ဂျောင်ဂုရှီ ~~ မျက်မြင်သက်သေအဖြစ်ထွက်ဆိုပေးလို့ ကျေးဇူးတင်ပါတယ် .... အုပ်ထိန်းသူ ဒါမှမဟုတ် ဇနီး၊ ဆွေမျိုးတော်စပ်သူ တစ်ယောက်ယောက်ရဲ့လက်မှတ်ရရင် ဂျောင်ဂုရှီပြန်လို့ရပါပြီ ... ဆက်သွယ်လိုက်ပါဦးနော် "
သူ့အတွေးတွေကို ရဲက ဝင်ဖျက်သွားတော့ သူ အူကြောင်ကြောင်လေး ကြည့်မိသည်။ ပြောသွားတဲ့စကားကို ခဏလောက်ပြန်စဉ်းစားကြည့်ပြီးမှ သူ ပြန်ဖြေလိုက်မိသည်။ တစ်နေ့တည်းနဲ့တင် ကိစ္စပေါင်းစုံ ကြုံတွေ့လိုက်ရလို့လားမသိ၊ စိတ်တွေက ပုံမှန်မဟုတ်ဘဲ ခြောက်ခြားနေသလိုပင်။
" ... ကျွန်တော့်မှာ အုပ်ထိန်းသူမရှိပါဘူး ... "
သူပြောမိတော့ မှတ်တမ်းယူနေတဲ့ရဲက မယုံသလိုကြည့်သည်။
" ကောင်းပြီလေ ဒါဆို မှတ်ပုံတင်နံပါတ်လေးပြောပေးပါ ဂျောင်ဂုရှီ ...
" ******** "
ဘာအတွက်လိုတာလဲ မသိပေမယ့် သူရေရွတ်လိုက်မိတော့ မှတ်တမ်းယူနေတဲ့ရဲရဲ့ လက်တွေက ကီးဘုတ်တွေပေါ် ပြေးဖြတ်သွားသည်။ အဲ့ဒီ့နောက် သူ့ကို ကြည့်ကာ ပြောလာတဲ့စကားကြောင့် သူသက်ပြင်းချရင်း မျက်မှောင်သာ ကြုတ်လိုက်မိတော့သည်။
" ... ကင်ဆော့ဂျင် ဆိုတဲ့ အမျိုးသားရှိတယ်မဟုတ်လား ... သူ့ကို ဆက်သွယ်ထားပြီးပါပြီ ... ဒီမှာ စောင့်နေပေးပါ ..."
ထို့နောက် သူ ဘာအတွန့်မှ မတက်တော့ဘဲ ငြိမ်ငြိမ်လေးနဲ့ ကိုကို့ကိုသာ စောင့်နေမိလိုက်သည်။ပြောရရင်တော့ ကိုကို မလာဘဲနဲ့ အတွင်းရေးမှူးဟန်ရောက်လာမှာထင်သည်။ ကိုကိုကတော့ ကိုကို့ချစ်သူနဲ့ပျော်နေတဲ့အချိန်မို့ သူ့ကို လေးရက်လုံးလုံး အိမ်မှာ တစ်ယောက်တည်း ပစ်ထားခဲ့တာမဟုတ်ပါလား။ ပြီးတော့ မနက်ကလည်း နားနေခန်းထဲမှာ ဖက်ပြီး ချစ်တယ်လို့တောင် ပြောခဲ့တာလေ။ သူ့ကို မပြောဖူးတဲ့စကားလုံးလေးတွေကိုပေါ့။
ဂျောင်ဂုတွေးရင်း တွေးရင်း မျက်နှာမဲ့ကာ ကိုကို့ကိုသာ စောင့်နေမိတော့သည်။ တကယ်တော့ သူ အိမ်အရမ်းပြန်ချင်နေပြီဖြစ်သည်။ ရေစိုနေတဲ့အဝတ်တွေကို အခုထိ သူ မလဲရသေးတာကြောင့် တော်တော်လေးချမ်းနေပြီဖြစ်သည်။ အဲ့ဒါအပြင် ဝမ်းဗိုက်ကလည်း တစ်ချက် တစ်ချက် စူးအောင့်နေသည်မို့ ငြိမ်ငြိမ်လေး နားချင်နေပြီဖြစ်သည်။ တကယ်ဆို ကိုကိုနဲ့ တစ်ခါ အတူတူနေပြီးပြီမို့ ဗိုက်နာတာမျိုးက ထပ်ဖြစ်ရမှာ မဟုတ်ဘူးလေ။ မဟုတ်မှ သူ အဲ့ဒါကို နေ့တိုင်း လုပ်ရမှာလား ...။ ဒါကတော့ မဖြစ်နိုင်၊ နောက်အပတ် ဆေးခန်းသွားတဲ့အချိန်မှာ သူ သေချာမေးမြန်းဖို့ လိုအပ်လာပြီဖြစ်သည်။
" ဂျောင်ဂု ! "
သူအတွေးများနေရင်းမှာပဲ ကိုကို့အသံကြားမိတော့ သူလှည့်ကြည့်လိုက်မိသည်။ မမျှော်လင့်ထားခဲ့ပေမယ့် ကိုကိုကတော့ အတွင်းရေးမှူးဟန်နဲ့အတူ ရဲစခန်းထဲ ခြေလှမ်းကျဲကြီးနဲ့ ဝင်လာသည်။ သူ့ကိုပဲ ဦးတည်စိုက်ကြည့်နေတဲ့ ကိုကို့မျက်ဝန်းတွေက မနက်က သူ့ကို ကြည့်ခဲ့တဲ့မျက်ဝန်းတွေနဲ့မတူ။ နူးညံ့ခြင်းတော့ မပါဝင်ပေမယ့် ခက်ထန်နေတဲ့အကြည့်တွေကြား စိုးရိမ်ခြင်းတွေပါဝင်နေသည်မို့ သူ နွေးထွေးသွားသလို ခံစားလိုက်ရသည်။
" ကိုကို ~~ "
ဒီနာမ်စားကိုတော့ ကိုကိုမကြားအောင် သူခေါ်ရင်း မတ်တပ်ရပ်လိုက်မိသည်။ ကိုကိုကတော့ သူ့အနားရောက်တာနဲ့ လက်ထဲကိုင်ခဲ့တဲ့ကုတ်ကို သူ့ပခုံးပေါ်လွှမ်းခြုံကာ တစ်ဖက်က ရဲကို မေးခွန်းထုတ်တော့သည်။ ဘာရယ်မဟုတ်တဲ့ ကိုကို့အပြုအမူကြောင့် သူ ဝမ်းနည်းရင်းကနေ သူ ခပ်ဖွဖွပြုံးမိသည်။ ကိုကို သူ့ကို ဂရုစိုက်နေသေးသည်ပဲ။
" ...ဂျွန်ဂျောင်ဂုရဲ့အမျိုးသားပါ .. ဂျောင်ဂု ဘာဖြစ်ခဲ့တာလဲ သိခွင့်ရှိမလား "
ကိုကို့မေးခွန်းအဆုံး တာဝန်ကျရဲက အစအဆုံး ပြန်ပြောပြလေတော့ ဖြစ်ရပ်အကုန်လုံး ကိုကို သိသွားရသည်။ အဲ့ဒီ့နောက် ကိုကို သူ့ကို ဘာတစ်ခွန်းမှ မပြောတော့ဘဲ စခန်းပနေ ခေါ်ထုတ်လာကာ အိမ်ကို ချက်ချင်းတန်းပြန်တော့သည်။ အိမ်ရောက်တာနဲ့ ကိုကိုက ဧည်ခန်းထဲ ခြေလှမ်းကျဲတွေနဲ့လျှောက်ကာ အနောက်က လှုပ်တုပ်လှုပ်တုပ်နဲ့ လိုက်လာတဲ့သူ့ကို ခါးထောက်ကာ ကြည့်သည်။
“ စေတနာတွေအရမ်းကောင်းနေတယ်ပေါ့လေ ဂျွန်ဂျောင်ဂု!! ”
ဒေါသတွေနဲ့ ထွက်လာတဲ့ ကိုကို့အသံက နားဝင်ချိုစရာတော့မဟုတ်။ ထို့ကြောင့် သူမျက်မှောင်ကြုတ်ကာ ကိုကို့ကို ကြည့်မိသည်။
" ... သေချင်နေလို့ လူစွမ်းကောင်းလုပ်ပြီး သူများကို ဆင်းကယ်တာလား ... ဒီနေ့ အဲ့နေရာမှာ သူ မဟုတ်ဘဲ မင်း သေသွားရင် ဘယ်လိုလုပ်မလဲ ပြော!! ငါ့ကို ဘာထင်နေတာလဲ ... ငါ အိမ်ပြန်မလာတာနဲ့ လုပ်ချင်တာတွေ လုပ်နေတယ်ပေ့ါ !! အကယ်လို့ စခန်းကသာ အကြောင်းမကြားရင် ငါက သိရပါ့တော့မလား ဒီအကြောင်းတွေကို ... "
ကိုကို့အဆူငေါက်တွေကြား သူ စိတ်ရှုပ်ရင်း ကိုကိုခြုံထားပေးတဲ့ ကုတ်ကို သူ ဆိုဖာပေါ်ပစ်တင်လိုက်မိသည်။ ရေစိုအဝတ်တွေကို အခုထိမလဲရသေးတဲ့အပြင် တစ်ညလုံးနီးပါးဖြစ်နေပြီမို့ သူ ကိုယ်လက်တွေ တော်တော်လေး ကိုက်ခဲနေပြီဖြစ်သည်။ ကိုကုဲ့ စကားအချေအတင်ဖြစ်နိုင်ဖို့ သူပင်ပန်းလွန်းနေသေးသည်။
" ... ဘာဖြစ်လို့ သိချင်နေရတာလဲ ... ခင်ဗျားပဲ မသိချင်လို့ ပစ်ထားတာ မဟုတ်လား ... ဘာလို့ လာဂရုစိုက်နေတာလဲ ... ကျွန်တော့်ကို လက်ထပ်ရင် ဦးဦးက ရှယ်ယာတွေပေးမယ်ဆိုလို့ လက်ထပ်ခဲ့တာ မဟုတ်လား .. အခု ရှယ်ယာတွေရပြီးပြီဆိုပြီး ကျွန်တော့်ကို ပစ်ထားတာမလား ... ခင်ဗျားတစ်ယောက်ပဲ ကျွန်တော်မရှိသလို ရှင်သန်နေတာမလား ... "
စိတ်ပူနေတာကို စိတ်ပူနေမှန်းမပြောဘဲ အပြစ်တွေသာ ဇွတ်တင်နေတဲ့ကိုကို့ကြောင့် သူ ပြန်ပြောမိတော့ ကိုကိုက အံကြိတ်ကာ သူ့အင်္ကျီကော်လံစကို ဆွဲပြီး မျက်နှာနဲ့ နီးကပ်အောင် ဆွဲဆောင့်လာသည်။
" ... မင်းရော ငါ့ကို ရှိတယ်လို့ သတ်မှတ်ခဲ့လို့လား ... အခု ဒီလောက်ထိ စိုးရိမ်ပေးနေတာတောင် ငါ့ကို မမြင်နိုင်ဘူးလေ ~~ ဂျွန်ဂျောင်ဂု ~~ မင်းရော အခု ငါစိတ်ပူတာတွေကို မြင်အောင် ကြည့်နေလို့လား "
ကတ်သီးကတ်ဖဲ့နိုင်လှတဲ့ ကိုကို့စကားတွေကို သူ အံကြိတ်လိုက်ရင်း သူ့ကော်လံကို ဆွဲတင်ထားတဲ့ ကိုကို့လက်တွေကို သူ ပြန်ဆွဲခွာဖို့ ကြိုးစားမိသည်။ သူ ကိုကို့ကို စိတ်ဆိုးနေပါသည် ... သူ့မှာ အမှားတွေ အတွက် စိတ်ဆိုးခွင့်တောင် မရှိဘူးဆိုပေမယ့် သူ ကိုကို့ကို စိတ်ဆိုးချင်သည်။ ထို့ကြောင့် ခပ်ဆောင့်ဆောင့်လေးပြောမိတော့ သူ့ကော်လံကို ဆွဲထားတဲ့ကိုကို့လက်တွေ ပြေလျော့သွားတော့သည်။
“ ~~ အဲ့လောက်ထိ စိတ်ပူနေရင် မျက်စိထောင့်ထောက်ပြီး ကြည့်လေ ... တစ်ယောက်တည်း လွှတ်မထားနဲ့လေ ... သေချာဂရုစိုက်လေ ~~ခင်ဗျားကိုယ်တိုင်က ဂရုမစိုက်ဘဲ ခင်ဗျားစိတ်ပူတာတွေကိုပဲ လာမြင်ခိုင်းနေတာလား ... ကျွန်တော့်မျက်စိထဲမှာတော့ ခင်ဗျားကအဲ့ဒီလူကို ဖက်နေတဲ့ပုံတွေကိုပဲမြင်ပြီး ကျွန်တော့်ကိုအလုပ်ထုတ်ခဲ့တဲ့ကင်ဆော့ဂျင်ရဲ့စကားတွေပဲ ကြားနေရတယ် ~~ "
အားကုန်သုံးပြီး အော်လိုက်တာမို့ ငိုထားတဲ့အရှိန်နဲ့ သူ့ခေါင်းတွေ မူးနောက်နောက်ဖြစ်လာရသည်။ နဂိုကတည်းက စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေတဲ့သူဟာ ခန္ဓာကိုယ်ကို တောင့်ခံဖို့ သိပ်မလွယ်ကူနေ။
ကိုကိုကတော့ သူ့စကားကြောင့် နောက်ကို ခြေတစ်လှမ်းဆုတ်ကာ ဆိုဖာထက်ထိုင်ချလိုက်သည်။ သူကတော့ မူးနောက်နေတဲ့ခေါင်းကြောင့် လက်သီးဆုပ်ကာ အားတင်းလိုက်မိသည်။ ဗိုက်ကလည်း စူးအောင့်ကာ မျက်ရိုးတွေပါ ထိုးကိုက်လာသည်။ အဲ့ဒီ့အချိန်မှာပဲ ကိုကို့ဆီက ထီမထင်အကြည့်နဲ့ မေးခွန်းတစ်ခုကို သူကြားလိုက်ရသည်။
" ... ငါ့ဆီက ဂရုစိုက်တာမျိုး လိုချင်နေတာလား ... "
" ... "
သူမဖြေမိ။ ဆွံ့အကာ ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ဝေဒနာကိုသာ ပျောက်ကင်းစေဖို့ အဖြေရှာမိသည်။
" ... ကောင်းပြီ ~~ ငါ မင်းကို ဂရုစိုက်ပေးမယ် ဂျွန်ဂျောင်ဂု ... ဒါပေမဲ့ ပျော်ရွှင်မှုတော့ မင်းရမှာ မဟုတ်ဘူး ... ဒါက တန်ရာတန်ကြေးပဲ ဂျွန်ဂျောင်ဂု "
သူ့ကို ခက်ထန်တဲ့စကားလုံးတွေနဲ့ ပြောကာ ကိုကို ဆိုဖာပေါ်က ထပြီး အခန်းထဲ ခြေဦးတည်သွားတော့သည်။သူသည်လည်း ကိုကို့စကားလုံးတွေကို တုံ့ပြန်ဖို့တောင် မတောင့်ခံနိုင်တော့ဘဲ လဲခွေကျသွားရတော့သည်။
" ( .. ဒုန်း .. ) "
စားပွဲမှန်ခုံစောင်းနဲ့ နဖူး ဆောင့်မိတယ်ဆိုတာတော့ သိိလိုက်ပေမယ့် ထိုနာကျင်မှုကို သူမမှုတော့တဲ့အထိ အသိအာရုံတွေက ထွေပြားသွားရတော့သည်။
💠💠💠
ညအလယ် ... ဝါဖျဖျမီးမှိန်မှိန်အောက်မှာ ဆော့ဂျင် ငြိမ်သက်စွာ ထိုင်နေမိရင်း သူ့ဘေးနားက ချစ်ရသူကို ကြည့်နေမိသည်။ ပြန်တွေ့ကတည်းက အိပ်ပျော်နေတဲ့ဂျောင်ဂုကိုပဲ အမြဲထိုင်ကြည့်နေခဲ့ရပေမယ့် ဒီမြင်ကွင်းကို သူ သဘောကျပါသည်။ သို့ပေမယ့် ဖျားနေတဲ့ဂျောင်ဂုကိုတော့ သူ သဘောမကျ။
" .. ဘာဖြစ်လို့ ခဏခဏ နေမကောင်းဖြစ်နေရတာလဲ .. တမင်သက်သက်လူကို စိတ်မကောင်းဖြစ်အောင်လုပ်နေသလိုပဲ ... မင်းနေမကောင်းဖြစ်တဲ့အချိန်ဆို ငါမင်းကို သိပ်မုန်းတယ် သားသား ..."
ဂျောင်ဂုရဲ့ဆံနွယ်တွေကို သူသိမ်းတင်ရင်း ရေရွတ်မိတော့ ဂျောင်ဂုက လူးလွန့်လာသည်။ အဖျားရှိန်ကြောင့် မေ့လဲပြီး အခုထက်ထိ သတိမလည်လာသေး။ ဆရာဝန်ခေါ်ပြီး ဆေးထိုးထားပေမယ့် ဂျောင်ဂုဟာ ကောင်းကောင်းအနားယူဖို့ လိုသည်တဲ့လေ။ ချွေးတွေရွှဲနစ်ပြီး အဖျားတက်နေတဲ့ဂျောင်ဂုကို သူကိုယ်တိုင် ရေပတ်တိုက်ပေး၊ အဝတ်လဲပေးကာ အခုတော့ သူကိုယ်တိုင် လူနာစောင့်လုပ်ပေးနေရပြီဖြစ်သည်။
" ... ဟင်အင်း ~~ ... ကိုကို ~~ သားသားကို ~ ~ သားသားကို မမုန်းပါနဲ့ ~~ ဟင်အင်း ~~.. သားသားကို မထားခဲ့နဲ့ကိုကို ~~ "
သူ ကြည့်နေမိရင်း ရုတ်တရက် ထယောင်ရှာတဲ့ ဂျောင်ဂုကြောင့် သူမျက်မှောင်ကြုတ်လိုက်မိသည်။ မျက်ရည်တွေရွှဲပြီး အသည်းအသန်ရုန်းကန်လာလေတော့ သူ ဂျောင်ဂုလက်ကို ဆုပ်ကိုင်ကာ ကျန်လက်တစ်ဖက်က ပွေ့ဖက်မိသည်။
" အင်း ~~ မမုန်းဘူး ... သားသားကို ကိုကို တကယ်မမုန်းဘူး ... မငိုနဲ့တော့နော် ... မငိုနဲ့တော့ သားသား ..."
ပွေ့ဖက်ရင်း ချော့မြူမိတော့ ဂျောင်ဂု ရုန်းနေတာတွေ ပြေလျော့သွားသည်။ သို့ပေမယ့် မျက်ရည်တွေက ဆက်တိုက်ကို စီးကျနေသေးတာမို့ သူ ရင်ဘတ်တွေအောင့်လာရသည်။
" ... တောင်းပန်ပါတယ် ... တောင်းပန်ပါတယ် ကိုကို ~~ သားသား မှားခဲ့မိတယ် ... "
တိုးတိုးလေးရေရွတ်ကာ တကယ်ငြိမ်ကျသွားသည်မို့ ဂျောင်ဂုကို သူ အိပ်ယာပေါ်ပြန်ချလိုက်မိသည်။ အဲ့ဒီ့နောက် မျက်ရည်ရွှဲနစ်နေတဲ့ပါးပြင်ကို သူ ခပ်ဖွဖွလေး သုတ်ကာ သူ့လက်လေးနဲ့ ပွတ်သပ်နေမိသည်။ အဖျားရှိန်နဲ့ ဖြူဖျော့နေတဲ့နှုတ်ခမ်းကလည်း သွားသေးသေးတွေ ပေါ်နေတဲ့အထိ ဟစိစိကလေးပင်။ ဟိုအရင်တစ်ချိန်က အဖြူလုံးပေါက်စ သားသားကို သူပြန်မိယောင်မိတော့ ဆော့ဂျင် ပြုံးလိုက်မိသည်။
" အဖြူလုံးလေးကနေ အဖြူလုံးကြီးဖြစ်လာပြီပဲ .... အဲ့ဒါကြောင့် ပိုဆိုးလာခဲ့တာလား ..."
သူ့ဘာသာသူ ရေရွတ်ရင်း သဘောကျစွာ ဂျောင်ဂု နှုတ်ခမ်းတွေကို ပွတ်သပ်မိသည်။ အဲ့ဒီ့နောက် ဖြူဖျော့နေတဲ့နှုတ်ခမ်းသားတွေကိုပဲ တမြတ်တနိုး နစ်ဝင်ချင်မိတာမို့ သူ လျှာသပ်လိုက်မိသည်။
" လူတော်တော်များများက အိပ်နေတဲ့လူကို အသားယူရတာ မကြိုက်ပေမယ့် ကိုကိုကတော့ အိပ်နေတဲ့ မင်းကို အသားယူရတာ ကြိုက်တယ် "
နှစ်ကိုယ်ကြားရုံလေး ရေရွတ်ကာ ဂျောင်ဂု မေးဖျားကို သူ ဆွဲမော့ရင်း ဂျောင်ဂုနှုတ်ခမ်းကို သူငုံထွေးလိုက်မိသည်။ ထိရုံလေး ထိမယ်လို့ပဲ သူ တွေးထားမိခဲ့ပေမယ့် တကယ်တမ်းထိမိတဲ့အချိန်မှာ သူ့နှလုံးသားက ဆာလောင်မွတ်သိပ်နေသည့်အလား နက်နက်နဲနဲ တောင်းဆိုလာသည်။ အလွှတ်မပေးနိုင်ဘဲ ဆက်တိုက်ကို သိပ်သိပ်သည်းသည်းအနမ်းခြွေမိတော့ ဂျောင်ဂုက အသက်ရှူကျပ်လာပုံပေါ်သည်။ ဒါတောင် သူ မလွတ်ပေးနိုင်သေးတာမို့ ဂျောင်ဂုလက်ဖျားတွေက သူ့ရင်အုပ်ကို တွန်းလာသည်။ ထိုအခါမှ သူ လွှတ်ပေးကာ ဂျောင်ဂုကို ငုံ့ကြည့်မိသည်။ ဖျော့တော့နေတဲ့မျက်ဝန်းက ပုတ်ခတ် ပုတ်ခတ် မျက်တောင်ခတ်ရင်း သူ့ကို စိုက်ကြည့်လာသည်။ အဲ့ဒီ့နောက် သူ့နှုတ်ခမ်းတွေဆီ အကြည့်ရောက်လာသည်။ တွန်းထုတ်နေတဲ့ဂျောင်ဂုလက်ဖျားတွေကလည်း သူ့လည်တိုင်ကို ခိုတွယ်လာကာ မေးဖျားကို မော့ပေးလာပြီး သူ့နှုတ်ခမ်းတွေဆီ ရောက်ဖို့ ကြိုးစားသည်။
သူ့အနမ်းတွေကို အရမ်းသဘောကျတဲ့ ကောင်ငယ်လေးရဲ့ ပုံစံကတော့ အခုထိ မပြောင်းလဲသေး။ ဒါကိုပဲ သူ နှစ်ခြိုက်စွာ ပြုံးမိရင်း ခပ်စူစူလေးဖြစ်လာတဲ့ ဂျောင်ဂုနှုတ်ခမ်းတွေကို ငုံထွေးသိမ်းပိုက်လိုက်မိသည်။
ဒီအရာတွေ အားလုံး ဂျောင်ဂုအတွက် အိပ်မက်ဖြစ်ချင်ရင် ဖြစ်နေဦးမှာလေ ... သို့ပေမယ့် သူကတော့ သူ့အထိအတွေ့တွေ အားလုံးကို ဂျောင်ဂု ခံစားမိဖို့ရည်ရွယ်ပါသည်။
အဲ့ဒီ့နောက် သူ့လက်ဖျားတွေကို ဂျောင်ဂုအင်္ကျီထဲ လျှိုဝင်ကာ အဝတ်မဲ့စေလိုက်သည်။ အိစက်စက်အထိအတွေ့ရဲ့ ခံစားမှုက သူ့နှလုံးအိမ်ကို ဝင်ရောက်လှုပ်ကိုင်လာလေလျှင် ဂျောင်ဂု လည်တိုင်တွေဆီ သူ့နှုတ်ခမ်းကို ဦးတည်လိုက်သည်။ အဖျားနွေးငွေ့ငွေ့ရှိနေတဲ့ဂျောင်ဂုကတော့ မျက်ဝန်းတွေကို ပိတ်လျက်သား သူ့အနမ်းတွေကို ခံယူသည်။
"ဆော့ဂျင်ရေ!! ကလေးလေး ဖျားနေတယ် ! မင်းရပ်သင့်ပြီ! " အဲ့ဒီလိုအတွေးမျိုး သူ့ဦးနှောက်က အဆက်မပြတ် အသိပေးနေပေမယ့် သူ့နှလုံးသားက မရပ်တန့်နိုင်။ ဦးနှောက်နဲ့ နှလုံးသားလွန်ဆွဲနေတဲ့ကြားကနေ သူ မငြင်းဆန်နိုင်တော့ဘဲ ပြင်းပြနေတဲ့ဆန္ဒတွေက ဂျောင်ဂုကို နောက်ထပ် အပိုင်သိမ်းဖို့ ဖြစ်တည်လာတော့သည်။
အဆုံးသတ်မှာတော့ ဂျောင်ဂုဟာ နှစ်ခြိုက်စွာ အိပ်ပျော်နေခဲ့ပြီး သူ့ကို တင်းကျပ်စွာ ဖက်ထားခဲ့သည်။ ကလေးလေးတွေ မိဘကို ကပ်တွယ်နေသည့်အလား ဂျောင်ဂုကတော့ သူ့ ကိုယ်တစ်ခြမ်းကို ပယ်ပယ်နယ်နယ်ခွကာ ပါးပြင်ကိုတော့ သူ့ဝမ်းဗိုက်ပေါ်အပ်ထားသည်။ သူကတော့ ကုတင်ကို မှီရင်း ဂျောင်ဂု သက်သောင့်သက်သာရှိဖို့ မျှော်လင့်မိသည်။ သူအချိန်ကို ကြည့်မိတော့ မနက် နှစ်နာရီ ခွဲပြီဖြစ်သည်။ အိပ်ပျော်နေတဲ့ ဂျောင်ဂုရဲ့ဆံနွယ်တွေကို သူ သဘောကျစွာ ဆော့ကစားရင်း လက်တွေက ဖုန်းစကရင်ပေါ်က နံပါတ်တစ်ခုကို နှိပ်လိုက်မိသည်။
ဒီအချိန်ကြီး ဒုက္ခပေးရတာ အားနာပေမယ့် ဂျောင်ဂုအတွက် သူ အဲ့ဒီလိုလုပ်မှ ဖြစ်ပါတော့မည်။ ပြန်စဉ်းစားရင် သူ အထီးကျန်ရသလိုမျိုး ဂျောင်ဂုကို အထီးကျန်စေဖို့က သူ ကိုယ်တိုင်လည်း နာကျင်နေရသည်။ အဲ့ဒါထက် သားသားက သူ့ကိုယ်သူ နာကျင်အောင်လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ညနေကလို အဖြစ်မျိုးက သူ့ကို တကယ်ခြောက်ခြားသွားစေလို့လေ .. ။ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ ကြိုးစားတဲ့သူကို အသက်နဲ့ရင်းပြီးကယ်တာက ကောင်းတဲ့ကိစ္စဆိုပေမယ့် ဒီမှာတော့ သူ တစ်ကိုယ်ကောင်းဆန်ချင်သည်။ အဲ့ဒီလိုမျိုးတွေ ဂျောင်ဂုကို သူ ခွင့်မပြုနိုင်။
မတော်လို့ ဂျောင်ဂုလည်း အဲ့ဒီလိုမျိုး လုပ်သွားခဲ့ရင် သူသည်လည်း ရှင်လျက်သား သေလူဖြစ်သွားမှာပင်။ အခုတော့ ဂျောင်ဂုက သူ သိပ်ချစ်ရတဲ့ ကလေးလေးမို့လို့ သူ ဂျောင်ဂုကို အလျော်ပေးလိုက်ပါတော့မည်။ သူ သေချာပေါက် ခွင့်လွှတ်လို့ မရသေးဘူး ဆိုပေမယ့်ပေါ့။
" အင်း ~~ ဟုတ်တယ် ကားစီစဉ်ပေး... ပြီးတော့ အခန်းပြင်ထားပေးပါ ... ကျွန်တော်နဲ့ သားသား ပြန်ပြောင်းလာမှာ ... "
အဲ့ဒီ့နောက် သူ့ကို ဝက်ဝံလေးလို ဖက်တွယ်ထားတဲ့ဂျောင်ဂု မနိုးအောင် သူ အိပ်ယာပေါ်က ထလိုက်မိသည်။ ညစ်ပတ်နေတာတွေကို သန့်ရှင်းလိုက်ရင်း ဂျောင်ဂုကို နွေးနွေးထွေးထွေး အဝတ်လေးတွေ လဲပေးလိုက်သည်။ သိပ်မကြာတဲ့ အချိန်မှာတော့ သူ စီစဉ်ထားတဲ့ကားရောက်လာသည်။ သူလည်း ဂျောင်ဂုကို ပွေ့ချီရင်း ထွက်လာခဲ့လိုက်တော့သည်။
💠💠💠
Happy Seok Jinnie' Day!!
[ သားသား = BTSOEမှ တာဝန်သိပြည်သူတစ်ဦး ]
*** သားသားရဲ့ visual ကို Love yourself eraက Tattoo မထိုးရသေးတဲ့ JK ပုံစံကို ယူထားပါတယ်ဗျ ... အဆုံးသတ်တဲ့အထိ အဲ့ဒီ့အတိုင်းပဲ သွားမှာပါ ... 🙇🏻♀️
▬▬▬▬▬▬▬▬▬▬▬▬▬▬▬◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇▬▬▬▬▬▬▬▬▬▬▬▬▬▬▬
⟨ Zawgyi Version ⟩Me, Myself & Bad romanceအပိုင္း ၁၈
ေလးပင္ေနတဲ့ေျခလွမ္းေတြနဲ႔ တံတားတစ္ေလွ်ာက္ သူ လမ္းေလွ်ာက္ေနမိသည္။ အိမ္လည္း မျပန္ခ်င္သလို သူ သြားရမယ့္ေနရာမရွိ။ သူ႔ကိုယ္သူ အစြန႔္ပစ္ခံကေလးတစ္ေယာက္လို ခံစားမိလိုက္သည္။ တိုးေဝွ႔လာတဲ့ေလညင္းေတြကို ခံယူမိရင္း တံတားကေနတစ္ဆင့္ ျမစ္ကမ္းနံေဘးဆီ သူ ေျခဦးတည့္မိသည္။
သူ မ်က္ျမင္ေတြ႕ခဲ့ရသလိုပဲ၊ သူၾကားခဲ့ရသလိုပဲ ကိုကို႔မွာ ခ်စ္ရသူရွိေနရင္ ဘာေၾကာင့္ သူ႔ကို ခ်စ္သလိုလိုနဲ႔ လက္ထပ္ခဲ့ေသးတာလဲ ... အမုန္းေတြက ပိုသာေနလို႔မ်ား တမင္သက္သက္ႏွိပ္စက္ဖို႔ လက္ထပ္ထားတာလား သူ မေတြးတတ္ေတာ့ ...။ အခုခ်ိန္မွာ ခိုကိုးရာမဲ့ေနသလို သူ႔ႏွလုံးသားဟာ ေလးလံနာက်င္ေနမိသည္။ ျမစ္ကမ္းနံေဘးက ေလေျပနဲ႔အတူ သူ ကြယ္ေပ်ာက္သြားခ်င္မိသည္။
သူ႔မွာ ကပ္တြယ္ရာေနရာမရွိေတာ့သလို ခံစားခ်က္ေတြက ေရာေထြးလာသည္။ တစ္ခုခုဆို ငိုယိုၿပီးတိုင္တည္ရမယ့္ မိဘေတြမရွိသလို သူငယ္ခ်င္းအေပါင္းအေဖာ္ကလည္းမရွိ။ တစ္ဦးတည္းေသာသူငယ္ခ်င္းကလည္း အနားမွာမရွိ။ အလုပ္ကလည္း ကိုကို႔မယုံၾကည္မႈေအာက္မွာ ေပ်ာက္ရွသြားခဲ့ရၿပီျဖစ္သည္။
သူ အလုပ္ျပဳတ္တာထက္ သူ႔ကို ကိုကိုမယုံၾကည္ဘဲ အလုပ္တန္းျဖဳတ္လိုက္တာက ကိုယ္ေရးကိုယ္တာ ကိစၥေတြ ပါဝင္တယ္ဆိုတာ သူသိသည္။ ကိုကိုက ဘာေၾကာင့္ တမင္သက္သက္ သူ႔ဘဝႀကီး ခက္ခဲေအာင္ လုပ္ေနလဲေတာ့ သူနားမလည္။ အဲ့ဒါထက္ နားေနခန္းမွာ ျမင္ခဲ့ရတဲ့ပုံရိပ္။
" က်စ္ ~~ "
တကယ္ကို ဟန္မေဆာင္ႏိုင္ေတာ့သည္မို႔ စိတ္ပ်က္အားေလ်ာ့စြာ မ်က္ရည္ေတြ စီးက်လာရသည္။
ဒါေလး ျမင္ရတာကိုေတာင္ ဒီေလာက္နာက်င္ေနရတာ ကိုကို႔ခ်စ္သူအတြက္ ကိုကိုသာ သူ႔ကို ကြာရွင္းေပးဖို႔ ေျပာလာရင္ သူ ဘယ္လို ရင္ဆိုင္ရမလဲ ... အတူတူေနတဲ့အခ်ိန္က မၾကာေသးေပမယ့္ ကြာရွင္းဖို႔ေျပာလာရင္ ဘယ္လိုအင္အားနဲ႔ သူ ရင္ဆိုင္ရမလဲ ... ။ ကိုကို႔ကို သူတကယ္ လက္လႊတ္ႏိုင္မွာမဟုတ္။ ကိုကို သူ႔ကို မခ်စ္ေတာ့ရင္ေတာင္ ေျခေထာက္ဖက္ရဖက္ရ သူ ကိုကို႔ကို အတတ္ႏိုင္ဆုံးဆြဲထားခ်င္သည္။
ေဂ်ာင္ဂုေတြးရင္း ေတြးရင္း မြန္းက်ပ္လာသည္မို႔ စိတ္ကို ေျဖေလ်ာ့ဖို႔အတြက္ ေကာင္းကင္ကို ေမာ့ၾကည့္မိသည္။ သူေတာင္ ဒီေလာက္ေလးကို ခံစားေနရရင္ ကိုကို႔တုန္းက ဘယ္လိုမ်ား ျဖတ္ေက်ာ္ခဲ့ရမလဲ။ သူဆိုရင္ ခူ႐ိုနဲ႔ မေတာ္တဆနမ္းမိတဲ့အျပင္ ကိုကို တားေနတဲ့ၾကားကေန မရမက လမ္းခြဲမိခဲ့ေသးသည္။ သူ႔ကို အခ်စ္ေတြအမ်ားႀကီး ေပးခဲ့တဲ့ကိုကို႔ကို သူ ရက္ရက္စက္စက္ ထားခဲ့မိေသးသည္။ အဲ့ဒါအျပင္ အဆိုးဆုံးက ကိုကို႔အေရွ႕မွာပင္ ခူ႐ိုနဲ႔ မဂၤလာေဆာင္လိုက္ေသးသည္။
အဲ့ဒီတုန္းကဆို ကိုကို ဘယ္ေလာက္ေတာင္ နာက်င္ၿပီး ခံစားေနခဲ့ရမလဲ ... ကိုကိုဘယ္ေလာက္ေတာင္ သည္းခံေနခဲ့ရမလဲ ... သူေတာင္ အခုလိုျမင္မိတာကို ေသမတတ္ခံစားေနရရင္ ကိုကို႔တုန္းက ဘယ္လို အင္အားေတြနဲ႔ ေက်ာ္ျဖတ္ခဲ့ရမလဲ ... အခ်ိန္ေတြသာ ေနာက္ျပန္ဆုတ္လို႔ရရင္ အဲ့ဒီ့တုန္းက ကိုကို႔ကို သူ ျပန္ေထြးေပြ႕ေပးခ်င္မိသည္။ ကိုကို႔ကို လမ္းမခြဲဘဲ သူ႔အခက္အခဲေတြကို၊ သူနာက်င္ရတာေတြကို ေသခ်ာေျပာျပၿပီး အတူတူရင္ဆိုင္ေျဖရွင္းခဲ့သင့္သည္။ အမွန္တရားေတြ သိၿပီးေတာ့လည္း ကိုကို႔ကို သူ ေရွာင္ေျပးတာမ်ိဳးမလုပ္ဘဲ ရင္ဆိုင္ရဲခဲ့သင့္သည္။
" ရား!! ဂြၽန္ေဂ်ာင္ဂု !! ကိုကို႔အေပၚမွာ အမွားေတြ ဘယ္ေလာက္ေတာင္ လုပ္ထားတာလဲ ... ဘယ္ေလာက္ေတာင္မ်ားေနၿပီလဲ ... မင္းက မေကာင္းတဲ့ေကာင္ပဲ ... "
သူ႔ကိုယ္သူအျပစ္တင္မိရင္း ထိုင္ငိုေနမိေတာ့ တျဖည္းျဖည္းေမာဟိုက္လာသလို ဝမ္းဗိုက္က ေအာင့္လာရသည္။ စိတ္ဖိစီးမႈေတြမ်ားတိုင္း ဗိုက္ေအာင့္တာက ျဖစ္တတ္တဲ့ျပသနာပဲမို႔လို႔ သူ မစိုးရိမ္မိ။ နာက်င္ေနတဲ့ ဝမ္းဗိုက္ကို ဖိကာ ခပ္မဲ့မဲ့ေလး ညည္းတြားမိသည္။ ခႏၶာကိုယ္ကပါ ေနလို႔ ထိုင္လို႔ အဆင္မေျပလို႔လားေတာ့မသိ၊ စိတ္ကပို ဝမ္းနည္းလာရေတာ့သည္။
အခုဆို ေလာကႀကီးမွာ သူ႔ကို လိုခ်င္တဲ့သူေတြ ရွိမွာမဟုတ္ေတာ့၊ ေသေလာက္ေအာင္ ခ်စ္ေပးၿပီး ဂ႐ုစိုက္ေပးခဲ့တဲ့ကိုကို႔ကိုေတာင္ သူ ဒဏ္ရာေတြ အႀကိမ္ႀကိမ္ေပးမိခဲ့သည္။
" ~~ ဒီတိုင္း ေသလိုက္ပါေတာ့လား ေဂ်ာင္ဂုရာ ~~ အခုဆို ကိုကိုကလည္း မခ်စ္ေတာ့ဘူး ~~ ကိုကိုနဲ႔ကြာရွင္းရရင္ တီတီတို႔ဆီမွာလည္း မေနႏိုင္ဘူး ~~ အလုပ္ကလဲ မရွိေတာ့ဘူး ~~ ဘာဆို ဘာမွ မရွိေတာ့ဘူး ~~ မင္းအေပၚမွာထားတဲ့ ကိုကို႔အခ်စ္ေတြေတာင္ မရွိေတာ့ဘူး ~~ "
အားမလိုအားမရအျပစ္တင္မိရင္း မ်က္ဝန္းေတြကို ပြတ္သပ္လိုက္မိသည္။ အဲ့ဒီ့ေနာက္ မ်က္စိေရွ႕မွာ ရွိေနတဲ့ ျမစ္ျပင္က်ယ္ႀကီးကို ၾကည့္ကာ သူ ေတြးေတာမိသည္။ ေလေျပေလညင္းေတြ ေဝ့ဝိုက္ေနတဲ့ ဟန္ျမစ္က သိပ္လွေပမယ့္ လူတခ်ိဳ႕ရဲ႕နာက်င္မႈေတြကို အဆုံးသတ္ေပးတဲ့ ေနရာျပင္က်ယ္ႀကီးတစ္ခုဆိုလည္း မမွား။ ဒီျမစ္ထဲကို လူဘယ္ႏွစ္ေယာက္ေလာက္ကမ်ား စိတ္ညစ္စရာေတြကို ျမႇဳပ္ႏွံၿပီးၿပီလဲ သူမသိ။ သူေရာ အရႉံးသမားတစ္ေယာက္လို သူ႔ကိုယ္သူ ျမႇဳပ္ႏွံလိုက္ခ်င္ၿပီျဖစ္သည္။
... ေဂ်ာင္ဂု ေတြးရင္း ေတြးရင္း ကမ္းစပ္အနားထိ တိုးကပ္လိုက္မိသည္။ အဲ့ဒီ့ေနာက္ ဟိုေငးဒီေငး လုပ္ေနမိရင္း တံတားဘက္ကို သူ ေမွ်ာ္ေငးၾကည့္လိုက္မိသည္။ တံတားလက္ရန္းေပၚမွာေတာ့ အမ်ိဳးသမီးတစ္ဦးကို ေတြ႕လိုက္ရသည္။ လက္ဆန႔္တန္းၿပီး ျမစ္ရဲ႕ေလညင္းေတြကို ခံယူေနပုံက အရာအားလုံးကို အရႈံးေပးေတာ့မည့္ဟန္ပင္။ ဘယ္ေျခလွမ္း လွမ္းေတာ့မယ္ဆိုတာ သူ သိေနသည္မို႔ သူ ေခါင္းခါရင္း ေရ႐ြတ္လိုက္မိသည္။
" မျဖစ္ဘူး..."
သူၾကည့္ေနစဥ္အတြင္းမွာပဲ သူထင္ထားတဲ့အတိုင္း ေျခလွမ္းကာ ခုန္ခ်လိုက္သည္မို႔ သူလန႔္ၿပီး မတ္တပ္ရပ္လိုက္မိသည္။ ေရနက္ပိုင္းထဲ မဟုတ္တာမို႔ ကယ္ရင္ မီႏိုင္ေသးသည္။ ထို႔ေၾကာင့္ ေတြးေတာေနတာမ်ိဳးမရွိဘဲ ခ်က္ခ်င္း ေရထဲဆင္းကာ ထိုအမ်ိဳးသမီးဆီ ကူးခတ္မိသည္။ ခက္ခက္ခဲခဲကယ္လိုက္ရေပမယ့္ ကမ္းစပ္ကို ေရာက္တဲ့အခ်ိန္မွာေတာ့ သူ အေရးေပၚ ကားေခၚလိုက္မိသည္။ အသက္မွီလား မမွီလားေတာ့ သူ မသိေပမယ့္ လူနာတင္ယာဥ္ေပၚပါသြားတဲ့ အမ်ိဳးသမီးအတြက္ သူ ဆုေတာင္းေပးလိုက္မိသည္။
သို႔ေပမယ့္ သူ႔ဆုေတာင္းေတြ မျပည့္ခဲ့ပါ။ ေရစိုအဝတ္နဲ႔ သူ အိမ္ျပန္မေရာက္ခင္မွာပဲ ရဲစခန္းက မ်က္ျမင္သက္ေသအျဖစ္ သူ႔ကို ျပန္ဆက္သြယ္လာခဲ့တာေၾကာင့္ လမ္းတစ္ဝက္ကေန သူ စခန္းကို သြားရျပန္သည္။ အေၾကာင္းရင္းကေတာ့ ထိုအမ်ိဳးသမီးဟာ အသက္ေသဆုံးသြားခဲ့တဲ့အတြက္ေၾကာင့္ျဖစ္သည္။ ကိုယ္ဝန္ပ်က္က်ၿပီး ခင္ပြန္းျဖစ္သူနဲ႔ အဆင္မေျပခဲ့တာေၾကာင့္ ေနာက္ဆုံး သတ္ေသဖို႔ ဒီအမ်ိဳးသမီးက ေ႐ြးခ်ယ္သြားခဲ့တာတဲ့ေလ။ အဲ့ဒါအျပင္ သူထပ္သိရတာက ဒီအမ်ိဳးသမီးဟာ ဆရာဝန္တစ္ေယာက္ျဖစ္တဲ့အျပင္ ရွယ္ယာမ်ားစြာကို ပိုင္ဆိုင္ထားသည္တဲ့။
ဒီလိုလူေတြေတာင္ နာက်င္မႈကို မခံစားႏိုင္လို႔ အဆုံးသတ္ခဲ့ၾကတယ္ဆိုရင္ အခု သူ႔ျပသနာကေတာ့ အဆုံးသတ္ဖို႔ ပိုၿပီး လြယ္ကူေလမလား။ ထပ္ၿပီး အလုပ္လက္မဲ့ျဖစ္တာကို သူ ဘယ္လိုေတာင့္ခံထားႏိုင္မွာတဲ့လဲ။ အဲ့ဒါထက္ ကိုကို႔ဆီက အမုန္းတရားေတြနဲ႔ ရွင္သန္ေနရတဲ့သူက ဘယ္လိုေတာင့္ခံႏိုင္မွာတဲ့လဲ။ သူ မွားခဲ့တာေတြ ေသခ်ာေပါက္ ျပန္ေတာင္းပန္ရမယ္ဆိုေပမယ့္ သူမေတာင္းပန္ခင္မွာပဲ ဒီလမ္းကို သူေ႐ြးခ်ယ္ခ်င္ ေ႐ြးခ်ယ္ႏိုင္သည္ပဲေလ။ အဲ့ဒီလိုလုပ္လိုက္ရင္ေရာ ကိုကို႔အမုန္းတရားေတြ သူ႔အေပၚ ေခ်ဖ်က္ေပးႏိုင္ေလမလား။
" ေဂ်ာင္ဂုရွီ ~~ မ်က္ျမင္သက္ေသအျဖစ္ထြက္ဆိုေပးလို႔ ေက်းဇူးတင္ပါတယ္ .... အုပ္ထိန္းသူ ဒါမွမဟုတ္ ဇနီး၊ ေဆြမ်ိဳးေတာ္စပ္သူ တစ္ေယာက္ေယာက္ရဲ႕လက္မွတ္ရရင္ ေဂ်ာင္ဂုရွီျပန္လို႔ရပါၿပီ ... ဆက္သြယ္လိုက္ပါဦးေနာ္ "
သူ႔အေတြးေတြကို ရဲက ဝင္ဖ်က္သြားေတာ့ သူ အူေၾကာင္ေၾကာင္ေလး ၾကည့္မိသည္။ ေျပာသြားတဲ့စကားကို ခဏေလာက္ျပန္စဥ္းစားၾကည့္ၿပီးမွ သူ ျပန္ေျဖလိုက္မိသည္။ တစ္ေန႔တည္းနဲ႔တင္ ကိစၥေပါင္းစုံ ႀကဳံေတြ႕လိုက္ရလို႔လားမသိ၊ စိတ္ေတြက ပုံမွန္မဟုတ္ဘဲ ေျခာက္ျခားေနသလိုပင္။
" ... ကြၽန္ေတာ့္မွာ အုပ္ထိန္းသူမရွိပါဘူး ... "
သူေျပာမိေတာ့ မွတ္တမ္းယူေနတဲ့ရဲက မယုံသလိုၾကည့္သည္။
" ေကာင္းၿပီေလ ဒါဆို မွတ္ပုံတင္နံပါတ္ေလးေျပာေပးပါ ေဂ်ာင္ဂုရွီ ...
" ******** "
ဘာအတြက္လိုတာလဲ မသိေပမယ့္ သူေရ႐ြတ္လိုက္မိေတာ့ မွတ္တမ္းယူေနတဲ့ရဲရဲ႕ လက္ေတြက ကီးဘုတ္ေတြေပၚ ေျပးျဖတ္သြားသည္။ အဲ့ဒီ့ေနာက္ သူ႔ကို ၾကည့္ကာ ေျပာလာတဲ့စကားေၾကာင့္ သူသက္ျပင္းခ်ရင္း မ်က္ေမွာင္သာ ၾကဳတ္လိုက္မိေတာ့သည္။
" ... ကင္ေဆာ့ဂ်င္ ဆိုတဲ့ အမ်ိဳးသားရွိတယ္မဟုတ္လား ... သူ႔ကို ဆက္သြယ္ထားၿပီးပါၿပီ ... ဒီမွာ ေစာင့္ေနေပးပါ ..."
ထို႔ေနာက္ သူ ဘာအတြန႔္မွ မတက္ေတာ့ဘဲ ၿငိမ္ၿငိမ္ေလးနဲ႔ ကိုကို႔ကိုသာ ေစာင့္ေနမိလိုက္သည္။ေျပာရရင္ေတာ့ ကိုကို မလာဘဲနဲ႔ အတြင္းေရးမႉးဟန္ေရာက္လာမွာထင္သည္။ ကိုကိုကေတာ့ ကိုကို႔ခ်စ္သူနဲ႔ေပ်ာ္ေနတဲ့အခ်ိန္မို႔ သူ႔ကို ေလးရက္လုံးလုံး အိမ္မွာ တစ္ေယာက္တည္း ပစ္ထားခဲ့တာမဟုတ္ပါလား။ ၿပီးေတာ့ မနက္ကလည္း နားေနခန္းထဲမွာ ဖက္ၿပီး ခ်စ္တယ္လို႔ေတာင္ ေျပာခဲ့တာေလ။ သူ႔ကို မေျပာဖူးတဲ့စကားလုံးေလးေတြကိုေပါ့။
ေဂ်ာင္ဂုေတြးရင္း ေတြးရင္း မ်က္ႏွာမဲ့ကာ ကိုကို႔ကိုသာ ေစာင့္ေနမိေတာ့သည္။ တကယ္ေတာ့ သူ အိမ္အရမ္းျပန္ခ်င္ေနၿပီျဖစ္သည္။ ေရစိုေနတဲ့အဝတ္ေတြကို အခုထိ သူ မလဲရေသးတာေၾကာင့္ ေတာ္ေတာ္ေလးခ်မ္းေနၿပီျဖစ္သည္။ အဲ့ဒါအျပင္ ဝမ္းဗိုက္ကလည္း တစ္ခ်က္ တစ္ခ်က္ စူးေအာင့္ေနသည္မို႔ ၿငိမ္ၿငိမ္ေလး နားခ်င္ေနၿပီျဖစ္သည္။ တကယ္ဆို ကိုကိုနဲ႔ တစ္ခါ အတူတူေနၿပီးၿပီမို႔ ဗိုက္နာတာမ်ိဳးက ထပ္ျဖစ္ရမွာ မဟုတ္ဘူးေလ။ မဟုတ္မွ သူ အဲ့ဒါကို ေန႔တိုင္း လုပ္ရမွာလား ...။ ဒါကေတာ့ မျဖစ္ႏိုင္၊ ေနာက္အပတ္ ေဆးခန္းသြားတဲ့အခ်ိန္မွာ သူ ေသခ်ာေမးျမန္းဖို႔ လိုအပ္လာၿပီျဖစ္သည္။
" ေဂ်ာင္ဂု ! "
သူအေတြးမ်ားေနရင္းမွာပဲ ကိုကို႔အသံၾကားမိေတာ့ သူလွည့္ၾကည့္လိုက္မိသည္။ မေမွ်ာ္လင့္ထားခဲ့ေပမယ့္ ကိုကိုကေတာ့ အတြင္းေရးမႉးဟန္နဲ႔အတူ ရဲစခန္းထဲ ေျခလွမ္းက်ဲႀကီးနဲ႔ ဝင္လာသည္။ သူ႔ကိုပဲ ဦးတည္စိုက္ၾကည့္ေနတဲ့ ကိုကို႔မ်က္ဝန္းေတြက မနက္က သူ႔ကို ၾကည့္ခဲ့တဲ့မ်က္ဝန္းေတြနဲ႔မတူ။ ႏူးညံ့ျခင္းေတာ့ မပါဝင္ေပမယ့္ ခက္ထန္ေနတဲ့အၾကည့္ေတြၾကား စိုးရိမ္ျခင္းေတြပါဝင္ေနသည္မို႔ သူ ေႏြးေထြးသြားသလို ခံစားလိုက္ရသည္။
" ကိုကို ~~ "
ဒီနာမ္စားကိုေတာ့ ကိုကိုမၾကားေအာင္ သူေခၚရင္း မတ္တပ္ရပ္လိုက္မိသည္။ ကိုကိုကေတာ့ သူ႔အနားေရာက္တာနဲ႔ လက္ထဲကိုင္ခဲ့တဲ့ကုတ္ကို သူ႔ပခုံးေပၚလႊမ္းၿခဳံကာ တစ္ဖက္က ရဲကို ေမးခြန္းထုတ္ေတာ့သည္။ ဘာရယ္မဟုတ္တဲ့ ကိုကို႔အျပဳအမူေၾကာင့္ သူ ဝမ္းနည္းရင္းကေန သူ ခပ္ဖြဖြၿပဳံးမိသည္။ ကိုကို သူ႔ကို ဂ႐ုစိုက္ေနေသးသည္ပဲ။
" ...ဂြၽန္ေဂ်ာင္ဂုရဲ႕အမ်ိဳးသားပါ .. ေဂ်ာင္ဂု ဘာျဖစ္ခဲ့တာလဲ သိခြင့္ရွိမလား "
ကိုကို႔ေမးခြန္းအဆုံး တာဝန္က်ရဲက အစအဆုံး ျပန္ေျပာျပေလေတာ့ ျဖစ္ရပ္အကုန္လုံး ကိုကို သိသြားရသည္။ အဲ့ဒီ့ေနာက္ ကိုကို သူ႔ကို ဘာတစ္ခြန္းမွ မေျပာေတာ့ဘဲ စခန္းပေန ေခၚထုတ္လာကာ အိမ္ကို ခ်က္ခ်င္းတန္းျပန္ေတာ့သည္။ အိမ္ေရာက္တာနဲ႔ ကိုကိုက ဧည္ခန္းထဲ ေျခလွမ္းက်ဲေတြနဲ႔ေလွ်ာက္ကာ အေနာက္က လႈပ္တုပ္လႈပ္တုပ္နဲ႔ လိုက္လာတဲ့သူ႔ကို ခါးေထာက္ကာ ၾကည့္သည္။
“ ေစတနာေတြအရမ္းေကာင္းေနတယ္ေပါ့ေလ ဂြၽန္ေဂ်ာင္ဂု!! ”
ေဒါသေတြနဲ႔ ထြက္လာတဲ့ ကိုကို႔အသံက နားဝင္ခ်ိဳစရာေတာ့မဟုတ္။ ထို႔ေၾကာင့္ သူမ်က္ေမွာင္ၾကဳတ္ကာ ကိုကို႔ကို ၾကည့္မိသည္။
" ... ေသခ်င္ေနလို႔ လူစြမ္းေကာင္းလုပ္ၿပီး သူမ်ားကို ဆင္းကယ္တာလား ... ဒီေန႔ အဲ့ေနရာမွာ သူ မဟုတ္ဘဲ မင္း ေသသြားရင္ ဘယ္လိုလုပ္မလဲ ေျပာ!! ငါ့ကို ဘာထင္ေနတာလဲ ... ငါ အိမ္ျပန္မလာတာနဲ႔ လုပ္ခ်င္တာေတြ လုပ္ေနတယ္ေပ့ါ !! အကယ္လို႔ စခန္းကသာ အေၾကာင္းမၾကားရင္ ငါက သိရပါ့ေတာ့မလား ဒီအေၾကာင္းေတြကို ... "
ကိုကို႔အဆူေငါက္ေတြၾကား သူ စိတ္ရႈပ္ရင္း ကိုကိုၿခဳံထားေပးတဲ့ ကုတ္ကို သူ ဆိုဖာေပၚပစ္တင္လိုက္မိသည္။ ေရစိုအဝတ္ေတြကို အခုထိမလဲရေသးတဲ့အျပင္ တစ္ညလုံးနီးပါးျဖစ္ေနၿပီမို႔ သူ ကိုယ္လက္ေတြ ေတာ္ေတာ္ေလး ကိုက္ခဲေနၿပီျဖစ္သည္။ ကိုကုဲ႔ စကားအေခ်အတင္ျဖစ္ႏိုင္ဖို႔ သူပင္ပန္းလြန္းေနေသးသည္။
" ... ဘာျဖစ္လို႔ သိခ်င္ေနရတာလဲ ... ခင္ဗ်ားပဲ မသိခ်င္လို႔ ပစ္ထားတာ မဟုတ္လား ... ဘာလို႔ လာဂ႐ုစိုက္ေနတာလဲ ... ကြၽန္ေတာ့္ကို လက္ထပ္ရင္ ဦးဦးက ရွယ္ယာေတြေပးမယ္ဆိုလို႔ လက္ထပ္ခဲ့တာ မဟုတ္လား .. အခု ရွယ္ယာေတြရၿပီးၿပီဆိုၿပီး ကြၽန္ေတာ့္ကို ပစ္ထားတာမလား ... ခင္ဗ်ားတစ္ေယာက္ပဲ ကြၽန္ေတာ္မရွိသလို ရွင္သန္ေနတာမလား ... "
စိတ္ပူေနတာကို စိတ္ပူေနမွန္းမေျပာဘဲ အျပစ္ေတြသာ ဇြတ္တင္ေနတဲ့ကိုကို႔ေၾကာင့္ သူ ျပန္ေျပာမိေတာ့ ကိုကိုက အံႀကိတ္ကာ သူ႔အက်ႌေကာ္လံစကို ဆြဲၿပီး မ်က္ႏွာနဲ႔ နီးကပ္ေအာင္ ဆြဲေဆာင့္လာသည္။
" ... မင္းေရာ ငါ့ကို ရွိတယ္လို႔ သတ္မွတ္ခဲ့လို႔လား ... အခု ဒီေလာက္ထိ စိုးရိမ္ေပးေနတာေတာင္ ငါ့ကို မျမင္ႏိုင္ဘူးေလ ~~ ဂြၽန္ေဂ်ာင္ဂု ~~ မင္းေရာ အခု ငါစိတ္ပူတာေတြကို ျမင္ေအာင္ ၾကည့္ေနလို႔လား "
ကတ္သီးကတ္ဖဲ့ႏိုင္လွတဲ့ ကိုကို႔စကားေတြကို သူ အံႀကိတ္လိုက္ရင္း သူ႔ေကာ္လံကို ဆြဲတင္ထားတဲ့ ကိုကို႔လက္ေတြကို သူ ျပန္ဆြဲခြာဖို႔ ႀကိဳးစားမိသည္။ သူ ကိုကို႔ကို စိတ္ဆိုးေနပါသည္ ... သူ႔မွာ အမွားေတြ အတြက္ စိတ္ဆိုးခြင့္ေတာင္ မရွိဘူးဆိုေပမယ့္ သူ ကိုကို႔ကို စိတ္ဆိုးခ်င္သည္။ ထို႔ေၾကာင့္ ခပ္ေဆာင့္ေဆာင့္ေလးေျပာမိေတာ့ သူ႔ေကာ္လံကို ဆြဲထားတဲ့ကိုကို႔လက္ေတြ ေျပေလ်ာ့သြားေတာ့သည္။
“ ~~ အဲ့ေလာက္ထိ စိတ္ပူေနရင္ မ်က္စိေထာင့္ေထာက္ၿပီး ၾကည့္ေလ ... တစ္ေယာက္တည္း လႊတ္မထားနဲ႔ေလ ... ေသခ်ာဂ႐ုစိုက္ေလ ~~ခင္ဗ်ားကိုယ္တိုင္က ဂ႐ုမစိုက္ဘဲ ခင္ဗ်ားစိတ္ပူတာေတြကိုပဲ လာျမင္ခိုင္းေနတာလား ... ကြၽန္ေတာ့္မ်က္စိထဲမွာေတာ့ ခင္ဗ်ားကအဲ့ဒီလူကို ဖက္ေနတဲ့ပုံေတြကိုပဲျမင္ၿပီး ကြၽန္ေတာ့္ကိုအလုပ္ထုတ္ခဲ့တဲ့ကင္ေဆာ့ဂ်င္ရဲ႕စကားေတြပဲ ၾကားေနရတယ္ ~~ "
အားကုန္သုံးၿပီး ေအာ္လိုက္တာမို႔ ငိုထားတဲ့အရွိန္နဲ႔ သူ႔ေခါင္းေတြ မူးေနာက္ေနာက္ျဖစ္လာရသည္။ နဂိုကတည္းက စိတ္ပင္ပန္း၊ လူပင္ပန္းျဖစ္ေနတဲ့သူဟာ ခႏၶာကိုယ္ကို ေတာင့္ခံဖို႔ သိပ္မလြယ္ကူေန။
ကိုကိုကေတာ့ သူ႔စကားေၾကာင့္ ေနာက္ကို ေျခတစ္လွမ္းဆုတ္ကာ ဆိုဖာထက္ထိုင္ခ်လိုက္သည္။ သူကေတာ့ မူးေနာက္ေနတဲ့ေခါင္းေၾကာင့္ လက္သီးဆုပ္ကာ အားတင္းလိုက္မိသည္။ ဗိုက္ကလည္း စူးေအာင့္ကာ မ်က္႐ိုးေတြပါ ထိုးကိုက္လာသည္။ အဲ့ဒီ့အခ်ိန္မွာပဲ ကိုကို႔ဆီက ထီမထင္အၾကည့္နဲ႔ ေမးခြန္းတစ္ခုကို သူၾကားလိုက္ရသည္။
" ... ငါ့ဆီက ဂ႐ုစိုက္တာမ်ိဳး လိုခ်င္ေနတာလား ... "
" ... "
သူမေျဖမိ။ ဆြံ႕အကာ ခႏၶာကိုယ္မွာ ျဖစ္ေနတဲ့ေဝဒနာကိုသာ ေပ်ာက္ကင္းေစဖို႔ အေျဖရွာမိသည္။
" ... ေကာင္းၿပီ ~~ ငါ မင္းကို ဂ႐ုစိုက္ေပးမယ္ ဂြၽန္ေဂ်ာင္ဂု ... ဒါေပမဲ့ ေပ်ာ္႐ႊင္မႈေတာ့ မင္းရမွာ မဟုတ္ဘူး ... ဒါက တန္ရာတန္ေၾကးပဲ ဂြၽန္ေဂ်ာင္ဂု "
သူ႔ကို ခက္ထန္တဲ့စကားလုံးေတြနဲ႔ ေျပာကာ ကိုကို ဆိုဖာေပၚက ထၿပီး အခန္းထဲ ေျခဦးတည္သြားေတာ့သည္။သူသည္လည္း ကိုကို႔စကားလုံးေတြကို တုံ႔ျပန္ဖို႔ေတာင္ မေတာင့္ခံႏိုင္ေတာ့ဘဲ လဲေခြက်သြားရေတာ့သည္။
" ( .. ဒုန္း .. ) "
စားပြဲမွန္ခုံေစာင္းနဲ႔ နဖူး ေဆာင့္မိတယ္ဆိုတာေတာ့ သိိလိုက္ေပမယ့္ ထိုနာက်င္မႈကို သူမမႈေတာ့တဲ့အထိ အသိအာ႐ုံေတြက ေထြျပားသြားရေတာ့သည္။
💠💠💠
ညအလယ္ ... ဝါဖ်ဖ်မီးမွိန္မွိန္ေအာက္မွာ ေဆာ့ဂ်င္ ၿငိမ္သက္စြာ ထိုင္ေနမိရင္း သူ႔ေဘးနားက ခ်စ္ရသူကို ၾကည့္ေနမိသည္။ ျပန္ေတြ႕ကတည္းက အိပ္ေပ်ာ္ေနတဲ့ေဂ်ာင္ဂုကိုပဲ အၿမဲထိုင္ၾကည့္ေနခဲ့ရေပမယ့္ ဒီျမင္ကြင္းကို သူ သေဘာက်ပါသည္။ သို႔ေပမယ့္ ဖ်ားေနတဲ့ေဂ်ာင္ဂုကိုေတာ့ သူ သေဘာမက်။
" .. ဘာျဖစ္လို႔ ခဏခဏ ေနမေကာင္းျဖစ္ေနရတာလဲ .. တမင္သက္သက္လူကို စိတ္မေကာင္းျဖစ္ေအာင္လုပ္ေနသလိုပဲ ... မင္းေနမေကာင္းျဖစ္တဲ့အခ်ိန္ဆို ငါမင္းကို သိပ္မုန္းတယ္ သားသား ..."
ေဂ်ာင္ဂုရဲ႕ဆံႏြယ္ေတြကို သူသိမ္းတင္ရင္း ေရ႐ြတ္မိေတာ့ ေဂ်ာင္ဂုက လူးလြန႔္လာသည္။ အဖ်ားရွိန္ေၾကာင့္ ေမ့လဲၿပီး အခုထက္ထိ သတိမလည္လာေသး။ ဆရာဝန္ေခၚၿပီး ေဆးထိုးထားေပမယ့္ ေဂ်ာင္ဂုဟာ ေကာင္းေကာင္းအနားယူဖို႔ လိုသည္တဲ့ေလ။ ေခြၽးေတြ႐ႊဲနစ္ၿပီး အဖ်ားတက္ေနတဲ့ေဂ်ာင္ဂုကို သူကိုယ္တိုင္ ေရပတ္တိုက္ေပး၊ အဝတ္လဲေပးကာ အခုေတာ့ သူကိုယ္တိုင္ လူနာေစာင့္လုပ္ေပးေနရၿပီျဖစ္သည္။
" ... ဟင္အင္း ~~ ... ကိုကို ~~ သားသားကို ~ ~ သားသားကို မမုန္းပါနဲ႔ ~~ ဟင္အင္း ~~.. သားသားကို မထားခဲ့နဲ႔ကိုကို ~~ "
သူ ၾကည့္ေနမိရင္း ႐ုတ္တရက္ ထေယာင္ရွာတဲ့ ေဂ်ာင္ဂုေၾကာင့္ သူမ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ မ်က္ရည္ေတြ႐ႊဲၿပီး အသည္းအသန္႐ုန္းကန္လာေလေတာ့ သူ ေဂ်ာင္ဂုလက္ကို ဆုပ္ကိုင္ကာ က်န္လက္တစ္ဖက္က ေပြ႕ဖက္မိသည္။
" အင္း ~~ မမုန္းဘူး ... သားသားကို ကိုကို တကယ္မမုန္းဘူး ... မငိုနဲ႔ေတာ့ေနာ္ ... မငိုနဲ႔ေတာ့ သားသား ..."
ေပြ႕ဖက္ရင္း ေခ်ာ့ျမဴမိေတာ့ ေဂ်ာင္ဂု ႐ုန္းေနတာေတြ ေျပေလ်ာ့သြားသည္။ သို႔ေပမယ့္ မ်က္ရည္ေတြက ဆက္တိုက္ကို စီးက်ေနေသးတာမို႔ သူ ရင္ဘတ္ေတြေအာင့္လာရသည္။
" ... ေတာင္းပန္ပါတယ္ ... ေတာင္းပန္ပါတယ္ ကိုကို ~~ သားသား မွားခဲ့မိတယ္ ... "
တိုးတိုးေလးေရ႐ြတ္ကာ တကယ္ၿငိမ္က်သြားသည္မို႔ ေဂ်ာင္ဂုကို သူ အိပ္ယာေပၚျပန္ခ်လိုက္မိသည္။ အဲ့ဒီ့ေနာက္ မ်က္ရည္႐ႊဲနစ္ေနတဲ့ပါးျပင္ကို သူ ခပ္ဖြဖြေလး သုတ္ကာ သူ႔လက္ေလးနဲ႔ ပြတ္သပ္ေနမိသည္။ အဖ်ားရွိန္နဲ႔ ျဖဴေဖ်ာ့ေနတဲ့ႏႈတ္ခမ္းကလည္း သြားေသးေသးေတြ ေပၚေနတဲ့အထိ ဟစိစိကေလးပင္။ ဟိုအရင္တစ္ခ်ိန္က အျဖဴလုံးေပါက္စ သားသားကို သူျပန္မိေယာင္မိေတာ့ ေဆာ့ဂ်င္ ၿပဳံးလိုက္မိသည္။
" အျဖဴလုံးေလးကေန အျဖဴလုံးႀကီးျဖစ္လာၿပီပဲ .... အဲ့ဒါေၾကာင့္ ပိုဆိုးလာခဲ့တာလား ..."
သူ႔ဘာသာသူ ေရ႐ြတ္ရင္း သေဘာက်စြာ ေဂ်ာင္ဂု ႏႈတ္ခမ္းေတြကို ပြတ္သပ္မိသည္။ အဲ့ဒီ့ေနာက္ ျဖဴေဖ်ာ့ေနတဲ့ႏႈတ္ခမ္းသားေတြကိုပဲ တျမတ္တႏိုး နစ္ဝင္ခ်င္မိတာမို႔ သူ လွ်ာသပ္လိုက္မိသည္။
" လူေတာ္ေတာ္မ်ားမ်ားက အိပ္ေနတဲ့လူကို အသားယူရတာ မႀကိဳက္ေပမယ့္ ကိုကိုကေတာ့ အိပ္ေနတဲ့ မင္းကို အသားယူရတာ ႀကိဳက္တယ္ "
ႏွစ္ကိုယ္ၾကား႐ုံေလး ေရ႐ြတ္ကာ ေဂ်ာင္ဂု ေမးဖ်ားကို သူ ဆြဲေမာ့ရင္း ေဂ်ာင္ဂုႏႈတ္ခမ္းကို သူငုံေထြးလိုက္မိသည္။ ထိ႐ုံေလး ထိမယ္လို႔ပဲ သူ ေတြးထားမိခဲ့ေပမယ့္ တကယ္တမ္းထိမိတဲ့အခ်ိန္မွာ သူ႔ႏွလုံးသားက ဆာေလာင္မြတ္သိပ္ေနသည့္အလား နက္နက္နဲနဲ ေတာင္းဆိုလာသည္။ အလႊတ္မေပးႏိုင္ဘဲ ဆက္တိုက္ကို သိပ္သိပ္သည္းသည္းအနမ္းေႁခြမိေတာ့ ေဂ်ာင္ဂုက အသက္ရႉက်ပ္လာပုံေပၚသည္။ ဒါေတာင္ သူ မလြတ္ေပးႏိုင္ေသးတာမို႔ ေဂ်ာင္ဂုလက္ဖ်ားေတြက သူ႔ရင္အုပ္ကို တြန္းလာသည္။ ထိုအခါမွ သူ လႊတ္ေပးကာ ေဂ်ာင္ဂုကို ငုံ႔ၾကည့္မိသည္။ ေဖ်ာ့ေတာ့ေနတဲ့မ်က္ဝန္းက ပုတ္ခတ္ ပုတ္ခတ္ မ်က္ေတာင္ခတ္ရင္း သူ႔ကို စိုက္ၾကည့္လာသည္။ အဲ့ဒီ့ေနာက္ သူ႔ႏႈတ္ခမ္းေတြဆီ အၾကည့္ေရာက္လာသည္။ တြန္းထုတ္ေနတဲ့ေဂ်ာင္ဂုလက္ဖ်ားေတြကလည္း သူ႔လည္တိုင္ကို ခိုတြယ္လာကာ ေမးဖ်ားကို ေမာ့ေပးလာၿပီး သူ႔ႏႈတ္ခမ္းေတြဆီ ေရာက္ဖို႔ ႀကိဳးစားသည္။
သူ႔အနမ္းေတြကို အရမ္းသေဘာက်တဲ့ ေကာင္ငယ္ေလးရဲ႕ ပုံစံကေတာ့ အခုထိ မေျပာင္းလဲေသး။ ဒါကိုပဲ သူ ႏွစ္ၿခိဳက္စြာ ၿပဳံးမိရင္း ခပ္စူစူေလးျဖစ္လာတဲ့ ေဂ်ာင္ဂုႏႈတ္ခမ္းေတြကို ငုံေထြးသိမ္းပိုက္လိုက္မိသည္။
ဒီအရာေတြ အားလုံး ေဂ်ာင္ဂုအတြက္ အိပ္မက္ျဖစ္ခ်င္ရင္ ျဖစ္ေနဦးမွာေလ ... သို႔ေပမယ့္ သူကေတာ့ သူ႔အထိအေတြ႕ေတြ အားလုံးကို ေဂ်ာင္ဂု ခံစားမိဖို႔ရည္႐ြယ္ပါသည္။
အဲ့ဒီ့ေနာက္ သူ႔လက္ဖ်ားေတြကို ေဂ်ာင္ဂုအက်ႌထဲ လွ်ိဳဝင္ကာ အဝတ္မဲ့ေစလိုက္သည္။ အိစက္စက္အထိအေတြ႕ရဲ႕ ခံစားမႈက သူ႔ႏွလုံးအိမ္ကို ဝင္ေရာက္လႈပ္ကိုင္လာေလလွ်င္ ေဂ်ာင္ဂု လည္တိုင္ေတြဆီ သူ႔ႏႈတ္ခမ္းကို ဦးတည္လိုက္သည္။ အဖ်ားေႏြးေငြ႕ေငြ႕ရွိေနတဲ့ေဂ်ာင္ဂုကေတာ့ မ်က္ဝန္းေတြကို ပိတ္လ်က္သား သူ႔အနမ္းေတြကို ခံယူသည္။
"ေဆာ့ဂ်င္ေရ!! ကေလးေလး ဖ်ားေနတယ္ ! မင္းရပ္သင့္ၿပီ! " အဲ့ဒီလိုအေတြးမ်ိဳး သူ႔ဦးေႏွာက္က အဆက္မျပတ္ အသိေပးေနေပမယ့္ သူ႔ႏွလုံးသားက မရပ္တန႔္ႏိုင္။ ဦးေႏွာက္နဲ႔ ႏွလုံးသားလြန္ဆြဲေနတဲ့ၾကားကေန သူ မျငင္းဆန္ႏိုင္ေတာ့ဘဲ ျပင္းျပေနတဲ့ဆႏၵေတြက ေဂ်ာင္ဂုကို ေနာက္ထပ္ အပိုင္သိမ္းဖို႔ ျဖစ္တည္လာေတာ့သည္။
အဆုံးသတ္မွာေတာ့ ေဂ်ာင္ဂုဟာ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနခဲ့ၿပီး သူ႔ကို တင္းက်ပ္စြာ ဖက္ထားခဲ့သည္။ ကေလးေလးေတြ မိဘကို ကပ္တြယ္ေနသည့္အလား ေဂ်ာင္ဂုကေတာ့ သူ႔ ကိုယ္တစ္ျခမ္းကို ပယ္ပယ္နယ္နယ္ခြကာ ပါးျပင္ကိုေတာ့ သူ႔ဝမ္းဗိုက္ေပၚအပ္ထားသည္။ သူကေတာ့ ကုတင္ကို မွီရင္း ေဂ်ာင္ဂု သက္ေသာင့္သက္သာရွိဖို႔ ေမွ်ာ္လင့္မိသည္။ သူအခ်ိန္ကို ၾကည့္မိေတာ့ မနက္ ႏွစ္နာရီ ခြဲၿပီျဖစ္သည္။ အိပ္ေပ်ာ္ေနတဲ့ ေဂ်ာင္ဂုရဲ႕ဆံႏြယ္ေတြကို သူ သေဘာက်စြာ ေဆာ့ကစားရင္း လက္ေတြက ဖုန္းစကရင္ေပၚက နံပါတ္တစ္ခုကို ႏွိပ္လိုက္မိသည္။
ဒီအခ်ိန္ႀကီး ဒုကၡေပးရတာ အားနာေပမယ့္ ေဂ်ာင္ဂုအတြက္ သူ အဲ့ဒီလိုလုပ္မွ ျဖစ္ပါေတာ့မည္။ ျပန္စဥ္းစားရင္ သူ အထီးက်န္ရသလိုမ်ိဳး ေဂ်ာင္ဂုကို အထီးက်န္ေစဖို႔က သူ ကိုယ္တိုင္လည္း နာက်င္ေနရသည္။ အဲ့ဒါထက္ သားသားက သူ႔ကိုယ္သူ နာက်င္ေအာင္လုပ္လိုက္ရင္ ဘယ္လိုလုပ္မလဲ။ ညေနကလို အျဖစ္မ်ိဳးက သူ႔ကို တကယ္ေျခာက္ျခားသြားေစလို႔ေလ .. ။ ကိုယ့္ကိုယ္ကိုယ္အဆုံးစီရင္ဖို႔ ႀကိဳးစားတဲ့သူကို အသက္နဲ႔ရင္းၿပီးကယ္တာက ေကာင္းတဲ့ကိစၥဆိုေပမယ့္ ဒီမွာေတာ့ သူ တစ္ကိုယ္ေကာင္းဆန္ခ်င္သည္။ အဲ့ဒီလိုမ်ိဳးေတြ ေဂ်ာင္ဂုကို သူ ခြင့္မျပဳႏိုင္။
မေတာ္လို႔ ေဂ်ာင္ဂုလည္း အဲ့ဒီလိုမ်ိဳး လုပ္သြားခဲ့ရင္ သူသည္လည္း ရွင္လ်က္သား ေသလူျဖစ္သြားမွာပင္။ အခုေတာ့ ေဂ်ာင္ဂုက သူ သိပ္ခ်စ္ရတဲ့ ကေလးေလးမို႔လို႔ သူ ေဂ်ာင္ဂုကို အေလ်ာ္ေပးလိုက္ပါေတာ့မည္။ သူ ေသခ်ာေပါက္ ခြင့္လႊတ္လို႔ မရေသးဘူး ဆိုေပမယ့္ေပါ့။
" အင္း ~~ ဟုတ္တယ္ ကားစီစဥ္ေပး... ၿပီးေတာ့ အခန္းျပင္ထားေပးပါ ... ကြၽန္ေတာ္နဲ႔ သားသား ျပန္ေျပာင္းလာမွာ ... "
အဲ့ဒီ့ေနာက္ သူ႔ကို ဝက္ဝံေလးလို ဖက္တြယ္ထားတဲ့ေဂ်ာင္ဂု မႏိုးေအာင္ သူ အိပ္ယာေပၚက ထလိုက္မိသည္။ ညစ္ပတ္ေနတာေတြကို သန႔္ရွင္းလိုက္ရင္း ေဂ်ာင္ဂုကို ေႏြးေႏြးေထြးေထြး အဝတ္ေလးေတြ လဲေပးလိုက္သည္။ သိပ္မၾကာတဲ့ အခ်ိန္မွာေတာ့ သူ စီစဥ္ထားတဲ့ကားေရာက္လာသည္။ သူလည္း ေဂ်ာင္ဂုကို ေပြ႕ခ်ီရင္း ထြက္လာခဲ့လိုက္ေတာ့သည္။
💠💠💠
Happy Seok Jinnie' Day!!
[ သားသား = BTSOEမွ တာဝန္သိျပည္သူတစ္ဦး ]
*** သားသားရဲ႕ visual ကို Love yourself eraက Tattoo မထိုးရေသးတဲ့ JK ပုံစံကို ယူထားပါတယ္ဗ် ... အဆုံးသတ္တဲ့အထိ အဲ့ဒီ့အတိုင္းပဲ သြားမွာပါ ... 🙇🏻♀️
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



