Fanfics

【14】

06:48, 2 December 2022

⟨ Unicode Version ⟩

• Me, Myself & Bad Romance •• အပိုင်း ၁၄ •

" ... "

နာကျင်မှုကနေ သက်သောင့်သက်သာအနေအထားရောက်လာတာနဲ့ သူ မျက်ဝန်းတွေ ဖွင့်ကြည့်မိသည်။ သူ မြင်လိုက်ရတာက ခပ်အုံ့အုံ့မျက်နှာကြက်ပင်။ သူနိုးလာနေကျ ရင်းနှီးတဲ့ပတ်ဝန်းကျင်မဟုတ်တာမို့ သူ ချက်ချင်း ထထိုင်လိုက်မိသည်။ နူးညံ့နေတဲ့အိပ်ယာပေါ် သူ ရောက်နေတာဖြစ်ပြီး ခပ်သင်းသင်းအနံ့က သူ့ကို ဖုံးလွှမ်းထားသည်။ ပေါ့ပါးနေတဲ့ခန္ဓာကိုယ်ကြောင့် သူ့ကိုယ်သူ ကြည့်မိတော့ oversized shirt တစ်ထည်ကို ပေါ့ပေါ့ပါးပါးချည်ဘောင်းဘီနဲ့ တွဲဝတ်ထားတာတွေ့လိုက်ရသည်။

ဟင် ~~ မဟုတ်သေးဘူးလေ ~~ မနေ့က ~~ မနေ့က သေချာပေါက် အလုပ်စားပွဲမှာ ရှိနေခဲ့တာပါ ... ဒါကို ဘယ်လိုလုပ်ပြီး အခု ~~ ‌နေဦး ... ညက ဘာဖြစ်သွားတာလဲ ...

သူအသည်းအသန်စဉ်းစားမိတော့ သူ့အာရုံထဲပေါ်လာတာက လူတစ်ယောက် သူ့ကို ပွေ့ချီသွားသည်ပင်။ ဘယ်သူလဲဆိုတာ သေချာမမှတ်မိပေမယ့် ထိုသူက သူ့အင်္ကျီကြယ်သီးကို ဖြုတ်နေတာတော့ သူ မှတ်မိသည်။  အဲ့ဒါအပြင် သူ့ကိုယ်ကို ဆွဲလှည့်ပြီး အင်္ကျီဝတ်ပေးတဲ့အချိန်မှာ သူ ရေးရေးလေးမြင်မိတာက လည်ဆွဲပင်။

... သေသွားရင်တောင် မှတ်မိနေမယ့် အဲ့ဒီ့လည်ဆွဲလေး ... မဟုတ်မှ ... ဒီကို ချီလာပေးတာ ကိုကိုများလား ~~

" မဖြစ်နိုင်တာပဲ ဂျွန်ဂျောင်ဂု ~~ ကိုယ့်ကိုယ်ကိုယ် စိတ်မပူဘဲ အခု ဘာတွေ စိတ်ကူးယဉ်နေပြန်ပြီလဲ ... ကိုကိုက ဘယ်တော့မှ မင်းဆီပြန်လာတော့မှာ မဟုတ်ဘူးလေ .. "

သူ့ကိုယ်သူ အားမလိုအားမရရေရွတ်ရင်း သူ့ကို ချီလာပေးတဲ့သူ ဘယ်သူဆိုတာ သိဖို့ ကြိုးစားမိသည်။ သူ ကုတင်ပေါ်က မဆင်းခင် တစ်ခဏမှာပဲ အခန်းထဲ ဝင်လာတဲ့လူတစ်ယောက်ကြောင့် သူလန့်သွားရသည်။

" နိုးပြီလား ... ဂျွန်ဂျောင်ဂုရှီ"

သူတစ်ခါမှ မမြင်ဘူးတဲ့ ဝတ်စုံပြည့်နဲ့ လူကြီးက မေးလာလေလျှင် သူ ခေါင်းညိတ်ပြီး ကြောင်အစွာ ကြည့်နေမိသည်။

" သက်သာပါရဲ့လား .."

ဒီမေးခွန်းကိုတော့ သူ မဖြေမိ။

" ... ဂျွန်ဂျောင်ဂုရှီ ~~ ကျွန်တော့်နာမည်က ဟန်ပါ ... ကျွန်တော့်ဆရာက ခင်ဗျားမေ့လဲနေတာကို မြင်ပြီး ဒီကို ပို့ထားပေးတာပါ ... ဒါက ဆရာ့နားနေခန်းပါ ... ဂျွန်ဂျောင်ဂုရှီက ဒီနေ့အတွက် အနားယူပြီး အိမ်ပြန်လည်းရသလို အလုပ်ဆင်းချင်တယ်ဆိုရင်လည်း ဂျွန်ဂျောင်ဂုရှီရဲ့သဘောပါပဲ ... ဒါကတော့ မနေ့ညက ဝတ်စုံပါ .. "

ယူလာတဲ့ဝတ်စုံကို စားပွဲပေါ်ချရင်း သူ့ကို ပြောတော့ သူ နားမလည်သလို ခေါင်းလေးစောင်းကာ ထိုလူကြီးကို ကြည့်မိသည်။

" ... တစ်နေရာရာက နာကျင်နေတာမျိုး ရှိနေတာလား ဂျွန်ဂျောင်ဂုရှီ "

သူ့ကိုထပ်မေးလာတော့ သူခေါင်းခါလိုက်မိသည်။

" ဟို ~~ ကျွန်တော့်ကို ဒီကို ခေါ်လာပေးတဲ့သူက ဘယ်သူဆိုတာ သိလို့ရမလားဟင် ~~ တွေ့လို့ရော ရမလား ~~ ကျေးဇူးတင်ချင်လို့ပါ .. "

သူညက မြင်ခဲ့တဲ့ လည်ဆွဲလေးကြောင့် အတည်ပြုဖို့ ကြိုးစားတော့ ဟန်ဆိုတဲ့လူကြီးကခေါင်းညိတ်သည်။

" အာ~~ ရပါတယ် ... ဒါပေမဲ့ ဆရာက အရမ်းအလုပ်များနေတာမို့လို့ ဂျွန်ဂျောင်ဂုရှီ စောင့်ရပါမယ် ... တွေ့ဖို့ဆိုရင် ကျွန်တော် ပြန်ဆက်သွယ်လိုက်ပါမယ် ... အဆင်ပြေရဲ့လား .. "

နာမည်ကို ထုတ်မပြောဘဲ တွေ့ဖို့စီစဉ်ပေးလာတော့ သူ ခေါင်းညိတ်လိုက်မိသည်။ အဲ့ဒီ့နောက် ဟန်ဆိုတဲ့လူကြီး ထွက်သွားတော့ သူ့ဝတ်စုံကို သူလဲရင်း အခန်းထဲက ထွက်မိသည်။ အဲ့ဒီတော့မှ သူသိလိုက်ရတာက သူရောက်နေတာ ကုမ္ပဏီရဲ့အပေါ်ဆုံးထပ်ပင်။ နားနေခန်းထဲက ထွက်လာတဲ့ သူ့ကို ရာထူးကြီးတဲ့ဝန်ထမ်းအချို့က မျက်မှောင်ကြုတ်ကာ ကြည့်တော့ သူ့ကိုယ်သူ ကျုံ့လိုက်မိသည်။ သူကြားဖူးသည်က ကုမ္ပဏီရဲ့ပထမဆုံးထပ်ဟာ အရမ်းအရေးကြီးသည်မို့ တာဝန်ရှိတဲ့ရာထူးကြီးတွေကလွဲလို့ ဘယ်သူမှ မလာရဲတဲ့နေရာဖြစ်သည်။ အခု သူက ဟန်နဲ့အတူလာနေရပေမယ့် သူ့ကို စူးစမ်းသလိုမျိုး ကြည့်နေကြတဲ့မျက်လုံးတွေကို သူရင်တမမနဲ့ ဖြတ်ကျော်ရသည်။

သူ တကယ်ကို သိချင်ပါသည် ... ဘယ်သူကများ သူ့ကို ဒီအပေါ်ဆုံးအထပ်ထိ သယ်လာခဲ့လဲဆိုတာကို ~~~

" ဂျောင်ဂုရှီ ... ဒီဘက်ကနေ ကြွပေးပါ "

ဓာတ်လှေကားရှေ့ ရပ်ကာ နှိပ်တော့မယ့်သူ့လက်တွေကို ရပ်တန့်သွားစေတော့ သူ ဟန်ကို လှည့်ကြည့်မိသည်။ ဟန်ပြပေးနေတဲ့ နေရာက အရေးကြီးပုဂ္ဂိုလ်တွေသာ သုံးလို့ရတဲ့ ဓာတ်လှေကားပင်။

" အယ်~~ ဒါက .. ဥက္ကဌကြီးနဲ့ မိသားစုဝင်တွေပဲ သုံးလို့ရတဲ့နေရာမဟုတ်လား .. ကျွန်တော်ကသာမန်ဝန်ထမ်းတစ်ယောက်ပါ ... ဘာလို့ ..."

"  ... ကျွန်တော့်ဆရာကို တွေ့ရင် ဒီမေးခွန်းကို သေချာပေါက်မေးကြည့်ပါ ဂျွန်ဂျောင်ဂုရှီ ~~  ဂျွန်ဂျောင်ဂုရှီ ကျွန်တော့်ကို အခက်တွေ့အောင် မလုပ်ပါနဲ့ "

ပြောပြာဆိုဆို ပွင့်လာတဲ့ဓာတ်လှေကားထဲ ဝင်စေတော့ သူလည်း အဖြေမရှိတဲ့ မေးခွန်းပေါင်းများစွာကို သူ့ကိုယ်သူမေးရင်း ဝင်လာခဲ့မိသည်။ တစ်ညအတွင်းမှာ ဖြစ်ပျက်သွားတာတွေက အထူးအဆန်းပင်။  သူ တကယ်သိချင်လာရသည်က ဟန်ဆိုတဲ့လူကြီးရဲ့ဆရာက တကယ်ကို ဘယ်သူလဲ ... ဒီHYPE Label ကို နာမည်ကြီးသရုပ်ဆောင်ဟောင်းတစ်ယောက်က ပိုင်ဆိုင်တယ်ဆိုပေမယ့် အဲ့ဒီ့သရုပ်ဆောင်က public ချပြီး လုပ်ဆောင်တာမျိုးမရှိတဲ့သူတစ်ယောက်ဖြစ်သည်။ ပြီးတော့ အဲ့ဒီ့သရုပ်ဆောင်ဟောင်းဟာ သူ့အဖေထက်တောင် ကြီးသည့်အတွက် သူ့ကို သိဖို့ဆိုတာ မဖြစ်နိုင်ပါ။ တကယ်ပဲ ဟန်ရဲ့ဆရာက ဘယ်သူပါလဲ .. သူ့အပေါ် ဘာလို့ ဒီလောက်ကောင်းပေးနေရတာလဲ ... မဟုတ်မှ ကိုကိုများလား .. ကိုကိုတော့ မဖြစ်နိုင် ... သူ ကိုကိုနဲ့ မတွေ့ဖြစ်တာ တော်တော်ကြာသွားခဲ့ပြီဖြစ်သည်။ ကိုကိုဟာလည်း သူ့ကို အမုန်းကြီး မုန်းနေခဲ့တာ မဟုတ်လား။

" ဂျောင်ဂုရှီ ~~ ဒီညနေရုံးဆင်းရင် ဆရာ့အချိန်တွေကို ညှိကြည့်ပါမယ် …. ဆရာအဆင်ပြေရင် ဂျွန်ဂျောင်ဂုရှီကို ဆက်သွယ်လိုက်ပါမယ် ... အခုတော့ သွားခွင့်ပြုပါဦး ..."

သူတာဝန်ကျရာ အထပ်ရောက်လာလေလျှင် သူ့ကို နှုတ်ဆက်တော့ သူသည်လည်း အူကြောင်ကြောင်နဲ့ ခေါင်းညိတ်ကာ ဓာတ်လှေကားထဲကနေ ထွက်လိုက်မိတော့သည်။ သူ့လုပ်ဖော်ကိုင်ဖက်တစ်ချို့ကတေ့ာ ထုံးစံအတိုင်း အတင်းအဖျင်းတွေ ရသွားပြန်ပြီဖြစ်သည်။

" ... ဒီတစ်ခါတော့ အင်္ကျီတောင်မလဲထားဘူးပဲ ... ဘာပြသနာတွေလုပ်လာပြန်ပြီလဲတော့မသိဘူး ..."

သူလည်း ကြားနေရတာ နားရည်ဝပြီမို့ မသိသလို နေရင်း လုပ်စရာရှိတဲ့အလုပ်တွေကို ဆက်လုပ်လိုက်မိတော့သည်။ သို့ပေမယ့် သူ တစ်နေကုန် စဉ်းစားနေမိတဲ့အကြောင်းအရာကတော့ ညက မြင်ခဲ့မိတဲ့လည်ဆွဲရယ်၊ သူ့အင်္ကျီကြယ်သီးတွေကို အတင်းအကျပ်ဖြုတ်ခဲ့တဲ့လက်တစ်စုံရယ် ...၊ သူ့ကို သေချာ ပြုစုပေးခဲ့တဲ့ အနွေးဓာတ်လေးရယ် ...။

ဘာမှမဖြစ်ခဲ့ကြဘူးဆိုတာ သူသေချာသိပါသည်၊ သို့ပေမယ့် အဲ့ဒီလိုမျိုး သူ့ကို အသေးစိတ်ဂရုစိုက်ပေးတာက တကယ်ကို ဘယ်သူများလဲ ...။

... မဖြစ်နိုင်မှန်း သိပေမယ့် ကိုကိုပဲ ဖြစ်နေပေးလို့မဘူးလား ...

💠💠💠

" ... ဂျောင်ဂုရှီ ... ဆရာက အစည်းအဝေးခန်းထဲမှာမို့ ဒီနားနေခန်းမှာ ခဏစောင့်ပေးပါ "

ရုံးဆင်းချိန်ရောက်တော့ သူ့ကို လာခေါ်ပါတဲ့ ဟန်ဆိုတဲ့လူကြီး။ သူ ပြန်ရောက်လာတဲ့နေရာကတော့ မနက်က သူနိုးထခဲ့ရတဲ့ အပေါ်ဆုံးထပ်ဖြစ်ပြီး အခုတော့ နားနေခန်းရဲ့ ဆိုဖာပေါ်မှာ ငြိမ်သက်စွာ ထိုင်နေမိသည်။ အေးစိမ့်စိမ့်အခန်းရဲ့ တည်ငြိမ်မှုက သူ့ကို လွှမ်းခြုံထားသလိုမျိုး ခြေထောက်တွေကို စုပြီး သူလက်မတွေကို အချင်းချင်းပွတ်နေမိသည်။ စိတ်လှုပ်ရှားတာလား ~~ ဘာလား မသိပေမယ့် သူ့ရင်ဘတ်ဟာ ခပ်နှေးနှေး လှိုက်ဖိုနေသည်။ ညနေကတင် ရှာဖွေထားမိတဲ့အချက်အလက်က ဒီကုမ္ပဏီရဲ့ပိုင်ရှင်ဟာ ကိုကို့ရဲ့ဖေဖေဆိုတာပင်။ ဒီလောက်ဆို သူ့ကို ပွေ့ချီလာတဲ့သူဟာ ကိုကိုလို့ သူယူဆဖို့ လုံလောက်နေပြီ မဟုတ်လား။

" ဂျောင်ဂုရှီ ~~ ဆရာက အရေးပေါ်အစည်းအဝေးတစ်ခုရှိလို့ ခဏလေးစောင့်ပေးပါနော် ~~  ပြီးတော့ ဒီမှာ သုံးဆောင်ပါဦး "

အေးစက်စက်အခန်းထဲ ခပ်နွေးနွေး Hot Chocolate တစ်ခွက်ချလာပေးတော့ သူ ခေါင်းညိတ်ရင်း ထိုခွက်ကို ကိုင်လိုက်မိသည်။ အဲ့ဒီ့နောက် ဟန်က ထွက်သွားလေတော့ သသလည်း အခန်းထဲမှာ တစ်ယောက်တည်း တိတ်ဆိတ်နေမိရင်း ကိုင်ထားမိတဲ့ ပူပူနွေးနွေးကို ဖြည်းဖြည်ချင်းစီ မော့မိသည်။ အဲ့ဒီတော့မှ သူ့ ခန္ဓာကိုယ်လေး အနွေးဓာတ်တွေ ကဲသွားရတော့သည်။

" .. အစည်းအဝေးက ဘာလို့ ဒီလောက်ကြာနေရတာလဲ ... ပင်ပန်းလို့ နားချင်နေတာကို .."

နာရီဝက်လောက် ကြာပြီးတဲ့အချိန်မှာ သူ တိုးတိုးလေးညည်းလိုက်မိသည်။ နေ့လည်စာ ကောင်းကောင်းမစားခဲ့လို့လား၊ ဘာလားတော့မသိ။ သူ တော်တော်လေးပင်ပန်းကာ အိပ်ချင်နေပြီဖြစ်သည်။ သို့ပေမယ့်လည်း ဒီအခွင့်အရေးကို သူလက်လွှတ်ခံလို့မရ။ သူ့ကို သေချာဂရုစိုက်ပေးခဲ့တဲ့ထိုလူဟာ ဘယ်သူလဲ ဆိုတာတော့ သူ အတည်ပြုဖို့လိုပါသည်။ အများကြီးမမျှော်လင့်ရဲပေမယ့် ကိုကိုလို့ သူ ထင်နေမိသေးသည်။

ဂျောင်ဂုရား ~~ တကယ်လို့ ကိုကိုသာ ဆိုရင် ဘယ်လိုလုပ်မလဲ ... ကျေးဇူးတင်စကားပြောမှာလား ... တောင်းပန်စကားပြောမှာလား ...

သူ့ကိုယ်သူမေးခွန်း ထုတ်လိုက်မိသည်။ အဖြေကတော့ ထုံးစံအတိုင်း သူ့မှာ ဗလာနတ္ထိပင်။

မဖြစ်နိုင်တာပဲ .. ကိုကိုသာဆိုရင် မင်းကိုမုန်းနေလို့ လှည့်ကြည့်မှာမဟုတ်ဘူးလေ ... လမ်းခွဲခဲ့တာ ကိုးနှစ်တောင်ပြည့်ခဲ့ပြီးပြီကို ... ဒီအတောအတွင်း သေချာစကားပြောဖြစ်တာမျိုးလည်း မရှိခဲ့ဘူးလေ .. ဘာတွေမျှော်လင့်နေတာလဲ ဂျောင်ဂုရား ~~

သူ့ကိုယ်သူ သက်ပြင်းချရင်း မျက်ဝန်းတွေကို ပိတ်လိုက်မိသည်။ အဲ့ဒီ့နောက် ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်မှုတွေအကုန် သူ့မျက်ခွံဆီမှာ စုပုံလာသလား အောက်မေ့ရသည်။ လေးလံလှတဲ့မျက်ခွံကို ပင့်တင်ဖို့ရာ မစွမ်းနိုင်တော့ဘဲ သူ နေသာ သလို နေလိုက်မိတော့သည်။

အဆုံးသတ်ကတော့ နားနေခန်းရဲ့ဆိုဖာပေါ်မှာ  ဂျောင်ဂု အိပ်ပျော်သွားခဲ့ပါသည်။ သိပ်မကြာခင် အချိန်မှာပဲ မှောင်ရီပျိုးစဖြစ်လာသည်မို့ အလင်းရောင် ကောင်းစွာ မရတော့တဲ့ ထိုအခန်းလေးဆီ ဦးတည်လာတဲ့ ခြေတစ်စုံ။

" ... "

ကိုယ်ပိုင်နားနေခန်းမို့ မီးဖွင့်ကာ အိပ်ပျော်နေတဲ့ဂျောင်ဂုအနားဆီ ခပ်ဖြေးဖြေးလျှောက်လာသည်။ အိပ်ပျော်နေတဲ့ ဂျောင်ဂုကို တစ်ချက်လေးတောင် စောင်းငဲ့မကြည့်ဘဲ မျက်နှာချင်းဆိုင် ထိုင်ရင်း လက်ပ်တော့ကို ဖွင့်ကာ လုပ်လက်စအလုပ်တွေကို လက်စသတ်သည်။ စာရိုက်သံတွေ တချောက်ချောက်နဲ့ နားရှုပ်စရာဖြစ်နေပေမယ့် သူ့ရှေ့က ဂျောင်ဂု နိုးလာမှာမဟုတ်တာ သိတဲ့အတွက် စိတ်မပူနေ။ သဘာဝရဲ့အလင်းရောင်လေးပျောက်ကာ ကောင်းကင်ထက်မှာအမှောင်ထုပဲ ကျန်တော့တဲ့အချိန်ရောက်တော့ သူ လက်ပ်တော့ကို ပိတ်ချလိုက်သည်။ တော်တော်ကြာထိုင်ခဲ့သည်မို့လည်း ညောင်းညာနေသမျှ အကြောဆန့်လိုက်မိသည်။

အဲ့ဒီ့အချိန်အထိ သူ့ရှေ့က ဂျွန်ဂျောင်ဂုဟာ မနိုးလာခဲ့။ သူ အသက်မဝင်နေတဲ့မျက်ဝန်းတွေနဲ့ ဂျောင်ဂုကို ကြည့်လိုက်မိသည်။

" ... ငါတို့ ~~ Lesson စကြတော့မလား ဂျွန်ဂျောင်ဂု ~~ "

ခက်ထန်သယောင်ရှိတဲ့စကားလုံးကို ရေရွတ်ကာ အိပ်ပျော်နေတဲ့ဂျောင်ဂုအနား တိုးကပ်ပြီး သေချာကြည့်သည်။

မျက်မှန်ဝိုင်းဝိုင်းနဲ့ ကောင်‌ကလေး ... ကုမ္ပဏီတစ်ခုလုံးမှာ အသက်အငယ်ဆုံး ကောင်ကလေး ... အလုပ်ကြိုးစားသလောက် နေရာမရနိုင်တဲ့ကောင်ကလေး ... ဘဝရဲ့ခက်ခဲကြမ်းတမ်းမှုတွေကြောင့် ဘာကိုမှ သေချာဂရုမစိုက်နိုင်တာတောင် အခုထိ အပြစ်ကင်းစင်တဲ့ပုံပေါက်နေတဲ့ကောင်ကလေး ...

" ရား ... မတရားလိုက်တာ ... ဒီအရွယ်ရောက်နေတာတောင် မုန်းစရာကောင်းရတဲ့အထိ ချစ်ဖို့ကောင်းနေတုန်းပါလား ... အဲ့ဒီ့မျက်မှန်ဝိုင်းဝိုင်း ... အဲ့ဒီ့နှာတံလုံးလုံး ... အဲ့ဒီ့ နှုတ်ခမ်း ... ပြီးတော့ အဲ့ဒီ့ခေါင်းလုံးလုံး ... "

" ... "

" ... ဒါပေမယ့်လည်း သနားစရာပဲ .. ဘယ်လိုလုပ်မလဲ .. ဒီအခြေအနေအထိ‌ ရောက်လာအောင် ခက်ခက်ခဲခဲကြိုးစားခဲ့တဲ့ မင်းရဲ့အောင်မြင်မှုတွေကိုရော ... မင်းရဲ့ချစ်စရာကောင်းမှုတွေကိုရော ... ငါက .. "

" .. ကိုကိုက ... ဖျက်ဆီးပေးမယ် ... တစ်ယောက်တည်း တောက်တောက်ပပ အထီးကျန်တယ်ဆိုတာ ဘယ်လိုမျိုးလဲ မင်းသိအောင် ပြောပြပေးမယ် ဂျွန်ဂျောင်ဂု ... "

ဆော့ဂျင် ရေရွတ်လိုက်ပြီးတဲ့နောက်မှာတော့ နိုးမလာနိုင်တော့တဲ့ဂျောင်ဂုကို သူ ပွေ့ချီလိုက်သည်။ မနေ့ကလို ဒီနေ့လည်း ထပ်ပြီး သူ့နားနေခန်းရဲ့အိပ်ယာပေါ်ကို ချပြီး ဂျောင်ဂုတပ်ထားတဲ့မျက်မှန်ကို ဆွဲယူချွတ်ပစ်လိုက်သည်။  အိပ်ဆေးတိုက်ခဲ့တာမို့ နိုးမလာနိုင်တဲ့ဂျောင်ဂုဆံနွယ်တွေကို သူ ရှုပ်ဖွပစ်ရင်း ဂျောင်ဂုဝတ်ထားတဲ့ အဝတ်တွေ မှန်သမျှ သူဖယ်ရှားပစ်လိုက်မိသည်။

သူနာကျင်ခဲ့ရသလို ဂျောင်ဂုနာကျင်ဖို့အတွက် အဆုံးစွန်ထိ ယုတ်မာမယ်လို့ တွေးထားခဲ့ပေမယ့် အခုတော့ သူ့အိပ်ယာပေါ်က အဝတ်ဗလာနဲ့ ဂျောင်ဂုကို ကြည့်ရင်း သူ့ရင်ဘတ်က တင်းကျပ်လာရသည်။ အသက်ရှူဖို့အထိတောင် ခက်ခဲနာကျင်ရတာမို့ သူ့ စိတ်ကို သူထိန်းမိတော့ သူတင်းခံအံကြိတ်ထားတဲ့ကြားကနေ ပါးပြင်ပေါ်ကို မျက်ရည်စတွေ စီးဆင်းလာရသည်။

ဒီခန္ဓာကိုယ်သေးသေးက ဘယ်နှစ်ယောက်ကိုများ ပတ်သက်ပြီးပြီလဲ သူမသိသလို သိလည်း မသိချင်။ ကြားခဲ့ရတဲ့သတင်းတွေက တစ်ခုမှ ကောင်းတာမရှိဘဲ သနားစရာလေးဖြစ်နေပေမယ့် သူ့မှာ ဂျောင်ဂုအတွက် ခံစားချက်တွေ ကုန်သလောက်နီးနီးပင်။

" အေး ဘာလို့မျက်ရည်ကျနေမလဲ ဆော့ဂျင် ~~  ဒီအတိုင်း အကုန်လုံးကို မုန်းပစ်ပြီး စွန့်ပစ်လိုက် "

ဆော့ဂျင် ရေရွတ်ရင်း မျက်ရည်စတွေကို ပြန်သိမ်းဆည်းကာ လက်သီးဆုပ်လိုက်မိသည်။ ဂျောင်ဂု လည်တိုင်နား သူတိုးကပ်ရင်း သူ့နှုတ်ခမ်းအိအိနဲ့ ထိတွေ့စေလိုက်မိသည်။ မလုပ်တော့ဘူးဆုံးဖြတ်ထားပေမယ့် ငြင်းမရအောင် ချည်နှောင်ချင်တာမို့ ဒါကိုတော့ သူ လုပ်မှဖြစ်မည်။ အဲ့ဒီ့နောက် ပါးလျနေတဲ့ လည်တိုင်နဲ့ ညှပ်ရိုးတစ်လျှောက်လုံး သူ တတိတိကိုက်ရင်း နီရဲစေလိုက်မိသည်။

လည်တိုင်နဲ့ ရင်ဘတ်နားတွေမှာ ခပ်ရဲရဲလေးဖြစ်သွားတော့မှ သူ ရပ်လိုက်မိသည်။ မနိုးလာနိုင်တဲ့ဂျောင်ဂုကတော့ နာလို့လားမသိ၊ မျက်နှာလေးမဲ့သွားပေမယ့် သူကတော့ ထိုမျက်နှာကိုပဲ အရသာခံပြီး ကြည့်နေမိသည်။ ဂျောင်ဂု ဒီထက်နာကျင်မယ်ဆိုရင် ကိုးနှစ်နီးပါးနာကျင်ခဲ့ရတဲ့သူ့နှလုံးသားလေး ကျေနပ်နိုင်မယ်လို့ သူ မျှော်လင့်ပါသည်။

အဲ့ဒီ့နောက်မှာတော့ ကုတင်ပေါ်ထိုင်ရင်းအိပ်ပျော်နေတဲ့ ဂျောင်ဂုကို မနေ့ကလိုပဲ သူ မျက်နှာသေနဲ့ ကြည့်နေမိခဲ့တော့သည်။ နောက်တစ်နေ့မနက်ရောက်ရင် အရာရာဟာ သူစီစဉ်ထားတဲ့အတိုင်း ဖြစ်လာတော့မှာပင်။

💠💠💠

နှာဖျားဝမှာ ထိကပ်နေတဲ့ ရနံ့လေးကြောင့် သူ့အာရုံတွေ ပြန်လည်စုစည်းလာရသည်။ ခန္ဓာကိုယ်က ညောင်းညာတာမျိုးမရှိဘဲ သက်သောင့်သက်သာဖြစ်နေတဲ့အပြင် အေးစိမ့်စိမ့်လေးဖြစ်နေသည်မို့ သူ့မျက်ဝန်းတွေ ပွင့်လာရသည်။ မျက်မှန်မပါလာသည်မို့ အရာရာဟာ မှုန်ဝါးဝါးဖြစ်နေပေမယ့် မျက်တောင်တွေကို ပုတ်ခတ်လိုက်မိသည်။ အဲ့ဒီ့တော့မှ သတိထားမိတာက သူ့လည်ဂုတ်နားက ခပ်နွေးနွေးလေးဖြစ်နေသည်။ သူ ဘေးဘက်ခြမ်းကို လှည့်ကြည့်မိတော့ ဝိုးတိုးဝါးတာ လူတစ်ယောက်ကိုမြင်လိုက်ရသည်။ ကြည်ကြည်လင်လင်မြင်တာမျိုးမဟုတ်ပေမယ့် သူမြင်နေရတဲ့မျက်နှာလှလှဟာ ကိုကိုနဲ့ ဆင်တူသယောင်ရှိလေလျှင် သူ ချက်ချင်း အိပ်ယာပေါ်ထထိုင်လိုက်မိသည်။ သူ့ လှုပ်ရှားမှုကြောင့် သူ့ဘေးက လူပါ လူးလွန့်ကာ သူ့လိုမျိုး ထထိုင်လာသည်။ သူ့ကိုယ်သူ သတိထားမိတော့ သူဟာ အဝတ်‌ဗလာနတ္ထိပင်။ ဘာကိုမှ တွေးမ‌အောင် စိတ်တွေရှုပ်သွားတာမို့ သူ မေးခွန်းထုတ်ရင်း မျက်မှန်ရှာမိတော့သည်။

" ခင်ဗျားက ဘယ်သူလဲ "

နိုးလာတာနဲ့ တစ်ခုခုကို လန့်သွားပုံပေါ်ကာ ဘေးနားတစမ်းစမ်းလုပ်ရင်း အသံတုန်တုန်နဲ့ မေးလာသည်မို့ ဆော့ဂျင် မျက်မှောင်ကြုတ်လိုက်မိသည်။ မမြင်နိုင်တာလား ... ဒါမှမဟုတ် သူ့ကို မမှတ်မိတာလား ..

သူအသံမပြုဘဲ ‌ကြည့်နေဆဲခဏမှာပဲ ဂျောင်ဂုကတော့ ကုတင်ဘေးက မျက်မှန်ကိုရသွားခဲ့ပြီဖြစ်သည်။ ချက်ချင်းပဲ ကောက်တပ်ကာ သူ့ကို ကြည့်တော့ မျက်မှန်အောက်က မျက်ဝန်းလှလှတွေက ဝိုင်းစက်သွားတော့သည်။ သူ့ကို မြင်တာနဲ့ တုန်တက်သွားတဲ့ခန္ဓာကိုယ်လေးရယ်၊ အရည်လဲ့လဲ့မျက်ဝန်းတွေရယ်က ဘာကိုဆိုလိုချင်နေလဲ သူ မသိပေမယ့် ခပ်ဟဟ ဖွင့်ကျလာတဲ့နှုတ်ခမ်းလွှာကတော့ သူ အရမ်းတောင့်တခဲ့ရတဲ့နာမ်စားလေးတစ်ခု ထွက်လာသည်။

" ~~ ကိုကို ~~ "

လေသံက ဖျော့တော့လွန်းပေမယ့် ထိုအသံကိုကြားဖို့အတွက် နီးကပ်လွန်းနေခဲ့သည်။ ရက်ရက်စက်စက်ပြောထုတ်ဖို့ ကြိုပြင်ထားမိတဲ့စကားလုံးတွေကလည်း ဘယ်ကိုပျောက်ကုန်တယ်မသိ။ ဂျွန်ဂျောင်ဂုရဲ့ "ကိုကို" ဆိုတဲ့ စကားလေးနဲ့တင် သူ့မှာ အရာရာ အရှုံးပေးလိုက်ရသလို ခံစားလိုက်ရသည်။ သူ တတ်နိုင်သမျှ မျက်နှာကို တင်းခံရင်း မှင်သေသေနဲ့ ကြည့်နေမိသည်။ ဂျောင်ဂုကတော့ ပြိုကျလာတဲ့မျက်ရည်တွေနဲ့အတူ သူ့ပါးဆီကို လက်လှမ်းလာသည်။ တဆတ်ဆတ်တုန်ယင်နေတဲ့လက်ဖျားတွေက ဒီကောင်လေး ဘယ်လောက်ထိ စိတ်လှုပ်ရှားနေလဲဆိုတာ သူသိပေမယ့် သူ့ပါးကို ကိုင်မယ့် ဂျောင်ဂုလက်တွေကို ရှောင်လွှဲလိုက်မိသည်။ သူ့အပြုအမူကြောင့် သူကိုယ်တိုင် ကိုယ်တွင်းမှ ခုန်နေတဲ့နှလုံးသားလေးက ဆစ်ကနဲ့ နာကျင်သွားရပေမယ့် ခပ်မဲ့မဲ့လေး ရယ်လိုက်မိသည်။  သူပျော့ညံ့နေလို့မှ မရတာလေ။

" ... "

ဆိတ်ငြိမ်မှုတွေ ကြီးစိုးနေတဲ့အခန်းထဲ ဂျောင်ဂုကတော့ သူ့အပြုအမူကြောင့် ခေါင်းငုံ့သွားခဲ့ပေမယ့် သူကတော့ တစ်ခုခုစပြောဖို့ ပြင်လိုက်မိသည်။ သို့ပေမယ့် ...

" ... ကင်ဆော့ဂျင်!! ... မင်း! ..."

ရုတ်တရက် အခန်းတံခါးဖွင့်သံနဲ့အတူ အဖေ့အသံကို ကြားလိုက်ရတာမို့ အခန်းဝကို လှမ်းကြည့်မိသည်။ ဂျောင်ဂုသည်လည်း သူ့လိုပင်။ သို့ပေမယ့် ဂျောင်ဂုကတော့ သူ့ထက် ပိုပြီး ထိတ်လန့်သွားမှာပေါ့ ၊ အကြောင်းရင်းက အဖေ့ဘေးမှာ ကင်မရာကိုင်ထားတဲ့ သတင်းထောက်တစ်ယောက်လည်း ရှိနေသည်လေ။

အခန်းထဲကို ခြေလှမ်းကျဲနဲ့လျှောက်လာတဲ့ လူကြီးကြောင့် ဂျောင်ဂု စောင်ကိုရင်ဘတ်အထိ ဆွဲတင်လိုက်မိသည်။ ထို‌လူကြီးရဲ့နောက်က ကင်မရာနဲ့ အစ်ကိုသည်လည်း သူနဲ့ကိုကို့ကို ကြည့်ကာ လက်တွေလှုပ်ရှားတာမြင်လိုက်ရသည်။ 

" ဖျပ် "

ဓာတ်ပုံအရိုက်ခံရတာ သိပြီမို့ ထိတ်လန့်စွာ တံတွေးမြိုချကာ ကိုကို့ကို သူလှည့်ကြည့်မိသည်။ မျက်စိတစ်မှိတ်အချိန်အတွင်း အဖြစ်အပျက်တွေက သိပ်မြန်လွန်းလှသည်။ ကိုကိုနဲ့သူ အိပ်ယာပေါ်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲ မမှတ်မိပေမယ့် သူ တုန်လှုပ်နေမိသည်။ နိုးနိုးချင်း သူ မထင်မှတ်ထားမိတဲ့ ကိုကို့ကို ပြန်တွေ့လို့ ပျော်ရွှင်ခြင်းတွေက လှိုက်တက်လာပေမယ့် ကိုကို့မျက်ဝန်းတွေကသူ့ကို အပေါစားဆန်ဆန် စိမ်းသက်သက်ကြည့်နေတော့ သူ တုန်လှုပ်ကြောက်ရွံ့လာရသည်။ အမြင်မှားနေမှာစိုးလို့ မျက်နှာလေးကိုင်ကြည့်ဖို့ ကြိုးစားတော့လည်း ကိုကိုက ရှောင်ဖယ်ခဲ့သည်မို့ သူ့နှလုံးသားဟာ နာကျင်စွာ ခုန်ပေါက်လျက်...။

အခုလို သူကိုယ်တိုင်တောင် နားမလည်နိုင်တဲ့အခြေအနေကြားမှာ အခန်းထဲဝင်လာတဲ့လူတွေ ...။ သူသေချာကြည့်မိတော့မှ ကိုကို့အဖေရယ်၊ အတွင်းရေးမှူးဟန်ရယ်၊ ကင်မရာကိုင်ထားတဲ့လူကြီးရယ်၊ မျက်ဝန်းမှေးမှေးနဲ့အစ်ကိုရယ်၊ အဲ့ဒီ့အစ်ကိုဘေးမှာတော့ ထိုမျက်ဝန်းမှေးမှေးနဲ့အစ်ကိုလက်ကို ဆွဲကိုင်ထားတဲ့ နှုတ်ခမ်းလှလှနဲ့အစ်ကိုတစ်ယောက်ရှိသည်။

" ... အရေးကြီးကိစ္စပြောစရာရှိတယ်ဆိုတာ ဒါလား ကင်ဆော့ဂျင် ..."

ကိုကို့အဖေဆီက ဒေါသတကြီးအသံထွက်လာတော့ သူ လန့်သွားမိသည်။ တကယ်ကို အသက်မရှူရဲရလောက်တဲ့အထိ ငြိမ်သက်ကာ စောင်အောက်မှာ လက်သီးလေးဆုပ်ပြီး တင်းခံမိသည်။ ကိုကိုအပါအဝင် ဘယ်သူ့ကိုမှ သူမကြည့်ရဲပါ။

" ကျစ် .. ဒီအရွယ်ရောက်ပြီ ဒီလိုဖြစ်တာ ဘာဆန်းလို့လဲ ... ဒီကိစ္စမရှိမှဘဲ ဆန်းနေမှာမဟုတ်လား ..."

ကိုကို့ဆီက ဂျစ်ကန်ကန်အသံလေး ကြားလိုက်ရတော့ သူ့ရင်တွေ တထိတ်ထိတ်။ ကိုကိုဟာ အရင်ကလို အခုထိ ဂျစ်ကန်ကန်လေးဖြစ်နေတုန်းဆိုပေမယ့် လေသံကတော့ သိပ်ကို‌ပြောင်းလဲသွားခဲ့သည်ပင်။

" ...  အဲ့ဒီ့တော့ ဒီအခြေအနေကဘာလဲ ... သားဂျောင်ဂုနဲ့ ဘယ်အချိန်က ခိုးတွေ့ပြီး တွဲနေတာလဲ ... အိမ်ကိုအဆက်အသွယ်ဖြတ်ပြီး ပြန်လာတော့ ပထမဆုံးကြိုဆိုပေးတာ ဒီပုံစံနဲ့လား ... ဆော့ဂျင် ... မင်းက အရင်လို ဆယ်ကျော်သက်မဟုတ်တော့ဘူးနော် ..."

ကိုကို့အဖေဆီက စကားအဆုံးမှာတော့ သူ ကိုကို့ကို ခိုးကြည့်မိသည်။ သိပ်လှလွန်းတဲ့နှုတ်ခမ်းလေးနဲ့ အချိုးကျတဲ့မျက်နှာခံ့ခံ့က ကိုကို့ဆီမှာ အခုထိရှိနေတုန်းပင်။ ကိုကိုကတော့ သူ့ကို တစ်ချက်တောင် လှည့်မကြည့်ဘဲ အိပ်ယာပေါ်ကထကာ ပြန့်ကျဲနေတဲ့အင်္ကျီကို ဆွဲယူဝတ်သည်။ သူကတော့ နေရာကနေ အခုထိလှုပ်မရဲသေး။ ညက သူ စောင့်နေရင်း အိပ်ပျော်သွားတဲ့အတွက် ဒီကုတင်ကို ဒီလိုပုံစံနဲ့ရောက်လာတာ ဘာကြောင့်လဲ သူသိဖို့လိုပါသည်။

" ... တွဲတယ်? ... မတွဲပါဘူး ... ဒီအတိုင်း စိတ်ဖိစီးမှုများနေလို့ တစ်ညတာ ဖျော်ဖြေတဲ့ONSနဲ့ အိပ်ရုံလေးပဲ ... ပြီးတော့ မသိတဲ့သူတွေထက်စာရင် သိနေတဲ့သူက ပိုမကောင်းဘူးလား ... ... ဒီတစ်ယောက်က သိပ်တော့ မသန့်ပေမယ့် သုံးလို့တော့ ကောင်းပါသေးတယ် ... နှစ်ယောက်ကြားက ဆက်ဆံရေးက ဒီထက်မပိုဘူး "

ဒီစကားအဆုံးမှာတော့ သူ မယုံနိုင်စွာ ကိုကို့ကို ဖျတ်ကနဲ့မော့ကြည့်မိသည်။

ကိုကို သူ့ကို ဘယ်လိုတောင် ~~ ဘယ်လိုတောင် သတ်မှတ်လိုက်တာလဲ ... ONS?? တစ်ညတာ ?? သူတောင် ဘာမှန်းမသိဘဲ နိုးထလာခဲ့ရတာလေ  ... ဒါကို ကိုကိုက ...

" ဆော့ဂျင် ... မင်းစနောက်နေတာရပ်ပြီး ~~ အတည်ပြောလို့ရမလား ... ဂျွန်ဂျောင်ဂုနဲ့ တစ်သက်လုံးပြန်မတွေ့ဘူးဆိုပြီး အခုလိုအခြေအနေက ... "

" ... ငါပြောပြီးပြီလေ ယွန်းဂီ ... One Night Stan ပါလို့ ... စိတ်ဖိစီးနေတာနဲ့ အပျော်ရှာချင်လို့ တစ်ယောက်လောက်ရှာလိုက်တာ ... သူဖြစ်နေတော့ ငါ ဘယ်တတ်နိုင်မလဲ ... "

ရွံစရာကောင်းတဲ့အကြည့်တွေနဲ့ စောင်းငဲ့ကြည့်ကာ ပြောလာလေတော့ သူ ခေါင်းခါမိသည်။ သူသိခဲ့တဲ့ကိုကိုဟာ သိပ်ကို ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ အရင်ကဆို သူ့ကို အရာရာကာကွယ်ပေးခဲ့တဲ့ကိုကိုဟာ အခုတော့ သူ့ကို ကိုကို ကိုယ်တိုင် ချေဖျက်ဆီးနေသလိုပင်။

" .... မဟုတ်ဘူး ~~ မဟုတ်ဘူး ကိုကို ~~ .. သား ~ ကျွန်တော်က အဲ့ဒီလိုလူစားမျိုး မဟုတ်ဘူးကိုကို ..."

သူ အသည်းအသန်ငြင်းမိတော့ ကိုကိုက သူ့မျက်နှာအနား ငုံ့မိုးလာသည်။ အသက်မရှူရဲရလောက်တဲ့အထိ တုန်လှုပ်နေမိတာမို့ အနောက်ဆုတ်မိတော့ ကိုကိုက သူ့မျက်နှာကို ဆွဲယူကာ သူ့နှုတ်ခမ်းကို လက်မနဲ့ဖိချေသည်။ နာကျင်သည်မို့ ဝဲလက်စ မျက်ရည်တွေက စီးကျလာတော့ ကိုကိုက ပြုံးသည်။ ဒီလိုကျတော့ သူသေမတတ်လွမ်းခဲ့ရတဲ့ ကိုကို့အပြုံးဟာ သိပ်ကို ခါးသက်လွန်းသည်။

" ဘယ်သူက မင်းရဲ့ကိုကိုလဲ ... ညစ်ပတ်တဲ့ပါးစပ်နဲ့ ငါ့ကို ကိုကိုလို့ မခေါ်စမ်းနဲ့ ... ငါ မင်းရဲ့ ကိုကိုမဟုတ်တော့ဘူး ဂျွန် ဂျောင် ဂု !!! "

ပြောပြီးတာနဲ့ မျက်နှာကို တွန်းထုတ်တော့ သူ့မျက်နှာလည်ထွက်သွားရသည်။

" ... ကင်ဆော့ဂျင် ကလေးကို အဲ့ဒီလို မဆက်ဆံစမ်းနဲ့ ..."

ကိုကို့အပြုအမူကြောင့် ကိုကို့အဖေကတော့ ပျာပျာသလဲ သူ့အနားရောက်လာကာ သူ့မျက်နှာကို စစ်ဆေးသည်။ သူ ထွက်ပြေးလိုက်ချင်ပေမယ့် သူ့ခြေလက်တွေက အခုထိ အင်အားချိနဲ့နေဆဲဖြစ်သည်။ ကိုကို့ကို ကြောက်တာရော၊ နာကျင်တာရော၊ ပြန်တွေ့ရလို့ ပျော်ရွှင်တာရော ပေါင်းစုံဖြစ်နေတဲ့အတွက် သူ့နှုတ်ခမ်းဖျားဟာလည်း တဆတ်ဆတ်တုန်ယင်နေမိသည်။

" ... သား ... ဂျောင်ဂု ... နာနေလား ... ဘယ်နေရာ နာနေတာလဲ .. သား ... ဦးဦးကိုပြော ..."

ဟိုကြည့်ဒီကြည့်လုပ်နေရင်းမှ သူ့လည်တိုင်နဲ့ ရင်ဘတ်ကို မြင်သွားတော့ ကိုကို့အဖေရဲ့အကြည့်တွေ ကိုကို့ဆီရောက်သွားတော့သည်။

" ... အဲ့ဒီလို ကျွန်တော့်ကို လာမကြည့်နဲ့ အဖေ! ... သူလည်း အရွယ်ရောက်နေတဲ့လူတစ်ယောက်ပဲ ...ကျွန်တော့်အမှားမဟုတ်ဘူး"

ခပ်ထေ့ထေ့ပြောလာလေတော့ ကိုကို့အဖေက သူ့ကို အင်္ကျီဝတ်စေကာ ကိုကို့ကို ဒေါသမျက်ဝန်းတွေနဲ့ ကြည့်သည်။

" ~~ ဒါပေမဲ့လည်း မင်းက အရင်စည်းကျော်ခဲ့တာမလား ဆော့ဂျင် ~~ တာဝန်ယူနိုင်လို့လား ... ဘာမှမသိတဲ့ကလေးအပေါ် ဒီလိုလုပ်ပြီး ဖြစ်လာတဲ့ နောက်ဆက်တွဲတွေအကုန်တာဝန်ယူနိုင်လို့လား ...မတော်လို့များ ~~ "

ဆက်မထွက်လာတော့တဲ့စကားလုံးတွေကို ရပ်ကာ တစ်ခုခုကို သိနေသလိုမျိုး ကိုကို့အဖေက သူ့ကို ကြည့်လာလေတော့ သူအားငယ်စွာ ပြန်ကြည့်မိသည်။ သူ့မသိစိတ်ရဲ့ ကိုးကွယ်ရာ ကိုကိုကတော့ အချိန်ခဏလေးအတွင်းမှာ ‌ပြိုကျသွားခဲ့ပြီဖြစ်သည်။

" ... စည်းကျော်စရာကိုမရှိတာ ... ဒီကတ်က သက်သေပဲလေ ... ဒါက ရိုးရိုးလိပ်စာကတ်မှ မဟုတ်တာ ... ကျွန်တော်လည်း လိုအပ်လို့ခေါ်တယ် ... သူလည်း သူ့အလုပ်သူလုပ်တာပဲ ဒါမှားလား ..."

စိတ်ပေါက်ပေါက်နဲ့ပြောနေပုံရသည့်ကိုကိုက ခေါင်းအုံးအောက်က ကတ်တစ်ခုကို ဆွဲထုတ်ကာ ပြလာလေတော့ သူအပါအဝင် ကျန်တဲ့သူတွေပါ မျက်လုံးပြူးသွားမိသည်။ ဟုတ်ပါရဲ့ ကတ် .. အဲ့ဒီ့ကတ် .. သူ့ကျန်းမာရေးအခြေအနေကြောင့် ONSနဲ့ဖြတ်သန်းဖို့ ဆရာဝန်က recommend ပေးခဲ့တဲ့ကတ်။ ဒါပေမဲ့ သူ မလုပ်ဘူးလေ ... စိတ်မလုံခြုံမှုပေးမယ့် သူတွေနဲ့ ဖြတ်သန်းရမှာ သူ သဘောမကျဘူးလေ ...။ ဒါကို ကိုကိုက ဘာမှ မသိဘဲနဲ့ ဘာလို့ စွပ်စွဲနေရတာလဲ ... ကိုကိုကရော ဒီကတ်ကို ဘယ်လိုရတာလဲ ...။

" တော်တော့ ဆော့ဂျင် ! ဂျောင်ဂုကို ငါခေါ်သွားမယ် ... မင်းကတော့ မင်းသဘောအတိုင်းပဲ ONSလို့ ယုံကြည်ချင်လည်း ယုံနေပေါ့ ... လာ ဂျောင်ဂု ... ဦးဦးနဲ့လိုက်ခဲ့ "

ကိုကို့အဖေက သူ့ကို ဆွဲခေါ်ကာ သဘက်နဲ့ပတ်ပေးတော့ ကိုကိုက သူ့ကို အမှုန့်ကြိတ်မတတ် မီးတောက်မျက်ဝန်းတွေနဲ့ ကြည့်သည်။ ကိုကို ဒေါသထွက်အောင်များ သူဘာလုပ်မိခဲ့လို့လဲ ... မဟုတ်မှ ကိုကိုက သူလမ်းခွဲခဲ့တာ‌တွေ၊ ခူရိုနဲ့လက်ထပ်ခဲ့တာတွေ အဲ့ဒါတွေ အားလုံးကို အခုထိ အခဲမကြေနိုင်သေးတာလား ... အဲ့ဒါကြောင့် အခုလို သူ့ကို ဆက်ဆံနေတာလား ...

" နေဦး .... ဒါ ယူသွားလိုက် ~~ မလောက်ရင် ဟန်က ရှင်းပေးလိမ့်မယ် ... ဟန် လိုက်သွား ..."

ကိုကို့အဖေခေါ်ထုတ်တဲ့နောက် သူပါသွားပေမယ့် ရုတ်တရက် သူ့လက်ကိုဆွဲကာ လက်ထဲ ထိုးထည့်ပေးတဲ့ ချက်လက်မှတ်တစ်စောင်။ ဘယ်လောက်လဲဆိုတာ မသိပေမယ့် သုညတွေအများကြီးတော့ သူမြင်မိသည်။ ဒီလိုဆိုပြန်တော့ နာကျင်နေရတဲ့သူက နှစ်ဆ ပိုနာကျင်ရသလိုပင်။ အဲ့ဒါထက် ကိုကိုဟာ သူသိထားဖူးခဲ့တဲ့ ကိုကိုမဟုတ်တော့ သူပိုနာကျင်ရသည်။

ကိုကို့ကို ခပ်ဆွေးဆွေးလေး လည်ပြန်ကြည့်မိတော့ ကိုကို့မျက်ဝန်းတွေ ဖျော့တော့သွားသည်။ သို့ပေမယ့်လည်း ကိုကိုက မျက်နှာအရင်လွှဲကာ ကုတင်ပေါ်ထိုင်ပြီး သူ့ကို အဖတ်မလုပ်တော့သည်မို့ သူလည်း ကိုကို့အဖေခေါ်ရာနောက်ကိုသာ လိုက်သွားမိတော့သည်။

အခန်းထဲမှာ ဂျောင်ဂုမရှိတော့ဘူးဆိုမှ ဆော့ဂျင် ဆိုဖာပေါ်ထိုင်လိုက်မိသည်။ သူ့ကိုတော့ ယွန်ဂီက စိတ်မသက်သာသလိုကြည့်ကာ ကင်မရာကိုင်ထားတဲ့ သတင်းထောက်ချန်ယူကတော့ သက်ပြင်းချသည်။

" ... ဂျင် မင်းပြောတဲ့အတိုင်း ရိုက်ထားပေးတယ် ... လိုချင်တဲ့အချိန်လာပြော ... မပေါက်ကြားအောင် ထိန်းသိမ်းပေးမယ် ..."

" အင်း~~ ငါ့အဖေလာတောင်းဝယ်ရင် ရောင်းပေးလိုက် ..."

" ဟုတ်ပြီ .. ကဲ .. ငါသွားတော့မယ် ... သတိထားနော် ... မင်းကိုယ်မင်း မနာကျင်စေနဲ့ ဆော့ဂျင် ... "

သူ့ကိုနှုတ်ဆက်ကာ ယုံကြည်ရတဲ့အစ်ကိုချန်ယူထွက်သွားတော့ အခန်းထဲမှာ သူရယ်၊ ယွန်းဂီရယ်၊ ယွန်းဂီ့အမျိုးသားရယ် သုံးယောက်သာ ကျန်ရစ်သည်။

" ကဲ ဘယ်လိုလဲ မင်း ~~ စီစဉ်ထားတဲ့အတိုင်းဖြစ်လာရဲ့လား .. ကျေနပ်ရဲ့လား ..."

ခပ်ငေါ့ငေါ့မေးခွန်းကို ယွန်ဂီမေးလာတော့ သူ ခပ်ဖျော့ဖျော့ရယ်မိသည်။

" ... အဲ့ဒီလို အူတူတူအတတ ကောင်က ONSဖြစ်ရတဲ့အထိ ရှုပ်ပွေတာ မယုံနိုင်စရာပဲ ... ဒါပေမဲ့ ငွေပေးရင် ရတယ်ဆိုတော့ သူက ဘာများဖြစ်လိမ့်မလဲ .. "

" ကင်ဆော့ဂျင် !! စကားကို အဲ့ဒီလို မပြောနဲ့  ... လိုချင်တယ်ဆိုရင် အေးအေးဆေးဆေးပြန်လိုက်ရင် ရတယ်လေ ... အခုက ဘာသဘောလဲ ... ငါ့မှာ ဟန်ဆီကနေ ကြားလိုက်ရတာ အမောဆို့မတတ်ပဲ ..."

" ယွန်းဂီ ... မင်းပဲ ‌သင်ပေးခဲ့တာမဟုတ်လား ကွာရှင်းလိုက်ရင် ငါ့အတွက် အခွင့်အရေးရှိတယ်ဆိုပြီးတော့လေ ... အခု သူကွာရှင်းပြီးပြီလေ .. သေချာပေါက် ငါ့လက်ခုပ်ထဲက ရေဖြစ်ရမှာပေ့ါ ..."

စကားတွေကို ကပ်သီးကပ်ဖဲ့ ပြောနေတဲ့ ဆော့ဂျင်ကိုကြည့်ပြီး ယွန်းဂီ ခေါင်းခါလိုက်မိသည်။ ဟိုတလောကမှ USက ပြန်ရောက်လာတဲ့ဆော့ဂျင်ဟာ ဂျောင်ဂုကို လုံးဝပြန်မရှာခဲ့ပေမယ့် အခုတော့ ဘယ်လိုလုပ်ဒီလိုတွေဖြစ်လာရလဲ သူမသိ။

" ဂျင် ~~ မချစ်တာလဲ မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ ကိုယ်ချစ်တဲ့သူကို နာကျင်စေပြီးမှ ပိုင်ဆိုင်ချင်ရတာလဲ ... ဒီကိုးနှစ်လုံးလုံး မင်း မုန်းတယ်လို့အော်နေပေမယ့် တကယ်မမုန်းတာ ငါသိတယ်နော် "

သူ ဆော့ဂျင်ကို အော်ပြောမိတော့ ဂျင်က နှုတ်ခမ်းတွေ တင်းတင်းစေ့ကာ သူ့ဘေးနားက သူ့အမျိုးသား မင့်ကို ငဲ့စောင်းကြည့်လာသည်။ နှစ်ယောက်ကြားအတွင်းရေးကိစ္စတစ်ချို့ကို သူ မင့်ရှေ့မှာ မပြောသင့်မှန်း သူ သတိထားမိလေတော့ မင့်ကို သူကိုယ်တိုင်လဲ ငဲ့ကြည့်မိသည်။ ဒါကို သတိထားမိပုံပေါ်တဲ့မင်က ခပ်လေးလေးအပြုံးတစ်ခု ချိတ်ဆွဲကာ သူ့ကို ကြည့်သည်။

" လူကြီး .. ကိုယ် အလုပ်လေးရှိလို့ ခဏ သွားဦးမယ် ... ပြန်လာခဲ့မယ် ... Jin-Hyung ကျွန်တော် သွားလိုက်ပါဦးမယ် "

တိုတိုတုတ်တုတ်ပင် နှုတ်ဆက်ကာ ထွက်သွားလေတော့ အခန်းထဲ သူနဲ့ ဂျင်သာ နှစ်ယောက်တည်း ကျန်ရစ်တော့သည်။  အဲ့ဒီတော့မှ ဂျင်ဟာ လက်ဖဝါးနှစ်ခုကြားမျက်နှာကို ဖွက်ကာ ပင်ပန်းသလို ရေရွတ်ရင်း ခေါင်းငုံ့သွားတော့သည်။

သူ တခြားအရာတွေကို သိပ်နားမလည်ပေမယ့် ကင်ဆော့ဂျင်ဆိုတဲ့လူသားကိုတော့ သူနားလည်ပါသည်။ ချစ်ရတဲ့သူကို စကားလုံးတွေနဲ့ ထိုးနှက်ထားရတာ ဘယ်လောက်နာကျင်နေလိမ့်မလဲ ...။

သူ ဆော့ဂျင်အနားတိုးကပ်ရင်း ဆော့ဂျင် ပခုံးကို ပုတ်လိုက်မိသည်။

" ... ဒီနေ့ ဒီလိုလုပ်တာ မင်းနာကျင်ရသမျှ အနိုင်ယူချင်လို့ဆိုပေမယ့် မင်းအဖေကို ခေါ်လိုက်တာကတော့ သူ့ကို ကာကွယ်ပေးချင်လို့မဟုတ်လား .. မင်းမပြောပေမယ့် ငါသိတယ်နော် ... ONSကနေပြီး .. ငွေပေးတိုင်းတွေ့လို့ရတဲ့လူမျိုး မဖြစ်စေချင်လို့မလား ..."

သူပြောမိတော့ ဂျင်က သူ့ကို စောင်းငဲ့ကြည့်သည်။ ကြည်လင်ရှင်းသန့်နေတဲ့မျက်နှာလေးဟာ တစ်ခုခုကို အလိုမကျစွာ ခက်ထန်နေပုံတော့ ပေါ်ပါသည်။

" ... ယွန်းဂီ ... ငါ အခုထိ ပင်ပန်းနေတုန်းမို့လို့ ငါ့ကိုနားလည်ရင် ထပ်မပြောနဲ့တော့ .."

ဂျောင်ဂုကို ပြောလွှတ်လိုက်တဲ့ဆော့ဂျင်နဲ့မတူစွာ ဖျော့တော့သွားသည်မို့ သူ သက်ပြင်းချလိုက်မိသည်။ ကင်ဆော့ဂျင်ရဲ့ စိတ်ဒဏ်ရာဟာ ဘယ်လောက်အတိုင်းအတာထိ နက်နေပြီလဲ သူ တိုင်းတာကြည့်လို့မရနိုင်တော့ပါ။ တကယ်ဆို ဒီကြားထဲမှာ ဆော့ဂျင် အသည်းကွဲခြင်းဒဏ်ကို အလူးအလဲ ခံစားခဲ့ရတာပဲလေ ... ဂျောင်ဂုအပေါ် ဒီလောက်လေး အနိုင်ပြန်ယူတာက မပြောပလောက်တော့ပေမယ့် အနိုင်ယူတာ အက်ကြောင်းထပ်လာတဲ့အခါ တကယ်နာကျင်ရမယ့်သူက ဂျောင်ဂုမဟုတ်ဘဲ ဆော့ဂျင်ဖြစ်လာမို့ သူ ရင်နာရပါသည်။

" ... ရက်ရက်စက်စက်ပြောပြီး ယုတ်မာဖို့လုပ်ခဲ့ပေမယ့် ငါမလုပ်နိုင်ခဲ့ဘူး ယွန်ဂီ .. သူ့ရဲ့အရာသေးသေးလေးကအစ အခုထိငါ့ကို လှုပ်ခတ်နိုင်စွမ်းရှိနေသေးလို့ ငါပိုမုန်းတယ် ယွန်ဂီ ..."

မမေးဘဲနဲ့ ပွင့်ကျလာတဲ့စကားလုံးတွေကို ယွန်းဂီကောက်သိမ်းရင်း ဆော့ဂျင်ပခုံးတွေကို ပုတ်ကာ ငေးနေမိတော့သည်။

ထိုအဖြစ်အပျက်ကိုတော့ အခန်းဝကနေ ရပ်ကြည့်နေခဲ့တဲ့သူကတော့ မင်ယွန်ဂီရဲ့တစ်ဦးတည်းသော အမျိုးသား မင် ~~။

... လူကြီး ... နာကျင်ရတာ ကိုယ်မကြိုက်တော့တဲ့တစ်နေ့ကျရင် ကိုယ် လူကြီးကို လွှတ်ချခဲ့မှာပါ ... အခုတော့ တခြားသူကိုပဲ ငေးနေတတ်တဲ့လူကြီးကို နာနာကျင်ကျင်နဲ့ ကြည့်နေရတာ သဘောကျနေတုန်းမို့ပဲလေ ...

💠💠💠

Nov 15, 22

▬▬▬▬▬▬▬▬▬▬▬▬▬▬▬◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇▬▬▬▬▬▬▬▬▬▬▬▬▬▬▬

⟨ Zawgyi Version ⟩

• Me, Myself & Bad Romance •• အပိုင္း ၁၄ •

" ... "

နာက်င္မႈကေန သက္ေသာင့္သက္သာအေနအထားေရာက္လာတာနဲ႔ သူ မ်က္ဝန္းေတြ ဖြင့္ၾကည့္မိသည္။ သူ ျမင္လိုက္ရတာက ခပ္အုံ႔အုံ႔မ်က္ႏွာၾကက္ပင္။ သူႏိုးလာေနက် ရင္းႏွီးတဲ့ပတ္ဝန္းက်င္မဟုတ္တာမို႔ သူ ခ်က္ခ်င္း ထထိုင္လိုက္မိသည္။ ႏူးညံ့ေနတဲ့အိပ္ယာေပၚ သူ ေရာက္ေနတာျဖစ္ၿပီး ခပ္သင္းသင္းအနံ႔က သူ႔ကို ဖုံးလႊမ္းထားသည္။ ေပါ့ပါးေနတဲ့ခႏၶာကိုယ္ေၾကာင့္ သူ႔ကိုယ္သူ ၾကည့္မိေတာ့ oversized shirt တစ္ထည္ကို ေပါ့ေပါ့ပါးပါးခ်ည္ေဘာင္းဘီနဲ႔ တြဲဝတ္ထားတာေတြ႕လိုက္ရသည္။

ဟင္ ~~ မဟုတ္ေသးဘူးေလ ~~ မေန႔က ~~ မေန႔က ေသခ်ာေပါက္ အလုပ္စားပြဲမွာ ရွိေနခဲ့တာပါ ... ဒါကို ဘယ္လိုလုပ္ၿပီး အခု ~~ ‌ေနဦး ... ညက ဘာျဖစ္သြားတာလဲ ...

သူအသည္းအသန္စဥ္းစားမိေတာ့ သူ႔အာ႐ုံထဲေပၚလာတာက လူတစ္ေယာက္ သူ႔ကို ေပြ႕ခ်ီသြားသည္ပင္။ ဘယ္သူလဲဆိုတာ ေသခ်ာမမွတ္မိေပမယ့္ ထိုသူက သူ႔အက်ႌၾကယ္သီးကို ျဖဳတ္ေနတာေတာ့ သူ မွတ္မိသည္။  အဲ့ဒါအျပင္ သူ႔ကိုယ္ကို ဆြဲလွည့္ၿပီး အက်ႌဝတ္ေပးတဲ့အခ်ိန္မွာ သူ ေရးေရးေလးျမင္မိတာက လည္ဆြဲပင္။

... ေသသြားရင္ေတာင္ မွတ္မိေနမယ့္ အဲ့ဒီ့လည္ဆြဲေလး ... မဟုတ္မွ ... ဒီကို ခ်ီလာေပးတာ ကိုကိုမ်ားလား ~~

" မျဖစ္ႏိုင္တာပဲ ဂြၽန္ေဂ်ာင္ဂု ~~ ကိုယ့္ကိုယ္ကိုယ္ စိတ္မပူဘဲ အခု ဘာေတြ စိတ္ကူးယဥ္ေနျပန္ၿပီလဲ ... ကိုကိုက ဘယ္ေတာ့မွ မင္းဆီျပန္လာေတာ့မွာ မဟုတ္ဘူးေလ .. "

သူ႔ကိုယ္သူ အားမလိုအားမရေရ႐ြတ္ရင္း သူ႔ကို ခ်ီလာေပးတဲ့သူ ဘယ္သူဆိုတာ သိဖို႔ ႀကိဳးစားမိသည္။ သူ ကုတင္ေပၚက မဆင္းခင္ တစ္ခဏမွာပဲ အခန္းထဲ ဝင္လာတဲ့လူတစ္ေယာက္ေၾကာင့္ သူလန႔္သြားရသည္။

" ႏိုးၿပီလား ... ဂြၽန္ေဂ်ာင္ဂုရွီ"

သူတစ္ခါမွ မျမင္ဘူးတဲ့ ဝတ္စုံျပည့္နဲ႔ လူႀကီးက ေမးလာေလလွ်င္ သူ ေခါင္းညိတ္ၿပီး ေၾကာင္အစြာ ၾကည့္ေနမိသည္။

" သက္သာပါရဲ႕လား .."

ဒီေမးခြန္းကိုေတာ့ သူ မေျဖမိ။

" ... ဂြၽန္ေဂ်ာင္ဂုရွီ ~~ ကြၽန္ေတာ့္နာမည္က ဟန္ပါ ... ကြၽန္ေတာ့္ဆရာက ခင္ဗ်ားေမ့လဲေနတာကို ျမင္ၿပီး ဒီကို ပို႔ထားေပးတာပါ ... ဒါက ဆရာ့နားေနခန္းပါ ... ဂြၽန္ေဂ်ာင္ဂုရွီက ဒီေန႔အတြက္ အနားယူၿပီး အိမ္ျပန္လည္းရသလို အလုပ္ဆင္းခ်င္တယ္ဆိုရင္လည္း ဂြၽန္ေဂ်ာင္ဂုရွီရဲ႕သေဘာပါပဲ ... ဒါကေတာ့ မေန႔ညက ဝတ္စုံပါ .. "

ယူလာတဲ့ဝတ္စုံကို စားပြဲေပၚခ်ရင္း သူ႔ကို ေျပာေတာ့ သူ နားမလည္သလို ေခါင္းေလးေစာင္းကာ ထိုလူႀကီးကို ၾကည့္မိသည္။

" ... တစ္ေနရာရာက နာက်င္ေနတာမ်ိဳး ရွိေနတာလား ဂြၽန္ေဂ်ာင္ဂုရွီ "

သူ႔ကိုထပ္ေမးလာေတာ့ သူေခါင္းခါလိုက္မိသည္။

" ဟို ~~ ကြၽန္ေတာ့္ကို ဒီကို ေခၚလာေပးတဲ့သူက ဘယ္သူဆိုတာ သိလို႔ရမလားဟင္ ~~ ေတြ႕လို႔ေရာ ရမလား ~~ ေက်းဇူးတင္ခ်င္လို႔ပါ .. "

သူညက ျမင္ခဲ့တဲ့ လည္ဆြဲေလးေၾကာင့္ အတည္ျပဳဖို႔ ႀကိဳးစားေတာ့ ဟန္ဆိုတဲ့လူႀကီးကေခါင္းညိတ္သည္။

" အာ~~ ရပါတယ္ ... ဒါေပမဲ့ ဆရာက အရမ္းအလုပ္မ်ားေနတာမို႔လို႔ ဂြၽန္ေဂ်ာင္ဂုရွီ ေစာင့္ရပါမယ္ ... ေတြ႕ဖို႔ဆိုရင္ ကြၽန္ေတာ္ ျပန္ဆက္သြယ္လိုက္ပါမယ္ ... အဆင္ေျပရဲ႕လား .. "

နာမည္ကို ထုတ္မေျပာဘဲ ေတြ႕ဖို႔စီစဥ္ေပးလာေတာ့ သူ ေခါင္းညိတ္လိုက္မိသည္။ အဲ့ဒီ့ေနာက္ ဟန္ဆိုတဲ့လူႀကီး ထြက္သြားေတာ့ သူ႔ဝတ္စုံကို သူလဲရင္း အခန္းထဲက ထြက္မိသည္။ အဲ့ဒီေတာ့မွ သူသိလိုက္ရတာက သူေရာက္ေနတာ ကုမၸဏီရဲ႕အေပၚဆုံးထပ္ပင္။ နားေနခန္းထဲက ထြက္လာတဲ့ သူ႔ကို ရာထူးႀကီးတဲ့ဝန္ထမ္းအခ်ိဳ႕က မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ေတာ့ သူ႔ကိုယ္သူ က်ဳံ႕လိုက္မိသည္။ သူၾကားဖူးသည္က ကုမၸဏီရဲ႕ပထမဆုံးထပ္ဟာ အရမ္းအေရးႀကီးသည္မို႔ တာဝန္ရွိတဲ့ရာထူးႀကီးေတြကလြဲလို႔ ဘယ္သူမွ မလာရဲတဲ့ေနရာျဖစ္သည္။ အခု သူက ဟန္နဲ႔အတူလာေနရေပမယ့္ သူ႔ကို စူးစမ္းသလိုမ်ိဳး ၾကည့္ေနၾကတဲ့မ်က္လုံးေတြကို သူရင္တမမနဲ႔ ျဖတ္ေက်ာ္ရသည္။

သူ တကယ္ကို သိခ်င္ပါသည္ ... ဘယ္သူကမ်ား သူ႔ကို ဒီအေပၚဆုံးအထပ္ထိ သယ္လာခဲ့လဲဆိုတာကို ~~~

" ေဂ်ာင္ဂုရွီ ... ဒီဘက္ကေန ႂကြေပးပါ "

ဓာတ္ေလွကားေရွ႕ ရပ္ကာ ႏွိပ္ေတာ့မယ့္သူ႔လက္ေတြကို ရပ္တန႔္သြားေစေတာ့ သူ ဟန္ကို လွည့္ၾကည့္မိသည္။ ဟန္ျပေပးေနတဲ့ ေနရာက အေရးႀကီးပုဂၢိဳလ္ေတြသာ သုံးလို႔ရတဲ့ ဓာတ္ေလွကားပင္။

" အယ္~~ ဒါက .. ဥကၠဌႀကီးနဲ႔ မိသားစုဝင္ေတြပဲ သုံးလို႔ရတဲ့ေနရာမဟုတ္လား .. ကြၽန္ေတာ္ကသာမန္ဝန္ထမ္းတစ္ေယာက္ပါ ... ဘာလို႔ ..."

"  ... ကြၽန္ေတာ့္ဆရာကို ေတြ႕ရင္ ဒီေမးခြန္းကို ေသခ်ာေပါက္ေမးၾကည့္ပါ ဂြၽန္ေဂ်ာင္ဂုရွီ ~~  ဂြၽန္ေဂ်ာင္ဂုရွီ ကြၽန္ေတာ့္ကို အခက္ေတြ႕ေအာင္ မလုပ္ပါနဲ႔ "

ေျပာျပာဆိုဆို ပြင့္လာတဲ့ဓာတ္ေလွကားထဲ ဝင္ေစေတာ့ သူလည္း အေျဖမရွိတဲ့ ေမးခြန္းေပါင္းမ်ားစြာကို သူ႔ကိုယ္သူေမးရင္း ဝင္လာခဲ့မိသည္။ တစ္ညအတြင္းမွာ ျဖစ္ပ်က္သြားတာေတြက အထူးအဆန္းပင္။  သူ တကယ္သိခ်င္လာရသည္က ဟန္ဆိုတဲ့လူႀကီးရဲ႕ဆရာက တကယ္ကို ဘယ္သူလဲ ... ဒီHYPE Label ကို နာမည္ႀကီးသ႐ုပ္ေဆာင္ေဟာင္းတစ္ေယာက္က ပိုင္ဆိုင္တယ္ဆိုေပမယ့္ အဲ့ဒီ့သ႐ုပ္ေဆာင္က public ခ်ၿပီး လုပ္ေဆာင္တာမ်ိဳးမရွိတဲ့သူတစ္ေယာက္ျဖစ္သည္။ ၿပီးေတာ့ အဲ့ဒီ့သ႐ုပ္ေဆာင္ေဟာင္းဟာ သူ႔အေဖထက္ေတာင္ ႀကီးသည့္အတြက္ သူ႔ကို သိဖို႔ဆိုတာ မျဖစ္ႏိုင္ပါ။ တကယ္ပဲ ဟန္ရဲ႕ဆရာက ဘယ္သူပါလဲ .. သူ႔အေပၚ ဘာလို႔ ဒီေလာက္ေကာင္းေပးေနရတာလဲ ... မဟုတ္မွ ကိုကိုမ်ားလား .. ကိုကိုေတာ့ မျဖစ္ႏိုင္ ... သူ ကိုကိုနဲ႔ မေတြ႕ျဖစ္တာ ေတာ္ေတာ္ၾကာသြားခဲ့ၿပီျဖစ္သည္။ ကိုကိုဟာလည္း သူ႔ကို အမုန္းႀကီး မုန္းေနခဲ့တာ မဟုတ္လား။

" ေဂ်ာင္ဂုရွီ ~~ ဒီညေန႐ုံးဆင္းရင္ ဆရာ့အခ်ိန္ေတြကို ညႇိၾကည့္ပါမယ္ …. ဆရာအဆင္ေျပရင္ ဂြၽန္ေဂ်ာင္ဂုရွီကို ဆက္သြယ္လိုက္ပါမယ္ ... အခုေတာ့ သြားခြင့္ျပဳပါဦး ..."

သူတာဝန္က်ရာ အထပ္ေရာက္လာေလလွ်င္ သူ႔ကို ႏႈတ္ဆက္ေတာ့ သူသည္လည္း အူေၾကာင္ေၾကာင္နဲ႔ ေခါင္းညိတ္ကာ ဓာတ္ေလွကားထဲကေန ထြက္လိုက္မိေတာ့သည္။ သူ႔လုပ္ေဖာ္ကိုင္ဖက္တစ္ခ်ိဳ႕ကေတ့ာ ထုံးစံအတိုင္း အတင္းအဖ်င္းေတြ ရသြားျပန္ၿပီျဖစ္သည္။

" ... ဒီတစ္ခါေတာ့ အက်ႌေတာင္မလဲထားဘူးပဲ ... ဘာျပသနာေတြလုပ္လာျပန္ၿပီလဲေတာ့မသိဘူး ..."

သူလည္း ၾကားေနရတာ နားရည္ဝၿပီမို႔ မသိသလို ေနရင္း လုပ္စရာရွိတဲ့အလုပ္ေတြကို ဆက္လုပ္လိုက္မိေတာ့သည္။ သို႔ေပမယ့္ သူ တစ္ေနကုန္ စဥ္းစားေနမိတဲ့အေၾကာင္းအရာကေတာ့ ညက ျမင္ခဲ့မိတဲ့လည္ဆြဲရယ္၊ သူ႔အက်ႌၾကယ္သီးေတြကို အတင္းအက်ပ္ျဖဳတ္ခဲ့တဲ့လက္တစ္စုံရယ္ ...၊ သူ႔ကို ေသခ်ာ ျပဳစုေပးခဲ့တဲ့ အေႏြးဓာတ္ေလးရယ္ ...။

ဘာမွမျဖစ္ခဲ့ၾကဘူးဆိုတာ သူေသခ်ာသိပါသည္၊ သို႔ေပမယ့္ အဲ့ဒီလိုမ်ိဳး သူ႔ကို အေသးစိတ္ဂ႐ုစိုက္ေပးတာက တကယ္ကို ဘယ္သူမ်ားလဲ ...။

... မျဖစ္ႏိုင္မွန္း သိေပမယ့္ ကိုကိုပဲ ျဖစ္ေနေပးလို႔မဘူးလား ...

💠💠💠

" ... ေဂ်ာင္ဂုရွီ ... ဆရာက အစည္းအေဝးခန္းထဲမွာမို႔ ဒီနားေနခန္းမွာ ခဏေစာင့္ေပးပါ "

႐ုံးဆင္းခ်ိန္ေရာက္ေတာ့ သူ႔ကို လာေခၚပါတဲ့ ဟန္ဆိုတဲ့လူႀကီး။ သူ ျပန္ေရာက္လာတဲ့ေနရာကေတာ့ မနက္က သူႏိုးထခဲ့ရတဲ့ အေပၚဆုံးထပ္ျဖစ္ၿပီး အခုေတာ့ နားေနခန္းရဲ႕ ဆိုဖာေပၚမွာ ၿငိမ္သက္စြာ ထိုင္ေနမိသည္။ ေအးစိမ့္စိမ့္အခန္းရဲ႕ တည္ၿငိမ္မႈက သူ႔ကို လႊမ္းၿခဳံထားသလိုမ်ိဳး ေျခေထာက္ေတြကို စုၿပီး သူလက္မေတြကို အခ်င္းခ်င္းပြတ္ေနမိသည္။ စိတ္လႈပ္ရွားတာလား ~~ ဘာလား မသိေပမယ့္ သူ႔ရင္ဘတ္ဟာ ခပ္ေႏွးေႏွး လႈိက္ဖိုေနသည္။ ညေနကတင္ ရွာေဖြထားမိတဲ့အခ်က္အလက္က ဒီကုမၸဏီရဲ႕ပိုင္ရွင္ဟာ ကိုကို႔ရဲ႕ေဖေဖဆိုတာပင္။ ဒီေလာက္ဆို သူ႔ကို ေပြ႕ခ်ီလာတဲ့သူဟာ ကိုကိုလို႔ သူယူဆဖို႔ လုံေလာက္ေနၿပီ မဟုတ္လား။

" ေဂ်ာင္ဂုရွီ ~~ ဆရာက အေရးေပၚအစည္းအေဝးတစ္ခုရွိလို႔ ခဏေလးေစာင့္ေပးပါေနာ္ ~~  ၿပီးေတာ့ ဒီမွာ သုံးေဆာင္ပါဦး "

ေအးစက္စက္အခန္းထဲ ခပ္ေႏြးေႏြး Hot Chocolate တစ္ခြက္ခ်လာေပးေတာ့ သူ ေခါင္းညိတ္ရင္း ထိုခြက္ကို ကိုင္လိုက္မိသည္။ အဲ့ဒီ့ေနာက္ ဟန္က ထြက္သြားေလေတာ့ သသလည္း အခန္းထဲမွာ တစ္ေယာက္တည္း တိတ္ဆိတ္ေနမိရင္း ကိုင္ထားမိတဲ့ ပူပူေႏြးေႏြးကို ျဖည္းျဖည္ခ်င္းစီ ေမာ့မိသည္။ အဲ့ဒီေတာ့မွ သူ႔ ခႏၶာကိုယ္ေလး အေႏြးဓာတ္ေတြ ကဲသြားရေတာ့သည္။

" .. အစည္းအေဝးက ဘာလို႔ ဒီေလာက္ၾကာေနရတာလဲ ... ပင္ပန္းလို႔ နားခ်င္ေနတာကို .."

နာရီဝက္ေလာက္ ၾကာၿပီးတဲ့အခ်ိန္မွာ သူ တိုးတိုးေလးညည္းလိုက္မိသည္။ ေန႔လည္စာ ေကာင္းေကာင္းမစားခဲ့လို႔လား၊ ဘာလားေတာ့မသိ။ သူ ေတာ္ေတာ္ေလးပင္ပန္းကာ အိပ္ခ်င္ေနၿပီျဖစ္သည္။ သို႔ေပမယ့္လည္း ဒီအခြင့္အေရးကို သူလက္လႊတ္ခံလို႔မရ။ သူ႔ကို ေသခ်ာဂ႐ုစိုက္ေပးခဲ့တဲ့ထိုလူဟာ ဘယ္သူလဲ ဆိုတာေတာ့ သူ အတည္ျပဳဖို႔လိုပါသည္။ အမ်ားႀကီးမေမွ်ာ္လင့္ရဲေပမယ့္ ကိုကိုလို႔ သူ ထင္ေနမိေသးသည္။

ေဂ်ာင္ဂုရား ~~ တကယ္လို႔ ကိုကိုသာ ဆိုရင္ ဘယ္လိုလုပ္မလဲ ... ေက်းဇူးတင္စကားေျပာမွာလား ... ေတာင္းပန္စကားေျပာမွာလား ...

သူ႔ကိုယ္သူေမးခြန္း ထုတ္လိုက္မိသည္။ အေျဖကေတာ့ ထုံးစံအတိုင္း သူ႔မွာ ဗလာနတၳိပင္။

မျဖစ္ႏိုင္တာပဲ .. ကိုကိုသာဆိုရင္ မင္းကိုမုန္းေနလို႔ လွည့္ၾကည့္မွာမဟုတ္ဘူးေလ ... လမ္းခြဲခဲ့တာ ကိုးႏွစ္ေတာင္ျပည့္ခဲ့ၿပီးၿပီကို ... ဒီအေတာအတြင္း ေသခ်ာစကားေျပာျဖစ္တာမ်ိဳးလည္း မရွိခဲ့ဘူးေလ .. ဘာေတြေမွ်ာ္လင့္ေနတာလဲ ေဂ်ာင္ဂုရား ~~

သူ႔ကိုယ္သူ သက္ျပင္းခ်ရင္း မ်က္ဝန္းေတြကို ပိတ္လိုက္မိသည္။ အဲ့ဒီ့ေနာက္ ခႏၶာကိုယ္က ပင္ပန္းႏြမ္းနယ္မႈေတြအကုန္ သူ႔မ်က္ခြံဆီမွာ စုပုံလာသလား ေအာက္ေမ့ရသည္။ ေလးလံလွတဲ့မ်က္ခြံကို ပင့္တင္ဖို႔ရာ မစြမ္းႏိုင္ေတာ့ဘဲ သူ ေနသာ သလို ေနလိုက္မိေတာ့သည္။

အဆုံးသတ္ကေတာ့ နားေနခန္းရဲ႕ဆိုဖာေပၚမွာ  ေဂ်ာင္ဂု အိပ္ေပ်ာ္သြားခဲ့ပါသည္။ သိပ္မၾကာခင္ အခ်ိန္မွာပဲ ေမွာင္ရီပ်ိဳးစျဖစ္လာသည္မို႔ အလင္းေရာင္ ေကာင္းစြာ မရေတာ့တဲ့ ထိုအခန္းေလးဆီ ဦးတည္လာတဲ့ ေျခတစ္စုံ။

" ... "

ကိုယ္ပိုင္နားေနခန္းမို႔ မီးဖြင့္ကာ အိပ္ေပ်ာ္ေနတဲ့ေဂ်ာင္ဂုအနားဆီ ခပ္ေျဖးေျဖးေလွ်ာက္လာသည္။ အိပ္ေပ်ာ္ေနတဲ့ ေဂ်ာင္ဂုကို တစ္ခ်က္ေလးေတာင္ ေစာင္းငဲ့မၾကည့္ဘဲ မ်က္ႏွာခ်င္းဆိုင္ ထိုင္ရင္း လက္ပ္ေတာ့ကို ဖြင့္ကာ လုပ္လက္စအလုပ္ေတြကို လက္စသတ္သည္။ စာ႐ိုက္သံေတြ တေခ်ာက္ေခ်ာက္နဲ႔ နားရႈပ္စရာျဖစ္ေနေပမယ့္ သူ႔ေရွ႕က ေဂ်ာင္ဂု ႏိုးလာမွာမဟုတ္တာ သိတဲ့အတြက္ စိတ္မပူေန။ သဘာဝရဲ႕အလင္းေရာင္ေလးေပ်ာက္ကာ ေကာင္းကင္ထက္မွာအေမွာင္ထုပဲ က်န္ေတာ့တဲ့အခ်ိန္ေရာက္ေတာ့ သူ လက္ပ္ေတာ့ကို ပိတ္ခ်လိုက္သည္။ ေတာ္ေတာ္ၾကာထိုင္ခဲ့သည္မို႔လည္း ေညာင္းညာေနသမွ် အေၾကာဆန႔္လိုက္မိသည္။

အဲ့ဒီ့အခ်ိန္အထိ သူ႔ေရွ႕က ဂြၽန္ေဂ်ာင္ဂုဟာ မႏိုးလာခဲ့။ သူ အသက္မဝင္ေနတဲ့မ်က္ဝန္းေတြနဲ႔ ေဂ်ာင္ဂုကို ၾကည့္လိုက္မိသည္။

" ... ငါတို႔ ~~ Lesson စၾကေတာ့မလား ဂြၽန္ေဂ်ာင္ဂု ~~ "

ခက္ထန္သေယာင္ရွိတဲ့စကားလုံးကို ေရ႐ြတ္ကာ အိပ္ေပ်ာ္ေနတဲ့ေဂ်ာင္ဂုအနား တိုးကပ္ၿပီး ေသခ်ာၾကည့္သည္။

မ်က္မွန္ဝိုင္းဝိုင္းနဲ႔ ေကာင္‌ကေလး ... ကုမၸဏီတစ္ခုလုံးမွာ အသက္အငယ္ဆုံး ေကာင္ကေလး ... အလုပ္ႀကိဳးစားသေလာက္ ေနရာမရႏိုင္တဲ့ေကာင္ကေလး ... ဘဝရဲ႕ခက္ခဲၾကမ္းတမ္းမႈေတြေၾကာင့္ ဘာကိုမွ ေသခ်ာဂ႐ုမစိုက္ႏိုင္တာေတာင္ အခုထိ အျပစ္ကင္းစင္တဲ့ပုံေပါက္ေနတဲ့ေကာင္ကေလး ...

" ရား ... မတရားလိုက္တာ ... ဒီအ႐ြယ္ေရာက္ေနတာေတာင္ မုန္းစရာေကာင္းရတဲ့အထိ ခ်စ္ဖို႔ေကာင္းေနတုန္းပါလား ... အဲ့ဒီ့မ်က္မွန္ဝိုင္းဝိုင္း ... အဲ့ဒီ့ႏွာတံလုံးလုံး ... အဲ့ဒီ့ ႏႈတ္ခမ္း ... ၿပီးေတာ့ အဲ့ဒီ့ေခါင္းလုံးလုံး ... "

" ... "

" ... ဒါေပမယ့္လည္း သနားစရာပဲ .. ဘယ္လိုလုပ္မလဲ .. ဒီအေျခအေနအထိ‌ ေရာက္လာေအာင္ ခက္ခက္ခဲခဲႀကိဳးစားခဲ့တဲ့ မင္းရဲ႕ေအာင္ျမင္မႈေတြကိုေရာ ... မင္းရဲ႕ခ်စ္စရာေကာင္းမႈေတြကိုေရာ ... ငါက .. "

" .. ကိုကိုက ... ဖ်က္ဆီးေပးမယ္ ... တစ္ေယာက္တည္း ေတာက္ေတာက္ပပ အထီးက်န္တယ္ဆိုတာ ဘယ္လိုမ်ိဳးလဲ မင္းသိေအာင္ ေျပာျပေပးမယ္ ဂြၽန္ေဂ်ာင္ဂု ... "

ေဆာ့ဂ်င္ ေရ႐ြတ္လိုက္ၿပီးတဲ့ေနာက္မွာေတာ့ ႏိုးမလာႏိုင္ေတာ့တဲ့ေဂ်ာင္ဂုကို သူ ေပြ႕ခ်ီလိုက္သည္။ မေန႔ကလို ဒီေန႔လည္း ထပ္ၿပီး သူ႔နားေနခန္းရဲ႕အိပ္ယာေပၚကို ခ်ၿပီး ေဂ်ာင္ဂုတပ္ထားတဲ့မ်က္မွန္ကို ဆြဲယူခြၽတ္ပစ္လိုက္သည္။  အိပ္ေဆးတိုက္ခဲ့တာမို႔ ႏိုးမလာႏိုင္တဲ့ေဂ်ာင္ဂုဆံႏြယ္ေတြကို သူ ရႈပ္ဖြပစ္ရင္း ေဂ်ာင္ဂုဝတ္ထားတဲ့ အဝတ္ေတြ မွန္သမွ် သူဖယ္ရွားပစ္လိုက္မိသည္။

သူနာက်င္ခဲ့ရသလို ေဂ်ာင္ဂုနာက်င္ဖို႔အတြက္ အဆုံးစြန္ထိ ယုတ္မာမယ္လို႔ ေတြးထားခဲ့ေပမယ့္ အခုေတာ့ သူ႔အိပ္ယာေပၚက အဝတ္ဗလာနဲ႔ ေဂ်ာင္ဂုကို ၾကည့္ရင္း သူ႔ရင္ဘတ္က တင္းက်ပ္လာရသည္။ အသက္ရႉဖို႔အထိေတာင္ ခက္ခဲနာက်င္ရတာမို႔ သူ႔ စိတ္ကို သူထိန္းမိေတာ့ သူတင္းခံအံႀကိတ္ထားတဲ့ၾကားကေန ပါးျပင္ေပၚကို မ်က္ရည္စေတြ စီးဆင္းလာရသည္။

ဒီခႏၶာကိုယ္ေသးေသးက ဘယ္ႏွစ္ေယာက္ကိုမ်ား ပတ္သက္ၿပီးၿပီလဲ သူမသိသလို သိလည္း မသိခ်င္။ ၾကားခဲ့ရတဲ့သတင္းေတြက တစ္ခုမွ ေကာင္းတာမရွိဘဲ သနားစရာေလးျဖစ္ေနေပမယ့္ သူ႔မွာ ေဂ်ာင္ဂုအတြက္ ခံစားခ်က္ေတြ ကုန္သေလာက္နီးနီးပင္။

" ေအး ဘာလို႔မ်က္ရည္က်ေနမလဲ ေဆာ့ဂ်င္ ~~  ဒီအတိုင္း အကုန္လုံးကို မုန္းပစ္ၿပီး စြန႔္ပစ္လိုက္ "

ေဆာ့ဂ်င္ ေရ႐ြတ္ရင္း မ်က္ရည္စေတြကို ျပန္သိမ္းဆည္းကာ လက္သီးဆုပ္လိုက္မိသည္။ ေဂ်ာင္ဂု လည္တိုင္နား သူတိုးကပ္ရင္း သူ႔ႏႈတ္ခမ္းအိအိနဲ႔ ထိေတြ႕ေစလိုက္မိသည္။ မလုပ္ေတာ့ဘူးဆုံးျဖတ္ထားေပမယ့္ ျငင္းမရေအာင္ ခ်ည္ေႏွာင္ခ်င္တာမို႔ ဒါကိုေတာ့ သူ လုပ္မွျဖစ္မည္။ အဲ့ဒီ့ေနာက္ ပါးလ်ေနတဲ့ လည္တိုင္နဲ႔ ညႇပ္႐ိုးတစ္ေလွ်ာက္လုံး သူ တတိတိကိုက္ရင္း နီရဲေစလိုက္မိသည္။

လည္တိုင္နဲ႔ ရင္ဘတ္နားေတြမွာ ခပ္ရဲရဲေလးျဖစ္သြားေတာ့မွ သူ ရပ္လိုက္မိသည္။ မႏိုးလာႏိုင္တဲ့ေဂ်ာင္ဂုကေတာ့ နာလို႔လားမသိ၊ မ်က္ႏွာေလးမဲ့သြားေပမယ့္ သူကေတာ့ ထိုမ်က္ႏွာကိုပဲ အရသာခံၿပီး ၾကည့္ေနမိသည္။ ေဂ်ာင္ဂု ဒီထက္နာက်င္မယ္ဆိုရင္ ကိုးႏွစ္နီးပါးနာက်င္ခဲ့ရတဲ့သူ႔ႏွလုံးသားေလး ေက်နပ္ႏိုင္မယ္လို႔ သူ ေမွ်ာ္လင့္ပါသည္။

အဲ့ဒီ့ေနာက္မွာေတာ့ ကုတင္ေပၚထိုင္ရင္းအိပ္ေပ်ာ္ေနတဲ့ ေဂ်ာင္ဂုကို မေန႔ကလိုပဲ သူ မ်က္ႏွာေသနဲ႔ ၾကည့္ေနမိခဲ့ေတာ့သည္။ ေနာက္တစ္ေန႔မနက္ေရာက္ရင္ အရာရာဟာ သူစီစဥ္ထားတဲ့အတိုင္း ျဖစ္လာေတာ့မွာပင္။

💠💠💠

ႏွာဖ်ားဝမွာ ထိကပ္ေနတဲ့ ရနံ႔ေလးေၾကာင့္ သူ႔အာ႐ုံေတြ ျပန္လည္စုစည္းလာရသည္။ ခႏၶာကိုယ္က ေညာင္းညာတာမ်ိဳးမရွိဘဲ သက္ေသာင့္သက္သာျဖစ္ေနတဲ့အျပင္ ေအးစိမ့္စိမ့္ေလးျဖစ္ေနသည္မို႔ သူ႔မ်က္ဝန္းေတြ ပြင့္လာရသည္။ မ်က္မွန္မပါလာသည္မို႔ အရာရာဟာ မႈန္ဝါးဝါးျဖစ္ေနေပမယ့္ မ်က္ေတာင္ေတြကို ပုတ္ခတ္လိုက္မိသည္။ အဲ့ဒီ့ေတာ့မွ သတိထားမိတာက သူ႔လည္ဂုတ္နားက ခပ္ေႏြးေႏြးေလးျဖစ္ေနသည္။ သူ ေဘးဘက္ျခမ္းကို လွည့္ၾကည့္မိေတာ့ ဝိုးတိုးဝါးတာ လူတစ္ေယာက္ကိုျမင္လိုက္ရသည္။ ၾကည္ၾကည္လင္လင္ျမင္တာမ်ိဳးမဟုတ္ေပမယ့္ သူျမင္ေနရတဲ့မ်က္ႏွာလွလွဟာ ကိုကိုနဲ႔ ဆင္တူသေယာင္ရွိေလလွ်င္ သူ ခ်က္ခ်င္း အိပ္ယာေပၚထထိုင္လိုက္မိသည္။ သူ႔ လႈပ္ရွားမႈေၾကာင့္ သူ႔ေဘးက လူပါ လူးလြန႔္ကာ သူ႔လိုမ်ိဳး ထထိုင္လာသည္။ သူ႔ကိုယ္သူ သတိထားမိေတာ့ သူဟာ အဝတ္‌ဗလာနတၳိပင္။ ဘာကိုမွ ေတြးမ‌ေအာင္ စိတ္ေတြရႈပ္သြားတာမို႔ သူ ေမးခြန္းထုတ္ရင္း မ်က္မွန္ရွာမိေတာ့သည္။

" ခင္ဗ်ားက ဘယ္သူလဲ "

ႏိုးလာတာနဲ႔ တစ္ခုခုကို လန႔္သြားပုံေပၚကာ ေဘးနားတစမ္းစမ္းလုပ္ရင္း အသံတုန္တုန္နဲ႔ ေမးလာသည္မို႔ ေဆာ့ဂ်င္ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ မျမင္ႏိုင္တာလား ... ဒါမွမဟုတ္ သူ႔ကို မမွတ္မိတာလား ..

သူအသံမျပဳဘဲ ‌ၾကည့္ေနဆဲခဏမွာပဲ ေဂ်ာင္ဂုကေတာ့ ကုတင္ေဘးက မ်က္မွန္ကိုရသြားခဲ့ၿပီျဖစ္သည္။ ခ်က္ခ်င္းပဲ ေကာက္တပ္ကာ သူ႔ကို ၾကည့္ေတာ့ မ်က္မွန္ေအာက္က မ်က္ဝန္းလွလွေတြက ဝိုင္းစက္သြားေတာ့သည္။ သူ႔ကို ျမင္တာနဲ႔ တုန္တက္သြားတဲ့ခႏၶာကိုယ္ေလးရယ္၊ အရည္လဲ့လဲ့မ်က္ဝန္းေတြရယ္က ဘာကိုဆိုလိုခ်င္ေနလဲ သူ မသိေပမယ့္ ခပ္ဟဟ ဖြင့္က်လာတဲ့ႏႈတ္ခမ္းလႊာကေတာ့ သူ အရမ္းေတာင့္တခဲ့ရတဲ့နာမ္စားေလးတစ္ခု ထြက္လာသည္။

" ~~ ကိုကို ~~ "

ေလသံက ေဖ်ာ့ေတာ့လြန္းေပမယ့္ ထိုအသံကိုၾကားဖို႔အတြက္ နီးကပ္လြန္းေနခဲ့သည္။ ရက္ရက္စက္စက္ေျပာထုတ္ဖို႔ ႀကိဳျပင္ထားမိတဲ့စကားလုံးေတြကလည္း ဘယ္ကိုေပ်ာက္ကုန္တယ္မသိ။ ဂြၽန္ေဂ်ာင္ဂုရဲ႕ "ကိုကို" ဆိုတဲ့ စကားေလးနဲ႔တင္ သူ႔မွာ အရာရာ အရႈံးေပးလိုက္ရသလို ခံစားလိုက္ရသည္။ သူ တတ္ႏိုင္သမွ် မ်က္ႏွာကို တင္းခံရင္း မွင္ေသေသနဲ႔ ၾကည့္ေနမိသည္။ ေဂ်ာင္ဂုကေတာ့ ၿပိဳက်လာတဲ့မ်က္ရည္ေတြနဲ႔အတူ သူ႔ပါးဆီကို လက္လွမ္းလာသည္။ တဆတ္ဆတ္တုန္ယင္ေနတဲ့လက္ဖ်ားေတြက ဒီေကာင္ေလး ဘယ္ေလာက္ထိ စိတ္လႈပ္ရွားေနလဲဆိုတာ သူသိေပမယ့္ သူ႔ပါးကို ကိုင္မယ့္ ေဂ်ာင္ဂုလက္ေတြကို ေရွာင္လႊဲလိုက္မိသည္။ သူ႔အျပဳအမူေၾကာင့္ သူကိုယ္တိုင္ ကိုယ္တြင္းမွ ခုန္ေနတဲ့ႏွလုံးသားေလးက ဆစ္ကနဲ႔ နာက်င္သြားရေပမယ့္ ခပ္မဲ့မဲ့ေလး ရယ္လိုက္မိသည္။  သူေပ်ာ့ညံ့ေနလို႔မွ မရတာေလ။

" ... "

ဆိတ္ၿငိမ္မႈေတြ ႀကီးစိုးေနတဲ့အခန္းထဲ ေဂ်ာင္ဂုကေတာ့ သူ႔အျပဳအမူေၾကာင့္ ေခါင္းငုံ႔သြားခဲ့ေပမယ့္ သူကေတာ့ တစ္ခုခုစေျပာဖို႔ ျပင္လိုက္မိသည္။ သို႔ေပမယ့္ ...

" ... ကင္ေဆာ့ဂ်င္!! ... မင္း! ..."

႐ုတ္တရက္ အခန္းတံခါးဖြင့္သံနဲ႔အတူ အေဖ့အသံကို ၾကားလိုက္ရတာမို႔ အခန္းဝကို လွမ္းၾကည့္မိသည္။ ေဂ်ာင္ဂုသည္လည္း သူ႔လိုပင္။ သို႔ေပမယ့္ ေဂ်ာင္ဂုကေတာ့ သူ႔ထက္ ပိုၿပီး ထိတ္လန႔္သြားမွာေပါ့ ၊ အေၾကာင္းရင္းက အေဖ့ေဘးမွာ ကင္မရာကိုင္ထားတဲ့ သတင္းေထာက္တစ္ေယာက္လည္း ရွိေနသည္ေလ။

အခန္းထဲကို ေျခလွမ္းက်ဲနဲ႔ေလွ်ာက္လာတဲ့ လူႀကီးေၾကာင့္ ေဂ်ာင္ဂု ေစာင္ကိုရင္ဘတ္အထိ ဆြဲတင္လိုက္မိသည္။ ထို‌လူႀကီးရဲ႕ေနာက္က ကင္မရာနဲ႔ အစ္ကိုသည္လည္း သူနဲ႔ကိုကို႔ကို ၾကည့္ကာ လက္ေတြလႈပ္ရွားတာျမင္လိုက္ရသည္။ 

" ဖ်ပ္ "

ဓာတ္ပုံအ႐ိုက္ခံရတာ သိၿပီမို႔ ထိတ္လန႔္စြာ တံေတြးၿမိဳခ်ကာ ကိုကို႔ကို သူလွည့္ၾကည့္မိသည္။ မ်က္စိတစ္မွိတ္အခ်ိန္အတြင္း အျဖစ္အပ်က္ေတြက သိပ္ျမန္လြန္းလွသည္။ ကိုကိုနဲ႔သူ အိပ္ယာေပၚမွာ ဘာေတြျဖစ္ပ်က္ခဲ့လဲ မမွတ္မိေပမယ့္ သူ တုန္လႈပ္ေနမိသည္။ ႏိုးႏိုးခ်င္း သူ မထင္မွတ္ထားမိတဲ့ ကိုကို႔ကို ျပန္ေတြ႕လို႔ ေပ်ာ္႐ႊင္ျခင္းေတြက လႈိက္တက္လာေပမယ့္ ကိုကို႔မ်က္ဝန္းေတြကသူ႔ကို အေပါစားဆန္ဆန္ စိမ္းသက္သက္ၾကည့္ေနေတာ့ သူ တုန္လႈပ္ေၾကာက္႐ြံ႕လာရသည္။ အျမင္မွားေနမွာစိုးလို႔ မ်က္ႏွာေလးကိုင္ၾကည့္ဖို႔ ႀကိဳးစားေတာ့လည္း ကိုကိုက ေရွာင္ဖယ္ခဲ့သည္မို႔ သူ႔ႏွလုံးသားဟာ နာက်င္စြာ ခုန္ေပါက္လ်က္...။

အခုလို သူကိုယ္တိုင္ေတာင္ နားမလည္ႏိုင္တဲ့အေျခအေနၾကားမွာ အခန္းထဲဝင္လာတဲ့လူေတြ ...။ သူေသခ်ာၾကည့္မိေတာ့မွ ကိုကို႔အေဖရယ္၊ အတြင္းေရးမႉးဟန္ရယ္၊ ကင္မရာကိုင္ထားတဲ့လူႀကီးရယ္၊ မ်က္ဝန္းေမွးေမွးနဲ႔အစ္ကိုရယ္၊ အဲ့ဒီ့အစ္ကိုေဘးမွာေတာ့ ထိုမ်က္ဝန္းေမွးေမွးနဲ႔အစ္ကိုလက္ကို ဆြဲကိုင္ထားတဲ့ ႏႈတ္ခမ္းလွလွနဲ႔အစ္ကိုတစ္ေယာက္ရွိသည္။

" ... အေရးႀကီးကိစၥေျပာစရာရွိတယ္ဆိုတာ ဒါလား ကင္ေဆာ့ဂ်င္ ..."

ကိုကို႔အေဖဆီက ေဒါသတႀကီးအသံထြက္လာေတာ့ သူ လန႔္သြားမိသည္။ တကယ္ကို အသက္မရႉရဲရေလာက္တဲ့အထိ ၿငိမ္သက္ကာ ေစာင္ေအာက္မွာ လက္သီးေလးဆုပ္ၿပီး တင္းခံမိသည္။ ကိုကိုအပါအဝင္ ဘယ္သူ႔ကိုမွ သူမၾကည့္ရဲပါ။

" က်စ္ .. ဒီအ႐ြယ္ေရာက္ၿပီ ဒီလိုျဖစ္တာ ဘာဆန္းလို႔လဲ ... ဒီကိစၥမရွိမွဘဲ ဆန္းေနမွာမဟုတ္လား ..."

ကိုကို႔ဆီက ဂ်စ္ကန္ကန္အသံေလး ၾကားလိုက္ရေတာ့ သူ႔ရင္ေတြ တထိတ္ထိတ္။ ကိုကိုဟာ အရင္ကလို အခုထိ ဂ်စ္ကန္ကန္ေလးျဖစ္ေနတုန္းဆိုေပမယ့္ ေလသံကေတာ့ သိပ္ကို‌ေျပာင္းလဲသြားခဲ့သည္ပင္။

" ...  အဲ့ဒီ့ေတာ့ ဒီအေျခအေနကဘာလဲ ... သားေဂ်ာင္ဂုနဲ႔ ဘယ္အခ်ိန္က ခိုးေတြ႕ၿပီး တြဲေနတာလဲ ... အိမ္ကိုအဆက္အသြယ္ျဖတ္ၿပီး ျပန္လာေတာ့ ပထမဆုံးႀကိဳဆိုေပးတာ ဒီပုံစံနဲ႔လား ... ေဆာ့ဂ်င္ ... မင္းက အရင္လို ဆယ္ေက်ာ္သက္မဟုတ္ေတာ့ဘူးေနာ္ ..."

ကိုကို႔အေဖဆီက စကားအဆုံးမွာေတာ့ သူ ကိုကို႔ကို ခိုးၾကည့္မိသည္။ သိပ္လွလြန္းတဲ့ႏႈတ္ခမ္းေလးနဲ႔ အခ်ိဳးက်တဲ့မ်က္ႏွာခံ့ခံ့က ကိုကို႔ဆီမွာ အခုထိရွိေနတုန္းပင္။ ကိုကိုကေတာ့ သူ႔ကို တစ္ခ်က္ေတာင္ လွည့္မၾကည့္ဘဲ အိပ္ယာေပၚကထကာ ျပန႔္က်ဲေနတဲ့အက်ႌကို ဆြဲယူဝတ္သည္။ သူကေတာ့ ေနရာကေန အခုထိလႈပ္မရဲေသး။ ညက သူ ေစာင့္ေနရင္း အိပ္ေပ်ာ္သြားတဲ့အတြက္ ဒီကုတင္ကို ဒီလိုပုံစံနဲ႔ေရာက္လာတာ ဘာေၾကာင့္လဲ သူသိဖို႔လိုပါသည္။

" ... တြဲတယ္? ... မတြဲပါဘူး ... ဒီအတိုင္း စိတ္ဖိစီးမႈမ်ားေနလို႔ တစ္ညတာ ေဖ်ာ္ေျဖတဲ့ONSနဲ႔ အိပ္႐ုံေလးပဲ ... ၿပီးေတာ့ မသိတဲ့သူေတြထက္စာရင္ သိေနတဲ့သူက ပိုမေကာင္းဘူးလား ... ... ဒီတစ္ေယာက္က သိပ္ေတာ့ မသန႔္ေပမယ့္ သုံးလို႔ေတာ့ ေကာင္းပါေသးတယ္ ... ႏွစ္ေယာက္ၾကားက ဆက္ဆံေရးက ဒီထက္မပိုဘူး "

ဒီစကားအဆုံးမွာေတာ့ သူ မယုံႏိုင္စြာ ကိုကို႔ကို ဖ်တ္ကနဲ႔ေမာ့ၾကည့္မိသည္။

ကိုကို သူ႔ကို ဘယ္လိုေတာင္ ~~ ဘယ္လိုေတာင္ သတ္မွတ္လိုက္တာလဲ ... ONS?? တစ္ညတာ ?? သူေတာင္ ဘာမွန္းမသိဘဲ ႏိုးထလာခဲ့ရတာေလ  ... ဒါကို ကိုကိုက ...

" ေဆာ့ဂ်င္ ... မင္းစေနာက္ေနတာရပ္ၿပီး ~~ အတည္ေျပာလို႔ရမလား ... ဂြၽန္ေဂ်ာင္ဂုနဲ႔ တစ္သက္လုံးျပန္မေတြ႕ဘူးဆိုၿပီး အခုလိုအေျခအေနက ... "

" ... ငါေျပာၿပီးၿပီေလ ယြန္းဂီ ... One Night Stan ပါလို႔ ... စိတ္ဖိစီးေနတာနဲ႔ အေပ်ာ္ရွာခ်င္လို႔ တစ္ေယာက္ေလာက္ရွာလိုက္တာ ... သူျဖစ္ေနေတာ့ ငါ ဘယ္တတ္ႏိုင္မလဲ ... "

႐ြံစရာေကာင္းတဲ့အၾကည့္ေတြနဲ႔ ေစာင္းငဲ့ၾကည့္ကာ ေျပာလာေလေတာ့ သူ ေခါင္းခါမိသည္။ သူသိခဲ့တဲ့ကိုကိုဟာ သိပ္ကို ေျပာင္းလဲသြားခဲ့ၿပီျဖစ္သည္။ အရင္ကဆို သူ႔ကို အရာရာကာကြယ္ေပးခဲ့တဲ့ကိုကိုဟာ အခုေတာ့ သူ႔ကို ကိုကို ကိုယ္တိုင္ ေခ်ဖ်က္ဆီးေနသလိုပင္။

" .... မဟုတ္ဘူး ~~ မဟုတ္ဘူး ကိုကို ~~ .. သား ~ ကြၽန္ေတာ္က အဲ့ဒီလိုလူစားမ်ိဳး မဟုတ္ဘူးကိုကို ..."

သူ အသည္းအသန္ျငင္းမိေတာ့ ကိုကိုက သူ႔မ်က္ႏွာအနား ငုံ႔မိုးလာသည္။ အသက္မရႉရဲရေလာက္တဲ့အထိ တုန္လႈပ္ေနမိတာမို႔ အေနာက္ဆုတ္မိေတာ့ ကိုကိုက သူ႔မ်က္ႏွာကို ဆြဲယူကာ သူ႔ႏႈတ္ခမ္းကို လက္မနဲ႔ဖိေခ်သည္။ နာက်င္သည္မို႔ ဝဲလက္စ မ်က္ရည္ေတြက စီးက်လာေတာ့ ကိုကိုက ၿပဳံးသည္။ ဒီလိုက်ေတာ့ သူေသမတတ္လြမ္းခဲ့ရတဲ့ ကိုကို႔အၿပဳံးဟာ သိပ္ကို ခါးသက္လြန္းသည္။

" ဘယ္သူက မင္းရဲ႕ကိုကိုလဲ ... ညစ္ပတ္တဲ့ပါးစပ္နဲ႔ ငါ့ကို ကိုကိုလို႔ မေခၚစမ္းနဲ႔ ... ငါ မင္းရဲ႕ ကိုကိုမဟုတ္ေတာ့ဘူး ဂြၽန္ ေဂ်ာင္ ဂု !!! "

ေျပာၿပီးတာနဲ႔ မ်က္ႏွာကို တြန္းထုတ္ေတာ့ သူ႔မ်က္ႏွာလည္ထြက္သြားရသည္။

" ... ကင္ေဆာ့ဂ်င္ ကေလးကို အဲ့ဒီလို မဆက္ဆံစမ္းနဲ႔ ..."

ကိုကို႔အျပဳအမူေၾကာင့္ ကိုကို႔အေဖကေတာ့ ပ်ာပ်ာသလဲ သူ႔အနားေရာက္လာကာ သူ႔မ်က္ႏွာကို စစ္ေဆးသည္။ သူ ထြက္ေျပးလိုက္ခ်င္ေပမယ့္ သူ႔ေျခလက္ေတြက အခုထိ အင္အားခ်ိနဲ႔ေနဆဲျဖစ္သည္။ ကိုကို႔ကို ေၾကာက္တာေရာ၊ နာက်င္တာေရာ၊ ျပန္ေတြ႕ရလို႔ ေပ်ာ္႐ႊင္တာေရာ ေပါင္းစုံျဖစ္ေနတဲ့အတြက္ သူ႔ႏႈတ္ခမ္းဖ်ားဟာလည္း တဆတ္ဆတ္တုန္ယင္ေနမိသည္။

" ... သား ... ေဂ်ာင္ဂု ... နာေနလား ... ဘယ္ေနရာ နာေနတာလဲ .. သား ... ဦးဦးကိုေျပာ ..."

ဟိုၾကည့္ဒီၾကည့္လုပ္ေနရင္းမွ သူ႔လည္တိုင္နဲ႔ ရင္ဘတ္ကို ျမင္သြားေတာ့ ကိုကို႔အေဖရဲ႕အၾကည့္ေတြ ကိုကို႔ဆီေရာက္သြားေတာ့သည္။

" ... အဲ့ဒီလို ကြၽန္ေတာ့္ကို လာမၾကည့္နဲ႔ အေဖ! ... သူလည္း အ႐ြယ္ေရာက္ေနတဲ့လူတစ္ေယာက္ပဲ ...ကြၽန္ေတာ့္အမွားမဟုတ္ဘူး"

ခပ္ေထ့ေထ့ေျပာလာေလေတာ့ ကိုကို႔အေဖက သူ႔ကို အက်ႌဝတ္ေစကာ ကိုကို႔ကို ေဒါသမ်က္ဝန္းေတြနဲ႔ ၾကည့္သည္။

" ~~ ဒါေပမဲ့လည္း မင္းက အရင္စည္းေက်ာ္ခဲ့တာမလား ေဆာ့ဂ်င္ ~~ တာဝန္ယူႏိုင္လို႔လား ... ဘာမွမသိတဲ့ကေလးအေပၚ ဒီလိုလုပ္ၿပီး ျဖစ္လာတဲ့ ေနာက္ဆက္တြဲေတြအကုန္တာဝန္ယူႏိုင္လို႔လား ...မေတာ္လို႔မ်ား ~~ "

ဆက္မထြက္လာေတာ့တဲ့စကားလုံးေတြကို ရပ္ကာ တစ္ခုခုကို သိေနသလိုမ်ိဳး ကိုကို႔အေဖက သူ႔ကို ၾကည့္လာေလေတာ့ သူအားငယ္စြာ ျပန္ၾကည့္မိသည္။ သူ႔မသိစိတ္ရဲ႕ ကိုးကြယ္ရာ ကိုကိုကေတာ့ အခ်ိန္ခဏေလးအတြင္းမွာ ‌ၿပိဳက်သြားခဲ့ၿပီျဖစ္သည္။

" ... စည္းေက်ာ္စရာကိုမရွိတာ ... ဒီကတ္က သက္ေသပဲေလ ... ဒါက ႐ိုး႐ိုးလိပ္စာကတ္မွ မဟုတ္တာ ... ကြၽန္ေတာ္လည္း လိုအပ္လို႔ေခၚတယ္ ... သူလည္း သူ႔အလုပ္သူလုပ္တာပဲ ဒါမွားလား ..."

စိတ္ေပါက္ေပါက္နဲ႔ေျပာေနပုံရသည့္ကိုကိုက ေခါင္းအုံးေအာက္က ကတ္တစ္ခုကို ဆြဲထုတ္ကာ ျပလာေလေတာ့ သူအပါအဝင္ က်န္တဲ့သူေတြပါ မ်က္လုံးျပဴးသြားမိသည္။ ဟုတ္ပါရဲ႕ ကတ္ .. အဲ့ဒီ့ကတ္ .. သူ႔က်န္းမာေရးအေျခအေနေၾကာင့္ ONSနဲ႔ျဖတ္သန္းဖို႔ ဆရာဝန္က recommend ေပးခဲ့တဲ့ကတ္။ ဒါေပမဲ့ သူ မလုပ္ဘူးေလ ... စိတ္မလုံၿခဳံမႈေပးမယ့္ သူေတြနဲ႔ ျဖတ္သန္းရမွာ သူ သေဘာမက်ဘူးေလ ...။ ဒါကို ကိုကိုက ဘာမွ မသိဘဲနဲ႔ ဘာလို႔ စြပ္စြဲေနရတာလဲ ... ကိုကိုကေရာ ဒီကတ္ကို ဘယ္လိုရတာလဲ ...။

" ေတာ္ေတာ့ ေဆာ့ဂ်င္ ! ေဂ်ာင္ဂုကို ငါေခၚသြားမယ္ ... မင္းကေတာ့ မင္းသေဘာအတိုင္းပဲ ONSလို႔ ယုံၾကည္ခ်င္လည္း ယုံေနေပါ့ ... လာ ေဂ်ာင္ဂု ... ဦးဦးနဲ႔လိုက္ခဲ့ "

ကိုကို႔အေဖက သူ႔ကို ဆြဲေခၚကာ သဘက္နဲ႔ပတ္ေပးေတာ့ ကိုကိုက သူ႔ကို အမႈန႔္ႀကိတ္မတတ္ မီးေတာက္မ်က္ဝန္းေတြနဲ႔ ၾကည့္သည္။ ကိုကို ေဒါသထြက္ေအာင္မ်ား သူဘာလုပ္မိခဲ့လို႔လဲ ... မဟုတ္မွ ကိုကိုက သူလမ္းခြဲခဲ့တာ‌ေတြ၊ ခူ႐ိုနဲ႔လက္ထပ္ခဲ့တာေတြ အဲ့ဒါေတြ အားလုံးကို အခုထိ အခဲမေၾကႏိုင္ေသးတာလား ... အဲ့ဒါေၾကာင့္ အခုလို သူ႔ကို ဆက္ဆံေနတာလား ...

" ေနဦး .... ဒါ ယူသြားလိုက္ ~~ မေလာက္ရင္ ဟန္က ရွင္းေပးလိမ့္မယ္ ... ဟန္ လိုက္သြား ..."

ကိုကို႔အေဖေခၚထုတ္တဲ့ေနာက္ သူပါသြားေပမယ့္ ႐ုတ္တရက္ သူ႔လက္ကိုဆြဲကာ လက္ထဲ ထိုးထည့္ေပးတဲ့ ခ်က္လက္မွတ္တစ္ေစာင္။ ဘယ္ေလာက္လဲဆိုတာ မသိေပမယ့္ သုညေတြအမ်ားႀကီးေတာ့ သူျမင္မိသည္။ ဒီလိုဆိုျပန္ေတာ့ နာက်င္ေနရတဲ့သူက ႏွစ္ဆ ပိုနာက်င္ရသလိုပင္။ အဲ့ဒါထက္ ကိုကိုဟာ သူသိထားဖူးခဲ့တဲ့ ကိုကိုမဟုတ္ေတာ့ သူပိုနာက်င္ရသည္။

ကိုကို႔ကို ခပ္ေဆြးေဆြးေလး လည္ျပန္ၾကည့္မိေတာ့ ကိုကို႔မ်က္ဝန္းေတြ ေဖ်ာ့ေတာ့သြားသည္။ သို႔ေပမယ့္လည္း ကိုကိုက မ်က္ႏွာအရင္လႊဲကာ ကုတင္ေပၚထိုင္ၿပီး သူ႔ကို အဖတ္မလုပ္ေတာ့သည္မို႔ သူလည္း ကိုကို႔အေဖေခၚရာေနာက္ကိုသာ လိုက္သြားမိေတာ့သည္။

အခန္းထဲမွာ ေဂ်ာင္ဂုမရွိေတာ့ဘူးဆိုမွ ေဆာ့ဂ်င္ ဆိုဖာေပၚထိုင္လိုက္မိသည္။ သူ႔ကိုေတာ့ ယြန္ဂီက စိတ္မသက္သာသလိုၾကည့္ကာ ကင္မရာကိုင္ထားတဲ့ သတင္းေထာက္ခ်န္ယူကေတာ့ သက္ျပင္းခ်သည္။

" ... ဂ်င္ မင္းေျပာတဲ့အတိုင္း ႐ိုက္ထားေပးတယ္ ... လိုခ်င္တဲ့အခ်ိန္လာေျပာ ... မေပါက္ၾကားေအာင္ ထိန္းသိမ္းေပးမယ္ ..."

" အင္း~~ ငါ့အေဖလာေတာင္းဝယ္ရင္ ေရာင္းေပးလိုက္ ..."

" ဟုတ္ၿပီ .. ကဲ .. ငါသြားေတာ့မယ္ ... သတိထားေနာ္ ... မင္းကိုယ္မင္း မနာက်င္ေစနဲ႔ ေဆာ့ဂ်င္ ... "

သူ႔ကိုႏႈတ္ဆက္ကာ ယုံၾကည္ရတဲ့အစ္ကိုခ်န္ယူထြက္သြားေတာ့ အခန္းထဲမွာ သူရယ္၊ ယြန္းဂီရယ္၊ ယြန္းဂီ့အမ်ိဳးသားရယ္ သုံးေယာက္သာ က်န္ရစ္သည္။

" ကဲ ဘယ္လိုလဲ မင္း ~~ စီစဥ္ထားတဲ့အတိုင္းျဖစ္လာရဲ႕လား .. ေက်နပ္ရဲ႕လား ..."

ခပ္ေငါ့ေငါ့ေမးခြန္းကို ယြန္ဂီေမးလာေတာ့ သူ ခပ္ေဖ်ာ့ေဖ်ာ့ရယ္မိသည္။

" ... အဲ့ဒီလို အူတူတူအတတ ေကာင္က ONSျဖစ္ရတဲ့အထိ ရႈပ္ေပြတာ မယုံႏိုင္စရာပဲ ... ဒါေပမဲ့ ေငြေပးရင္ ရတယ္ဆိုေတာ့ သူက ဘာမ်ားျဖစ္လိမ့္မလဲ .. "

" ကင္ေဆာ့ဂ်င္ !! စကားကို အဲ့ဒီလို မေျပာနဲ႔  ... လိုခ်င္တယ္ဆိုရင္ ေအးေအးေဆးေဆးျပန္လိုက္ရင္ ရတယ္ေလ ... အခုက ဘာသေဘာလဲ ... ငါ့မွာ ဟန္ဆီကေန ၾကားလိုက္ရတာ အေမာဆို႔မတတ္ပဲ ..."

" ယြန္းဂီ ... မင္းပဲ ‌သင္ေပးခဲ့တာမဟုတ္လား ကြာရွင္းလိုက္ရင္ ငါ့အတြက္ အခြင့္အေရးရွိတယ္ဆိုၿပီးေတာ့ေလ ... အခု သူကြာရွင္းၿပီးၿပီေလ .. ေသခ်ာေပါက္ ငါ့လက္ခုပ္ထဲက ေရျဖစ္ရမွာေပ့ါ ..."

စကားေတြကို ကပ္သီးကပ္ဖဲ့ ေျပာေနတဲ့ ေဆာ့ဂ်င္ကိုၾကည့္ၿပီး ယြန္းဂီ ေခါင္းခါလိုက္မိသည္။ ဟိုတေလာကမွ USက ျပန္ေရာက္လာတဲ့ေဆာ့ဂ်င္ဟာ ေဂ်ာင္ဂုကို လုံးဝျပန္မရွာခဲ့ေပမယ့္ အခုေတာ့ ဘယ္လိုလုပ္ဒီလိုေတြျဖစ္လာရလဲ သူမသိ။

" ဂ်င္ ~~ မခ်စ္တာလဲ မဟုတ္ဘဲနဲ႔ ဘာျဖစ္လို႔ ကိုယ္ခ်စ္တဲ့သူကို နာက်င္ေစၿပီးမွ ပိုင္ဆိုင္ခ်င္ရတာလဲ ... ဒီကိုးႏွစ္လုံးလုံး မင္း မုန္းတယ္လို႔ေအာ္ေနေပမယ့္ တကယ္မမုန္းတာ ငါသိတယ္ေနာ္ "

သူ ေဆာ့ဂ်င္ကို ေအာ္ေျပာမိေတာ့ ဂ်င္က ႏႈတ္ခမ္းေတြ တင္းတင္းေစ့ကာ သူ႔ေဘးနားက သူ႔အမ်ိဳးသား မင့္ကို ငဲ့ေစာင္းၾကည့္လာသည္။ ႏွစ္ေယာက္ၾကားအတြင္းေရးကိစၥတစ္ခ်ိဳ႕ကို သူ မင့္ေရွ႕မွာ မေျပာသင့္မွန္း သူ သတိထားမိေလေတာ့ မင့္ကို သူကိုယ္တိုင္လဲ ငဲ့ၾကည့္မိသည္။ ဒါကို သတိထားမိပုံေပၚတဲ့မင္က ခပ္ေလးေလးအၿပဳံးတစ္ခု ခ်ိတ္ဆြဲကာ သူ႔ကို ၾကည့္သည္။

" လူႀကီး .. ကိုယ္ အလုပ္ေလးရွိလို႔ ခဏ သြားဦးမယ္ ... ျပန္လာခဲ့မယ္ ... Jin-Hyung ကြၽန္ေတာ္ သြားလိုက္ပါဦးမယ္ "

တိုတိုတုတ္တုတ္ပင္ ႏႈတ္ဆက္ကာ ထြက္သြားေလေတာ့ အခန္းထဲ သူနဲ႔ ဂ်င္သာ ႏွစ္ေယာက္တည္း က်န္ရစ္ေတာ့သည္။  အဲ့ဒီေတာ့မွ ဂ်င္ဟာ လက္ဖဝါးႏွစ္ခုၾကားမ်က္ႏွာကို ဖြက္ကာ ပင္ပန္းသလို ေရ႐ြတ္ရင္း ေခါင္းငုံ႔သြားေတာ့သည္။

သူ တျခားအရာေတြကို သိပ္နားမလည္ေပမယ့္ ကင္ေဆာ့ဂ်င္ဆိုတဲ့လူသားကိုေတာ့ သူနားလည္ပါသည္။ ခ်စ္ရတဲ့သူကို စကားလုံးေတြနဲ႔ ထိုးႏွက္ထားရတာ ဘယ္ေလာက္နာက်င္ေနလိမ့္မလဲ ...။

သူ ေဆာ့ဂ်င္အနားတိုးကပ္ရင္း ေဆာ့ဂ်င္ ပခုံးကို ပုတ္လိုက္မိသည္။

" ... ဒီေန႔ ဒီလိုလုပ္တာ မင္းနာက်င္ရသမွ် အႏိုင္ယူခ်င္လို႔ဆိုေပမယ့္ မင္းအေဖကို ေခၚလိုက္တာကေတာ့ သူ႔ကို ကာကြယ္ေပးခ်င္လို႔မဟုတ္လား .. မင္းမေျပာေပမယ့္ ငါသိတယ္ေနာ္ ... ONSကေနၿပီး .. ေငြေပးတိုင္းေတြ႕လို႔ရတဲ့လူမ်ိဳး မျဖစ္ေစခ်င္လို႔မလား ..."

သူေျပာမိေတာ့ ဂ်င္က သူ႔ကို ေစာင္းငဲ့ၾကည့္သည္။ ၾကည္လင္ရွင္းသန႔္ေနတဲ့မ်က္ႏွာေလးဟာ တစ္ခုခုကို အလိုမက်စြာ ခက္ထန္ေနပုံေတာ့ ေပၚပါသည္။

" ... ယြန္းဂီ ... ငါ အခုထိ ပင္ပန္းေနတုန္းမို႔လို႔ ငါ့ကိုနားလည္ရင္ ထပ္မေျပာနဲ႔ေတာ့ .."

ေဂ်ာင္ဂုကို ေျပာလႊတ္လိုက္တဲ့ေဆာ့ဂ်င္နဲ႔မတူစြာ ေဖ်ာ့ေတာ့သြားသည္မို႔ သူ သက္ျပင္းခ်လိုက္မိသည္။ ကင္ေဆာ့ဂ်င္ရဲ႕ စိတ္ဒဏ္ရာဟာ ဘယ္ေလာက္အတိုင္းအတာထိ နက္ေနၿပီလဲ သူ တိုင္းတာၾကည့္လို႔မရႏိုင္ေတာ့ပါ။ တကယ္ဆို ဒီၾကားထဲမွာ ေဆာ့ဂ်င္ အသည္းကြဲျခင္းဒဏ္ကို အလူးအလဲ ခံစားခဲ့ရတာပဲေလ ... ေဂ်ာင္ဂုအေပၚ ဒီေလာက္ေလး အႏိုင္ျပန္ယူတာက မေျပာပေလာက္ေတာ့ေပမယ့္ အႏိုင္ယူတာ အက္ေၾကာင္းထပ္လာတဲ့အခါ တကယ္နာက်င္ရမယ့္သူက ေဂ်ာင္ဂုမဟုတ္ဘဲ ေဆာ့ဂ်င္ျဖစ္လာမို႔ သူ ရင္နာရပါသည္။

" ... ရက္ရက္စက္စက္ေျပာၿပီး ယုတ္မာဖို႔လုပ္ခဲ့ေပမယ့္ ငါမလုပ္ႏိုင္ခဲ့ဘူး ယြန္ဂီ .. သူ႔ရဲ႕အရာေသးေသးေလးကအစ အခုထိငါ့ကို လႈပ္ခတ္ႏိုင္စြမ္းရွိေနေသးလို႔ ငါပိုမုန္းတယ္ ယြန္ဂီ ..."

မေမးဘဲနဲ႔ ပြင့္က်လာတဲ့စကားလုံးေတြကို ယြန္းဂီေကာက္သိမ္းရင္း ေဆာ့ဂ်င္ပခုံးေတြကို ပုတ္ကာ ေငးေနမိေတာ့သည္။

ထိုအျဖစ္အပ်က္ကိုေတာ့ အခန္းဝကေန ရပ္ၾကည့္ေနခဲ့တဲ့သူကေတာ့ မင္ယြန္ဂီရဲ႕တစ္ဦးတည္းေသာ အမ်ိဳးသား မင္ ~~။

... လူႀကီး ... နာက်င္ရတာ ကိုယ္မႀကိဳက္ေတာ့တဲ့တစ္ေန႔က်ရင္ ကိုယ္ လူႀကီးကို လႊတ္ခ်ခဲ့မွာပါ ... အခုေတာ့ တျခားသူကိုပဲ ေငးေနတတ္တဲ့လူႀကီးကို နာနာက်င္က်င္နဲ႔ ၾကည့္ေနရတာ သေဘာက်ေနတုန္းမို႔ပဲေလ ...

💠💠💠

Nov 15, 22

There are no comments yet. Log in to be the first to leave a review!

Similar stories