Fanfics

【15】- 02

06:47, 2 December 2022

⟨ Unicode Version ⟩* Me, Myself And Bad Romance*အပိုင်း ၁၅

အေးစိမ့်နေတဲ့ ခန်းမကြီးအလယ်မှာ သူတစ်ယောက်တည်း ရပ်နေမိသည်။ Private ဆန်ဆန် ကျင်းပနေတဲ့ ဒီခန်းမကြီးဟာ အတောက်ပဆုံး အဖြူရောင်တွေနဲ့ စီခြယ်ထားတာဆိုပေမယ့် သူ စိတ်လှုပ်ရှားနေမိသည်။ ဒါ သူ့အတွက် ဒုတိယအကြိမ် လက်ထပ်ခြင်းပါပဲ။

ကိုကို့ဘက်က မိသားစုဝင်တွေနဲ့ ဆွေမျိုးတွေသာ ရှိပြီး သူ့ဘက်ကတော့ မိသားစုဝင်ရယ်ဆိုလို့ တစ်ယောက်မှ မရှိ။ ခူရိုတို့မိသားစုကိုလည်း ရုတ်တရက်ဖြစ်သွားခဲ့တဲ့ ဒီလက်ထပ်ပွဲကြီးကို သူ အသိပေးရုံလောက်ပဲ တတ်နိုင်ခဲ့ပါသည်။ ကိုကို့ဖေဖေနဲ့ တီတီကတော့ ခန်းမရဲ့ အရှေ့ဆုံးမှာ အပြုံးတွေနဲ့ နေရာယူနေပေမယ့် ကိုကို့ဘွားဘွားနဲ့ဘိုးဘိုးကတော့ သိပ်ကြည်နေပုံမရ။ ငယ်ငယ်က ကိုကို့အိမ်မှာ ကြီးပြင်းလာတယ်ဆိုပေမယ့် ကိုကို့ဘိုးဘွားတွေကို အခုမှ သူ မြင်ဖူးခြင်းဖြစ်သည်။

ပထမအကြိမ်တုန်းက ခူရိုနဲ့ဟန်ဆောင်လက်ထပ်ခဲ့ရလို့ ထွေထွေထူးထူးမခံစားရပေမယ့် အခုတစ်ကြိမ်တော့ ထူးထူးဆန်းဆန်း သူ တုန်လှုပ်လှိုက်ဖိုမိသည်။ အဲ့ဒီ့တုန်းက မင်္ဂလာတေးဆိုပေးခဲ့တဲ့ ကိုကို့ရဲ့အသံကြောင့် သူ နာကျင်ခဲ့ရတာကိုလည်း မမေ့နိုင်သေး။ အခုတော့ ဦးဦး စီစဉ်ထားတဲ့အတိုင်း တစ်ဖက်လျှောက်လှမ်းက ကိုကို ထွက်လာပြီး သူနဲ့တူတူ ကတိကဝတ်ပြုကြရမှာဆိုပေမယ့် အခုတော့ rehearsal ကထက် အချိန်အနည်းငယ် ကြန့်ကြာနေသလိုပင်။

ကိုကို သူ့ကို မုန်းလွန်းလို့ ဒီအတိုင်း တစ်ယောက်တည်း ပစ်သွားမှာတော့ မဟုတ်နိုင်ပါဘူးနော် ...

ကိုကိုနဲ့ သူ့ကြားမှာ ပြေလည်တဲ့ဆက်ဆံရေးမရှိပေမယ့် ဒီလက်ထပ်ပွဲလေးကိုတော့ ကောင်းကောင်းမွန်မွန်ပြီးဆုံးစေချင်ပါသည်။ ဖာ သာ အရှေ့မှာ သူရပ်နေမိတာ စက္ကန့်နည်းနည်းပဲ ရှိသေးတယ် ဆိုပေမယ့် သူကတော့ အချိန်တွေ တော်တော်ကြာနေပြီလို့ ခံစားနေမိသည်။ ကိုကို့ကိုလည်း သူ အရမ်းတွေ့ချင်နေပြီဖြစ်သည်။ ဘယ်လိုပဲ မကောင်းတဲ့ဆက်ဆံရေးရှိနေပါစေ ... ကိုကို့ကို သူ ချစ်တဲ့အတွက် ဒီနေ့ကို သူ့ဘဝရဲ့ အလှပဆုံးအခိုက်အတန့်လေးတော့ ဖြစ်စေချင်ပါသည်။

" ဟင်း "

ဂျောင်ဂု မသိမသာ သက်ပြင်းလေး ခိုးချရင်း အရှေက ဖာသာကို ပြုံးပြလိုက်မိသည်။ ဖာသာကတော့ သူ့ကို ပြုံးပြုံးလေးပင် စိုက်ကြည့်နေသေးသည်။ အဲ့ဒါထက် မလှမ်းမကမ်းမှာ ရှိနေတဲ့ ကင်မရာသမားတွေကြောင့် သူပိုအနေရခက်ပါသည်။ ဦးဦးအစီအစဉ်အရ မင်္ဂလာမှတ်တမ်းကိုပါ ရိုက်ကူးစေခဲ့တာမို့ သူ့အပြုအမူသေးသေးကအစ ကင်မရာမှာ မှတ်တမ်းကျန်နေခဲ့တော့မှာ ဖြစ်သည်။

သူ ရင်မောနေတုန်း တခဏမှာပဲ သံစဉ်အပိုင်းအစတွေ ထွက်လာတော့ သူ့မျက်ဝန်းလေး တောက်ပသွားမိသည်။

" ... ♪ ... ♪ ... ♪ ... "

ဘာလဲ ကိုကိုက သီချင်းဆိုပေးဦးမှာလား ... ဒုတိယအကြိမ်အဖြစ်လေ ...

သူ့အတွေးမဆုံးသေးခင်မှာပဲ ကိုကို့အသံလေး ထွက်လာတော့ သူ တကယ်ကို မင်သက်အံ့ဩကာ နောက်လှည့်ကြည့်လိုက်မိသည်။

" ... ♪ ... ♪ မင်းနဲ့တွေ့ဆုံပြီးနောက်ပိုင်း ... ♪ ... ပြောင်းလဲမှုသေးသေးလေးတွေကအစ ပျော်ရွှင်နေတတ်ခဲ့ပြီ ... ♪ ... ♪ ... ♪ ... မျက်ဝန်းထဲထိတောက်ပနေတဲ့နံနက်ခင်း ... မင်းအကြောင်းတွေးရင်း နိုးထလာတဲ့ တစ်နေ့တာ ... ထမင်းစားပွဲမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး ...... ♪ ... ♪ ... ♪ ... မင်းရဲ့တစ်နေ့တာဟာ ဘယ်လိုလဲလို့မေးပြီး ...... ♪ ... ♪ ... ♪ .. ကိုယ့်ရဲ့တစ်နေ့တာကတော့ အဆင်ပြေလွန်းတယ်လို့ ... ♪ ... ♪ ရီမောပြီးဖြေချင်တယ် "

တကယ်ကို နူးညံ့စွာနဲ့ ပြုံးပျော်ရွှင်ရင်း ခန်းမထဲ တစ်လှမ်းချင်းစီ လျှောက်ဝင်လာတဲ့ ကိုကို့ပုံစံကြောင့် သူ ကြောင်တောင်တောင်လေး တောင့်တင်းသွားမိသည်။ လက်စွပ်သွားရွေးတဲ့နေ့က အထိတောင် ကိုကိုက သူ့နဲ့ ဆန့်ကျင်ဘက်တွေ လုပ်နေသေးသည်။ သူ ကြိုက်တဲ့ပုံစံကိုတောင် မျက်နှာလွှဲခဲပစ်လုပ်ပြီး သူလုံးဝမကြိုက်တဲ့ ပုံစံကို ယူခဲ့တာလေ။ ဒီဝတ်စုံအတွက်လည်း အတူတူပါပဲ၊ သူကအဖြူဆို ကိုကိုက အမည်းလုပ်နေလို့ တီတီက သူ့သဘောအတိုင်း အဖြူဆိုပြီး ရွေးပေးခဲ့မှသာ ကိုကိုက ငြိမ်သက်သွားခဲ့တာဖြစ်သည်။

အခုတော့ ... ကိုကို့ကို လွန်ခဲ့တဲ့ ကိုးနှစ် လမ်းမခွဲခင်က ပုံစံမျိုးနဲ့ ပြန်မြင်လိုက်ရတာ သူရင်ဘတ်တွေပါ နာတဲ့အထိ ပျော်ရွှင်မှုက နေရာဝင်ယူလာသည်။

" ... ... ♪ ... ♪ ... ထွေထူးမဟုတ်တဲ့ကိစ္စလေးတွေကအစ စိတ်ချင်းဆက်နွယ်သွားတိုင်း ... ♪ ... ♪ ... ♪ ... အသားကျနေတဲ့ တစ်ယောက်နဲ့တစ်ယောက်ကြောင့် အံ့ဩမိတယ် မင်းကို ချစ်တယ်... ♪ ... ♪ ... ♪ ... "

နူးညံ့နေတဲ့အဲ့ဒီ့အကြည့်တွေ ... တောက်ပနေတဲ့ အဲ့ဒီ့အပြုံးတွေ ... သူ့ကို ကြည့်ရင်း လှုပ်ရှားနေတဲ့ နှုတ်ခမ်းလေးတွေ ... စာသားတွေကို လှလှပပပုံဖော်လာလေတော့ သူ ပျော်ဝင်သွားမိတယ်ထင်သည်။ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ မျက်ဝန်းတွေ ဝေ‌ဝါးလာရသည်။ မနက်က အထိတောင် အဆင်မပြေဘဲ တကျက်ကျက်ဖြစ်နေတဲ့ ကိုကို့ကို ဘာတွေက ဒီလိုပြောင်းလဲ ပေးလိုက်တာလဲ ... ပြီးတော့ rehearsal မှာ ဒီအပိုင်းမပါဝင်ခဲ့ဘူးလေ ....

" ... ♪ ... ကြင်နာစွာနဲ့ အခုလိုလေးပဲ အမြဲထာဝရဖြစ်ချင်တယ် . ... ♪ ... ♪ ...မင်းကို ကြည့်ရင်း တွေးခဲ့မိတယ် .... မင်းနဲ့ဆုံဆည်းခွင့်ရခဲ့တာ ကိုယ် အရမ်းပျော်ရွှင်ရတယ်... ♪ ... ♪ ... ကိုယ် ကိုယ်တိုင်လည်း လေးလေးနက်နက်ချစ်လာနိုင်ခဲ့တယ် ... ♪ ... ♪ ... အခုထိ နုနယ်ပြီး လိုအပ်ချက်တွေရှိနေတဲ့ ကိုယ့်နှလုံးသားလေးကိုနွေးထွေးစွာ နားလည်မှုအပြည့်နဲ့ ထွေးပွေ့ပေးခဲ့တယ် ... ♪ ... ♪ ... "

အတုအယောင်တွေလား၊ အစစ်အမှန်လားဆိုတာ သူ မခွဲခြားတတ်တော့တဲ့အထိ ကို့ကို့အသံလေးထဲမှာ ပျော်ဝင်သွားခဲ့မိသည်။ သူပြုံးနေလား၊ ရယ်နေလား၊ တည်နေလားတောင် သူမသိ။ သေချာတာကတော့ သူငိုနေမိတာပင်။ ကိုကိုကတော့ သူ့ရှေ့တည့်တည့်ရောက်လာရင်း အေးစက်နေတဲ့ သူ့လက်ဖျားကို ဆွဲကိုင်ကာ အဆုံးမသတ်သေးတဲ့စာသားတွေကို ဖော်ကျူးဆဲ ...။

" ... ♪ ... မဆင်မခြင်ပြောမိတဲ့စကားတွေကြောင့် နှစ်ယောက်ကြားနာကျင်စရာနဲ့အတူ ... ♪ ... ♪ .အေးစက်နေတဲ့ဆက်ဆံရေးကို ကိုယ်ဆက်ပြီး ခံနိုင်ရည်မရှိတော့လို့ တောင်းပန်ပါတယ် ... ♪ ... ♪ ... ဒီလိုစိုးရိမ်ပူပန်မှုတွေဟာလည်း ကိုယ်တို့နှစ်ယောက်ကို ထာဝရဖြစ်စေချင်လို့မင်းကိုကြည့်ရင်း တွေးခဲ့မိတယ် ... ♪ ... ♪ ... "

သီချင်းစာသားဆိုပေမယ့် သူ့ကို ပြောပြနေတဲ့ စကားလုံးလေးတွေလို့ သူသတ်မှတ်မိပြီး သူ့လက်ကို ဆုပ်ကိုင်ထားတဲ့ ကိုကို့လက်ကို ပြန်ဖျစ်ညှစ်မိသည်။ ကိုကိုကတော့ သူ့လက်တွေကို ခပ်ဖွဖွလေး ပြန်ပွတ်သပ်ကာ ကြည်လဲ့လဲ့မျက်ဝန်းတွေနဲ့ ပြုံးသည်။

ဘယ်လိုပဲ ဖြစ်ဖြစ် ... သူ ခံစားမိသည်၊ အဲ့ဒီ့အပြုံးဟာ ကိုကို သူ့ကို ချစ်တယ်လို့ ပြောပြနေတဲ့အပြုံး ~~

" ... ♪ ... ♪ ကိုယ်နဲ့ဆုံရတာ မင်းကော ပျော်ရွှင်ရဲ့လား ... ♪ ... ♪ ...မလုပ်ပေးနိုင်ခဲ့တာတွေ များလို့ တောင်းပန်ပါတယ် ... ♪ ...တစ်ကိုယ်ကောင်းဆန်ပြီး စိုးရိမ်ပူပန်နေတတ်တဲ့ကိုယ်ဟာ ... ♪ ... ♪မင်းတစ်ယောက်တည်းအပေါ်မှာပဲ ကောင်းပေးချင်ခဲ့လို့ပါ ... ♪ ... အရင်ထဲက ကိုယ်အမြဲမျှော်လင့်နေခဲ့ရတဲ့ ပြီးပြည့်စုံတဲ့ကိုယ့်အချစ်ကို အခု ရှာတွေ့ခဲ့ပြီ ... ♪ ... ♪ ... ♪ကိုယ့်လက်ကို ဆုပ်ကိုင်ပေးလို့ အင်အားတွေပေးခဲ့လို့ နွေးထွေးစွာ နားလည်မှု အပြည့်နဲ့ ထွေးပွေ့ပေးခဲ့လို့ ... ♪ ... ♪ .. သိပ်ချစ်ပါတယ် ... "

သံစဉ်လေးဆုံးတာနဲ့ ကိုကိုက မိုက်ကို ဘေးနားက ဗန်းလေးကိုင်ထားတဲ့ကောင်မလေးဆီ ပေးကာ သူ့လက်နှစ်ဖက်ကို ဆွဲယူသည်။ ခန်းမတစ်ခုလုံးဆီက လူတွေရဲ့အကြည့်တွေကလည်း သူနဲ့ကိုကို့ဆီကို အာရုံစိုက်နေကြသလို ကင်မရာနဲ့ မှတ်တမ်းယူနေတဲ့သူတွေကလည်း တဖျပ်ဖျပ်ပင်။

" ... ချစ်တယ် ဂျောင်ဂု ~~ အရမ်းမုန်းတီးရလောက်တဲ့အထိ မင်းကို ချစ်တယ် ... "

သူ့လက်ဖျားလေးကို ပွတ်သပ်ကာ ပြောလာလေတော့ သူ ဘာကိုမှ မစဉ်းစားနိုင်တော့ဘဲ တကယ်ငိုချလိုက်မိတော့သည်။ သူငိုချလိုက်မိလို့လားတော့မသိ၊ ကိုကို့မျက်ဝန်းတွေပါ နီရဲလာတာ မြင်လိုက်မိသည်။ သူ့လက်ဖျားတွေကို ဆုပ်ကိုင်ထားတဲ့ကိုကို့လက်တွေကလည်း နွေးထွေးတယ်ဆိုပေမယ့် တုန်ယင်နေတာ‌ သူ ခံစားမိသည်။

ဒါတွေက အစစ်အမှန်တွေပဲ မဟုတ်လားဟင် လို့ သူကိုကို့ကို မေးလိုက်ချင်မိသည်။

အဲ့ဒီ့နောက် ဖာသာတိုင်တည်ပေးတဲ့ ကတိကဝတ်စကားတွေကို ရေရွတ်တော့ ကိုကို့အသံတုန်ယင်နေခဲ့သည်။ သူသည်လည်း ကိုကို့နီးပါး ထပ်တူကျရင်း ဖာသာဆီ ကတိဝန်ခံမိတော့ ဘယ်ဘတ်ရင်အုံက လှိုက်လှိုက်လှဲလှဲရင်ဖိုလာရသည်။

" ~~~ အသိသက်သေအဖြစ် သတို့သားနှစ်ယောက် လက်စွပ်လဲနိုင်ပါပြီ ~~~ "

ဖာသာရဲ့စကားအဆုံး သူ့လက်ကို ကိုကိုရှေ့ပို့မိတော့ ကိုကိုက ခပ်ဖွဖွလေးကိုင်ကာ ဘေးနားမှာ ရှိနေတဲ့ကောင်မလေးဆီက လက်စွပ်ကို သူ့လက်လှလှဆီ ကွက်တိဝင်စေသည်။ သူ့ကို လက်စွပ်စွပ်ပေးနေတဲ့ ကိုကို့မျက်နှာလှလှကိုပဲ သူငေးနေမိတော့ လက်ပေါ်ကို ဘယ်လိုရောက်သွားလဲ သူမသိလိုက်။ ကိုကို့အတွက် သူ ပြန်ဝတ်ပေးရမယ့် အချိန်ရောက်တော့မှ သူ လက်စွပ်လေးကို မြင်လိုက်ရသည်။ ထိုအခါမှ လှုပ်ခါနေပြီးသား နှလုံးသားဟာ သွက်သွက်ခါအောင် ရူးသွားပုံပေါ်ပါသည်။

" ... "

ရုတ်တရက် ဆွံ့အသွားလောက်တဲ့အထိ ခဏတာ ငြိမ်သက်နေပြီးမှ အငိုမျက်လုံးတွေနဲ့ သူ လှမ်းယူလိုက်မိသည်။ ဟုတ်ပါရဲ့ ... ထိုလက်စွပ်လေးဟာ ဆိုင်မှာတုန်းက သူကြိုက်လို့ ကိုကို မရွေးခဲ့တဲ့လက်စွပ်လေး။ အခုတော့ ကိုကိုနဲ့သူ့လက်ပေါ်မှာ သူသဘောကျတဲ့လက်စွပ်လေးရှိတော့မှာမို့ သူ ပြုံးလိုက်မိသည်။ အဲ့ဒီ့နောက် ကိုကို့လက်ရှည်ရှည်တွေကြား ကွက်တိဝင်စေလိုက်မိတော့သည်။

" သတို့သားနှစ်ယောက် အကြင်နာပေးနိုင်ပါပြီ "

ထိုအသံကြောင့် သူ့ပခုံးလေးတွန့်သွားရသလို ကိုကို့ကို မျက်ဝန်းဝိုင်းဝိုင်းတွေနဲ့ ကြည့်မိသည်။ အကြင်နာပေးရမယ်ဆိုတာ သိပေမယ့် ကိုကို့ဆီက အနမ်းတွေကို သူလက်ခံယူဖို့ အဆင်သင့်မဖြစ်သေး။ သေမတတ်လွမ်းခဲ့ရတဲ့ကိုကို့နှုတ်ခမ်းတွေကို အပိုင်စားပြန်ရဖို့ သူ့နှလုံးသားက ခုန်ပေါက်လွန်းနေသည်။

ကိုကို နမ်းလို့ သူ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ... ကိုကို နမ်းလိုက်လို့ သူ အဆုံးထိရူးသွပ်သွားရင် ဘယ်လိုလုပ်မလဲ ...

သူအရမ်းနှစ်ခြိုက်ပါတဲ့ အဲ့ဒီ့နှုတ်ခမ်းထူထူလေးက သူ့အနား ရွေ့လာလေလျှင် သူ ရှောင်ပြေးဖို့ ကြိုးစားမိသည်။

လူအများကြီးရှေ့မှာ နမ်းမိလို့ ပြန်မလွှတ်ပေးနိုင်တော့ရင် ဘယ်လိုလုပ်မလဲ ... ဒီထက်ပိုတာတွေပါ လိုချင်လာရင် ဘယ်လိုလုပ်မလဲ ... ပြီးတော့ ဒီရင်ဘတ်က ပေါက်ထွက်သွားသလိုတောင် ခုန်နေတာကို ဘယ်လိုလုပ် ~~~

" ... "

သူရှောင်နေတာကို သိပုံရတဲ့ ကိုကိုကတော့ သူ့လက်ကို လွှတ်ကာ သူ့ခါးကို ဆွဲကပ်ယူရင်း ခပ်မြန်မြန်ပင် သူ့နှုတ်ခမ်းနှစ်လွှာကို စုပ်ယူငုံထွေးသွားသည်။ ကိုကို သူ့ကို နမ်းလိုက်တဲ့ပုံစံက အရမ်းမိုက်လွန်းနေတာမို့ အံ့ဩကာ မျက်ပြူးလေးဖြစ်ပြီး နှုတ်ခမ်းလေးဟမိတော့ ကိုကို့အပေါ်နှုတ်ခမ်းချွန်ချွန်က သူ့အပေါ်ယံနှုတ်ခမ်းသားတွေကို ခပ်ဖွဖွလေး လာဖိကပ်သည်။ တကယ်သဘောကျပြီး ကြိုက်လွန်းတာမို့ ငြိမ်သက်နေမိတော့ ကိုကို့ကပြုံးလိုက်ပုံပေါ်သည်။ သူ့ခေါင်းကို ထိန်းကိုင်ကာ သူ့ပါးပြင်ကို ထိကပ်နေတဲ့ကိုကို့လက်မလေးကတော့ သူ့ပါးပြင်ကို ခပ်ဖွဖွလေးပွတ်သပ်လာသည်။ ထိုအခြေအနေကြောင့် သူကိုကို့အင်္ကျီကို လက်သီးလေးဖြစ်အောင် ဆုပ်ကိုင်မိတော့ ကိုကိုက ဖိကပ်ထားတဲ့ နှုတ်ခမ်းကို ခွာလိုက်သည်။ အဲ့ဒီ့နောက် မှတ်တမ်းဓာတ်ပုံအတွက် ကိုကိုဟာ ကင်မရာတွေရှိရာဘက်ကို ပြုံးပြလိုက်တော့သည်။

သူကတော့ ကိုကို့အနမ်းကြောင့် အူကြောင်ကြောင်လေး ကျန်ရစ်နေခဲ့ပြီးမှ ကိုကိုက သူ့လက်ကို ယူကာ လက်ချင်းချိတ်လိုက်တာမို့ သူ့အခြေအနေတွေ ပြန်အသက်ဝင်လာခဲ့ရတော့သည်။ ထို့နောက် ဦးဦးနဲ့တီတီက မှတ်တမ်းပုံတွေရိုက်ကြတော့တာမို့ သူ့ခမျာ ကိုကို့ကို စကားပြောဖို့အချိန်တောင် မရလိုက်ဘဲ ကိုကို့မျက်နှာ တကြည့်ကြည့်နဲ့ အချိန်ကုန်ခဲ့ရတော့သည်။

အခမ်းအနားပြီးစီးသွားတဲ့နောက်မှာ ကိုကိုက ဆွေမျိုးတွေကို နှုတ်ဆက်ဖို့ သူ့ဘေးနားကနေ ထွက်သွားခဲ့သည်။ ပွဲစတဲ့အချိန်ကစလို့ အခုထိ သူနဲ့ကိုကို သေချာစကားမပြောရသေးပါ။ ထို့ကြောင့် သူ ကိုကို့ကို ရှာဖို့အတွက် နားနေခန်းဘက် သွားလိုက်မိသည်။ Dinner Partyအတွက်လည်း ပြင်ဆင်ရဦးမှာ မဟုတ်လား၊ အစီစဉ်တွေကို ညှိဖို့ ကိုကို့ကို သူ လိုအပ်ပါသည်။

" ... Dinner Partyမှာ ကြေညာမယ်ဆိုပြီး အခုက ဘာဖြစ်ရတာလဲ အဖေ ~~ အဖေ့စကားမတည်တာလား ..."

နားနေခန်းရှေ့အရောက် အထဲက ကိုကို့အသံကြားလိုက်ရတာမို့ တံခါးဖွင့်နေပြီဖြစ်တဲ့သူ့လက်တွေ ရပ်တန့်သွားသည်။

" ... အစတုန်းက အဲ့ဒီလိုလုပ်မလို့ဘဲ ဒါပေမဲ့ မင်းကိစ္စကြောင့် ငါ့သားဂျောင်ဂု ‌အနှောင့်အယှက်ဖြစ်ရင် ဘယ်လိုလုပ်မလဲ ...အဲ့ဒါကြောင့် ရက်ရွှေ့ပြီး သီးသန့်ပြန်လုပ်ပေးမယ် ..."

" ... ကျစ် ... "

ကိုကို့ဆီက စိတ်အလိုမကျမှုပေါ်လာလေတော့ ပြဿနာကို သူ သေချာသိချင်သွားမိသည်။ ထို့ကြောင့် တံခါးကို ထပ်ဟကာ သူအထဲက အကြောင်းတွေ ကြားရဖို့ ကြိုးစားမိသည်။

" ... အဖေ ~~ ကျွန်တော် အဖေ့သဘောအတိုင်း အကုန်လုပ်ခဲ့တယ်နော် ~~ ဂျောင်ဂုကိုလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံပေးသလို သူလိုချင်တဲ့လက်စွပ်၊ အဝတ်အစား၊ အပြင်အဆင်တွေကအစအကုန်လိုက်လျောပေးတယ် .. ရှင်းရှင်းပြောရင် ကျွန်တော် သီချင်းဆိုဖို့ အခက်အခဲဖြစ်နေတာကို သိသိချည်းနဲ့ သီချင်းပြန်ဆိုခိုင်းတာမို့ ကျွန်တော် ကြိုးစားပြီး ဆိုပေးခဲ့တယ် ... မလုံလောက်သေးဘူးလား ... ဘယ်အချိန်ထိ သည်းခံပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံပေးရမှာလဲ ... အဖေ့အမွေတွေအကုန်မလိုချင်ပါဘူး လိုချင်တာ အဲ့ဒီ့ Entertainment တစ်ခုပဲကို ~~~ ကျွန်တော်ဘာထပ်လုပ်ပေးရမလဲ .... ထပ်ပြီး သူယုံအောင် ချစ်ဟန်ဆောင်ပြရမလား ..."

ကြားလိုက်ရတဲ့စကားကြောင့် သူ့လက်တွေ သွေးမရှိတော့သလိုပင်။ ဆုပ်ကိုင်ထားမိတဲ့တံခါးကိုတောင် လွှတ်ချလိုက်မိသလို တစ်နေကုန် ရင်ခုန်လှိုက်မောလာရတဲ့ နှလုံးသားဟာလည်း စူးနင့်ငြိမ်သက်သွားသည်။

ဒါဆို ကိုကိုက ဦးဦးနဲ့ အပေးအယူလုပ်ခဲ့တာပေါ့ ... မင်္ဂလာပွဲတစ်လျှောက်လုံး ကိုကို သူ့ကို ချစ်တယ်ဆိုတဲ့ အမူအရာတွေပြခဲ့တာက ဦးဦးပြောခဲ့လို့ပဲပေါ့ ...

အစစ်အမှန်တွေလို့ ထင်ရလောက်တဲ့အထိ သိပ်ပိရိလွန်းတာပဲ ကိုကိုရယ် .. သားသားမှာ ပြောစရာစကား ကုန်သွားတဲ့အထိပဲ ... အဲ့ဒီ့အကြင်နာမျက်ဝန်းနဲ့ကြည့်ခဲ့တာတွေ .. ခံစားချက်အပြည့်နဲ့သီချင်းဆိုပြခဲ့တာတွေ .. အေးစက်နေတဲ့သားသားလက်တွေကို ခပ်ဖွဖွလေး ဆုပ်ကိုင်ပေးခဲ့တာတွေ ... နှုတ်ခမ်းပါးတွေကို ရင်ခုန်အောင် နမ်းခဲ့တာတွေ ....

ဂျောင်ဂု တွေးရင်း တွေးရင်း မောဟိုက်လာသည်မို့ ဆက်နားမထောင်ဖြစ်တော့ဘဲ ထိုအခန်းရှေ့ကနေ ခြေလှမ်းကျဲနဲ့လျှောက်ကာ လေကောင်းလေသန့်ရမယ့် ဧည့်တွေ့ခန်းမမှာ ငြိမ်သက်စွာ ထိုင်နေလိုက်မိတော့သည်။

တစ်နေကုန် ရင်ခုန်လှိုက်ဖိုခဲ့ရသမျှ အကုန်လုံးအလိမ်အညာတွေဆိုတာ သိလိုက်ရတော့ သူ့ရဲ့စိတ်ကူးယဉ်ကမ္ဘာလေးပျက်သုဉ်းသွားသလို ခံစားလိုက်ရသည်။ သို့ပေမယ့် သူကတော့ ဧည့်တွေ့ခန်းမမှာ ထိုင်ရင်း ကိုကိုကိုယ်တိုင် ဝတ်ပေးခဲ့တဲ့လက်စွပ်လေးကို ပွတ်သပ်နေလိုက်မိတော့သည်။

... အချစ်ရော အမုန်းရော ကျန်သေးတယ်ဆိုရင် ... အချစ်တွေတိုးပြီး အမုန်းကိုလျော့ပေးဖို့ မျှော်လင့်ချက်မရှိတော့ဘူးလားဟင် ကိုကို ~~

ဂျောင်ဂုမှာတော့ ဧည့်တွေ့ခန်းမထဲ တွေးရင်း ဝမ်းနည်းနေပေမယ့် ကျန်နေခဲ့တဲ့နားနေခန်းထဲမှာတော့ အခုထိ မပြီးပြတ်နိုင်သေးတဲ့လူသားနှစ်ယောက်။

" ... မင်း ဘာတွေပြောနေတာလဲ ကင်ဆော့ဂျင် ... ဘယ်သူက မင်းကို ချစ်ဟန်ဆောင်ခိုင်းလို့လဲ ... မင်းဘာသာမင်း ကလေးရှေ့မှာ မာရေကျောရေ လုပ်နေပြီး နောက်ကွယ်မှာကျ ဖြစ်ချင်တာတွေ အကုန်လုပ်ပေးနေတာမဟုတ်လား ... သီချင်းကရော? မင်းကျန်းမာရေးအခြေအနေကို သိလို့ မင်းကိုတားခဲ့တာလေ .. ဘယ်လိုလုပ် ငါက ဖိအားပေးမလဲ .. "

အဖေ့စကားအဆုံးသတ်မှာတော့ ဆော့ဂျင် မှန်ကနေတစ်ဆင့်မြင်နေရတဲ့အရိပ်လေးပျောက်သွားပြီဆိုတာ သတိထားလိုက်မိသည်။ အဲ့ဒီ့တော့မှ သက်ပြင်းချကာ အနောက်လှည့်ကြည့်မိသည်။ သူ့အပြုအမူကြောင့် အဖေက သတိထားမိသွားတော့မှ သူ့ကို မနိုင်တော့တဲ့ပုံစံနဲ့ ကြည့်သည်။

" ... ဂျောင်ဂုရှိနေလို့ တမင်သက်သက်ပြောလိုက်တာလား .. ကင်ဆော့ဂျင် "

အဖေ့မေးခွန်းကိုတော့ သူမဖြေဖြစ်။ ဒီကလေးကို မြင်ရင် ဂရုမစိုက်သလိုသာ နေချင်ပါသည်။ မုန်းတယ်ဆိုပေမယ့် ချစ်လဲ ချစ်နေသေးတော့ နာကျင်အောင်လုပ်မိမှာလဲ ကြောက်သည်။ သို့ပေမယ့်လည်း သူခံစားခဲ့ရသလို နာကျင်စေချင်သေးသည်။ ဒါဟာ မကောင်းဘူးဆိုတာ သူသေချာသိရဲ့သားနဲ့ပေါ့။ သူ့စိတ်ကိုလည်း သူနာမလည်နိုင်တော့။

" ... နောင်တရမှာ မကြောက်ဘူးလား ... "

" .... ဟင်အင်း ထပ်ပြီး အထီးကျန်နေမှာပဲ ကြောက်တယ် ... ဒီတစ်ခါ တစ်ယောက်တည်းတော့ နာနာကျင်ကျင် မနေနိုင်ဘူး .... သူရော ကျွန်တော်ရော အချိုးကျကျ နာကျင်နေမှ တော်ကာကျမယ်လေ . ... ကျွန်တော်နာကျင်ရမယ်ဆိုရင် သူလည်း ကျွန်တော့်လိုပဲ ဖြစ်ရမှာ ..."

" အများကြီးတော့ မပြောချင်ဘူး ~~ ဒါပေမဲ့ မင်း ဘာလိုချင်နေတာလဲ သေချာစဉ်းစား ဆော့ဂျင် ~~ ကိုယ်ချစ်တဲ့သူထိခိုက်နာကျင်တာကို မြင်မှ ပျော်ရွှင်ရတယ်ဆိုရင်တော့ မင်းအတွက် ကျန်ခဲ့မှာက နောင်တတရားပဲဖြစ်လိမ့်မယ် ..."

အဖေ့စကားကြောင့် သူငြိမ်သက်လိုက်မိသည်။

" .. ကဲ Dinner Party အတွက်ပြင်တော့ ဂျောင်ဂုလေးကို ရှာလိုက်ဦးမယ် ...."

အဲ့ဒီ့နောက် အဖေက သူ့ကို နှစ်သိမ့်အားပေးသလို ပခုံးပုတ်ကာ အခန်းထဲက ထွက်သွားတော့သည်။

တကယ်တော့ သူ ဂျောင်ဂုကို ထင်ထားသလိုမျိုး မမုန်းနေပေမယ့် အချစ်တွေကိုလည်း မပွင့်လင်းချင်သေးပါ။ ဖွင့်ချပြပြီးမှ အရင်ကိုးနှစ်တုန်းကလို သူ ကျန်နေခဲ့မှာ ကြောက်သည်၊ အဲ့ဒီ့တုန်းက နာကျင်ခံစားရသမျှ ပြန်ပြီးခံစားရမှာကြောက်သည်။ ချစ်ပြမိမှ သူ့ကို ထပ်ထားသွားမှာ ကြောက်သည်။ ဂျောင်ဂုဆီက ဂရုစိုက်မှုတွေနဲ့ အချစ်တွေကို သူလိုချင်ပေမယ့် သူ့ဆီက ပြန်မပေးချင်သေးပါ။ အကျင့်မကောင်းဘူးပဲ ပြောပြော၊ တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော ဂျောင်ဂုကို သူ အနိုင်ကျင့်ချင်သေးသည်။

ဝန်ခံပါတယ် သူဂျောင်ဂုကို ချစ်နေသေးတယ်ဆိုတာ ... အဲ့ဒီ့အတွက်ကြောင့်လဲ မနက်က မင်္ဂလာပွဲမှာ တကယ့်အစစ်အမှန်တွေ ချပြခဲ့တယ်လေ ... ဒါပေမဲ့လည်း ဂျောင်ဂုကတော့ အထင်လွဲသွားခဲ့ပြီ မဟုတ်လား ...

ထားလိုက်တော့ ... ဒီလမ်းကို လျှောက်ဖို့ ရွေးခဲ့ပြီးမှ ဆက်လျှောက်ရတော့မှာပေ့ါ ... ချစ်ပေမယ့် သူ့နှလုံးသားတံခါးကို ချိုးဖျက်ပစ်ပေးရလောက်တဲ့အထိ သူခံစားခဲ့ရတာတွေက သေးသေးလေးမှ မဟုတ်ခဲ့တာလေ ....

💠💠💠

" ... ဘာလို့ ကင်ဆော့ဂျင်ကို လက်ထပ်တာလဲ ... ငွေကြောင့်လား ... "

Dinner Party မှာ သူတစ်ယောက်တည်းဖြစ်နေတုန်း သူ့အနားချဉ်းကပ်လာတဲ့လူတစ်ယောက်ဆီက ကြားလိုက်ရသည်။ သူ လှည့်ကြည့်မိတော့ သူ တက္ကသိုလ်တက်စဉ်က အချိန်ပိုင်းအလုပ်မှာ တွေ့ခဲ့ရတဲ့ customer တစ်ယောက်ပင်။ အခုတော့ ကိုကို့အမျိုးတွေထဲက တစ်ယောက်။

ကောင်းတဲ့ဆက်ဆံရေးရှိခဲ့တာ မဟုတ်တဲ့အတွက် သူ ဘာမှ ပြန်မဖြေဘဲ ငြိမ်သက်ကာ ရှောင်ဖယ်ဖို့ ကြိုးစားမိတော့ သူ့လက်ကို လာဆွဲကိုင်သည်။

" ... ဂျွန်ဂျောင်ဂု ~~ မသိချင် မယောင်ဆောင်နဲ့ မင်းက ငါ့ဂျူနီယာဖြစ်ခဲ့တာပဲလေ ... အခု မင်းပွဲမှာ ငါ့လို ဧည့်သည်ကို ရိုင်းစိုင်းရဲတာလား ...."

ထိုစကားကြောင့် သူ ပြန်လှည့်ကြည့်မိတော့ ထိုလူရဲ့ ခပ်မာမာအကျင့်က မပျောက်သေးပင်။ စကားသိပ်မများချင်တာမို့ ကိုကိုရှိရာ လှမ်းကြည့်မိတော့ ကိုကိုက ဦးဦးနဲ့တူတူ ကုမ္ပဏီပိုင်းက ဧည့်သည်တွေကို စကားပြောနေတာနဲ့ တူသည်။

" ... လက်ကို လွှတ်လိုက်ပါ ... ခင်ဗျားရဲ့မေးခွန်းတွေ အတွက် ကျွန်တော့်မှာ အဖြေမရှိဘူး ..."

" အဟက် !! မေ့သွားပုံပဲနော် အဲ့ဒီ့ညက ဘာဖြစ်ခဲ့လဲဆိုတာ ... "

" ... မမေ့ပါဘူး ... ဘာဖြစ်ခဲ့လဲ အခုထိ တိတိကျကျကို သိနေတုန်းပဲမို့လို့ ကျွန်တော် တစ်ခုခုမလုပ်ခင် လက်ကို အရင်လွှတ်‌လိုက်ရင် သိပ်ကောင်းမယ် ... ဒီအချိန်မှာ ကျွန်တော်က ကင်ဆော့ဂျင်ရဲ့ အမျိုးသား ကင် ဂျောင်ဂုပါ ... အဲ့ဒီ့ညက ဂျွန်ဂျောင်ဂု မဟုတ်ဘူး ..."

တစ်လုံးချင်းစီ ပြောရင်း သူ့လက်ကို ဆွဲကိုင်ထားတဲ့လက်တွေကို ဖြုတ်ချပစ်မိတော့ ထိုလူက ရယ်သည်။

" ... ဂျောင်ဂု~~ ဂျောင်ဂု~~ မင်းကတော့ ~~ အခုထိ ငွေမက်တဲ့ကောင်ပဲ ... အစ်ကိုဆော့ဂျင်ရဲ့စည်းစိမ်တွေဖြုန်းလို့ဝရင် ငါ့ကိုဆက်သွယ်လိုက် ~~ ငါ့ဆီမှာက အဆက်သွယ်ကောင်းတွေရှိတယ်လေ ~~ ဒါပေမဲ့ အဲ့ဒီ့ညကလိုတော့ ထွက်မပြေးကြေးပေါ့ ... "

ပြောရင်းနဲ့ သူ့မျက်နှာကို ကိုင်တွယ်လာလေတော့ သူ ထိုလက်ကို ရိုက်ချဖို့ ကြိုးစားမိသည်။ သို့ပေမယ့် သူ့ထက် ပိုမြန်တဲ့ အခြားလက်တစ်စုံကတော့ သူ့မျက်နှာကို ထိကိုင်နေတဲ့လက်ကို ဆွဲဖယ်ကာ သူ့ခါးကိုပါ သိမ်းကျုံးဆွဲယူလိုက်သည်။ သူမော့ကြည့်မိတော့ ကိုကို~~။ တော်တော်လေးအလိုမကျတဲ့ပုံနဲ့ မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေပြီမို့ သူ ငြိမ်သက်လိုက်မိသည်။

" ... ငါ့အမျိုးသားကို ထိစရာအကြောင်းမရှိဘူး ... ကလပ်က မင်းတွေ့နေကျကောင်တွေလို လာမဆက်ဆံနဲ့ ..."

အေးစက်တောင့်တင်းနေတဲ့ကိုကို့အသံက သူ့ကျောကိုပါ မတ်သွားစေလေလျှင် သူ့အသက်ရှူသံတွေ နှေးသွားရသည်။ အရှေ့ကသူ့စီနီယာကတော့ ခပ်ကျဲကျဲရယ်သည်။

" ...အစ်ကိုကလည်း ... မိတ်ဟောင်းဆွေဟောင်းတွေကို လာနှုတ်ဆက်တာပါ ... အဲ့လောက်ထိအဖြစ်သည်းမနေပါနဲ့ ... ဖြစ်ချင်ဖြစ် သူကသာ အစ်ကို့လိုစူပါစတားကို အဖြစ်သည်းရမှာ မဟုတ်ဘူးလား ... "

ထိုစကားကြောင့် သူ့ခါးပေါ်က ကိုကို့လက်တွေက သူ့ကို ဖျစ်ညှစ်လာသည်။

" ... ငါ့ကို ရွဲ့မနေဘဲ မင်းအကန့်နဲ့ မင်းနေ ... ငါ့လိုစူပါစတားက မင်းရဲ့ကလပ်တွေကို ဘာလုပ်နိုင်လဲ သိတယ်နော် ... "

" သိပါတယ်ဗျ ... မနှောင့်ယှက်တော့ပါဘူး ... ဒါပေမဲ့ ဂျောင်ဂုဂီလေးကိုတော့ နှုတ်ဆက်ပါရစေဦး ... ... ကျေးဇူးပဲ ဂျောင်ဂုရား ... မင်းကျေးဇူးနဲ့ ငါ ဘယ်ကောင်လေးနဲ့မှ အလုပ်မဖြစ်တော့လို့ ... ငါအခုထိ အလွတ်ရနေသေးတယ် ... မင်းရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းလေးတွေကိုလေ ..."

ပြောပြီးတာနဲ့ ထိုလူကတော့ လှည့်ထွက်သွားပေမယ့် သူကတော့ ဒေါသဖြစ်စွာ လက်သီးဆုပ်လိုက်မိသည်။ သူ့ခါးပေါ်တင်ထားတဲ့ကိုကို့လက်တွေက ပြေလျော့သွားတော့ သူ ကိုကို့ကို မော့ကြည့်လိုက်မိသည်။ ကိုကို့မျက်ဝန်းတွေက မနက်ကနဲ့မတူတော့၊ အခုမှ အစစ်အမှန်ကို ထုတ်ပြလေသလား အောက်မေ့ရသည်။ သူ့တစ်ကိုယ်လုံးကို ထိုးဖောက်မတတ် စိုက်ကြည့်နေသည်ပင်။ ကိုကို ဘယ်လိုထင်သွားလဲ ဆိုတာ သူသိလိုက်ပြီမို့ သူ့နှုတ်ခမ်းတွေကို စတင်လှုပ်ရှားမိသည်။

" ... အဲ့လိုမကြည့်နဲ့ အစ်ကို ~~ မဟုတ်တာ ကျွန်တော် ဘာမှ မလုပ်ခဲ့ဖူးဘူး ... "

သူ့စကားကိုတော့ ကိုကိုက မယုံကြည်သလို သက်ပြင်းချကာ သူ့ကို တုံ့ပြန်လာသည်။

" ... အဲ့ဒါ မင်းကိစ္စလေ ... ဒါပေမဲ့ ငါနဲ့ပတ်သက်နေတဲ့အချိန်အတွင်းမှာ တခြားတစ်ယောက်ဆိုတာမျိုးကို မကြားချင်ဘူး ... အထူးသဖြင့် ခုနလို ကောင်တွေကို မမြင်ချင်ဘူး ဂျွန်ဂျောင်ဂု !! မင်းတို့ဖြစ်တာ မဖြစ်တာ ငါ့ကိစ္စမဟုတ်ပေမယ့် ငါ့သက်ဆိုင်သူမင်းက အဲ့လိုပွေနေတာမျိုးက ငါ့ကို သိက္ခာကျစေတယ် .... "

ကိုကို့စကားကြောင့် သူမျက်မှောင်ကြုတ်မိတော့ ကိုကိုက သူ့ဆီကအကြည့်လွှဲသည်။

" ... တွေ့လား အစ်ကိုကိုယ်တိုင်က ကျွန်တော့်ကို ပွေတယ်လို့ သတ်မှတ်မှတော့ တခြားသူတွေလည်း ကျွန်တော့်ကို အဲ့အတိုင်း ထင်ကြတာမဆန်းဘူး ... ကိုကို့အမျိုးတွေကြားမှာ အထင်သေးသလို အကြည့်တွေနဲ့ အကြည့်ခံနေရတာလည်း ကိုကို့ကြောင့်ပဲ ... ကိုကိုပြောသမျှကို ခေါင်းညိတ်လက်ခံပြီး အထင်သေးသမျှကို သည်းခံမယ့်ပုံပေါက်နေလို့လား ကျွန်တော်က .... "

ဆော့ဂျင် သူ့အရှေ့မှာ စွာတေးလန်လေး လုပ်နေပါတဲ့ ဂျောင်ဂုကို ကြည့်ရင်း ဒေါသထွက်နေရာကနေ ရုတ်တရက် ရယ်ချင်လာရသည်။ အပြစ်ရှိမှန်းသိပါလျက် အပြစ်မရှိသလို မျက်နှာလေးနဲ့ သူ့ကို တဇွတ်ဇွတ်ပြောသွားလိုက်တာများ သူတောင် ဂျောင်ဂုကို ပြန်ကြောက်နေရမယ့်ပုံပေါ်နေပါသည်။ သို့ပေမယ့် ဒေါ်လေးတော်စပ်သူရဲ့သားဖြစ်သူ သူ့ဝမ်းကွဲညီပြောသွားတာတွေက နားထဲက မထွက်သေး။ ဟုတ်သည်ဖြစ်စေ၊ မဟုတ်‌သည်ဖြစ်စေ ဂျောင်ဂုနဲ့အခြေအနေအတိုင်းအတာတစ်ခုထိ ရောက်ခဲ့လို့သာ အဲ့ဒီ့စကားတွေ ထွက်လာဖြစ်သည်။

" ... ငါ့ကိုကျ တစ်ခွန်းမကျန်ပြန်ပြောပြီး ခုနကကျ မလှုပ်ရဲတဲ့ကြောင်လို ငြိမ်နေတာက ဘာသဘောလဲ ... မဟုတ်ဘူးဆို ငြင်းလေ ... ထိကိုင်တာမျိုး သဘောမကျရင် ရှောင်လေ ... ဘာတွေပေးထားလို့ ဒီလောက်တောင် ငြိမ်နေရတာလဲ ... ပြီးတော့ ငါထပ်ပြီး သတိပေးဦးမယ် ... ငါ့ကို ကိုကို ~~ ကိုကို ဆိုပြီး ~~ မခေါ်နဲ့ ... အဲ့ဒီ့စကားလုံး‌ကိုခေါ်ဖို့ မင်းက မထိုက်တန်သေးဘူး ဂျွန်ဂျောင်ဂု "

ဒီတစ်ခါတော့ ဂျောင်ဂု နှုတ်ခမ်းကို မဲ့လိုက်မိသည်။

" ... ကင်မရာတွေရှိနေတာမို့ ပြုံးပြုံးလေးနေစမ်းပါ ... အဲ့ဒီ့မျက်နှာနဲ့ ငါ့ကို လာမဆွဲဆောင်နဲ့ ... ပြီးတော့ ပြောစမ်းပါဦး ... သူက မင်းရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေအကုန် အလွတ်ရတဲ့အထိ ဘယ်အခြေအနေတွေများရောက်ခဲ့လို့လဲ ..."

ဒီမေးခွန်းကိုတော့ ဂျောင်ဂုခပ်မဲ့မဲ့လေးရယ်မိသည်။

" .... ကောင်းပြီ ကင်ဆော့ဂျင် ~~ ကျွန်တော် ရှင်းရှင်းပဲ ပြောမယ် ~~ ခုနက ပြောသွားတဲ့စကားလုံးတွေက အကုန်လုံးအမှန်တွေပဲ ... သူနဲ့ ကျွန်တော်က ကျွန်တော့်ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို တစ်ခုချင်းစီအလွတ်ရလောက်တဲ့အထိ နီးကပ်ခဲ့ဖူးတယ် ..."

ရှင်းပြရင်လည်း အကန်စကားတွေပဲဆက်တိုက်ထွက်လာမှာမို့ သူလည်း အကန်စကားပဲ ပြန်ပြောမိတော့ ခပ်လှောင်လှောင်ဖြစ်နေတဲ့ ကိုကို့အပြုံးတွေ တည်တံ့သွားသည်။ အဲ့ဒီ့နောက် ဘာတစ်ခွန်းမှ မပြောတော့ဘဲ ငြိမ်သက်သွားသည်မို့ သူ့စိတ်ထဲ မကျေမနပ်ဖြစ်သွားမိသည်။ ပြောရရင် အဲ့ဒီ့ကိစ္စက နည်းနည်းတော့ ရှက်ဖို့ကောင်းသည်၊ အဲ့ဒီတုန်းက ကျောင်းတက်ကာ အချိန်ပိုင်းအလုပ်တွေနဲ့ ပြေးလွှားရင်း ငွေရှာရသည်မို့ သူ့ကို နှိမ်ချင်တဲ့သူတွေအများသားပင်။ အဲ့ကြားထဲ ငွေပိုရတဲ့ ဘားတစ်ခုမှာ သူအလုပ်ဝင်ခဲ့မိသည်။ သူ့တာဝန်ကတော့ အရက်ငှဲ့ပေးရုံပါပဲ။ စကားသိပ်နည်းခဲ့တာမို့ ဘယ်သူနဲ့မှ အရောတဝင်မရှိခဲ့ပေမယ့် ခုနက ကိုကို့အမျိုးဆိုသူကလပ်ပိုင်ရှင်ကတော့ သူ့ကို မျက်စိကျခဲ့သည်။ အကြောင်းရင်းကတော့ သူဟာ ငွေကို အသည်းအသန်ရှာနေခဲ့လို့ပင်။ တက္ကသိုလ်က အတူတူပဲမို့ သူ့ကို အမြဲတမ်းနှောင့်ယှက်ကာ ဟာသတစ်ခုလို ဆက်ဆံခဲ့ကြပေမယ့် သူကတော့ အလုပ်ပြုတ်မှာ စိုးလို့ သည်းခံနေခဲ့သည်။ တစ်နေ့မှာတော့ ကလပ်ပိုင်ရှင်ကိုကို့အမျိုးဆိုသူရဲ့မွေးနေ့အခန်းထဲမှာ တာဝန်ကျတဲ့သူက သူတစ်ယောက်တည်းပင်။ တစ်ခုခုမှားနေပြီဆိုတာ သိပေမယ့် သူ့အလုပ်ချိန်မို့ သူငြိမ်သက်နေခဲ့မိသည်။ ထိုလူနဲ့အပေါင်းအဖော်တသ်အုပ်က သူ့ကို မူးအောင်တိုက်ဖို့ ကြိုးစားကြပေမယ့် မအောင်မြင်။ မအောင်မြင်တဲ့အဆုံး ဝိုင်းဖွဲ့ကာ သူ့အဝတ်အစားတွေကို ဆွဲချွတ်ပြီး မှတ်တမ်းယူဖို့ ကြိုးစားခဲ့တာပင်။ တကယ်ကို အကျိုးနည်းပြီ ထင်ပေမယ့် သူ မကြောက်နေခဲ့ပါ။ မရ‌ရအောင် ထိုးကြိတ်ပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့သည်။ ကံတရားက သူ့ဘက်ပါနေတာလားတော့ မပြောတတ်၊ ထိုမွေးနေ့အခန်းထဲကို နောက်ကျမှ ရောက်လာတဲ့သူငယ်ချင်း နှစ်ယောက်ရှိခဲ့သည်။ ထိုနှစ်ယောက်ထဲက တစ်ယောက်ကတော့ လက်ရှိအလုပ်မှာ သူ့ကိုဆူသယောင်ယောင်နဲ့ကောင်းပေးနေတဲ့စီနီယာကင် ဖြစ်သည်။ ကျန်တစ်ယောက်မှာတော့ လက်ရှိအလုပ်မှာ သူ့ကို မကောင်းတဲ့ကောင်လိုမျိုး လိုက်ဖွတတ်တဲ့စီနီယာဖြစ်သည်။ အဲ့ဒီ့ညက ထိုးကြိတ်ရင်း ထွက်ပြေးဖို့ကြိုးစားနေတဲ့သူ့ကို စီနီယာကင်က ကူညီပေးခဲ့ပါသည်။ ထိုအတွက်ကြောင့်လည်း သူ ဘာမှမဖြစ်လိုက်။

မကြောက်ဘူးလားမေးရင် ကြောက်ပါသည်။ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှာ သူသိပ်ကြောက်သည်။ ကြောက်ပေမယ့်လည်း အားကိုးမရှိတဲ့အခါ ဒီအကြောက်တရားကို သူရင်ဆိုင်ဖို့ ခွန်အားတွေ မွေးမြူရသည်၊ ရုန်းကန်ရသည်၊ ထွက်ပြေးရသည်။ တကယ်ဆို လူက နုပေမယ့် စိတ်က မာနေခဲ့လိုသာ အဲ့ဒီလိုအလားတူတဲ့ဒုက္ခတွေကို သည်းခံနိုင်ခဲ့တာဖြစ်သည်။ ကိုကိုကတော့ ဒါတွေကို မသိနိုင်ခဲ့ဘူးမဟုတ်လား ...။

" ဆော့ဂျင် ဂျောင်ဝူးတို့ဟိုဘက်မှာရောက်နေပြီ သွားရအောင် ~~ မင်းအချစ်လေးအနားပဲ ကပ်မနေနဲ့ ..."

သူအတွေးလွန်နေတုန်းမှာပဲ ကိုကို့သူငယ်ချင်းတွေဆီက စကားသံထွက်လာတော့ သူ ကိုကို့မျက်နှာကို ကြည့်မိသည်။ ကိုကိုကတော့ အနုပညာရှင်မို့လို့လားမသိ၊ လူတွေကို ဘယ်လိုမျက်နှာဖုံးနဲ့ပေါင်းသင်းဆက်ဆံရမလဲဆိုတာ ကောင်းကောင်းသိတဲ့ပုံပင်။ ခုနက သူ့ကြောင့်အလိုမကျတာတွေ မျက်နှာမှာ မပေါ်တော့ဘဲ တစ်ဖက်က လူကို အပြုံးတွေနဲ့ပင် ပြန်တုံ့ပြန်သည်။

" ဒါပေါ့ ယွန်ဂီနဲ့လိုက်ခဲ့ပါ့မယ် ... ဂျောင်ဂု-ah ... ခဏလေး ကောင်းကောင်းနေခဲ့ဦးနော် ကိုယ် ဟိုဘက်ခြမ်းခဏသွားလိုက်ဦးမယ် ..."

သူငယ်ချင်းအရှေ့မှာမို့လို့လားမသိ၊ သူ့ကို ချိုသာတဲ့လေသံနဲ့အတူ အရမ်းချစ်ပြသွားပုံပေါ်အောင် ဖန်တီးလိုက်တော့ သူလည်း ဟန်ဆောင်ပြီးရယ်ပြလိုက်မိသည်။

ကိုကို့နွေးထွေးမှုတွေဟာ အစစ်အမှန်သာဆိုရင် ဘယ်လောက် ကောင်းလိုက်လေမလဲ ...

သူတွေးရင်း ထုံးစံအတိုင်း အူကြောင်ကြောင်လေး ရပ်နေမိတော့သည်။ ကိုကိုထယ်ယောင်းကတော့ အလုပ်တွေတအားရှုပ်နေတာမို့ မလာဖြစ်ပေမယ့် ဖုန်းဆက်ပြီး ဂုဏ်ပြုပေးပြီးသားပင်။ တီတီကတော့ ဦးဦးနဲ့ စကားလက်ဆုံကြနေတာမို့ သူ မနှောင့်ယှက်ရဲ။ ကိုကို‌ကလည်း သူ့အပေါင်းအဖော်တွေကြား ရယ်ရယ်မောမောနဲ့ ရှိနေပြန်သည်။ ကျန်တဲ့လူတွေကလည်း သူ့အထိုက်အလျောက်နဲ့သူ၊ သူ့အစုနဲ့သူ ဖြစ်နေကြတာမို့ ထိုအရာအားလုံးကို သူ ဒီအတိုင်းလေး ငေးနေလိုက်မိသည်။ ဒီနေ့ရဲ့ ဇာတ်ကောင်ဟာ သူနဲ့ကိုကိုဖြစ်ပေမယ့် သူကတော့ ဒီနေရာမှာ တစ်ယောက်တည်း အထီးကျန်စွာ တခြားသူတွေ ပျော်ရွှင်နေတာကို ငေးမောနေရသလိုပင်။

ဒီလိုဖြစ်လာဖို့ မရည်ရွယ်မိခဲ့ပေမယ့်လည်း သူ ကိုကို့တစ်မျက်နှာတည်းကြည့်ပြီး အသက်ရှင်ဖို့မှ မဖြစ်နိုင်တာလေ။ အချစ်တွေနဲ့ နာကျင်ခဲ့ရသမျှ ပြန်ကုစားပေးမယ်လို့ တွေးမိခဲ့ပေမယ့် ကိုကိုကတော့ သူ့အချစ်တွေကို မြင်နိုင်မယ်မထင်တော့ပါ။

ဒါပေမဲ့လည်းကိုကိုရယ် ဘယ်တတ်နိုင်မလဲ ... သားသား ရွေးချယ်ခဲ့ပြီးပြီလေ ~~~

💠💠💠

21 Nov , 2022

▬▬▬▬▬▬▬▬▬▬▬▬▬▬▬◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇▬▬▬▬▬▬▬▬▬▬▬▬▬▬▬

⟨ Zawgyi Version ⟩* Me, Myself And Bad Romance*အပိုင္း ၁၅

ေအးစိမ့္ေနတဲ့ ခန္းမႀကီးအလယ္မွာ သူတစ္ေယာက္တည္း ရပ္ေနမိသည္။ Private ဆန္ဆန္ က်င္းပေနတဲ့ ဒီခန္းမႀကီးဟာ အေတာက္ပဆုံး အျဖဴေရာင္ေတြနဲ႔ စီျခယ္ထားတာဆိုေပမယ့္ သူ စိတ္လႈပ္ရွားေနမိသည္။ ဒါ သူ႔အတြက္ ဒုတိယအႀကိမ္ လက္ထပ္ျခင္းပါပဲ။

ကိုကို႔ဘက္က မိသားစုဝင္ေတြနဲ႔ ေဆြမ်ိဳးေတြသာ ရွိၿပီး သူ႔ဘက္ကေတာ့ မိသားစုဝင္ရယ္ဆိုလို႔ တစ္ေယာက္မွ မရွိ။ ခူ႐ိုတို႔မိသားစုကိုလည္း ႐ုတ္တရက္ျဖစ္သြားခဲ့တဲ့ ဒီလက္ထပ္ပြဲႀကီးကို သူ အသိေပး႐ုံေလာက္ပဲ တတ္ႏိုင္ခဲ့ပါသည္။ ကိုကို႔ေဖေဖနဲ႔ တီတီကေတာ့ ခန္းမရဲ႕ အေရွ႕ဆုံးမွာ အၿပဳံးေတြနဲ႔ ေနရာယူေနေပမယ့္ ကိုကို႔ဘြားဘြားနဲ႔ဘိုးဘိုးကေတာ့ သိပ္ၾကည္ေနပုံမရ။ ငယ္ငယ္က ကိုကို႔အိမ္မွာ ႀကီးျပင္းလာတယ္ဆိုေပမယ့္ ကိုကို႔ဘိုးဘြားေတြကို အခုမွ သူ ျမင္ဖူးျခင္းျဖစ္သည္။

ပထမအႀကိမ္တုန္းက ခူ႐ိုနဲ႔ဟန္ေဆာင္လက္ထပ္ခဲ့ရလို႔ ေထြေထြထူးထူးမခံစားရေပမယ့္ အခုတစ္ႀကိမ္ေတာ့ ထူးထူးဆန္းဆန္း သူ တုန္လႈပ္လႈိက္ဖိုမိသည္။ အဲ့ဒီ့တုန္းက မဂၤလာေတးဆိုေပးခဲ့တဲ့ ကိုကို႔ရဲ႕အသံေၾကာင့္ သူ နာက်င္ခဲ့ရတာကိုလည္း မေမ့ႏိုင္ေသး။ အခုေတာ့ ဦးဦး စီစဥ္ထားတဲ့အတိုင္း တစ္ဖက္ေလွ်ာက္လွမ္းက ကိုကို ထြက္လာၿပီး သူနဲ႔တူတူ ကတိကဝတ္ျပဳၾကရမွာဆိုေပမယ့္ အခုေတာ့ rehearsal ကထက္ အခ်ိန္အနည္းငယ္ ၾကန႔္ၾကာေနသလိုပင္။

ကိုကို သူ႔ကို မုန္းလြန္းလို႔ ဒီအတိုင္း တစ္ေယာက္တည္း ပစ္သြားမွာေတာ့ မဟုတ္ႏိုင္ပါဘူးေနာ္ ...

ကိုကိုနဲ႔ သူ႔ၾကားမွာ ေျပလည္တဲ့ဆက္ဆံေရးမရွိေပမယ့္ ဒီလက္ထပ္ပြဲေလးကိုေတာ့ ေကာင္းေကာင္းမြန္မြန္ၿပီးဆုံးေစခ်င္ပါသည္။ ဖာ သာ အေရွ႕မွာ သူရပ္ေနမိတာ စကၠန႔္နည္းနည္းပဲ ရွိေသးတယ္ ဆိုေပမယ့္ သူကေတာ့ အခ်ိန္ေတြ ေတာ္ေတာ္ၾကာေနၿပီလို႔ ခံစားေနမိသည္။ ကိုကို႔ကိုလည္း သူ အရမ္းေတြ႕ခ်င္ေနၿပီျဖစ္သည္။ ဘယ္လိုပဲ မေကာင္းတဲ့ဆက္ဆံေရးရွိေနပါေစ ... ကိုကို႔ကို သူ ခ်စ္တဲ့အတြက္ ဒီေန႔ကို သူ႔ဘဝရဲ႕ အလွပဆုံးအခိုက္အတန႔္ေလးေတာ့ ျဖစ္ေစခ်င္ပါသည္။

" ဟင္း "

ေဂ်ာင္ဂု မသိမသာ သက္ျပင္းေလး ခိုးခ်ရင္း အေရွက ဖာသာကို ၿပဳံးျပလိုက္မိသည္။ ဖာသာကေတာ့ သူ႔ကို ၿပဳံးၿပဳံးေလးပင္ စိုက္ၾကည့္ေနေသးသည္။ အဲ့ဒါထက္ မလွမ္းမကမ္းမွာ ရွိေနတဲ့ ကင္မရာသမားေတြေၾကာင့္ သူပိုအေနရခက္ပါသည္။ ဦးဦးအစီအစဥ္အရ မဂၤလာမွတ္တမ္းကိုပါ ႐ိုက္ကူးေစခဲ့တာမို႔ သူ႔အျပဳအမူေသးေသးကအစ ကင္မရာမွာ မွတ္တမ္းက်န္ေနခဲ့ေတာ့မွာ ျဖစ္သည္။

သူ ရင္ေမာေနတုန္း တခဏမွာပဲ သံစဥ္အပိုင္းအစေတြ ထြက္လာေတာ့ သူ႔မ်က္ဝန္းေလး ေတာက္ပသြားမိသည္။

" ... ♪ ... ♪ ... ♪ ... "

ဘာလဲ ကိုကိုက သီခ်င္းဆိုေပးဦးမွာလား ... ဒုတိယအႀကိမ္အျဖစ္ေလ ...

သူ႔အေတြးမဆုံးေသးခင္မွာပဲ ကိုကို႔အသံေလး ထြက္လာေတာ့ သူ တကယ္ကို မင္သက္အံ့ဩကာ ေနာက္လွည့္ၾကည့္လိုက္မိသည္။

" ... ♪ ... ♪ မင္းနဲ႔ေတြ႕ဆုံၿပီးေနာက္ပိုင္း ... ♪ ... ေျပာင္းလဲမႈေသးေသးေလးေတြကအစ ေပ်ာ္႐ႊင္ေနတတ္ခဲ့ၿပီ ... ♪ ... ♪ ... ♪ ... မ်က္ဝန္းထဲထိေတာက္ပေနတဲ့နံနက္ခင္း ... မင္းအေၾကာင္းေတြးရင္း ႏိုးထလာတဲ့ တစ္ေန႔တာ ... ထမင္းစားပြဲမွာ မ်က္ႏွာခ်င္းဆိုင္ထိုင္ၿပီး ...... ♪ ... ♪ ... ♪ ... မင္းရဲ႕တစ္ေန႔တာဟာ ဘယ္လိုလဲလို႔ေမးၿပီး ...... ♪ ... ♪ ... ♪ .. ကိုယ့္ရဲ႕တစ္ေန႔တာကေတာ့ အဆင္ေျပလြန္းတယ္လို႔ ... ♪ ... ♪ ရီေမာၿပီးေျဖခ်င္တယ္ "

တကယ္ကို ႏူးညံ့စြာနဲ႔ ၿပဳံးေပ်ာ္႐ႊင္ရင္း ခန္းမထဲ တစ္လွမ္းခ်င္းစီ ေလွ်ာက္ဝင္လာတဲ့ ကိုကို႔ပုံစံေၾကာင့္ သူ ေၾကာင္ေတာင္ေတာင္ေလး ေတာင့္တင္းသြားမိသည္။ လက္စြပ္သြားေ႐ြးတဲ့ေန႔က အထိေတာင္ ကိုကိုက သူ႔နဲ႔ ဆန႔္က်င္ဘက္ေတြ လုပ္ေနေသးသည္။ သူ ႀကိဳက္တဲ့ပုံစံကိုေတာင္ မ်က္ႏွာလႊဲခဲပစ္လုပ္ၿပီး သူလုံးဝမႀကိဳက္တဲ့ ပုံစံကို ယူခဲ့တာေလ။ ဒီဝတ္စုံအတြက္လည္း အတူတူပါပဲ၊ သူကအျဖဴဆို ကိုကိုက အမည္းလုပ္ေနလို႔ တီတီက သူ႔သေဘာအတိုင္း အျဖဴဆိုၿပီး ေ႐ြးေပးခဲ့မွသာ ကိုကိုက ၿငိမ္သက္သြားခဲ့တာျဖစ္သည္။

အခုေတာ့ ... ကိုကို႔ကို လြန္ခဲ့တဲ့ ကိုးႏွစ္ လမ္းမခြဲခင္က ပုံစံမ်ိဳးနဲ႔ ျပန္ျမင္လိုက္ရတာ သူရင္ဘတ္ေတြပါ နာတဲ့အထိ ေပ်ာ္႐ႊင္မႈက ေနရာဝင္ယူလာသည္။

" ... ... ♪ ... ♪ ... ေထြထူးမဟုတ္တဲ့ကိစၥေလးေတြကအစ စိတ္ခ်င္းဆက္ႏြယ္သြားတိုင္း ... ♪ ... ♪ ... ♪ ... အသားက်ေနတဲ့ တစ္ေယာက္နဲ႔တစ္ေယာက္ေၾကာင့္ အံ့ဩမိတယ္ မင္းကို ခ်စ္တယ္... ♪ ... ♪ ... ♪ ... "

ႏူးညံ့ေနတဲ့အဲ့ဒီ့အၾကည့္ေတြ ... ေတာက္ပေနတဲ့ အဲ့ဒီ့အၿပဳံးေတြ ... သူ႔ကို ၾကည့္ရင္း လႈပ္ရွားေနတဲ့ ႏႈတ္ခမ္းေလးေတြ ... စာသားေတြကို လွလွပပပုံေဖာ္လာေလေတာ့ သူ ေပ်ာ္ဝင္သြားမိတယ္ထင္သည္။ သူကိုယ္တိုင္ေတာင္ မသိလိုက္ဘဲ မ်က္ဝန္းေတြ ေဝ‌ဝါးလာရသည္။ မနက္က အထိေတာင္ အဆင္မေျပဘဲ တက်က္က်က္ျဖစ္ေနတဲ့ ကိုကို႔ကို ဘာေတြက ဒီလိုေျပာင္းလဲ ေပးလိုက္တာလဲ ... ၿပီးေတာ့ rehearsal မွာ ဒီအပိုင္းမပါဝင္ခဲ့ဘူးေလ ....

" ... ♪ ... ၾကင္နာစြာနဲ႔ အခုလိုေလးပဲ အၿမဲထာဝရျဖစ္ခ်င္တယ္ . ... ♪ ... ♪ ...မင္းကို ၾကည့္ရင္း ေတြးခဲ့မိတယ္ .... မင္းနဲ႔ဆုံဆည္းခြင့္ရခဲ့တာ ကိုယ္ အရမ္းေပ်ာ္႐ႊင္ရတယ္... ♪ ... ♪ ... ကိုယ္ ကိုယ္တိုင္လည္း ေလးေလးနက္နက္ခ်စ္လာႏိုင္ခဲ့တယ္ ... ♪ ... ♪ ... အခုထိ ႏုနယ္ၿပီး လိုအပ္ခ်က္ေတြရွိေနတဲ့ ကိုယ့္ႏွလုံးသားေလးကိုေႏြးေထြးစြာ နားလည္မႈအျပည့္နဲ႔ ေထြးေပြ႕ေပးခဲ့တယ္ ... ♪ ... ♪ ... "

အတုအေယာင္ေတြလား၊ အစစ္အမွန္လားဆိုတာ သူ မခြဲျခားတတ္ေတာ့တဲ့အထိ ကို႔ကို႔အသံေလးထဲမွာ ေပ်ာ္ဝင္သြားခဲ့မိသည္။ သူၿပဳံးေနလား၊ ရယ္ေနလား၊ တည္ေနလားေတာင္ သူမသိ။ ေသခ်ာတာကေတာ့ သူငိုေနမိတာပင္။ ကိုကိုကေတာ့ သူ႔ေရွ႕တည့္တည့္ေရာက္လာရင္း ေအးစက္ေနတဲ့ သူ႔လက္ဖ်ားကို ဆြဲကိုင္ကာ အဆုံးမသတ္ေသးတဲ့စာသားေတြကို ေဖာ္က်ဴးဆဲ ...။

" ... ♪ ... မဆင္မျခင္ေျပာမိတဲ့စကားေတြေၾကာင့္ ႏွစ္ေယာက္ၾကားနာက်င္စရာနဲ႔အတူ ... ♪ ... ♪ .ေအးစက္ေနတဲ့ဆက္ဆံေရးကို ကိုယ္ဆက္ၿပီး ခံႏိုင္ရည္မရွိေတာ့လို႔ ေတာင္းပန္ပါတယ္ ... ♪ ... ♪ ... ဒီလိုစိုးရိမ္ပူပန္မႈေတြဟာလည္း ကိုယ္တို႔ႏွစ္ေယာက္ကို ထာဝရျဖစ္ေစခ်င္လို႔မင္းကိုၾကည့္ရင္း ေတြးခဲ့မိတယ္ ... ♪ ... ♪ ... "

သီခ်င္းစာသားဆိုေပမယ့္ သူ႔ကို ေျပာျပေနတဲ့ စကားလုံးေလးေတြလို႔ သူသတ္မွတ္မိၿပီး သူ႔လက္ကို ဆုပ္ကိုင္ထားတဲ့ ကိုကို႔လက္ကို ျပန္ဖ်စ္ညႇစ္မိသည္။ ကိုကိုကေတာ့ သူ႔လက္ေတြကို ခပ္ဖြဖြေလး ျပန္ပြတ္သပ္ကာ ၾကည္လဲ့လဲ့မ်က္ဝန္းေတြနဲ႔ ၿပဳံးသည္။

ဘယ္လိုပဲ ျဖစ္ျဖစ္ ... သူ ခံစားမိသည္၊ အဲ့ဒီ့အၿပဳံးဟာ ကိုကို သူ႔ကို ခ်စ္တယ္လို႔ ေျပာျပေနတဲ့အၿပဳံး ~~

" ... ♪ ... ♪ ကိုယ္နဲ႔ဆုံရတာ မင္းေကာ ေပ်ာ္႐ႊင္ရဲ႕လား ... ♪ ... ♪ ...မလုပ္ေပးႏိုင္ခဲ့တာေတြ မ်ားလို႔ ေတာင္းပန္ပါတယ္ ... ♪ ...တစ္ကိုယ္ေကာင္းဆန္ၿပီး စိုးရိမ္ပူပန္ေနတတ္တဲ့ကိုယ္ဟာ ... ♪ ... ♪မင္းတစ္ေယာက္တည္းအေပၚမွာပဲ ေကာင္းေပးခ်င္ခဲ့လို႔ပါ ... ♪ ... အရင္ထဲက ကိုယ္အၿမဲေမွ်ာ္လင့္ေနခဲ့ရတဲ့ ၿပီးျပည့္စုံတဲ့ကိုယ့္အခ်စ္ကို အခု ရွာေတြ႕ခဲ့ၿပီ ... ♪ ... ♪ ... ♪ကိုယ့္လက္ကို ဆုပ္ကိုင္ေပးလို႔ အင္အားေတြေပးခဲ့လို႔ ေႏြးေထြးစြာ နားလည္မႈ အျပည့္နဲ႔ ေထြးေပြ႕ေပးခဲ့လို႔ ... ♪ ... ♪ .. သိပ္ခ်စ္ပါတယ္ ... "

သံစဥ္ေလးဆုံးတာနဲ႔ ကိုကိုက မိုက္ကို ေဘးနားက ဗန္းေလးကိုင္ထားတဲ့ေကာင္မေလးဆီ ေပးကာ သူ႔လက္ႏွစ္ဖက္ကို ဆြဲယူသည္။ ခန္းမတစ္ခုလုံးဆီက လူေတြရဲ႕အၾကည့္ေတြကလည္း သူနဲ႔ကိုကို႔ဆီကို အာ႐ုံစိုက္ေနၾကသလို ကင္မရာနဲ႔ မွတ္တမ္းယူေနတဲ့သူေတြကလည္း တဖ်ပ္ဖ်ပ္ပင္။

" ... ခ်စ္တယ္ ေဂ်ာင္ဂု ~~ အရမ္းမုန္းတီးရေလာက္တဲ့အထိ မင္းကို ခ်စ္တယ္ ... "

သူ႔လက္ဖ်ားေလးကို ပြတ္သပ္ကာ ေျပာလာေလေတာ့ သူ ဘာကိုမွ မစဥ္းစားႏိုင္ေတာ့ဘဲ တကယ္ငိုခ်လိုက္မိေတာ့သည္။ သူငိုခ်လိုက္မိလို႔လားေတာ့မသိ၊ ကိုကို႔မ်က္ဝန္းေတြပါ နီရဲလာတာ ျမင္လိုက္မိသည္။ သူ႔လက္ဖ်ားေတြကို ဆုပ္ကိုင္ထားတဲ့ကိုကို႔လက္ေတြကလည္း ေႏြးေထြးတယ္ဆိုေပမယ့္ တုန္ယင္ေနတာ‌ သူ ခံစားမိသည္။

ဒါေတြက အစစ္အမွန္ေတြပဲ မဟုတ္လားဟင္ လို႔ သူကိုကို႔ကို ေမးလိုက္ခ်င္မိသည္။

အဲ့ဒီ့ေနာက္ ဖာသာတိုင္တည္ေပးတဲ့ ကတိကဝတ္စကားေတြကို ေရ႐ြတ္ေတာ့ ကိုကို႔အသံတုန္ယင္ေနခဲ့သည္။ သူသည္လည္း ကိုကို႔နီးပါး ထပ္တူက်ရင္း ဖာသာဆီ ကတိဝန္ခံမိေတာ့ ဘယ္ဘတ္ရင္အုံက လႈိက္လႈိက္လွဲလွဲရင္ဖိုလာရသည္။

" ~~~ အသိသက္ေသအျဖစ္ သတို႔သားႏွစ္ေယာက္ လက္စြပ္လဲႏိုင္ပါၿပီ ~~~ "

ဖာသာရဲ႕စကားအဆုံး သူ႔လက္ကို ကိုကိုေရွ႕ပို႔မိေတာ့ ကိုကိုက ခပ္ဖြဖြေလးကိုင္ကာ ေဘးနားမွာ ရွိေနတဲ့ေကာင္မေလးဆီက လက္စြပ္ကို သူ႔လက္လွလွဆီ ကြက္တိဝင္ေစသည္။ သူ႔ကို လက္စြပ္စြပ္ေပးေနတဲ့ ကိုကို႔မ်က္ႏွာလွလွကိုပဲ သူေငးေနမိေတာ့ လက္ေပၚကို ဘယ္လိုေရာက္သြားလဲ သူမသိလိုက္။ ကိုကို႔အတြက္ သူ ျပန္ဝတ္ေပးရမယ့္ အခ်ိန္ေရာက္ေတာ့မွ သူ လက္စြပ္ေလးကို ျမင္လိုက္ရသည္။ ထိုအခါမွ လႈပ္ခါေနၿပီးသား ႏွလုံးသားဟာ သြက္သြက္ခါေအာင္ ႐ူးသြားပုံေပၚပါသည္။

" ... "

႐ုတ္တရက္ ဆြံ႕အသြားေလာက္တဲ့အထိ ခဏတာ ၿငိမ္သက္ေနၿပီးမွ အငိုမ်က္လုံးေတြနဲ႔ သူ လွမ္းယူလိုက္မိသည္။ ဟုတ္ပါရဲ႕ ... ထိုလက္စြပ္ေလးဟာ ဆိုင္မွာတုန္းက သူႀကိဳက္လို႔ ကိုကို မေ႐ြးခဲ့တဲ့လက္စြပ္ေလး။ အခုေတာ့ ကိုကိုနဲ႔သူ႔လက္ေပၚမွာ သူသေဘာက်တဲ့လက္စြပ္ေလးရွိေတာ့မွာမို႔ သူ ၿပဳံးလိုက္မိသည္။ အဲ့ဒီ့ေနာက္ ကိုကို႔လက္ရွည္ရွည္ေတြၾကား ကြက္တိဝင္ေစလိုက္မိေတာ့သည္။

" သတို႔သားႏွစ္ေယာက္ အၾကင္နာေပးႏိုင္ပါၿပီ "

ထိုအသံေၾကာင့္ သူ႔ပခုံးေလးတြန႔္သြားရသလို ကိုကို႔ကို မ်က္ဝန္းဝိုင္းဝိုင္းေတြနဲ႔ ၾကည့္မိသည္။ အၾကင္နာေပးရမယ္ဆိုတာ သိေပမယ့္ ကိုကို႔ဆီက အနမ္းေတြကို သူလက္ခံယူဖို႔ အဆင္သင့္မျဖစ္ေသး။ ေသမတတ္လြမ္းခဲ့ရတဲ့ကိုကို႔ႏႈတ္ခမ္းေတြကို အပိုင္စားျပန္ရဖို႔ သူ႔ႏွလုံးသားက ခုန္ေပါက္လြန္းေနသည္။

ကိုကို နမ္းလို႔ သူ တစ္ခုခုျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ ... ကိုကို နမ္းလိုက္လို႔ သူ အဆုံးထိ႐ူးသြပ္သြားရင္ ဘယ္လိုလုပ္မလဲ ...

သူအရမ္းႏွစ္ၿခိဳက္ပါတဲ့ အဲ့ဒီ့ႏႈတ္ခမ္းထူထူေလးက သူ႔အနား ေ႐ြ႕လာေလလွ်င္ သူ ေရွာင္ေျပးဖို႔ ႀကိဳးစားမိသည္။

လူအမ်ားႀကီးေရွ႕မွာ နမ္းမိလို႔ ျပန္မလႊတ္ေပးႏိုင္ေတာ့ရင္ ဘယ္လိုလုပ္မလဲ ... ဒီထက္ပိုတာေတြပါ လိုခ်င္လာရင္ ဘယ္လိုလုပ္မလဲ ... ၿပီးေတာ့ ဒီရင္ဘတ္က ေပါက္ထြက္သြားသလိုေတာင္ ခုန္ေနတာကို ဘယ္လိုလုပ္ ~~~

" ... "

သူေရွာင္ေနတာကို သိပုံရတဲ့ ကိုကိုကေတာ့ သူ႔လက္ကို လႊတ္ကာ သူ႔ခါးကို ဆြဲကပ္ယူရင္း ခပ္ျမန္ျမန္ပင္ သူ႔ႏႈတ္ခမ္းႏွစ္လႊာကို စုပ္ယူငုံေထြးသြားသည္။ ကိုကို သူ႔ကို နမ္းလိုက္တဲ့ပုံစံက အရမ္းမိုက္လြန္းေနတာမို႔ အံ့ဩကာ မ်က္ျပဴးေလးျဖစ္ၿပီး ႏႈတ္ခမ္းေလးဟမိေတာ့ ကိုကို႔အေပၚႏႈတ္ခမ္းခြၽန္ခြၽန္က သူ႔အေပၚယံႏႈတ္ခမ္းသားေတြကို ခပ္ဖြဖြေလး လာဖိကပ္သည္။ တကယ္သေဘာက်ၿပီး ႀကိဳက္လြန္းတာမို႔ ၿငိမ္သက္ေနမိေတာ့ ကိုကို႔ကၿပဳံးလိုက္ပုံေပၚသည္။ သူ႔ေခါင္းကို ထိန္းကိုင္ကာ သူ႔ပါးျပင္ကို ထိကပ္ေနတဲ့ကိုကို႔လက္မေလးကေတာ့ သူ႔ပါးျပင္ကို ခပ္ဖြဖြေလးပြတ္သပ္လာသည္။ ထိုအေျခအေနေၾကာင့္ သူကိုကို႔အက်ႌကို လက္သီးေလးျဖစ္ေအာင္ ဆုပ္ကိုင္မိေတာ့ ကိုကိုက ဖိကပ္ထားတဲ့ ႏႈတ္ခမ္းကို ခြာလိုက္သည္။ အဲ့ဒီ့ေနာက္ မွတ္တမ္းဓာတ္ပုံအတြက္ ကိုကိုဟာ ကင္မရာေတြရွိရာဘက္ကို ၿပဳံးျပလိုက္ေတာ့သည္။

သူကေတာ့ ကိုကို႔အနမ္းေၾကာင့္ အူေၾကာင္ေၾကာင္ေလး က်န္ရစ္ေနခဲ့ၿပီးမွ ကိုကိုက သူ႔လက္ကို ယူကာ လက္ခ်င္းခ်ိတ္လိုက္တာမို႔ သူ႔အေျခအေနေတြ ျပန္အသက္ဝင္လာခဲ့ရေတာ့သည္။ ထို႔ေနာက္ ဦးဦးနဲ႔တီတီက မွတ္တမ္းပုံေတြ႐ိုက္ၾကေတာ့တာမို႔ သူ႔ခမ်ာ ကိုကို႔ကို စကားေျပာဖို႔အခ်ိန္ေတာင္ မရလိုက္ဘဲ ကိုကို႔မ်က္ႏွာ တၾကည့္ၾကည့္နဲ႔ အခ်ိန္ကုန္ခဲ့ရေတာ့သည္။

အခမ္းအနားၿပီးစီးသြားတဲ့ေနာက္မွာ ကိုကိုက ေဆြမ်ိဳးေတြကို ႏႈတ္ဆက္ဖို႔ သူ႔ေဘးနားကေန ထြက္သြားခဲ့သည္။ ပြဲစတဲ့အခ်ိန္ကစလို႔ အခုထိ သူနဲ႔ကိုကို ေသခ်ာစကားမေျပာရေသးပါ။ ထို႔ေၾကာင့္ သူ ကိုကို႔ကို ရွာဖို႔အတြက္ နားေနခန္းဘက္ သြားလိုက္မိသည္။ Dinner Partyအတြက္လည္း ျပင္ဆင္ရဦးမွာ မဟုတ္လား၊ အစီစဥ္ေတြကို ညႇိဖို႔ ကိုကို႔ကို သူ လိုအပ္ပါသည္။

" ... Dinner Partyမွာ ေၾကညာမယ္ဆိုၿပီး အခုက ဘာျဖစ္ရတာလဲ အေဖ ~~ အေဖ့စကားမတည္တာလား ..."

နားေနခန္းေရွ႕အေရာက္ အထဲက ကိုကို႔အသံၾကားလိုက္ရတာမို႔ တံခါးဖြင့္ေနၿပီျဖစ္တဲ့သူ႔လက္ေတြ ရပ္တန႔္သြားသည္။

" ... အစတုန္းက အဲ့ဒီလိုလုပ္မလို႔ဘဲ ဒါေပမဲ့ မင္းကိစၥေၾကာင့္ ငါ့သားေဂ်ာင္ဂု ‌အေႏွာင့္အယွက္ျဖစ္ရင္ ဘယ္လိုလုပ္မလဲ ...အဲ့ဒါေၾကာင့္ ရက္ေ႐ႊ႕ၿပီး သီးသန႔္ျပန္လုပ္ေပးမယ္ ..."

" ... က်စ္ ... "

ကိုကို႔ဆီက စိတ္အလိုမက်မႈေပၚလာေလေတာ့ ျပႆနာကို သူ ေသခ်ာသိခ်င္သြားမိသည္။ ထို႔ေၾကာင့္ တံခါးကို ထပ္ဟကာ သူအထဲက အေၾကာင္းေတြ ၾကားရဖို႔ ႀကိဳးစားမိသည္။

" ... အေဖ ~~ ကြၽန္ေတာ္ အေဖ့သေဘာအတိုင္း အကုန္လုပ္ခဲ့တယ္ေနာ္ ~~ ေဂ်ာင္ဂုကိုလည္း ေကာင္းေကာင္းမြန္မြန္ဆက္ဆံေပးသလို သူလိုခ်င္တဲ့လက္စြပ္၊ အဝတ္အစား၊ အျပင္အဆင္ေတြကအစအကုန္လိုက္ေလ်ာေပးတယ္ .. ရွင္းရွင္းေျပာရင္ ကြၽန္ေတာ္ သီခ်င္းဆိုဖို႔ အခက္အခဲျဖစ္ေနတာကို သိသိခ်ည္းနဲ႔ သီခ်င္းျပန္ဆိုခိုင္းတာမို႔ ကြၽန္ေတာ္ ႀကိဳးစားၿပီး ဆိုေပးခဲ့တယ္ ... မလုံေလာက္ေသးဘူးလား ... ဘယ္အခ်ိန္ထိ သည္းခံၿပီး ေကာင္းေကာင္းမြန္မြန္ဆက္ဆံေပးရမွာလဲ ... အေဖ့အေမြေတြအကုန္မလိုခ်င္ပါဘူး လိုခ်င္တာ အဲ့ဒီ့ Entertainment တစ္ခုပဲကို ~~~ ကြၽန္ေတာ္ဘာထပ္လုပ္ေပးရမလဲ .... ထပ္ၿပီး သူယုံေအာင္ ခ်စ္ဟန္ေဆာင္ျပရမလား ..."

ၾကားလိုက္ရတဲ့စကားေၾကာင့္ သူ႔လက္ေတြ ေသြးမရွိေတာ့သလိုပင္။ ဆုပ္ကိုင္ထားမိတဲ့တံခါးကိုေတာင္ လႊတ္ခ်လိုက္မိသလို တစ္ေနကုန္ ရင္ခုန္လႈိက္ေမာလာရတဲ့ ႏွလုံးသားဟာလည္း စူးနင့္ၿငိမ္သက္သြားသည္။

ဒါဆို ကိုကိုက ဦးဦးနဲ႔ အေပးအယူလုပ္ခဲ့တာေပါ့ ... မဂၤလာပြဲတစ္ေလွ်ာက္လုံး ကိုကို သူ႔ကို ခ်စ္တယ္ဆိုတဲ့ အမူအရာေတြျပခဲ့တာက ဦးဦးေျပာခဲ့လို႔ပဲေပါ့ ...

အစစ္အမွန္ေတြလို႔ ထင္ရေလာက္တဲ့အထိ သိပ္ပိရိလြန္းတာပဲ ကိုကိုရယ္ .. သားသားမွာ ေျပာစရာစကား ကုန္သြားတဲ့အထိပဲ ... အဲ့ဒီ့အၾကင္နာမ်က္ဝန္းနဲ႔ၾကည့္ခဲ့တာေတြ .. ခံစားခ်က္အျပည့္နဲ႔သီခ်င္းဆိုျပခဲ့တာေတြ .. ေအးစက္ေနတဲ့သားသားလက္ေတြကို ခပ္ဖြဖြေလး ဆုပ္ကိုင္ေပးခဲ့တာေတြ ... ႏႈတ္ခမ္းပါးေတြကို ရင္ခုန္ေအာင္ နမ္းခဲ့တာေတြ ....

ေဂ်ာင္ဂု ေတြးရင္း ေတြးရင္း ေမာဟိုက္လာသည္မို႔ ဆက္နားမေထာင္ျဖစ္ေတာ့ဘဲ ထိုအခန္းေရွ႕ကေန ေျခလွမ္းက်ဲနဲ႔ေလွ်ာက္ကာ ေလေကာင္းေလသန႔္ရမယ့္ ဧည့္ေတြ႕ခန္းမမွာ ၿငိမ္သက္စြာ ထိုင္ေနလိုက္မိေတာ့သည္။

တစ္ေနကုန္ ရင္ခုန္လႈိက္ဖိုခဲ့ရသမွ် အကုန္လုံးအလိမ္အညာေတြဆိုတာ သိလိုက္ရေတာ့ သူ႔ရဲ႕စိတ္ကူးယဥ္ကမာၻေလးပ်က္သုဥ္းသြားသလို ခံစားလိုက္ရသည္။ သို႔ေပမယ့္ သူကေတာ့ ဧည့္ေတြ႕ခန္းမမွာ ထိုင္ရင္း ကိုကိုကိုယ္တိုင္ ဝတ္ေပးခဲ့တဲ့လက္စြပ္ေလးကို ပြတ္သပ္ေနလိုက္မိေတာ့သည္။

... အခ်စ္ေရာ အမုန္းေရာ က်န္ေသးတယ္ဆိုရင္ ... အခ်စ္ေတြတိုးၿပီး အမုန္းကိုေလ်ာ့ေပးဖို႔ ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူးလားဟင္ ကိုကို ~~

ေဂ်ာင္ဂုမွာေတာ့ ဧည့္ေတြ႕ခန္းမထဲ ေတြးရင္း ဝမ္းနည္းေနေပမယ့္ က်န္ေနခဲ့တဲ့နားေနခန္းထဲမွာေတာ့ အခုထိ မၿပီးျပတ္ႏိုင္ေသးတဲ့လူသားႏွစ္ေယာက္။

" ... မင္း ဘာေတြေျပာေနတာလဲ ကင္ေဆာ့ဂ်င္ ... ဘယ္သူက မင္းကို ခ်စ္ဟန္ေဆာင္ခိုင္းလို႔လဲ ... မင္းဘာသာမင္း ကေလးေရွ႕မွာ မာေရေက်ာေရ လုပ္ေနၿပီး ေနာက္ကြယ္မွာက် ျဖစ္ခ်င္တာေတြ အကုန္လုပ္ေပးေနတာမဟုတ္လား ... သီခ်င္းကေရာ? မင္းက်န္းမာေရးအေျခအေနကို သိလို႔ မင္းကိုတားခဲ့တာေလ .. ဘယ္လိုလုပ္ ငါက ဖိအားေပးမလဲ .. "

အေဖ့စကားအဆုံးသတ္မွာေတာ့ ေဆာ့ဂ်င္ မွန္ကေနတစ္ဆင့္ျမင္ေနရတဲ့အရိပ္ေလးေပ်ာက္သြားၿပီဆိုတာ သတိထားလိုက္မိသည္။ အဲ့ဒီ့ေတာ့မွ သက္ျပင္းခ်ကာ အေနာက္လွည့္ၾကည့္မိသည္။ သူ႔အျပဳအမူေၾကာင့္ အေဖက သတိထားမိသြားေတာ့မွ သူ႔ကို မႏိုင္ေတာ့တဲ့ပုံစံနဲ႔ ၾကည့္သည္။

" ... ေဂ်ာင္ဂုရွိေနလို႔ တမင္သက္သက္ေျပာလိုက္တာလား .. ကင္ေဆာ့ဂ်င္ "

အေဖ့ေမးခြန္းကိုေတာ့ သူမေျဖျဖစ္။ ဒီကေလးကို ျမင္ရင္ ဂ႐ုမစိုက္သလိုသာ ေနခ်င္ပါသည္။ မုန္းတယ္ဆိုေပမယ့္ ခ်စ္လဲ ခ်စ္ေနေသးေတာ့ နာက်င္ေအာင္လုပ္မိမွာလဲ ေၾကာက္သည္။ သို႔ေပမယ့္လည္း သူခံစားခဲ့ရသလို နာက်င္ေစခ်င္ေသးသည္။ ဒါဟာ မေကာင္းဘူးဆိုတာ သူေသခ်ာသိရဲ႕သားနဲ႔ေပါ့။ သူ႔စိတ္ကိုလည္း သူနာမလည္ႏိုင္ေတာ့။

" ... ေနာင္တရမွာ မေၾကာက္ဘူးလား ... "

" .... ဟင္အင္း ထပ္ၿပီး အထီးက်န္ေနမွာပဲ ေၾကာက္တယ္ ... ဒီတစ္ခါ တစ္ေယာက္တည္းေတာ့ နာနာက်င္က်င္ မေနႏိုင္ဘူး .... သူေရာ ကြၽန္ေတာ္ေရာ အခ်ိဳးက်က် နာက်င္ေနမွ ေတာ္ကာက်မယ္ေလ . ... ကြၽန္ေတာ္နာက်င္ရမယ္ဆိုရင္ သူလည္း ကြၽန္ေတာ့္လိုပဲ ျဖစ္ရမွာ ..."

" အမ်ားႀကီးေတာ့ မေျပာခ်င္ဘူး ~~ ဒါေပမဲ့ မင္း ဘာလိုခ်င္ေနတာလဲ ေသခ်ာစဥ္းစား ေဆာ့ဂ်င္ ~~ ကိုယ္ခ်စ္တဲ့သူထိခိုက္နာက်င္တာကို ျမင္မွ ေပ်ာ္႐ႊင္ရတယ္ဆိုရင္ေတာ့ မင္းအတြက္ က်န္ခဲ့မွာက ေနာင္တတရားပဲျဖစ္လိမ့္မယ္ ..."

အေဖ့စကားေၾကာင့္ သူၿငိမ္သက္လိုက္မိသည္။

" .. ကဲ Dinner Party အတြက္ျပင္ေတာ့ ေဂ်ာင္ဂုေလးကို ရွာလိုက္ဦးမယ္ ...."

အဲ့ဒီ့ေနာက္ အေဖက သူ႔ကို ႏွစ္သိမ့္အားေပးသလို ပခုံးပုတ္ကာ အခန္းထဲက ထြက္သြားေတာ့သည္။

တကယ္ေတာ့ သူ ေဂ်ာင္ဂုကို ထင္ထားသလိုမ်ိဳး မမုန္းေနေပမယ့္ အခ်စ္ေတြကိုလည္း မပြင့္လင္းခ်င္ေသးပါ။ ဖြင့္ခ်ျပၿပီးမွ အရင္ကိုးႏွစ္တုန္းကလို သူ က်န္ေနခဲ့မွာ ေၾကာက္သည္၊ အဲ့ဒီ့တုန္းက နာက်င္ခံစားရသမွ် ျပန္ၿပီးခံစားရမွာေၾကာက္သည္။ ခ်စ္ျပမိမွ သူ႔ကို ထပ္ထားသြားမွာ ေၾကာက္သည္။ ေဂ်ာင္ဂုဆီက ဂ႐ုစိုက္မႈေတြနဲ႔ အခ်စ္ေတြကို သူလိုခ်င္ေပမယ့္ သူ႔ဆီက ျပန္မေပးခ်င္ေသးပါ။ အက်င့္မေကာင္းဘူးပဲ ေျပာေျပာ၊ တစ္ကိုယ္ေကာင္းဆန္တယ္ပဲေျပာေျပာ ေဂ်ာင္ဂုကို သူ အႏိုင္က်င့္ခ်င္ေသးသည္။

ဝန္ခံပါတယ္ သူေဂ်ာင္ဂုကို ခ်စ္ေနေသးတယ္ဆိုတာ ... အဲ့ဒီ့အတြက္ေၾကာင့္လဲ မနက္က မဂၤလာပြဲမွာ တကယ့္အစစ္အမွန္ေတြ ခ်ျပခဲ့တယ္ေလ ... ဒါေပမဲ့လည္း ေဂ်ာင္ဂုကေတာ့ အထင္လြဲသြားခဲ့ၿပီ မဟုတ္လား ...

ထားလိုက္ေတာ့ ... ဒီလမ္းကို ေလွ်ာက္ဖို႔ ေ႐ြးခဲ့ၿပီးမွ ဆက္ေလွ်ာက္ရေတာ့မွာေပ့ါ ... ခ်စ္ေပမယ့္ သူ႔ႏွလုံးသားတံခါးကို ခ်ိဳးဖ်က္ပစ္ေပးရေလာက္တဲ့အထိ သူခံစားခဲ့ရတာေတြက ေသးေသးေလးမွ မဟုတ္ခဲ့တာေလ ....

💠💠💠

" ... ဘာလို႔ ကင္ေဆာ့ဂ်င္ကို လက္ထပ္တာလဲ ... ေငြေၾကာင့္လား ... "

Dinner Party မွာ သူတစ္ေယာက္တည္းျဖစ္ေနတုန္း သူ႔အနားခ်ဥ္းကပ္လာတဲ့လူတစ္ေယာက္ဆီက ၾကားလိုက္ရသည္။ သူ လွည့္ၾကည့္မိေတာ့ သူ တကၠသိုလ္တက္စဥ္က အခ်ိန္ပိုင္းအလုပ္မွာ ေတြ႕ခဲ့ရတဲ့ customer တစ္ေယာက္ပင္။ အခုေတာ့ ကိုကို႔အမ်ိဳးေတြထဲက တစ္ေယာက္။

ေကာင္းတဲ့ဆက္ဆံေရးရွိခဲ့တာ မဟုတ္တဲ့အတြက္ သူ ဘာမွ ျပန္မေျဖဘဲ ၿငိမ္သက္ကာ ေရွာင္ဖယ္ဖို႔ ႀကိဳးစားမိေတာ့ သူ႔လက္ကို လာဆြဲကိုင္သည္။

" ... ဂြၽန္ေဂ်ာင္ဂု ~~ မသိခ်င္ မေယာင္ေဆာင္နဲ႔ မင္းက ငါ့ဂ်ဴနီယာျဖစ္ခဲ့တာပဲေလ ... အခု မင္းပြဲမွာ ငါ့လို ဧည့္သည္ကို ႐ိုင္းစိုင္းရဲတာလား ...."

ထိုစကားေၾကာင့္ သူ ျပန္လွည့္ၾကည့္မိေတာ့ ထိုလူရဲ႕ ခပ္မာမာအက်င့္က မေပ်ာက္ေသးပင္။ စကားသိပ္မမ်ားခ်င္တာမို႔ ကိုကိုရွိရာ လွမ္းၾကည့္မိေတာ့ ကိုကိုက ဦးဦးနဲ႔တူတူ ကုမၸဏီပိုင္းက ဧည့္သည္ေတြကို စကားေျပာေနတာနဲ႔ တူသည္။

" ... လက္ကို လႊတ္လိုက္ပါ ... ခင္ဗ်ားရဲ႕ေမးခြန္းေတြ အတြက္ ကြၽန္ေတာ့္မွာ အေျဖမရွိဘူး ..."

" အဟက္ !! ေမ့သြားပုံပဲေနာ္ အဲ့ဒီ့ညက ဘာျဖစ္ခဲ့လဲဆိုတာ ... "

" ... မေမ့ပါဘူး ... ဘာျဖစ္ခဲ့လဲ အခုထိ တိတိက်က်ကို သိေနတုန္းပဲမို႔လို႔ ကြၽန္ေတာ္ တစ္ခုခုမလုပ္ခင္ လက္ကို အရင္လႊတ္‌လိုက္ရင္ သိပ္ေကာင္းမယ္ ... ဒီအခ်ိန္မွာ ကြၽန္ေတာ္က ကင္ေဆာ့ဂ်င္ရဲ႕ အမ်ိဳးသား ကင္ ေဂ်ာင္ဂုပါ ... အဲ့ဒီ့ညက ဂြၽန္ေဂ်ာင္ဂု မဟုတ္ဘူး ..."

တစ္လုံးခ်င္းစီ ေျပာရင္း သူ႔လက္ကို ဆြဲကိုင္ထားတဲ့လက္ေတြကို ျဖဳတ္ခ်ပစ္မိေတာ့ ထိုလူက ရယ္သည္။

" ... ေဂ်ာင္ဂု~~ ေဂ်ာင္ဂု~~ မင္းကေတာ့ ~~ အခုထိ ေငြမက္တဲ့ေကာင္ပဲ ... အစ္ကိုေဆာ့ဂ်င္ရဲ႕စည္းစိမ္ေတြျဖဳန္းလို႔ဝရင္ ငါ့ကိုဆက္သြယ္လိုက္ ~~ ငါ့ဆီမွာက အဆက္သြယ္ေကာင္းေတြရွိတယ္ေလ ~~ ဒါေပမဲ့ အဲ့ဒီ့ညကလိုေတာ့ ထြက္မေျပးေၾကးေပါ့ ... "

ေျပာရင္းနဲ႔ သူ႔မ်က္ႏွာကို ကိုင္တြယ္လာေလေတာ့ သူ ထိုလက္ကို ႐ိုက္ခ်ဖို႔ ႀကိဳးစားမိသည္။ သို႔ေပမယ့္ သူ႔ထက္ ပိုျမန္တဲ့ အျခားလက္တစ္စုံကေတာ့ သူ႔မ်က္ႏွာကို ထိကိုင္ေနတဲ့လက္ကို ဆြဲဖယ္ကာ သူ႔ခါးကိုပါ သိမ္းက်ဳံးဆြဲယူလိုက္သည္။ သူေမာ့ၾကည့္မိေတာ့ ကိုကို~~။ ေတာ္ေတာ္ေလးအလိုမက်တဲ့ပုံနဲ႔ မ်က္ေမွာင္ၾကဳတ္ကာ စိုက္ၾကည့္ေနၿပီမို႔ သူ ၿငိမ္သက္လိုက္မိသည္။

" ... ငါ့အမ်ိဳးသားကို ထိစရာအေၾကာင္းမရွိဘူး ... ကလပ္က မင္းေတြ႕ေနက်ေကာင္ေတြလို လာမဆက္ဆံနဲ႔ ..."

ေအးစက္ေတာင့္တင္းေနတဲ့ကိုကို႔အသံက သူ႔ေက်ာကိုပါ မတ္သြားေစေလလွ်င္ သူ႔အသက္ရႉသံေတြ ေႏွးသြားရသည္။ အေရွ႕ကသူ႔စီနီယာကေတာ့ ခပ္က်ဲက်ဲရယ္သည္။

" ...အစ္ကိုကလည္း ... မိတ္ေဟာင္းေဆြေဟာင္းေတြကို လာႏႈတ္ဆက္တာပါ ... အဲ့ေလာက္ထိအျဖစ္သည္းမေနပါနဲ႔ ... ျဖစ္ခ်င္ျဖစ္ သူကသာ အစ္ကို႔လိုစူပါစတားကို အျဖစ္သည္းရမွာ မဟုတ္ဘူးလား ... "

ထိုစကားေၾကာင့္ သူ႔ခါးေပၚက ကိုကို႔လက္ေတြက သူ႔ကို ဖ်စ္ညႇစ္လာသည္။

" ... ငါ့ကို ႐ြဲ႕မေနဘဲ မင္းအကန႔္နဲ႔ မင္းေန ... ငါ့လိုစူပါစတားက မင္းရဲ႕ကလပ္ေတြကို ဘာလုပ္ႏိုင္လဲ သိတယ္ေနာ္ ... "

" သိပါတယ္ဗ် ... မေႏွာင့္ယွက္ေတာ့ပါဘူး ... ဒါေပမဲ့ ေဂ်ာင္ဂုဂီေလးကိုေတာ့ ႏႈတ္ဆက္ပါရေစဦး ... ... ေက်းဇူးပဲ ေဂ်ာင္ဂုရား ... မင္းေက်းဇူးနဲ႔ ငါ ဘယ္ေကာင္ေလးနဲ႔မွ အလုပ္မျဖစ္ေတာ့လို႔ ... ငါအခုထိ အလြတ္ရေနေသးတယ္ ... မင္းရဲ႕ခႏၶာကိုယ္ အစိတ္အပိုင္းေလးေတြကိုေလ ..."

ေျပာၿပီးတာနဲ႔ ထိုလူကေတာ့ လွည့္ထြက္သြားေပမယ့္ သူကေတာ့ ေဒါသျဖစ္စြာ လက္သီးဆုပ္လိုက္မိသည္။ သူ႔ခါးေပၚတင္ထားတဲ့ကိုကို႔လက္ေတြက ေျပေလ်ာ့သြားေတာ့ သူ ကိုကို႔ကို ေမာ့ၾကည့္လိုက္မိသည္။ ကိုကို႔မ်က္ဝန္းေတြက မနက္ကနဲ႔မတူေတာ့၊ အခုမွ အစစ္အမွန္ကို ထုတ္ျပေလသလား ေအာက္ေမ့ရသည္။ သူ႔တစ္ကိုယ္လုံးကို ထိုးေဖာက္မတတ္ စိုက္ၾကည့္ေနသည္ပင္။ ကိုကို ဘယ္လိုထင္သြားလဲ ဆိုတာ သူသိလိုက္ၿပီမို႔ သူ႔ႏႈတ္ခမ္းေတြကို စတင္လႈပ္ရွားမိသည္။

" ... အဲ့လိုမၾကည့္နဲ႔ အစ္ကို ~~ မဟုတ္တာ ကြၽန္ေတာ္ ဘာမွ မလုပ္ခဲ့ဖူးဘူး ... "

သူ႔စကားကိုေတာ့ ကိုကိုက မယုံၾကည္သလို သက္ျပင္းခ်ကာ သူ႔ကို တုံ႔ျပန္လာသည္။

" ... အဲ့ဒါ မင္းကိစၥေလ ... ဒါေပမဲ့ ငါနဲ႔ပတ္သက္ေနတဲ့အခ်ိန္အတြင္းမွာ တျခားတစ္ေယာက္ဆိုတာမ်ိဳးကို မၾကားခ်င္ဘူး ... အထူးသျဖင့္ ခုနလို ေကာင္ေတြကို မျမင္ခ်င္ဘူး ဂြၽန္ေဂ်ာင္ဂု !! မင္းတို႔ျဖစ္တာ မျဖစ္တာ ငါ့ကိစၥမဟုတ္ေပမယ့္ ငါ့သက္ဆိုင္သူမင္းက အဲ့လိုေပြေနတာမ်ိဳးက ငါ့ကို သိကၡာက်ေစတယ္ .... "

ကိုကို႔စကားေၾကာင့္ သူမ်က္ေမွာင္ၾကဳတ္မိေတာ့ ကိုကိုက သူ႔ဆီကအၾကည့္လႊဲသည္။

" ... ေတြ႕လား အစ္ကိုကိုယ္တိုင္က ကြၽန္ေတာ့္ကို ေပြတယ္လို႔ သတ္မွတ္မွေတာ့ တျခားသူေတြလည္း ကြၽန္ေတာ့္ကို အဲ့အတိုင္း ထင္ၾကတာမဆန္းဘူး ... ကိုကို႔အမ်ိဳးေတြၾကားမွာ အထင္ေသးသလို အၾကည့္ေတြနဲ႔ အၾကည့္ခံေနရတာလည္း ကိုကို႔ေၾကာင့္ပဲ ... ကိုကိုေျပာသမွ်ကို ေခါင္းညိတ္လက္ခံၿပီး အထင္ေသးသမွ်ကို သည္းခံမယ့္ပုံေပါက္ေနလို႔လား ကြၽန္ေတာ္က .... "

ေဆာ့ဂ်င္ သူ႔အေရွ႕မွာ စြာေတးလန္ေလး လုပ္ေနပါတဲ့ ေဂ်ာင္ဂုကို ၾကည့္ရင္း ေဒါသထြက္ေနရာကေန ႐ုတ္တရက္ ရယ္ခ်င္လာရသည္။ အျပစ္ရွိမွန္းသိပါလ်က္ အျပစ္မရွိသလို မ်က္ႏွာေလးနဲ႔ သူ႔ကို တဇြတ္ဇြတ္ေျပာသြားလိုက္တာမ်ား သူေတာင္ ေဂ်ာင္ဂုကို ျပန္ေၾကာက္ေနရမယ့္ပုံေပၚေနပါသည္။ သို႔ေပမယ့္ ေဒၚေလးေတာ္စပ္သူရဲ႕သားျဖစ္သူ သူ႔ဝမ္းကြဲညီေျပာသြားတာေတြက နားထဲက မထြက္ေသး။ ဟုတ္သည္ျဖစ္ေစ၊ မဟုတ္‌သည္ျဖစ္ေစ ေဂ်ာင္ဂုနဲ႔အေျခအေနအတိုင္းအတာတစ္ခုထိ ေရာက္ခဲ့လို႔သာ အဲ့ဒီ့စကားေတြ ထြက္လာျဖစ္သည္။

" ... ငါ့ကိုက် တစ္ခြန္းမက်န္ျပန္ေျပာၿပီး ခုနကက် မလႈပ္ရဲတဲ့ေၾကာင္လို ၿငိမ္ေနတာက ဘာသေဘာလဲ ... မဟုတ္ဘူးဆို ျငင္းေလ ... ထိကိုင္တာမ်ိဳး သေဘာမက်ရင္ ေရွာင္ေလ ... ဘာေတြေပးထားလို႔ ဒီေလာက္ေတာင္ ၿငိမ္ေနရတာလဲ ... ၿပီးေတာ့ ငါထပ္ၿပီး သတိေပးဦးမယ္ ... ငါ့ကို ကိုကို ~~ ကိုကို ဆိုၿပီး ~~ မေခၚနဲ႔ ... အဲ့ဒီ့စကားလုံး‌ကိုေခၚဖို႔ မင္းက မထိုက္တန္ေသးဘူး ဂြၽန္ေဂ်ာင္ဂု "

ဒီတစ္ခါေတာ့ ေဂ်ာင္ဂု ႏႈတ္ခမ္းကို မဲ့လိုက္မိသည္။

" ... ကင္မရာေတြရွိေနတာမို႔ ၿပဳံးၿပဳံးေလးေနစမ္းပါ ... အဲ့ဒီ့မ်က္ႏွာနဲ႔ ငါ့ကို လာမဆြဲေဆာင္နဲ႔ ... ၿပီးေတာ့ ေျပာစမ္းပါဦး ... သူက မင္းရဲ႕ခႏၶာကိုယ္အစိတ္အပိုင္းေတြအကုန္ အလြတ္ရတဲ့အထိ ဘယ္အေျခအေနေတြမ်ားေရာက္ခဲ့လို႔လဲ ..."

ဒီေမးခြန္းကိုေတာ့ ေဂ်ာင္ဂုခပ္မဲ့မဲ့ေလးရယ္မိသည္။

" .... ေကာင္းၿပီ ကင္ေဆာ့ဂ်င္ ~~ ကြၽန္ေတာ္ ရွင္းရွင္းပဲ ေျပာမယ္ ~~ ခုနက ေျပာသြားတဲ့စကားလုံးေတြက အကုန္လုံးအမွန္ေတြပဲ ... သူနဲ႔ ကြၽန္ေတာ္က ကြၽန္ေတာ့္ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို တစ္ခုခ်င္းစီအလြတ္ရေလာက္တဲ့အထိ နီးကပ္ခဲ့ဖူးတယ္ ..."

ရွင္းျပရင္လည္း အကန္စကားေတြပဲဆက္တိုက္ထြက္လာမွာမို႔ သူလည္း အကန္စကားပဲ ျပန္ေျပာမိေတာ့ ခပ္ေလွာင္ေလွာင္ျဖစ္ေနတဲ့ ကိုကို႔အၿပဳံးေတြ တည္တံ့သြားသည္။ အဲ့ဒီ့ေနာက္ ဘာတစ္ခြန္းမွ မေျပာေတာ့ဘဲ ၿငိမ္သက္သြားသည္မို႔ သူ႔စိတ္ထဲ မေက်မနပ္ျဖစ္သြားမိသည္။ ေျပာရရင္ အဲ့ဒီ့ကိစၥက နည္းနည္းေတာ့ ရွက္ဖို႔ေကာင္းသည္၊ အဲ့ဒီတုန္းက ေက်ာင္းတက္ကာ အခ်ိန္ပိုင္းအလုပ္ေတြနဲ႔ ေျပးလႊားရင္း ေငြရွာရသည္မို႔ သူ႔ကို ႏွိမ္ခ်င္တဲ့သူေတြအမ်ားသားပင္။ အဲ့ၾကားထဲ ေငြပိုရတဲ့ ဘားတစ္ခုမွာ သူအလုပ္ဝင္ခဲ့မိသည္။ သူ႔တာဝန္ကေတာ့ အရက္ငွဲ႔ေပး႐ုံပါပဲ။ စကားသိပ္နည္းခဲ့တာမို႔ ဘယ္သူနဲ႔မွ အေရာတဝင္မရွိခဲ့ေပမယ့္ ခုနက ကိုကို႔အမ်ိဳးဆိုသူကလပ္ပိုင္ရွင္ကေတာ့ သူ႔ကို မ်က္စိက်ခဲ့သည္။ အေၾကာင္းရင္းကေတာ့ သူဟာ ေငြကို အသည္းအသန္ရွာေနခဲ့လို႔ပင္။ တကၠသိုလ္က အတူတူပဲမို႔ သူ႔ကို အၿမဲတမ္းေႏွာင့္ယွက္ကာ ဟာသတစ္ခုလို ဆက္ဆံခဲ့ၾကေပမယ့္ သူကေတာ့ အလုပ္ျပဳတ္မွာ စိုးလို႔ သည္းခံေနခဲ့သည္။ တစ္ေန႔မွာေတာ့ ကလပ္ပိုင္ရွင္ကိုကို႔အမ်ိဳးဆိုသူရဲ႕ေမြးေန႔အခန္းထဲမွာ တာဝန္က်တဲ့သူက သူတစ္ေယာက္တည္းပင္။ တစ္ခုခုမွားေနၿပီဆိုတာ သိေပမယ့္ သူ႔အလုပ္ခ်ိန္မို႔ သူၿငိမ္သက္ေနခဲ့မိသည္။ ထိုလူနဲ႔အေပါင္းအေဖာ္တသ္အုပ္က သူ႔ကို မူးေအာင္တိုက္ဖို႔ ႀကိဳးစားၾကေပမယ့္ မေအာင္ျမင္။ မေအာင္ျမင္တဲ့အဆုံး ဝိုင္းဖြဲ႕ကာ သူ႔အဝတ္အစားေတြကို ဆြဲခြၽတ္ၿပီး မွတ္တမ္းယူဖို႔ ႀကိဳးစားခဲ့တာပင္။ တကယ္ကို အက်ိဳးနည္းၿပီ ထင္ေပမယ့္ သူ မေၾကာက္ေနခဲ့ပါ။ မရ‌ရေအာင္ ထိုးႀကိတ္ၿပီး ထြက္ေျပးဖို႔ ႀကိဳးစားခဲ့သည္။ ကံတရားက သူ႔ဘက္ပါေနတာလားေတာ့ မေျပာတတ္၊ ထိုေမြးေန႔အခန္းထဲကို ေနာက္က်မွ ေရာက္လာတဲ့သူငယ္ခ်င္း ႏွစ္ေယာက္ရွိခဲ့သည္။ ထိုႏွစ္ေယာက္ထဲက တစ္ေယာက္ကေတာ့ လက္ရွိအလုပ္မွာ သူ႔ကိုဆူသေယာင္ေယာင္နဲ႔ေကာင္းေပးေနတဲ့စီနီယာကင္ ျဖစ္သည္။ က်န္တစ္ေယာက္မွာေတာ့ လက္ရွိအလုပ္မွာ သူ႔ကို မေကာင္းတဲ့ေကာင္လိုမ်ိဳး လိုက္ဖြတတ္တဲ့စီနီယာျဖစ္သည္။ အဲ့ဒီ့ညက ထိုးႀကိတ္ရင္း ထြက္ေျပးဖို႔ႀကိဳးစားေနတဲ့သူ႔ကို စီနီယာကင္က ကူညီေပးခဲ့ပါသည္။ ထိုအတြက္ေၾကာင့္လည္း သူ ဘာမွမျဖစ္လိုက္။

မေၾကာက္ဘူးလားေမးရင္ ေၾကာက္ပါသည္။ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရမွာ သူသိပ္ေၾကာက္သည္။ ေၾကာက္ေပမယ့္လည္း အားကိုးမရွိတဲ့အခါ ဒီအေၾကာက္တရားကို သူရင္ဆိုင္ဖို႔ ခြန္အားေတြ ေမြးျမဴရသည္၊ ႐ုန္းကန္ရသည္၊ ထြက္ေျပးရသည္။ တကယ္ဆို လူက ႏုေပမယ့္ စိတ္က မာေနခဲ့လိုသာ အဲ့ဒီလိုအလားတူတဲ့ဒုကၡေတြကို သည္းခံႏိုင္ခဲ့တာျဖစ္သည္။ ကိုကိုကေတာ့ ဒါေတြကို မသိႏိုင္ခဲ့ဘူးမဟုတ္လား ...။

" ေဆာ့ဂ်င္ ေဂ်ာင္ဝူးတို႔ဟိုဘက္မွာေရာက္ေနၿပီ သြားရေအာင္ ~~ မင္းအခ်စ္ေလးအနားပဲ ကပ္မေနနဲ႔ ..."

သူအေတြးလြန္ေနတုန္းမွာပဲ ကိုကို႔သူငယ္ခ်င္းေတြဆီက စကားသံထြက္လာေတာ့ သူ ကိုကို႔မ်က္ႏွာကို ၾကည့္မိသည္။ ကိုကိုကေတာ့ အႏုပညာရွင္မို႔လို႔လားမသိ၊ လူေတြကို ဘယ္လိုမ်က္ႏွာဖုံးနဲ႔ေပါင္းသင္းဆက္ဆံရမလဲဆိုတာ ေကာင္းေကာင္းသိတဲ့ပုံပင္။ ခုနက သူ႔ေၾကာင့္အလိုမက်တာေတြ မ်က္ႏွာမွာ မေပၚေတာ့ဘဲ တစ္ဖက္က လူကို အၿပဳံးေတြနဲ႔ပင္ ျပန္တုံ႔ျပန္သည္။

" ဒါေပါ့ ယြန္ဂီနဲ႔လိုက္ခဲ့ပါ့မယ္ ... ေဂ်ာင္ဂု-ah ... ခဏေလး ေကာင္းေကာင္းေနခဲ့ဦးေနာ္ ကိုယ္ ဟိုဘက္ျခမ္းခဏသြားလိုက္ဦးမယ္ ..."

သူငယ္ခ်င္းအေရွ႕မွာမို႔လို႔လားမသိ၊ သူ႔ကို ခ်ိဳသာတဲ့ေလသံနဲ႔အတူ အရမ္းခ်စ္ျပသြားပုံေပၚေအာင္ ဖန္တီးလိုက္ေတာ့ သူလည္း ဟန္ေဆာင္ၿပီးရယ္ျပလိုက္မိသည္။

ကိုကို႔ေႏြးေထြးမႈေတြဟာ အစစ္အမွန္သာဆိုရင္ ဘယ္ေလာက္ ေကာင္းလိုက္ေလမလဲ ...

သူေတြးရင္း ထုံးစံအတိုင္း အူေၾကာင္ေၾကာင္ေလး ရပ္ေနမိေတာ့သည္။ ကိုကိုထယ္ေယာင္းကေတာ့ အလုပ္ေတြတအားရႈပ္ေနတာမို႔ မလာျဖစ္ေပမယ့္ ဖုန္းဆက္ၿပီး ဂုဏ္ျပဳေပးၿပီးသားပင္။ တီတီကေတာ့ ဦးဦးနဲ႔ စကားလက္ဆုံၾကေနတာမို႔ သူ မေႏွာင့္ယွက္ရဲ။ ကိုကို‌ကလည္း သူ႔အေပါင္းအေဖာ္ေတြၾကား ရယ္ရယ္ေမာေမာနဲ႔ ရွိေနျပန္သည္။ က်န္တဲ့လူေတြကလည္း သူ႔အထိုက္အေလ်ာက္နဲ႔သူ၊ သူ႔အစုနဲ႔သူ ျဖစ္ေနၾကတာမို႔ ထိုအရာအားလုံးကို သူ ဒီအတိုင္းေလး ေငးေနလိုက္မိသည္။ ဒီေန႔ရဲ႕ ဇာတ္ေကာင္ဟာ သူနဲ႔ကိုကိုျဖစ္ေပမယ့္ သူကေတာ့ ဒီေနရာမွာ တစ္ေယာက္တည္း အထီးက်န္စြာ တျခားသူေတြ ေပ်ာ္႐ႊင္ေနတာကို ေငးေမာေနရသလိုပင္။

ဒီလိုျဖစ္လာဖို႔ မရည္႐ြယ္မိခဲ့ေပမယ့္လည္း သူ ကိုကို႔တစ္မ်က္ႏွာတည္းၾကည့္ၿပီး အသက္ရွင္ဖို႔မွ မျဖစ္ႏိုင္တာေလ။ အခ်စ္ေတြနဲ႔ နာက်င္ခဲ့ရသမွ် ျပန္ကုစားေပးမယ္လို႔ ေတြးမိခဲ့ေပမယ့္ ကိုကိုကေတာ့ သူ႔အခ်စ္ေတြကို ျမင္ႏိုင္မယ္မထင္ေတာ့ပါ။

ဒါေပမဲ့လည္းကိုကိုရယ္ ဘယ္တတ္ႏိုင္မလဲ ... သားသား ေ႐ြးခ်ယ္ခဲ့ၿပီးၿပီေလ ~~~

💠💠💠

21 Nov , 2022

There are no comments yet. Log in to be the first to leave a review!

Similar stories