【15】- 01
06:48, 2 December 2022⟨ Unicode Version ⟩* Me, Myself And Bad Romance*အပိုင်း ၁၅
" လက်ထပ်ရမယ် ဆော့ဂျင် ~~ ဒါမှ မင်းကို ငါ ဆက်ခံသူနေရာ လွှဲပေးမယ် ... "
ဧည့်ခန်းထဲ ဖြစ်သလိုထိုင်နေတဲ့သားဖြစ်သူ ကင်ဆော့ဂျင်ကို သူ ခပ်မာမာပြောလိုက်မိတော့ သားဖြစ်သူက ပထမဦးဆုံးအနေနဲ့ သူ့ကို မထီမဲ့မြင်ကြည့်လာသည်။ သူနဲ့ သား ကြားမှာ အဆင်မပြေတာမျိုး တစ်ခုတလေလေးတောင် မရှိခဲ့ပေမယ့် အခုတော့ သားဖြစ်သူဟာ သူနဲ့ ဆန့်ကျင်ဘက်လုပ်မည့်ပုံစံမျိုးပင်။ တခြားနေရာတွေမှာ ညှိယူပြီးပြောရင် ရပါလျက်နဲ့ ဂျောင်ဂုနဲ့ ပတ်သက်တဲ့ကိစ္စမှာတော့ သားဟာ အရိုင်းဆန်လွန်းသည်။ ဒါဟာလည်း အချစ်ဦးကို ဆုံးရှုံးပြီး နှစ်အတော်ကြာနာကျင်ခဲ့ရတဲ့ဒဏ်ရာတွေရဲ့ နောက်ဆက်တွဲဆိုတာ သူသိတော့ မပြောရက်။ သို့ပေမယ့် သားဟာ ဂျောင်ဂုကို ချစ်နေပါလျက်နဲ့ ကိုယ်တိုင်ဖျက်ဆီးပစ်နေတာမျိုးကိုတော့ သူခွင့်မပြုနိုင်။ သားကို သူချစ်ရသလို ဂျောင်ဂုဆိုတဲ့ကလေးဟာလည်း သူအရမ်းချစ်ခဲ့ရတဲ့ကောင်ငယ်လေးရဲ့ သွေးသားလေ။
" ... လက်ထပ်ရမယ်? ရပါတယ် ကိစ္စမရှိဘူး ~~ လက်ထပ်ဆိုလည်း ယူလိုက်ရုံပေါ့ ... အဓိကက ကျွန်တော် အင်တာတိန်းမန့်ကို ဆက်ခံရဖို့ပဲလေ ..."
ငြင်းမယ်ထင်နေခဲ့ပေမယ့် မငြင်းဘဲ ချက်ချင်းလက်ခံတဲ့သားကြောင့် သူ အံ့ဩသွားရပေမယ့် သားရဲ့စကားတွေက ပေါ့ပျက်ပျက်နိုင်လွန်းနေတာတော့ သိသည်။ ထို့ကြောင့် သူ ရယ်လိုက်မိတော့ ဆော့ဂျင်လေးက သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်လာသည်။
" ... ငြင်းပါဦးလား ကင်ဆော့ဂျင်ရယ် ~~ ဂျောင်ဂုလေးကို မတန်မရာပြောထားပြီးမှ ~~ ဒီလို ချက်ချင်းလက်ခံတာက မာနမထိဘူးလား .."
သားအဖနှစ်ယောက်ကြား အရင်လို ပေါ့ပေါ့ပါးပါးစကားဝိုင်းလေးရဖို့ သူကြိုးစားမိတော့ ဆော့ဂျင်လေးက အကြည့်လွှဲကာ ပြန်ချေပလာသည်။
" အဖေ့အင်တာတိန်းမန့်အပေါ် ကျွန်တော် ဘယ်လောက်ထိ အားစိုက်ထုတ်ထားရလဲ အဖေသိမှာပါ ... ဒီနေရာမှာ သူမှ မဟုတ်ဘူး တခြား ဘယ်သူမဆို အဖေပေးစားရင် ယူရမှာပဲ .. ကျွန်တော့်မှာ အလုပ်ကလွဲရင် ကျန်တာ လိုအပ်တာမျိုးမှ မရှိတာ ..."
ဂျစ်ကန်ကန်နဲ့ ပြန်ဖြေလာတော့ သူ ပြုံးလိုက်မိသည်။ ဆော့ဂျင်လေးကတော့ သူ့အိမ်ထဲ တစ်စုံတစ်ခုကို မသိသာလေး ဝေ့ဝိုက်ရှာနေသလိုပင်။
" ... ဘယ်နေ့လက်မှတ်ထိုးရမှာလဲ ပြောလိုက် အဖေ ... အဖေ့သဘောအတိုင်းလုပ်ပေးမယ် ..."
မျက်လုံးတွေ လျှောက်ကစားရင်း ပြောလာပြန်တော့ သူ ဖိုင်တွဲတစ်ခု သားရှေ့ ပေးလိုက်မိသည်။
" ... အဲ့လောက်ထိ မလွယ်ဘူးလေ ဂျင် ~~ မင်းက ချက်ချင်း သဘောတူပေမယ့် သားဂျောင်ဂုကမှ မင်းကို လက်မထပ်ချင်တာ ~~ ဘယ်လိုလုပ်ကြမလဲ .. အဖေရော မင်းမာမီရော ဂျောင်ဂုကိုပဲ မိသားစုဝင်အဖြစ်လိုချင်တာ ~~~ "
အဖေ့စကားကြောင့် ဖိုင်တွဲကို ကောက်ကိုင်နေပြီဖြစ်တဲ့သူ့လက်တွေ ရပ်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
ဘာ! ဂျောင်ဂုက သဘောမတူဘူး ... ဘယ်လိုတောင် အတင့်ရဲပြီး သူ့ကို လက်ထပ်ဖို့ သဘောမတူရတာလဲ ... ဘာမို့လို့ သူ့ကို ငြင်းရဲရတာလဲ ...
" သူက လက်မထပ်ချင်ဘူးတဲ့လား ... အဖေမပြောပြလိုက်ဘူးလား ကျွန်တော်နဲ့လက်ထပ်ရင် ရှယ်ယာဘယ်လောက်ရမယ်ဆိုတာ ..."
စိတ်မဝင်စားသလိုမျက်နှာဘေးနဲ့ပြောမိတော့ အဖေကရယ်သည်။
" ... မင်းအတွက်missionပဲ ဆော့ဂျင် ~~ ဂျောင်ဂုနဲ့လက်ထပ်ဖို့ အတင်းမတိုက်တွန်းပေမယ့် လာမယ့်လမှာ လုပ်မယ့် ဆက်ခံသူကြေညာခြင်းအခမ်းအနားကို ရက်ရွေ့လိုက်မယ် ... မင်းသဘောပဲ "
" ... နေပါဦး ... မေးပါရစေ .. အကြောင်းရင်းက ဘာတဲ့လဲ ... ကျွန်တော့်ကိုလက်ထပ်ဖို့ ငြင်းရတဲ့အကြောင်းရင်းက ဘာလဲ ..."
" ... ကိုယ်တိုင်မေးကြည့်ပေါ့ ... ကဲ.. လောလောဆယ်တော့ ဒါက လက်ထပ်ပွဲအတွက် အဖေ့ဘက်က စီစဉ်ပေးထားတဲ့ဟာ ... မင်းနဲ့ဂျောင်ဂု ညှိလို့ရရင် ညှိယူပြီး ပြန်ရွေးထားပါ ... ညှိလို့မရရင်တော့ ဆက်ခံသူက မင်းကနေ ဂျောင်ဂုဖြစ်သွားလိမ့်မယ် "
" အဖေ!! "
ဂျောင်ဂုကိုပါ အမွေပေးမယ်ဆိုတဲ့သဘောမျိုး သက်ရောက်နေတာမို့ ဆော့ဂျင် အမြင့်သံသုံးပြီး အော်လိုက်မိတော့ အဖေက သူ့ကို စူးစိုက်ကြည့်သည်။
" သူက ဘာမို့လို့ ဒီလောက်အရေးပေးနေရတာလဲ .."
ဆော့ဂျင်ပြောမိတော့ အဖေက ဘာမှ ထပ်မပြောတော့ဘဲ ရေနွေးကြမ်းခွက်ကိုင်ကာ မော့သောက်ရင်း မကြားသလိုနေနေတော့သည်။ သူကတော့ အဖေရွေးထားပေးတဲ့ မင်္ဂလာအခမ်းအနားပုံတွေကို စိတ်မပါသလို လှန်လှောရင်း ဖိုင်တွဲကို ပိတ်ပစ်လိုက်သည်။
" မကြိုက်ဘူး .. မလုပ်ချင်ဘူး ... သူတောင်ငြင်းရဲသေးတာပဲ ကျွန်တော်က ကလေးမဟုတ်တော့ဘူးအဖေ ...ဒါပဲ ပြန်တော့မယ် "
ပြောပြီးတာနဲ့ အဖေ့ရှေ့ကနေ ထထွက်တော့ အဖေ့ဆီက ကြားဖြစ်အောင် ကြားလိုက်ရပါသေးသည်။
" ဂျောင်ဂုကချက်ချင်းငြင်းပေမယ့် မင်းကတော့ နည်းနည်းတောင်မငြင်းဘူးလေ ..."
ထိုစကားကိုပဲ သူမျက်မှောင်ကြုတ်ကာ အဖေ့အိမ်ကနေထွက်လာမိတော့ အခန်းဝမှာ ချီတုံချတုံဖြစ်နေပုံရတဲ့ တစ်ယောက်ယောက်နဲ့ ဆုံသည်။ ထိုတစ်ယောက်ဟာတော့ ဂျွန်ဂျောင်ဂုပင်။ သူ ဆွဲဖွင့်လိုက်တဲ့တံခါးကို ဂျောင်ဂုက ဆွဲတော့မယ့်ပုံပေါ်သည်။ သူ့ကိုမြင်တာနဲ့ ချက်ချင်း တောင့်တင်းသလို အနေအထားဖြစ်သွားတာမို့ သူခပ်ဟဟလေးရယ်လိုက်မိသည်။
လက်ထဲမှာ အထုပ်လေးတွေပါလာပေမယ့် ဘာတွေလဲတော့ သူမသိ။ ရုံးကအပြန် တစ်ခုခုဝယ်လာပုံပေါ်ပါသည်။ ဖျော့တော့နေတဲ့မျက်ဝန်းတွေနဲ့ သူ့ကို ညှို့ငင်လာလေတော့ သူအကြည့်လွှဲလိုက်မိသည်။ အဲ့ဒီ့နောက် တမင်သက်သက်ပင် ဂျောင်ဂုပခုံးကို တိုက်ကာ ထိုနေရာကနေ ထွက်လာမိတော့ သူ့လက်ကို ဂျောင်ဂုက လှမ်းယူဆွဲတားသည်။
" ကိုကို ~~ "
ထိုလေသံနဲ့တင် သူ့မျက်ဝန်းတွေ ကျိန်းစပ်လာရတယ်ဆိုပေမယ့် မျက်နှာကို တင်းခံထားလိုက်မိသည်။ လက်ထပ်ပွဲကိုကျတော့ငြင်းပြီး အခုကျတော့ ကိုကို လို့လာခေါ်နေတာမျိုး သိပ်မုန်းဖို့ ကောင်းသည်။
" သေသွားပြီ ~~ "
"ဟင် "
" မင်းခေါ်နေတဲ့ကိုကိုက သေသွားပြီလို့ ~~ ငါဘာမှာထားလဲ ... အဲ့ဒီ့ညစ်ပတ်တဲ့ပါးစပ်နဲ့ ငါ့ကို ကိုကိုလို့ မခေါ်နဲ့လို့ မှာထားတယ်လေ ..."
စိတ်တိုလာသည်မို့ သူ့လက်ကိုတားထားတဲ့ဂျောင်ဂုလက်ကို ဖြုတ်ချကာပြောမိတော့ ဂျောင်ဂုမျက်နှာက မလှ၊ ဝမ်းနည်းသွားပုံပေါ်သည်။
" ထားပါတော့ ~~ ကျွန်တော်ပြောစရာရှိတယိ အစ်ကို ~~ "
ထိုစကားကြောင့် သူဂျောင်ဂုကို မြန်မြန်ပြော ဆိုတဲ့အကြည့်နဲ့ စူးစိုက်ကြည့်မိသည်။ ဂျောင်ဂု မျက်နှာကတော့ အပြစ်ကင်းစင်နေသလိုမျိုး အေးချမ်းနေပြန်သည်။
" ~~ ကျွန်တော်က အဲ့လိုလူစားမျိုးမဟုတ်ဘူး ကို~ အစ်ကို ~~ ကျွန်တော်က တွေ့ရာလူနဲ့အိပ်တတ်တဲ့သူလည်း မဟုတ်သလို ~~ ပိုက်ဆံပေးပြီးခေါ်တိုင်းရတဲ့သူမျိုးလည်း မဟုတ်ဘူး ~~ စိတ်လည်းမဝင်စားသလို ကျွန်တော့်မှာ အဲ့ဒါတွေအတွက် အချိန်မရှိဘူး ..."
မဟုတ်ပါကြောင်း အသေအချာပြောလာပြန်တော့ သူမယုံသလို ကြည့်မိသည်။ အမှန်အတိုင်းပြောရရင် သူသိပါသည်၊ သူစွပ်စွဲကတည်းက ဂျောင်ဂုငြင်းနေခဲ့တာဆိုတော့ ထိုအတင်းအဖျင်းတွေဟာ မဟုတ်မှန်နေကြောင်းလေ။ သူ ဂျောင်ဂုကို ယုံပါသည်။ သို့ပေမယ့် ဘယ်အရာတွေကသူ့ကို တားဆီးနေလဲတော့မသိ။ ဂျောင်ဂုနဲ့ပတ်သက်ရင် ဆန့်ကျင်ဘက်လမ်းလျှောက်ဖို့ သူရွေးချယ်မိသည်။
" ဒါပေမဲ့ မင်း ငါနဲ့အိပ်ပြီး ငါပေးတဲ့ပိုက်ဆံကိုလည်း ယူခဲ့တာပဲလေ ... မင်းစကားတွေကို ငါဘာလို့ယုံရမှာလဲ .. "
သူ့စကားကိုတော့ ဂျောင်ဂု အကြည့်လွှဲကာ ပြန်ဖြေလာသည်။
" ကျွန်တော်သိတယ် ကိုကို ကျွန်တော့်ကို ဘာမှ မလုပ်ခဲ့ဘူးဆိုတာ ... ခံစားမိတယ် အဲ့ဒီ့နေ့ညက ကျွန်တော်တို့ ဘာမှ မဖြစ်ခဲ့ဘူးဆိုတာ ... ကိုကို တမင်သက်သက်လုပ်နေခဲ့တာပဲ ... ကျွန်တော့်ကိုလည်း ကောင်းကောင်းမွန်မွန်မဆက်ဆံသလို ဘာဖြစ်လို့ အကန်စကားတွေပဲ ပြောနေရတာလဲ ... ကျွန်တော် ကိုကို့အပေါ် ဘာမှားတာမျိုးရှိခဲ့လို့လဲ ... ဘာဖြစ်လို့ အိပ်ယာပေါ်ကအခြေအနေထိ ဖန်တီးနေရတာလဲ ... "
" အဟက်! မှားတာမျိုးမရှိခဲ့ဘူးပေါ့? .... အေးလေ ... ငါနဲ့တွဲနေရင်းနဲ့ တခြားတစ်ယောက်ကို ချစ်မိသွားတဲ့မင်းက ဘာအမှားမှ မလုပ်ဘူးပေါ့ ... ဖောက်ပြန်တာက အမှားမဟုတ်ရင် ဘယ်ဟာက အမှားလဲ ?? ဂျောင်ဂု! ငါသတိပေးထားတယ်နော် ငါ့ကို ကိုကိုလို့ ထပ်မခေါ်ဖို့!!!! "
သူ့စကားကြောင့် ဂျောင်ဂုမျက်နှာမဲ့သွားသလို သူကိုယ်တိုင်လည်း မျက်နှာမဲ့လိုက်မိသည်။
" ... ကိုးနှစ်တောင် ရှိခဲ့ပြီကို ~~ ဘာဖြစ်လို့ နာကျင်စရာတွေကို သယ်နေသေးတာလဲ ...အဲ့လောက်ထိတောင် မုန်းနေတာလား ... "
" အေး ဟုတ်တယ် အဲ့ဒီ့ထက်တောင် ပိုမုန်းသေးတယ် "
" ... ဒါဆို ဘာပြန်လုပ်ပေးရမလဲ ... ကျွန်တော်မှားတယ်ပဲ ထား ... အဲ့ဒီ့အမှားအတွက် ကျွန်တော် ဘာပြန်လုပ်ပေးရမလဲ ... "
တောင်းပန်ခယသလို အကြည့်တွေနဲ့ သူ့ကို ကြည့်လာလေတော့ သူ မဲ့ပြုံးပြုံးလိုက်မိသည်။
" လက်ထပ်လိုက်! "
" ဟင် ~~ "
" အင်း ~~ မင်း ငြင်းထားတဲ့လက်ထပ်ပွဲကို လက်ခံလိုက်! "
ဂျောင်ဂုပခုံးကို လက်ညှိုးနဲ့ထိုးဖိရင်း သူပြောမိတော့ ဂျောင်ဂုက နားမလည်သလို ကြည့်လာသည်။
" လက်ထပ်တယ်ဆိုတာက အစ်ကိုချစ်တဲ့သူနဲ့မှ တစ်ဘဝလုံးပျော်ရွှင်ရမှာလေ ... အချစ်မပါဘဲ ဘယ်လိုလုပ်လက်ထပ်လို့ရမှာလဲ အစ်ကို "
" ... ငါ မင်းကို မချစ်တော့ဘူး ပြောမိလို့လား ... ငါက မင်းကိုချစ်လို့လက်ထပ်တယ်ဆိုရင် အဆင်ပြေပြီမဟုတ်လား ... မင်းက ဘာကို ထပ်ငြင်းမှာလဲ ဂျွန်ဂျောင်ဂု! "
ကိုကို့စကားကြောင့် သူ့နှလုံးသားလေး ရုတ်တရက် အဖျားခတ်သွားသလို ခံစားလိုက်ရသည်။ ကြည်နူးလှိုက်ဖိုတာမျိုးမဟုတ်ဘဲ နာကျင်စွာရင်ခုန်နေရသလိုမျိုး သူ့နှလုံးသားကို ဖျစ်ညှစ်လာလေလျှင် သူ အသက်ကို ဝအောင် ရှူလိုက်မိသည်။ ကိုကို့ကို သူတကယ် ခန့်မှန်းမတတ်တော့ပါလေ ၊ ကိုကို ဘာဖြစ်ချင်နေလဲ သူတကယ်မသိတော့။ ဦးဦးနဲ့တီတီစီစဉ်ပေးတဲ့လက်ထပ်ပွဲကို သူ့ဘက်က ငြင်းခဲ့ပေမယ့် ကိုကို့အဖြေကိုတော့ သူမသိသေး။ အကယ်၍များ ကိုကို့အဖြေက Yes ဆိုရင် သူပျော်နေမှာလို့ တွေးထားခဲ့မိပေမယ့် အခုတော့ သူမပျော်နိုင်။
" ...မုန်းနေခဲ့တာဆို ... အစ်ကိုက ကျွန်တော့်ကို မုန်းနေတာဆို ..."
" အေး ဟုတ်တယ် ... ငါ့ဆီမှာ မင်းအတွက် အချစ်ရော အမုန်းရော ရှိတယ် ... ဂျောင်ဂု ~~ မင်း သေချာသိထားဖို့ကလေ ... မင်း ငါ့ကို လက်မထပ်ရင် သေတဲ့အထိ သူစိမ်းပဲ ဖြစ်မှာ လွန်ခဲ့တဲ့နှစ်တွေက အတိုင်းပေါ့ ..."
ပြောချင်တာပြောခဲ့ပြီးနောက် သူ လှည့်ထွက်လာမိတော့သည်။ ဒီတစ်ခါတော့ ဂျောင်ဂုကမတားသလို ဘာအသံမှ မထွက်လာတော့။ သူသည်လည်း သူပြောခဲ့သလိုပါပဲ။ သူ အခုထိ ဂျောင်ဂုကို သိပ်ချစ်နေသေးသလို အရမ်းလည်း မုန်းနေပါသေးသည်။ အချစ်က ပိုသာမလား၊ အမုန်းက ပိုအလေးသာမလားဆိုတာကတော့ ဂျောင်ဂုအပေါ်ပဲမူတည်ပါသည်။ ဒါပေမဲ့ သူနာကျင်ခဲ့ရတဲ့ဒဏ်ရာတွေကို ပြန်ကုစားနိုင်ဖို့ သူ ဂျောင်ဂုကို လိုအပ်သည်။ အဲ့ဒီ့အတွက် ဂျောင်ဂု သူ့အနားရှိနေနိုင်ဖို့ တင်းကျပ်တဲ့ကြိုးတွေနဲ့ ချည်နှောင်ထားတော့မှာဖြစ်သည်။
ဒီတစ်ခါပြီးရင် ဂျောင်ဂု သူ့ကို ချစ်ချစ်၊ မုန်းမုန်း သူ ဘယ်တော့မှ လက်မလွှတ်တော့ပါ။ သူ့ကိုယ်ကို လောင်ကျွမ်းသွားစေတယ်ဆိုရင်တောင် ဂျောင်ဂုကို သူဖမ်းဆုပ်ကိုင်ထားပါမည်။ သူ ဘယ်လောက်နာကျင်ခဲ့ရတယ်ဆိုတဲ့အကြောင်း ဂျောင်ဂုကို လက်တွေ့ပြပေးရင်းနဲ့ပေါ့။
ဒီလိုလက်ထပ်ဖို့တိုက်တွန်းခံရအောင်လည်း သူ စီစဉ်ခဲ့တာပဲ မဟုတ်လားလေ။
ဆော့ဂျင်မှာတော့ သူ့အတွေးနဲ့သူ ထွက်သွားပေမယ့် ကျန်ရစ်ခဲ့တဲ့ဂျောင်ဂုကတော့ ဆော့ဂျင်ပုံရိပ်လေးပျောက်ကွယ်သွားမှ အခန်းဘဲလ်ကို နှိပ်လိုက်သည်။ အဲ့ဒီ့နောက် ပွင့်ကျလာတဲ့တံခါးနောက်ကွယ်က လူကြီးကို အရိုအသေပေးရင်း အခန်းထဲ ဝင်သွားတော့သည်။
" မင်းကိုကိုက ချက်ချင်းလက်ခံတယ်သားရဲ့ ~~ "
ဦးဦးစကားကြောင့် သူခပ်ဖျော့ဖျော့လေး ပြုံးလိုက်မိရင်း ဝယ်လာပေးတဲ့ စွတ်ပြုတ်လေးကို ရေခဲသေတ္တာထဲ ထည့်ထားပေးမိသည်။ ဦးဦးကတော့ ပေါ့ပေါ့ပါးပါးပင် ဘေးကနေ သူ့ကို စကားတွေပြောနေသေးသည်။
" သားကရော ငြင်းဦးမှာလား ~~ တီတီနဲ့စကားပြောကြည့်ပါဦး ... "
" ~~ ဦးဦးက ဘာလို့ ကိုကိုနဲ့လက်ထပ်ဖို့ သဘောတူတာလဲ ~~ ကိုကိုပြောသလို အဲ့ဒီလို လူစားမျိုး ဖြစ်နေမှာ မစိုးရိမ်ဘူးလား ..."
သူမေးမိတော့ ဦးဦးက ပြုံးရင်း အကြမ်းရည်တစ်ခွက်ကို ငှဲ့ပြန်သည်။ ဦးဦးလို့ နှုတ်ကျိုးလို့သာ ခေါ်နေရပေမယ့် ကိုကို့အဖေဟာ သိပ်ကို အရွယ်တင်လွန်းသည်။ ကိုကိုနဲ့ဆိုရင် ညီအစ်ကိုလိုပင်။ ကိုကို့လိုဂျစ်ကန်ကန်လေးမဟုတ်ဘဲ ဦးဦးကတော့ သိမ်သိမ်မွေ့မွေ့နဲ့ နူးညံ့ကြင်နာတတ်သည်။ တစ်ခါတလေကျ သူတွေးမိသေးသည်၊ ဖေဖေဟာ ဦးဦးကို သိပ်ချစ်ခဲ့တာ ဒီအရာတွေကြောင့်များလားလို့။ သုံးမကုန်နိုင်အောင် ချမ်းသာပေမယ့် ဦးဦးက ပေါ့ပေါ့ပါးပါးနဲ့ အရာရာကို နှိမ့်ချဆက်ဆံတတ်သည်။
" မစိုးရိမ်ပါဘူး ... မင်းက အဲ့ဒီလိုလူမျိုးမှ မဟုတ်တာ .. "
" ဒါပေမဲ့လည်း ကိုကို ပြပေးတဲ့ကတ်က ကျွန်တော့်ကတ်ပါပဲ ဦးဦး အဲ့လိုဆိုရင်တောင် ကိုကိုနဲ့လက်ထပ်ရဦးမှာလား ..."
" အင်း ~~ အဲ့ဒီ့ကတ်က ဘာအတွက်လဲ ဦးဦးသိတယ်လေ .. မင်းက မင်းအဖေနဲ့ တစ်ပုံစံတည်းပဲကို .. မတူတာဆိုလို့ မင်းက နူးညံ့ပြီး သန်မာတဲ့ကောင်လေးပေါ့ .. မင်းအဖေကတော့ ဂျစ်ကန်ကန်လေးဆိုပေမယ့် စိတ်ကတော့ တအားနုတာ ... အမြဲတမ်းပြသနာရှာတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျ သူအရမ်းအထီးကျန်နေခဲ့လို့ အဲ့လိုတွေ လုပ်နေမှန်း သိခဲ့ရတာ ... "
ဖေဖေ့အကြောင်း ပြောလာလေတော့ သူ ပြုံးမိရင်း ဦးဦးကို ကြည့်မိသည်။ ဦးဦးမျက်နှာကတော့ လွမ်းလွမ်းဆွေးဆွေးပင်။
" .. ကျွန်တော် သိချင်တာလေး တစ်ခုလောက် မေးလို့ရမလား ဦးဦး .."
" အင်း မေးလေ .."
" အဖေပျောက်သွားတုန်းက ဦးဦး ပြန်မရှာခဲ့ဘူးလား ... ပြန်မရှာတဲ့အပြင် ဦးဦးက တီတီနဲ့ ဘာလို့လက်ထပ်ခဲ့တာလဲ ..."
" ဟင်း ~~~ ပြန်မရှာဘဲ နေမလား သားရယ် ... သေချာပေါက် ပြန်ရှာခဲ့တာပေါ့ ... ဒါပေမဲ့ သေသွားပြီလို့ တွေ့ခဲ့ရတယ်လေ ... ရေထဲမှာ ပုပ်ပွနေတဲ့အလောင်းကိုပဲ တွေ့ခဲ့ရတာ .. မျက်နှာကို မမြင်ရလို့ မယုံခဲ့ပေမယ့် လက်စွပ်ကိုကြည့်ပြီး အတည်ပြုခဲ့မိတာ ... နှစ်တွေကြာလို့ ပြန်တွေ့တော့မှပဲ အဲ့ဒါက မိဘတွေလှည့်စားခဲ့တဲ့အလိမ်အညာဆိုတာ သိခဲ့ရတယ် ..."
" ... ဒါဆို ဦးဦးက တီတီကို ဘာလို့ မုန်းတာလဲ ... တီတီလုပ်ခဲ့တာမှ မရှိတာလေ ..."
သိချင်တာကို ဆက်တိုက်မေးမိတော့ ဦးဦးက သူ့ခေါင်းလုံးလုံးကို လက်နဲ့လာပွတ်သည်။
" ... ဒါက မိန်းမတွေရဲ့ တစ်ဖက်သတ်အတွေးလေ ... ခါးခါးသီးသီးတော့မဟုတ်ပေမယ့် နည်းနည်းတော့ မုန်းခဲ့တာပေါ့ ... ပြီးတော့ မင်းရဲ့တီတီက အရမ်းကို ထက်မြက်ပြီးတော်လွန်းနေတာမို့လို့ သူတွေးတဲ့အတွေးကိုပဲ အမှန်ထင်နေခဲ့တာလေ .. ဒါပေမဲ့လည်း အခုတော့ အရမ်းရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်ပါပဲ ... မကွာရှင်းရသေးပေမယ့် ဆော့ဂျင်အတွက်တော့ သူက အမေကောင်းတစ်ယောက်ပါ ..."
" .... "
ဦးဦးစကားကို သူ မေးခွန်းထပ်မထုတ်ဘဲ ခေါင်းညိတ်တော့ ဦးဦးက သူ့ကို ကြည့်လာသည်။
" ... မင်းကိုကိုအကြောင်းရော မင်းမသိချင်ဘူးလား ... ဒီနှစ်တွေမှာ သူ ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာလေ ... "
" ... "
သူ ပြန်မဖြေဘဲ သူပြုံးသာ ပြုံးလိုက်မိတော့ ဦးဦးက စကားဆက်လာသည်။
" တကယ်တော့ မင်းတို့စတွဲကတည်းက သိပါတယ် ... လမ်းခွဲလိုက်တာလည်း သိတယ် ... တီတီရော ဦးဦးရော မင်းတို့နှစ်ယောက်ကို ငယ်ငယ်လေးကတည်းက သဘောတူခဲ့ပေမယ့် အတင်းအကျပ်တော့ မလုပ်ချင်ခဲ့ဘူး ... အရင်ကတည်းက လက်ထပ်ဖို့ အတင်းစီစဉ်ရင် ရပေမယ့် အခုမှ စီစဉ်ပေးတယ်ဆိုတာက ဆော့ဂျင်လေးကို စောင့်ကြည့်နေခဲ့လို့ပါ ... ဂျောင်ဂု မင်းသိလား .... မင်းကိုကိုက မင်းလက်ထပ်ပြီးတဲ့နောက်ပိုင်း နလန်ပြန်ထူနိုင်ဖို့ တော်တော်လေး ရုန်းကန်လိုက်ရတယ် ... အဲ့ဒီ့နောက်ပိုင်း မင်းမရှိသလိုမျိုး သူနေပြီး ဒီကနေ ထွက်သွားခဲ့တယ် ... ပြန်လာတော့လည်း သူ့ဘာသာသူနေပြီး ဟိုတစ်နေ့ကမှ ပြောစရာရှိတယ်ဆိုပြီး ခေါ်တွေ့တော့ မင်းနဲ့အတူတူ တွေ့လိုက်ရတာပဲ ... အဲ့ဒီ့တော့မှ သူ မင်းကို မပြတ်သားနိုင်သေးတာ သိခဲ့ရတာ ... အခုလိုစီစဉ်ပေးတယ်ဆိုတာက မင်းတို့နှစ်ယောက်လုံးအတွက်ပဲ ... တစ်ယောက်ကို တစ်ယောက် ချစ်နေကြပါလျက်နဲ့ ဘာဖြစ်လို့ အဝေးကြီး ဝေးအောင်လုပ်ကြမှာလဲ ... "
ဦးဦးစကားအဆုံးသတ်မှာတော့ သူငြိမ်ကျသွားသည်။ သူ လက်ထပ်ပွဲကို ငြင်းခဲ့တာက သူ ကိုကို့ကို နာကျင်အောင် လုပ်မိမှာ စိုးလို့ဖြစ်သည်။ ကိုကိုလည်း သူ့ကို မုန်းနေတာမို့ အဝေးမှာ နေရင် ကိုကိုခံစားရတာတွေ သက်သာမလား သူတွေးထင်မိသည်။ သို့ပေမယ့် အခုတော့ သူ့အတွေးတွေ မှားနေပုံပေါ်ပါသည်။ ကိုကို နာကျင်ခဲ့ရတာတွေကို သူ့အချစ်နဲ့ သူ ပြန်ကုစားချင်မိသည်။
" ... ထားပါတော့လေ ~~ မင်း သဘောမတူရင် အတင်းအကျပ်မစီစဉ်ပါဘူး ... မင်း လက်ထပ်ပွဲကို ငြင်းလို့ရတယ် ဂျောင်ဂု ... ဒါပေမဲ့ ဒီနေ့ကစပြီး မင်းက ဆော့ဂျင်နဲ့တူတူ ဆက်ခံသူတစ်ယောက်ဖြစ်လာမှာကိုတော့ ငြင်းလို့မရဘူး ... ဒါကိုပါ ငြင်းမယ်ဆိုရင် အတင်းအကျပ်လက်ထပ်ခိုင်းရလိမ့်မယ် ဟုတ်ပြီလား ..."
ဒုတိယအကြိမ် သူ့ဆံနွယ်တွေကို ဖွပစ်ကာ ပြုံးရယ်ရင်း ပြောတော့ သူပါ ပြုံးလိုက်မိရင်း သေချာတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်မိသည်။
" ဦးဦး ကျွန်တော် ကိုကို့ကို လက်ထပ်ပါ့မယ် ..."
💠💠💠
20 Nov , 2022
▬▬▬▬▬▬▬▬▬▬▬▬▬▬▬◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇▬▬▬▬▬▬▬▬▬▬▬▬▬▬▬
⟨ Zawgyi Version ⟩* Me, Myself And Bad Romance*အပိုင္း ၁၅
" လက္ထပ္ရမယ္ ေဆာ့ဂ်င္ ~~ ဒါမွ မင္းကို ငါ ဆက္ခံသူေနရာ လႊဲေပးမယ္ ... "
ဧည့္ခန္းထဲ ျဖစ္သလိုထိုင္ေနတဲ့သားျဖစ္သူ ကင္ေဆာ့ဂ်င္ကို သူ ခပ္မာမာေျပာလိုက္မိေတာ့ သားျဖစ္သူက ပထမဦးဆုံးအေနနဲ႔ သူ႔ကို မထီမဲ့ျမင္ၾကည့္လာသည္။ သူနဲ႔ သား ၾကားမွာ အဆင္မေျပတာမ်ိဳး တစ္ခုတေလေလးေတာင္ မရွိခဲ့ေပမယ့္ အခုေတာ့ သားျဖစ္သူဟာ သူနဲ႔ ဆန႔္က်င္ဘက္လုပ္မည့္ပုံစံမ်ိဳးပင္။ တျခားေနရာေတြမွာ ညႇိယူၿပီးေျပာရင္ ရပါလ်က္နဲ႔ ေဂ်ာင္ဂုနဲ႔ ပတ္သက္တဲ့ကိစၥမွာေတာ့ သားဟာ အ႐ိုင္းဆန္လြန္းသည္။ ဒါဟာလည္း အခ်စ္ဦးကို ဆုံးရႈံးၿပီး ႏွစ္အေတာ္ၾကာနာက်င္ခဲ့ရတဲ့ဒဏ္ရာေတြရဲ႕ ေနာက္ဆက္တြဲဆိုတာ သူသိေတာ့ မေျပာရက္။ သို႔ေပမယ့္ သားဟာ ေဂ်ာင္ဂုကို ခ်စ္ေနပါလ်က္နဲ႔ ကိုယ္တိုင္ဖ်က္ဆီးပစ္ေနတာမ်ိဳးကိုေတာ့ သူခြင့္မျပဳႏိုင္။ သားကို သူခ်စ္ရသလို ေဂ်ာင္ဂုဆိုတဲ့ကေလးဟာလည္း သူအရမ္းခ်စ္ခဲ့ရတဲ့ေကာင္ငယ္ေလးရဲ႕ ေသြးသားေလ။
" ... လက္ထပ္ရမယ္? ရပါတယ္ ကိစၥမရွိဘူး ~~ လက္ထပ္ဆိုလည္း ယူလိုက္႐ုံေပါ့ ... အဓိကက ကြၽန္ေတာ္ အင္တာတိန္းမန႔္ကို ဆက္ခံရဖို႔ပဲေလ ..."
ျငင္းမယ္ထင္ေနခဲ့ေပမယ့္ မျငင္းဘဲ ခ်က္ခ်င္းလက္ခံတဲ့သားေၾကာင့္ သူ အံ့ဩသြားရေပမယ့္ သားရဲ႕စကားေတြက ေပါ့ပ်က္ပ်က္ႏိုင္လြန္းေနတာေတာ့ သိသည္။ ထို႔ေၾကာင့္ သူ ရယ္လိုက္မိေတာ့ ေဆာ့ဂ်င္ေလးက သူ႔ကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္လာသည္။
" ... ျငင္းပါဦးလား ကင္ေဆာ့ဂ်င္ရယ္ ~~ ေဂ်ာင္ဂုေလးကို မတန္မရာေျပာထားၿပီးမွ ~~ ဒီလို ခ်က္ခ်င္းလက္ခံတာက မာနမထိဘူးလား .."
သားအဖႏွစ္ေယာက္ၾကား အရင္လို ေပါ့ေပါ့ပါးပါးစကားဝိုင္းေလးရဖို႔ သူႀကိဳးစားမိေတာ့ ေဆာ့ဂ်င္ေလးက အၾကည့္လႊဲကာ ျပန္ေခ်ပလာသည္။
" အေဖ့အင္တာတိန္းမန႔္အေပၚ ကြၽန္ေတာ္ ဘယ္ေလာက္ထိ အားစိုက္ထုတ္ထားရလဲ အေဖသိမွာပါ ... ဒီေနရာမွာ သူမွ မဟုတ္ဘူး တျခား ဘယ္သူမဆို အေဖေပးစားရင္ ယူရမွာပဲ .. ကြၽန္ေတာ့္မွာ အလုပ္ကလြဲရင္ က်န္တာ လိုအပ္တာမ်ိဳးမွ မရွိတာ ..."
ဂ်စ္ကန္ကန္နဲ႔ ျပန္ေျဖလာေတာ့ သူ ၿပဳံးလိုက္မိသည္။ ေဆာ့ဂ်င္ေလးကေတာ့ သူ႔အိမ္ထဲ တစ္စုံတစ္ခုကို မသိသာေလး ေဝ့ဝိုက္ရွာေနသလိုပင္။
" ... ဘယ္ေန႔လက္မွတ္ထိုးရမွာလဲ ေျပာလိုက္ အေဖ ... အေဖ့သေဘာအတိုင္းလုပ္ေပးမယ္ ..."
မ်က္လုံးေတြ ေလွ်ာက္ကစားရင္း ေျပာလာျပန္ေတာ့ သူ ဖိုင္တြဲတစ္ခု သားေရွ႕ ေပးလိုက္မိသည္။
" ... အဲ့ေလာက္ထိ မလြယ္ဘူးေလ ဂ်င္ ~~ မင္းက ခ်က္ခ်င္း သေဘာတူေပမယ့္ သားေဂ်ာင္ဂုကမွ မင္းကို လက္မထပ္ခ်င္တာ ~~ ဘယ္လိုလုပ္ၾကမလဲ .. အေဖေရာ မင္းမာမီေရာ ေဂ်ာင္ဂုကိုပဲ မိသားစုဝင္အျဖစ္လိုခ်င္တာ ~~~ "
အေဖ့စကားေၾကာင့္ ဖိုင္တြဲကို ေကာက္ကိုင္ေနၿပီျဖစ္တဲ့သူ႔လက္ေတြ ရပ္ကာ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။
ဘာ! ေဂ်ာင္ဂုက သေဘာမတူဘူး ... ဘယ္လိုေတာင္ အတင့္ရဲၿပီး သူ႔ကို လက္ထပ္ဖို႔ သေဘာမတူရတာလဲ ... ဘာမို႔လို႔ သူ႔ကို ျငင္းရဲရတာလဲ ...
" သူက လက္မထပ္ခ်င္ဘူးတဲ့လား ... အေဖမေျပာျပလိုက္ဘူးလား ကြၽန္ေတာ္နဲ႔လက္ထပ္ရင္ ရွယ္ယာဘယ္ေလာက္ရမယ္ဆိုတာ ..."
စိတ္မဝင္စားသလိုမ်က္ႏွာေဘးနဲ႔ေျပာမိေတာ့ အေဖကရယ္သည္။
" ... မင္းအတြက္missionပဲ ေဆာ့ဂ်င္ ~~ ေဂ်ာင္ဂုနဲ႔လက္ထပ္ဖို႔ အတင္းမတိုက္တြန္းေပမယ့္ လာမယ့္လမွာ လုပ္မယ့္ ဆက္ခံသူေၾကညာျခင္းအခမ္းအနားကို ရက္ေ႐ြ႕လိုက္မယ္ ... မင္းသေဘာပဲ "
" ... ေနပါဦး ... ေမးပါရေစ .. အေၾကာင္းရင္းက ဘာတဲ့လဲ ... ကြၽန္ေတာ့္ကိုလက္ထပ္ဖို႔ ျငင္းရတဲ့အေၾကာင္းရင္းက ဘာလဲ ..."
" ... ကိုယ္တိုင္ေမးၾကည့္ေပါ့ ... ကဲ.. ေလာေလာဆယ္ေတာ့ ဒါက လက္ထပ္ပြဲအတြက္ အေဖ့ဘက္က စီစဥ္ေပးထားတဲ့ဟာ ... မင္းနဲ႔ေဂ်ာင္ဂု ညႇိလို႔ရရင္ ညႇိယူၿပီး ျပန္ေ႐ြးထားပါ ... ညႇိလို႔မရရင္ေတာ့ ဆက္ခံသူက မင္းကေန ေဂ်ာင္ဂုျဖစ္သြားလိမ့္မယ္ "
" အေဖ!! "
ေဂ်ာင္ဂုကိုပါ အေမြေပးမယ္ဆိုတဲ့သေဘာမ်ိဳး သက္ေရာက္ေနတာမို႔ ေဆာ့ဂ်င္ အျမင့္သံသုံးၿပီး ေအာ္လိုက္မိေတာ့ အေဖက သူ႔ကို စူးစိုက္ၾကည့္သည္။
" သူက ဘာမို႔လို႔ ဒီေလာက္အေရးေပးေနရတာလဲ .."
ေဆာ့ဂ်င္ေျပာမိေတာ့ အေဖက ဘာမွ ထပ္မေျပာေတာ့ဘဲ ေရေႏြးၾကမ္းခြက္ကိုင္ကာ ေမာ့ေသာက္ရင္း မၾကားသလိုေနေနေတာ့သည္။ သူကေတာ့ အေဖေ႐ြးထားေပးတဲ့ မဂၤလာအခမ္းအနားပုံေတြကို စိတ္မပါသလို လွန္ေလွာရင္း ဖိုင္တြဲကို ပိတ္ပစ္လိုက္သည္။
" မႀကိဳက္ဘူး .. မလုပ္ခ်င္ဘူး ... သူေတာင္ျငင္းရဲေသးတာပဲ ကြၽန္ေတာ္က ကေလးမဟုတ္ေတာ့ဘူးအေဖ ...ဒါပဲ ျပန္ေတာ့မယ္ "
ေျပာၿပီးတာနဲ႔ အေဖ့ေရွ႕ကေန ထထြက္ေတာ့ အေဖ့ဆီက ၾကားျဖစ္ေအာင္ ၾကားလိုက္ရပါေသးသည္။
" ေဂ်ာင္ဂုကခ်က္ခ်င္းျငင္းေပမယ့္ မင္းကေတာ့ နည္းနည္းေတာင္မျငင္းဘူးေလ ..."
ထိုစကားကိုပဲ သူမ်က္ေမွာင္ၾကဳတ္ကာ အေဖ့အိမ္ကေနထြက္လာမိေတာ့ အခန္းဝမွာ ခ်ီတုံခ်တုံျဖစ္ေနပုံရတဲ့ တစ္ေယာက္ေယာက္နဲ႔ ဆုံသည္။ ထိုတစ္ေယာက္ဟာေတာ့ ဂြၽန္ေဂ်ာင္ဂုပင္။ သူ ဆြဲဖြင့္လိုက္တဲ့တံခါးကို ေဂ်ာင္ဂုက ဆြဲေတာ့မယ့္ပုံေပၚသည္။ သူ႔ကိုျမင္တာနဲ႔ ခ်က္ခ်င္း ေတာင့္တင္းသလို အေနအထားျဖစ္သြားတာမို႔ သူခပ္ဟဟေလးရယ္လိုက္မိသည္။
လက္ထဲမွာ အထုပ္ေလးေတြပါလာေပမယ့္ ဘာေတြလဲေတာ့ သူမသိ။ ႐ုံးကအျပန္ တစ္ခုခုဝယ္လာပုံေပၚပါသည္။ ေဖ်ာ့ေတာ့ေနတဲ့မ်က္ဝန္းေတြနဲ႔ သူ႔ကို ညႇိဳ႕ငင္လာေလေတာ့ သူအၾကည့္လႊဲလိုက္မိသည္။ အဲ့ဒီ့ေနာက္ တမင္သက္သက္ပင္ ေဂ်ာင္ဂုပခုံးကို တိုက္ကာ ထိုေနရာကေန ထြက္လာမိေတာ့ သူ႔လက္ကို ေဂ်ာင္ဂုက လွမ္းယူဆြဲတားသည္။
" ကိုကို ~~ "
ထိုေလသံနဲ႔တင္ သူ႔မ်က္ဝန္းေတြ က်ိန္းစပ္လာရတယ္ဆိုေပမယ့္ မ်က္ႏွာကို တင္းခံထားလိုက္မိသည္။ လက္ထပ္ပြဲကိုက်ေတာ့ျငင္းၿပီး အခုက်ေတာ့ ကိုကို လို႔လာေခၚေနတာမ်ိဳး သိပ္မုန္းဖို႔ ေကာင္းသည္။
" ေသသြားၿပီ ~~ "
"ဟင္ "
" မင္းေခၚေနတဲ့ကိုကိုက ေသသြားၿပီလို႔ ~~ ငါဘာမွာထားလဲ ... အဲ့ဒီ့ညစ္ပတ္တဲ့ပါးစပ္နဲ႔ ငါ့ကို ကိုကိုလို႔ မေခၚနဲ႔လို႔ မွာထားတယ္ေလ ..."
စိတ္တိုလာသည္မို႔ သူ႔လက္ကိုတားထားတဲ့ေဂ်ာင္ဂုလက္ကို ျဖဳတ္ခ်ကာေျပာမိေတာ့ ေဂ်ာင္ဂုမ်က္ႏွာက မလွ၊ ဝမ္းနည္းသြားပုံေပၚသည္။
" ထားပါေတာ့ ~~ ကြၽန္ေတာ္ေျပာစရာရွိတယိ အစ္ကို ~~ "
ထိုစကားေၾကာင့္ သူေဂ်ာင္ဂုကို ျမန္ျမန္ေျပာ ဆိုတဲ့အၾကည့္နဲ႔ စူးစိုက္ၾကည့္မိသည္။ ေဂ်ာင္ဂု မ်က္ႏွာကေတာ့ အျပစ္ကင္းစင္ေနသလိုမ်ိဳး ေအးခ်မ္းေနျပန္သည္။
" ~~ ကြၽန္ေတာ္က အဲ့လိုလူစားမ်ိဳးမဟုတ္ဘူး ကို~ အစ္ကို ~~ ကြၽန္ေတာ္က ေတြ႕ရာလူနဲ႔အိပ္တတ္တဲ့သူလည္း မဟုတ္သလို ~~ ပိုက္ဆံေပးၿပီးေခၚတိုင္းရတဲ့သူမ်ိဳးလည္း မဟုတ္ဘူး ~~ စိတ္လည္းမဝင္စားသလို ကြၽန္ေတာ့္မွာ အဲ့ဒါေတြအတြက္ အခ်ိန္မရွိဘူး ..."
မဟုတ္ပါေၾကာင္း အေသအခ်ာေျပာလာျပန္ေတာ့ သူမယုံသလို ၾကည့္မိသည္။ အမွန္အတိုင္းေျပာရရင္ သူသိပါသည္၊ သူစြပ္စြဲကတည္းက ေဂ်ာင္ဂုျငင္းေနခဲ့တာဆိုေတာ့ ထိုအတင္းအဖ်င္းေတြဟာ မဟုတ္မွန္ေနေၾကာင္းေလ။ သူ ေဂ်ာင္ဂုကို ယုံပါသည္။ သို႔ေပမယ့္ ဘယ္အရာေတြကသူ႔ကို တားဆီးေနလဲေတာ့မသိ။ ေဂ်ာင္ဂုနဲ႔ပတ္သက္ရင္ ဆန႔္က်င္ဘက္လမ္းေလွ်ာက္ဖို႔ သူေ႐ြးခ်ယ္မိသည္။
" ဒါေပမဲ့ မင္း ငါနဲ႔အိပ္ၿပီး ငါေပးတဲ့ပိုက္ဆံကိုလည္း ယူခဲ့တာပဲေလ ... မင္းစကားေတြကို ငါဘာလို႔ယုံရမွာလဲ .. "
သူ႔စကားကိုေတာ့ ေဂ်ာင္ဂု အၾကည့္လႊဲကာ ျပန္ေျဖလာသည္။
" ကြၽန္ေတာ္သိတယ္ ကိုကို ကြၽန္ေတာ့္ကို ဘာမွ မလုပ္ခဲ့ဘူးဆိုတာ ... ခံစားမိတယ္ အဲ့ဒီ့ေန႔ညက ကြၽန္ေတာ္တို႔ ဘာမွ မျဖစ္ခဲ့ဘူးဆိုတာ ... ကိုကို တမင္သက္သက္လုပ္ေနခဲ့တာပဲ ... ကြၽန္ေတာ့္ကိုလည္း ေကာင္းေကာင္းမြန္မြန္မဆက္ဆံသလို ဘာျဖစ္လို႔ အကန္စကားေတြပဲ ေျပာေနရတာလဲ ... ကြၽန္ေတာ္ ကိုကို႔အေပၚ ဘာမွားတာမ်ိဳးရွိခဲ့လို႔လဲ ... ဘာျဖစ္လို႔ အိပ္ယာေပၚကအေျခအေနထိ ဖန္တီးေနရတာလဲ ... "
" အဟက္! မွားတာမ်ိဳးမရွိခဲ့ဘူးေပါ့? .... ေအးေလ ... ငါနဲ႔တြဲေနရင္းနဲ႔ တျခားတစ္ေယာက္ကို ခ်စ္မိသြားတဲ့မင္းက ဘာအမွားမွ မလုပ္ဘူးေပါ့ ... ေဖာက္ျပန္တာက အမွားမဟုတ္ရင္ ဘယ္ဟာက အမွားလဲ ?? ေဂ်ာင္ဂု! ငါသတိေပးထားတယ္ေနာ္ ငါ့ကို ကိုကိုလို႔ ထပ္မေခၚဖို႔!!!! "
သူ႔စကားေၾကာင့္ ေဂ်ာင္ဂုမ်က္ႏွာမဲ့သြားသလို သူကိုယ္တိုင္လည္း မ်က္ႏွာမဲ့လိုက္မိသည္။
" ... ကိုးႏွစ္ေတာင္ ရွိခဲ့ၿပီကို ~~ ဘာျဖစ္လို႔ နာက်င္စရာေတြကို သယ္ေနေသးတာလဲ ...အဲ့ေလာက္ထိေတာင္ မုန္းေနတာလား ... "
" ေအး ဟုတ္တယ္ အဲ့ဒီ့ထက္ေတာင္ ပိုမုန္းေသးတယ္ "
" ... ဒါဆို ဘာျပန္လုပ္ေပးရမလဲ ... ကြၽန္ေတာ္မွားတယ္ပဲ ထား ... အဲ့ဒီ့အမွားအတြက္ ကြၽန္ေတာ္ ဘာျပန္လုပ္ေပးရမလဲ ... "
ေတာင္းပန္ခယသလို အၾကည့္ေတြနဲ႔ သူ႔ကို ၾကည့္လာေလေတာ့ သူ မဲ့ၿပဳံးၿပဳံးလိုက္မိသည္။
" လက္ထပ္လိုက္! "
" ဟင္ ~~ "
" အင္း ~~ မင္း ျငင္းထားတဲ့လက္ထပ္ပြဲကို လက္ခံလိုက္! "
ေဂ်ာင္ဂုပခုံးကို လက္ညႇိဳးနဲ႔ထိုးဖိရင္း သူေျပာမိေတာ့ ေဂ်ာင္ဂုက နားမလည္သလို ၾကည့္လာသည္။
" လက္ထပ္တယ္ဆိုတာက အစ္ကိုခ်စ္တဲ့သူနဲ႔မွ တစ္ဘဝလုံးေပ်ာ္႐ႊင္ရမွာေလ ... အခ်စ္မပါဘဲ ဘယ္လိုလုပ္လက္ထပ္လို႔ရမွာလဲ အစ္ကို "
" ... ငါ မင္းကို မခ်စ္ေတာ့ဘူး ေျပာမိလို႔လား ... ငါက မင္းကိုခ်စ္လို႔လက္ထပ္တယ္ဆိုရင္ အဆင္ေျပၿပီမဟုတ္လား ... မင္းက ဘာကို ထပ္ျငင္းမွာလဲ ဂြၽန္ေဂ်ာင္ဂု! "
ကိုကို႔စကားေၾကာင့္ သူ႔ႏွလုံးသားေလး ႐ုတ္တရက္ အဖ်ားခတ္သြားသလို ခံစားလိုက္ရသည္။ ၾကည္ႏူးလႈိက္ဖိုတာမ်ိဳးမဟုတ္ဘဲ နာက်င္စြာရင္ခုန္ေနရသလိုမ်ိဳး သူ႔ႏွလုံးသားကို ဖ်စ္ညႇစ္လာေလလွ်င္ သူ အသက္ကို ဝေအာင္ ရႉလိုက္မိသည္။ ကိုကို႔ကို သူတကယ္ ခန႔္မွန္းမတတ္ေတာ့ပါေလ ၊ ကိုကို ဘာျဖစ္ခ်င္ေနလဲ သူတကယ္မသိေတာ့။ ဦးဦးနဲ႔တီတီစီစဥ္ေပးတဲ့လက္ထပ္ပြဲကို သူ႔ဘက္က ျငင္းခဲ့ေပမယ့္ ကိုကို႔အေျဖကိုေတာ့ သူမသိေသး။ အကယ္၍မ်ား ကိုကို႔အေျဖက Yes ဆိုရင္ သူေပ်ာ္ေနမွာလို႔ ေတြးထားခဲ့မိေပမယ့္ အခုေတာ့ သူမေပ်ာ္ႏိုင္။
" ...မုန္းေနခဲ့တာဆို ... အစ္ကိုက ကြၽန္ေတာ့္ကို မုန္းေနတာဆို ..."
" ေအး ဟုတ္တယ္ ... ငါ့ဆီမွာ မင္းအတြက္ အခ်စ္ေရာ အမုန္းေရာ ရွိတယ္ ... ေဂ်ာင္ဂု ~~ မင္း ေသခ်ာသိထားဖို႔ကေလ ... မင္း ငါ့ကို လက္မထပ္ရင္ ေသတဲ့အထိ သူစိမ္းပဲ ျဖစ္မွာ လြန္ခဲ့တဲ့ႏွစ္ေတြက အတိုင္းေပါ့ ..."
ေျပာခ်င္တာေျပာခဲ့ၿပီးေနာက္ သူ လွည့္ထြက္လာမိေတာ့သည္။ ဒီတစ္ခါေတာ့ ေဂ်ာင္ဂုကမတားသလို ဘာအသံမွ မထြက္လာေတာ့။ သူသည္လည္း သူေျပာခဲ့သလိုပါပဲ။ သူ အခုထိ ေဂ်ာင္ဂုကို သိပ္ခ်စ္ေနေသးသလို အရမ္းလည္း မုန္းေနပါေသးသည္။ အခ်စ္က ပိုသာမလား၊ အမုန္းက ပိုအေလးသာမလားဆိုတာကေတာ့ ေဂ်ာင္ဂုအေပၚပဲမူတည္ပါသည္။ ဒါေပမဲ့ သူနာက်င္ခဲ့ရတဲ့ဒဏ္ရာေတြကို ျပန္ကုစားႏိုင္ဖို႔ သူ ေဂ်ာင္ဂုကို လိုအပ္သည္။ အဲ့ဒီ့အတြက္ ေဂ်ာင္ဂု သူ႔အနားရွိေနႏိုင္ဖို႔ တင္းက်ပ္တဲ့ႀကိဳးေတြနဲ႔ ခ်ည္ေႏွာင္ထားေတာ့မွာျဖစ္သည္။
ဒီတစ္ခါၿပီးရင္ ေဂ်ာင္ဂု သူ႔ကို ခ်စ္ခ်စ္၊ မုန္းမုန္း သူ ဘယ္ေတာ့မွ လက္မလႊတ္ေတာ့ပါ။ သူ႔ကိုယ္ကို ေလာင္ကြၽမ္းသြားေစတယ္ဆိုရင္ေတာင္ ေဂ်ာင္ဂုကို သူဖမ္းဆုပ္ကိုင္ထားပါမည္။ သူ ဘယ္ေလာက္နာက်င္ခဲ့ရတယ္ဆိုတဲ့အေၾကာင္း ေဂ်ာင္ဂုကို လက္ေတြ႕ျပေပးရင္းနဲ႔ေပါ့။
ဒီလိုလက္ထပ္ဖို႔တိုက္တြန္းခံရေအာင္လည္း သူ စီစဥ္ခဲ့တာပဲ မဟုတ္လားေလ။
ေဆာ့ဂ်င္မွာေတာ့ သူ႔အေတြးနဲ႔သူ ထြက္သြားေပမယ့္ က်န္ရစ္ခဲ့တဲ့ေဂ်ာင္ဂုကေတာ့ ေဆာ့ဂ်င္ပုံရိပ္ေလးေပ်ာက္ကြယ္သြားမွ အခန္းဘဲလ္ကို ႏွိပ္လိုက္သည္။ အဲ့ဒီ့ေနာက္ ပြင့္က်လာတဲ့တံခါးေနာက္ကြယ္က လူႀကီးကို အ႐ိုအေသေပးရင္း အခန္းထဲ ဝင္သြားေတာ့သည္။
" မင္းကိုကိုက ခ်က္ခ်င္းလက္ခံတယ္သားရဲ႕ ~~ "
ဦးဦးစကားေၾကာင့္ သူခပ္ေဖ်ာ့ေဖ်ာ့ေလး ၿပဳံးလိုက္မိရင္း ဝယ္လာေပးတဲ့ စြတ္ျပဳတ္ေလးကို ေရခဲေသတၱာထဲ ထည့္ထားေပးမိသည္။ ဦးဦးကေတာ့ ေပါ့ေပါ့ပါးပါးပင္ ေဘးကေန သူ႔ကို စကားေတြေျပာေနေသးသည္။
" သားကေရာ ျငင္းဦးမွာလား ~~ တီတီနဲ႔စကားေျပာၾကည့္ပါဦး ... "
" ~~ ဦးဦးက ဘာလို႔ ကိုကိုနဲ႔လက္ထပ္ဖို႔ သေဘာတူတာလဲ ~~ ကိုကိုေျပာသလို အဲ့ဒီလို လူစားမ်ိဳး ျဖစ္ေနမွာ မစိုးရိမ္ဘူးလား ..."
သူေမးမိေတာ့ ဦးဦးက ၿပဳံးရင္း အၾကမ္းရည္တစ္ခြက္ကို ငွဲ႔ျပန္သည္။ ဦးဦးလို႔ ႏႈတ္က်ိဳးလို႔သာ ေခၚေနရေပမယ့္ ကိုကို႔အေဖဟာ သိပ္ကို အ႐ြယ္တင္လြန္းသည္။ ကိုကိုနဲ႔ဆိုရင္ ညီအစ္ကိုလိုပင္။ ကိုကို႔လိုဂ်စ္ကန္ကန္ေလးမဟုတ္ဘဲ ဦးဦးကေတာ့ သိမ္သိမ္ေမြ႕ေမြ႕နဲ႔ ႏူးညံ့ၾကင္နာတတ္သည္။ တစ္ခါတေလက် သူေတြးမိေသးသည္၊ ေဖေဖဟာ ဦးဦးကို သိပ္ခ်စ္ခဲ့တာ ဒီအရာေတြေၾကာင့္မ်ားလားလို႔။ သုံးမကုန္ႏိုင္ေအာင္ ခ်မ္းသာေပမယ့္ ဦးဦးက ေပါ့ေပါ့ပါးပါးနဲ႔ အရာရာကို ႏွိမ့္ခ်ဆက္ဆံတတ္သည္။
" မစိုးရိမ္ပါဘူး ... မင္းက အဲ့ဒီလိုလူမ်ိဳးမွ မဟုတ္တာ .. "
" ဒါေပမဲ့လည္း ကိုကို ျပေပးတဲ့ကတ္က ကြၽန္ေတာ့္ကတ္ပါပဲ ဦးဦး အဲ့လိုဆိုရင္ေတာင္ ကိုကိုနဲ႔လက္ထပ္ရဦးမွာလား ..."
" အင္း ~~ အဲ့ဒီ့ကတ္က ဘာအတြက္လဲ ဦးဦးသိတယ္ေလ .. မင္းက မင္းအေဖနဲ႔ တစ္ပုံစံတည္းပဲကို .. မတူတာဆိုလို႔ မင္းက ႏူးညံ့ၿပီး သန္မာတဲ့ေကာင္ေလးေပါ့ .. မင္းအေဖကေတာ့ ဂ်စ္ကန္ကန္ေလးဆိုေပမယ့္ စိတ္ကေတာ့ တအားႏုတာ ... အၿမဲတမ္းျပသနာရွာတယ္လို႔ ထင္ရေပမယ့္ တကယ္တမ္းက် သူအရမ္းအထီးက်န္ေနခဲ့လို႔ အဲ့လိုေတြ လုပ္ေနမွန္း သိခဲ့ရတာ ... "
ေဖေဖ့အေၾကာင္း ေျပာလာေလေတာ့ သူ ၿပဳံးမိရင္း ဦးဦးကို ၾကည့္မိသည္။ ဦးဦးမ်က္ႏွာကေတာ့ လြမ္းလြမ္းေဆြးေဆြးပင္။
" .. ကြၽန္ေတာ္ သိခ်င္တာေလး တစ္ခုေလာက္ ေမးလို႔ရမလား ဦးဦး .."
" အင္း ေမးေလ .."
" အေဖေပ်ာက္သြားတုန္းက ဦးဦး ျပန္မရွာခဲ့ဘူးလား ... ျပန္မရွာတဲ့အျပင္ ဦးဦးက တီတီနဲ႔ ဘာလို႔လက္ထပ္ခဲ့တာလဲ ..."
" ဟင္း ~~~ ျပန္မရွာဘဲ ေနမလား သားရယ္ ... ေသခ်ာေပါက္ ျပန္ရွာခဲ့တာေပါ့ ... ဒါေပမဲ့ ေသသြားၿပီလို႔ ေတြ႕ခဲ့ရတယ္ေလ ... ေရထဲမွာ ပုပ္ပြေနတဲ့အေလာင္းကိုပဲ ေတြ႕ခဲ့ရတာ .. မ်က္ႏွာကို မျမင္ရလို႔ မယုံခဲ့ေပမယ့္ လက္စြပ္ကိုၾကည့္ၿပီး အတည္ျပဳခဲ့မိတာ ... ႏွစ္ေတြၾကာလို႔ ျပန္ေတြ႕ေတာ့မွပဲ အဲ့ဒါက မိဘေတြလွည့္စားခဲ့တဲ့အလိမ္အညာဆိုတာ သိခဲ့ရတယ္ ..."
" ... ဒါဆို ဦးဦးက တီတီကို ဘာလို႔ မုန္းတာလဲ ... တီတီလုပ္ခဲ့တာမွ မရွိတာေလ ..."
သိခ်င္တာကို ဆက္တိုက္ေမးမိေတာ့ ဦးဦးက သူ႔ေခါင္းလုံးလုံးကို လက္နဲ႔လာပြတ္သည္။
" ... ဒါက မိန္းမေတြရဲ႕ တစ္ဖက္သတ္အေတြးေလ ... ခါးခါးသီးသီးေတာ့မဟုတ္ေပမယ့္ နည္းနည္းေတာ့ မုန္းခဲ့တာေပါ့ ... ၿပီးေတာ့ မင္းရဲ႕တီတီက အရမ္းကို ထက္ျမက္ၿပီးေတာ္လြန္းေနတာမို႔လို႔ သူေတြးတဲ့အေတြးကိုပဲ အမွန္ထင္ေနခဲ့တာေလ .. ဒါေပမဲ့လည္း အခုေတာ့ အရမ္းရင္းႏွီးတဲ့သူငယ္ခ်င္းတစ္ေယာက္ပါပဲ ... မကြာရွင္းရေသးေပမယ့္ ေဆာ့ဂ်င္အတြက္ေတာ့ သူက အေမေကာင္းတစ္ေယာက္ပါ ..."
" .... "
ဦးဦးစကားကို သူ ေမးခြန္းထပ္မထုတ္ဘဲ ေခါင္းညိတ္ေတာ့ ဦးဦးက သူ႔ကို ၾကည့္လာသည္။
" ... မင္းကိုကိုအေၾကာင္းေရာ မင္းမသိခ်င္ဘူးလား ... ဒီႏွစ္ေတြမွာ သူ ဘယ္လိုျဖတ္သန္းခဲ့ရတယ္ဆိုတာေလ ... "
" ... "
သူ ျပန္မေျဖဘဲ သူၿပဳံးသာ ၿပဳံးလိုက္မိေတာ့ ဦးဦးက စကားဆက္လာသည္။
" တကယ္ေတာ့ မင္းတို႔စတြဲကတည္းက သိပါတယ္ ... လမ္းခြဲလိုက္တာလည္း သိတယ္ ... တီတီေရာ ဦးဦးေရာ မင္းတို႔ႏွစ္ေယာက္ကို ငယ္ငယ္ေလးကတည္းက သေဘာတူခဲ့ေပမယ့္ အတင္းအက်ပ္ေတာ့ မလုပ္ခ်င္ခဲ့ဘူး ... အရင္ကတည္းက လက္ထပ္ဖို႔ အတင္းစီစဥ္ရင္ ရေပမယ့္ အခုမွ စီစဥ္ေပးတယ္ဆိုတာက ေဆာ့ဂ်င္ေလးကို ေစာင့္ၾကည့္ေနခဲ့လို႔ပါ ... ေဂ်ာင္ဂု မင္းသိလား .... မင္းကိုကိုက မင္းလက္ထပ္ၿပီးတဲ့ေနာက္ပိုင္း နလန္ျပန္ထူႏိုင္ဖို႔ ေတာ္ေတာ္ေလး ႐ုန္းကန္လိုက္ရတယ္ ... အဲ့ဒီ့ေနာက္ပိုင္း မင္းမရွိသလိုမ်ိဳး သူေနၿပီး ဒီကေန ထြက္သြားခဲ့တယ္ ... ျပန္လာေတာ့လည္း သူ႔ဘာသာသူေနၿပီး ဟိုတစ္ေန႔ကမွ ေျပာစရာရွိတယ္ဆိုၿပီး ေခၚေတြ႕ေတာ့ မင္းနဲ႔အတူတူ ေတြ႕လိုက္ရတာပဲ ... အဲ့ဒီ့ေတာ့မွ သူ မင္းကို မျပတ္သားႏိုင္ေသးတာ သိခဲ့ရတာ ... အခုလိုစီစဥ္ေပးတယ္ဆိုတာက မင္းတို႔ႏွစ္ေယာက္လုံးအတြက္ပဲ ... တစ္ေယာက္ကို တစ္ေယာက္ ခ်စ္ေနၾကပါလ်က္နဲ႔ ဘာျဖစ္လို႔ အေဝးႀကီး ေဝးေအာင္လုပ္ၾကမွာလဲ ... "
ဦးဦးစကားအဆုံးသတ္မွာေတာ့ သူၿငိမ္က်သြားသည္။ သူ လက္ထပ္ပြဲကို ျငင္းခဲ့တာက သူ ကိုကို႔ကို နာက်င္ေအာင္ လုပ္မိမွာ စိုးလို႔ျဖစ္သည္။ ကိုကိုလည္း သူ႔ကို မုန္းေနတာမို႔ အေဝးမွာ ေနရင္ ကိုကိုခံစားရတာေတြ သက္သာမလား သူေတြးထင္မိသည္။ သို႔ေပမယ့္ အခုေတာ့ သူ႔အေတြးေတြ မွားေနပုံေပၚပါသည္။ ကိုကို နာက်င္ခဲ့ရတာေတြကို သူ႔အခ်စ္နဲ႔ သူ ျပန္ကုစားခ်င္မိသည္။
" ... ထားပါေတာ့ေလ ~~ မင္း သေဘာမတူရင္ အတင္းအက်ပ္မစီစဥ္ပါဘူး ... မင္း လက္ထပ္ပြဲကို ျငင္းလို႔ရတယ္ ေဂ်ာင္ဂု ... ဒါေပမဲ့ ဒီေန႔ကစၿပီး မင္းက ေဆာ့ဂ်င္နဲ႔တူတူ ဆက္ခံသူတစ္ေယာက္ျဖစ္လာမွာကိုေတာ့ ျငင္းလို႔မရဘူး ... ဒါကိုပါ ျငင္းမယ္ဆိုရင္ အတင္းအက်ပ္လက္ထပ္ခိုင္းရလိမ့္မယ္ ဟုတ္ၿပီလား ..."
ဒုတိယအႀကိမ္ သူ႔ဆံႏြယ္ေတြကို ဖြပစ္ကာ ၿပဳံးရယ္ရင္း ေျပာေတာ့ သူပါ ၿပဳံးလိုက္မိရင္း ေသခ်ာတဲ့ဆုံးျဖတ္ခ်က္တစ္ခုကို ခ်လိုက္မိသည္။
" ဦးဦး ကြၽန္ေတာ္ ကိုကို႔ကို လက္ထပ္ပါ့မယ္ ..."
💠💠💠
20 Nov , 2022
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



